စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“သုစရိုက်တရားကို ကျင့်ခြင်းသည် မြတ်သော မင်္ဂလာ”




 
တစ်ခါတုန်းက “ဓမ္မပါလ” လို့အမည်ရတဲ့ သူငယ်လေးတစ်ယောက်ဟာ တက္ကသိုလ်ပြည်
ဒီသာပါမောက္ခဆရာကြီးဆီမှာ တခြားတပည့် ငါးရာနဲ့အတူ ပညာသင်နေပါတယ်။ တစ်နေ့တော့ ပါမောက္ခဆရာကြီးရဲ့ သားငယ်တစ်ယောက် သေဆုံးသွားပါတယ်။ ဒီတော့
ကျန်တဲ့တပည့်တွေက ဝိုင်းငိုကြပါတယ်။ဓမ္မပါလကတော့မငိုပါဘူး။ မငိုတဲ့အပြင် အံ့လည်းအံ့ဩနေပါတယ်။
ဒါကြောင့် ဓမ္မပါလက သူငယ်ချင်းတွေအနားသွားပြီး မေးကြည့်ပါတယ်။

“အမောင်တို့ ... လူဆိုတာ ကြီးမှသေရတာမဟုတ်လား၊ ဘာဖြစ်လို့ ငယ်ငယ်လေးနဲ့ သေရတာလဲ”

“လူဆိုတာကြီးကြီးငယ်ငယ်သေကြတာပဲ။သင်မသိဘူးလား”

“ကျွန်တော်တော့ အခုမှမြင်ဖူးတာပါ။ကျွန်တော်တို့ဆီမှာတော့လေ ငယ်ငယ်နဲ့
မသေကြဘူး။ကြီးမှပဲ သေကြတယ်။”

ဓမ္မပါလနဲ့ သူငယ်ချင်းတွေ အပြန်အလှန် ပြောနေကြတာကို ပါမောက္ခ ဆရာကြီးက
ကြားသွားပါတယ်။ဒါကြောင့် ဆရာကြီးက ဓမ္မပါလကို ခေါ်ပြီး-
“ဓမ္မပါလ ... သင်တို့ဆီမှာငယ်ငယ်ရွယ်ရွယ်နဲ့ မသေဘူးလို့ သင် ပြောသလားလို့”

“ဟုတ်ပါတယ်ဆရာကြီး။ကျွန်တော်တို့ဆီမှာ ငယ်ငယ်ရွယ်ရွယ်နဲ့
မသေကြပါဘူး။ကြီးမှပဲသေကြတာပါ”

ဆရာကြီးက ဓမ္မပါလဆီက စကားဆန်းဆန်းကိုကြားရတော့ အံ့ဩနေပါတယ်။
သူ့တပည့် မလိမ်ဘူးဆိုတာလည်း သိနေပါတယ်။ ဒီတော့ ဘယ်လိုတွေးမိသလဲ ဆိုတော့
“အသက်ရှည်ရှည်နေရတဲ့နည်း သူတို့ဆီမှာ ရှိမှာပဲ။ငါသွားစုံစမ်းရင်တော့ နည်းသိရမှာပဲ”
လို့ တွေးလိုက်ပါတယ်။

သေသွားတဲ့သားအတွက် သင်္ဂြိုလ်မှုကိစ္စတွေပြီးလို့ခုနှစ်ရက်၊ရှစ်ရက် လွန်တဲ့အခါကျတော့
တပည့်အားလုံးကို ဓမ္မပါလဆီအပ်ခဲ့ပြီး တပည့်တစ်ဦးအတူ ဓမ္မပါလတို့ ဇာတိရွာကို
ထွက်ခဲ့ပါတယ်။ ဆရာကြီးကာ သူ့ရဲ့လွယ်အိတ်ထဲမှာ ဆိတ်ရိုးတွေလည်း ထည့်ခဲ့ပါတယ်။

ဆရာကြီး ဓမ္မပါလတို့မိဘတွေ အိမ်ရောက်တော့ အိမ်ဖော်ဖြစ်တဲ့သူတွေက ထီးယူတဲ့သူကယူ၊
အိတ်ယူတဲ့သူကယူ၊ ဖိနပ်ယူတဲ့သူကယူနဲ့ ဝိုင်းပြီး ခရီးဦးကြိုဆိုကြပါတယ်။

ဓမ္မပါလမိဘတွေက ဆရာကြီးကို ခေတ္တခဏနားစေပြီး ထမင်းကျွေးပါတယ်။
ထမင်းစားပြီးလို့ မိသားစုနဲ့ စကားထိုင် ပြောကြတော့ ဆရာကြီးက စိတ်မကောင်းဟန်နဲ့ပြောပါတယ်
“ပုဏ္ဏားကြီး ... စိတ်မကောင်းတော့မဖြစ်ပါနဲ့။သင်တို့သားဟာ(၁၈)ရပ်သောအတတ်ကိုလည်း
တတ်ပြီးပါပြီ။လိမ်လည်းလိမ္မာပါတယ်။ဒါပေမယ့် မကြာသေးခင်က ရောဂါတစ်ခုနဲ့
ကွယ်လွန်သွားပါပြီ။”

ဆရာကြီးရဲ့စကား ကြားလိုက်ရတော့ ဓမ္မပါလရဲ့ဖခင်ပုဏ္ဏားကြီးက လက်ခုပ်တွေတီးပြီး
ထရယ်ပါတယ်။ဒီတော့ဆရာကြီးက “ဘာဖြစ်လို့ ရယ်တာလဲ” လို့မေးပါတယ်။

ပုဏ္ဏားကြီးကလည်း အရယ်မပျက် ပြန်ဖြေပါတယ်။ “ဆရာကြီး .... ကျွန်တော်တို့သား မသေပါဘူး။
တခြား တစ်ယောက်ယောက်သေတာ ဖြစ်မှာပါ။”

“ဒီမှာပုဏ္ဏားကြီး ... ဒါသင့်သားရဲ့ အရိုးတွေပဲ။
သင်တို့အတွက် ယူခဲ့တာပါ။”

“ဒီအရိုးတွေဟာ ဆိတ်ရိုးတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ ခွေးရိုးတွေလည်း ဖြစ်ချင်ဖြစ်မယ်။ကျွန်တော်တို့သား
ဓမ္မပါလကတော့ လုံးဝ မသေပါဘူး။ကျွန်တော်တို့ဆီမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်သူမှ မသေပါဘူး။
ဆရာကြီး မုသားပြောတာပဲဖြစ်မှာပါ။”

ဒီတစ်ကြိမ်မှာတော့ အနားမှာရှိတဲ့မိသားစုဝင်တွေကပါ လက်ခုပ်တွေ တီးပြီး ရယ်ကြပါတယ်။ဒီတော့မှ
ပါမောက္ခဆရာကြီးလည်း တပည့်ဖြစ်သူ ဓမ္မပါလပြောတာကို ခိုင်ခိုင်မာမာ ယုံသွားပါတယ်။
ဒါကြောင့် ပါမောက္ခ ဆရာကြီးက သူအသိချင်ဆုံးမေးခွန်းကို မေးလိုက်ပါတယ်။

“ပုဏ္ဏားကြီး သင်တို့ဆီမှာ ဘာဖြစ်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့မသေကြတာလဲ။ဘယ်လိုကျင့်ကြံနေထိုင်ကြလို့လဲ။သင်တို့ဆီမှာကျင့်သုံးတဲ့ အကျင့်စရဏတွေကိုပြောပါဦး”

“ဆရာကြီး…ကျွန်တော်တို့ တစ်ရွာလုံးဟာ သုစရိုက်တရား (၁၀)ပါး ကို ကျင့်ကြံကြပါတယ်။
ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မသေကြတာပါ။ တရားကိုစောင့်တဲ့သူကို တရားက ပြန်စောင့်တဲ့သဘောပါ။”

အဖြေသိရတော့မှ ပါမောက္ခဆရာကြီးက “ပုဏ္ဏားကြီး သင်တို့သား မသေပါဘူး။
အခု ယူခဲ့တာလည်း ဆိတ်ရိုးတွေပါ။ စုံစမ်းဖို့ သက်သက် လာခဲ့တာပါ။”
လို့ ပြောပြီး ပုဏ္ဏားကြီးဆီက သုစရိုက်တရား(၁၀)ပါး စာရင်းကိုကူးပြီး တက္ကသိုလ်ပြည်ကို
ပြန်ခဲ့ပါတော့တယ်။
(ငါးရာငါးဆယ်ဇာတ်ဝတ္ထု-မဟာဓမ္မပါလဇာတ်)

“ဓမ္မစရိယာ” ဆိုတာ သုစရိုက်တရား(၁၀)ပါးကို ကျင့်ခြင်းလို့ ဆိုလို ပါတယ်။

❖-သတ်ခြင်း၊ ခိုးခြင်း၊ သူတစ်ပါးမယားပြစ်မှားခြင်း ဆိုတဲ့ ကာယဒုစရိုက် သုံးပါး။
❖-လိမ်ပြောခြင်း၊
-ရန်တိုက် ကုန်းတိုက်စကားပြောခြင်း၊
-ကြမ်းတမ်းသော စကားပြောခြင်း၊
-အကျိုးမရှိ သိမ်ဖျင်းသော
စကားပြောခြင်းဆိုတဲ့ ဝစီဒုစရိုက် လေးပါး။
❖-သူတစ်ပါးစည်းစိမ်၊ကိုယ့်စည်းစိမ်ဖြစ်ရန် ရှေ့ရှုကြံခြင်း၊
-သူတစ်ပါး ပျက်စီးစေရန် ဒုက္ခရောက်စေရန်ကြံခြင်း၊
-အယူမှားခြင်းဆိုတဲ့ မနောဒုစရိုက် သုံးပါး။
အဲဒီ(၁၀)ပါးကို ဒုစရိုက်(၁၀)ပါးလို့ခေါ်ပါတယ်။

ဒုစရိုက်(၁၀)ပါးမှ ရှောင်ကြဉ်တာကို သုစရိုက်တရား(၁၀)ပါးကို ကျင့်တယ်လို့ခေါ်ပါတယ်။ မြတ်စွာဘုရားက
သုစရိုက်တရား(၁၀)ပါးကို ကိုယ်နှုတ်စိတ် အမူအရာတိုင်းမှာ သတိကပ်ပြီးကျင့်ပါတဲ့။
ဘာဖြစ်လို့ သုစရိုက်တရား(၁၀)ပါးကို ကျင့်ရသလဲ မေးရင် ဘေးလေးမျိုးနဲ့ မတွေ့ကြုံရအောင်ပါတဲ့။
ဘေးလေးမျိုးဆိုတာက-

❖(၁)။ အတ္တာနုဝါဒဘေး=မိမိကိုယ်ကို မိမိကိုယ်တိုင် စွပ်စွဲသောဘေး။
မကောင်းတာလုပ်ခဲ့တဲ့သူဟာ “ငါမကောင်းတာလုပ်ခဲ့ပါလား၊ ငါမကောင်းတာ လုပ်ခဲ့ပါလား”
ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင် နှလုံးမသာမယာ ဖြစ်နေတာပါ။

❖(၂)။ ပရာနုဝါဒဘေး = သူတစ်ပါးစွပ်စွဲသောဘေး။
“မင်းဟာ မကောင်းတာပြုခဲ့တဲ့သူ”
လို့ ပတ်ဝန်းကျင်ကဝိုင်းပြီး၊လက်ညှိုးထိုး ရှုံ့ချ အပြစ်တင်ခံရတဲ့ဘေး။

❖(၃)။ ဒဏ္ဍဘေး = မင်းပြစ်မင်းဒဏ်ဘေး။

❖(၄)။ ဒုဂ္ဂတိဘေး = အပါယ်ကျရောက်ရသည့်ဘေးတို့ ဖြစ်ပါတယ်။

ဒုစရိုက်(၁၀)ပါးကို ကျူးလွန်တဲ့သူဟာ အထက်က ဘေးလေးမျိုး ကြုံရတတ်ပါတယ်။ ဘေးလေးမျိုးထဲမှာ
သတိထားဖို့ အကောင်းဆုံးနဲ့ စိတ်ဝင်စားဖို့အကောင်းဆုံးဘေးက “အတ္တာနုဝါဒဘေး”ဆိုတဲ့
မိမိကိုယ်ကို မိမိပြန်စွဲချက်တင်တဲ့ဘေးပါ

မကောင်းမှုပြုခဲ့သမျှကို ကိုယ်ကိုယ်တိုင်ပဲ အသိဆုံးဆိုတော့ အဲဒီမကောင်းမှုတွေကိုပြန်တွေးလိုက်တိုင်း
“ငါမကောင်းမှုတွေပြုခဲ့တယ်။ငါ မကောင်းမှုတွေပြုခဲ့တယ်”ဆိုပြီး
ပြုခဲ့သမျှမကောင်းမှုတွေက တစ်ကိုယ်ထဲ တစ်စိတ်ထဲကနေ တရားခံ၊တရားလို
နှစ်ကိုယ်ခွဲပြီး စွပ်စွဲတော့တာပါပဲ။

အရွယ်ရှိတုန်း ကျန်းမာတုန်းမှာ-အတ္တာနုဝါဒဘေးကို အထိုက်အလျောက် တွန်းလှန်နိုင်ပေမယ့်၊
ရုပ်အိုနာမ်အိုပြီး၊သေခါနီးကာလမှာတော့ အတ္တာနုဝါဒဘေးကို မတွန်းလှန်နိုင်တော့ပါဘူး။
အဲဒီအတ္တာနုဝါဒဘေးကို အာရုံပြုပြီး သေသွားမယ်ဆိုရင် “အပယ်ဒုဂ္ဂတိ” ကျရောက်ဖို့ပဲ ရှိပါတော့တယ်။

ဘယ်လောက်ပဲ ပြည့်စုံမှုတွေရရှိရရှိ မကောင်းမှုကိုမှီပြီး ရရှိတဲ့ ပြည့်စုံမှုတွေရဲ့ နောက်မှာ
ဘေးလေးမျိုးက အသင့်ကပ်ပါလာပြီးသားပါ။ အရာဝတ္ထုသဏ္ဌာန်တစ်ခုအနေနဲ့
ကပ်ပါလာတာမဟုတ်လေတော့ သတိမထားမိဘူးပေါ့။

ကိုယ်ကျင့်သီလမဲ့တဲ့သူက ပတ်ဝန်းကျင်ကိုကြည့်တဲ့အခါ “အဆိုးမြင်ဝါဒ”နဲ့ ကြည့်တတ်ပါတယ်။
ကိုယ်ကျင့်သီလရှိတဲ့သူက ပတ်ဝန်းကျင်ကို ကြည့်တဲ့အခါ “အကောင်းမြင်ဝါဒ”နဲ့ ကြည့်တတ်ပါတယ်။

အမြင်မတူတဲ့အကြည့်နှစ်ခုဟာ ရလဒ်လည်းမတူပါဘူး။

အဆိုးမြင်ဝါဒနဲ့ ကြည့်သူရဲ့ ရလဒ်က မငြိမ်းချမ်းမှုပါ။ အကောင်း မြင်ဝါဒနဲ့ ကြည့်သူရဲ့ ရလဒ်က ငြိမ်းချမ်းမှုပါ။ငြိမ်းချမ်းမှု၊ မငြိမ်းချမ်းမှုတွေဟာ ပြည့်စုံခြင်း၊ မပြည့်စုံခြင်းတွေနဲ့ မဆိုင်ပါဘူး။
ကိုယ်ကျင့်သီလ အပေါ်မှာပဲ မူတည်သွားပါတယ်။

ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းဖို့၊ ကိုယ့်ဝန်းကျင် ငြိမ်းချမ်းဖို့ကိုယ်ကျင့်သီလကို မမေ့သင့်ပါဘူး။
“အူမတောင့် မှသီလစောင့်နိုင်တယ်”ဆိုတဲ့ စကား ရှိပေမယ့်၊ပုထုဇဉ်ရဲ့ အူမဟာ သေတဲ့
အထိ တောင့်မလာနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ပုထုဇဉ်ရဲ့ အူမဟာ အာရုံဆန်းဆန်းတွေကို
အမြဲတမ်း တောင့်တနေတတ်သလို၊ရောင့်ရဲသွားတယ် ဆိုတာလည်း မရှိပါဘူး။

ကိုယ့်ကျင့်သီလကိုစတေးပြီးမှ ရရှိမယ့် ပစ္စည်းဝတ္ထု၊ ရာထူး ဂုဏ်သိမ် အောင်မြင်မှုတွေကို မမက်မောစမ်းပါနဲ့။ကိုယ့်ဘဝသမိုင်းကို ကိုယ်ပြန်ကြည့် လိုက်တိုင်း အစဉ်သဖြင့် လိပ်ပြာသန့်နေဖို့၊ စာလိုပြောရင်တော့ အတ္တာနုဝါဒဘေး ကင်းနေဖို့ပဲ အရေးကြီးပါတယ်။

တကယ်တော့ လူဆိုတာ ကိုယ့်ရဲ့ကိုယ်ကျင့်သီလကို ပြန်ကြည်ညိုပြီး စိတ်ချမ်းသာအောင် နေနေတတ်တာကိုက လူ့ဘဝရဲ့ အဓိပ္ပာယ်တွေထဲက အဓိပ္ပာယ်တစ်ခုပါပဲလေ။
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏“မင်္ဂလာအတွေးများ”မှ-】

(အလင်းတန်းဂျာနယ် ၁၅-၁၂-၂၀၀၃)
 

အရက်နာကျတာ သက်သာအောင်

တစ်ခါတလေမှာ အသောက် အ စားများသွားလို့ နေမထိ ထိုင်မသာ ဖြစ်ပြီး အရက်နာကျသူတွေ သက်သာစေမယ့်နည်းလမ်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဂေါ်ဖီထုပ်ချဉ်- အချဉ်တည်ထား တဲ့ ဂေါ်ဖီထုပ်ကို စားပေးတာဟာ အရက်နာကျတာကို သက်သာစေတယ်ဆိုရင် အံ့သြကြမလား။ ဟုတ်၊ မဟုတ် စမ်းဖို့အတွက် ဂေါ်ဖီချဉ် အရင်တည်ထားဖို့တော့ လိုပါတယ်။

ကညွတ်- ကညွတ်စားပေးတဲ့အ ခါ အရက်နာကျတဲ့ဒဏ်ကြောင့် ပျို့အန်ချင်တာ၊ ခေါင်းကိုက်တာ နဲ့ အင်အားချည့်နဲ့ ထိုင်းမှိုင်းတာ တွေကို သက်သာစေပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်း- အပြေး လေ့ကျင့်ခန်းယူတာမျိုး၊ ယောဂ ဒါမဟုတ် အေရိုးဗစ်လေ့ကျင့်ခန်း လေးလုပ်ရင် ချွေးများများ ထွက်၊ သွေးလည်ပတ်မှုကောင်းပြီး တက်ကြွလန်းဆန်းအောင် ပြန်လုပ်လို့ ရပါတယ်။
ဂျပန်ဆီးသီးခြောက်- အရက်နာ ကျတာကို အံ့သြလောက်အောင် သက်သာစေတာက ဂျပန်ဆီးသီး ခြောက်ပါတဲ့။

ချင်း-အရက်နာကျပြီး ခေါင်း ကိုက်၊ အော့အန်နေထိုင်မကောင်း သူတွေအတွက် ချင်းက မရှိမဖြစ် တဲ့ အရာပါ။ ချင်းလက်ဖက်ရည် ဒါမှမဟုတ် ချင်းသကြားလုံးလို မျိုး စားပေးနိုင်ပါတယ်။
သစ်သီးဖျော်ရည်-လိမ္မော်သီး ဖျော်ရည် ဒါမှမဟုတ် ဘယ်အသီး ဖျော်ရည်မဆို အရက်နာကျတာ သက်သာစေပြီး အထူးသဖြင့် ဗီတာမင်စီများများပါတဲ့ အသီး ဖျော်ရည်တွေက ပိုပြီးမြန်မြန် သက်သာစေပါတယ်။

ကိုကာကိုလာ-ရေခဲပြီး ရှတတ ကိုကာကိုလာကို သောက်ပေး တဲ့အခါ ခေါင်းကိုက်တာတွေနဲ့ ကတုန်ကယင်ဖြစ်တာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။
ဝက်ပေါင်ခြောက်နဲ့ ကြက်ဥ- အ စားနဲ့ ကုစားချင်တယ်ဆိုရင်တော့ ၀က်ပေါင်ခြောက်လေးနဲ့ ကြက်ဥ စားပေးတာဟာ အကောင်းဆုံး နည်းလမ်းလို့ သိရပါတယ်။

ခရမ်းချဉ်သီးဖျော်ရည်-ခရမ်းချဉ် သီးဖျော်ရည်ထဲကို စပျစ်သီးရှလ  ကာရည်လက်ဖက်ရည် ဇွန်းသုံးဇွန်း၊ သံပရည်အနည်းငယ်၊ ဆားအနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့် လေး ခပ်သောက်တဲ့အခါ မြန်မြန် သက်သာစေတယ်လို့ ဆိုပါတယ်။

ရေ-အကုန်အကျ အနည်းဆုံး ကု စားနည်းကတော့ ရေများများ သောက်တာပါပဲ။ ရေဓာတ်ပြည့်ဝ အောင် လုပ်ဆောင်ခြင်းဖြင့် ခန္ဓာ ကိုယ်ထဲက မလိုအပ်တဲ့ အဆိပ် အတောက်တွေကို ဖယ်ရှားပေး လို့ပဲ ဖြစ်ပါတယ်။
-Ref: healthypanda
http://www.7daydaily.com/story/56292

လေ့ကျင့်ခန်းလုပ်ပြီး အစားတွေအရမ်းမစားမိအောင်

ကိုယ်အလေးချိန်ကျချင်လို့ ဆိုပြီး အားကစား ခန်းမတွေမှာ အချိန်ပေး၊ အပင်ပန်းခံ လေ့ကျင့် ခန်းတွေယူပြီးတဲ့အခါ လူအများစု လုပ်မိလေ့ရှိတာက အစားတွေ အများကြီး စားမိတာပါ။ ဝိတ်ကျ ချင်လို့ အပင်ပန်းခံသော်ငြားလည်းစိတ်အလိုလိုက်ပြီး အစားတွေစား တာကြောင့် လေ့ကျင့်ခန်းလုပ် တာ အလဟဿ မဖြစ်ရအောင် လုပ်နိုင်မယ့် နည်းလမ်းလေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။
အဆာပြေစာ အနည်းငယ်စား ခြင်း - ဗိုက်ထဲမှာ အစာမရှိဘဲ လေ့ကျင့်ခန်းလုပ်တာထက် ခန္ဓာ ကိုယ်အတွက် စွမ်းအင်ရဖို့ ကျန်း မာရေးနဲ့ညီညွတ်တဲ့အစာ နည်း နည်းစားပြီးလုပ်တဲ့အခါ ဗိုက်ဆာ တဲ့ဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။ အသီးအနှံအချို့ ဒါမှမဟုတ် ကွေ ကာအုပ်အနည်းငယ်ကို လေ့ကျင့် ခန်းမလုပ်ခင် စားပေးနိုင်ပါတယ်။

အစာစားချိန်နှင့် ချိန်ကိုက်ပြီး လေ့ကျင့်ခန်းယူခြင်း - လေ့ကျင့် ခန်းလုပ်ပြီးတာနဲ့ အစာစားချိန် အံကိုက်ဖြစ်နေအောင် ချိန်ကိုက် ပြီးလုပ်တဲ့အခါ ထမင်းစားချိန် မတိုင်ခင် အစားတွေ အရမ်းမစား မိအောင် ကာကွယ်ပြီးသားဖြစ်စေ ပါတယ်။ တစ်ခုသတိထားဖို့လို တာကတော့ လေ့ကျင့်ခန်းလုပ်ပြီး ထမင်းစားချိန်ရောက်သွားတော့ မောမောနဲ့ ခါတိုင်းစားတဲ့ပမာဏ ထက် ပိုမစားမိအောင်ပါ။
ရေဓာတ်ပြည့်ဝနေစေခြင်း - အချိန်အကြာကြီး ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ခန္ဓာ ကိုယ်ထဲက ရေဓာတ်တွေ ဆုံးရှုံး သွားတဲ့အတွက် ရေအဝသောက် ထားမယ်ဆိုရင် အစားတွေအများ ကြီး မစားမိအောင် ကာကွယ်ပြီး သားလည်း ဖြစ်စေပါတယ်။

နို့တစ်ခွက်သောက်ပေးခြင်း - လေ့ကျင့်ခန်းယူပြီးတဲ့အခါ အဆီ ထုတ်ထားတဲ့ နွားနို့ ဒါမှမဟုတ် ပဲနို့ရည်သောက်ဖို့ လိုအပ်ပါတယ်။ အားဖြည့်အချိုရည်တွေ သောက် တာထက် နွားနို့၊ ပဲနို့သောက်တာ ဟာ ကြွက်သားတွေ သန်မာစေဖို့ အသားဓာတ် လုံလောက်စေပြီး အဆာခံနိုင်ဖို့ ထောက်ကူပေးပါ တယ်။
ကယ်လိုရီပြန်မတက်ပါစေနှင့် - လေ့ကျင့်ခန်းလုပ်လို့ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏဟာ လေ့ကျင့်ခန်းအပြီးမှာ စားလိုက် တာတွေကြောင့် နှစ်ဆထပ်တက် မသွားဖို့တော့ သတိထားရပါမယ်။

မျှော်လင့်ချက်အများကြီး မထား မိစေနှင့် - ချွေးတလုံးလုံး ထွက် လာတာဟာ ကယ်လိုရီတွေ အများကြီး လောင်ကျွမ်းသွားတာ ကို ပြတဲ့လက္ခဏာ မဟုတ်ဘူးဆို တာ သိထားသင့်ပါတယ်။ ၂ နာရီ လောက် လေ့ကျင့်ခန်းယူတာဟာ ကိုယ်အလေးချိန်တွေ အများကြီး ကျသွားတာမျိုးမဟုတ်ဘဲ ထပ်ဝဖို့ အလားအလာလည်း ရှိတာမို့ အထက်ကပြောခဲ့တဲ့ အချက်တွေ ရှောင်ရဲ့လားဆိုတာ ပြန်စဉ်းစား ဖို့ လိုပါပြီ။ —Ref: wellnessbin
http://www.7daydaily.com/story/56796

အသံချဲ့စက်ကြောင့် နားငြီးတဲ့ဒဏ် မခံနိုင်လို့ သေနတ်နဲ့ ပစ်သတ်မှုဖြစ်ပွား




သားမွေးအင်္ကျီအရောင်းဆိုင်က အသံချဲ့စက်သုံးပြီး အရောင်းမြှင့်တင်ရေး လုပ်နေတာ နားငြီး မခံနိုင်လို့ သေနတ်နဲ့ ပစ်ခတ်မှု ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ သေနတ်နဲ့ ပစ်ခံရတဲ့ အသက် (၂၅)နှစ် အရွယ် အမျိုးသမီး အန်နာနိုဆိုဗာဟာ သူမ အလုပ် လုပ်တဲ့ စတိုးဆိုင်ကို ဖောက်သည်တွေ ပိုလာအောင် အသံချဲ့စက် အသုံးပြုပြီး တရစပ် ကြေညာခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။

အဲဒီအသံကို နားမခံနိုင်လို့ သေနတ်နဲ့ ပစ်ခတ်ခဲ့သူကတော့ အသက်(၅၈)နှစ် အရွယ်ရှိတဲ့ နျူကလီးယား စွမ်းအင် အင်ဂျင်နီယာ ဆာဂိုင်ဂါလာကော့ဗ်ပါ။ သူဟာ အခင်း မဖြစ်ပွားခင် တစ်ရက်အလိုမှာ အလုပ်ဖြုတ်ခံခဲ့ရပြီး အရက်မူးအောင် သောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ပါတယ်။
ဘောမန်း တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ဂါလာကော့ဗ်ဟာ စကိတ်စီးတာ၊ တောင်တက် စက်ဘီး စီးတာ၊ ရေတစ်ဝက် ခဲနေတဲ့ ရေကန်ထဲ ရေကူးတာ၊ လက်ဝှေ့ထိုးတာ စတဲ့ အားကစားနည်းတွေကို နှစ်သက်ပြီး မော်စကိုမြို့မှာ ဂုဏ်သတင်း မွှေးပျံသူဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။

ဂါလာကော့ဗ်နေတဲ့ တိုက်ခန်းနဲ့ အဲဒီ စတိုးဆိုင်က လမ်းတစ်ဖြတ်ထဲမှာ အတူတည်ရှိပြီး ဂါလာကော့ဗ်ဟာ သုံးလွှာကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ အဲဒီလို ပစ်ခတ်မှု မလုပ်ခင် သတိပေးခြင်း တစ်စုံတရာ မလုပ်ခဲ့ပါဘူး။ ဂါလာကော့ဗ်က သူ့အနေနဲ့ ဥပဒေကို ကျော်လွန်ပြီး လုပ်ခဲ့တယ်လို့ ၀န်ခံခဲ့သလို သူလုပ်ခဲ့တဲ့ အမှားတွေအတွက်လည်း တာဝန်ယူတယ်လို့ ပြောပါတယ်။ ဂါလာကော့ဗ်ဟာ လက်ရှိအချိန်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
Ref:http://www.dailymail.co.uk/…/Woman-promoting-fur-clothing-l…
Nz (ရိုးရာလေး)

 https://web.facebook.com/YoYarLay/posts/1019257038117548

"ကကြီး ခခွေး အရေးတော်ပုံ"

ဗျို့ အယ်ဒီတာ . . .
ဒီရက်ထဲ လွှတ်တော်သတင်းတွေက စိတ်ဝင်စားစရာ ကောင်းလှတယ်။ လူစိတ်ဝင်စားမယ် မှတ်တာ။ ဘယ်ဟုတ်မှာလဲဗျာ။ မြန်မာဗျည်း၊ သရအက္ခရာ ၃၃ လုံးထဲက ရှစ်လုံးကို ဖြုတ်ပယ်မယ်ဆိုတဲ့ သတင်းက ပိုလို့တောင်မှ
လူပြော သူပြောများနေသေး။ များနေတယ်ဆိုတာကလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ အနှီကိစ္စပြောကြဆိုကြ ဆွေးနွေးငြင်းခုံနေကြတာကို ကြည့်ပြီး ပြောရတာပါ။ ဖေ့စ်ဘွတ်ခ်ရပ်ကွက်မှတော့  အုတ်အော်သောင်းတင်းဖြစ်တယ်ဆိုရ မှာပေါ့။ နို့ပေတဲ့ အနှီမြန်မာဗျည်း၊ သရအက္ခရာစာလုံးတချို့ကို ဖြုတ်မယ်ဆိုတဲ့အပေါ် ဆွေးနွေးငြင်းခုံကြတာတွေကဖြင့် စိတ်ဝင်စားစရာအကောင်းသား။

အယ်ဒီတာမင်းများလည်း သိတဲ့အတိုင်းပဲ။ လာမယ့် စာသင်နှစ်မှာ အခြေခံပညာအဆင့်မူလ တန်းသင်ရိုးတွေ ပြောင်းမယ်ဆိုတဲ့ သတင်းတွေ မကြာသေးခင်က ထွက်လာတယ်။ အထူးသဖြင့် သူငယ်တန်းသင်ရိုးကို ပြင်မယ် ဆိုလားပဲ။ သဟာနဲ့ ပတ်သက်ပြီး  ဆိုင်ရာများဘက်က တိကျတဲ့ သတင်းထုတ်ပြန်ချက်တွေ မကြားရသေးတာမို့ ဘစီတို့လည်း ဘာ တွေ ဘယ်လိုတိတိကျကျ မသိရသေးဘူး။ နို့ပေတဲ့ ဒီရက်ပိုင်းမှာ တော့ သတင်းဌာနတချို့ဆီက ထွက်လာတဲ့ သတင်းတွေအရ ကြားရသိရတာတွေအထဲမယ် ခုနက မြန်မာသင်ပုန်းကြီး ဖတ်စာအုပ်ထဲက ကကြီး၊ ခခွေ . . .  အစချီဗျည်းသရ ၃၃ လုံးရှိရာမှာ ရှစ်လုံးကို ဖြုတ်မယ်ဆိုသဗျာ။ အဲဒါနဲ့ပဲ ခုနင်က အထက်မှာပြောခဲ့ သလို ပွက်လောရိုက်ကုန်ကြတာပဲဗျို့။ ဖြုတ်သင့်တယ်၊ မဖြုတ်သင့်ဘူးအစရှိသဖြင့်ပေါ့ဗျာ။

သတင်းတွေအရ ဖြုတ်မယ်ဆိုတဲ့ ဗျည်း၊ သရအက္ခရာတွေကတော့ ‘ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဓ၊ ဏ၊ ဠ’ဆိုတဲ့ စာလုံးရှစ်လုံးပေါ့ဗျာ။ ဆိုင်ရာတွေဘက်က ကြားရတာ သူငယ်တန်းအဆင့်မှာပဲ အနှီဗျည်း၊ သရအက္ခရာစာလုံးတချို့ကို ဖြုတ်မှာဖြစ်ပါတယ်တဲ့။ ကျန်တဲ့အတန်းတွေမှာတော့ အားလုံးကို ပြန်သင်ပေးမှာလို့ ဆိုသဗျ။ ဒါကလည်း သူငယ်တန်းအရွယ် ကလေးတွေအနေနဲ့ အထက်ပါစာလုံးတွေကို မှတ်ရအသံထွက်ရတာ ခက်ခဲလို့ပါပဲ။ နို့ပေတဲ့ ကျန်တဲ့အတန်းတွေမှာ ပုံမှန်ဗျည်း၊ သရ ၃၃ လုံးကို အကုန်အစင် သင်ပေးသွားမှာလို ဆိုသဗျ။

ရွှေပြည်ကြီးမှာလည်း ဒီမိုကရေစီရှိနေပြီဆိုတော့ အနှီကိစ္စအပေါ်မှာ ဝေဖန်ကြ၊ ဆွေးနွေးကြ တာတွေအများကြီး ထွက်လာ တော့တာပါပဲ။ ဖြစ်သင့်တယ်လို့ မြင်သူတွေရော၊ မဖြစ်သင့်ဘူးလို့ သဘောထားသူတွေဆီကပါ သိရ တဲ့ ထွေထွေရာရာအမြင်တွေ အားလုံးဟာ သူ့ဆင်ခြေနဲ့ သူကတော့ ဟုတ်နေတာပါခင်ဗျ။ ထောက်ခံတဲ့ သူတွေဆီက ကြားသိရတဲ့ အမြင်တွေမှာဆိုရင်လည်း သူငယ်တန်းကလေးအရွယ်မှာ အခုလိုအမှတ်ခက်တဲ့ အက္ခရာတချို့ ကို ဖြုတ်လိုက်တာ ကောင်းတယ်ပေါ့။ ၃၃ လုံးမှာ ရှစ်လုံးကို ဖြုတ်ပြီး ကျန်တဲ့အက္ခရာ ၂၅ လုံးကို ကလေးတွေကို မိတ်ဆက်သဘောစပြီး သင်မယ်။ ပြီးမှ နောက်အတန်းတွေမှာ ၃၃ လုံးကို နဂိုအတိုင်း ပြန်သင်သွားမယ့် အစီအစဉ်ဟာ ဖြစ်သင့်တယ်ပေါ့လေ။

ဘာလို့ဆို ခေတ္တခဏဖြုတ်ပစ်မယ့် အက္ခရာရှစ်လုံးဟာ ကလေးတွေမပြောနဲ့ လူကြီးတွေတောင်မှ မှတ်လို့လွယ်တာ မဟုတ်ဘူးတဲ့။ နှုတ်ကသာ အကျင့်ပါနေလို့ ဆိုလို့ရရင်ရမယ်။ ဘယ်ဟာက ဋသန်လျင်း ချိတ်၊ ဘယ်ဟာက ဍရင်ကောက်ဖြစ်တယ်ဆိုတာ ရေးပါဆိုရင် ရုတ်တရက် ရေးမတတ်တော့ဘူးပေါ့။ ဒါဟာလည်း နေ့စဉ်သုံးမှာ အနှီစကားလုံးတွေဟာ အသုံးနည်းလို့ ဖြစ်တယ်ပေါ့ဗျာ။ လူကြီးတွေတောင်မှ သူငယ်တန်းက စသင်လာတာ မမှတ်တတ်မှတော့ အခုခေတ်ကလေးတွေကိုလည်း သူငယ်တန်းကစပြီး အဲဒီစကားလုံးကြီးတွေနဲ့ မနှိပ်စက်သင့်ဘူးပေါ့ ဗျာ။

ဗျည်း၊သရ အက္ခရာတချို့ကို ဖြုတ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီးသကာလ သိပ်ပြီးဘ၀င်မကျတဲ့သူများရဲ့ အမြင်ကလေးကတော့ ဒီလိုခင်ဗျ။ ကလေးတွေအနေနဲ့ကတော့ အက္ခရာ ၃၃ လုံးစလုံးပဲ သင်သင်၊ ရှစ်လုံးကို ဖြုတ်ပြီး အ လွယ်ဆုံးအသုံးများတဲ့ ၂၅ လုံးကိုပဲ သင်သင့်ပေါ့လေ။ ကနဦးစသင်တဲ့ ကလေးတွေအတွက်တော့ ဘယ်အက္ခရာစာလုံးပဲဖြစ်ဖြစ် အမှတ်ရခက်တာချည်းပါပဲတဲ့။ ခက်တာချင်း အတူတူအစကတည်းက ပေါင်းပြီးသင်လိုက်ရင် မကောင်းဘူးလား။

ကလေးအရွယ်မှတ်ဉာဏ်ထက်သန်တဲ့အချိန်မှာ သင်တာပို့လိုတောင်မှ ကောင်းပါသေးသတဲ့။
တကယ်လို့ သူငယ်တန်းမှာ ကလေးတွေက အက္ခရာ ၂၅ လုံး ကို မှတ်လာတယ်။ နောက်အတန်းသစ်တက်ရတဲ့ခါ အက္ခရာ ၃၃ လုံးကို ပြန်တွေ့တော့ တစ်ခါမှတ်ရနဲ့ အဲဒီကျမှ မခက်ကုန်ဘူးလားတဲ့ဗျာ။ အခုခဏဖြုတ်ထားမယ်ဆိုတဲ့ အက္ခရာ ရှစ်လုံးဟာ အမှတ်ရခက်တာ၊ အသုံးနည်းတာတော့ မှန်တယ်။ ကလေးတွေ စာမေးပွဲစစ်တဲ့အခါ အဲဒီစာလုံးကို မရေးတတ်ကြလို့ အမှတ်မရဘူးဆိုရင်လည်း နောင်အခါ အဲဒီစာလုံးတွေကို စာမေးပွဲမှာ ထည့်မမေးနဲ့။ ရှိတယ်သိရအောင်သာ စာစသင်ကတည်းက သင်ပေးပါလို့ ပြောကြသဗျာ။

အဲသလိုကွဲပြားခြားနားတဲ့ အမြင်များကို ကြားရတာဟာ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကြိုက်သူရော၊ မကြိုက် သူဘက်မှာပါ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေကြတာကိုးခင်ဗျ။ ဘယ်သူပြောတာမှ မှားတယ်လို့ မရှိပါဘူး။ ဖြုတ်ထားမှာကို လိုလားနှစ်သက်တဲ့ သူတွေကတော့ မပူပါနဲ့။ သူငယ်တန်းဟာ အက္ခရာမိတ်ဆက်ပဲ။ အ လွယ်မှတ်မိအောင်ပဲ။ နောင်မှ တဖြည်းဖြည်းသင်ယူ၊ မှတ်ယူ။ သူ့ဟာနဲ့ သူတော့ ဖြစ်သွားမှာတဲ့။ ဖြုတ်မနေနဲ့၊ အရင်တိုင်း သူငယ်တန်းက စသာသင်။ မမှတ်မိလည်း ဘာဖြစ်မလဲ။ သိပ်ပြီး အရေးစိုက်မနေနဲ့။ ကြာတော့လည်း သိသွားမှာဆိုပဲ။

အယ်ဒီတာရေ။ အဲသလိုတွေပေါ့လေ။ ဘစီတို့လည်း ဘာမှန်းညာမှန်းတော့ သိပ်သိလှတာ မဟုတ်ပါဘူး။ သိတာတစ်ခုကတော့ ဟိုရှေးအင်္ဂလိပ်ကိုလိုနီ အစိုးရအုပ်ချုပ်စဉ်အခါတုန်းက မြန်မာသင်ရိုးမှာ ‘ဋ၊ ဌ၊ ဍ၊ ဓ၊ ဏ’  စာလုံးငါးလုံးဟာ သိပ်ပြီးအသုံးနည်းတယ်။ သင်လည်း အလကားပဲဆိုပြီး ဖြုတ်ပစ်မယ် လုပ်ဖူးကြောင်းတော့ စာထဲမှာ ဖတ်ရလို့ မှတ်ထားခဲ့ရဖူးသတဲ့။ ဒါပေတဲ့ မြန်မာပညာရှင်တချို့က ကန့်ကွက်လို့မို့ သူ့နဂို ၃၃ လုံးအတိုင်း အဖြုတ်အပယ်မရှိ ထားခဲ့ရဖူးသတဲ့။ ဘစီတို့ ထင်ပါတယ်။ အဲဒီတုန်းကတော့ အထက်ပါစာလုံး ငါးလုံးကို သင်ရိုးညွှန်းတမ်းထဲက အပြီးဖြုတ်ပစ်ဖို့နဲ့ တူတယ်။
အခုကတော့ သူငယ်တန်းသင်ရိုးမှာတင် ခဏဖြုတ်မှာ။ အပြီးဖြုတ်မှာ မဟုတ်ဘူး။ နောက်အတန်းတွေမှာ ပြန်သင်သွားမှာလို့ သိရသဗျ။

 လာမယ့်နှစ် သူငယ်တန်းသင်ရိုးမှာ ဖြုတ်ထားမယ့် စာလုံးတွေက အသုံးနည်းတာ မှန်တယ်။ အမှတ်ရခက်တာလည်း ဟုတ်တယ်။ ဒါပေတဲ့ မသင်ဘဲတော့ ထားလို့မရဘူးဗျ။ အဲဒီစာ လုံးတွေဟာ ပါဠိသက်ဝေါဟာရတွေဆိုပေတဲ့ မြန်မာစာပေဟာလည်း ပါဠိနဲ့ မကင်းနိုင်တော့ သိထားမှကိုဖြစ်မှာပဲ။ ဋသန်လျင် ချိတ်ကို မသိရင် ‘မဇ္ဈိမပဋိပဒါ’ကို စာလုံးပေါင်းဖို့၊ အသံထွက်ဖို့ ခက်မှာပေါ့။ ဈမျဉ်းဆွဲကို မသိရင် ‘ဈေး’ဆိုတာ ခက်မှာပါပဲ။ ဃကြီး နဲ့ မရင်းနှီးရင် ‘သံဃာ’ကျအထူး အဆန်းဖြစ်မှာပဲလေ။ ပြောချင် တာက အနှီဗျည်း၊ သရ ၃၃ လုံးဟာ သူ့နေရာနဲ့သူအခြေခံကျကျလို အပ်နေတယ်ဆိုတာပါပဲခင်ဗျာ။
ဒါပေမဲ့ အခုဟာက သူငယ်တန်းအတွက်သာဆိုတော့ မတူတဲ့ အမြင်တွေရှိပေတဲ့ မြန်မာစာ အနာဂတ်တစ်ခုလုံးအတွက်တော့ သိပ်ပြီးစိုးရိမ်စရာမရှိဘူးလို့ မှတ်တာပါပဲ။ အရေးကြီးတာက သူငယ်တန်းမှာ ချန်ထားရစ်ခဲ့တဲ့ ခုနင်က အက္ခရာရှစ်လုံးကို နောင်အတန်းကြီးလာတဲ့အခါ သူ့နေရာနဲ့သူ နေရာကျအောင် ချိတ်ဆက်သင်သွားနိုင်ဖို့ပဲ။ ကလေးအရွယ်က ဗျည်း၊ သရ ၂၅ လုံးကို အလွယ်သင်ခဲ့ပေတဲ့ မြန်မာဗျည်းသရအခြေခံစာလုံးဟာ ၃၃ လုံးပါ ဆိုတာ ကလေးတွေ စွဲမြဲမှတ်သားလာနိုင်အောင်တော့ ဆင့်ကာဆက်ကာ သင်ကြားသွားရမှာပေါ့ဗျာ။

ဘစီတို့ရဲ့ တစ်မိုက်တစ်ထွာ အမြင်အရဆိုရင် သူငယ်တန်းမှာ အနှီဗျည်း၊ သရတွေကိုတောင်မှ ကျက်ခိုင်း၊ မှတ်ခိုင်း၊ ရေးခိုင်းတာမျိုးတောင်မှ မလိုလားဘူး။ တော်ပါပြီ ၀လုံးလောက်ဆို။ ဟိုတုန်းကလည်း သူငယ်တန်းဆိုသဟာကို ‘၀လုံး’တန်းလို့သာ ခေါ်ခဲ့ကြတာမဟုတ်လား။ ၀လုံးဟာ မြန်မာစာလုံးတွေအတွက် အခြေခံပဲ။ ၀လုံးလေးတွေချည်း သူငယ်တန်း တစ်နှစ်လုံးမှာပျော်ပျော်ပါးပါးသင်ဗျာ။ တခြားလူမှုကျင့်ဝတ်လေးတွေနဲ့ တွဲပြီးတော့ပေါ့လေ။ ဥပမာအိမ်သာတက်ပြီး လက်ဆေးတာမျိုး။ အမှိုက်ကို စည်းကမ်းတကျပစ်တာမျိုး။ သစ်ပင်နဲ့ သဘာဝပတ်ဝန်းကျင်ကို မိတ်ဆက်ပေးတာမျိုး။ အချိုရည်နဲ့ အစာပြေတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးလေးတွေဟာမျိုးကို မိတ်ဆက်သဘောနဲ့ ပြောပြသွားပြီး ပထမတန်းလောက်ရောက်မှ ကကြီး၊ ခခွေးကို ဗျည်းအက္ခရာ ၃၃လုံးကို မိတ်ဆက်သင်၊ တစ်တန်းပြီး တစ်တန်းမြှင့်သွား။ မကောင်းဘူးလား။
အခုတော့ သူငယ်တန်းမှာ ဗျည်းသရတချို့ ဖြုတ်ထားမယ့် ကိစ္စ ငြင်းကြခုံကြနဲ့။ အမှန်ကတော့ ဒါမျိုးဆိုတာ သင်ရိုးမဆွဲခင်ကတည်းက ပြည်သူတွေကိုချပြပြီး ကျောင်းသားမိဘတွေ၊ ကျောင်းဆရာတွေ ပညာရေးစိတ် ၀င်စားသူတွေနဲ့ အမြင်တွေကို အရင်နားထောင်သင့်တာ။ နှစ်ပေါင်းများစွာ ကလေးတွေကို စာသင်လာသူတွေရဲ့ အသံကို နားထောင်ရမှာ။ ရုပ်မြင်သံကြားလို နေရာမျိုးကတစ်ဆင့် ဘာသာစကားပညာရှင်တွေရဲ့ ထင်မြင် ချက်၊ ငြင်းခုံချက်တွေကို လွှင့်ထုတ်ပြီး အဲဒီအပေါ်မှာ ထပ်ဆင့် တွေးတောလာကြတဲ့ ပြည်သူပြည်သားတွေရဲ့ ထင်မြင်ချက်ကို နားထောင်ပြီးသာ အခုသူငယ်တန်းသင်ရိုးမှာ ဗျည်းသရအက္ခရာ တချို့ ဖြုတ်သင့်၊ မဖြုတ် သင့်ကို ဆုံးဖြတ်စီစဉ်ကြမယ်ဆိုရင် ပိုလို့ကောင်းမှာပဲ၊ မြိုင်ဆိုင်မှာပဲ၊  စိတ်ဝင်စားစရာလည်း ဖြစ်မှာပဲ။ အခုတော့ ပြင်ပြီးမှ အသံထွက်လာတဲ့အခါ မိဘပြည်သူတွေခမျာ ဆရာဗန်းမော်တင်အောင်စကားခဏငှားပြောရရင် ‘‘ကျွန်တော်ကကော ဘာများတတ်နိုင်ဦးမည် နည်း’’တွေဖြစ်ကုန်တာပေါ့လေ။

ဘစီတို့ ပြောချင်တာကတော့ ပညာရှင်များ ကောင်းမယ်ထင်လို့ လုပ်တာ လုပ်ကြပါ။ တစ်ခုတော့ ရှိသပေါ့ဗျာ။ ဟောဒီရွှေ ပြည်ကြီးမှာ သင်ရိုးညွှန်းတမ်းတွေ ပြောင်းကြတာလည်း အခါခါပါ။ အင်္ဂလိပ်စာကို သူငယ်တန်းက သင်လိုက်။ တစ်ခါငါးတန်းက စသင်လိုက်၊ နောက်ကျတော့ သူငယ်တန်းကစပြီး ပြန်သင်။ ၀ိဇ္ဇာ နဲ့ သိပ္ပံကိုလည်း ခွဲလိုက်ပေါင်းလိုက်။ ပြီးတော့ ပြန်ခွဲလိုက်၊ ပြန်ပေါင်းလိုက်။ မြန်မာစာကလွဲလို့  တခြားဘာသာရပ်တွေကို အင်္ဂ လိပ်လိုသင်ရမယ် လုပ်လိုက်။ မြန်မာလိုသာ သင်ရမယ်လုပ်လိုက်နဲ့ စိတ်ထင်သလို လုပ်ခဲ့တာ များပြီကော။ သဟာကြောင့် ဒီတစ်ခါသင်ရိုးအပြောင်းဟာ ဘစီတို့ ကလေးတွေ နောင်အရှည် ကောင်းဖို့သာ ရည်ရွယ်တာဖြစ် ပါစေလို့ မျှော်လင့်နေမိတာပဲဗျို့။ တော်သေးပြီ။
(ဖော်ပြပါသရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်)

http://www.7daydaily.com/story/56894

အန္တရာယ် ကင်းကင်းနဲ့ ပိုင်ဆိုင်နိုင်မယ့် အလှတရား


CRYSTAL TOMATO လုပ်ငန်းပိုင်ရှင် မခင်ရဲရူပါအေးနဲ့ တွေ့ဆုံခြင်း
၁) တစ်ချိန်တုန်းက အစ်မကလည်း CRYSTAL TOMATO ရဲ့ Customer တစ်ယောက်ပါ။
-
ဘယ်က စလုပ်ဖြစ်ခဲ့လဲဆိုတော့ ဒီ CRYSTAL TOMATATO က မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်လောက်မှာ စရောက်ခဲ့တာပါ။ ရန်ကုန်ရုံးချုပ်ကို စရောက်တာပေါ့။ ရန်ကုန်ရုံးချုပ်မှာက အစ်မ နဲ့ သိတဲ့ မိတ်ဆွေတွေက အစ်မကို လှမ်းညွှန်တယ် ။ CRYSTAL TOMATO သောက်ကြည့်ပါလားတဲ့။ အစ်မမှာက သားဦးကိုယ်ဝန်ဆောင်တဲ့ အတွက် အသားအရေပေါ်မှာ အမဲစက်တွေ ထွက်လို့ ဆေးကောင်းရှာနေတုန်း CRYSTAL TOMATO ကိုတွေ့ခဲ့ပါတယ်။ အစ်မ အနေနဲ့ကလည်း အဲ့ဒီအချိန်တုန်းက သားသားလေး ကိုယ်ဝန်ဆောင်ထားတော့ ဘာဆေးမှ မသောက်ရဲဘူး ဖြစ်နေတာ ။ သူတို့ကတော့ ရှင်းပြပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေလည်း သောက်လို့ရပါတယ်ပေါ့။ ဒါနဲ့ အစ်မလည်း သူတို့ ရဲ့ CRYSTAL TOMATO အကြောင်းရေးထားတဲ့ စာလေးကို ဖတ်ပြီး ဆရာ ဖြိုးမောင်သော် နဲ့ တိုင်ပင်ကြည့်ခဲ့တယ်။ ဆရာက ကိုယ်ဝန်ဆောင်တွေလည်း သောက်လို့ရတယ် လို့ ပြောပြတာနဲ့ အစ်မလည်း ဒီဆေးလေးကို စသောက်ဖြစ်ခဲ့ ပါတယ်။ ကိုယ်တိုင်သောက်ကြည့်တဲ့ အချိန်မှာ သိသိသာသာထူးခြားမှုလေးတွေ ရှိတာကြောင့် စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် ဖန်တီးကြည့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ၂၀၁၄ ခုနှစ် ၆လပိုင်းလောက်မှာ စလေ့လာခဲ့ပါတယ်။ ကိုယ်တိုင်သုံးကြည့်လိုက်ပြီး ကျေနပ် အားရမှု ရခဲ့တဲ့ ဒီ ပစ္စည်းကို လူအများကိုလည်း Sharing လုပ်ပေးချင်တဲ့ ဆန္ဒလည်း ပါတာပေါ့ ။ဒီဆိုင်လေးကိုတော့ ၂၀၁၄ ခုနှစ် ၆ လပိုင်း ၂၇ ရက်နေ့မှာ စဖွင့် ဖြစ်ခဲ့တာပါ ။
-
၂) CRYSTAL TOMATO က သောက်ဆေးနဲ့ လိမ်းဆေးရယ်လ အမျိုးအစား နှစ်မျိုးကို ခွဲခြားထားပါတယ်။
-
CRYSTAL TOMATO ဆိုတဲ့ သောက်ဆေးနဲ့ CRYSTAL CLEAR ဆိုတဲ့ လိမ်းဆေးပါ ။ဆေးရဲ့အာနိသင်တွေကတော့ ၂ လလောက် သောက်ပြီးတဲ့ အခါမှာ အသားအရေကို ဖြူသွားစေတာမျိုးတင် မဟုတ်ပဲ သိသိသာသာကြည်သွားစေမှာပါ ။ အမဲစက်ရှိသူတွေဆိုလည်း အမဲစက်တွေ ရော့သွားစေပြီး အသားအရေ မညီတဲ့ သူတွေ၊ အသားကွက်တဲ့သူတွေဆိုလည်း အသားအရေ ညက်ညောသွားစေပါတယ်။ ၂ လလောက်သောက်ပြီးလို့ အသားအရေကြည်ပြီးတဲ့နောက် ၃ လမြောက်လောက်မှာတော့ အသားအရေက ဖြူဝင်းလာစေမှာပါ။ ဒီဆေးက မိန်းကလေးတွေ အတွက် သီးသန့်ထုတ်ထားတာမျိုး မဟုတ်လို့ ယောက်ျားလေးတွေလည်း သောက်သုံးနိုင်ပါတယ်။ စတင်သောက်သုံးနိုင်တဲ့ အရွယ်ကတော့ ခရမ်းချဉ်သီးစစားတတ်တဲ့ အရွယ် ကလေးငယ်တွေကအစ သောက်လို့ ရပါပြီ ။လူကြီးပိုင်းတွေမှာဆိုလည်း သောက်ဆေးရော၊ လိမ်းဆေးရော နှစ်မျိုးလုံးကို ယှဉ်မတွဲသုံးချင်လည်း ရပါတယ်။ အစ်မဆို တင်းတိပ် ၊ မှဲ့ခြောက်နဲ့ နေလောင်ကွက်တွေ မရှိဘူး ။သွေးသားကြောင့်အသားအရေ မညီတာပဲ ရှိတာ။ ဒါကြောင့် လိမ်းဆေးကူပေးစရာ မလိုပါဘူး။ သောက်ဆေးနဲ့ တင်လုံလောက်ပါတယ်။ အမဲစက်တွေ အရမ်းများတဲ့ လူဆိုရင်တော့ လိမ်းဆေးရော ၊ သောက်ဆေးရော နှစ်မျိုးလုံးကို တွဲ သုံးသင့် ပါတယ်။
-
၃) အသားအရေကို ထိန်းသိမ်းချင်တဲ့ အိမ်ရှင်မတွေ အတွက် အချိန်ပေးစရာမလိုတဲ့ ဆေးကောင်းတစ်လက်ပါ။
-
အချိန်အများကြီး ပေးနိုင်တဲ့ လူလွတ် ညီမလေး တွေ အပြင် အိမ်ထောင်သည် အစ်မတွေကလည်း အချိန်ပေးရလွယ်ကူစေတဲ့ ဆေးတစ်မျိုးပါ ။ အစ်မတို့လို အိမ်ထောင်သည်တွေဆိုတာက ကိုယ့် အသားအရေကို လှချင်တာမှန်ပေမယ့် အချိန်ကျတော့ အများကြီး မပေးနိုင်ဘူးလေ။SPA လုပ်တာမျိုးတွေလို နာရီပိုင်းအထိ အချိန်ပေးစရာမလိုပဲ ဒီဆေးကတော့ တစ်ရက်မှာ ဆေးတစ်ကြိမ်သောက်လိုက်ရုံနဲ့ အသားအရေကို လှပလာစေမှာပါ ။အသားအရေကို ကိုယ်လိုချင်တဲ့ အနေအထားရောက်ရင် ဆေးကို ဖြတ်လိုက်နိုင်ပါတယ်။ Side-effect လည်းမရှိစေပါဘူး။ နှစ်သက်လို့ ဆက်သောက်မယ်ဆိုလည်းရေရှည် သောက်သုံးနိုင်ပါတယ်။
-
၎) CRYSTAL TOMATO & CRYSTAL CLEAR ဘက်က သုံးစွဲသူ Customer တွေအတွက် ပေးနိုင်တဲ့ ထောက်ခံချက်တွေက တော့ …
-
မြန်မာနိုင်ငံ FDA လက်မှတ်ရထားတဲ့ ဆေးတစ်ခုပါ။ ထုတ်လုပ်တဲ့ နိုင်ငံကတော့ USA ကပါ။ USA ကနေ စင်ကာပူကိုဖြန့် တယ်။ စင်ကာပူကနေမှ အာရှကို ပြန်ပြီး ဖြန့်ချီပေးတာပါ ။ အသုံးပြုထားတဲ့ ကုန်ကြမ်းကတော့ အစ္စရေးက ခရမ်းချဉ်သီး အဖြူမျိုးစိတ်ကို အသုံးပြုပြီး အစ္စရေးက ပညာရှင်တွေက ပဲ ဖော်စပ်ပေးထားတာပါ ။ခရမ်းချဉ်သီး အဖြူမျိုးစိတ် အပင်တွေကို ဒီ ကုမ္ပဏီကပဲ Register လုပ်ထားတဲ့ အတွက်ကုန်ကြမ်းပြတ်တောက်တာတို့၊ ဆေးဝယ်ရခက်ခဲတာတို့လည်း မဖြစ်အောင်စီစဉ် ပေးထားပါတယ်။ ခရမ်းချဉ်သီးဖြူ တစ်နေ့ကို ၂လုံးစားပေးရင် လူတစ်ယောက်အတွက် အသားအရေပိုင်းမှာပါ အထူးကောင်းမွန်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။ ဒါပေမယ့် ဒီ ခရမ်းချဉ်သီးဖြူမျိုးကို မြန်မာနိုင်ငံရဲ့ ဘယ်မှာမှ ရှာလို့ မရနိုင်ဘူးလေ။ ဒါပေမယ့် ဒီ CRYSTAL TOMATO ဆေးတစ်လုံးဟာ ခရမ်းချဉ်သီး သုံးလုံးနဲ့ အာနိသင်ချင်းတူညီတဲ့ အတွက် တစ်နေ့ကို ဆေးတစ်လုံးသောက်တာဟာ ခရမ်းချဉ်သီး အဖြူ သုံးလုံးစားပေးသလိုပါပဲ။
-
၅) အစ်မတို့က CRYSTAL TOMATO ရဲ့ မန္တလေးမြို့ အတွက် တစ်ဦးတည်းကိုယ်စားလှယ်ပါ။
-
စင်ကာပူက လူတွေထဲက ၅၀% အထက်က ဒီဆေးကို လက်ခံနေကြပါပြီ။ ဒီ CRYSTAL TOMATO ရဲ့ ဖြန့်ချီတဲ့ စနစ်က သက်ဆိုင်တဲ့ ရုံးခွဲတွေနဲ့ အလှအပ ပိုင်းဆိုင်ရာ ကုသပြုပြင်ပေးတဲ့ ဆေးခန်းတွေမှာပဲ ၀ယ်ယူလို့ ရနိုင်တဲ့ ပစ္စည်းမျိုးပါ ။ Bussiness ဆန်ဆန် စတိုးဆိုင်တိုင်းမှာ တင်ရောင်းတဲ့ ပစ္စည်းမျိုး မဟုတ်တဲ့ အတွက် အောက်လိုင်းကနေ စင်တူရိုးမှား ပစ္စည်းတူတွေ ၀င်မှာကိုလည်း ကြောက်စရာ မလိုတော့တာပေါ့။ ကုမ္ပဏီက မြို့တစ်မြို့မှာ ဆိုင်တစ်ဆိုင်ပဲ ရောင်းချခွင့် ပေးပါတယ် ။ အစ်မတို့ဆိုရင် မန္တလေး ရဲ့ တစ်ဦးတည်း အရောင်းကိုယ်စားလှယ်ပေါ့။သူတို့ဘက်က အစ်မတို့ကိုတောင်းဆိုတဲ့ စည်းကမ်းချက်ကတော့ အစ်မတို့ ဆိုင်တစ်ဆိုင်လုံးမှာ သူတို့ရဲ့ CRYSTAL TOMATO ကိုပဲ ရောင်းရပါတယ်။
-
၆) သဘာဝ Organic ပစ္စည်းစစ်စစ်ဖြစ်တဲ့ အတွက် ဈေးနှုန်းအရတော့ နည်းနည်းမြင့်ပါတယ်။
-
CRYSTAL TOMATO & CRYSTAL CLEAR ဟာ ၁၀၀% Orginic ပစ္စည်းနဲ့ ထုတ်လုပ်တာ ဖြစ်တဲ့ အတွက်ဈေးနှုန်း အနေအထားအရတော့ နည်းနည်းမြင့်တယ်။ အလုံး ၃၀ တစ်လစာ ပါပါတယ်။ Orginic ပစ္စည်းဖြစ်တဲ့ အတွက် သောက်ဆေးဆိုလည်းသဘာဝ ဖြည့်စွက်အစာဖြစ်ပြီး လိမ်းဆေးဆိုလည်း အမာရွတ် ၊ အမဲစက်ရှိတဲ့နေရာ လေးကိုပဲ ရွေးလိမ်းပေးရုံပါပဲ ။ မတည့်တဲ့သူရယ်လို့လည်း မရှိစေပါဘူး ။ ဈေးမြင့်တယ်ဆိုလို့လည်း အစ်မတို့ ဘက်က ပစ္စည်းကို ဈေးတင်ရောင်းခြင်းမျိုး မရှိပါဘူး။ ဈေးတင်ခွင့်လည်း မရှိပါဘူး။ရုံးချုပ်က သတ်မှတ်ပေးထားတဲ့ဈေး အတိုင်းကိုပဲ ရောင်းရတာ ဖြစ်ပါတယ်။ စင်္ကာပူမှာ ၀ယ်ဝယ်၊ USA မှာပဲ ၀ယ်ဝယ် ဒေါ်လာဈေးနဲ့ တွက်ချက်ပြီး ဈေးကို ပုံသေတစ်မျိုးတည်း ထားထားတာပါ ။အစ်မတို့ကိုတော့ ကုမ္ပဏီဘက်က % စနစ်နဲ့ အမြတ်အစွန်းထုတ်ပေးပါတယ်။ နှစ်ချီပြီးရည်ရှည် အလုပ်လုပ်နိုင်မယ့် လူမျိုးကိုပဲ သူတို့ ဘက်က အရောင်းဆိုင်ဖွင့်ခွင့်ပေးတာပါ ။ နောက်တစ်ခုက Multi Level လက်ခွဲ အရောင်းပြန်ထားလို့ မရပါဘူး။ရည်ရွယ်ချက်ကတော့ ရောင်းသူနည်းနည်း ၀ယ်သူများများ ဖြစ်စေချင်တဲ့ အတွက်ပါ ။ရောင်းသူနည်းတော့ အများပြည်သူ ၀ယ်ယူ အသုံးပြုသူတွေ ပစ္စည်းကို စိတ်ချ လက်ချ ၀ယ်ယူနိုင်တာပေါ့။
-
၇) အများလက်ခံလာတဲ့ အခြေအနေတစ်ခုကမှ လုပ်ငန်းအောင်မြင်တယ်လို့ ယူဆလို့ ရပါတယ်။
-
လုပ်ငန်းတစ်ခုမှာ အရေးအကြီးဆုံးက အမြတ်အစွန်းပါ။ ရှုံးနေတဲ့ လုပ်ငန်းတစ်ခု ဆက်လက် လုပ်ကိုင်ဖို့ ဆိုတာ မလွယ်လှပါဘူး။ အမြတ်အစွန်းဆိုတာကလည်း ငွေကြေးတစ်ခုတည်းကို ဦးတည်ပြောချင်တာ မဟုတ်ပါဘူး။ ကိုယ်လုပ်လိုက်တဲ့ လုပ်ငန်းကို အများလက်ခံ လာနိုင်တာကလည်း အောင်မြင်ခြင်း တစ်မျိုးပါပဲ။ အစ်မတို့ ဆိုင်အနေနဲ့ ၀န်ဆောင်မှုလေး တစ်ခုကို Customer တွေ အတွက် အထူးစီစဉ်ထားပါတယ်။ ဒီ CRYSTAL TOMATO လုပ်ငန်းနဲ့ ပက်သက်လို့လည်း နောက်ပိုင်းမှာ ရန်ကုန်ရုံးချုပ်နဲ့ ချိတ်ဆက်ပြီး တင်းတိတ်၊ မှဲ့ခြောက်အတွက် အဆင့်မြင့် စက်ကိရိယာတွေကို အသုံးပြုပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ဆက်လက် အဖြေရှာသွားဖို့ အစီအစဉ်လည်းရှိပါတယ်။ နေလောင်ဒဏ် ကာကွယ်တဲ့ Sun Screen ကို ၂၀၁၆ အတွင်း ဈေးကွက်တွင်းသို့ မိတ်ဆက်ပေးသွားမှာပါ။
Valentine နေ့အတွက်ပါ အထူးအစီအစဉ်များ ဆောင်ရွက်နေပါတယ်။
-
လုပ်ငန်းရှင် အမည် = မခင်ရဲရူပါအေး
ဖုန်း= ၀၉-၉၇၀၇၀၀၁၁၁။
လိပ်စာ= ၇၃ လမ်း × ၃၂ လမ်းထောင့် ။ မန္တလေး မြို့။
www.yoyarlay.com
https://web.facebook.com/YoYarLay/posts/1019209314788987

သီရိဓမ္မာသောကမင်း တည်ထားခဲ့သော စေတီပေါင်း ၈၄၀၀၀မှ တစ်ဆူဖြစ်သော အလိုတော်ပေါက်ဘုရား


သီရိဓမ္မာသောကမင်း တည်ထားခဲ့သော စေတီပေါင်း ၈၄၀၀၀မှ တစ်ဆူဖြစ်သော အလိုတော်ပေါက်ဘုရား
အလိုတော်ပေါက်ဘုရားသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ နမ့်ပန်းကျေးရွာတွင် တည်ရှိသည်။ စာရေးသူရောက်ရှိချိန်သည် ခရစ်စမတ်ကာလရုံးပိတ်ရက် ဖြစ်သဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် အလွန်အမင်း စည်ကားလှသည်။

အိန္ဒိယနိုင်ငံမှ သီရိဓမ္မာသောကမင်း (ဘီစီ ၂၇၂-၂၃၂) သည် ဗုဒ္ဓသာသနာ ထွန်းကားရန်အလို့ငှာ နယ်ပါယ်ဒေသအနှံ့တွင် စေတီပေါင်း ၈၄,၀၀၀ တည်ထားခဲ့သည်။ အလိုတော်ပေါက်ဘုရားသည် ထိုစေတီများထဲမှတစ်ဆူဖြစ်ကာ ဓာတ်တော်နှစ်ဆူကို ဌာပနာထားပြီး မူလဘွဲ့တော်မှာ အင်းဘုရားဟု မှတ်တမ်းထားရှိသည်။

အနော်ရထာမင်း (ခရစ်နှစ် ၁၀၄၄-၁၀၇၇) သည် အင်းလေးဒေသသို့ တိုင်းခန်းလှည့်လည်ရင်း ချုံများဖုံးလွှမ်းနေပြီး စေတီဖိနပ်တော်သာ ကျန်ရှိတော့သော အင်းဘုရားသို့ ရောက်ရှိလာသည်။ မင်းကြီးသည် ချုံများရှင်းလင်းစေပြီး ဓာတ်တော်ရှစ်ဆူကို ထပ်မံဌာပနာ၍ ပြန်လည်တည်ထားခဲ့သည်။
အလောင်းစည်သူမင်း (ခရစ်နှစ် ၁၁၁၃-၁၁၆၃) သည် တိုင်းခန်းလှည့်လည်ရင်း အင်းလေးဒေသရှိ မြစ်စုံဝ လိပ်ကုန်း၌ စခန်းချရပ်နားခဲ့သည်။ ကုန်းသာယာလှသဖြင့် စေတီတည်လိုစိတ် ဖြစ်ပေါ်၍ စုံစမ်းရာ စေတီပေါင်း ၈၄,၀၀၀ အနွယ်ဝင်စေတီဟောင်းကို တွေ့ရှိလေသည်။ မင်းကြီးလည်း ရတနာဆယ်ပါးစီထားသော ဖလားကိုမှောက်ပြီး အဓိဋ္ဌာန်ရာ ဖလားမှောက်ထဲတွင် ဓာတ်တော်များ ကိန်းဝပ်ပါတော့သည်။ ဓာတ်တော်များအား ဌာပနာ၍ ထီးတော်အသစ်တင်ကာ ရတနာစေတီဟု ဘွဲ့တော်ဆပ်ကပ်သည်။

နရပတိစည်သူမင်း (ခရစ်နှစ် ၁၁၆၈-၁၂၁၁) သည် ဖောင်စင်္ကြာလှည့်လည်ရင်း အင်းလေးဒေသရှိ ရတနာစေတီ ခေါ် ဖလားမှောက်စေတီအရောက်တွင် ဖောင်ရပ်တန့်သဖြင့် စုံစမ်းစေရာ စေတီဟောင်းအား တွေ့ရှိရသည်။ မင်းကြီးသည် အရပ်ရှစ်မျက်နှာမှ ကုသိုလ်ရှင်များကောင်းမှုဖြင့် စေတီကိုထပ်မံမွမ်းမံတည်ကာ လိုတော်ပေါက်ဟု ဘွဲ့တော်ကပ်၏။
ပုဂံမင်းဆက်စောမွန်နစ်မင်း (ခရစ်နှစ် ၁၃၂၇-၁၃၆၈) သည် အလိုတော်ပေါက်စေတီကို ရွှေသင်္ကန်းကပ်လှူလေသည်။ နောက်ပိုင်းတွင် စကား၊ ညောင်ရွှေ၊ နောင်မွန်၊ မိုးနဲ၊ မိုင်းကိုင်၊ ရပ်စောက်၊ လဲချား၊ တီကျစ်၊ သီပေါ စသည့် စော်ဘွား၊ မြို့စားများက ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြပါသည်။

အလိုတော်ပေါက်ဘုရားပတ်ဝန်းကျင်၌ စင်ယော်ငှက်ကလေးများကို ဆောင်းကာလများတွင် တွေ့ရှိရတတ်ပေသည်။ စေတီလှေဆိပ်တွင် ကလေးများမှ မုန့်ဖိုးလိုက်တောင်းလျင် မပေးရန် စည်းကမ်းထုတ်ထားသည့်ဆိုင်းဘုတ်ကို ထောင်ထားသည်။ ကလေးငယ်များစိတ်တွင် ပိုက်ဆံဆိုသည်မှာ အလွယ်တကူ တောင်းတိုင်းရနိုင်ပေသည်ဟူသော အတွေးအခေါ်ဆိုးများ မဝင်ရောက်စေရန် ကာကွယ်ထားခြင်းဖြစ်ပေမည်။ ဘုရားဖူးများအနေဖြင့် ပေးလိုလျင် ငွေစက္ကူအစား မုန့်ပဲသရေစာများသာ ပေးသင့်ကြောင်း အကြံပြုလိုက်ပါသည်။

Stacy Chan (ရိုးရာလေး)
Photo by: ချမ်းမြေ့အိ (Stacy Chan)

အင်းလေးဒေသရှိ နမ့်ပန်ရွာ

 
အလိုတော်ပေါက်ဘုရား အရှေ့ဘက်လိုဏ်တွင် စံပယ်တော်မူတော် ရုပ်ပွားတော်
 
အလိုတော်ပေါက်ဘုရား မြောက်ဘက်လိုဏ်တွင် စံပယ်တော်မူတော် ရုပ်ပွားတော်

 အလိုတော်ပေါက်ဘုရား အနောက်ဘက်လိုဏ်တွင် စံပယ်တော်မူတော် ရုပ်ပွားတော် 
 
အလိုတော်ပေါက်ဘုရား တောင်ဘက်လိုဏ်တွင် စံပယ်တော်မူတော် ရုပ်ပွားတော်
 
အလိုတော်ပေါက်စေတီ

အလိုတော်ပေါက်ဘုရားဝန်းရှိ ဈေးတန်း
https://web.facebook.com/YoYarLay/posts/1005340416175877 

လျှာကပြောတဲ့ ကျန်းမာရေး


နေမကောင်းဖြစ်လို့ ဆေးခန်းသွား ပြတဲ့အခါ ဆရာဝန်က လျှာထုတ် ခိုင်းပြီး စစ်ဆေးရတဲ့အကြောင်း ရင်းရှိပါတယ်။ အဲဒါကတော့ လျှာကနေတစ်ဆင့် ကျန်းမာရေးအခြေအနေကို သိနိုင်တဲ့အတွက်ကြောင့် ဖြစ်ပြီး လျှာဘယ်လိုအရောင်ဆို ရင် ဘယ်လိုရောဂါကြောင့်ဆိုတာ သိနိုင်အောင်လို့ ဖော်ပြပေးလိုက် ပါတယ်။

အနီရင့်ရောင်
လျှာရဲ့ အရောင်က ပုံမှန်ဆို ရင် ပန်းရောင်လေးဖြစ်ပေမယ့် အနီရင့်ရောင်လိုမျိုးဖြစ်နေရင် တော့ သွေးအားနည်းရောဂါ၊ ကာ ဝါဆာကီရောဂါနဲ့ ကူးစက်အဖျား ရောဂါတစ်ခုခုကြောင့်ဆိုတာ ခန့် မှန်းလို့ရပါတယ်။

အဖြူ (သို့) နို့နှစ်ရောင်
လျှာအရောင်က အဖြူ (ဒါမှ မဟုတ်) နို့နှစ်ရောင်၊ ဒိန်ခဲရောင် လို အလွှာမျိုးဖြစ်နေရင်တော့ ခံတွင်းရောဂါတစ်ခုခုဖြစ်နေတာ ကြောင့်ပါ။

အဝါရောင် (သို့) လျှာထူနေခြင်း
လျှာပေါ်မှာ အဝါရောင်အ လွှာလိုမျိုးတွေ့နေရင်တော့ ခန္ဓာ ကိုယ်မှာ အပူတွေများနေလို့ (ဒါမှ မဟုတ်) ဘက်တီးရီးယားတွေများ နေလို့ဆိုတာ သိထားလိုက်ပါ။

လျှာချောနေခြင်း
ပုံမှန်ဆိုရင် လျှာမျက်နှာပြင် လွှာက ကြမ်းကြမ်းလေးဖြစ်ပေ မယ့် အရမ်းကို ချောမွတ်နေပြီး နာကျင်တာ၊ အထိမခံနိုင်တာတွေ ဖြစ်လာရင်တော့ အာဟာရချို့တဲ့တဲ့ လက္ခဏာတစ်ခုလို့ ဆိုရမှာပါ။

လျှာတွင်အဖုထွက်ခြင်း
လျှာဘေးဘက်မှာ နာကျင်မှု မရှိတဲ့ အဖုလိုမျိုးထွက်လာပြီး နှစ် ပတ် (ဒါမှမဟုတ်) ဒီထက်စော စောပျောက်သွားရင် စိုးရိမ်စရာ မရှိပေမယ့် အဲဒီကာလထက် ကျော်သွားတာတောင် မပျောက် သေးဘူးဆိုရင်တော့ ခံတွင်းကင် ဆာရဲ့ လက္ခဏာဖြစ်နေမလားဆို တာ သိထားရမှာပါ။
လျှာကြီးမည်းပြီး   အမွှေးတွေ ပေါက်လာခြင်း
  ဒီလိုအခြေအနေဆိုရင် တော့  ခံတွင်းသန့်ရှင်းရေးမလုပ် လို့ဆိုတာ အချက်ပြတာပါ။

လျှာနာကျင်ခြင်း
လျှာနာကျင်တာ၊ ပါးစောင် အတွင်းဘက်မှာ နာကျင်တာဟာ အချွန်အတက်တစ်ခုခုနဲ့ ထိခိုက်မိ လို့(သို့မဟုတ်)  လျှာကိုက်မိတာ ကြောင့်လည်း ဖြစ်တတ်ပါတယ်။

ပပ်ကြားအက်ခြင်း
လျှာပေါ်မှာ နာကျင်တာတွေ မရှိဘဲ ပပ်ကြားအက်တာမျိုးက ပူပူလောင်လောင်တစ်ခုခုစား လိုက်လို့ လျှာအပူလောင်တဲ့အခါ ဖြစ်လေ့ပြီး အသက်အရွယ်ကြီး လွန်းရင်လည်း ဖြစ်တတ်ပါတယ်။

အပူလောင်သလိုခံစားရခြင်း
အပူလောင်ခံရလို့မဟုတ်ဘဲ နဲ့ သူ့အလိုလိုလျှာတွေအပူလောင် သလိုဖြစ်ပြီး တဆစ်ဆစ်နဲ့ စပ်ဖျဉ်း ဖျဉ်းခံစားရခြင်း၊ ခံတွင်းခြောက် ပြီး ခံတွင်းပျက်တာမျိုးတွေဟာ အမျိုးသမီးတွေ သွေးဆုံးချိန်တွေ မှာ ဖြစ်လေ့ရှိပါတယ်။

ခရမ်းရောင်ဖြစ်နေခြင်း
အရောင်ပါတဲ့ တုတ်ထိုး သကြားလုံးတွေ အကြာကြီးငုံပြီး စားထားလို့ ဖြစ်နိုင်သလို လျှာမှာ သွေးလည်ပတ်မှုမကောင်းတဲ့အ တွက်ကြောင့်လည်း ဖြစ်တတ်ပါ တယ်။
—Ref: tophomeremedies

http://www.7daydaily.com/story/54607

ညအချိန်မတော်စားခြင်းက မှတ်ဥာဏ်ကိုထိခိုက်စေ



ညအချိန်မတော် အစားစားခြင်းက မှတ်ဥာဏ်ကိုထိခိုက်စေပါတယ်။ အထူးသဖြင့် အိပ်ချိန်မှာ စားသုံးခြင်း ဖြစ်ပါတယ်။ အကြောင်းကတော့ အိပ်ချိန် အချိန်ဟာ ဦးနှောက်ရဲ့ hippocampal area မှာ အလုပ်လုပ်ချိန်ဖြစ်ပြီး သူက အမှတ်ရရန် အရေးကြီးတဲ့ memory များကို သိမ်းဆည်း organise လုပ်နေတဲ့ အချိန် ဖြစ်ပါတယ်။

တစ်ကြိမ် နှစ်ခါ ဖြစ်တာမျိုးဆိုရင် ကိစ္စမရှိပေမယ့် ညစိုင်းအလုပ်လုပ်ရသူများ၊ သို့တည်းမဟုတ် ညအိပ်ချိန် ထစားလေ့ ပုံမှန်ရှိသူများဆိုရင် ရေရှည်မှာ ထိခိုက်မှာ ဖြစ်ပါတယ်။ ယင်းအတွက် စမ်းသပ်မှုကို ဗြိတိန်မှ ဦးနှောက်နဲ့ အာရုံကြော ဆရာဝန်များကို ကြွက်များဖြင့် စမ်းသပ်ခဲ့ကြပြီး ကြွက်ရဲ့ ဦးနှောက်ကို စောင့်ကြည့်လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ မှတ်ဥာဏ်ကို ထိခိုက်စေတာကြောင့် အလွန်မေ့လျော့တတ်လာခြင်း၊ မှတ်သားရ ခက်ခဲလာခြင်း၊ အမှတ်ရစရာများကို မေ့လျော့သွားခြင်းများ ဖြစ်ပြီးလာပြီး အဆိုးဆုံးအနေနဲ့ ဥာဏ်ကိုပါ လေးလံထိုင်းမိုင်းလာစေပါလိမ့်မယ်။

ဒါကြောင့်မို့ အိပ်ချိန်မှာ အစားစားခြင်းကို ရှောင်ကြဉ်ပြီး အိပ်စက်မှုကိုလည်း အချိန် ၇ နာရီ၊ ၈ နာရီ အပြည့်အဝ ရယူရန် အကြံပေးထားပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

https://web.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817/1006505769392675/?type=3&theater 

ခြေစွယ်ငုပ်ပြီဆိုရင်

ခြေစွယ်ငုပ်ပြီဆိုတာနဲ့ ခြေချောင်း တစ်ခုလုံး နာကျင်ပြီး ယောင်ရမ်း ကာ အနေရခက်စေပါတယ်။ ဒီလိုမျိုးမဖြစ်ရလေအောင် အကောင်း ဆုံးဘယ်လိုကာကွယ်နိုင်သလဲဆို တာ သိထားရအောင် ဖော်ပြပေး လိုက်ပါတယ်။

အခံရခက်တဲ့နာကျင်မှု ခံစားရတဲ့ ခြေစွယ်ငုပ်တာဟာ ရှည် ထွက်လာတဲ့ ခြေသည်းချွန်ချွန်က ခြေချောင်းအသားထဲကို ထိုးဝင် တာကြောင့် ဖြစ်ပါတယ်။ နာကျင် မှုအသေးစားလို့ ထင်ရပေမယ့် သေချာမကုဘူးဆိုရင် ခြေချောင်း ထဲ ရောဂါပိုးဝင်တဲ့အထိ ဖြစ်နိုင် တာကြောင့် မပေါ့ဆသင့်ပါဘူး။

အရမ်းကျပ်လွန်းတဲ့ဖိနပ် တွေ၊ ခြေစွပ်တွေသုံးလို့ပဲဖြစ်ဖြစ်၊ ခြေသည်းတွေကို သေချာမညှပ် လို့ပဲဖြစ်ဖြစ်၊ ခြေထောက်သန့်ရှင်း ရေးအားနည်းလို့ပဲဖြစ်ဖြစ်၊ ခြေ သည်းပိုးဝင်လို့ပဲဖြစ်ဖြစ်၊ ခြေ ချောင်းထိခိုက်မိလို့ပဲဖြစ်ဖြစ်၊ မျိုး ရိုးလိုက်လို့ပဲဖြစ်ဖြစ် ခြေစွယ်ငုပ် တာဖြစ်တတ်ပါတယ်။

ခြေစွယ်ငုပ်တာမဖြစ်ရလေ အောင် ခြေချောင်းတွေကို ဆွဲညှစ် ထားသလိုဖြစ်ပြီး သက်သောင့် သင့်သာမရှိစေတဲ့ ဖိနပ်တွေစီး တာမျိုးရှောင်ရပါမယ်။ ခြေသည်း ညှပ်တဲ့အခါမှာလည်း ချွန်ထွက် လာတတ်တဲ့ ထောင့်နားလေးတွေ ကို သိမ်းညှပ်ပြီး တစဉ်းလေးနဲ့ အ စွန်းထွက်မရှိအောင် တိုက်ထားရ ပါမယ်။ ခြေစွယ်ငုပ်နေပြီဆိုရင် တော့ နာနေပေမယ့်လည်း အသား ထဲကို ထိုးဝင်နေတဲ့ခြေသည်းချွန် ကို နည်းနည်းဖြစ်ဖြစ် ရသလောက် အရင်ဆုံးကော်ထုတ်ညှပ်ပစ်ဖို့လို ပါတယ်။ အဲဒီလိုလုပ်ပြီးတာ တောင်မှ အရမ်းနာနေပြီး ရောင် နေတုန်းပဲဆိုရင်တော့ ရောဂါပိုး မဝင်ရလေအောင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။
—Ref: wellnessbin
http://www.7daydaily.com/story/54043

ငွေတစ်ခုတည်းနဲ့ မိသားစုကို ပျော်ရွှင်အောင်တည်ဆောက်လို့ မရဘူး



မိသားစု တစ်စုဟာ ငွေရှိရုံနဲ့ အရာရာ ပြီးပြည့်စုံခြင်း မရှိပါဘူး။ ငွေဆိုတာ မိသားစု တစ်ခုအတွက် တစ်ပိုင်းတစ်စသာ ဖြစ်ပါတယ်။ လောကမှာ ငွေနဲ့
ဝယ်လို့ မရတဲ့ အရာတွေ များစွာ ရှိနေလို့ပါ။

ငွေနဲ့ ချမ်းသာတဲ့ အိမ်ကြီးကို ဆောက်လို့ ရပေမယ့် ငွေနဲ့ မိသားစုတွေ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးအောင်တော့ လုပ်လို့ မရပါ။ ပျော်ရွှင်တဲ့ မိသားစု ဆိုတာ ထမင်းဝိုင်း တစ်ခုလိုပါပဲ။ ထမင်းချည်းပဲ စားလို့ မရသလို ဟင်းချည်းပဲ စားရင်လည်း မကောင်းပါဘူး။ ထမင်းရော ဟင်းရော မြိုင်ဆိုင်
စွာစားမှသာ အလွန်ချိုမြိန်တဲ့ ထမင်းဝိုင်းလေး တစ်ခုဖြစ်မှာပါ။

တစ်ခါတစ်ရံမှာ အကိုကြီးတွေက အနစ်နာ ခံမယ်၊ တစ်ခါတစ်ရံမှာ ညီမ
ငယ်လေး အဆုံးအရှုံးခံရမယ်။ တစ်ခါတစ်လေ ကြပြန်တော့လည်း အဖေနဲ့ အမေနဲ့ အနစ်နာ ခံရမှာပေါ့။ ဒီလိုမျိုးပဲ မိသားစု တစ်စုဆိုတာ ဘဝမှာ အခင်
တွယ်ရဆုံး သူတွေပါ။ သူသာတယ် ငါနာတယ်ဆိုတာ မရှိ။ ဝမ်းနည်းလည်း အတူတူပဲ။ ပျော်ရွှင်လည်း အတူတူပေါ့။ လောကမှာ ရှိတဲ့ မိသားစုတွေ
အားလုံး ပျော်ပါစေ။

ကျော်လင်းနိုင် (ရိုးရာလေး)

https://web.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817/1006959526013966/?type=3

လူသိမခံချင်တဲ့ အိပ်ရာဝင်ပြဿနာတွေကို ဖြေရှင်းနည်း


ခန္ဓာကိုယ်ကြီး တစ်နေကုန်လှုပ် ရှားခဲ့သမျှကို ညဘက်မှာ အိပ်စက်ခြင်းနဲ့ အနားပေးရာမှာ လိုအပ်တဲ့ အိပ်စက်ချိန်အတိုင်း အနားယူဖို့ လိုပါတယ်။ အချို့သောသူတွေ ဟာ အိပ်ရာဝင်ပြဿနာတွေ ကြောင့် နှစ်ခြိုက်စွာအိပ်မပျော်နိုင် တဲ့အတွက် အဲဒီအခက်အခဲတွေ ကို ကျော်လွှားဖြေရှင်းနိုင်ဖို့ မျှဝေ ပေးလိုက်ပါတယ်။

တခေါခေါနဲ့ ဟောက်တာ ဟာ လျှာနဲ့ လည်ချောင်းကြွက် သားတွေဟာ လေလမ်းကြောင်း ကို ဖျစ်ညှစ်တင်းကျပ်စေခြင်း ကြောင့် ဖြစ်ပါတယ်။ တချို့သော သူတွေဟာ ညဘက်တွေမှာ အ ကြိမ်ပေါင်းများစွာ နိုးတာမျိုးဖြစ် တတ်ပြီး ဒီလိုမျိုးတွေ ဆက်တိုက် ဆိုသလိုတွေဖြစ်လာရင် လေဖြတ်၊နှလုံးရောဂါနဲ့ အရိုးပွရောဂါမျိုး တွေ ဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေကို ဖြေ ရှင်းဖို့ကတော့ စက်ပစ္စည်းအကူ အညီနဲ့ လုပ်နိုင်သလို ဟောက်သံ တွေဆူညံပြီး အိပ်နေတုန်းမှာ တစ်ယောက်ယောက်က ခန္ဓာကိုယ် လှုပ်ပေးတာမျိုးနဲ့လည်း ဟောက် တာလျော့အောင် လုပ်နိုင်ပါ တယ်။ ညလယ်ခေါင်မှာ ခေါင်း ကိုက်ပြီးတော့ဖြစ်ဖြစ်၊ သွားတွေ နာကျင်ပြီးတော့ဖြစ်ဖြစ် မကြာ ခဏနိုးလေ့ရှိရင်တော့ အိပ်နေ တုန်း သွားကြိတ်တာ သေချာနေ ပါပြီ။ သွားကြိတ်တာဟာ အိပ် စက်ခြင်းကို အနှောင့်အယှက်ဖြစ် စေရုံသာမက သွားကြွေလွှာတွေ ကိုလည်း ပျက်စီးစေပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှုများသူ တွေဟာ ဒီလိုမျိုးလုပ်လေ့ရှိတယ် လို့ သုတေသနစစ်တမ်းတွေက ဆိုထားပါတယ်။ ဒါတွေကို သက် သာချင်ရင်တော့ အရင်ဆုံးစိတ်ဖိ စီးမှုဖြစ်ရတဲ့အကြောင်းရင်းကို ရှာပြီး ဖိစီးမှုလျော့ပါးအောင်လုပ် တာမျိုးအပြင် သွားဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ သွားတွေကို အ စွပ်စွပ်ကာကွယ်တာမျိုးလည်း လုပ်နိုင်ပါတယ်။

သန်းခေါင်ယံ (ဒါမှမဟုတ်) ဒီထက်နောက်ကျသည့်တိုင် အောင် အိပ်ချင်စိတ်မဖြစ်ဘဲ ည ဘက်တွေမှာ မျက်စိကြောင်ပြီး အိပ်မပျော်သူဟာ ၁၀ ရာခိုင်နှုန်း လောက်ရှိတတ်ပါတယ်။ ဒါတွေ ကျော်လွှားချင်ရင်တော့ ညဘက် တွေမှာ ကော်ဖီ၊ လက်ဖက်ရည် သောက်တာလျှော့ရမယ့်အပြင် တီဗီကြည့်တာတွေ၊ ဂိမ်းကစား တာတွေလည်း လျှော့ရမှာပါ။

အိပ်နေရင်းနဲ့ ခြေထောက် တွေ အရမ်းညောင်းညာပြီး မလှုပ် ချင်အောင်ဖြစ်ရင်တော့ သံဓာတ် ချို့ယွင်းတာကြောင့်လို့ ဆိုပါ တယ်။ ဒီလိုမျိုးဖြစ်တတ်ရင်တော့ အကြောပြေအောင် နှိပ်နယ်ပေး တာမျိုး၊ ရေနွေးကပ်၊ ရေခဲကပ် တာမျိုးက ခဏတာသက်သာစေ ပေမယ့် သေချာကုစားဖို့ဆိုရင် တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ရ မှာပါ။        —Ref: wellnessbin
http://www.7daydaily.com/story/54044

အသည်းသန့်ချင်သလား ဒါတွေစား


အသည်းဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အခရာကျတဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုဖြစ်ပြီး အစာခြေဖျက် မှု၊ ဇီဝတွင်းဖြစ်ပျက်မှု၊ ကိုယ်ခံ စွမ်းအားနဲ့ အာဟာရဓာတ်တွေကို စုဆောင်းပေးတာတွေကို လုပ် ဆောင်ပါတယ်။ ကျန်းမာတဲ့ အသည်းဟာ သွေးလည်ပတ်မှု ကောင်းအောင်လုပ်ဆောင်ပြီး သွေးထဲက မလိုအပ်တဲ့အဆိပ်အ တောက်တွေဖယ်ရှားကာ ခန္ဓာ ကိုယ်ထဲသို့ အာဟာရဓာတ်တွေ ပို့ဆောင်ပေးသလို ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဂလူးကို့စ်တွေကို ထိန်းသိမ်းတာလည်း လုပ်ပါတယ်။ ဒီလိုအရေးပါတဲ့အလုပ်တွေကို လုပ်နေတဲ့အသည်း အမြဲကျန်းမာ နေစေဖို့အတွက် စားသင့်တာ လေးတွေကို ဖော်ပြပေးလိုက်ပါ တယ်။

ကြက်သွန်ဖြူကတော့ အ ဆိပ်အတောက်ဖယ်ရှားပေးတဲ့ နေရာမှာ ထိပ်တန်းဖြစ်ပြီး အသည်းအတွက် ကောင်းကောင်းထောက် ကူပေးပါတယ်။ တစ်နေ့ကို ကြက် သွန်ဖြူ နှစ်တက်၊ သုံးတက် လောက်စားပေးတာဖြစ်ဖြစ်၊ ကြက်သွန်ဖြူနဲ့ထုတ်ထားတဲ့ဆေး ကို ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။

ဗီတာမင်စီကြွယ်ဝပြီး ဓာတ် တိုးဆန့်ကျင်ဂုဏ်သတ္တိပါတဲ့ ဂရိတ်ဖရုတွေဟာလည်း အသည်းကို သန့်စင်ပေးနိုင်သလို ကိုယ်တွင်း အဆိပ်အတောက်တွေနဲ့ အဆီ တွေကိုလည်း ဖယ်ရှားပေးပါ တယ်။ မုန်လာဥနီ (ဗီတွတ်)ဟာ လည်း အသည်းအတွက် ကောင်းကျိုးပြုသလို ရှောက်သီး၊ သံပရို သီးကလည်း အသည်းရဲ့လုပ်ငန်းစဉ်တွေ ကောင်းမွန်စွာလည်ပတ်ဖို့ ထောက်ကူပြုပါတယ်။ ဂရင်းတီး နေ့စဉ်သောက်ပေးခြင်းနဲ့ အသည်းရော ဂါတွေဖြစ်ပွားတာကို ကာကွယ်ပေး နိုင်သလို   ထောပတ်သီးကလည်း အသည်းပျက်စီးမှုနဲ့ အန္တရာယ်ပေးနိုင်တဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပါတယ်။

နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံကို ရေနွေးထဲထည့်ပြီး နေ့စဉ်သောက်တာပဲဖြစ်ဖြစ် ဟင်းတွေထဲမှာ ထည့်ချက်ရင်းဖြစ်ဖြစ် စားပေးသင့်ပါတယ်။
ကျန်းမာသော အသည်းဖြစ် ဖို့ဆိုရင်လည်း ပန်းသီးတွေက မစားမဖြစ်ပါ။ အူလမ်းကြောင်းနဲ့ အသည်းထဲက အဆိပ်အတောက် တွေ ရှင်းပေးသလို သွေးတွင်း ကိုလက်စထရောတွေကို သန့်စင် ပေးပါတယ်။ သစ်ကြားသီးက လည်း အသည်းသန့်အောင်ကူညီ ပေးတဲ့အပြင် ပန်းဂေါ်ဖီစိမ်း(ဘရို ကိုလီ)ကလည်း အသည်းအတွက် ကောင်းကျိုးပြုပါတယ်။
—Ref: tophomeremedies
http://www.7daydaily.com/story/54606

ကမ္ဘာ့အကြီးဆုံး ကန်ဒေါ်လာ သန်း ၁၆၀တန် နီလာပတ္တမြားကို သီရိလင်္ကာတွင်တွေ့ရှိ



သီရိလင်္ကာနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံးနဲ့ တန်ဖိုးအကြီးဆုံး နီလာပတ္တမြား အပြာရောင် တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ Blue Star Sapphire လို့ အမည်ပေးထားပြီး အလယ်မှာ ကြယ်ပုံသဣာန် အရောင်လက်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ယင်း ပတ္တမြား ဟာ ၁၄၀၄ ကာရက်ရှိပြီး စံချိန်ချိုး ထုထည်နဲ့အလေးချိန် ရှိတဲ့ ကျောက် ဖြစ်ပါတယ်။ ယင်းကျောက်ကို ဝယ်ယူလိုက်တဲ့ သူဌေးတစ်ဦးဟာ ဈေးဘယ်လောက်နဲ့ ဝယ်ခဲ့တယ်ဆိုတာကို မထုတ်ဖော်ပြောပါဘူး။ ဒါပေမယ့် သူပြန်ရောင်းမယ်ဆိုရင် လက်ရှိ ပေါက်ဈေးအားဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကနေ အမြင့်ဆုံး သန်း ၁၆၀ အထိ ရနိုင်ကြောင်း မှတ်ချက်ပေးကြ ပါတယ်။ ယင်း ကျောက်ကို လက်ရှိပိုင်ရှင်ဟာလည်း ရောင်းမှာ မဟုတ်ပါဘူး။ သီရိလင်္ကာနိုင်ငံရဲ့ အဖိုးတန် ပစ္စည်းတစ်ခုဖြစ်တာကြောင့် သူ့အနေနဲ့ ပြတိုက်တစ်ခုသို့ ပေးရန်သာ ရှိကြောင်း ဆိုပါတယ်။

ယင်း Sapphire ကို လက်ဝတ်ရတနာပစ္စည်းဖြစ်အောင် ပြုလုပ်ဖို့ရန်ကလည်း အင်မတန်ကြီးလို့နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံတောင်ပိုင်း Ratnapura မြို့မှာ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်း မြို့ဟာ သီရလင်္ကာရဲ့ အဖိုးတန် တွင်းထွက်များ အများဆုံးထွက်တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ Ratnapura ဟာလည်း ကျောက်မြတ်ရတနာများ မြို့တော်လို့ သီရိလင်္ကာ ဘာသာစကားဖြင့် ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ထို ကမ္ဘာ့အကြီးဆုံး နီလာ ပတ္တမြား အပြာရောင်ကို Star of Adam လို့အမည်ပေးထားပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

https://web.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817/1006953516014567/?type=3&theater 

လိင်စိတ်အားနည်းစေသော အစားအသောက်များ

လိင်စိတ်ဆန္ဒလျော့ပါးခြင်းမှာ စိတ်ဖိစီးမှု၊ မောပန်းအားနည်းခြင်း၊ အိပ်မပျော်ခြင်းတို့နှင့် သက်ဆိုင်သော်လည်း ကျားဟော်မုန်းနှင့် မ,ဟော်မုန်းတို့သည် အမျိုးသား၊ အမျိုးသမီးများ၏ ခန္ဓာကိုယ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်သောကြောင့် ဟော်မုန်း ဟန်ချက်မညီဖြစ်ပါက လိင်စိတ်ဆန္ဒပုံမှန်ထက် မြင့်တက်နိုင်သည် (သို့မဟုတ်) လျော့နည်းသွားနိုင်သည်။

အချို့သော အစားအသောက်များကြောင့် ဟော်မုန်းဟန် ချက်ညီမှုကို ထိခိုက်စေသည်။
သကြားဓာတ်ပါဝင်သော အချိုရည်များ ပုံမှန်သောက်လေ့ရှိ ပါက လိင်စိတ်ဆန္ဒလျော့နည်းနိုင်သည်။ ထို့ပြင် အချိုရည်များ သောက်ခြင်းကြောင့် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သည်။
အထူးသဖြင့် အမျိုးသားများ အရက်အလွန်အကျွံ သောက်ပါက လိင်စိတ်အားနည်းနိုင်ပြီး အမျိုးသမီးများလည်း ထိခိုက်မှုရှိကြောင်း သုတေသီများက ပြောသည်။

တာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ စား ခြင်းကြောင့်လည်း လိင်စိတ်ဆန္ဒလျော့နည်းနိုင်သည်။ ထို့ကြောင့် သဘာဝအစားအစာများကိုသာ စားပေးသင့်သည်။
ကျန်းမာရေးနှင့်မညီသော အဆီများပါဝင်သည့် အစားအစာများ စားခြင်းကြောင့် သွေးကြောများထဲတွင် ပိတ်ဆို့မှုများ ဖြစ်လာနိုင်သည်။ သွေးကြောများ ပိတ်ဆို့မှုကြောင့် သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပြီး လိင်စိတ်ဆန္ဒကို လျော့နည်းစေနိုင် သည်။

သကြားစားသုံးမှု ပမာဏမြင့်မားခြင်းကြောင့်လည်း လိင်စိတ် ဆန္ဒကို အားနည်းစေနိုင်သည်။
အစားအသောက်နှင့် ရေထည့်သော ပလတ်စတစ်အသုံးအဆောင်များတွင် ပါဝင်သည့် ဓာတုဗေဒဒြပ်ပေါင်းကြောင့် အမျိုးသားများရော၊ အမျိုးသမီးများပါ မျိုးအောင်နိုင်မှုကို ထိခိုက်နိုင်သည်။
စည်သွတ်အစားအစာများမှာ ပြင်ဆင်ချက်ပြုတ်ရ လွယ်ကူသော်လည်း ဆိုဒီယမ်ဓာတ်မြင့်မားစွာ ပါဝင်သောကြောင့် သွေးတိုးနိုင်ကာ ခန္ဓာကိုယ်၏ အချို့သော အစိတ်အပိုင်းများသို့ သွေးစီးဆင်းမှု လျော့နည်းပါက လိင်စိတ်ဆန္ဒလျော့နည်းနိုင်သည်။
ကော်ဖီကဲ့သို့ ကဖိန်းဓာတ်ပါဝင်သော သောက်စရာများ ကြောင့်လည်း လိင်စိတ်ဆန္ဒကို ထိခိုက်စေနိုင်သည်။
စိတ်ကျရောဂါကာကွယ်ဆေးများ၊ ဟော်မုန်းပါဝင်သော ဆေးများ၊ သန္ဓေတားဆေးများကြောင့်လည်း လိင်စိတ်ကို ကမောက်ကမ ဖြစ်စေနိုင်သည်။

အနက်ရောင် ချော့ကလက်များမှာ ကျန်းမာရေးအတွက် ကောင်းသော်လည်း ကျားဟော်မုန်းများ လျော့နည်းစေသည့် အချို့သော ချော့ကလက် အမျိုးအစားများရှိသောကြောင့် ရွေးချယ်စားသောက်သင့်သည်။
—Ref: TOI
http://www.7daydaily.com/story/54580

ငယ်ရွယ်စဉ် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အူလမ်းကြောင်း အားကောင်းစေပြီး ကျန်းမာရေး ပိုကောင်းနိုင်

ငယ်ရွယ်စဉ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အူလမ်းကြောင်းရှိ သေးငယ် သော ပိုးမွှားများကို အပြောင်းအလဲဖြစ်စေနိုင်သောကြောင့် ဦးနှောက်ပိုကောင်းပြီး တစ်သက်တာအတွင်း ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုကို အား ကောင်းစေနိုင်ကြောင်း ကော်လိုရာဒို-ဘိုလ်ဒါတက္ကသိုလ်မှ သုတေ သီများ လေ့လာတွေ့ရှိခဲ့သည်။

လူသားများ၏ အူလမ်းကြောင်းထဲတွင် သေးငယ်သော ပိုးမွှား များ ၁၀၀ ထရီလီယံကျော်ရှိပြီး ယင်းပိုးမွှားများအနက် အများအပြားသည် မွေးဖွားပြီး အချိန်တိုအတွင်း လူတို့၏ အူလမ်းကြောင်း၌ ဖြစ်ပေါ်လာကြသည်။ ယင်းသေးငယ်သော ပိုးမွှားများသည် ကိုယ်ခံ အားစနစ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပြီး တစ်ကိုယ်လုံးရှိ မျိုးဗီဇများသို့ မျိုးဗီဇငါးသန်းအထိ ထပ်တိုးဖြစ်ပေါ်လာစေနိုင်သည်။

အူလမ်းကြောင်းထဲရှိ သာမန်မျက်စိဖြင့် မမြင်နိုင်သော ဘက် တီးရီးယားများက သဘာဝအလျောက် အကာအကွယ်ဖြစ်ပေါ်စေ ပြီး ရောဂါပိုး ဝင်ရောက်မှုလျော့ပါးအောင် လုပ်ဆောင်ပေးကာ အစာချေဖျက်မှုဆိုင်ရာ အင်ဇိုင်းများ လုပ်ဆောင်ချက်ပိုမိုအားကောင်း လာစေနိုင်သည်။ ထို့အပြင် အချို့သော အူလမ်းကြောင်းဆိုင်ရာ ဘက်တီးရီးများက အာဟာရဓာတ်စုပ်ယူမှုပိုများအောင် လုပ်ဆောင်ပေး ပြီး ဇီဝဖြစ်ပျက်မှုနှင့် အူများနှင့်ဆက်စပ်သော အာရုံကြောစနစ်ဖွံ့ဖြိုး တိုးတက်မှုကို အားကောင်းအောင် လုပ်ဆောင်ပေးသည်။

လူများ၏ အူလမ်းကြောင်းဆိုင်ရာ အာရုံကြောစနစ်က ဦးနှောက်နှင့် ပြန်လည်ဆက်သွယ်သောကြောင့် စိတ်ခံစားချက်ဆိုင် ရာ ပြောင်းလဲမှုများပင် ဖြစ်ပေါ်စေနိုင်သည်။
မိခင်ဝမ်းတွင် သန္ဓေစတည်ချိန်၌ သန္ဓေသား၏ တစ်ဖက်တွင် စအိုစတင်ဖြစ်ပေါ်ပြီး နောက်မှ ပါးစပ်ဖြစ်ပေါ်သည်။ ထို့ကြောင့်စတင်ဖြစ်ပေါ်သော ပထမဆုံး အဓိကစနစ်များအနက် တစ်ခုမှာ ပါးစပ်ပေါက်နှင့် စအိုကို ဆက်သွယ်ထားသော အစာလမ်းကြောင်း ဖြစ်သည်။
ယင်းကြောင့် လူသား၏ အလုံးစုံကျန်းမာရေးအတွက် အူလမ်း ကြောင်း အရေးပါခြင်းမှာ အံ့ဩစရာမဟုတ်ပေ။

လေ့လာတွေ့ရှိချက်အရ လူသားများ၏ ဘဝတွင် စောလျင်စွာလေ့ကျင့်ခန်းလုပ်လေ အူလမ်းကြောင်းဆိုင်ရာ အကျိုးကျေးဇူးများ လေဖြစ်ပြီး ဇီဝဖြစ်စဉ်နှင့် စိတ်ကျန်းမာရေးနှစ်ခုအတွက် အကျိုးကျေးဇူးများကြောင်း သိရသည်။
—Ref: MNT
http://www.7daydaily.com/story/54641

၂၀၁၆ အယ်လ်နီညိုနှစ်ရဲ့ ရာသီဥတုအလားအလာ


သမိုင်းတစ်လျှောက် အင်အားအကောင်းဆုံး အယ်လ်နီညိုရာသီဥတုကြုံတွေ့မည့်နှစ်ဖြစ်သောကြောင့် ရေရရှိရေး၊ စိုက်ပျိုးရေး၊ကျန်းမာရေး စသောကဏ္ဍများအတွက် ပြင်ဆင်ထားရန်လိုပါသည်။ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
၂၀၁၆ ခုနှစ်ရဲ့ ပထမနှစ်ဝက်ဟာ အယ်လ်နီညိုရာသီဥတုရဲ့ ထိခိုက်မှုခံရဦးမယ့် ကာလဖြစ်ပါ တယ်။ ဒီပထမနှစ်တစ်ဝက် ကာလထဲမှာ ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီလဟာ ဆောင်းရာသီ ကာလဖြစ်ပါတယ်။ မတ်လနဲ့ဧပြီ ကတော့
နွေရာသီကာလ ဖြစ်ပါတယ်။ မေလက တော့ မိုးကြိုရာသီကာလနဲ့ အနောက်တောင် မုတ်သုံရာသီလေ ၀င်ရောက်မယ့် ကာလဖြစ်ပါတယ်။ ဇွန်လကတော့ မိုးဦးရာသီ ကာလဖြစ်ပါတယ်။

အဲဒီတော့ အယ်လ်နီညို ကြောင့် ၂၀၁၆ ခုနှစ်ရဲ့ ဆောင်းရာ သီ၊ နွေရာသီ၊ မိုးကြိုရာသီ၊ မိုးဦး ရာသီတို့အပြင် မုတ်သုံလေ၀င် ရောက်မှု၊ မုတ်သုံလေအင်အား၊ မုတ်သုံမုန်တိုင်း စတာတွေ အားလုံးအပေါ်မှာ အကျိုးသက်ရောက် မှုတွေရှိလာနိုင်ပါတယ်။
အားကောင်းတဲ့ အယ်လ်နီညို နှစ်တွေမှာ မြန်မာမှာ တွေ့ရတတ်လေ့ရှိတဲ့ ရာသီဥတုအမျိုးအစား ကတော့ ပူနွေးပြီးခြောက်သွေ့တဲ့ ရာသီဥတုအမျိုးအစား ဖြစ်ပါတယ်။ အဲဒါကြောင့် အခြေခံအနေ နဲ့ ၂၀၁၆ ခုနှစ်မှာ အပူချိန်တွေဟာ
ဖြစ်မြဲထက် ပိုမယ်။ မိုးကတော့ ရွာသွန်းမြဲအောက် လျော့မယ်လို့ ဆိုနိုင်ပါတယ်။

သောက်သုံးရေအခက်အခဲကြုံတွေ့နေရသော အညာဒေသတွင် ရေရှာဖွေနေသော ဒေသခံများ။
ဓာတ်ပုံ-ညီညီဇော်
၂၀၁၆ ခုနှစ် လက်ကျန်ဆောင်းရာသီ
၂၀၁၆ ခုနှစ်ရဲ့ ပထမနှစ်လ ဖြစ်တဲ့ ဇန်န၀ါရီနဲ့ဖေဖော်ဝါရီတွေ ဟာ ဆောင်းရာသီကာလတွေဖြစ် တယ်။ဒီနှစ်ဆောင်းရဲ့ အပူချိန် တွေဟာ ဖြစ်မြဲရဲ့အထက် ကျော် လွန်မှာဖြစ်တာကြောင့် အအေး ပေါ့တဲ့ အယ်လ်နီညိုဆောင်းဖြစ် လာပါ့မယ်။ အထူးသဖြင့် မြစ်ဝ ကျွန်းပေါ်ဒေသများ ဖြစ်ကြတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူး တိုင်းတို့အပြင် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ကမ်းရိုးတန်းဒေသ တွေမှာ ညအပူချိန်တွေဟာ ၂၀ ဒီဂရီစင်တီဂရိတ်မှ ၂၄ ဒီဂရီစင်တီ ဂရိတ်ခန့်ရှိနိုင် ပါတယ်။ ရန်ကုန်တိုင်းတောင်ပိုင်းနဲ့ မွန်ပြည်နယ် ကမ်းရိုးတန်းဒေသတွေမှာ တစ်ခါ တစ်ရံ ၂၄ ဒီဂရီစင်တီဂရိတ်မှ ၂၈ ဒီဂရီ စင်တီဂရိတ်အထိ ညအပူ ချိန်တွေ မြင့်တက်နေနိုင်ပါတယ်။ မနက်ပိုင်း အချိန်အခါတွေမှာ မြူ ကျတာ ပုံမှန်အောက် လျော့နည်း နိုင်ပါတယ်။ ဒါပေမဲ့ မတ်လထဲ ရောက်တဲ့အထိ မနက်ပိုင်းအချိန် အခါတွေမှာ မြူများ ဆိုင်းနိုင်ပါတယ်။ ဆောင်းကုန်တာ စောနိုင်တယ်။  မြန်မာနိုင်ငံမြောက်ပိုင်းစွန်း
တွေကတော့ အအေးဓာတ် ရှိနိုင်ပါတယ်။ ချင်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ညအပူချိန်တွေဟာ ၄ ဒီဂရီ စင်တီ ဂရိတ်မှ ၁၂ ဒီဂရီစင်တီဂရိတ်ခန့် အတွင်းရှိနိုင်ပါတယ်။ ကျန်ဒေသ တွေကတော့ ညအပူချိန်တွေဟာ ၁၄ ဒီဂရီစင်တီဂရိတ်မှ ၁၈ ဒီဂရီ စင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ မိုး ရွာသွန်းမှု လျော့နည်းမှုကြောင့် ရာသီဥတုက ဒီနှစ်ပိုပြီး ခြောက်သွေ့မယ်။ ဒီကာလရဲ့ အထူးသတိထားရမယ့် တစ်ခုတည်းသော သဘာဝဘေးကတော့ ရေရှားပါး မှုကြုံတွေ့ရခြင်းပဲဖြစ်ပါတယ်။ ရေရရှိမှု အခက်အခဲများ ရှိလာနိုင်ပါတယ်။ ဆောင်းသီးနှံအတွက် နှင်းအကျနည်းမှုကြောင့် မြေအစို ဓာတ်လျော့နည်းကာ ထိခိုက်မှုများ ရှိလာနိုင်ပါတယ်။
၂၀၁၆ ခုနှစ် နွေရာသီ
၂၀၁၆ ခုနှစ် မတ်လ ၁ ရက် မှ ဧပြီ ၁၅ ရက်အထိကာလဟာ နွေရာသီကာလပါ။ ၁၉၈၀ ပြည့် နှစ်များကစတင်ပြီး ကမ္ဘာကြီး ပူ နွေးလာမှုကြောင့် ကမ္ဘာ့အ ပူချိန် တွေဟာ နှစ်စဉ်တိုးနေတဲ့အထဲမှာ မြန်မာနိုင်ငံလည်း အပါအ၀င်
ဖြစ်နေပါတယ်။ ကမ္ဘာကြီးဟာ ပြီးခဲ့ တဲ့ ၂၀၁၄ ခုနှစ်တုန်းကလည်း ကမ္ဘာ့သမိုင်းမှာ  အပူဆုံးဖြစ်ခဲ့ တယ်။ အဲဒီစံချိန်ကို ၂၀၁၅ က ချိုး လိုက်ပြန်တယ်။ ဒီလိုဆို ၂၀၁၆ ကကောလို့ မေးစရာဖြစ်လာပါ တယ်။ Climate Scenario များအရ သက္ကရာဇ် ၂၁၀၀ မှာ မြန်မာနိုင်ငံ ရဲ့ အပူချိန်ဟာလက်ရှိအပူချိန်တွေ ရဲ့အထက် ၅ ဒီဂရီ စင်တီဂရိတ် တိုးလာမယ်လို့ ဗြိတိန်နိုင်ငံ Hadley Centre က ခန့်မှန်းထား တာကို IPCC က ထုတ်ပြန်ထားပါတယ်။ အဲဒီလို အခြေခံအားဖြင့်ကို အပူချိန်တွေ တိုးနေတဲ့ အထဲမှာ ၂၀၁၆ ခုနှစ်နွေဟာ အယ်လ်နီညို  ဖြစ်နေပြန်ပါတယ်။ တစ်ခါ အယ်လ်နီညို ကလည်း သမိုင်းမှာ အားအကောင်းဆုံး အယ်လ်နီညို ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ်နွေဟာ အပူရှိန်ပြင်း ထန်နိုင်တဲ့ နွေဖြစ်လာနိုင်ပါတယ်။ အပူရှိန်ပြင်းထန်တဲ့ နွေတွေဟာ ဘယ်လိုထိခိုက်မှုတွေ ဖန်တီးနိုင် ကြတယ်ဆိုတာ မကြာသေးမီ ပြီး ခဲ့တဲ့ ၂၀၁၁ ခုနှစ်က နွေကိုသတိရ နိုင်ကြပါတယ်။ အဲဒီတုန်းက အပူရှိန် ပြင်းထန်လွန်းမှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ လူအသေအပျောက်တွေ များခဲ့ကြတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီကာလမှာ ရေရှားပါးမှုပြဿနာကလည်း အမြင့်ဆုံးကို ရောက်လာနိုင်ပါတယ်။
ရေရှားပါးမှုကြောင့် စိုက်ပျိုးရေသာမက သောက်သုံးရေတွေပါ တချို့ဒေသတွေမှာ အခက်အခဲ  တွေ့ရနိုင်ဖွယ် ရှိနေပါတယ်။
၂၀၁၆ ခုနှစ် မိုးကြိုကာလရဲ့မုတ်သုံအ၀င်ကာလ
၂၀၁၆ ခုနှစ် ဧပြီ ၁၅ ရက်မှ မေလ၁၅ ရက်အထိကာလဟာ မိုးကြိုကာလ ဖြစ်ပါတယ်။ ဒီကာလ ရဲ့ ထူးခြားမှုကတော့ လေထုမငြိမ်မသက်မှုတွေဟာ မွန်းလွဲညနေ ပိုင်းတွေမှာ နေ့စဉ်လိုလို ဖြစ်တတ်ခြင်းနဲ့ မုတ်သုံလေ
မြန်မာနိုင်ငံ အရပ်ရပ်ကို စတင်ဝင်ရောက်တဲ့ ကာလလည်းဖြစ်တယ်။ အဲဒါအ ပြင် ဒီကာလဟာ မြန်မာနိုင်ငံကို မုန်တိုင်းအများဆုံး ၀င်ရောက်လေ့ရှိတဲ့ ကာလလည်း ဖြစ်တယ်။ အယ်လ်နီညိုရဲ့ အကျိုးဆက်ကတော့ မုတ်သုံလေကို အားလျော့စေပြီး မုတ်သုံဝင်ရောက်မှုကို နောက်ကျစေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိုးကြိုကာလဟာ ပိုရှည်လျားလာနိုင်ပြီး မေလကုန်အထိ ကြာသွားနိုင်တယ်။ ဒါကြောင့် မိုးတိမ်တောင်တွေ ဖြစ်ဖို့နဲ့ မုန်တိုင်းဝင်ဖို့ ကာလတွေ ပိုရှည်သွားနိုင်တဲ့အတွက် မိုးတိမ်တွေ ပိုအဖြစ်များ လာနိုင်ပေမယ့် မုန်တိုင်းဝင်ဖို့ အခွင့်အရေးအနေနဲ့ကတော့ အယ်လ်နီညိုနှစ်တွေမှာ မုန်တိုင်း ၀င်ဖို့ အလားအလာ နည်းတတ်တာကြောင့်မုန်တိုင်းအန္တရာယ် မကြီးမားနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။ မုတ်သုံအ၀င် ကတော့ သိသာပါလိမ့်မယ်။ မြန်မာနိုင်ငံတောင်ပိုင်းကို ၁၅ ရက်လောက် နောက်ကျပြီး မေလ ၂၀ ရက်လောက်မှ မုတ်သုံဝင်ပါလိမ့်မယ်။ မြစ်ဝကျွန်းပေါ် ဒေသကိုတော့ ၁၀ ရက်လောက်
နောက်ကျပြီး မေလ ၂၅ ရက် လောက် မုတ်သုံဝင် ပါလိမ့်မယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းကိုတော့ မုတ်သုံလေအ၀င် ရက်ပြောင်းလဲတာ အသိသာဆုံး ဖြစ်လာနိုင်ပါ တယ်။ မုတ်သုံလေ ၀င်ရောက်မှုကို ပီပီပြင်ပြင်မတွေ့နိုင်ဘဲ
မြောက်ပိုင်းဒေသနဲ့တွဲပြီး ဇွန်လ ၁ ရက်နေ့ မှ မုတ်သုံလေ၀င်နိုင်ပါလိမ့်မယ်။ ဒါဆိုရင် အလယ်ပိုင်းဒေသအဖို့ မုတ်သုံ ၀င်ရောက်မှု ခုနစ်ရက်ခန့် နောက်ကျတယ်လို့ဆိုနိုင်ပါတယ်။ ဆိုးတာက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဟာ မုတ်သုံအ၀င်မှာ မိုးကောင်းကောင်း ရလေ့ ရှိတာမို့ ဒီနှစ်အဖို့ မုတ်သုံလေဟာ မြန်မာ နိုင်ငံအလယ်ပိုင်းကို ခုန်ကျော်သွားမယ့် သဘောရှိနေတာကြောင့် မိုးကြိုမိုးရရှိမှု အလွန်နည်းနိုင်ပါ တယ်။ ဒါပေမဲ့ မိုးကြိုကာလမှာ မုတ်သုံ အ၀င်နောက်ကျနိုင်ပေမယ့် အနောက်လေစီးကြောင်းများ၊ ထိုင်းပင်လယ်ကွေ့အတွင်းနဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းမှ ရေငွေ့ပါတဲ့လေများတိုးဝင်မှု ကြောင့် လေထုမငြိမ်မသက်ဖြစ်မှု တွေနဲ့အတူ မိုးတိမ်တောင်များ
ဖြစ်ပေါ်နေနိုင်တယ်။ မုန်တိုင်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပေမယ့် အယ်လ်နီညိုနှစ် ဖြစ်တာကြောင့် မြန်မာနိုင်ငံဘက်ကိုဝင်ဖို့ မသေချာသေးပါဘူး။
၂၀၁၆ ခုနှစ်ရဲ့မိုးဦးကာလ
၂၀၁၆ ခုနှစ်ရဲ့ ဇွန်လဟာ မိုးဦးကာလ ဖြစ်ပါတယ်။ ဒီကာလအတွင်း မုတ်သုံလေဟာအများအား ဖြင့် အားအသင့်အတင့် ရှိနိုင်ပါ တယ်။ အစဉ်အလာအားဖြင့် တစ်လလုံး မိုးရွာလေ့ရှိပေမယ့် ဒီနှစ် မှာတော့ ဇွန်လအတွင်း မိုးလျော့ နည်းတဲ့ကာလတွေ ရှိနိုင်ပါတယ်။ ဇွန်လဟာ မြန်မာနိုင်ငံရဲ့ ပထမ ရေကြီးကာလ ဖြစ်ပေမယ့် ထူးထူးခြားခြား ရေကြီးဖို့တော့မရှိဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ မုန်တိုင်းဖြစ် ဖို့အလားအလာ၊ အရှေ့ဘက်က လေပွေလှိုင်းနဲ့ တိုင်ဖွန်း မုန်တိုင်း အကြွင်းအကျန်တွေလာဖို့ အ လားအလာအလွန်နည်းပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံအတွက် မိုး ရဖို့ အခွင့်အရေးတွေကို လျော့ နည်းကျသွားစေမှာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းကို အများဆုံး ထိခိုက်နိုင်ပါတယ်။
လက်ကျန်ကာလများအတွက် ယေဘုယျခန့်မှန်းချက်
မိုးလယ်ကာလနဲ့ မိုးနှောင်းကာလတွေမှာ မုတ်သုံလေဟာ အတက်အကျတွေ၊ အပြောင်းအလဲတွေ များနိုင်ပါတယ်။ နေရာ အားဖြင့်၊ အချိန်အားဖြင့် စုစည်း အားကောင်းမှုတွေ ရှိနိုင်ပါတယ်။ မုတ်သုံ မိုးရွာသွန်းမှု လျော့နည်း နိုင်ပြီး အပူချိန်ပိုနိုင်ပါတယ်။ ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းဖြစ်တာ လျော့နည်းနိုင်ပြီး ဖြစ်လာရင်တော့ အားကောင်း တတ်ပါတယ်။ မိုးတွင်းကာလ မုန်တိုင်းဖြစ်တာ လျော့နည်းနိုင်ပြီး မိုးလွန်ကာလများ အဖြစ်များနိုင်ပါတယ်။ စက်တင်ဘာနဲ့   အောက်တိုဘာ တတိယ ရေကြီးကာလဟာ ပိုပြီးသတိထားဖို့လိုပါတယ်။ အခါလွန်မိုး အန္တရာယ်ရှိနိုင်ပါတယ်။
၂၀၁၆ ခုနှစ်ဟာ ရာသီဥတု မျှတတဲ့နှစ်ဖြစ်ဖို့ အလားအလာ အလွန်နည်းပါတယ်။ အပူရှိန် ပြင်းထန်ခြင်း၊ မိုးနည်းခြင်း၊ မုတ်သုံ အင်အားမမှန်ခြင်း၊ မုတ်သုံအ၀င်နောက်ကျကာ အထွက်စောခြင်း၊  မုတ်သုံမိုးလေ လျော့နည်းခြင်း၊ လျှပ်တစ်ပြက် ရေကြီးမှုအန္တရာယ် ရှိခြင်း၊ မိုးလွန်ကာလတွင် မုန် တိုင်းနဲ့အတူ အခါလွန်မိုး ရွာနိုင်ခြင်း၊ တတိယ ရေကြီးကာလဖြစ်သော စက်တင်ဘာလနဲ့ အောက် တိုဘာတို့တွင် စိုးရိမ်ရေမှတ်များကို ကျော်လွန်နိုင်ခြင်း စသည့် ရာသီဥတု   ဖောက်ပြန်မှုများကြောင့် စိုက်ပျိုးရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်ဖို့ လိုသလို အပူရှိန်ပြင်းထန်ခြင်း၊  ရေရှားပါးခြင်း စသည့် သဘာဝဘေးများကြောင့် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ရေရရှိ ရေး စသည့် ကဏ္ဍများ အတွက်လည်း ကြိုတင် ဆောင်ရွက်မှုများနဲ့ အကြံပြုချက်များကို သက်ဆိုင်ရာ ဌာနပေါင်းစုံက လုပ်ငန်းစီမံချက်များ ပြုလုပ်ထားကြရန် လိုအပ်နေပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
http://www.7daydaily.com/story/54940
Related Posts Plugin for WordPress, Blogger...