- မိဘတွေက အရွှယ်ရောက်လာရင်ဘဲ ကျွန်တော်တို့ကို ကိုရင်ဝတ်ပေး၊ ရဟန်းခံပေး၊ ဘုရားကျောင်းကန်တွေလှူဒါန်း ကျွန်တော်တို့ မိဘတွေကိုလည်း ဦးဘယ်သူ ဒေါ်ဘယ်သူလို့ အခေါ်ခံရာကနေ ရဟန်းဒကာ/မ- ကျောင်းဒကာ/မ ဆိုပြီး ရပ်ထဲရွှာကလည်း နာမည်းပြောင်းခေါ်ခံရတော့.. ဂုဏ်ပုဒ်နဲ့ တပ်ပြီး အခေါ်ခံ ရတဲ့ ကျွန်တော်တို့ မိဘတွေလည်းဘဲ ဒီမှာသာယာမေ့လျှော့နေပြီး အနှစ်သာရအားဖြင့် ပြည့်ဝပြီလို့ ကျွန်တော်တို့မိဘတွေကထင်နေကြတာ ယခုထိပါဘဲ။
- ဒါတွေဟာ ကိုရင်၊ရဟန်းခံပေးလိုက်ရုံနဲ့ တကယ်ဘဲ ဘုရားသားတော်၊ သမီးတော် အစစ်ဖြစ်နေပြီလားဆိုတာ ဆန်းစစ်ဖို့လိုပါတယ်။
- ဥပမာလေးပေးကြည့်မယ်နော်...ကျောင်းဆရာ/ဆရာဝန်ဖြစ်ဖို့ဆိုတာ အနည်းဆုံး ၁၄-၁၅နှစ်သင်ယူရပါတယ်။ ဒါတောင်မှ ကျောင်းပြီးရင်အဆင်သင့် ခူးစားလို့ မရသေးဘူး။ လုပ်ငန်းခွင်မှာ အမှားတွေ၊ အတွေ့ အကြုံတွေ၊သင်ခန်းစာတွေ ယူပြီး အမှားအနည်းဆုံးလူဖြစ်အောင်ကြိုးစားရတယ်။
- ကျောင်းဆရာ/ဆရာဝန်ရဲ့ အဖေအမေလို့ အခေါ်ခံချင်ရင် သူနဲ့ဆိုင်တဲ့ ပညာရပ်ကို သင်ပေးမှ၊ သူလည်းတတ်ကျွမ်းလာမှ အခေါ်ခံရတာ နည်းနည်းဟုတ်သေးတယ်။ ယခုတော့ ခုနှစ်ရက်၊တစ်လစသည် ကိုရင်၊ရဟန်းတွေဝတ်ပေးရုံနဲ့ ကျောင်းတွေလှူလိုက်ရုံနဲ့ ဘုရားရဲ့ ပညာကိုရပြီလို့ မတွက်နိုင်သလို၊ ရဟန်းဒကာ/မ ကျောင်းဒကာ/မ လို့ခေါ်ဆိုဖို့ မထိုက်သန်သေးပါဘူး။ အသွင်သဏ္ဍာန်အရခေါ်လို့ဖြစ်ပေမဲ့ အနှစ်သာရ ပိုင်းကြတော့ ဘာမှ မတွေ့ရပါဘူး။
- နောက်ပြီး ပညာရပ်တခုကို တတ်ကျွမ်းသွားတယ်ဆိုပါတော့ ကျောင်ဆရာ၊ဆရာဝန်ဘဲဖြစ်ပေါ့လေ အဲဒီဝတ်စုံနဲ့ ၀တ်မှ ကလေးတွေကိုစာသင်ပေးနိုင်တာ၊ လူနာကို ကုသပေးနိုင်တာ မဟုတ်ပါဘူး။ ဘယ်အ၀တ်နဲ့ဘဲဝတ်ဝတ် လူနာကို ကုသလို့ရပါတယ်။ အ၀တ်ပြောင်းလဲရုံနဲ့ လူမပြောင်းလဲနိုင်ပါဘူး။
လူတွေဟာ အ၀တ်ဆိုတဲ့ အရေအတွက်နောက်ကိုကြည့်ပြီး ငါ့ မင်ဘာဦးရေ ဘယ်လောက်ရှိပြီဆိုတာကိုဘဲ ကြည့်နေကြတယ်။
- တကယ်အနှစ်သာရတန်ဖိုး အရည်အချင်းပိုင်းကိုကျတော့ စိစစ်ဝေဖန်မည့် လူသိပ်မရှိဘူးဖြစ်နေတယ်။
ဒါကြောင့် အုပ်စုကြီးတဲ့လူနောက်ကို ပြေးကပ်လိုက်၊ အုပ်စုကြီး လုပ်ပုံမဟုတ်တာတွေတော့ အုပ်စုငယ်နားပြန် ပြေးကပ်လိုက် ဒီလိုဘဲ အမှန်တရားကိုမတွေ့ဘဲ ဖြစ်နေကြတယ်၊ အစွန်းတွေကပ်ငြိနေပြီး အလယ်လမ်းကို မရောက်ဘဲ ဖြစ်နေကြ တယ်။ အုပ်စု အကြီးသေးပေါ်မှာ အမှား အမှန်မရှိဘူး ။ လူအကောင်ကိုကြည့်ရမှာ မဟုတ်ပါဘူး။ လူတွေရဲ့ လုပ်ဆောင်ပြုမူချက်၊ လုပ်ရပ်အမှုတွေကို ကြည့်ပြီး ဆက်ဆံရမှာ..
- ကျွန်တော်တို့ကို အမေအဖေမွေးပေး တုံးကလူလေး အဖြစ်နဲ့ဘဲမွေးပေးတာပါ။ မွေးမွေးကတည်းက ဗုဒဘာသာဝင် မဖြစ်သေးပါဘူး။ ဒါဆိုရင်ဘယ်နေ့ ကစပြီး ဗုဒဘာသာဝင်ဖြစ်သလဲ။ ကိုရင်စ၀တ်တဲ့နေ့လား။ ဘုန်းကြီးကျောင်းစတက်တဲ့နေ့လား၊ ငါးပါးသီလယူတဲ့နေ့လား ....
- ဒို့ကိုးကွယ်တဲ့ဘုရားကိုကျတော့ တရားကမွေးပေးလိုက်လို့ ဘုရားဖြစ်တာ။ ဒို့ကျတော့ ဘုရားရဲ့ တပည့်ဖြစ်ဖို့ ဘယ်သူကမွေးပေးသလဲ။ ဒို့မိဘတွေ ကိုးကွယ်ယုံကြည့်တဲ့ဘာသာမို့ ဒို့လည်း အလိုလို ဗုဒဘာသာဝင်တွေ ဖြစ်တာလား။ဒို့မှာ လွတ်လပ်စွာ တွေးခေါ်ရင် မိဘတွေခွင့်လွတ်နိုင်မလား။ သဘောထားကြီးပါတယ် ဆိုတဲ့ ဒို့မိဘတွေမှာ သူများ ဘာသာတွေ ဘယ်လိုရှိတယ်ဆိုတာကို လေ့လာလို့ရအောင် သူငယ်ချင်းတွေနဲ့ သူများကျောင်းမှာ လိုက်တက်ရင် သဘောထားကြီးကြီးနဲ့ ခွင့်ပြုပေးနိုင်လား။ လွတ်လပ်စွာ လေ့လာခွင့်ရလား ဆိုတာအရင်စဉ်းစားပါ။
ဘုရားလက်ထက်တုံးကတော့ ဘုရားတရားကို သဘောပေါက်ပြီးမှ ဘုရားသာဝက အဖြစ်လျှောက်တင် တာကြားဖူးတယ်။ ယခုရော ကျွန်တော်တို့ တကယ်ဘဲ ဘုရားတရားကို သဘောပေါက်နေပြီလား...

No comments:
Post a Comment