စိတ်ကူးပျော်ရာ
Pages
(Move to ...)
စိတ်ကူးအိမ်
ဘာသာရေး
ကျန်းမာရေး
သတင်း
နည်းပညာ
ထူးထူးဆန်းဆန်း
ဗဟုသုတ
မိဘမေတ္တာ
တရားတော်များ
ပန်းချီ
အနုပညာ
အလှအပ
စာအုပ်၊စာပေ
စားဖိုဆောင်
ဟာသ
ရသ
ပုံရိပ်
သံဝေဂ
စိုက်ပျိုးရေး
ပညာရေး
ပုံပြင်
တီးဝိုင်း
တက်ကျမ်း,
▼
မိမိစရိုက်နှင့် သင့်လျော်သော ကမ္မဋ္ဌာန်းကို ရှုမှတ်ပွားများပါက တရားရလွယ်သောကြောင့် ကျေးဇူးများကြပါစေသောဝ်....
Posted by
ရန်နိုင်
on ဇန်နဝါရီ 10, 2012 at 5:02am
မက်ဆေ့(ခ်ျ) ပို့ရန်
View Blog
၁။ ရာဂစရိုက်ရှိသောသူသည် အသုဘ (၁၀)ပါး၊ ကာယဂတာသတိ ဤ ၁၁-ပါးသောကမ္မဋ္ဌာန်းတို့နှင့် သင့်လျော်ပေသည်။
၂။ ဒေါသစရိုက်ရှိသောသူသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော အပ္ပမညာ(ဗြဟ္မစိုရ်) ၄-ပါး၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ဟုဆိုအပ်သော ၀ဏ္ဏကသိုဏ်း ၄-ပါး၊ ဤ ၈-ပါးသော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျော်သည်။
၃။ မောဟနှင့် ၀ိတက်စရိုက်ရှိသောသူသည် ထွက်လေ၀င်လေကို နှာသီးဖျား၌ ရှုမှတ်သော အာနာပါနဿတိကမ္မဋ္ဌာန်းနှင့် သင့်လျော်သည်။
၎။ သဒ္ဓါစရိုက်ရှိသောသူသည် ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေ၀နုဿတိ၊ ဤ ၆-ပါးသော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျော်သည်။
၅။ ပညာစရိုက်ရှိသောသူသည် မရဏာနုဿတိ၊ ဥပသမာနုဿတိ(နိဗ္ဗာန်ကိုအာရုံပြုခြင်း)၊ စတုဓာတု၀၀တ္ထာန်(ဓာတ်ကြီးလေးပါးရှုမှတ်ခြင်း)၊ အာဟာရေပဋိကူလသညာ၊ ဤလေးပါးသော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျော်ပါသည်။
ထိုသို့ အထက်ပါ ကမ္မဋ္ဌာန်း (၃၀)မှ ကျန်သော ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ အာကာသ၊ အာလောက ဟုဆိုအပ်သော ကသိုဏ်း ၆-ပါး၊ အာရုပ္ပ ၄-ပါး၊ ဤ ၁၀-ပါးတို့သည် အလုံးစုံသော စရိုက်တို့နှင့် သင့်လျော်သည်။
ကသိုဏ်းတို့တွင် သေးငယ်သော ကသိုဏ်းဝန်းတို့သည် ၀ိတက်စရိုက်ရှိသူအား သင့်လျော်သည်။
ကြီးသော ကသိုဏ်းဝန်းတို့သည် မောဟစရိုက်ရှိသူအား သင့်လျော်သည်။
ရာဂ ကိုပယ်ခြင်းငှာ အသုဘကမ္မဋ္ဌာန်းကို ပွားအပ်သည်။
ဒေါသကို ပယ်ခြင်းငှာ မေတ္တာကို ပွားအပ်သည်။
ဝိတက်(တောင်တောင်အီအီကြံစည်နေခြင်း)ကိုပယ်ခြင်းငှာ အာနာပါနဿတိ ကိုပွားအပ်သည်။
မာနကို ပယ်ခြင်းငှာ အနိစ္စသညာကို ပွားအပ်သည်။
ထို့ကြောင့် ကမ္မဋ္ဌာန်းအားထုတ်သူတို့သည် အထက်ပါပြဆိုချက်များကိုဖတ်ရှုပြီး မိမိစရိုက်ကို ဆန်းစစ်ပြီး
မိမိစရိုက်နှင့် သင့်လျော်သော ကမ္မဋ္ဌာန်းကို ရှုမှတ်ပွားများပါက တရားရလွယ်သောကြောင့် ကျေးဇူးများကြပါစေသောဝ်....။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment