Pages

Leukoderma (Vitiligo) သို့မဟုတ် ခရုသင်း

March 2, 2012 ရက် ၊ 12:16am တွင် ရွှေအိမ်စည် ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
Medical Writings - Medical Writings
Written by Dr. တင့်ဆွေ
Monday, 13 June 2011 18:26

ခရုသင်း လို့ခေါ်တဲ့ Vitiligo သို့မဟုတ် Leukoderma ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ တိတိကျကျ မသိသေးပါ။
၆ဝ% က အလိုအလျောက် ရောဂါပြီးစနစ်ကြောင့် ဖြစ်ရပြီး၊ လည်ပင်းကြီးဟော်မုန်း အလုပ်ပျက်တာနဲ့လဲ ဆိုင်တဲ့သူတွေက ဆိုင်ပါတယ်။ မျိုးရိုး လိုက်တတ်တာလဲ တွေ့ရတယ်။

အရေပြားကို အရောင်ဆိုးပေးတဲ့ (ပင်ဂမင့်) ခေါ် ဆိုးဆေးပစ္စည်း ချို့ယွင်းတာ ဖြစ်ပါတယ်။ ကွက်ပြီးဖြစ်နိုင်သလို တကိုယ်လုံးလောက် ဖြစ်သူတွေလဲရှိတယ်။ တဝက်လောက်က အသက် ၂ဝ မတိုင်ခင် ဖြစ်တယ်။ (မိုက်ကယ်ဂျက်ဆင်) မှာလဲ ရှိခဲ့တာမို့ ရောဂါနာမည်တောင် MJ Skin လို့ ပြောင်းခေါ်ကြမလားဘဲ။

အရေပြား ကောင်းနေဘို့အတွက် ဗီတာမင် ဘီ၊ စီ၊ အေ၊ (အဆင်ရှယ်-အမိုင်နိုအက်စစ်)ခေါ် ပရိုတင်း၊ ကယ်လ်စီယံ၊ မက်ဂနီဆီယံ၊ သွပ်ဓါတ်၊ ကြေးဓါတ်တွေ လိုပါတယ်။

ဘာ့ကြောင့်ဖြစ်ရမှန်း မသိတဲ့ရောဂါမှန်သမျှ ကုသနည်းတွေက ပိုများတတ်ပါတယ်။ အကွက်လေးလောက် ဖြစ်တာဆိုရင် အပေါ်က ဆိုးဆေးလေး၊ မိတ်ကပ်လေးနဲ့ ဖုံးထားတာမျိုးလုပ်နိုင်တယ်။ Makeup or other cosmetic camouflage ရုပ်ဖျက်တာမျိုးပေါ့။ အပေါ်ကနေ (တက်တူး) ထိုးကွင်းမင်ကြောင် ထိုးတဲ့သူလဲ ရှိတယ်။

များသောအားဖြင့် အရေပြား အထူးကု-ဆရာဝန်များက အားပြင်းတဲ့ Corticosteroid cream ပါတဲ့ဆေးတွေ ပေးပါတယ်။

တခါတလေ Phototherapy ခေါ်တဲ့ အလင်းရောင်နဲ့ ကုတာမျိုးလဲ လုပ်ပါတယ်။

နေရောင်မှာပါတဲ့ Long-wave ultraviolet (UVA) လှိုင်းရှည် ခရမ်းလွန် ရောင်ခြည်ကိုသုံးပြီး ကုတာပါ။

Psoralen ဆိုတာနဲ့ တွဲပေးတာမို့ PUVA လို့ခေါ်ပါတယ်။ အဲဒါမပါတဲ့ UVB Narrowband lamps (without Psoralen) နည်းကိုလဲ သုံးတာရှိသေးတယ်။
Psoralen စားဆေး ၁-၂ နာရီ စောတိုက်ရတယ်။ ဒါမှမဟုတ် လိမ်းဆေးကို နာရီဝက်ကြိုလိမ်းစေရတယ်။
အခုပိုသုံးနေတာက UVB Narrowband light at a wavelength of 311-313 nanometers ဖြစ်ပါတယ်။

တချို့ကျတော့ Immunomodulator ခေါ်တဲ့ Protopic and Elidel လိမ်းဆေးတွေကိုပါ အဲဒီ UVB Narrowband နည်းနဲ့ တွဲပေးပါတယ်။

နောက်တနည်းကတော့ 20% Monobenzone ကိုပေးတယ်။ Chemical depigmentation လို့ ခေါ်တယ်။

၂ဝဝ၃ တုံးက အိန္ဒိယမှာ Ginkgo biloba ကို ပါးစပ်ကနေပေးတာ ၂၅%မှာ သက်သာတာတွေ့ရတယ်။ (ဂျင်ခို) ဆိုတာ ပေ ၅ဝ-၁ဝဝ ရှည်၊ နှစ်ရှည်ခံ အရိပ်ရအပင်ကြီးမျိုးပါ။ တရုပ်လို (ယင်ဇင်း) လို့ ခေါ်ပါတယ်။ မှတ်ဥာဏ်တိုးစေတယ်ဆိုပြီး Alzheimer's Disease ဦးနှောက်ရောဂါတွေမှာလဲ သုံးပါတယ်။

အရေပြား အစားထိုးနည်းလဲ သုံးသေးတယ်။ တင်ပါးက အရောင်သဘာဝအတိုင်းရှိတဲ့ အရေပြားထဲက ပါးပါးလေးယူ၊ Melanocytes ဆိုတာကို ခွဲထုတ်ယူပြီး Ablated with a medical laser ဆေးလေဆာလို့ခေါ်တာနဲ့လုပ်ပြီး အစားထိုးတာပါ။ ၃ ပတ်ကြာရင် UV light ကို ၂ လတိတိ တွေ့ပေးရပါသတဲ့။ ၇၃%-၈၄% အောင်မြင်တယ်လို့ ၂ဝဝ၄ သုတေသနက ဆိုပါတယ်။

၂ဝဝ၈ စောစောပိုင်း သုတေသနအရ Black pepper ငရုတ်ကောင်းကရတဲ့ Piperine ကို UV therapy နဲ့တွဲတာ အကျိုးများကြောင်း သိရပြန်တယ်။

(အွန်လိုင်း) ကြေညာတွေမှာ ခရုသင်း အတွက် -
1. Vitises Capsules Price: $80.00
2. Free Aminos - 100 veg caps - Nutricology Price: $16.90
3. Original 10 piece super value Smart Cover-Up Kit -- "Light" Price: $29.75
4. Fenalderm Capsules Price: $105.00
5. Prograf (Tacrolimus)
6. Kalawalla for Psoriasis, Vitiligo, Dermatitis & Multiple Sclerosis (120 Capsules)
7. Kalawalla Polypodium leucotomos 50:1 standardized extract
8. Anti-Vitiligo Oil is a natural herbal recipe for re-pigmentation in vitiligo
9. Skin Laser = Upto 100 cm2 of white patch treatable in one sitting
10. MONOBENZONE – Benoquin
11. METHOXSALEN - Oxsoralen
12. TREATMENT OF VITILIGO WITH CHINESE HERBS (Compound Tablet of Tribulus, Recipe by physician Yang Hengyu, Shou Wu Decoction, External Treatment) ဆိုပြီး တွေ့နိုင်ပါတယ်။

ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ကုသနည်းတွေရဲ့ ထိရောက်မှုကိုမေးရင် ဖြေဘို့ခက်ပါတယ်။

Dr. တင့်ဆွေ
၂၃-၇-ဝ၉

Last Updated on Tuesday, 12 July 2011 06:24



ရွှေအာလူး(ရွှေအိမ်စည်၏ပျံသန်းခြင်းအနူပညာ)

No comments:

Post a Comment