Posted on: 2011-08-12 00:00:00
မြန်မာ ပြက္ခဒိန် စံနစ်တွင် ကမ္ဘာမှ နေကို တစ်ပတ် (တိတိ) ပတ်မိသည့် ကာလကို တစ်နှစ်တာ ကာလဟု သတ်မှတ်ပါသည်။
ရှေးဦး လူသား တို့သည် နေမှ တစ်ပတ်ပတ်သည့် တစ်နေ့ တစ်ည တာကာလ ကို ရက် တစ်ရက်အဖြစ် လည်းကောင်း (အမှန်စင်စစ် ကမ္ဘာ တစ်ပတ် လည်မိခြင်းဖြစ်သည်။) ၊ လမှ တစ်ပတ် ပတ်မိသည့် လပြည့် လကွယ် တစ်စုံစာ ကာလကို လ တစ်လ အဖြစ်လည်းကောင်း သတ်မှတ်နိုင်ခဲ့ကြ ပြီးဖြစ်သည်။
တစ်ဖန် နေ၊ လတို့ အပြင် ကောင်းကင် နက္ခတ် ကြယ်တာယာ များ သည်လည်း ရွေ့လျားနေကြသည် ကို သတိ ပြုမိ ခဲ့ကြသည်။ ကြယ်တာရာ တို့၏ ရွေ့လျားမှုကို မှတ်သားနိုင်ရန်အတွက် သန်းခေါင်ယံ အချိန် အထက် ကောင်း ကင် တည့်တည့် တွင် ရှိသည့် ကြယ်စု မှ သိသာထင်ရှားသည့် ကြယ်များ ၏ တည်နေပုံကို အမှတ်အသား ပြုကြသည်။ ထိုကြယ်စုများသည် အဖြည်းဖြည်း နှင့် အနောက် ဘက်သို့ ရွေ့လျားသွားရာ ရက်ပေါင်း ၃၀ ခန့် ကာလကို လွန်မြောက်သော အခါ အထက် ကောင်းကင် တည့်တည့် တွင် မရှိတော့ ပေ။ ထိုအချိန်တွင် အထက် ကောင်းကင် တည့်တည့် တွင် ရောက်နေကြသည့် ကြယ်စုကို အမှတ်အသား ပြု မှတ်တမ်း တင်ကြ ပြန်သည်။
ထို သို့မှတ်သား လာခဲ့ကြရာမှ ရက်ပေါင်း ၃၆၀ ကျော်ခန့် အကြာတွင် ပထမဆုံး မှတ်သားခဲ့သည့် ကြယ်စု ကို အထက် ကောင်းကင်တည့်တည့် တွင် ပြန်တွေ့ ကြရ လေသည်။ သို့နှင့် ရှေး နက္ခတ်စောင့်ကြည့် လေ့လာသူ များ အနေဖြင့် ကြယ်စုများသည် လည်း ကမ္ဘာကို လှည့်ပတ် နေကြသည် ဟု အတည်ပြုနိုင်ခဲ့ ကြသည်။ အမှန်တကယ် ရွေ့လျား လည်ပတ် နေသည်မှာ ကမ္ဘာ ဖြစ်သော်လည်း ကမ္ဘာပေါ်မှ လူတစ်ယောက်၏ အမြင်တွင်မူ နေ၊လ၊ နက္ခတ်တာရာ အားလုံးသည် ကမ္ဘာကို ဗဟိုပြုကာ လည်ပတ် နေကြသည်ဟု ထင်မြင် နိုင်ပါသည်။ နက္ခတ်ကို စောင့်ကြည့် လေ့လာသူ များသည် အထူးသဖြင့် အီကွေတာ မျဉ်းပေါ်နှင့် ရာသီဥတု ကြည်လင် သည့် နေရာ ပတ်ဝန်းကျင်တွင် နေထိုင် ကြသူများဖြစ်သည်။ အိန္ဒိယ၊ ပါရှား၊ မာယာ ဒေသများမှ ရှေးလူများ အသုံး ပြုခဲ့သည့် နက္ခတ်ကြည့် မျော်စင်များကို ယနေ့ အထိ တွေ့နိုင်ပါသေးသည်။
ထိုသို့ ရွေ့လျားနေသော ကြယ် များကို အစု အဝေးလိုက် သတ်မှတ် အမည်ပေး စောင့် ကြည့် လေ့လာခဲ့ကြရာ ကောင်းကင်တွင် ရွေ့လျားနေသည့် ကြယ်စု ၁၂ စု ကို အမည် ၁၂ ခု ဖြင့် အသီးသီး သတ်မှတ် နိုင်ခဲ့ကြသည်။ ထိုကြယ်စု တစ်ခု မှ သန်းခေါင်ချိန် အထက် ကောင်းကင်တည့်တည့်ကို ဖြတ်သန်းချိန်ကို ရာသီ (rasis) တစ်ခု ဟု သတ်မှတ်ကြသည်။ နက္ခတ်ပညာ အရ ကြယ်စုနှင့် ရာသီများကို ပေးထားသည့် အမည်များ မတူညီကြသော်လည်း ရာသီ ၁၂ ခု၊ ကြယ်စု ၁၂ ခု ရှိကြသည်ကား အတူတူပင် ဖြစ်လေသည်။ အရှေ့တိုင်း အနောက်တိုင်း နက္ခတ်ပညာများ အရ သတ်မှတ်ထားသည့် ရာသီ များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ကြယ်စု အားလုံးဖြတ်သန်း ရန် အကြမ်းဖျင်း ကြာချိန် ရက်ပေါင်း ၃၆၀ ကို အကြောင်းပြုပြီး ကမ္ဘာကို ဗဟိုပြုကာ နေပတ်လမ်း ပြင်ညီ (ecliptic) ကို အစိတ်ပေါင်း ၃၆၀ စိတ်ခဲ့ကြဟန် တူပါသည်။ မြန်မာ နှင့် ကမ္ဘာအခေါ် ဒီကရီ၊ မိနစ် တို့ကို အိန္ဒိယ စံနစ် အရ အံသာ၊ လတ္တာ ဟူ၍ ဖြစ်ပါသည်။ ထို နေရာချ စံနစ် အရ ကြယ်စု တစ်ခု၊ ရာသီ တစ်ခု ၏ အကျယ်အဝန်း သည် ၃၀ ဒီကရီ ဖြစ်လာပါတော့သည်။
မှတ်တမ်း ပြုပြီးသည့် ရာသီ ၁၂ ခု အနက် ပထမဆုံးရာသီ အဖြစ်သတ်မှတ် ရန် နည်းလမ်းရှာကြ ရပြန်ပါသည်။ ကမ္ဘာသည် မိမိ ဝင်ရိုးပေါ်တွင် ၂၃.၅ ဒီကရီ လည်ပတ် နေသည်ဖြစ်ရာ အရေ့မှ အနောက်သို့ နေသွားရာလမ်း ကြောင်းသည် အီကွေတာ မျဉ်းမှ ဘယ်ညာ ရွေ့လျား တိမ်းစောင်း နေသည်ကိုလည်း သတိပြုမိပြီး ဖြစ်ကြသည်။ ထို သို့ ရွေ့လျား နေသည့် အချိန်ကာလ အနက် နေပတ်လမ်းသည် အီကွေတာနှင့် တစ်ထပ်တည်း ကျချိန် တွင် ရှိသည့် ရာသီ ကို ရာသီစက်ဝန်း ၏ အစ အဖြစ်သတ်မှတ် လိုက်ကြသည်။ ထို အချိန်ကာလသည့် အနောက်တိုင်း ပြက္ခဒိန်စံနစ်အရ ဧပြီလ ၁၃-၁၄ ရက် ကာလအတွင်း ဖြစ်ရာ ထို အေးရိစ် (မြိဿ) ကြယ်စု ဖြတ်သန်းနေသည့် ကာလ ဖြစ်နေပါတော့သည်။
ထိုသို့ အီကွေတာ လမ်းကြောင်းနှင့် နေ တစ်ထပ်တည်း ကျသည့် သည့် အချိန်ကို မှတ်သားတွက်ချက်ခဲ့ကြရာ ရက်ပေါင်း ၃၆၅.၂၅၈၇၅ ရက်တိတိ ကြာကြောင်း မှတ်သားနိုင်ခဲ့ ကြပြန်သည်။ မြန်မာ ပြက္ခဒိန် စံနစ်နှင့် အရှေ့ တိုင်းပြက္ခဒိန် စံနစ် အားလုံးသည် ထို အချိန်ကို တစ်နှစ်တာ ကာလအဖြစ် သတ်မှတ် ကြပါသည်။
တစ်ဆက်တည်းမှာပင် နေသည်လည်း ထို ရာသီများအတွင်း ရွေ့လျား သွားလာ နေသယောင် ဖြစ်နေသည် ကို သတိပြုမိကြပြန် သည်။ ထို သို ဖြစ်ရသည့် အကြောင်းအရင်းမှာ ကမ္ဘာသည် နေကို ပတ်နေသောကြောင့် ဖြစ်လေသည်။
http://www.myanmarcalendar.org/

No comments:
Post a Comment