Pages

မိတ်ကပ်ပညာရှင် အမျိုးသမီးက သူ၏ရုပ်သွင်ကို အဆိုတော်အဖြစ် ပြောင်းလဲပြ

အာရှအမျိုးသမီး အပျော်တမ်းမိတ်ကပ် ပညာရှင်တစ်ဦးသည် ကမ္ဘာကျော်ရက်ပ်ပါ အဆိုတော်ဖြစ်သော Drakeကို လွန်စွာသဘောကျ သူဖြစ်ပြီး မိတ်ကပ်ကိုအသုံးပြုကာ သူ၏ရုပ်သွင်ကို အဆိုပါနာမည်ကျော် ရက်ပ်ပါနှင့်တူအောင် ပြောင်းလဲပြခဲ့ကြောင်း DM သတင်းဌာနက ဇန်နဝါရီလ ၁ဝရက်နေ့တွင် ဖော်ပြသည်။ ရုပ်သွင်ချင်း အနည်းငယ်မျှပင် နီးစပ်မှုမရှိသော်လည်း မိတ်ကပ်ပညာကို အသုံးပြုကာ ရုပ်ချင်းတူအောင် ပြုလုပ်နိုင်မှုအား အံဖွယ်ပြသခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ယင်းကဲ့သို့ အံ့ဖွယ်အသွင်ပြောင်း ပြမှုကို နီပေါနိုင်ငံအခြေစိုက် ဘလော့ဂ်တစ်ခုမှ ဗီဒီယိုဘလော့ဂ်အဖြစ် အွန်လိုင်းသို့ တင်ခဲ့ခြင်းဖြစ်သည်။ အာရှမှ တမ်မန်ဖန်းအမည်ရှိ အဆိုပါ အာရှအမျိုးသမီးသည် နာမည်ကျော် မိတ်ကပ်ပညာရှင် မိချယ်လီဖန်း၏ ယောက်မဖြစ်ပြီး ကနေဒါရက်ပ်ပါ Drake ၏ရုပ်သွင်ကို ဖန်ဆင်းပြခဲ့ခြင်း ဖြစ်သည်။
 http://www.swesonemedia.org/index.php?id=1877

No comments:

Post a Comment