Pages

သာသနာပျံ့နှံ့ပုံသမိုင်း

        
       ဗုဒ္ဓသာသနာဝင် ဆိုသည်မှာ ဗုဒ္ဓသာသနာနှင့်ဝံသဟူသောစကား နှစ်ရပ်ကို ပေါင်းစပ်ထားသောဝေါဟာရဖြစ်သည်….
အဓိပ္ပါယ်မှာ ဗုဒ္ဓဘုရားရှင်၏သာသနာ သုံးရပ်ကိုလိုက်နာကျင့်ကြံဆည်းပူးသောအဆက်အနွယ် တနည်းအားဖြင့် ဗုဒ္ဓသာသနာသုံးရပ်၏အစဉ်အဆက်ဖြစ်ပုံသမိုင်းစဉ်ဟု ဆိုရပေမည်။
          ဗုဒ္ဓဘုရားရှင်၏ သာသနာသုံးရပ်ကား
(၁) ဘုရားသခင်၏ အဆုံ့းအမ သြဝါဒစကားများဖြစ်သည့် ပိဋကတ်ကျမ်းစာများတည်းဟူသော ပရိယတ္တိသာသနာ
(၂) ယင်းပိဋကတ်ကျမ်းစာများအတိုင်း လိုက်နာကျင့်ကြံအားထုတ်သည့် ကျင့်ဝတ်ပဋိပတ္တိများတည်းဟူသော ပဋိပတ္တိသာသနာ
(၃) ယင်းကျင့်ဝတ်ပဋိပတ်များကို လိုက်နာကျင့်ကြံအားထုတ်သဖြင့်ရရှိသည့်မဂ်ဖိုလ်နိဗ္ဗာန်တ၇ားကို သိမှု့အကျိုးတည်းဟူသော
      ပဋိဝေဒသာသနာတို့ပင်ဖြစ်သည်။
       ဗုဒ္ဓသာသနာသည်လွန်ခဲ့သောနှစ်ပေါင်း ၂၅၅၄ ကျော်မှစတင်၍ ယခုအိန္ဒိယအလယ်ပိုင်းဖြစ်သော မဇ္ဇိုမဒေသတွင် ထွန်းကားခဲ့လေသည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် (ဘီစီ ၆ ရာစုနှစ်) တွင်မဇ္ဇိုမဒေသ မာဂဓတိုင်းတွင် ဂေါတမဘုရားရှင်
ပွင့်တော်မှုသည်မှစ၍ ဗုဒ္ဓသာသနာစတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။  ဘုရားရှင်သည် ၄၅ ဝါပါတ်လုံး တရားဒေသနာတော်များ
ဟောကြားပြသဆုံးမတော်မူခြင်းဖြင့်ဗုဒ္ဓသာသနာကို အခြေချခဲ့လေသည်။
       ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဘုရားသခင်ဟောကြားတော်မူသော ဓမ္မနှင့်ဝိနယတို့သည် ဘုရားရှင်ကိုယ်စား
ဗုဒ္ဓသာသနာအဖြစ်ကျန်ခဲ့လေသည်။ ဘုရားရှင်ရှိစဉ်ကတည်းကကို ပရိယတ်အားလုံးကို ရဟန်းအားလုံး နုပ်တိုက်အာဂုံမဆောင်
နိုင်ကြခြေ။ တချို့က ဝိနည်း တချို့က သုတ် တချို့က အဘိဓမ္မာကိုဆောင်ကြလေသည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြိး ၇ ရက်မြောက်သောနေတွင်ပင် ပရိယတ္တိသာသနာ ကွယ်ပြောက်မှေးမှိန်စရာ အကြောင်းနမိတ်အရိပ်အယောင်ပေါ်လာလေသည်။
အဓမ္မဝါဒီ အလဇ္ဇီ ပါပဘိက္ခူတို့အားမကြီးခင် ဓမ္မနှင့် ဝိနယများအား အမြန်ဆုံးသင်္ဂါယနာတင်မှဖြစ်မည်ဟု မထေရ်ကြီးများ
ဆုံးဖြတ်ပြီး မဟာသက္ကရာဇ် ၁၄၈ ခု ဝါခေါင်လပြည့်ကျော် ၅ ရက်နေ့မှစ၍ ရာဇဂြိုလ် အဇာတသတ်မင်းလက်ထက်တွင် ရှင်မဟာ
ကဿဖ အမှုးပြု၍ ရဟန္တာပေါင်း ၅၀၀ နှင့်ပထမ သင်္ဂါယနာ၍ ဓမ္မနှင့်ဝိနယများကိုစုပေါင်းသိမ်းရုံးပြီး မှတ်တမ်းတင်ကာ ထိန်းသိန်းထားခဲ့ကြသည်။ မှတ်တမ်းတင်သောနည်းစနစ်မှာ စာဖြင့်ထိန်းသိမ်းမှတ်ထားခြင်းမဟုတ်ပဲ ဆရာအစဉ်လိုက် အာဂုံရွတ်
ကျက်မှတ်ထိမ်းသိမ်းခြင်းမျိုးဖြစ်သည်။
          ပထမသင်္ဂါယနာတင်ပြီးနောက် အိန္ဒိယမြောက်ပိုင်းနှင့် အလယ်ပိုင်းမင်းများစောင့်ရှောက်မှု့တို့ကြောင့် နောင် နှစ် ၁၀၀
တိုင်အောင် ဗုဒ္ဓသာသနာစည်ပင်ထွန်းပြောင်ခဲ့သည်။ သို့ရာတွင် သံဃာတော်များအဖွဲ့တွင်ဝိနည်းများယိုယွင်းလာသောကြောင့်
ထိုကာလ (ခုနှစ် သက္ကရာဇ်နေစွဲအတိအကျမတွေ့ရှိပါ) တွင်ပင် တနည်းအားဖြင့် ပထမသင်္ဂါယနာတင်ပြီး နှစ် ၁၀၀ အကြာ
ဝေသာလီပြည် ကာဠာသောက မင်းကြီးလက်ထက်တွင် ဒုတိယသင်္ဂါယနာတင်ပြန်သည်။ထိုကာလတွင် ဗုဒ္ဓသာသနာမှာ
အိန္ဒိယပြည် အလယ်ပိုင်းသာမက အနယ်နယ်အရပ်ရပ်ပျံ့နှံ့နေသောကြောင့် အရှေ့တိုင်းမှ ရဟန်းကိုယ်စားလှယ် ၄ ပါး
အနောက်တိုင်းမှ ရဟန်းကိုယ်စားလှယ် ၄ ပါး  စုစုပေါင်း ၈ ပါးပါဝင်သောအဖွဲ့ဦးစီးပြီး ရှင်သဗ္ဗကာမိ မထေရ်တို့က အမှုးပြု၍
ရဟန်းအပါး ၇၀၀ နှင့် တရားတော်မှားယွင်းချွတ်ချော်မှု့များကို ညှိနှိုင်းအတည်ပြုကြသည်။
          ယင်းသို့ ဗုဒ္ဓသာသနာတော်ကို မပျက်ယွင်းအောင် ဆရာအစဉ်အဆက် တို့ထိန်းသိမ်းသည့်ကြားမှပင် ရဟန်းတို့
မကျင့်အပ်သော အဓမ္မတရား ၁၀ ပါးကိုကျင့်အပ်သည်ဟုအယူရှိကြကုန်သော ဝဇ္ဇီတိုင်းသား အလဇ္ဇီတို့သည် ဒုတိယသင်္ဂါ
ယနာ၏အဆုံးအဖြတ်ကိုလက်မခံပဲ ရဟန်း ၁ သောင်းပါဝင်သော မဟာသံဃိက အဖွဲ့တစ်ခုစတင်ပြိုင်ဖွဲ့လေသည်။ ဓမ္မ
အယူအဆကြောင့်မဟုတ်ပဲ ဝိနည်းတော်အယူအဆကြောင့်ကွဲခဲ့သောဂိုဏ်း ၂ ဂိုဏ်းရှိသည့်အနက် မူလဂိုဏ်းကို သမရိုးကျ
ဂိုဏ်း အခြားတစ်ဂိုဏ်းကို ပြုပြင်ရေးဂိုဏ်းဟုခေါ်တွင်လေသည်။ မဟာသံဃိကဂိုဏ်းဝင်များက သူတို့ဂိုဏ်းကိုပင် သမရိုးကျ
ဂိုဏ်းဟု ယူဆခဲ့ကြသော်လည်း ပြည့်ရှင်မင်းများက ထောက်ပံ့ကိုးကွယ်မှု့ကပြုခဲ့ကြ၍ သာသနာကို မလွမ်းမိုးနိုင်ခဲ့ပေ…..
ဒုတိယသင်္ဂါယနာတင်ပြီး အနှစ် ၁၀၀ အတွင်းတွင်ပင် အဆိုပါ ဂိုဏ်း ၂ ဂိုဏ်းကွဲပြားမှု့ကြောင့် အခြားဂိုဏ်းငယ်များလည်း
ထပ်မံကွဲပြားပေါ်ပေါက်ကြပြန်သည်။
             သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်တွင် မောရိယနိုင်ငံထီးနန်းကို ဆက်ခံသော သီရိဓမ္မာသောကမင်းကြီးသည်မိမိ
ကိုးကွယ်၇င်းဖြစ်သော ဗြာဟ္မဏအယူဝါဒကိုစွန့်လွှတ်၍ ဗုဒ္ဓအယူဝါဒ ကိုကူးပြောင်းကိုးကွယ်ခဲ့သည်။ အသောကမင်းကြီးသည်
သာသနာတော်ကို လွန်စွာချီးမြှောက်သောမင်းကြီးဖြစ်သည့်အားလျော်စွာ သမာရိုးကျဂိုဏ်းကိုသာကိုးကွယ်ပြီး တိထ္ထိများအား
နှိမ်နှင်းတော်မူရာ တိထ္ထိတို့အစားရမဲ့အသောက်ရမဲ့ဖြစ်ပြီး ရဟန်းအစစ်များနှင့်ေ၇ာနှောနေထိုင်ခြင်းများအယောင်ဆောင်ခြင်းများ
ရှိလာပြန်သည်။ ထိုအခါရဟန်းအကောင်းတို့သည်လည်း တိထ္ထိရဟန်းတို့နှင့်ပေါင်းကာ ဥပုတ်မယူပဲနေလာကြပြန်ရာ အမတ်မိုက်
တို့သပ်ဖြတ်ကြသည်အထဲ ရဟန်းကောင်းတို့လည်းပါနေပြန်လေသည်။ ထို့နောက် မင်းကြီးသည် မောဂ္ဂ လိပုတ္တိဿ မထေရ်ကို
ပင့်ဆောင်၍ ရဟန်းကောင်းရဟန်းဆိုးရွေးချယ်စေပြန်သည်။
            မင်းကြီးသည် သက္ကရာဇ် ၂၃၅ ခုနှစ်တွင်ပရိယတ္တိသာသနာတော်ကြီးအားတစုံတစ်ယောက်သောသူများ မဖျက်ဆီးနိုင်ရန် အတားအဆီးပြုအံ့ဟုရည်ရွယ်ပြီး ပါဋလိပုတ်ပြည် အာသောကာရုံကျောင်းတော်တွင် ရှင်မောဂ္ဂလိပုတ္တတိဿမထေရ်အားအမှုးပြုပြီး သံဃာတော်ပေါင်း ၆ သန်းတို့ဖြင့် တတိယသင်္ဂါယနာတင်တော်မူလေသည်။
တတိယသင်္ဂါယနာကို ထေရဝါဒသမရိုးကျဂိုဏ်းဝင်များကသာသီးသန့်ပြုလုပ်သည်ဖြစ်၍ မဟာင်္သဃိကဂိုဏ်းဝင်တို့က အသိအမှတ် မပြုပဲနေကြလေသည်။သို့ရာတွင် ပြည့်ရှင်မင်းချီးမြှောက်တော်မူသောသဘင်ဖြစ်သောကြောင့် တတိယသင်္ဂါ
ယနာတင်ပွဲသည် လွန်စွာအောင်မြင်ခဲ့သည်။ အကျိုးကျေးဇူးကား အီဂျစ် ၊ ဂရိ၊ အရှေ့ဥရောပနိုင်ငံများ၊ အိန္ဒိယအနောက်မြောက်နိုင်ငံများ ၊တောင်ဖက်စွန်းရှိပြည်နယ်များ၊သီဟိုဠ်ကျွန်း ၊ အရှေ့တောင်အာရှ
ကျွန်းစုများစသည့် ကိုးတိုင်းကိုးဌာနသို့ ရဟန်းတမန်တော်များစေလွတ်၍သာသနာပြုစေရာ ဇမ္ဗူဒိတ်ကျွန်းအလုံးသည်
သင်္ဃာန်းအေ၇ာင်တစ်ပြောင်ပြောင်နှင့် သာသနာတော်ကြီးနေဝန်းကြီးပမာထွန်းပြောင်သောကာလဖြစ်သည်။
           ယင်းသို့သာသနာပြုများစေလွှတ်သည့်အနက် သီဟိုဠ်ကျွန်းသာသနာပြုသွားသော အာသောကမင်းကြီး၏သားတော်
ရှင်မဟိန္ဒအမှုးရှိသောအဖွဲ့သည်အအောင်မြင်ဆုံးဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓသာသနာစတင်ပေါက်ဖွားရာ အိန္ဒိယနိုင်ငံတွင်
ထေရဝါဒဂိုဏ်း၏အစဉ်အလာများ စာပေပရိယတ္တိများနောင်အခါလုံးဝပျောက်ကွယ်သည့်အခါတွင် သီဟိုဠ်တွင်ထွန်းကားကျန်ခဲ့
နိုင်ခြင်းဖြစ်သည်။ ရှင်မဟိန္ဒ၏ဟောပြောမှု့ကြောင့်မင်းနှင့်တကွ တိုင်းသူပြည်သားများ ဗုဒ္ဓဘာသာသို့ဝင်ကြသည်။ ရှင်မဟိန္ဒ
သည် နှမတော် သင်္ဃမိတ္ထာထေရီကို သိဟိုဠ်ကျွန်းသို့ပင့်ဆောင်၍ အနုဠာမင်းသမီးနှင့်ရံရွှေတော်များအား ဘိက္ခူနီအဖြစ်သွပ်သွင်းစေခဲ့သည်။  ထို့ကြောင့်အိန္ဒိယပြည်မှအပ ဘိက္ခူနီသံဃာ့အဖွဲ့တည်သောနိုင်ငံမှာ သီဟိုဠ်တစ်နိုင်ငံတည်း
သာရှိသည်ကိုတွေ့ရသည်။ ထေရ်အရှင် အဆက်ဆက်တို့ အာဂုံဆောင်၍ထိန်းသိမ်းခဲ့သော ပိဋကတ် သုံးပုံကို တိမ်းပါး
ပျောက်ပျက်မည်စိုးသဖြင့် သာသနာ သက္ကရာဇ် ၄၅၀ ပြည့်နှစ်တွင် သီဟိုဠ်ကျွန်း၌ ဂါမဏိမင်းကြီးလက်ထက်တွင် ရဟန္တာမထေရ်
ကြီး ၅၀၀ အမှုးထား၍ မလယ ဇနပုဒ် အသောကလှိုင်ဂူတွင် စတုထ္ထသင်္ဂါယနာကို ပေထက်အက္ခရာတင်သောနည်းစနစ်ဖြင့်
ပြုလုပ်ကျင်းပခဲ့သည်။ အဆိုပါ သင်္ဂါာယနာကို မဟာင်္သဃိကဂိုဏ်းတို့က အသိအမှတ်မပြုသော်လည်း ထေရဝါဒဂိုဏ်း
၏ စတုထ္ထသင်္ဂါာယနာအဖြစ် ဗုဒ္ဓဝင်တွင် အထင်အရှားရှိပေသည်။ 
          သာသနာသက္ကရာဇ် ၂၅၅ ခုနှစ်တွင်  သီရိဓမ္မာသောက မင်းကြီးနတ်ရွာစံသောအခါ အရိုက်အရာဆက်ခံသောမင်းတို့သည် ဗုဒ္ဓသာသနာ၌အကြည်ညိုယုတ်လျော့လာကြသည် ။အချို့သုတေသီတို့က အဆိုပါမင်းများ သည် သာသနာကိုအကြည်ညိုပျက်သည်မဟုတ်ပဲ သာသနားဝန်ထမ်းရဟန်းများအားအကြည်ညို
ပျက်သည်ဟုအဆိုရှိသည်။ ယင်းကြောင့်ဗုဒ္ဓသာသနာကြီးအေ၇ာင်ညှိုးမှိန်ရပြန်သည်။ သို့ရာတွင်မင်းကြီးနတ်ရွာစံပြီး
အနှစ် ၂၀၀ ခန့်အကြာတွင် အိန္ဒိယအနောက်မြောက်ပိုင်းကို ဂရိလူမျိုးတို့သိမ်းပိုက်သောအခါ ဂရိတို့၏သာသနာအပေါ်ကြည်ညို
ခြင်းကြောင့် သာသနာတော်ကြီး ထွန်းကားလာပြန်သည်။ ဂရိဘုရင် မေနန္ဒ ခေါ် မလိန္ဒသည် အရှင်နာဂသေနနှင့်တွေ့ဆုံပြီး
ဗုဒ္ဓတ၇ားတော်ကိုဆွေးနွေးနာကြားရပြီးသာသနာ့ဒါယကာဖြစ်လာသည်။ မိလိန္ဒနှင့် အရှင်နာဂသေနတို့ဆွေးနွေးခန်းအား
စုပေါင်း၍ မိလိန္ဒပညာကျမ်းဟုပင်ပေါ်ပေါက်ခဲ့ဘူးသည်။ မိလိန္ဒပညာကျမ်းသည် သမရိုးကျဂိုဏ်းဝင်မဟုတ်သူများကို
သမရိုးကျဂိုဏ်းဝင်ဖြစ်အောင်ပင်ဆွဲဆောင်နိုင်သောကျမ်းကြီးဟုအဆိုရှိသည်။
           မိလိန္ဒမင်းကြီးနတ်ရွာစံပြီးသော် မှေးမှိန်သွားသောသသနာတော်ကြီးသည် သာသနာသက္ကရာဇ် ၆၂၂ ခုနှစ် တွင် ကနိသိ
မင်းလက်ထက်၌ ပြန်လည်စည်ကားလာပြန်သည်။ ကနိသိ မင်းသည် သီရိဓမ္မာသောကမင်းကဲ့သိုပင် အိန္ဒိယနိုင်ငံကို ဗုဒ္ဓဘာသာ
နိုင်ငံတော်ဖြစ်အောင် ဆောင်ရွက်တော်မူခဲ့သည်။  မင်းကြီးသည် ကျမ်းဂန်တတ်ဆရာတော်များပင့်ဖိတ်ပြီးသာသနာတော်ကြီးအား
ဆေးကြောသန့်ရှင်းရန်သင်္ဂါယနာတင်သေးသည်။ ထိုသဘင်ကို ထေရဝါဒ၏ဂိုဏ်းခွဲ သဗ္ဗတ္တိဂိုဏ်းကဦးစီးပြုလုပ်ခဲ့ပြီး
ဘုရားတ၇ားတော်နှင့်စပ်လျင်းသော အဋ္ဌကဌာသစ်များကို ပါဠိဘာသာနှင့်မဖွင့်ပဲ သင်္သကရိုဋ် ဘာသာနှင့်ဖွင့်ခဲ့သောကြောင့်
ယင်းသာသနာသဘင်သည်ထေရဝါဒနှင့်ဆန့်ကျင်ကြောင်းသိသာသည်။
         ထိုအချိန်တွင် သဘောထားကွဲလွဲနေသော ထေရဝါဒဂိုဏ်းနှင့်ဆန့်ကျင်နေသေ ဂိုဏ်းအားလုံးစုပေါင်းပြီး ကွဲလွဲနေသောသဘောထားများညှိနိုင်းကာ သဘောတူညီချက်တစ်ခုကိုယူပြီး မဟာယာနကဂိုဏ်းဟူသော ဗုဒ္ဓသယာသနာဂိုဏ်း
ထူထောင်ကြပြန်သည်။ အဆိုပါကာလကပြုလုပ်ခဲ့သောသာသနာသဘင်ကိုလည်း ထေရဝါဒတို့က သဗ္ဗတ္တိဂိုဏ်းဝင်တို့ကကြီးမှုး
ကျင်းပသောသဘင်ဖြစ်သောကြောင့် ယင်းတို့၏ စတုထ္ထသံဃာယနာသဘင်အဖြစ်သာအသိအမှတ်ပြုကြသည်။အဆိုပါအချက်အ
ရထိုကာလတွင် ထေရဝါဒဗုဒ္ဓဘာသာမှာ သီဟိုဠ်၌သာထွန်းကားလျက်ရှိပြီး အန္ဒိယပြည်မအတွင်းတွင် မဟာယာနကဗုဒ္ဓဘာသာကကြီးစိုးသည်ဟု လက်ခံထားရမည်။
          သာသနာသက္ကရာဇ် ၉၀၀ လောက်တွင် ဗုဒ္ဓဘာသာဝင်မင်းများ နတ်ရွာစံပြီး ဟိန္ဒူဘာသာဝင်မင်းများနန်းတက်သောကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင်ဗုဒ္ဓဘာသာညှိုးမှိန်ခဲ့ရပြန်သည်။ ထိုကာလတွင်
ဟိန္ဒူဘာသာအယူအဆများဗုဒ္ဓသာသနာထဲသို့ေ၇ာနှောလာကြပြန်သည်။ သာသနာသက္ကရာဇ် ၁၁၀၀ ခန့်တွင် ထိုဒေသကို
ဟန်းလူမျိုးများချီတက်သိမ်းပိုက်ပြီးနောက် ရဟန်းကျောင်းတော်များ စာသင်တိုက်များ ပိဋကတ်တော်များကို ဖျက်ဆီး
ခြင်း သံဃာတော်များအားသပ်ဖြတ်ခြင်းများပြုလုပ်ခဲ့ရာသာသနာတော်ကြီးအထူးပင် ညှိုးနွမ်းခဲ့ရသည်။
            သာသနာသက္ကရာဇ် ၁၁၄၉ ခုနှစ်တွင် နန်းတက်သော ဟာသျှဘုရင် သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက်
သာသနာတော်ကိုအလွန်ပင်ချီးမြှင့်ရာသာသနာတော်ပြန်လည်ထွန်းလင်းလာပြန်သည်။ ထိုမင်းလက်ထက်က နလန္ဒ ဗုဒ္ဓ
တက္ကသိုလ်ကြီးသည် အလွန်ပင်ထင်ရှားကျော်ကြားသည်။ ထိုမင်းကြီးနတ်ရွာစံပြန်ရာညှိုးမှိန်လာပြန်သည်။
           သာသနာသက္ကရာဇ် ၁၅၀၀ ခန့်တွင် အိန္ဒိယနိုင်ငံမာဂဓတိုင်းကို ပါလမင်းများ အုပ်စိုးသောအခါ ဗုဒ္ဓသာသနာသည်
အိန္ဒိယနိုင်ငံတွင်နောက်ဆုံးအနေနှင့်ထွန်းလင်းခဲ့သည်။  အဆိုပါမင်းများလွန်သော် အစ္စလာမ်ဝါဒီများနိုင်ငံကို အုပ်စိုးလာရာ
သာသနာတော်ကြီးသည်အေ၇ာင်မှေးမှိန်လာပြီးနောက်ဆုံးတွင်လုံးဝကွယ်ပျောက်သကဲ့သို့ဖြစ်သွားသည်။
           မဟာယာနကဗုဒ္ဓဘာသာသည် အရှေ့အန္ဒိယနိုင်ငံမြောက်ပိုင်းမှတဆင့် တိဗက် တရုပ် ကိုရီးယား ဂျပန် အရှေ့
အိန္ဒိယကျွန်းစုထိပျံ့နှံ့ခဲ့သည်။ရှေးဦးစွာ သိင်္ဃရပူရမြို (စင်္ကာပူ) တို့မှ ဆူမတြားကျွန်း ထိုမှတဖန် သီရိဝိဇယမြို့များ ဂျာဗားကျွန်း
ကမ္ဗောဇတိုင်းစသည်တို့ကိုအဆင့်ဆင့်ေ၇ာက်ရှိခဲ့လေသည်။ ကမ္ဗောဇတိုင်းရှိအန်ကောဝတ်ကျောင်းတော်ကြီးမှာ ထိုခေတ်ထိုကာလကကျောင်းတော်ကြီးဖြစ်သည်ဟုသုတေသီတို့ယူဆခဲ့ကြသည်။
         ထိုကဲ့သို့ မဟာယာနက ဝါဒရောက်လာသောအရှေ့တောင်အာရှနိုင်ငံများသည် သီရိဓမ္မာသောကမင်းကြီးလက်ထက်က
ထေရဝါဒ သာသနာပြုများရောက်နှင့်ပြီးသားဖြစ်နေသည်။ ထိုကာလက မင်းကြီး၏သာသနာပြုများသည် အရှေ့တောင်အာရှ
တွင် သီဟိုဠ်လောက်သာသနာပြုလုပ်ငန်းမအောင်မြင်သော်လည်းမျိုးစေ့ချပေးသကဲ့သို့ကျန်ရှိနေခဲ့သည်။ထိုကာလက
ထေရဝါဒအယူသည်အင်အားကြီးမားခြင်းမရှိသေးသောကြောင့် မဟာယာနက ဝါဒေ၇ာက်ရှိလာသောအခါ ပြင်းပြင်းထန်ထန်
အားပြိုင်ခြင်းမရှိပဲ လူတို့သည် ဝါဒ ၂ ခုလုံးကိုလက်ခံကျင့်သုံးခဲ့ဟန်ရှိတယ်ဟု သုတေသီတို့ယူဆခဲ့ကြလေသည်။
            သို့၇ာတွင် သာသနာသက္ကရာဇ် ၉၃၀ တွင် ထေရဝါဒဗုဒ္ဓဘာသာဘက်မှ ထေရဝါဒ ကိုထိုးထိုးထွင်းထွင်းရှင်းလင်းနိုင်
သောထေရဝါဒအာဇာနည် မဟာဗုဒ္ဓဃောသ မထေရ်ပေါ်ပေါက်လာရာ ထိုနိုင်ငံများတွင် ထေရဝါဒဗုဒ္ဓဘာသာထွန်းကားခိုင်မာလာပြန်သည်။  အရှင်မထေရ်သည် ရှေးအစဉ်အဆက်ဆက်က သင်္ဂါယနာများအား
သီဟိုဠ်ဘာသာဖြင့်သာရှိခဲ့သည်ကို ပါဠိဘာသာသို့ပြန်ဆိုခဲ့ပြီးယင်းကျမ်းအားလုံး၏ အဖွင့်အဋ္ဌများကိုလည်းရေးသားခဲ့သည်။
အရှင်ဗုဒ္ဓဃောသ၏ပါဠိဘာသာကျမ်းများသည် ထေရဝါဒဗုဒ္ဓသာသနာကို ဒုတိယအကြိမ်ထွန်းပြောင်စေခဲ့သည်။
              သီဟိုဠ်ကျွန်းစုတွင်ထွန်းပြောင်နေသောဗုဒ္ဓဘာသာသည် အရှေ့တောင်အာရှတွင် တဖန်ထွန်းပြောင်လာပြန်သည်။
သို့သော် သာသနာသက္ကရာဇ် ၁၅၀၁ တွင် အန္ဒိယတောင်ပိုင်းသား များဖြစ်ကြသောကျေးကုလား(စောဠ) လူမျိုးတို့သည်
သီဟိုဠ်ကိုဝင်ေ၇ာက်တိုက်ခိုက်ရာ ဗုဒ္ဓသာသနာအတွက် ဘေးရန်ကျရောက်ပြီးမှေးမှိန်ပြန်သည်…ထိုကာလတွင် မြန်မာနိုင်ငံမှ
အနော်ရထာမင်းကြီးမှာ မြန်မာနိုင်ငံမြောက်ပိုင်းမှစိန့်ဝင်နေသောမဟာယာနဗုဒ္ဓဘာသာရောနှောနေသော နတ်ကိုးကွယ်ယုံကြည်မှုကို မကြိုက်၍ဘာသာအယူရှာနေခိုက် ရှင်အရဟံနှင့်တွေ့ရှိပြီးဗုဒ္ဓဘာသာကို အထူးပင် သက်ဝင်ယုံကြည်ကာချီးမြောက်မှု့များရှိလာခဲ့သည်။ (အခြားစာအုပ်များတွင် အနော်ရထာမင်းကြီး ထေရဝါဒဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ပြီးမှ သထုံကို ပိဋကပ် ၃ ပုံအရေးစစ်ခင်းရာမှ သာသနာကိုဥိးဆောင်နိုင်မည့်ရှင်အရ
ဟန်နှင့်တွေ့သည်ဟုဖော်ပြကြသည်)အနော်ရထာမင်းမှစပြီး ပုဂံမင်းအဆက်ဆက်တို့သည် ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပြီး သီဟိုဠ်ဗုဒ္ဓဘာသာပြန်လည်တည်ထောင်ေ၇းများတွင်ထောက်ပံ့မှု့များပြုခဲ့ရာမြန်မာနိုင်ငံနှင့်သိဟိုဠ်တို့သည် ထေရဝါဒဗုဒ္ဓဘာသာ၏ အချက်အချာဒေသများဖြစ်လာသည်။ ယင်းသို့ဖြင့်မြန်မာနိုင်ငံနှင့်သီဟိုဠ်သာသနာကြိးထွန်းကာနေချိန်တွင် ရှေးပဝေသဏီကတည်းက တရုပ် တိဗက်တို့ဆီမှ ဆင်းသက်လာသော မဟာယာနက ဝါဒ ကိုကိုးကွယ်သော ယိုးဒယားသည် ၁၃ ရာစုနှင့် ၁၄ ရာစုနှစ်များတွင် ထေရဝါဒဗုဒ္ဓဘာသာသို့ကူးပြောင်းခဲ့ပြန်သည်။မြန်မာနိုင်ငံနှင့်ကူးလူးဆက်ဆံမှု့များကြောင့်ထေရဝါဒအချက်အချာဗဟိုဌာနကြီး
တစ်ခုဖြစ်လာရပြန်သည်။ တခါက တန်ခိုးထွား၍ယိုးဒယားတို့အပေါ်လွမ်းမိုးနိုင်ခဲ့သောကမ္ဗောဇနိုင်ငံသည် ၁၅ ရာစုတွင် ယိုးဒယားလက်အောက်ခံသို့ကျေ၇ာက်ပြန်ရာထေရဝါဒဗုဒ္ဓဘာသာသို့ပြောင်းလည်းသွားပြန်သည်။ယင်းသို့ဖြင့် သီဟိုဠ် မြန်မာ လာအို ကမ္ဗောဒီးယား ယိုးဒယား နိုင်ငံ ၅ နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများဖြစ်လာကြသည်။ထေရဝါဒဗုဒ္ဓဘာသာကြီး
အရှေ့တောင်အာရှတွင်ထွန်းကားလာရာ သာသနာသက္ကရာဇ် ၂၄၁၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ မင်းတုန်းမင်းကြီးသည်
ပဉ္စမသင်္ဂါယနာတင်ပွဲကို မန္တလေးနေပြည်တော်၌ သံဃာတော် ၂၄၀၀ နှင့်ကျင်းပခဲ့သည်။ပဉ္စမ သင်္ဂါယနာတွင် မင်းတ၇ားကြီး
သည် ဝိနိဿယျတော်များအား ကျောက်ထက်အက္ခရာတင်စေသည်။
            ထေရဝါဒဗုဒ္ဓသာသနာကိုးကွယ်သောနိုင်ငံများတွင် မြန်မာနိုင်ငံအား အင်္ဂလိပ်ကလည်းကောင်း ကမ္ဗောဒီးယားနှင့် လာအိုကို ပြင်သစ်ကလည်းကောင်း ကိုလိုနီနိုင်ငံပြုလုပ်ရာ သာသနာတော်ကိုချီးမြောက်မည့်မင်းများမရှိတော့သော်လည်း
အဆိုပါအစိုးရများကလွတ်လပ်စွာကိုးကွယ်ခွင့်ပြုခဲ့ခြင်း ရဟန်းဆရာတော်တို့၏ သာသနာတော်ကြီးအားထိန်းသိန်းစောင့်ရှောက်ခြင်း တိုင်းသူပြည်သားများ၏ မိမိဘာသာကိုသာသက်ဝင်ယုံကြည်ခြင်းတို့
ကြောင့် သာသနာတော်ကြီးမှာပပျောက်မသွားခဲ့ပေ….အစဉ်လွတ်လပ်နေသောယိုးဒယားနိုင်ငံတွင်လည်း သာသနာ့ဒါယိ
ကာမင်းများ၏ထောက်ပံ့မှုရရှိခဲ့ကြပေသည်။
                ၁၉၄၈ ခုမြန်မာနိုင်ငံလွတ်လပ်ရေးရချိန်တွ့င် သာသနာတော်ကြိးစည်ပင်လာရာအခြားနိုင်ငံများတွင်လည်း ထိုနည်းတူပင်။ မြတ်စွာဘုရားဟောကြားတော်မူအပ်သော နိကယ် ၅ရပ်တို့ကို အထပ်ထပ်အဆင့်ဆင့်ရေးကူးရာတွင်
သတိချွတ်ယွင်းချက်များပြင်ဆင်ရန်လည်းကောင်း ထိုစင်ကြယ်ပြီးသား ပိဋကပ်တော်ကို စက်တင်ပုံနှိပ်ပြီးကမ္ဘာအရပ်ရပ်တို့
ပျံ့နှံ့စေခြင်းဖြင့် သာသနာကြီးအဓွံ့ရှည်ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံနှင့်တကွ ဗုဒ္ဓဘာသာဝင်နိုင်ငံအားလုံးက သာသနာတော်
ကြီးကိုစုပေါင်းချီးမြှောက်သောအနေဖြင့် နိုင်ငံအားလုံးမှ သံဃာတော်များဆုံးဖြတ်ချက်ချပြီး သာသနာသက္ကရာဇ်  ၂၄၉၈ ခုနှစ်တွင်
ပြည်ထောင်စုမြန်မာနိုင်ငံတော် ရန်ကုန်မြို့သီရိမင်္ဂလာကမ္ဘာအေးစေတီအနီး ဆဋ္ဌသံဂီတိ မဟာပါသာဏဂုသာ လှိုဏ်ဂူတော်ကြီးတွင် ပြည်တွင်းသံဃာတော် ၂၄၇၃ ပါး၊ ကမ္ဘာအရပ်ရပ်မှ ၁၄၄ ပါးဖြင့် ၂ နှစ်တိုင်တိုင် ဆဋ္ဌနသင်္ဂါယနာသဘင်ကို
ကျင်းပခဲ့သည်။ထိုသဘင်ကို ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများပါမကပဲ တရုပ် ပါကစ္စတန် အိန္ဒိယနိုင်ငံတို့ကပါ ချီးမျြင့်ခဲ့ကြပြီး
အရှေ့တောင်အာရှနိုင်ငံများမှာလည်း သာသနာသက္ကရာဇ် ၂၅၀၀ ပြည့်ပွဲများပြုလုပ်ခဲ့ကြလေ၇ာ ထေရဝါဒဗုဒ္ဓသာသနာကြီး
ပြန်လည်ထွန်းကားလာသည်မှယနေ့ထိတိုင်ဖြစ်ပြီး ကျွန်တော်နှင့်သူငယ်ချင်းအပေါင်းတို့ကိုးကွယ်ဆည်းကပ်နိုင်ကြခြင်းပင်ဖြစ်ပါတော့
သည်။
               မြန်မာ့စွယ်စုံကျမ်း အတွဲ ၈ အပိုင်း (က) မှ ကောက်နှုပ်တင်ပြသည်

No comments:

Post a Comment