နို့ထွက် အစားအသောက်များကို လုံးဝ မစားခြင်း၊ သို့မဟုတ် အလွန် ရှားပါးစွာသာ စားသောက်လေ့ ရှိခြင်းတို့သည် နို့
ထွက် ပစ္စည်းများ ပေါကြွယ်စွာ စားသောက်သူများထက် ဦးနှောက် စွမ်းရည် ဖွံ့ဖြိုးမှု နှေးကွေးကြောင်း ပညာရှင်များက
ပြောကြားခဲ့သည်။ အမေရိကန်တွင် ပင်စင်စား သက်ကြီးရွယ်အို (၁၀၄)ဦး၏ နေထိုင် စားသောက်မှု ပုံစံကို စောင့်ကြည့်
လေ့လာခဲ့ပြီးနောက် နို့ထွက်ပစ္စည်းများ၏ ဦးနှောက်အတွက် ကောင်းမွန်သော လှုံ့ဆော်မှု အာနိသင်ကို တွေ့ရှိခဲ့သည်။
နို့နှင့် ငါးကြီးဆီတို့တွင် ပါဝင်သော omega-3 အဆီကဲ့သို့ ဓာတ်မျိုးသည် ဦးနှောက်၏ တက်ကြွမှု လုပ်ငန်းဆောင်တာပိုင်း
ကို အားပေးနိုင်ကြောင်း သိရသည်။
နို့တွင် omega-3နှင့် omega-6တို့ကဲ့သို့ ဦးနှောက်အတွက် အကျိုးဖြစ်ထွန်းစေသော အဆီဓာတ်များ ပါဝင်နေသည်။
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ အဲလက်စ် ရစ်ချတ်ဆန်က “omega-3 လိုမျိုး အဆီတွေက ဦးနှောက်ရဲ့ ဓာတုဖြစ်စဉ်တွေ
ကို ကောင်းကျိုး ပေါ်ပေါက်လာစေတာကို ဖော်ထုတ်နိုင်ပါတယ်။ သာမန်အားဖြင့်တော့ ပြည့်ဝဆီတွေဟာ ဦးနှောက်အ
တွက် အန္တရာယ် ဖြစ်နိုင်စေပေမယ့် ကွဲပြားတဲ့ ဖွဲ့စည်းပုံအရ essential fat အဆီတွေရဲ့ သက်ရောက်မှုက အကောင်း
ဘက်ကို ဦးတည်နိုင်ပါတယ်”ဟု ရှင်းလင်း ပြောကြားသွားသည်။
No comments:
Post a Comment