Pages

ဝက်ပေါက်လေးတွေကို သားသမီးလို့ထင်မှတ်ရှာသူကျားမကြီး

မိခင်ကျားမကြီးဟာ မမွေးဖွားရသေးခင်မှာပဲ ကိုယ်ဝန်သက်တမ်းမရင့်သေးပဲ သူ့ကလေးကို ဆုံးရှုံးလိုက်ရတယ် ။ စိတ်ဓါတ်တွေ တအားထိုးကျသွားပြီး မိခင်ကျားမကြီးရဲ့ ကျန်းမာရေးဟာ တဖြည်းဖြည်းဆိုးရွားလာခဲ့တယ် ။ တိရိစ္ဆာန်ဆေး ကုဆရာဝန်တွေက ကျားမကြီးမှာ စိတ်ကျရောဂါ စွဲကပ်နေပြီလို့ အတည်ပြုခဲ့ကြတယ် ။

ဒါကြောင့်သူတို့ဟာ ၀က်ပေါက်လေးကို ကျားအ၀တ်အစား ပေးပတ်ပြီး ကျားမကြီးအနားချပေးထားခဲ့ကြတယ် ။ ကျားမကြီးဟာ အလွန်ပဲ စိတ်လှုပ်ရှားသွားပြီး ဒီဝက်ပေါက်လေးတွေကို သူ့သားရင်းတွေမခြား ချစ်ခင်သွားခဲ့တယ် ။

######################################

သွေးသားရင်းမှမဟုတ်ပါဘူး ။ ကျားဆိုတာ အသားစားသတ္တ၀ါဆိုတာ ကျွန်တော်တို့သိကြပြီးသားပါ ။ တိရိစ္ဆာန်တွေတောင် မှ အနေနီးရင် မိခင်မေတ္တာ အစွမ်းကြောင့် ကိုယ့်အစာကိုတောင် သားသမီးအဖြစ် မှတ်ယူ တတ်ကြတယ် ။ ၀က်ပေါက်လေးတွေကို ကျားအ၀တ်အစားတွေ ၀တ်ပေးထားတဲ့အတွက် ကျားမကြီးက သူ့ သားလေးတွေလို့ မှတ်ယူပြီး ကျန်းမာရေး လည်းပြန်ကောင်းလာခဲ့တယ် ။

သားသမီးတွေအတွက် --- မိခင်ဟာ စိတ်နှလုံးသား နဲ့ ခန္ဓာတစ်ခုလုံပုံအောပြီးချစ်လေ့ရှိကြတယ် ။

ဝန်ခံချက်. ။ ။ သက်တန့်ချို ဆိုက်မှ ကူးယူဝေမျှသည်.......

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်

No comments:

Post a Comment