Pages

လွတ်မြောက်လသော ဆရာတော်သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသား၏ သတင်းဓါတ်ပုံများ

မန္တလေး အိုးဘိုထောင်ကလွတ်မြောက်လာသော ကျောက်ဆည်ဆရာတော်များ(ဓာတ်ပုံ)

ကျောက်ဆည်မြို့က စာတတ်ပေတတ်သက်တော်ရှည်မင်းကျောင်းဆရာတော်ကြီးတို့အဖွဲ့လည်း မန္တလေးထောင်ကလွတ်လာပြီ။
တပည့်သားမြေးတွေက ဆီးလို့ကြိုဆိုကြသည်။
ဘယ်လိုအဝတ် ဝတ်ပေးထားထား သိက္ခာမချသေးသ၍ ရဟန်းဟုပင်ခေါ်ရမည်။
ဝမ်းနည်းဝမ်းသာ ဖုန်းပြောနေရှာသည်။
ထောင်ကအထွက်မှာ မန္တလေးဒကာ ဒကာမတွေက ဆွမ်းကပ်ကြသည်။
မန္တလေးမြို့မစိုးရိမ်တိုက်သစ်နာယကဆရာတော်ဦးဝီရသူ၏ဆရာအရင်းကို လူသတ်မှုပုဒ်မတပ်ပြီး နှစ်ရှည်ထောင်ချထားကြသည်။

မြစ်ကြီးနားထောင်က လွတ်မြောက်လာသော မန္တလေး မစိုးရိမ်တိုက်သစ်နာယကဆရာတော်ဦးဝီရသူ(ဓာတ်ပုံ)

မြစ်ကြီးနားထောင်ကလွတ်မြောက်လာသော မန္တလေး မစိုးရိမ်တိုက်သစ်နာယကဦးဝီရသူ။
ဘာသာသာသနာကို အထိမခံ၊ရဲရင့်ပြတ်သားသောဦးဝီရသူကို ကြိုဆိုနေကြသည့်မစိုးရိမ်သံဃာတော်များ။
မစိုးရိမ်မှာ နာယကဖြစ်ဖို့ မလွယ်ကူလှပါ။ စာချမည့်နာယကဆရာတော်ဦးဝီရသူကိုမျှော်လင့်နေကြသည့်သံဃာများ။
ထောင်ကအထွက် သင်္ကန်းတစ်စုံ ရှာဖို့အတွက် ခက်များနေသလား။
မစိုးရိမ်တိုက်သစ် ဆရာတော်ကိုယ်တိုင် ဦးဝီရသူကို ကြိုဆိုခဲ့သည်။
လူမျိုးခြား ဘာသားခြားတွေကို ယူချင်သူများ သတိထားကြရတော့မည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဦးခင်ညွန့် မှတ်တမ်းဓာတ်ပုံများ


ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နှင့် အမေးအဖြေမှ ကောက်နုတ်ချက်များ

“မိမိလွတ်မြောက်လာလို့ ၀မ်းသာပေမယ့် အပြည့်အ၀တော့ ၀မ်းမသာနိုင်သေးပါဘူး၊ ကိုယ့်ကြောင့်ကျနေတဲ့ တပည့်သားမြေးတွေ ကျန်နေသေးတာရယ်၊ ကျန်တဲ့တခြား သူတွေ၊ ပြည်သူတွေအားလုံးကို လွတ်စေချင်ပါတယ်။ သူတို့တွေရဲ့ မိသားစုဝင်တွေကိုလည်း ၀မ်းသာစေချင်ပါတယ်။”
“အခွေထွက်လာတာလေးက အင်းစိန်ကိုသွားပြီး တရားရင်ဆိုင်ဖို့ပါ။ အဲဒီအချိန်က အနားပေးခံရပြီး (၈)လ လောက်မှာပါ၊ လွယ်သွားတဲ့ လွယ်အိတ်လေးက သီတဂူ ဆရာတော်ကြီး ချီးမြှင့်ထားတာလေးပါ။”
“ဒေါ်အောင်ဆန်းစုကြည်က လူတော်ပါ။ ထက်မြက်ပါတယ်။ ကျွန်တော် တာဝန်ထမ်းဆောင်စဉ်ကလည်း အာဃာတမရှိခဲ့ပါဘူး။ ညီမလေးလိုပါပဲ။ သူဟာတိုင်းပြည် အတွက် အကျိုးရှိသူပါ။ နိုင်ငံတကာကိုလည်း ၀င်ဆံ့တယ်။ ပြည်တွင်းကလည်း ထောက်ခံတယ်။”
“လောလောဆယ်တော့ နိုင်ငံရေးလုပ်ဖို့  မစဉ်းစားသေးပါဘူး ၊ လူမှု့ ရေးတွေတော့ စွမ်းအားရှိသလောက် လုပ်ချင်ပါတယ်။”
အင်တာဗျူးအပြည့်အစုံကို Popular News တွင် ဖတ်ကြရမည်။
Credit By - PopularMyanmar.com

No comments:

Post a Comment