မြန်မာ့လွတ်လပ်ရေးဖခင် ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ဇနီး သီရိသုဓမ္မ ဒေါ်ခင်ကြည်သည် ၁၉၁၂ ခုနှစ်တွင် အဖ ဦးဗိုလ်ငြိမ်း ၊ အမိ ဒေါ်ဖွားစု တို့မှ မွေးဖွားခဲ့သည်။ ဧရာဝတီတိုင်း ၊ မြောင်းမြမြို့ဇာတိဖြစ်သည်။ ဒေါ်ခင်ကြည်သည် ABM High School (ယခု အ.ထ.က (၁)ကြည့်မြင်တိုင်) မိန်းကလေး အထက်တန်းကျောင်း တွင် ဆယ်တန်းအောင်ခဲ့သည်။ ဆယ်တန်းအောင်ပြီးနောက် သားဖွားနှင့် သူနာပြု သင်တန်းကို ဒက်ဖရင် အမျိုးသမီး ဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီးတို့တွင် အောင်မြင်ခဲ့သည်။ ဒေါ်ခင်ကြည်သည် သူနာပြုဆရာမအဖြစ် အမှုထမ်းစဉ်က ရန်ကုန်ဆေးရုံကြီး ပေါ်တွင် ကိုယ်ရေးကိုယ်တာ မငဲ့ကွက်ပဲ ဆေးဝါး မပြည့်စုံသည့်ကြားမှပင် လူနာများကို မငြိုမငြင် အနစ်နာခံ ပြုစုပေးခဲ့သူ တစ်ယောက်ဖြစ်သည်။ ထိုစဉ် ဂျပန်ခေတ်က ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ပြည်သူ့ရဲဘော်များ ၊ စစ်ခေါင်းဆောင်များ ၊ နိုင်ငံရေးခေါင်းဆောင်များကို ဆေးကုသပေးရာမှာလည်း တစိတ်တပိုင်း တာဝန်ယူခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယ ကမ္ဘာ စစ်အတွင်း ဆေးရုံတက်ရောက် ကုသရင်း အကြီးတန်းသူနာပြုဆရာမလေး ဒေါ်ခင်ကြည်နဲ့ ဆုံတွေ့ခဲ့ပြီး ရန်ကုဆေးရုံကြီးမှာပင် မေတ္တာမျှခဲ့ကြသည်။ ဗိုလ်ချုပ် သည် တည်ကြည်ဖြောင့်မတ်ပြီး ရိုးသားပွင့်လင်းသော ဆရာမလေး ဒေါ်ခင်ကြည် ကို ပိုးပန်း ခဲ့ပုံများ မှာ ဗိုလ်ချုပ်၏ရဲဘော်ရဲဘက်များ ပြောမဆုံးအောင် ဖြစ်ခဲ့ရပါသည်။ "ဆရာမလေးမခင်ကြည် ဆေးတိုက်မှ သောက်မယ် " ဆိုသည့် ဗိုလ်ချုပ်က ထိုစဉ် ခေတ်စားနေသည့် ငွေသော်တာရောင်ခြည် သီချင်းဖြင့် ပိုးပန်းခဲ့သည် ဟု ဆိုစမှတ်ရှိခဲ့သည်။ ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်တို့ လက်ထပ်ခဲ့ကြသည်။ လက်ထပ်ပြီးနောက်ပိုင်း သား (၂) ယောက် သမီး (၁) ယောက် ထွန်းကားခဲ့သည်။ သားကြီးမှာ အောင်ဆန်းဦး ၊ သမီးမှာ အောင်ဆန်းစုကြည် ဖြစ်ပြီး သားငယ် အောင်ဆန်းလင်းမှာ ငယ်စဉ်ကပင် ရေနစ်သေဆုံးခဲ့ ပါသည်။ ဒေါ်ခင်ကြည်သည် သံယောဇဉ်ရှိခဲ့သော သူနာပြု လုပ်ငန်းနှင့်ကင်းကွာခဲ့ပါသည်။ ထို့နောက် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာပြီး ပြည်သူ့ရဲဘော်ဌာနချုပ်တွင် ပြည်သူ့ရဲမေ ဌာနမှူးကြီး ဖြစ်လာခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက်တွင် လူမှုရေးလုပ်ငန်းများကို ဇောက်ချ လုပ်ကိုင်ခဲ့ပြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ညွှန်ကြားရေးမှူး အဖြစ်တာဝန်ယူခဲ့သည်။ ဒေါ်ခင်ကြည်သည် ဂျပန်ခေတ်တွင် မွေးဖွားခဲ့ရာဇာတိမြို့ ဖြစ်သော မြောင်းမြမြို့ ဆေးရုံကြီးတွင်လဲ ဝင်ရောက်၍ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ ခုနှစ်မှ ၁၉၅၂ ခုနှစ်ထိ အမျိုးသမီး လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး ၁၉၅၈ ခုနှစ်တွင် မြန်မာနိုင်ငံ အမျိုးသမီးများအသင်း ကော်မတီ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် နိုင်ငံတော်မှ ပေးအပ် ချီးမြှင့်သော မဟာ သီရိသုဓမ္မ ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၅၅ ခုနှစ်တွင်လည်း ထိုင်းနိုင်ငံ ဦးသျှောင် အဖွဲ့တံဆိပ်ကို ချီးမြှင့်ချင်းခံခဲ့ ရသည်။ ၁၉၆၀ ပြည့်နှစ်တွင် အန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အကြီး အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ နိပေါ နိုင်ငံ သံအမတ်အဖြစ်လည်း ပူးတွဲတာဝန် ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်၏ ဖြောင့်မတ်သေချာမှု စည်းစနစ် ကောင်းမှု ကိုယ်ကျင့်တရားကောင်းမှု အခွင့်အရေးကို မမက်မော မသာယာ မှု များကပင် ထူးခြားလှသဖြင့် ကွန်လွန်ခါနီး ကျန်းမာရေး ဆိုးရွာချိန် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံနှင့်ကြုံတွေ့သွားခဲ့ရပြီး အမေရိကန်နိုင်ငံမှပေးအပ်သော မြန်မာ့မိခင် ဘွဲ့ကိုရရှိခဲ့ပါသည်။ ၁၉၈၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လေဖြတ်သည့်ရောဂါ ဝေဒနာကို ခံစားရပြီးနောက် ဒီဇင်ဘာလ ၂၇ ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။ ဒေါ်ခင်ကြည်၏ ရုပ်အလောင်းကို ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီးတွင် သဂြိုဟ် ခဲ့သည်။ ထိုနေရာတွင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဦးသန့် ၊ စုဖုရားလတ်နှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အုတ်ဂူများလည်း တည်ရှိပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည်တို့၏ ဓာတ်ပုံအချို့ကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည်တို့၏ ဓာတ်ပုံအချို့ကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။
No comments:
Post a Comment