စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လိုချင်တာရအောင်ယူ


အဆိုအမိန့်လေးတစ်ခု ဖတ်ဖူးပါတယ်…
“လိုချင်တာကို ရအောင်ယူပါ
လိုချင်တာကို ရအောင်မယူနိုင်တဲ့သူဟာ
ရထားတာတွေ ဆုံးရှုံးတတ်တယ်…”

တကယ့်ကို အနှစ်သာရရှိတဲ့စာသားလေးပါပဲ… ကျွန်တော်တို့လူသားတွေမှာ လိုအင်ဆန္ဒတွေကိုယ်စီရှိကြပါတယ်… ဖြစ်ချင်တဲ့ဆန္ဒ… မက်ခဲ့တဲ့အိပ်မက်… ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်… ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖော်ပြကြပေမဲ့ လိုရင်းကတော့ လိုအင်ဆန္ဒလို့ပဲ ဆိုရပါမယ်…

လိုအင်ဆန္ဒဆိုတာကလည်း အမျိုးမျိုးပါပဲ… ဆင်းရဲတဲ့သူကချမ်းသာချင်တယ်… နိမ့်ကျတဲ့သူကတိုးတက်အောင်မြင်ချင်တယ်… ချမ်းသာတဲ့သူကလည်း ထင်ရှားကျော်ကြားချင်တယ်… ထင်ရှားကျော်ကြားတဲ့သူကလည်း ချမ်းသာချင်မယ်… သြဇာအာဏာရှိချင်မယ်… ကိုယ်ချစ်ခင်နှစ်သက်တဲ့သူတွေနဲ့ တူတူနေချင်ကြမယ်… လူငယ်လူရွယ်တွေက ပညာထူးချွန်ချင်တယ်… စူးစမ်းသိမြင်ချင်မယ်… လိုအင်ဆန္ဒတွေဟာ ပြင်းပြမှုအမျိုးမျိုးနဲ့ ကျွန်တော်တို့စိတ်ထဲမှာ နေရာယူထားတတ်ပါတယ်…

ဘဝမှာ တိုးတက်အောင်မြင်ချင်တယ်ဆိုရင်တော့ ရည်မှန်းချက်တွေ ဝေဝါးတွေဝေနေလို့မရပါဘူး… တစ်နည်းအားဖြင့် လိုအင်ဆန္ဒအသေးလေးတွေကို အလိုလိုက်လို့မရပါဘူး… ကိုယ်တကယ်အဖြစ်ချင်ဆုံး အရချင်ဆုံး လိုအင်ဆန္ဒကို အဓိကထားဖြည့်ဆည်းရပါမယ်… အဲ့ဒီအတွက် လိုအင်ဆန္ဒအသေးလေးတွေကို စွန့်လွှတ်ကောင်းစွန့်လွှတ်ရပါလိမ့်မယ်… ဒီလိုဖြည့်ဆည်းရင်း တစ်ချို့လိုအင်ဆန္ဒအသေးလေးတွေလည်း အလိုလိုပြည့်ဝလာကောင်းပြည့်ဝလာပါလိမ့်မယ်…

ဥပမာ စာမေးပွဲမှာ ထူးထူးချွန်ချွန်အောင်မြင်ချင်တဲ့ ကျောင်းသားဟာ ရုပ်ရှင်ကြည့်ချင်တဲ့ ဆန္ဒ.. အိပ်ရာကမထချင်တဲ့ဆန္ဒတွေကို ချိုးနှိမ်ပယ်ဖျောက်ရပါမယ်… မူလရည်မှန်းချက်ဖြစ်တဲ့ ထူးထူးချွန်ချွန်အောင်မြင်ဖို့ တစိုက်မတ်မတ်ကြိုးစားရင်း တခြားသူတွေရဲ့ အထင်ကြီးအားကျမှု.. အားကိုးယုံကြည်မှုတွေကိုလည်း ရလာနိုင်ပါတယ်… ကိုယ့်ကိုယ်ယုံကြည်မှုလည်း ပိုလာနိုင်ပါတယ်… ဒါတွေဟာ လူငယ်တိုင်းမှာ ရှိနေတတ်တဲ့ ဆန္ဒအသေးလေးတွေ ပြည့်ဝလာတာလည်းဖြစ်ပါတယ်…

တစ်ခုခုကို ဖြစ်ချင်ပြီ ရချင်ပြီ လိုချင်ပြီဆိုရင်တော့ မရရအောင် ကြိုးစားရပါမယ်… မဖြစ်နိုင်တာတွေကိုတွေးနေမယ်… အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲနေမယ်ဆိုရင်တော့ လိုချင်တာမရနိုင်တဲ့အပြင် ရထားတာတွေကိုပါ ဆုံးရှုံးသွားနိုင်ပါတယ်… ခုနက ဥပမာကို ပြန်သွားရင် ထူးထူးချွန်ချွန်အောင်မြင်ချင်ပေမဲ့ ဒီကျောင်းသားက သူ့ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ မကြိုးစားဘူးဆိုပါစို့… ပုံမှန်စာမကျက်တဲ့အတွက် စာကြွေးတွေပိုလာမယ်… မေးလိုက်တိုင်းစာမရတဲ့အတွက် ဆရာဆရာမတွေနဲ့ သူငယ်ချင်းတွေရဲ့ အထင်သေးမှုကိုခံရမယ်… ကိုယ့်ကိုယုံကြည်မှုလည်း လျော့ကျသွားတဲ့အတွက် မူလရှိပြီးသား ဥာဏ်ရည်ဥာဏ်သွေးလေးတွေ တဖြည်းဖြည်းမှေးမှိန်သွားမှာဖြစ်ပါတယ်… ရှေ့ဆက်မတိုးတဲ့သူဟာ မူလနေရာမှာ ဆက်ပြီးရပ်တည်နိုင်ဖို့မလွယ်ပါဘူး… တဖြည်းဖြည်းနောက်ကိုရွေ့သွားမှာသေချာပါတယ်…

လူမှုစီးပွားဝန်းကျင်တွေမှာလည်း ဒီသဘောပါပဲ… တစ်စုံတစ်ခုကို ဖြစ်ချင်ရချင်ပြီဆိုရင် ရယူအောင်မြင်ဖို့ မဖြစ်မနေကြိုးစားဖို့လိုပါမယ်… လိုအင်ဆန္ဒတွေ ရည်မှန်းချက်တွေဆိုတာ စိတ်ကူးယဉ်နေဖို့ အိပ်မက်မက်နေဖို့သက်သက်မဟုတ်ပါဘူး… အကောင်အထည်ဖော်ဖြည့်ဆည်းရမယ့် အရာဖြစ်ပါတယ်… ပြိုင်ဆိုင်မှုတွေ အဘက်ဘက်ကများပြားပြင်းထန်နေတဲ့ ဒီနေ့ခေတ်မှာ ပိုသိသာပါတယ်… တွေဝေစဉ်းစားနေတဲ့အချိန်မှာ ဘဝရဲ့အဆင့်အတန်းက အများကြီးကွားခြားသွားနိုင်ပါတယ်…

ဘဝဆိုတာ ပြေးပွဲတစ်ပွဲကြီးလို့ဆိုကြပါစို့… ပြိုင်ပွဲဝင်တစ်ချို့ရဲ့ရည်မှန်းချက်က ထိပ်ဆုံးကပန်းဝင်ဖို့ဖြစ်ပါတယ်… အဲ့ဒီလူတွေဟာ ထိပ်ဆုံးကဝင်နိုင်ဖို့ ကြိုးစားအားထုတ်ရပါမယ်… မိမိစိတ်ဆန္ဒပြင်းပြမှုနဲ့ ကြိုးစားအားထုတ်မှုအပေါ်မူတည်ပြီး တစ်စုံတစ်ယောက်တော့ ပထမနေရာကိုရပါလိမ့်မယ်… ကြိုးစားအားထုတ်မှုလို့ဆိုရာမှာလည်း ဒီပြိုင်ပွဲတစ်ခုထဲမှာတင်မဟုတ်ဘဲ ပြိုင်ပွဲမဝင်ခင် အထပ်ထပ်အခါခါလေ့ကျင့်ထားမှုတွေကလည်း အကျုံးဝင်ပါတယ်… ဒါဟာလိုချင်တာကိုရအောင်ယူဖို့ လုပ်ဆောင်ချက်တွေပါပဲ… တစ်ချို့ကတော့ ပထမနေရာတော့ရချင်တယ်… ရနိုင်တဲ့ စွမ်းဆောင်ရည်လည်းရှိတယ်… ဒါပေမဲ့ ကြိုတင်ပြင်ဆင်မှု ကြိုးစားအားထုတ်မှု တစ်ပိုင်းပိုင်းမှာ လျှော့ချမိလိုက်မယ်… ဒါဆိုရင် ပထမနေရာမရနိုင်ရုံတင်မကဘူး တခြားသူတွေရဲ့ ကျော်ဖြတ်တက်ခြင်းကိုပါခံရမှာဖြစ်ပါတယ်… အလယ်အလတ်က ပန်းဝင်ချင်တဲ့သူတွေကလည်း အလယ်အလတ်ကပန်းဝင်နိုင်လောက်အောင် ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်…

နောက်တစ်နည်းကြည့်မယ်ဆိုရင် သင်က သင့်မိန်းကလေးသူငယ်ချင်းတစ်ယောက်အပေါ် တိတ်တခိုးချစ်နေတယ်ဆိုပါစို့… သင့်လိုအင်ဆန္ဒက သူမရဲ့ မေတ္တာကိုရဖို့ဖြစ်ပါတယ်… သင်လိုချင်တဲ့အတိုင်းဖြစ်လာဖို့ သင့်အနေနဲ့ကြိုးစားရပါမယ်… သင့်မေတ္တာကိုမြင်အောင်ပြမယ်… သူ့ကိုမေတ္တာရှိကြောင်း ဖော်ပြမယ်… သူ့အတွက် လိုအပ်တာတွေကို ဖြည့်ဆည်းပေးမယ်… သင့်အပေါ်မေတ္တာရှိလာနိုင်မယ့်နည်းလမ်းအားလုံးကို သုံးပြီးသင်ကြိုးစားရပါလိမ့်မယ်… သင့်မေတ္တာကိုအကြောင်းတစ်ခုခုကြောင့် မတုံ့ပြန်နိုင်ရင်တောင် သင်ဟာသူ့ဘဝအတွက်အကောင်းဆုံးလူတစ်ယောက်ဆိုတာကို အသိအမှတ်ပြုခံရပါလိမ့်မယ်… အဲ့ဒီလိုမျိုးကြိုးစားအားထုတ်မှုလည်း မလုပ်ခဲ့ဘူး… သင့်ဘာသာတိတ်တခိုးလေးနဲ့ ကျေနပ်နေမယ်ဆိုရင် သာမန်အားဖြင့် သူငယ်ချင်းဆိုတဲ့သင့်နေရာလေးမှာ သင်ရပ်နေမိသလိုပါပဲ… ဒါပေမဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူမအတွက်သင့်တော်တဲ့သူတစ်ယောက်ကိုတွေ့သွားမယ်… အဲ့ဒီလို ချစ်သူရည်းစားနဲ့ယှဉ်လိုက်တဲ့အခါ သူငယ်ချင်းဆိုတာ အရေးပါးမှုတော်တော်နည်းသွားပါပြီ… ဒီလိုနဲ့ တဖြည်းဖြည်းစိတ်ချင်းလူချင်းဝေးသွားကြပါမယ်… ဒါကလည်း ရထားတဲ့အခြေအနေတစ်ရပ် ဆုံးရှုံးသွားတာပါပဲ…

ဥပမာတွေထပ်ပေးနေရင်တော့ ပေးလို့ကိုဆုံးနိုင်တော့မှာမဟုတ်ပါဘူး… နေ့စဉ်လူမှုဘဝဝန်းကျင်မှာ သတိထားကြည့်လိုက်ရင် ဒီလိုအဖြစ်မျိုးတွေကို တွေ့မြင်နိုင်ပါတယ်… တစ်ခုခုကိုဖြစ်ချင်ရချင်တဲ့ ဆန္ဒရှိတဲ့အခါ မိမိဆန္ဒရဲ့ အတိမ်အနက်ကို ခန့်မှန်းချင့်တွက်ရပါမယ်… တကယ်ဖြစ်ချင်သလား… ဖြစ်သင့်သလား… တခြားအရာတွေနဲ့ နှိုင်းယှဉ်ရင် တကယ်အရေးကြီးသလား… စသဖြင့် မိမိဆန္ဒရဲ့ အရေးပါမှုကို ဖော်ထုတ်ရပါမယ်… သေချာပြီဆိုတဲ့အခါ ဒီဆန္ဒကိုဖြည့်ဆည်းနိုင်မယ့်နည်းလမ်းတွေကို ရွေးချယ်ရပါမယ်… တစိုက်မတ်မတ်နဲ့ ဖြည့်ဆည်းကြိုးပမ်းရပါမယ်… ဒါမှသာ သင်ဖြစ်ချင်ရချင်တဲ့ ဘဝမျိုး အခြေအနေမျိုးကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်…

တစ်ခုခုကိုလိုချင်တဲ့အခါ ရပ်တန့်မနေပါနဲ့… ရယူနိုင်ဖို့ကြိုးစားပါ… အကြောင်းတစ်ခုခုကြောင့် လိုချင်တာကိုမရနိုင်ခဲ့ရင်တောင် ကြိုးစားမှုရဲ့အကျိုးရလဒ်တစ်ခုခုကို သင်လက်တွေ့ခံစားရပါလိမ့်မယ်… တွေဝေလေးဖင့်နေမယ်ဆိုရင်တော့ လက်ရှိအခြေအနေ အခွင့်အရေးတွေကိုတောင် သင်ဆုံးရှုံးသွားနိုင်ပါတယ်…

ကိုယ့်ကို သတိပေးစေ့ဆော်တဲ့အနေနဲ့ အဆိုအမိန့်လေးကို ထပ်ရွတ်ကြည့်လိုက်ကြရအောင်…
“လိုချင်တာကို ရအောင်ယူပါ
လိုချင်တာကို ရအောင်မယူနိုင်တဲ့သူဟာ
ရထားတာတွေ ဆုံးရှုံးတတ်တယ်…”

နှိုင်းရင့်နွေ
http://www.searchmyanmar.com/link/comment/cid/54316

သင့် ဦးနှောက် စွမ်းအားကို မြှင့်တင် ပေးမည့် အစားအစာ ၆ မျိုး




ဦးနှောက်က ကိုယ်ထဲမှာ ရှိတဲ့ လုပ်ဆောင်မှု တွေအားလုံးကို ထိန်းချုပ်ရပါတယ်။ မှတ်ရသားရတဲ့ ကိစ္စတွေမှာလည်း ဦးနှောက်က ပါရပြန်ပါတယ်။ ဒါပေမဲ့ ဦးနှောက်ကို အရေးစိုက်ရမှာ ကို လူတွေကမေ့နေတတ်ပါတယ်။

၁။ ဟင်းနုနွယ်
ဟင်းနုနွယ် က အာရုံကြော ဆဲလ်တွေကို အားပေးပြီး ဦးနှောက် ရဲ့ နှစ်ဖက်စလုံးကို အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် အာရုံကြော အားနည်းသူတွေ ဟင်းနုနွယ် စားသင့်ပါတယ်။

၂။ ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးမှာ proanthocyanidins လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ဒီဓာတ်က ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ချို့ကို စွမ်းအင်ပေးပါတယ်။ ဒီဓာတ်ဟာ ဗိုက်တာမင် စီ နဲ့ အီးထက် ကိုယ်ခံစွမ်းအား ပိုမို တိုးမြင့်စေနိုင်ပါတယ်။ ဘလူးဘယ်ရီဟာ အသက်အရွယ်ရပြီး ဖြစ်လာတတ်တဲ့ မှတ်ဥာဏ်ချို့ယွင်းမှု ကို တောင်ကာကွယ်တားဆီးနိုင်ပါတယ်။

၃။ စပျစ်သီး
စပျစ်သီးမှာ လည်းဦးနှောက်အတွက် အာဟာရဓာတ်တွေ လုံလုံလောက်လောက်ပါဝင်ပြီး အယ်လ်ဇိုင်းမားရောဂါကို တောင်ကာကွယ်နိုင်ပါတယ်။

၎။ အိုမီဂါသရီး ငါးကြီးဆီ
ဦးနှောက်ကို အဆီ ၆၀ % နဲ့ဖွဲ့စည်းထားပြီး ဦးနှောက်အတွင်း ပိုင်းရောင်ရမ်းမှုတွေကို လျှော့ချဖို့အတွက်လည်း အဆီ တွေလိုအပ်ပါတယ်။ အိုမီဂါသရီး ငါးကြီးဆီက ဦးနှောက်အတွင်းမှာ သွေးလည်ပတ်မှုကို တိုးမြှင့်ကောင်းမွန်စေပါတယ်။

၅။ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ မှတ်ဥာဏ်စွမ်းအားမြင့်မား စေမဲ့ lycopene ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ခရမ်းချဉ်သီးကို နေ့တိုင်းစားသုံးတဲ့ သူတွေဟာ မှတ်ဥာဏ်စွမ်းအား ပိုကောင်းလေ့ရှိပါတယ်။ ဖရဲသီးမှာလည်း lycopene အများကြီး ပါပါတယ်။

၆။ လက်ဖက်ရည်ကြမ်း
နေ့တိုင်း လက်ဖက်ရည်ကြမ်း ၂ ခွက်လောက်သောက် တဲ့ သူတွေက ပါကင်ဆန်ရောဂါ ဖြစ်ပွားတာ ကနေတားဆီးပေးနိုင်ပါတယ်။ အစိမ်းရောင် လက်ဖက်ရည်ကြမ်း နေ့တိုင်းသောက် ရင် လေဖြတ်တာ ကိုတောင် တားဆီးနိုင်ပါတယ်။
 

ကလေးကို ကျရှုံးတဲ့အခွင့်အရေးပေးပါ


အင်္ဂလန်ကိုအလည်သွားတော့ အမျိုးသားရဲ့မိတ်ဆွေတစ်ဦးအိမ်မှာ ကျွန်မတို့တည်းဖြစ်ခဲ့ကြတယ်။ အမျိုးသားရဲ့မိတ်ဆွေက ချာလီလို့ခေါ်ပါတယ်။ အရင်က တရုတ်ကုမ္ပဏီတစ်ခုမှာ အမျိုးသားနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ ချာလီရော သူ့အမျိုးသမီးကက်သရင်းပါ ကျွန်မတို့ကို ဖော်ဖော်ရွေရွေကြိုဆိုကြတယ်။ ချာလီတို့ဇနီးမောင်နှံမှာ အသက်(၇)နှစ်အရွယ် သားလေးတစ်ယောက်ရှိပါတယ်။ ကောင်လေးက တစ်ခေါင်းလုံးရွှေဝါရောင်ဆံနွှယ်ရှိပြီး သွက်လက်ချက်ချာပါတယ်။ တရုတ်စကားကို အနည်းအကျဉ်းတတ်ပါတယ်။ ချာလီတို့အိမ်မှာ ကျွန်မတို့တည်းခဲ့တဲ့ရက်အတောအတွင်း သူတို့ဇနီးမောင်နှံရဲ့ သားအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတစ်မျိုးက ကျွန်မတို့ကို နက်နဲတဲ့တွေးတောဆင်ခြင်မှုတွေပေးခဲ့ပါတယ်။

အင်္ဂလိပ်လူမျိုးတွေရဲ့ သားသမီးအပေါ်သွန်သင်ဆုံးမမှုတွေက ကျွန်မတို့နဲ့မတူကြောင်းကို ချာလီတို့အိမ်ရောက်သွားတဲ့ ပထမနေ့မှာပဲ ကျွန်မသတိထားခဲ့မိပါတယ်။ အဲဒီနေ့က ညစာစားပြီးချိန်မှာ ကက်သရင်းကို ကျွန်မအိမ်မှုကိစ္စကူလုပ်ပါတယ်။ ဒါကို ချာလီတို့က ဒီအလုပ်တွေ ကျွန်မလုပ်စရာမလိုဘူးလို့ တားပါတယ်။ ဒါဟာ အင်္ဂလိပ်လူမျိုးတွေက ကျွန်မတို့လိုပဲ အားနာတတ်လို့ဖြစ်မယ်လို့ ကျွန်မထင်မိပါတယ်။ ဒါပေမယ့် ကျွန်မအထင်ရော အမြင်ပါလွဲသွားခဲ့ပါတယ်။ ဒီအလုပ်က သူတို့ရဲ့သားလုပ်ရမယ့်အလုပ်ဆိုတာကို ကျွန်မတအံ့တသြသိလိုက်ရပါတယ်။

“သူ ဒီလောက်ငယ်တာ ဒီအလုပ်တွေ သူလုပ်နိုင်ပါ့မလား”လို့ ကျွန်မထူးဆန်းစွာမေးတော့ ကက်သရင်းကရယ်ပြီး “မအံ့သြပါနဲ့… သားလေး ၂နှစ်အရွယ်လောက်ကတည်းက ပန်းကန်ဆေးနေခဲ့ပါပြီ။ ဒီအလုပ်က သူ့အတွက် ဘာမှမဖြစ်စလောက်လေးပါ” လို့ဆိုတယ်။

“ဘုရားရေ… ၂နှစ်အရွယ်ကလေးက ဒါတွေကိုလုပ်နိုင်တယ်” လို့ ကျွန်မလွှတ်ခနဲပြောလိုက်မိပါတယ်။

“ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ” ကျွန်မတအံ့တသြဖြစ်နေတဲ့ပုံကို ကက်သရင်းက ထူးဆန်းသလိုပြန်ကြည့်ရင်း ပြောပါတယ်။

နံဘေးမှာရပ်နေတဲ့ချာလီက ကျွန်မကိုရှင်းပြပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ သား ပန်းကန်မဆေးနိုင်သေးတာကို သူသိပေမယ့် သားကို သူစမ်းသပ်ခွင့်ပေးလိုက်ပါတယ်။ အဲဒီတုန်းက သားဟာ ပန်းကန်ဆေးရင်း တစ်ကိုယ်လုံးရွဲရွဲစိုစေခဲ့တဲ့အပြင် ပန်းကန်တွေပါ လုပ်ခွဲခဲ့ပါတယ်။ စိတ်ပျက်လက်ပျက်နဲ့ သားကငိုတော့ ချာလီက သားကို ကိုယ်တိုင်ရေချိုးပေးပြီး အဝတ်အစားတွေလဲပေးလိုက်တယ်။ ပြီးတော့ ပန်းကန်ကိုဘယ်လိုဆေးရမယ်၊ အဝတ်စနဲ့ ဘယ်လိုခြောက်အောင်သုတ်ရမယ်ဆိုတာကို ချာလီကိုယ်တိုင်လုပ်ပြခဲ့ပါတယ်။ ဒီလိုနဲ့ သားပန်းကန်ဆေးတတ်သွားခဲ့ပါတယ်။ ချာလီရဲ့အတွေးက ရှင်းရှင်းလေးပါ။ ကလေးကို ကျရှုံးတဲ့အခွင့်အရေးပေးရမယ်၊ ကျရှုံးမှုနဲ့ရင်ဆိုင်ရချိန် အောင်မြင်မှုရရှိတဲ့အထိ အမှားတွေကိုအကြိမ်ကြိမ်ပြုပြင်ရမယ်၊ ဒါဟာ တတ်ကျွမ်းမှုကို ထိန်းချုပ်ဖမ်းဆုပ်တတ်ဖို့ ကလေးတွေကို သင်ပြပေးနေတာနဲ့တစ်ပြိုင်နက် လူ့ဘဝရဲ့စိတ်နေစိတ်ထားတစ်ခုကိုပါ သင်ပြပေးနေတာဖြစ်ပါတယ်။

“ကလေးကို ကျရှုံးတဲ့အခွင့်အရေးပေးပါ” ချာလီတို့ဇနီးမောင်နှံရဲ့ ကလေးအပေါ်သွန်သင်မှုက ကျွန်မကိုတုန်လှုပ်စေခဲ့ပါတယ်။ အချိန်တော်တော်များများက ကျွန်မတို့က စိတ်ရှည်သည်းခံလိုစိတ်နည်းခဲ့ကြတယ်။ ကလေးကိုပေးလုပ်မယ့်အစား ကိုယ်တိုင်ပဲထလုပ်မယ်လို့ပဲ တွေးကြတယ်။ သတ္တိရှိရှိ ကလေးကိုလက်လွတ်ပြီး စမ်းသပ်ခိုင်းရဲရမယ်၊ ဘေးအန္တရာယ်မဖြစ်အောင် ကလေးတွေငယ်စဉ်ကတည်းက သင်ယူရမယ်ဆိုတာကို မိဘတော်တော်များများလျစ်လျူရှုခဲ့မိကြပါတယ်။ ကလေးတွေက ကျွန်မတို့ရဲ့မျက်စိအောက်မှာ အမြဲရှိနေကြတာမဟုတ်ပါဘူး။ ရေနွေးပူလောင်တာ၊ ကတ်ကြေးနဲ့ညှပ်မိတာမျိုးက နေ့စဉ်လူနေမှုမှာ အမြဲကြုံတွေ့ရတဲ့ ဘေးအန္တရာယ်တွေဖြစ်ပါတယ်။

ချာလီတို့အိမ်မှာ ကျွန်မတို့နေလာခဲ့တဲ့ရက်အတောအတွင်း သူတို့ရဲ့သားလေးဟာ ဘာမဆိုကိုယ်တိုင်လုပ်၊ ကိုယ့်အားကိုယ်ကိုးတာကိုပဲ တွေ့ခဲ့ရပါတယ်။ နေ့တိုင်း သူကိုယ်တိုင်နိုးစက်လုပ်ပြီး အိပ်ရာထတယ်၊ သူကိုယ်တိုင် နွားနို့ထည့် ကြက်ဥကြော်တယ်၊ အားလုံးပြင်ဆင်ပြီးရင် သူကိုယ်တိုင် ကျောင်းကားမှတ်တိုင်မှာ ကျောင်းကားအလာကိုသွားစောင့်တယ်။ ဒါတင်မက အိမ်မှာ ရေပိုက်ပျက်တာ၊ မီးသီးကျွမ်းတာတွေကို သူကိုယ်တိုင်ပြင်နိုင်ခဲ့ပါတယ်။ ကားပြင်တာကိုတောင် သူအချက်အလက်ကျကျပြောနိုင်ခဲ့ပါတယ်။

ချာလီတို့ရဲ့သားနဲ့နှိုင်းယှဉ်ကြည့်ရင် ကျွန်မသားရဲ့ ဘဝနေထိုင်မှုစွမ်းရည်က အဖက်ဖက်မှာ အရမ်းကွဲပြားခြားနားတာကို တွေ့လိုက်မိတယ်။ ခါတိုင်းအချိန်တွေမှာ သားက စမ်းသပ်လုပ်ကြည့်ချင်တယ်ဆိုရင်တောင် တခြားမိဘအများတွေလိုပဲ ကျွန်မတို့က သူမလုပ်နိုင်မှာကို စိုးရိမ်မိတတ်ခဲ့ကြတယ်။

ကလေးကို ကျရှုံးတဲ့အခွင့်အရေးမပေးရင် ကြီးပြင်းဖို့ကို သူဘယ်လိုသင်ယူနိုင်မှာလဲ။

အင်္ဂလန်က မိတ်ဆွေမိသားစုဆီကနေ ကလေးသွန်သင်ဆုံးမနည်းကို ကျွန်မသင်ယူနိုင်ခဲ့ရုံမက အရင်တုန်းက သားကို ကျွန်မသွန်သင်ဆုံးမခဲ့တဲ့တာတွေကိုလည်း တွေးတောဆင်ခြင်စရာရခဲ့ပါတယ်။ ကျွန်မတို့က အိမ်မှုကိစ္စလုပ်ရတာ မောလိုက်တာလို့ အမြဲငြီးတွားခဲ့ကြပါတယ်။ ဒါဟာ ကလေးတွေစမ်းသပ်လုပ်ဆောင်ချင်တဲ့ အခွင့်အရေးတော်တော်များများကို ကျွန်မတို့ တားမြစ်ပိတ်ပင်ခဲ့ကြလို့ပဲလား….



နိုင်းနိုင်းစနေ (The Chic မဂ္ဂဇင်း စက်တင်ဘာ)
http://www.searchmyanmar.com/link/comment/cid/54313

ကိုရီးယားစုံတွဲတစ်တွဲရဲ့ အံသြဖွယ် ခန္ဓာကိုယ်ပြောင်းလဲမှု



ခန္ဓာကိုယ်လှပလိုချင်သူတိုင်းဟာ Gym ကိုသွားကာ အပင်ပန်းခံကာ
လေ့ကျင့်ကြပါတယ်။ ဒါပေမယ့် သူတို့လိုချင်တဲ့ ခန္ဓာကိုယ်ကို ရဖို့ အတွက်တော့ အနည်းဆုံး နှစ်ချီပြီးလေ့ကျင့်ရပါတယ်။ အခု ကိုရီးယားက စုံတွဲကတော့ ဒီလိုခန္ဓာကိုယ်ကို ၅ လ တည်းနဲ့ လေ့ကျင့်ရရှိခဲ့တာကြောင့် ကိုရီးယားမှာ ရေပန်းစားလျက်ရှိပါတယ်။

အနည်းငယ်ဝနေတဲ့ Song Jin Yoo နဲ့ Shin Ji Hoo တို့စုံတွဲဟာ လွန်ခဲ့
တဲ့ ၅ လ လောက်က သူတို့ဆီမှာပိုနေတဲ့ အဆီတွေကို လျော့ဖို့ Gym အတူတကွ ကစားခဲ့ကြပါတယ်။ နေ့တိုင်း အေရိုးဗစ်လေ့ကျင့်ခန်း နဲ့ အ
လေးမလေ့ကျင့်ခန်းများကို ၁ နာရီ ခွဲကြာ နှစ်ကြိမ် ပြုလုပ်လေ့ရှိပါတယ်။

 ဒီလိုလေ့ကျင့်ခန်းပြုလုပ်စဉ် နေ့တိုင်းမှာ သူတို့ဟာ ကြက်ရင်ဘုံသား ၁၅၀ ဂရမ်၊ အာလူး ၁၂၀ ဂရမ်၊ မက်မွန်သီး၊ ချယ်ရီခရမ်းချဉ်သီး၊ ကြက်ဥ ၃ လုံး (သို့) ၄ လုံး တို့အပြင် အသီးအရွက်တွေကိုလည်း စားလေ့ရှိတယ်လို့ ဆိုပါတယ်။

သူတို့ဟာ သူတို့ရဲ့လေ့ကျင့်ခန်း ရလဒ်တွေကို မကြာခဏ အွန်လိုင်းပေါ် တင်လေ့ရှိပါတယ်။ အစတုန်းက မသိမသာရှိနေပေမယ့် ၅ လ ကြာပြီး
လေ့ကျင့်ခန်း မလုပ်ခင်က ပုံနဲ့ လုပ်ပြီး ပုံကို နှိုင်းယှဉ်ပြလိုက်တဲ့အခါမှာ
တော့ အားလုံးမင်သက်ကုန်ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ selfie စုံတွဲပုံတွေကို ကြည့်ခြင်းအားဖြင့် မည်သူမဆို စိတ်ပါဝင်စားစွာ တကယ် ကြိုးစားလေ့ကျင့်ပါက လိုချင်တာကို ရနိုင်ကြောင်း ဖော်ပြနေသလိုပါပဲ။

https://www.facebook.com/ayesaycommm/posts/455465831292194

သင့်ကလေး အနိုင်ကျင့်ခံနေရပြီဆိုတာ သိတာနဲ့ မိဘတွေအနေနဲ့ ချက်ချင်း လုပ်ဆောင်သင့်တဲ့ အချက် (၃)ချက်


ကလေးတိုင်း အနိုင်ကျင့်တာ ခံဖူးကြပါတယ်။ ကလေးတိုင်းက သူတို့ရဲ့ကြောက်စိတ်၊ အားငယ်စိတ်တွေကြောင့် အနိုင်ကျင့်ခံရတတ်ပါတယ်။ ဒါမှမဟုတ်ရင် သူတို့ ကိုယ်တိုင်က အနိုင်ကျင့်မခံရအောင် အနိုင်ကျင့်တတ်တဲ့ လူနဲ့ပေါင်းပြီး အပေါ်စီး အနိုင်ယူမယ်ဆိုတဲ့ ရပ်တည်ချက်တွေနဲ့ အခြားကလေးတွေကို အနိုင်ကျင့်တတ်ကြပါတယ်။

အနိုင်ကျင့်တယ်ဆိုတာကို ဘာကိုဆိုလိုတာလဲ။ တစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့လိုက်အနေနဲ့ အခြားတစ်ဦး တစ်ယောက်ကို ကိုယ်ထိလက်ရောက်နှောင့်ယှက်ခြင်း၊ စကားနဲ့နှောင့်ယှက်ခြင်း၊ စိတ်ဒဏ်ရာရအောင် စော်ကားနှောင့်ယှက်ခြင်း စတဲ့ လုပ်ရပ်အားလုံးကို ဆိုလိုတာပါ။ ကျားပေါက်စနှစ်ကောင် လုံးထွေးသတ်ပုတ်နေတဲ့ အမူအရာကို ချစ်စရာကောင်းတယ်လို့ ထင်ကြတယ်။ တကယ်တမ်းက အနိုင်ရဖို့အတွက် အခြားတစ်ယောက်ကို နာကျင်အောင်လုပ်ပြီး အနိုင်ကျင့်ခြင်းနဲ့ တူပါတယ်။ အနိုင်ယူတဲ့စိတ်က ဘ၀မှာပြဿနာမျိုးစုံနဲ့ အခြားလူတွေကို အနိုင်ကျင့်လာတတ်ကြပါတယ်။

စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းဟာ အုပ်စုထဲမှာဖြစ်စေ ကျောင်းမှာဖြစ်စေ အသင်းအဖွဲ့မှာဖြစ်စေ မိသားစုထဲမှာဖြစ်စေ ဓလေ့တစ်ခုဖြစ်ပါတယ်။ ဥပမာပေးရမယ့်ဆိုရင်ဖြင့် ပညာရေး အသင်းအဖွဲ့များ၊ ကလပ်အဖွဲ့များနဲ့ အတတ်ပညာပိုင်းဆွေးနွေးကြတဲ့ အဖွဲ့တွေမှာ အဖြစ်များပါတယ်။ တစ်ဖွဲ့လုံးကနေပြီးတော့ စနောက်ပြီး စကားနိုင်လုယူဖို့အတွက် အပြည့်အ၀ထောက်ခံမယ် ဆိုရင်တော့ အဖွဲ့ထဲမှာ ရပ်တည်ဖို့ရန် လူတိုင်းအတွက် ပိုပြီးခက်ခဲပါတယ်။

ဒါကြောင့် ကျောင်းအတွင်း ကလေးတိုင်းကို ရမ်းကားစနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းကို တားဆီးဖို့နည်းလမ်းများကို သုတေသနပညာရှင်တွေနဲ့ စာရေးဆရာတွေက ထောက်ပြထားပါတယ်။ သူတို့ရဲ့ကြိုးစားမှုက အရာထင်ပေမယ့် တားဆီးဖို့ နည်းလမ်းတွေကိုတော့ သေသေချာချာ ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဒီတော့ မိဘများအနေနဲ့ကော ဘာတွေလုပ်နိုင်မလဲ။

မိဘတွေ ကလေးအနား ပတ်ဝန်းကျင်မှာ မရှိတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ကာကွယ်တတ်ဖို့အတွက် စိတ်ခံစားချက်များနဲ့ အနိုင်ကျင့်တဲ့ အပြုအမူတွေကို ကလေးငယ်များကို အိမ်မှာပြောပြထားသင့်ပါတယ်။ကိုယ့်ကလေး အနိုင်ကျင့် မခံရအောင် ဒီအချက် (၃)ချက်ကို မိဘများအနေနဲ့ သိထားသင့်ပါတယ်။

၁) မိသားစုထဲမှာလည်း အနိုင်ကျင့်တဲ့အပြုအမူတွေကိုမလုပ်ဖို့ ပိတ်ပင်ထားရမယ်၊ နားလည်ရမယ်၊ သိရမယ်။

စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းက ရလာနိုင်တဲ့ စိတ်ဒဏ်ရာ၊ စိတ်ခံစားချက်များကိုလည်း နားလည်ရမယ်။ ကလေးတွေ စကားစပြောတတ်တဲ့အချိန်ကစပြီး စိတ်ခံစားချက်တွေကို သိမြင်နားလည်နိုင်တဲ့ အလေ့အကျင့်တွေကို လေ့ကျင့်ထားပေးဖို့က အရေးကြီးတဲ့ အချက်ဖြစ်ကြောင်းကို နားလည်ထားပါ။ ကလေးတွေက သူတို့ရဲ့ကိုယ်ပိုင်ယုံကြည်ချက်တွေနဲ့ ပတ်သက်ပြီး စနောက်ခံရပြီးဆိုတာနဲ့ ဒါမှမဟုတ် နိုင်ထက်စီးနင်း ခံရပြီးဆိုတာနဲ့ မိဘတွေကို သူတို့ရဲ့စိတ်ခံစားချက်တွေ ပြောပြဖို့ လိုအပ်ကြောင်းကို နားလည်ထားပါစေ။

၂) စိတ်ဒဏ်ရာကို မြန်မြန်မေ့ပျောက်ဖို့အတွက် သင်ပေးထားပါ။

စိတ်ဒဏ်ရာတွေကို ပြန်လည်တုံ့ပြန်နိုင်ဖို့အတွက် စိတ်ဓါတ်ဖွံ့ဖြိုးတဲ့ ခံစားချက်ရွေးချယ်ချက်များကို နားလည်ထားမယ်ဆိုလျှင် ပိုပြီး စိတ်သက်သာရာရစေပါတယ်။ တကယ်လို့အဲ့ဒီခံစားချက်တွေကို မရွေးချယ်ထားဘူးဆိုလျှင် စနောက်ခံရခြင်းနဲ့ နိုင်ထက်စီးနင်းခံရခြင်းကြောင့် ရထားတဲ့ စိတ်ဒဏ်ရာကို ပြန်လည်မှတ်မိလာပြီး ထိုခံစားချက်များက ငါတို့ကိုယ်တိုင်ရဲ့ ပြုမူဆက်ဆံပုံနဲ့ အတွင်းစိတ်ခံစားချက်အထိ လွမ်းမိုးခံနေရပါလိမ့်မယ်။ ဘ၀ရဲ့ဒုက္ခတွေကို ခါးစီး တုံပြန်နေချိန်မှာ အားပေးပြီး ထောက်ခံချက်များများပေးလေလေ ကလေးတွေက စိတ်ဒဏ်ရာ၊ စိတ်ခံစားချက်တွေကို မြန်မြန်မေ့ပျောက်ထားနိုင်လေလေပါပဲ။

၃) ကလေးတွေ အနိုင်ကျင့်ခံရတဲ့အခါမှာ အနိုင်ကျင့်မခံဖို့အတွက် တိုက်တွန်းထားပါ။

အနိုင်ကျင့်မခံရဖို့အတွက်ဆိုရင် အနိုင်ကျင့်တဲ့လူကို လူစွမ်းကောင်းလုပ်ပြီး ပြန်တိုက်ခိုက်စရာမလိုပါဘူး။ အနိုင်ကျင့်တဲ့လူဘက်က ရပ်တည်နေမယ့်အစား အနိုင်ကျင့်ခံရတဲ့လူနဲ့ သူငယ်ချင်းအဖြစ်ရပ်တည်ပေးခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ တစ်ခြားနည်းလမ်းကတော့ အနိုင်ကျင့်နေပြီဆိုပါက ပြန်လည်တိုင်ကြားရပါမယ်။ ဒါမှ ကလေးငယ်တွေရဲ့ ကိုယ်ပိုင်ပုံရိပ်တွေမှာ ယုံကြည်ချက် သန်မာလာပြီး အားသာချက် အပြည့်ဖြင့်ကြင်နာတတ်တဲ့ ခံစားချက်များကို တည်ဆောက်လာနိုင်ဖို့အတွက် အနိုင်ကျင့်ခြင်းအပြုအမူတွေကို ပိတ်ပင်တားဆီးထားရပါမယ်။

ဘာလို့သူက ပစ်မှတ်ဖြစ်လာသလဲဆိုပြီတော့ ကလေးတွေကမေးပါလိမ့်မယ်။ အဓိကအချက်က ကြောက်ရွံ့တဲ့ အမူအရာက အနိုင်ကျင့်ခံရဖို့အတွက် ပစ်မှတ်ဖြစ်တာပါ။ အနိုင်ကျင့်ခံရတာကို ဖုံးကွယ်ထားပြီးနေမယ်ဆိုရင်လည်း ကိုယ့်ကိုကိုယ် အနိုင်ကျင့်မခံရအောင် မကာကွယ်နိုင်ပါဘူး။ အကောင်းဆုံးကတော့ သားကောင်မဖြစ်အောင် ရှောင်ထားနိုင်ဖို့က အလုံခြုံဆုံးဖြစ်ပါတယ်။

trend myanmar
http://www.searchmyanmar.com/link/comment/cid/54326

ကဖို့မလွယ်တဲ့ ထားဝယ်ရိုးရာရေအိုးရွက်အက



ထားဝယ် ရိုးရာရေအိုးရွက် အကကို ရုပ်သံများတွင် မကြာခဏ မြင်ဖူး
ကြမှာပါ။ ထားဝယ်သူ အချောအလှလေးများရဲ့ အကကို ကြည့်ရင်း
ဒီအကဟာ ပုံမှန်အက တစ်ခုလို့ပဲ မြင်မိကြမှာပါ။ တကယ်တော့ ထား
ဝယ် ရေအိုးရွက် အကဟာ လူတိုင်းကတတ်ရန် မလွယ်ပါချေ။

ရေအိုးရွက်အကကို ထားဝယ်ရိုးရာယဉ်ကျေးမှု တစ်ခုအဖြစ် သတ်မှတ်
ထားကြသော်လည်း သရက်ချောင်းမြို့နယ်တွင်သာ ဒေသရိုးရာ ယဉ်
ကျေးမှု တစ်ရပ်အဖြစ် တန်ဖိုးထားထိန်းသိမ်းထားတာ လို့ သိရပါတယ်။

ကိုယ်တိုင်ကပြနေသူများပြောကြားချက်အရ ဒီအကဟာ အမြင်လွယ်
သလောက် သင်ရခက်တယ်လို့ ဆိုပါတယ်။ ရေအပြည့်ထည့်ထားတဲ့
အိုးကို ခေါင်းပေါ်ရွက်ပြီး က ရ တာကြောင့် ဖြစ်ပါတယ်။ ရေအပြည့်
ရှိကြောင်းကို အများသူငှာသိစေဖို့ အိုးထဲကရေပေါ်တွင် ရေခွက်က
လေး တစ်ခွက် တင်ပေးထားရပါတယ်။ ပြီးတော့ ရွက်ထားတဲ့ ခေါင်း
နဲ့ အိုးကြားမှာ ဘာအခုခံမှမရှိတာကို သေခြာကြည့်ရင် တွေ့ရမှာပါ။
ကဖို့ မဆိုထားနဲ့ ပုံမှန်ရေတစ်အိုးကို အခုအခံမပါပဲ ရပ်ဖို့ဆိုရင်တောင်
အတော်ကြိုးစား ရမှာပါ။

ရွက်ထားတဲ့ အလေးချိန်ကလည်း ပေါ့ပေါ့လေး မဟုတ်။ ဒါကိုတောင်
တစ်အိုး နှစ်အိုး မက သုံးအိုး ရွက်က နိုင်သူများလည်း ရှိပါတယ်။
ရေအိုး တစ်အိုးရဲ့ အလေးချိန်ဟာ ၇ ပိဿာ ရှိပြီး နှစ်အိုးရွက် က တဲ့သူအတွက် ၉ ပိဿာ ၊ သုံးအိုးရွက် က တဲ့သူ အတွက် ၁၁ ပိဿာ
အသီးသီးအလေးချိန် ရှိပါတယ်။ (အောက်ဆုံး တစ်အိုးသာ အကြီးဖြစ်
ပြီး အပေါ်အိုးများမှာ သေးသွားတဲ့အတွက်ကြောင့် ဖြစ်ပါတယ် )

၇ ပိဿာ အလေးချိန်ကို အခုအခံမပါပဲ ရွက်ရတာကြောင့် အချိန်အနည်းငယ်မျှနှင့်ပင် ခေါင်းကျိန်းနိုင်ပါတယ်။ ရေအိုးရဲ့ဖင်မှာလည်း ချိုင့်ခွက် မရှိ
သလို ၊ ကဖို့ အတွက် သီးသန့်ရေအိုး ဆိုတာကလည်း မရှိတာကြောင့်
ပုံမှန်ရေအိုးများနှင့်ပင် က ရတာကြောင့် ပြုတ်ကျဖို့ လွယ်ပါတယ်။ အရေး
အကြီးဆုံး အချက်မှာ ကမည့် အမျိုးသမီးဟာ အပျိုဖြစ်ရပါမည် ဆိုတာပါပဲ။
ခက်ခဲလှတာကြောင့် ဒီထားဝယ် ရိုးရာရေးအိုးရွက် အကကို ကျွမ်းကျင်စွာ
ကနိုင်သည့် လှပျိုဖြူ အနည်းငယ်သာ ရှိတယ် လို့ သိရပါတယ်။

ဒီအက ကိုစိတ်ဝင်စားလို့ ကြည့်ချင်ရင်ဖြင့် အောက်က လင့်က သွားရောက်ကြည့်ရှု့နိုင်ပါတယ်။
Video Link= https://www.youtube.com/watch?t=48&v=r-RAtWTUPOo
Ref:
လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀၀ - မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း

https://www.facebook.com/ayesaycommm/posts/456389031199874

သူ့ကို အားကိုးလွန်နေသလား




ရည်စားတွေဖြစ်လာကြရင် မိန်းကလေးအနေနဲ့ ကိုယ့်ရည်းစားကို အားကိုးတာက ဓမ္မတာပါ။

ဒါပင်မဲ့လည်း အားကိုးလွန်အားကြီးသွားရင်တော့ ဘာတွေဖြစ်လာနိုင်သလဲ။ ကိုယ့်ရဲ့အခြေအနေလေးကို သုံးသပ်ကြည့်လိုက်ပါလား။

အောက်မှာ ရေးသားထားတဲ့အချက်လေးတွေထဲမှာ ဘယ်နှစ်ချက် မှန်သလဲဆိုတာကို မှတ်ထားလိုက်နော်။

၀၁. ဖြစ်လာသမျှ ပြသာနာတွေကို အမြဲတမ်း မကောင်းဘက်မှ တွေးနေတတ်တယ်။

၀၂. ကိုယ့်ရဲ့မိသားစုဝင်တွေကို ချွဲနိုင်တာကြောင့် နည်းနည်း ရိုင်းရိုင်း ဆက်ဆံတတ်တယ်။

၀၃. ကိုယ့်မှာ ဝါသနာ၊ စိတ်ပါဝင်စားတဲ့ကိစ္စဆိုတာ ဘာမှကို မရှိပါ။

၀၄. ပစ္စည်းတွေကို မစွန့်ပစ်နိုင်ပဲ သိမ်းထားလေ့ရှိတယ်။

၀၅. အလုပ်လဲမလုပ်၊ ကိုယ်ခြေထောက်ပေါ်လည်း မရပ်တည်နိုင်ပါ။

၀၆. အရမ်းစိတ်ဆိုး၊ စိတ်ကောက်ပြီး ရည်စားဖြစ်သူကို အမြဲကလိနေချင်တယ်။

၀၇. အကယ်၍ ယောင်္ကျားလေး သူငယ်ချင်းပဲဖြစ်ပါစေ၊ ပိတ်ရက်တွေမှာ ကိုယ့်ကို မခေါ်ပဲ ယောင်္ကျားလေးတွေချည်းပဲ သွားလာနေတာကိုလည်း မကြိုက်ပါ။

၀၈. ဘာအလုပ်ကို မဆိုလက်ကြောတင်းအောင် မလုပ်ချင်ပါ။

၀၉. သူ့ကိုပို့လိုက်တဲ့ Msg တွေကို သူက ဖတ်ပြီးပင်မယ့်လည်း သူ့ဆီက Msg တွေပြန်မလာရင် အရမ်းစိတ်ဆိုးတယ်။

၁၀. နေ့စဉ်နေထိုင်စားသောက်တာက စည်းကမ်းတကျမဟုတ်ပဲ ဖြစ်သလို နေတတ်တယ်။

★★ ဘယ်လိုအဖြေထွက်မှာလဲ။

★ အပေါ်တွင်ရေးသားထားသောအချက် ၁၀ချက်တွင် ၁ချက်မှ မမှန်ပါ။

★ အပေါ်တွင်ရေးသားထားသောအချက် ၁၀ချက်တွင် ၃ ချက် မှန်သည့်အတွက် သာမန်သာ ရည်းစားကို အားကိုးသည်။

★ အပေါ်တွင်ရေးသားထားသောအချက် ၁၀ချက်တွင် ၅ ချက် မှန်သည့်အတွက် တော်တော် ရည်းစားကို အားကိုးသည်။

★ အပေါ်တွင်ရေးသားထားသောအချက် ၁၀ချက်တွင် ၈ ချက် မှန်သည့်အတွက် အလွန်ကို ရည်းစားကို အားကိုးသည်။

★ အပေါ်တွင်ရေးသားထားသောအချက် ၁၀ချက်တွင် ၁၀ ချက် မှန်သည့်အတွက် အမြဲတည်း ရည်းစားက အနားမှာမရှိလျှင် မနေတတ်တော့ပါ။
ChelmoTeam
http://www.searchmyanmar.com/link/comment/cid/54331

သင့်ရဲ့ ဖုန်းကြောင့် ချစ်သူတွေ ကွဲသွားစေနိုင်တဲ့ အရာများ



လက်ကိုင်ဖုန်းကျေးဇူးကြောင့် ချစ်သူဘဝကို ရောက်သွားပေမယ့် အမှားအယွင်းတစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြထားတဲ့ အချက်တွေကနေ သင်ယူပြီးတော့ သင့်လက်ကိုင်ဖုန်းကို တရားခံမဖြစ်သွားအောင် ကြိုတင်သတိထားနိုင်ပါတယ်။

သူ့ရဲ့ Like ကို သေချာဆန်းစစ်ပါ။

ကိုယ်တင်ထားတဲ့ပုံ၊ စာတိုဖြစ်ဖြစ်ပေါ့ သူက Like လုပ်ပေးတိုင်း သူက အကုန်လုံးကို သဘောကျနေတယ်လို့ အဓိပ္ပာယ်ဖွင့်လို့မရပါဘူး။ ဒီလိုပြောလိုက်လို့ နည်းနည်းတော့ အောက်သွားလိမ့်မယ်။ သူပျော်နေလို့လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် သင့်ရဲ့တချို့ပုံတွေ သူတကယ်သဘောကျနေတာတွေလည်း ရှိပါတယ်ဆိုတာ သတိရစေချင်ပါတယ်။

ခံစားချက်ကို ကိုယ်စားပြုတဲ့ သင်္ကေတလေးတွေကို အရမ်းအသုံးပြုခြင်း။

မိန်းကလေးတွေကတော့ သုံးရတာနှစ်သက်ပေမယ့် ယောင်္ကျားလေးတွေကတော့ သိပ်သဘောမကျတတ်ကြပါဘူး။ သင် လိုတာထက်ပိုသုံးတယ်ဆိုရင်တော့ တစ်ဖက်လူက ဒါမရင့်ကျက်တဲ့အပြုအမူ ဒါမှမဟုတ် သင်ချစ်စရာကောင်းအောင် တော်တော်ကြိုးစားနေတဲ့ပုံပဲ ဆိုပြီးတော့ ယူဆသွားနိုင်ပါတယ်။ တခါတလေတော့သုံးပါ…. အလွန်အကျွံမသုံးမိပါစေနဲ့ပေါ့။

မသေချာမစစ်ပဲ စာပို့လိုက်တာမျိုး။

သင်အလျင်လိုနေတဲ့အချိန်မျိုးမှာဆိုရင် ပထမစာလုံးတူတဲ့ နာမည်တွေဆီကို စာမှားပြီးပို့နိုင်ပါတယ်။ ပို့မိရင်တော့ ရှက်စရာကောင်းပါတယ်။ ဒါကြောင့် စာမပို့ခင်မှာ ဘယ်သူ့ဆီပို့နေလဲ ဘယ်လိုစာမျိုးလဲဆိုတာ သေချာစစ်ဆေးပြီးမှ ပို့ပါ။

ကိုယ့်အတွင်းကိစ္စနဲ့ပတ်သတ်ရင် စည်းကမ်းရှိပါ။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ သင့်ရဲ့ဟာသရိုက်ထားတဲ့ပုံတွေကို သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို သူပြကောင်းပြနိုင်ပါတယ်။ ဒါကြောင့် သူနဲ့ပတ်သတ်တဲ့ သူငယ်ချင်းတွေကြား မပျံ့စေချင်တဲ့ အကြောင်းတွေရှိရင် သူ့ကို မပို့ပါနဲ့။

SMS နဲ့ပဲစကားပြောခြင်း။

စာလေးတွေနဲ့ ချစ်စကားဖလှယ်ရတာလည်း ရင်ခုန်ဖို့ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီစာလုံးတွေဟာ လူချင်းချိန်းတွေ့ဖို့ အစီအစဉ်ချပေးတဲ့ စာတိုလေးတွေဆိုတာကို သတိရစေချင်ပါတယ်။ ဆိုလိုချင်တာကတော့ သင်တို့ချိန်းတွေ့တဲ့အချိန်မှာ စာမှာသုံးတဲ့စကားလုံးနဲ့ အပြင်မှာ ပြောတဲ့စကားလုံး ကွာခြားနေတာမျိုးပေါ့။ လူတစ်ယောက် အတွင်းနဲ့အပြင် ကွာခြားလွန်းတာကလည်း မကောင်းပါဘူး။

အားရပါးရ ဖုန်းကို Scroll လုပ်တယ်ဆိုရင်…

Touch-screen ဖုန်းတွေမှာဆို အဖြစ်များပါတယ်။ အောက်ကစာတွေကို ဖတ်ချင်လို့ အပေါ်ကို ဆွဲတင်နေတုန်း လက်လွန်သွားပြီး Like သွားနှိပ်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖုန်းအထိအတွေ့မှာ သတိထားပါ။

ပုံတွေတင်တဲ့အခါမှာ

ကိုယ့်ချစ်သူ သဝန်တိုသွားအောင် ဆိုပြီးတော့ အပြင်မှာရိုက်ထားတဲ့ပုံတွေကို တင်တာမျိုးမလုပ်သင့်ပါဘူး။ သူတကယ်လို့ စိတ်တိုသွားပြီး ပြဿနာဖြစ်လာမှ ဒုက္ခရောက်သွားနိုင်ပါတယ်။

ကိုယ့်အလှအပကိုအလေးပေးပြီးရိုက်ထားတဲ့ပုံများနေရင်….

ကိုယ့်ကိုယ်ကို သဘောကျတာက ကောင်းပါတယ်… ဒါပေမယ့် ကိုယ့်အလှအပကို အလေးပေးပြီး ရိုက်ထားတဲ့ ချစ်စရာပုံတွေ အင်တာနက်ပေါ် Post တာများနေတာမျိုးက မကောင်းပါဘူး (အထူးသဖြင့် ကောင်းလေးတွေကို စိတ်ပျက်လွယ်စေပါတယ်)။ အလှရိုက်ထားတဲ့ပုံတွေ Post လုပ်တာကို ခဏရပ်ထားပြီးတော့ အခြား သူငယ်ချင်းတွေနဲ့ အပျော်ရိုက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ပုံတွေကို တင်လိုက်ပါ။

သင်တို့ရန်ဖြစ်နေတဲ့အကြောင်း အားလုံးသိအောင် ဖြန့်ချလိုက်ပြီဆိုရင်…

သင့်ချစ်သူအပေါ် စိတ်ဆိုးတယ်ဆိုရင် အွန်လိုင်းပေါ် Post လုပ်ပြီး ပေါက်ကွဲတာမျိုး မလုပ်ပါနဲ့။ သင်တို့ ရန်ဖြစ်ရခြင်း အသေးစိတ်အကြောင်းကို တစ်ကမ္ဘာလုံး အသိပေးချင်တယ်ဆိုရင်တော့ ဒီနည်းကတော့ အကောင်းဆုံးပေါ့။

Credit : Trend Myanmar
http://www.searchmyanmar.com/link/comment/cid/54245

အူအတက်ရောင်ခြင်းနှင့် ပတ်သက်၍ သိထားရမည့် အချက်အလက်များ

 http://cnx.org/resources/8246b3f90d64a99884aa6e6586a19b2916934642/Picture%2014.png

ကြီးမားသော အူလမ်းကြောင်းအဆုံးသတ်နှင့် ဆက်သွယ်ထား သော လက်ချောင်းပုံသဏ္ဌာန်အူအတက်သို့ ရောဂါပိုးဝင်ရောက်ခြင်း ကြောင့် အူအတက်ရောင်ရမ်းမှု ဖြစ်ပေါ်ခြင်းဖြစ်သည်။

အူအတက်ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများတွင် ချက်နားတစ်ဝိုက်မှစတင်၍ ၀မ်းဗိုက်နာကျင်မှုပါဝင်သည်။ ယင်းကဲ့သို့ နာကျင်သည့် ဒဏ်ကို ၀မ်းဗိုက်အောက်ပိုင်းညာဘက်သို့ ရွေ့လျားသွားပြီး ခံစား ရတတ်သည်။ အူအတက်ရောင်ခြင်းကြောင့် အူအတက် ဖယ်ရှားပစ်ရန် ၀မ်းဗိုက်ကို အရေးပေါ်ခွဲစိတ်ကုသမှုခံယူရလေ့ရှိပြီးအသက် (၁၀) နှစ် နှင့် (၃၀) နှစ်ကြားအရွယ်များ အများဆုံးဖြစ်ပွား လေ့ရှိသည်။ သို့သော်အူအတက်ရောင်ခြင်းမှာ အသက်အရွယ်မရွေးဖြစ်ပေါ်နိုင်သည်။

အူအတက်ရောင်ရမ်းနေပါက ၀မ်းဗိုက်အောက်ပိုင်းညာဘက် နေရာတွင် နာကျင်မှုကို ခံစားရလေ့ရှိသည်။ သို့သော်ပထမဆုံးရောဂါ လက္ခဏာမှာ ချက်နားတွင် မသက်မသာခံစားရခြင်းဖြစ်သည်။ ယင်းဝေဒနာများ ၀မ်းဗိုက်အောက်ပိုင်းသို့ ရွေ့လျားသွားလေ့ရှိသည်။

ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အူအ တက်ရောင်ပါက ၎င်းတို့၏ ၀မ်းဗိုက်တွင် မတူညီသော နေရာများ (သို့မဟုတ်) ခန္ဓာကိုယ်ဘေးဘက်တွင် နာကျင်မှုကို ခံစားရလေ့ရှိ သည်။ ခြေထောက်များ (သို့မဟုတ်) ၀မ်းဗိုက်နေရာကို လှုပ်လိုက် လျှင် နာကျင်သည့် ဝေဒနာပိုဆိုးလာလေ့ရှိပြီး ချောင်းဆိုးခြင်း(သို့ မဟုတ်) နှာချေခြင်း၊ ကားဆောင့်ခြင်းတို့ကြောင့်လည်း နာကျင်သည့် ဝေဒနာပိုဆိုးလာနိုင်သည်။

အူအတက်ရောင်ရမ်းပါက နာကျင်သည့် ဝေဒနာကို နာရီပိုင်း အတွင်း ပြင်းထန်စွာ ခံစားရလေ့ရှိပြီး ယခင်ခံစားဖူးသော နာကျင်မှု များ အားလုံးထက်ပိုမိုနာကျင်သည်ဟု ကြုံတွေ့ဖူးသူများက ပြော ကြားသည်။                                        
—Ref:Health.com

http://www.7daydaily.com/story/46917

http://course.jnu.edu.cn/jnujpx/jpzyk/ziyuan/ywjj/ywfb/vermiform%20appendix&caecum(in%20situ).jpg
 

ဘုရားရှင်မကယ်နိုင်တဲ့ မိသားစု




အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ် ဂိဇ္ဈကုဋ်တောင်ဘက် ကြွနေစဉ် လမ်းမှာပြိတ္တာလေးယောက်ကို တွေ့လိုက်တော့ တအံ့တသြနဲ့ မေးလိုက်မိတယ်။
“ပြိတ္တာမ၊ မြင်ရတာ စိတ်မချမ်းသာလိုက်တာ။ တစ်ယောက်က ရဲရဲတောက်နေတဲ့ သလေးစပါး ဖျင်းတွေကို ခေါင်းပေါ် မှာ ဖြန့်ကြဲပြီး ပူလောင်တဲ့ဒဏ်ကို မပြတ်ခံစားနေရတယ်။ တစ်ယောက်ကတော့ တင်းပုတ်နဲ့ ကိုယ့်ခေါင်း ကို ပြန်ရိုက်ခွဲနေတယ်။ တစ်ယောက်ကတော့ ကိုယ့်အသားအသွေးကို ပြန်ဖဲ့စားနေတယ်။ နင်ကတော့ ညစ်ပတ်တဲ့ မစင်တွေကို စားနေတယ်။ ဘယ်လို အကုသိုလ်ကြောင့် ခုလို ခံစားရတာလဲ ပြောပါဦး”

မှန်ပါဘုရား။ ဒါ တပည့်တော်တို့ အရင်က မိသားစုတွေပါ။ ရဲရဲတောက်လောင်နေတဲ့ သလေးစပါးဖျင်းတွေ ကြဲနေတဲ့ သူက သားပါဘုရား။ လူ့ဘ၀တုန်းက အမေကို ညဉ်းဆဲခဲ့လို့ပါ။ တင်းပုတ်နဲ့ပြန်ထုနေတဲ့ ကောင်က လင်ပါ။ ကောက်ကျစ်စင်းလဲတဲ့ ကုန်သည်ပေါ့ဘုရား။ ကိုယ့်အသားကို ဖဲ့စားနေတာက ချွေးမပါဘုရား။ သူမကတော့ အိမ်မှာ အသားချက်တော့ မသိအောင် အသားတွေ ခိုးစားခဲ့တယ်။ မေးတော့ မစားဘူးလို့လိမ်တယ်။ အဲဒါကြောင့် ခုလိုဖြစ်နေတာပါ။ တပည့်တော်မကတော့ အဲတုန်းက တစ်အိမ်လုံးကို ဦးစီးတဲ့ အိမ်ရှင်မပါ။ အရမ်းကပ်စေးနဲခဲ့တယ်။ ဥစ္စာရှိသားနဲ့ မရှိဘူးလို့ လိမ်ခဲ့တယ်။ ၀ှက်ခဲ့တယ်။ သူများကို ပေးကမ်းကူညီချင်းမရှိခဲ့ဘူး။ “ငါ့အိမ်မှာ ဘာပစ္စည်းမှ မရှိဘူး။ ရှိရဲ့သားနဲ့ လှို့ဝှက်ခဲ့ရင် မစင်စားရပါစေသား” လို့လိမ်ခဲ့တယ်။ အဲဒီမကောင်းတဲ့ ကံတွေကြောင့် တပည့်တော်မ ခုလို ပိုးလောက်ပြည့်နေတဲ့ မစင်တွေ စားနေရပါတယ်ဘုရား။

“အိုး.. တယ်လည်း အပြစ်ကြီးလှပေတယ်။”

မှန်ပါဘုရား၊ ဒါကြောင့် ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတာ အချည်းအနှီးမဖြစ်ပါဘူး။ အကျိုး ပေးမြဲပါပဲဘုရား။ အကျိုးမပေးပဲနဲ့ မနေပါဘူး။ ဒါကြောင့်လဲ မကောင်းတဲ့ ပိုးလောက်တွေ ပြည့်နေတဲ့ မစင်တွေစားနေရတာ၊ သောက်လည်းသောက်နေရ တာပါဘုရား။

အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်လည်း သက်ပြင်းရှည်ချကာ ပြိတ္တာမိသားစုနှင့် ကံ၊ ကံရဲ့အကျိုး၏ ဆန်းကြယ်မူကို သံဝေဂဖြစ်ပြီး စိတ်မကောင်းစွာနဲ့ပဲ ပြန်ကြွလာပါတော့တယ်။

မကောင်းတာလုပ်မိသူကို ဘုရားတောင်မကယ်နိုင်ပါဘူး။ သူလုပ်ရပ်ကို သူကိုယ်တိုင်ပဲ ပေးဆပ်ရမြဲပါပဲ။ ကိုယ်တော်မြတ် လည်း စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတက်နိုင်။ ဘုရားရှင်ကို အသိပေးလျှောက်ထားပြီးတော့ လက်ရှိလူ့ဘ၀ရရှိနေ တဲ့ နောင်လာနောက်သားများကို ဒီပြိတ္တာမိသားစုကို ဥပမာပြပြီး မကောင်းတာမလုပ်မိအောင် နိုးဆော်ဖို့ပဲ ရှိပါတယ်။

“ပုညံဝ သုခံ ဇနေတိ၊ အပုညံ ဒုက္ခံ ဇနေတိ။
တသ္မာ ပုညံဝ ကာတဗ္ဗံ၊ အပုညံ န စ ကာတဗ္ဗံ။”

“ ကောင်းကံဟာ ကောင်းကျိုးကို ဖြစ်စေတယ်။
မကောင်းကံဟာ မကောင်းကျိုးကို ဖြစ်စေတယ်။
ဒါကြောင့် ကောင်းကံကို ပြုရမယ်။
မကောင်းကံကို မပြုအပ်ပါဘူး။”

ဒါကြောင့် စာဖတ်သူများအားလုံးလည်း ဒီပြိတ္တာမိသားစုကို ဆင်ခြင် သတိဝင်ပြီး မကောင်းကျိုးကို ဖြစ်စေတဲ့ကံများကို အတက်နိုင်ဆုံးရှောင်ပါ။ ကောင်းကျိုးကို ဖြစ်စေမယ့် ကောင်းကံတွေကို တက်နိုင်သမျှဆည်းပူးပါလို့ တိုက်တွန်းလိုက်ရပါတယ်။



Credit: ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ
http://www.searchmyanmar.com/link/comment/cid/54248

ဆံပင်ညှပ်ဖို့လို၊ မလို

 http://cdn2.dealnyou.in/img/original/shutterstock_85859161.jpg

ဆံပင်ခဏခဏညှပ်တယ် ဆိုတာ တစ်ဦးတစ်ယောက်ချင်းရဲ့ စိတ်ကူးနဲ့ သက်ဆိုင်သလို ဆံသားအခြေအနေပေါ်လည်း မူတည်ပါ တယ်။ ဆံပင်ဟာ ပုံမှန်အားဖြင့် သီတင်းလေးပတ်မှာ လက်မ၀က် ခန့်ရှည်ပြီး အနှေးအမြန်ကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူ ပါဘူး။ ဆံပင်အတိုအရှည်အနေ အထားအလိုက် ဘယ်လိုအချိန်တွေမှာ ဆံပင်ညှပ်ပေးရသလဲဆိုတာ သိထားဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်ရှည်ရှည်ပိုင်ရှင်တွေ ဆံပင်အရှည်ဆက်ထားဖို့ စိတ်ကူးရင်တော့ ဆံသားကျန်းကျန်းမာ မာနဲ့ ရှည်လျားနိုင်ဖို့အတွက် ဆံ ဖျားလေးတွေကို ရက်သတ္တပတ် ရှစ်ပတ် (ဒါမှမဟုတ်) ၁၂ ပတ်တစ်ခါပုံမှန်ညှပ်ပေးဖို့လိုပါတယ်။ ဆံပင်ရှည်ပြီး ဆံသားမကောင်းရင်တော့ ခြောက်ပတ် (ဒါမှမဟုတ်) ရှစ်ပတ်တစ်ခါညှပ်ဖို့လိုပါတယ်။ အရှည်ထားချင်လို့ လုံးဝမညှပ်ဘဲထားတဲ့အခါ ထိပ်ဖျားတွေ ပြတ်ထွက်တာမျိုး၊ ကျိုးကြေတာမျိုးတွေကြုံရနိုင်ပြီး ပုံမှန်ထက် ဆံပင်အရှည်နှေးတတ်ပါတယ်။

အနေတော်ဆံပင်အရှည်ရှိ သူတွေဆိုရင် ဆံသားကျန်းမာဖို့ အတွက် ခြောက်ပတ် (ဒါမှမဟုတ်) ၁၂ ပတ်တစ်ခါ ဆံပင်ညှပ်ပေး သင့်ပါတယ်။ ဆံပင်အတိုဆိုရင် တော့ အမြဲတမ်းလန်းဆန်းနေတဲ့ ပုံစံမျိုးရှိနေပြီး ဆံပင်အတိုခဏ ခဏညှပ်နေတဲ့အတွက် ဆံပင်အ ရှည်လည်း မြန်ပါတယ်။ ဆံပင်တိုဆိုရင် လေးပတ် (ဒါမှမဟုတ်) ရှစ် ပတ်တစ်ခါညှပ်ပေးနိုင်ပါတယ်။

ဓာတုဆိုးဆေးသုံးပြီး အ ရောင်ဖောက်၊ ဆံပင်ဖြောင့်၊ ကောက်လုပ်တဲ့သူတွေဆိုရင် တော့ ပုံမှန်ထက် ဆံပင်ပျက်စီး တတ်တာကြောင့် သန်စွမ်းပြီး ကျန်းမာတဲ့ ဆံပင်တွေထွက်လာဖို့ ကို ဆံပင်အဖျားတွေကို ခဏခဏတိပေးဖို့လိုပါတယ်။ ဒီလိုလုပ်ပေး ခြင်းအားဖြင့် ဆံသားနှစ်ခွဖြစ် တာ၊ ကြွပ်ဆတ်ကြမ်းတမ်းတာတွေ မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်စေလို့ပါ။

နောက်ပြီး ဆံပင်နည်းတဲ့သူ အများစုဟာ ဆံပင်ရှည်ချင်တာ ကြောင့် ဆံပင်လုံးဝမညှပ်ဘဲ ထားတာဟာ မှားယွင်းတဲ့ အယူအဆ ဖြစ်ပြီး ဆံပင်ပုံမှန်လေးညှပ်ပေး မှ အရှည်မြန်လာတာမို့ ဆံပင် ရှည်ချင်လေ ဆံပင်ပုံမှန်တိပေးဖို့ လိုလေဆိုတာ သိထားဖို့ လိုပါ တယ်။
Ref: womenshair.about.com

http://www.7daydaily.com/story/47134

Facebook မှာ ၃၆၀ဒီဂရီလှည့်ပတ်ကြည့်နိုင်မယ့် ဗီဒီယိုတွေကို ကြည့်ရှုနိုင်ပြီ



Facebook ဟာ ခေတ်စားနေတဲ့ virtual ကမ္ဘာထဲကို ပထမဆုံးခြေလှမ်းချလိုက်ပါပြီ။

ဆိုရှယ်နက်ဝပ်ခ် Facebook ဟာ မနေ့ က ၂၃ ရက်နေ့ မှာ မောက်စ်ကိုအသုံးပြုပြီး ၃၆၀ ဒီဂရီအပြည့် လှည့်ပတ်ကြည့်ရှုနိုင်မယ့် ဗီဒီယိုတွေကို စတင်တင်ဆက်လိုက်ပါတယ်။

ဒီ စနစ်ဟာ Facebook ရဲ့ Oculus Rift Virtual-Reality headset မှာ ထည့်သွင်းအလုပ်လုပ်ဖွယ်ရှိ တယ်လို့ ခန့် မှန်းထားပါတယ်။

“ ဒီနေ့ ကစပြီးတော့ News Feed မှာ ၃၆၀ ဒီဂရီလှည့်ပတ်ကြည့်နိုင်တဲ့ဗီဒီယိုတွေကို တွေ့ ရမှာပါ” ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းမှာလည်း Youtube ဟာ အလားတူစနစ်မျိုးကိုထုတ်လုပ်ခဲ့ပြီး VR ဗီဒီယိုတွေကို ဖန်တီးတဲ့ ဗီဒီိယိုဖန်တီးသူတွေက အသုံးပြုလျက်ရှိပါတယ်။

မြင်ကွင်း ၃၆၀ ဒီဂရီကြည့်ရှုနိုင်မယ့် ဗီဒီယိုကို ရိုက်ကူးဖို့ အတွက် အထူးပြုပြင်ထားတဲ့ကင်မရာအစုံလိုက် လိုအပ်ပြီး အဆိုပါကင်မရာက မြင်ကွင်းတစ်ခုရဲ့ ၃၆၀ ပတ်လည်ဒီဂရီကို တစ်ပြိုင်တည်းရိုက်ကူးပေးနိုင်ပါတယ်။

၃၆၀ ဒီဂရီကြည့်နိုင်ဖို့ အတွက် web မှာဆိုရင် ဗီဒီယိုမှာ မောက်စ်ကို drag ပတ်လည်ဆွဲပြီး နှစ်သက်သလို ကြည့်နိုင်မှာပါ။ မိုဘိုင်းဖုန်းတွေ မှာတော့ လက်ချောင်းနဲ့ ဆွဲပြီးကြည့်ရှုလို့ ရသလို ဖုန်းကို လှည့်ပြီးလည်း ကြည့်ရှုနိုင်ပါတယ်။ လောလောဆည်မှာတော့ iOS နဲ့ တစ်ချို့ Android version တွေမှာ ကြည့်လို့ မရနိုင်သေးပါဘူး။ ဒီစနစ်ကို ကြည့်နိုင်ဖို့ အတွက် web ဆိုရင် နောက်ဆုံးဗားရှင်း Firefox ဒါမှမဟုတ် Chrome၊ Android ဆိုရင် နောက်ဆုံးဗားရှင်း Facebook app တို့ ရှိဖို့ လိုအပ်ပါတယ်။

Facebook ဟာ ဒီ ၃၆၀ဒီဂရီစနစ်ကို ထုတ်လုပ်ပေးဖို့ အတွက် Star Wars၊ Discovery ၊ GoPro ၊ NBC’s Saturday Night Live စတဲ့ ရုပ်သံထုတ်လွှင့်သူအများအပြားကို ဖိတ်ခေါ်ထားပါတယ်။

Disney နဲ့ Lucasfilm တို့ ကလည်း ၃၆၀ ဒီဂရီလှည့်ကြည့်နိုင်မယ့် Star Wars: The Force Awakens ရဲ့ နမူနာတစ်ပိုင်းကို Facebook မှာ စတင်မိတ်ဆက်လိုက်ပါတယ်။

( Ye Wint )
http://www.searchmyanmar.com/link/comment/cid/54256

မျက်နှာပေါင်းတင်လွှာသုံးသင့်တဲ့အကြောင်းရင်း


မျက်နှာပေါင်းတင်လွှာတွေဟာ အရေပြားဆဲလ်သေတွေ၊ ဆား ဝက်ခြံတွေကိုဖယ်ရှားပြီး မျက်နှာ အရေပြားကို စိုပြည်ချောမွေ့နေ စေပြီး အဆီပြန်တဲ့အသားအရေ တွေ၊ ဝက်ခြံများတဲ့သူတွေအ တွက် ကောင်းကျိုးပြုပါတယ်။

အသင့်သုံး မျက်နှာပေါင်း တင်လွှာအမျိုး မျိုးဝယ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ အိမ်မှာပဲကိုယ်တိုင် ပေါင်းတင်လွှာလေးတွေ လုပ်ပြီးတော့ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူပေါင်းတင်နိုင်တာကြောင့် တွင်တွင်ကျယ်ကျယ်လုပ်လာနေ ကြပါပြီ။
မျက်နှာပေါင်းတင်အရည် သုတ်လိမ်းပြီး ၁၅ မိနစ်လောက် နေရင်ခြောက်သွားတဲ့အဖတ်တွေ ခွာချလိုက်တဲ့အခါ ချွေးပေါက် တွေပွင့်ပြီး မျက်နှာအရေပြား လန်းဆန်းစိုပြည်စေပါတယ်။
မျက်နှာပေါ်မှာရှိနေတဲ့ ဖုန် နဲ့ အညစ်အကြေးတွေ၊ အရေပြား ဆဲလ်သေတွေဖယ်လိုက်သလို ဖြစ်တဲ့အတွက် ဆားဝက်ခြံသမား တွေလုပ်သင့်တယ်လို့ဆိုပါ တယ်။

ပေါင်းတင်လွှာထဲက အရေ ပြားအားဖြည့်ဓာတ်တွေဟာ မျက် နှာထဲကိုစိမ့်ဝင်သွားတဲ့အတွက် အသားအရေတင်းရင်းကာ ဖြူ ဝင်းနုပျိုစေပါတယ်။

နောက်ပြီးချွေးပေါက်တွေ ကတစ်ဆင့် အရေပြားထဲဝင်မယ့် ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးပြီး ဒီလိုပေါင်းတင် တာဟာ အကြမ်းမခံနိုင်တဲ့အရေ ပြား (Sensitive Skin)ပိုင်ရှင်တွေအတွက်လည်း သင့်တော်ပါတယ်။ မျက်နှာမှာမွေးညင်းထူတဲ့ သူတွေအတွက်ဆိုရင်လည်း ပေါင်းတင်လွှာမကြာခဏသုတ် လိမ်းပြီး အမွေးတွေဖယ်ရှားနိုင်ပါ တယ်။

မျက်နှာအရေပြားညစ်ထပ် ထပ်ဖြစ်နေရင်လည်း အလှပြင် ဆိုင်တွေမသွားဘဲ အိမ်မှာပဲ ပေါင်းတင်အရည်လေးနဲ့ လုပ်ပေးရင် အသားအရေတွေကြည် စင်စေပါတယ်။
—Ref: stylecraze

http://www.7daydaily.com/story/47131

သင်ပိုင်ဆိုင်သမျှနှင့် ချမ်းသာစေသော နည်းလမ်း





” ဘာကြောင့် တပည့်တော် အလွန်ဆင်းရဲရတာပါလဲဘုရား” လို့ သူဆင်းရဲ တစ်ယောက်က မြတ်စွာဘုရားကိုမေးတယ်။

ထိုအခါ မြတ်ဘုရားက ” ဒါနမည်သော ပေးကမ်းခြင်းကို တတ်သိမှု ကင်းခဲ့လို့ပါပဲ” ဟု၍ ဖြေတော်မူတယ်။

“တပည့်တော်မှာ ပေးကမ်းလျူစရာ ဘာမှမရှိလို့ပါဘုရား” လို့ သူသိတဲ့ သူရဲ့ မရှိဆင်းရဲခြင်း အကြောင်းကို သူဆင်းရဲက ဖွင့်ဟပြန်ပါတယ် ။

ထိုအခါမြတ်ဗုဒ္ဓဘုရားရှင်က သင့်မှာ

(က) ကြည်လင်အေးမြ ပြုံးလို့ ရတဲ့ ( မျက်နှာ )ရှိတယ် ။
**အပြုံးဖြင့်ကုသိုလ်ယူနိုင်တယ်

(ခ) ချိုသာစကား ပီယဝါစာများကို ပြောဆိုနိုင်ပါသော( နူတ်ခမ်း )ရှိတယ် ။
**သူတပါးနားမှာ မခါးရလေအောင် ပြောဆိုခြင်းဖြင့်ကုသိုလ်ယူနိုင်တယ်

(ဂ) ကိုယ်ချင်းစာတရားမွေးဖွားနိုင်တဲ့( နှလုံးသား )လည်းရှိတယ်
** ဂရုဏာတရားကို လက်ကိုင်ထားခြင်းပြီး နှလုံးသားနဲ့ ကုသိုလ်ရယူပါ

(ဃ)အကောင်းမြင်လို့ ရတဲ့ ( မျက်လုံး )ရှိပါတယ် ။
**သူတပါးအပေါ် အကောင်းမြင်ပေးလို့  ကုသိုလ်အတွေးကိုပိုင်ဆိုင်နိုင်တယ်

(င)ကူညီနိုင်တဲ့ (ကိုယ်ခန္ဓာ )ကိုလည်း သင်ပိုင်ဆိုင်ပါတယ် ။
**ကာယဒါန ပြု ခြင်းနဲ့  ကောင်းမှုကုသိုလ်ရယူနိုင်ပါတယ် ။

ှွုှု”ဤသို့ အနည်းငယ်မျှ ပိုင်ဆိုင်ခွင့်ရသော အချင်းအရာတို့ ဖြင့်လည်းသင်သည် ပေးကမ်းခြင်းဟူသော ဒါနအမှုကို ပြုနိုင်ပေသောကြောင့်သင်နှင့်တကွ လူသားများသည် သူဆင်းရဲဟု မဆိုထိုက်ပေ ။

ယင်းကဲ့သို့  ပေးကမ်းလှူဒါန်းမှုတရားနှင့်စိတ်နေသဘောထား မြင့်မြတ်ခြင်းကင်းမှသာလျှင်
ဧကန်ပကတိ ဆင်းရဲသည့်သူဖြစ်ပေသည် ”

ကိုး ဘား

ကိုးကား။ ။Budhhist Vision and အရှင်ဇောတိပါလ(ပါရမီဗိမာန်)
http://www.searchmyanmar.com/link/comment/cid/54252

ပူစပ်သောအစားအစာများ ပုံမှန်စားသုံးခြင်းဖြင့် သေဆုံးနိုင်မှုအန္တရာယ် ၁၄ ရာခိုင်နှုန်း လျော့ကျနိုင်

 http://wonderopolis.org/wp-content/uploads/2010/11/Wonder-50-Chili-Pepper-Static-Image.jpg

ငရုတ်သီးကဲ့သို့ ပူစပ်သောအစားအစာများကို နေ့စဉ်စားသုံးလေ့ရှိသူများသည် မစားသောသူများထက် သေဆုံးနိုင်မှုအန္တရာယ် ၁၄ ရာခိုင်နှုန်း လျော့နည်းကြောင်း BMJ ဂျာနယ်တွင် ဖော်ပြထား သော လေ့လာမှုတစ်ခုအရ သိရသည်။

ပူစပ်သော အစားအစာများကို သီတင်းတစ်ပတ်လျှင် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်မျှ စားပေးလျှင်ပင် သေဆုံးနိုင်မှုအန္တရာယ် ၁၀ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရသည်။
ပူစပ်သောအစားအစာများတွင် အဝလွန်ခြင်းကို တိုက်ဖျက်နိုင်သော အစွမ်းသတ္တိများ၊ ခန္ဓာကိုယ်ရောင်ရမ်းမှုကို ကာကွယ်နိုင်သော ဓာတ်ပစ္စည်းများ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ကင်ဆာရောဂါ တိုက်ဖျက်နိုင်သော အစွမ်းသတ္တိများပါဝင်သဖြင့် ကျန်းမာရေးအတွက် စားသုံးပေးသင့်သည်ဟု တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ ပက်ကင်းဆေးတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဂျန်အယ်လ် ဗီကပြောသည်။

ငရုတ်သီးကဲ့သို့ ပူစပ်သော အစားအစာများတွင် ကင်ဆာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို တိုက်ဖျက်နိုင်သော ဒြပ်ပေါင်းများ ပါဝင်ခြင်းကြောင့် အူထဲရှိ ဘက်တီးရီးယားများကို ကျန်းမာရေးနှင့်ညီညွတ်စေသော ပုံစံမျိုးများအဖြစ်သို့ ရောက်ရှိသွားစေနိုင်ကြောင်း သုတေသီများကပြောသည်။

BMJ ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုက တရုတ်နိုင်ငံ တစ်ဝန်း အရွယ်ရောက်ပြီးသူ ငါးသိန်းခန့်၏ နေ့စဉ်အစားအသောက် ဆိုင်ရာ အချက်အလက်များနှင့် ကျန်းမာရေးအခြေအနေတို့ကို လေ့လာထားခြင်းဖြစ်သည်။ ငရုတ်သီးအပြင် ငရုတ်ကောင်းအမည်းကဲ့သို့ အခြားပူစပ်သောအစားအစာများကို ဟင်းထဲထည့်ချက်ကာ စားသောက်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်သည်ဟု သုတေသီများက ပြောသည်။ ပူစပ်သောအစားအစာများ၏ ကျန်းမာရေးအကျိုးကျေးဇူးများပုံကို ယခင်လေ့လာမှုများကလည်း ဖော်ပြထားပြီးဖြစ်ကာ ယင်းအစားအစာများ စားသုံးပေးခြင်းဖြင့် အစာစားလိုမှုကို ထိန်းချုပ်နိုင်ပြီး ဇီဝဖြစ်ပျက်မှု အားကောင်းစေနိုင်သည်ဟု သုတေသီများကပြောသည်။ လတ်ဆတ် သော ငရုတ်သီးများတွင် ငရုတ်ဆီ၊ ငရုတ်သီးအချဉ်နှင့် ငရုတ်သီး အခြောက်တို့ထက် ရောဂါကာကွယ်နိုင်သော ဓာတ်ပစ္စည်းများ ပိုမို ပါဝင်ကြောင်း သိရသည်။
—Ref: Prevention

 http://www.7daydaily.com/story/47216

ကိုယ်ပိုင်လုပ်ငန်း လုပ်တော့မှာလား၊ ဒါတွေကို သိထားပါ


ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ သိပ်ခက်ခဲတယ်ဆိုပေမယ့် တကယ် အာသီသပြင်းပြရင် တကယ်အောင်မြင်နိုင်ပါတယ်။ ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်တဲ့လုပ်ငန်းတစ်ခု ဖြစ်လာဖို့အတွက် မသိမဖြစ်တဲ့အချက်တွေ ရှိပါတယ်။ လုပ်ငန်းလုပ်တော့မယ်စဉ်းစားရင် ဒါတွေကို သိပြီးပြီလား၊ ကျင့်သုံးနေပြီလားဆိုတာ ကိုယ့်ကိုယ်ကို အကဲဖြတ်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

၁. ပေါင်းသင်းဆက်ဆံရေး ကောင်းပါ။ ရှင်းရှင်းလင်းလင်းပြောဆိုတတ်ပါစေ။ ဒါမှ ကိုယ့်ဖောက်သည်နဲ့ ကိုယ့်ဝန်ထမ်းတွေက ဆိုလိုရင်းကို နားလည်ပါလိမ့်မယ်။

၂. ကိုယ်နဲ့ကိုက်ညီမယ့်လုပ်ငန်းကို ရှာတတ်ပါစေ။

၃. ကိုယ့်စီးပွားရေးစိတ်ကူးတွေ၊ မေးခွန်းတွေအားလုံးကို ချရေးပါ။

၎. အဆက်အသွယ်တွေနဲ့လွဲမသွားအောင် ဖုန်းကို အနားနားထားပါ။ ဖုန်းထဲမှာ အီးမေးလ်၊ ဘဏ်အကောင့် ဖွင့်လို့ရပါစေ။

၅. ကိုယ့်အဖွဲ့အစည်းဟာ စုစည်းကျစ်လျစ်ပါစေ။ အောင်မြင်တဲ့လုပ်ငန်းဖြစ်ဖို့ အစစအရာရာ စနစ်တကျ ရှိသင့်ပါတယ်။

၆. ၀င်ငွေ၊ ထွက်ငွေကို အမြဲပြုစုပါ။

၇. လုပ်ငန်းကို မားကက်တင်းလုပ်ဖို့လည်း စီစဉ်ပါ။ ဘယ်ကုန်ပစ္စည်း၊ ၀န်ဆောင်မှုမဆို လူများများသိမှ အောင်မြင်မှာပါ။

၈. အလုပ်ကြိုးစားပါ။ ဘယ်အချိန်ရောက်ရောက် ဇွဲမလျှော့ပါနဲ့။

၉. မိသားစုနဲ့ မိတ်ဆွေတွေအတွက် အချိန်ပေးပါ။ ခက်ခဲတဲ့အချိန်မှာ သူတို့က အားဖြစ်စေပါတယ်။

၁၀. ကိုယ်ပိုင်အချိန် ချန်ထားပါ။ ကျန်းမာရေးကို ငွေနဲ့လဲမပစ်ပါနဲ့။

၁၁. စီးပွားရေးကျင့်ဝတ်ထုံးစံတွေကို လိုက်နာပါ။ တစ်နပ်စားအကြံတွေက ကိုယ့်စီးပွားရေးတစ်ခုလုံးကို ပျက်သုန်းစေပါတယ်။

၁၂. ကိုယ်လုပ်နေတဲ့အလုပ်မှာ ပျော်ပါစေ။

စာဖတ်သူတို့မှာရော တခြားအကြံဥာဏ်ကောင်းတွေ ရှိပါသလား။ Comment မှာ သိခွင့်ပေးခဲ့ပါ။

စုပြည့်စုံ
http://www.searchmyanmar.com/link/comment/cid/54255

ပွဲဦးထွက်ရာသီမှာ မြင့်မြင့်ပျံနေတဲ့ ပရီးမီးယားလိဂ် လူသစ်ကစားသမားများ

အင်္ဂလန်ပရီးမီးယားလိဂ်ဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဘောလုံးပြိုင်ပွဲဟုတ်၊ မဟုတ်ဆိုတာကို သဘောထားကွဲလွဲမှုတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး၊ အခက်ခဲဆုံးပြိုင်ပွဲတစ်ရပ်ဆိုတာကိုတော့ဘယ်သူမှ ငြင်းဆန်မှာ မဟုတ်ပါဘူး။ ခေတ်ရဲ့ တောင်းဆိုမှုအရ နည်းပညာ၊ နည်းစနစ်ပိုင်းမှာ အဆင့်မြင့်လာပြီ ဖြစ်ပေမယ့် ကာယကြံ့ခိုင်မှုအားပြုချဉ်းကပ်တဲ့ အင်္ဂလိပ်မူပိုင်ဟန်ကို ဆက်လက်ထိန်းသိမ်းထားခြင်းကြောင့် ပရီးမီးယားလိဂ်မှာ တော်ရုံဒေါင်ဒေါင်မြည်အဆင့်မျိုးနဲ့ မဟုတ်ရင် ဝင်ကစားဖို့မဖြစ်နိုင်တာ အမှန်ပါပဲ။
ပရီးမီးယားလိဂ်ကို ရောက်လာတဲ့ ကမ္ဘာကျော်ဘောလုံးသမား တော်တော်များများဟာ ဒီဒဏ်ကို မခံနိုင်ဘဲ ခြေစွမ်းပျောက်သွားကြတယ်။ တချို့ကျတော့လည်း လပေါင်းအတန်ကြာ၊ ဒါမှမဟုတ် နှစ်နဲ့ချီ အချိန်ယူပြီးမှ ပရီးမီးယားလိဂ်မှာ ဝင်ဆံ့လာကြပါတယ်။ ခြွင်းချက်အနေနဲ့ ရာသီတိုင်းမှာ ပထမဆုံးပရီးမီးယားလိဂ်အတွေ့အကြုံကို ဖြတ်သန်းရပေမယ့် ခြေစွမ်းပြနိုင်တဲ့ ကစားသမားတချို့လည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒီရာသီမှာလည်း ပွဲစဉ် (၆) အထိ ပြီးဆုံးချိန်မှာ ပရီးမီးယားလိဂ်ကို ပထမဆုံးခြေချခွင့်ရလာပြီး အံ့ဩစရာကောင်းလောက်အောင် ပြောင်ပြောင်မြောက်မြောက် ကစားပြနိုင်သူ တချို့ကို တွေ့ရပါလိမ့်မယ်။ အဲဒီထဲကမှ အပေါ်လွင်ဆုံး၊ အကောင်းဆုံး ၁၀ ယောက်ကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။

၁။ ဒီမီထရီပေယက် (ဝက်စ်ဟမ်းယူနိုက်တက်)
ဒီရာသီဝက်စ်ဟမ်းအသင်းရဲ့ စွမ်းဆောင်မှုတွေကတော့ ချီးကျူးစရာပါပဲ။ ခြောက်ပွဲကစားပြီးချိန်မှာ နာမည်ကြီး သုံးသင်းဖြစ်တဲ့ မန်ချက်စတာစီးတီး၊လီဗာပူးနဲ့ အာဆင်နယ်တို့ကို အဝေးကွင်းတွေမှာ အနိုင်ယူပြီး တစ်ဂိုးပဲ ခွင့်ပြုခဲ့ရတာက အံ့ဩစရာပါ။ အဲဒီပွဲစဉ်တွေမှာ အပေါ်လွင်ဆုံးကစားသမားတစ်ယောက်ကတော့ နွေရာသီကမှ အိုလံပစ်မာဆေးလ်ကနေ ပြောင်းရွှေ့လာတဲ့ ပြင်သစ် ကွင်းလယ်ဖန်တီးရှင်ပေယက်ပါပဲ။ ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူးဝမ်းရဲ့ အခွင့်အလမ်းဖန်တီးနိုင်စွမ်း အမြင့်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရတဲ့ ပေယက်ဟာ ပရီးမီးယားလိဂ်မှာလည်း သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကောင်းတွေကို ဆက်ပြီး ထိန်းထားနိုင်ပါတယ်။ သူဟာ ပရီးမီးယားလိဂ် ခြောက်ပွဲစလုံးမှာ ပွဲချိန်ပြည့်နီးပါးကစားခဲ့ပြီး ကိုယ်တိုင် သုံးဂိုးသွင်းခဲ့သလို အသင်းဖော်တွေ ဂိုးရအောင် နှစ်ကြိမ်ဖန်တီးပေးခဲ့ပြီး ဖြစ်ပါတယ်။

 
၂။ အန်ဒရီအေယူး (ဆွမ်ဆီးစီးတီး)
အိုလံပစ်မာဆေးလ်ကနေ ပရီးမီးယားလိဂ်ကို ပြောင်းလာပြီး တောက်တောက်ပပ ခြေစွမ်းပြနေတာ ပေယက်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ ဆွမ်ဆီးဟာလည်း အေယူးကို ခေါ်ယူခဲ့ခြင်းအတွက် ကောင်းကျိုးတွေ ခံစားနေရပါတယ်။ ညာတောင်ပံကနေ မြန်နှုန်းနဲ့ ကျွမ်းကျင်မှုကို ထိထိရောက်ရောက်ရောယှက်ပြီး ထိုးဖောက်ပြခဲ့တဲ့ ဂါနာလက်ရွေးစင်ဟာအခုအချိန်မှာတော့လေဘာတီပရိသတ်ရဲ့အချစ်တော် ဘဝကို မြန်မြန်ဆန်ဆန် ပိုင်ဆိုင်လာပါပြီ။ သူဟာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရတဲ့ပွဲက ဂိုးအပါအဝင် အသင်းအတွက် သုံးဂိုးသွင်းယူပြီး အသင်းဖော်တွေ ဂိုးရရှိဖို့ တစ်ကြိမ် ဖန်တီးပေးထားပါတယ်။

၃။ အန်ထော်နီမာရှယ် (မန်ချက်စတာယူနိုက်တက်)
ပြင်သစ်ကနေ အင်္ဂလန်ကို ပြောင်းလာတဲ့ကစားသမားတွေ အဆင်ပြေကောင်းစားနေတာ ပေယက်၊ အေယူးတို့တင်မကပါဘူး။ မန်ချက်စတာယူနိုက်တက်ဟာ ဈေးကွက်ပိတ်ရက်မှာ အသက်(၁၉)နှစ်အရွယ် ချာတိတ်လေးတစ်ယောက်ကို စတာလင်ပေါင်၃၉ သန်းနဲ့ ခေါ်ယူလိုက်တော့ သွေးရူးသွေးတန်း လူဝယ်မှုအဖြစ် ရယ်သွမ်းသွေးခံရပါတယ်။ ဒါပေမဲ့ အဲဒီလှောင်ပြောင် ရယ်မောသံတွေဟာ လီဗာပူးနဲ့ပွဲမှာ အရန်ခုံကထလာတဲ့ မာရှယ်က ပရီးမီးယားလိဂ်ဝါရင့်ခံစစ်မှူးတွေဖြစ်တဲ့ မာတင်စကာတယ်လ်၊ နသန်နီရယ်လ်ကလင်းတို့ကို လှလှပပ တစ်ကိုယ်တော်ကျော်ဖြတ်ပြီး ဂိုးသွင်းလိုက်ချိန်မှာ တိတ်ဆိတ်သွားပါတယ်။ စိန့်မေရီမှာ ဆောက်သမ်တန်ကို ယူနိုက်တက်က အနိုင်ရပြန်တော့ မာရှယ်က နှစ်ဂိုးထပ်သွင်းပြလိုက်တဲ့အခါ ပေးရတဲ့ဈေးက နည်းတောင် နည်းနေသေးတယ်ဆိုတဲ့ လေသံတွေ ပြောင်းလဲသွားပါပြီ။ မာရှယ်သာအင်္ဂလိပ်စကားသေချာပြောတတ်လာရင် အသင်းဖော်တွေနဲ့ အချိတ်အဆက်ပိုမိပြီး ခြေစွမ်းလည်းပိုပြလာနိုင်မယ်လို့မျှော်လင့်ရပါတယ်။ ဘာပဲဖြစ်ဖြစ် (၁၉)နှစ်သားလေး တစ်ယောက်အတွက် ပရီးမီးယားလိဂ်လို ခက်ခဲတဲ့ ပြိုင်ပွဲမှာ နှစ်ပွဲ ကစားပြီး သုံးဂိုး ရထားတယ်ဆိုတာ အထင်ကြီးစရာပါပဲ။

၎။ ကာလမ်ဝီလ်ဆင် (ဘုန်းမောက်)
ဘုန်းမောက်အသင်း ပရီးမီးယားလိဂ်ကို တန်းတက်မလာခင်က ဝီလ်ဆင်ဟာ အင်္ဂလန်ရဲ့ အဆင့်နိမ့်ပြိုင်ပွဲတွေမှာပဲ ကျင်လည်နေခဲ့ရတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို တန်းတက်ရေးအတွက် ဘုန်းမောက်ရဲ့ အားထုတ်မှုမှာ ဝီလ်ဆင်က အရေးပါသူ ဖြစ်ခဲ့ပြီး ပထမတန်းမှာ သွင်းဂိုး ၂၀ ထိရယူပြီး အသင်းကို ကူညီပေးခဲ့တယ်။ ဒီရာသီမှာတော့ သူ့ရဲ့ ပထမဆုံးပရီးမီးယားလိဂ်အတွေ့အကြုံတွေကို ပိုင်ဆိုင်ဖြတ်သန်းနေပြီး ဂိုးသွင်းစွမ်းရည်ကိုလည်း ဆက်ထိန်းသိမ်းထားပါတယ်။ အသက်(၂၃)နှစ်အရွယ် ကစားသမားဟာ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဟက်ထရစ်အပါအဝင် စုစုပေါင်း ပရီးမီးယားလိဂ်ခြောက်ပွဲကစားပြီး ငါးဂိုးထိရရှိထားပါတယ်။

၅။ မက်တီယိုဒါမီယန် (မန်ချက်စတာယူနိုက်တက်)
ပြီးခဲ့တဲ့ နှစ်တွေကို ပြန်ကြည့်ရင် အီတလီကစားသမား အများစုဟာ ပရီးမီးယားလိဂ်မှာ အံဝင်ဖို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတာကို တွေ့နိုင်ပါတယ်။ ဒီတော့ ဒါမီယန်ကို ယူနိုက်တက်က ခေါ်ယူလိုက်ချိန်မှာ သူ့အပေါ်သံသယတွေနဲ့ စောင့်ကြည့်နေကြတာ မဆန်းပါဘူး။ ဒါပေမဲ့ ဒီအီတလီလက်ရွေးစင် ညာနောက်ခံလူဟာ မန်နေဂျာ လူးဝစ်ဗန်ဂါးလ် စိတ်ကြိုက်အတွေ့ဆုံးဖြစ်တဲ့ အန်တိုနီယို ဗလန်စီယာကို အရန်ခုံပို့လိုက်နိုင်တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့တယ်။ အခုဆိုရင် သူဟာယူနိုက်တက်ရဲ့ ဦးစားပေး ညာခြမ်းခံစစ်သမားအဖြစ် ဂဏန်းငြိမ်နေပါပြီ။ ဒါမီယန်ဟာ လိုအပ်ရင် ဗဟိုနေရာရော၊  ဘယ်ခြမ်းမှာပါ ကစားနိုင်သူလည်းဖြစ်ပါတယ်။ ရာသီအဖွင့်မှာ ယူနိုက်တက်ရဲ့ ခံစစ်က စွမ်းဆောင်ရည်တည်တည်ငြိမ်ငြိမ်နဲ့ Clean Sheet သုံးပွဲရခဲ့ရာမှာ ဒါမီယန်က အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။

၆။ ပက်ထရိုရိုဒရီဂွတ်ဇ်(ချယ်လ်ဆီး)
ချယ်လ်ဆီးကို ပက်ထရို ရောက်လာပုံက သူက တစ်ချိန်လုံးလိုလို မန်ချက်စတာယူနိုက်တက်နဲ့ နာမည်ထွက်နေရာက ရုတ်တရက် ချယ်လ်ဆီးက စာချုပ်လိုက်တာကြောင့်ပါပဲ။ ဘာစီလိုနာ၊ စပိန်လက်ရွေးစင်အသင်းတွေနဲ့အတူ အောင်မြင်မှုမှန်သမျှ ရထားဖူးတဲ့ စပိန်သားဟာ သူ့ရဲ့ ချယ်လ်ဆီး ကစားသမားဘဝ အဖွင့်ရာသီမှာလည်း ထည်ထည်ဝါဝါ ဆက်ပြီး ရပ်တည်နေပါတယ်။ မြန်နှုန်းနဲ့ ဘောလုံးကျွမ်းကျင်မှု ကောင်းမွန်ပေမယ့် လူကောင်သေးတာကြောင့်  အင်္ဂလန်မှာ အဆင်ပြေပါ့မလားဆိုတဲ့ သံသယတွေကို ပက်ထရိုက သာသာယာယာပဲ ချေဖျက်ပြနိုင်ခဲ့ပါတယ်။ ဒီရာသီ ချယ်လ်ဆီးရဲ့ စွမ်းဆောင်ရည်မကောင်းလှသေးပေမယ့် ပက်ထရိုကတော့ အပေါ်လွင်ဆုံး ကစားသမားတစ်ယောက်ဖြစ်နေသလို အရင်က အားနည်းခဲ့တဲ့ ညာခြမ်းတိုက်စစ်ကိုလည်း အသက်ဝင်လာစေပါတယ်။ ပက်ထရိုဟာ ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ် လေးပွဲကစားထားရာမှာ တစ်ဂိုးသွင်းပြီး အသင်းဖော်တွေ ဂိုးရအောင် နှစ်ကြိမ် ပံ့ပိုးထားနိုင်ခဲ့ပါတယ်။
၇။ ဘာကရီဆာကို(ခရစ္စတယ်ပဲလေ့စ်)
ဆာကိုဟာ ချန်ပီယံရှစ်ကလပ်  ဝုလ်ဖ်ဗာဟမ်တန်နဲ့အတူ အင်္ဂလန်ဘောလုံးလောက အတွေ့အကြုံတချို့တော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပဲလေ့စ်ကို ပြောင်းရွှေ့လာပြီးမှသာ မာလီလက်ရွေးစင်ဟာ ပရီးမီးယားလိဂ်ကို နဖူးတွေ့ဒူးတွေ့ ကြုံဖူးတာ ဖြစ်ပါတယ်။ ရာသီအစ  နှစ်ပွဲဆက်တိုက်  ပဲလေ့စ်မှာ ကစားခွင့်မရပေမယ့် ပထမဆုံးပွဲထွက်ခွင့်ရတဲ့ အက်စ်တွန်ဗီလာနဲ့ ပွဲမှာ  ဆာကိုက ဂိုးသွင်းပြလိုက်ပါတယ်။ အဲဒီနောက်မှာတော့ အသင်းရဲ့ အဓိကကျတဲ့ ကစားသမားတစ်ယောက်ဖြစ်လာခဲ့တယ်။ ကွင်းလယ်တိုက်စစ်မှာ အကောင်းဆုံးကစားနိုင်ပြီး လိုအပ်ရင်လည်း ဆာကိုက တောင်ပံတွေကို ရွေ့လျားနေရာယူနိုင်သူ ဖြစ်ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ဂ်ျမှာ လက်ရှိချန်ပီယံ ချယ်လ်ဆီးကို အနိုင်ရတဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့တာက သူ့အတွက် အမှတ်တရပါပဲ။ ဆာကိုဟာ ပရီးမီးယားလိဂ်လေး ပွဲမှာ နှစ်ဂိုးသွင်းပြီး အသင်းဖော်တွေ ဂိုးရအောင် ဖန်တီးမှု တစ် ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။
၈။ ဆွန်ဟောင်မင် (တော့တင်ဟမ်ဟော့စပါး)
စပါးမန်နေဂျာ မော်ရစ်စီယို ပိုချက်တီနိုဟာ တိုက်စစ်အတွက် ဝက်စ်ဘရွန်းက ဆိုင်ဒိုဘီရာဟီနိုကို ဦးစားပေးချိတ်ဆက်ခဲ့ပေမယ့် မအောင်မြင်တဲ့နောက် တောင်ကိုရီးယားလက်ရွေးစင်ဆွန်ကို စတာလင်ပေါင် ၂၂ သန်းနဲ့ ဂျာမန်ကလပ် ဘေယာလေဗာကူဆင်ကနေ ခေါ်ယူလိုက်ပါတယ်။ ဆွန်ဟာ အစောပိုင်းမှာ စပါးရဲ့ လူစားဝင် တိုက်စစ်မှူးအဖြစ်သာရှိခဲ့ပေမယ့် ကွာရာဘက်ကို အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ နှစ်ဂိုးသွင်းပြလိုက်တော့ မန်နေဂျာရဲ့ ယုံကြည်မှုကို ရလာခဲ့တယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာတော့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဆွန်က သွင်းယူပြီး သူ့ရဲ့ ကစားသမားဘဝ စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပါပြီ။ တိုက်စစ်မှာ နေရာစုံ ပြောင်းရွှေ့ကစားနိုင်တယ်ဆိုပေမယ့် ဆွန်ဟာ တိုက်စစ်မှူးစစ်စစ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟယ်ရီကိန်း ဂိုးပေါက်ပျောက်နေချိန်မှာ သူဟာ စပါးရဲ့ အားအထားရဆုံး ဂိုးသွင်းစက် ဖြစ်လာမယ်လို့ ပရိသတ်တွေက မျှော်လင့်ယုံကြည်နေပြီ ဖြစ်ပါတယ်။
၉။ အိုဒီယွန်အစ်ဂ်ဟာလို (ဝက်ဖို့ဒ်စီးတီး)
ပြင်သစ်၊ အီတလီနဲ့ စပိန်ကလပ် တချို့မှာ ကျင်လည်ခဲ့ဖူးပြီးတဲ့နောက် အစ်ဂ်ဟာလိုဟာ ဒီရာသီမှာတော့ တန်းတက်ဝက်ဖို့ဒ်နဲ့အတူ ပထမဆုံး ပရီးမီးယားလိဂ်အရသာကို မြည်းစမ်းကြည့်ခွင့်ရလာပါပြီ။ အရပ်  ခြောက်ပေ နှစ်လက်မ မြင့်တဲ့ နိုက်ဂျီးရီးယားတိုက်စစ်မှူးဟာ လူကောင်ထွားထွားကြီးနဲ့ မလိုက်ဖက်အောင် မြန်ဆန်လွန်းသူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရပါတယ်။ ရာသီအဖွင့်အဖြစ် အဲဗာတန်ကို ၂ ဂိုးစီ သရေကျရာမှာ သူက ၁၇ မိနစ်ပဲ ကစားရပေမယ့်တစ်ဂိုးသွင်းပြီး အသင်းကို အမှတ်ရအောင် ကူညီပေးခဲ့တယ်။ နောက်ပိုင်းမှာတော့ ဝက်ဖို့ဒ်ရဲ့ ပွဲထွက် တိုက်စစ်မှူးဖြစ်လာပြီး ပရီးမီးယားလိဂ် ၆ ပွဲကစားပြီးရာမှာ ၄ ဂိုးထိ သွင်းယူထားပါတယ်။

၁၀။ ဂျိုးဂိုမက်ဇ် (လီဗာပူး)
နွေရာသီဈေးကွက်ကာလမှာ လီဗာပူးဟာ ငွေသုံးခပ်ကြမ်းကြမ်းနဲ့ ကစားသမားသစ်တွေ ခေါ်ယူပြီး အသင်းကို ပုံစံပြောင်း အထိုင်ချတည်ဆောက်ခဲ့ပါတယ်။ အဲဒီမှာ ပထမတန်းကလပ် ဖူလ်ဟမ်ကနေ ဝယ်ယူခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ချာတိတ်လေး ဂိုမက်ဇ်ကိုတော့ အသင်းပရိသတ်ကတောင် မှတ်မှတ်ထင်ထင်မဖြစ်ခဲ့ဘူး။ အနာဂတ်အတွက် ရည်ရွယ်ပြီး စတာလင်ပေါင် ၃ သန်းလောက် မြှုပ်နှံခဲ့တာဖြစ်မယ်လို့ ခပ်ပေါ့ပေါ့ပဲ တွေးခဲ့ကြပါတယ်။ ဒါပေမဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် မန်နေဂျာ ဘရန်ဒန်ရော်ဂျာက ဂိုမက်ဇ်ကို ပထမအသင်းမှာ နေရာပေးပွဲထုတ်ခဲ့ပါတယ်။ အံ့ဩစရာကောင်းတာက ဂိုမက်ဇ်ဟာ သူအားအသန်ဆုံးဖြစ်တဲ့ ဗဟိုခံစစ်နဲ့ ဒုတိယဦးစားပေးဖြစ်တဲ့ ညာခြမ်းခံစစ်တို့မှာ မကစားရဘဲ ဘယ်နောက်ခံလူအနေနဲ့ ခြေစွမ်းပြနေတာပါပဲ။ လီဗာပူးအသင်း ပရီးမီးယားလိဂ်ရာသီအစ သုံးပွဲဆက် Clean Sheet ရခဲ့ချိန်မှာ ဂိုမက်ဇ်ဟာ အရွယ်နဲ့ မလိုက်အောင် တည်တည်ငြိမ်ငြိမ်ကစားပြခဲ့တယ်။ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ မန်ချက်စတာယူနိုက်တက်ကို အရေးနိမ့်ရာမှာ သူ့အနေနဲ့ အမှားလေးတချို့ရှိခဲ့တယ် ဆိုပေမယ့် ဂိုမက်ဇ်ရဲ့ အသက်က(၁၈)နှစ်ပဲရှိသေးတာကို မေ့မထားသင့်ပါဘူး။ ဒီချာတိတ်ဟာ လီဗာပူးမှာ ဒီထက်ပိုပြီး တောက်ပလာဖို့ အများကြီးမျှော်လင့်နိုင်ပါသေးတယ်။

http://www.7daydaily.com/story/47229

ဥာဏ်ရည် ထက်မြက်သော ကလေးငယ် ဖြစ်စေရန် ပညာရှင် တို့၏ အကြံပြုချက်များ


- သင့်ကလေးအတွက် သင့် မျက်ဝန်းတွေ အမြဲကြယ် တာရာလို ကြည်လင်ဝင်း လက်နေဖို့ ထိန်းသိမ်းပါ။

- ကလေးငယ်တစ်ယောက် ဆီ မှာတောင့်ခံနိုင်မှု၊ ယုတ္တိကျ မှု၊ တစ်ကိုယ်ကောင်း စိတ် ကင်းမှုနှင့် တခြား ပဉ္စလက် ဆန်ဆန် ရှိနေဖို့ မမျှော်လင့် ပါနဲ့။

- သင့်ကလေးပြောတာကို အာ ရုံစိုက်နားထောင်ပေးပါ။ သူ ပြောသမျှ စကားလုံးတိုင်းကို အလေးနက် ထားပြီး စကား လုံးနောက်ကွယ်က သူ့ရဲ့ ခံ စားချက်ကိုလည်း တန်ဖိုး ထားဂရု စိုက်ပေးပါ။

- သင့်ကလေးငယ်နှင့် အတူ ပြင်ပ ထွက်လည်တာကို အချိန် များများပေးပါ ။လေကောင်း လေသန့် ရှူပေးခြင်းဖြင့် ကလေးငယ် ၏ ကိုယ်၊ စိတ်၊ ဦး နှောက် ကြီးထွားလန်း ဆန်းနေပါစေ။

- သူတို့အတွက် မေတ္တာဟာ အချိန်တိုင်းမှာအရေးတကြီး လိုအပ်နေတာပါ။

- လူမမည်ကလေးပေါက်စလေးများပင်လျှင် တစ်ခါ တစ်ရံအသည်းကွဲ မတတ်ခံ စားရနိုင်သည်ကို နားလည် စာနာပါ။

- သင့်ကလေးကို အမြဲဒုတိယ အကြိမ်ထပ်ကြိုးစား ခွင့်ပေး လိုက်ပါ။

- သင့်ကလေး ဆော့ကစားနေ ခိုက်စောင့်ကြည့်အကဲခတ် နားစွင့်လေ့လာပြီး သူ့ကိုယ် သူနဲ့ သင့်အပေါ် သူဘယ်လို ရှုမြင်သည်ကို သဲလွန်စရှာ ဖွေဖော်ထုတ်ကြည့်ပါ။

- မည်မျှ သေးငယ် ပါစေ၊ ကလေး၏ အောင်မြင်မှုများ ကို တခမ်းတနား အောင်ပွဲခံ ပေးပါ။

- သင့်ကလေး ပြောသမျှ ရယ် စရာစကားများ၊ နှစ်သက် ဖွယ် အသုံးအနှုန်းများကို ချ ရေးမှတ်ထားပါ။ ထိုစကား များဟာ နောင်နှစ်ပေါင်း များစွာ သင့်မိသားစု အတွက် ပီတိဖြစ်စရာ ဖျော်ဖြေပေး ပါလိမ့်မည်။

- သင့်ကလေးကို တခြား ကလေး နှင့် နှိုင်းယဉ်သော အလေ့ အထကို မမွေးပါနှင့်။

- လုပ်မလား၊ မလုပ်ဘူးလား” ဟူသော ခြိမ်းခြောက်မိတော့ မည့် အနေအထား မျိုးကို ဖြစ်နိုင်သမျှ ရှောင်ကြဉ်ပါ။

- သင့်ကလေးကို ထပ်ခါထပ် ခါဖတ်ပြဖို့ စိတ်ကြိုက်စာ အုပ်များရွေးချယ်သတ်မှတ် ထားပါ။

- သင့်ကလေးနဲ့အတူတူ ရယ် တဲ့အခါ လိုက်ရယ်၊ ငိုတဲ့ အခါ လိုက်ငိုပါ။

- သင့်ရော၊ သင့်ကလေးပါ နှစ် ယောက် စလုံးတက်လို့ ရနိုင် မည့် သစ်ပင် တစ်ပင်ရှာ ထားပါ။

- တစ်စုံတစ်ရာ(သို့)သစ်ပင် တစ်ပင်ကို ကြီးထွား လာအောင် ကလေးနှင့် အတူတူ ပြုစုပျိုး ထောင်ပါ။

- အောင်မြင်မှု အတွက် သာမက အားထုတ်မှု အတွက်ပါ ကလေးကို ချီးကျူးပါ။

- ကလေးရဲ့ စိတ်အနေမြင့်ရန် “မင်းတတ်နိုင်မှန်း အဖေ၊ အမေသိပါတယ်”ဟူသော အပြောမျိုးဖြင့် အားပေးပါ။

- သင့်ကလေး ပထမဆုံးကျောင်း စတက်သည့်နေ့ကို ဗီဒီယို (သို့) ဓာတ်ပုံ ရိုက်ကူးထား ပါ။ ဒါဟာ ဘဝရဲ့ အဓိ က ကျောက်စာ တိုင် တစ်တိုင် ဖြစ်ပါတယ်။

- ကလေးက သင့်ကို တစ်ခုခု ပြန်၍ သင်ကြား ပေးခြင်းခွင့် ပြုပါ။

- ကံဆိုးတဲ့နေ့ ကြုံတွေ့လျှင် လည်း အိုကေပဲလို့ ကလေး သိအောင် သူ့ရှေ့မှာ ဟန် မပျက်နေပြပါ။ သင့်ကလေး ကို ရိုးရာ ဒဏ္ဍာရီများ၊ ပုံပြင် များ၊ နတ်သမီး ပုံပြင် များ ပြောပြရင်း ချစ် ခင်ယုယမှု ပေးပါ။ ဤသည်က ကလေး ကို ယဉ်ကျေး သိမ်မွေ့စေပြီး စာတတ်ပေတတ် ဖြစ်လာစေ ပါလိမ့်မည်။

- အနာဂတ်အတွက် သင့်ရဲ့ ကိုယ်ပိုင်အိပ်မက်တွေနဲ့ မျှော် လင့်ချက်တွေ အကြောင်း ကလေးကို ပြောပြပါ။

- ဖြစ်နိုင်သမျှ အချိန်တိုင်းမှာ သင့်ကလေးကို ရွေးချယ်နိုင် ခွင့်များ ချပြထားပါ။

- စံချိန်စံညွှန်း(သို့) အခြား ဥာဏ် ရည်ဥာဏ်သွေးဆန်း စစ် ချက်ပေါ် အခြေခံထားပြီး သင့်ကလေး အဆင့်ကို မသတ်မှတ်ပါနှင့်။

- ကလေးကို သူပြုခဲ့သမျှထဲမှ ကောင်းသော လုပ်ရပ်များ ပြန်သတိ ရမိအောင် ကူညီ ဖော်ထုတ်ပေးပါ။ ဤသည် မှာ ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှု တည်ဆောက်ခြင်း ၏ အခြေခံဖြစ်သည်။

- ရုပ်ရှင်ရုံများနှင့် ကစားကွင်း များသွားသည့် အခါတိုင်း ကလေးကို သူ့ရုံဝင်ခ လက် မှတ်သူ ကိုယ်တိုင်ဝယ်ပါစေ။

- ကလေးကမေးသော ဖြေရ ခက်သည့်မေးခွန်းကို ဥပေက္ခာ မပြုပါနှင့်ဖြေရမှာ ရှက်သလို ရွံ့သလိုလည်း မလုပ်ပါနှင့်။

- ပြည်တွင်းပြည်ပသတင်း များ ကို ကလေးနှင့်အတူ ကြည့် ရှုနားထောင်ပြီးကမ္ဘာမှာ ဘာ တွေဖြစ်နေသလဲ ရှင်းပြပါ။

- ပညာရေး၏ အရေးပါမှုကို ကလေးကိုသိနားလည် အောင် လုပ်ပါ။

- သင့်ကလေး၏ကိုယ်ရေး ကိုယ် တာမှန်သမျှကို လေးစားပါ။

- သင့်ကလေးမှတစ်ဆင့် သင့် ဘဝကိုပြန်ဖြတ်သန်း၊ ပြန်နေ ထိုင်ဖို့ မကြိုးစားပါနှင့်။

- ပန်းတိုင်ချမှတ်ခြင်းက ဘယ် လောက်တန်ဖိုးရှိကြောင်း ကလေးကို ပြသပါ။

“ဘဝမှာ ကျွန်တော့် သားကို အစကပြန်ပြီး ပြုစုပျိုးထောင် ခွင့်များရခဲ့မယ် ဆိုရင် ကိုယ် ကျင့်တရားနဲ့ သိက္ခာကို အရင် တည်ဆောက်မယ်။ နေဖို့ အိမ်ကို နောက် မှဆောက် မယ်။ လက်ချောင်းတွေနဲ့ ပန်းချီဆွဲတာ ပိုပြီးကျင့်မယ်။ လက်ညှိုး ထိုးပြီး အပြစ်တင် တာတွေ ကိုလျှော့မယ်။အပြင်း အထန် ဝေဖန်ဖို့ထက် ကျိုး ကြောင်း ဆက်စပ်ပြီး ကြည့် တတ်ဖို့ အားထုတ်မယ်။အလုပ် ချိန်နာရီကို ကြည့်မယ့် မျက်လုံးက သားကို ဂရုတစိုက် စောင့်ကြည့်ဖို့ သုံးလိုက်မယ်။ သားနဲ့ လမ်းများများ ပိုလျှောက် ပြီးစွန်တွေ အများကြီး လွှတ် မယ်။ အသည်း အသန် အလုပ် တွေကို ရပ်ပြီးသားနဲ့ပဲ အသည်းအသန် ကစားနေ မယ်။ ကွင်းပြင်တွေကို ဖြတ် ပြေးမယ်။ သား နဲ့အတူလေ။ ပြီးတော့ ကြယ်တွေ အများ ကြီးကို ငေးကြည့်မယ်။ စီးပွား ရေးအခွင့် အကောင်းတွေ အစားသားကိုပဲ ပိုပြီးတင်း တင်းကျပ်ကျပ် ပွေ့ဖက်တဲ့ အလေ့ကို လုပ်ဖြစ်အောင် လုပ်မယ်” လို့ ကမ္ဘာကျော် စာရေးဆရာ ဒိန်းလူမန်က သူ့ရဲ့If I had My Child to Raise Over Again စာ အုပ်ထဲမှာ ရေးခဲ့ပါတယ်။

(အလင်းဆက်(IR) – Popular Myanmar)
http://www.searchmyanmar.com/link/comment/cid/54254

အများ ရှုံ့ချ ခံရတဲ့ သားမိုက်တစ်ဦး



တရုတ်ပြည် Jiangxi ပြည်နယ်မှ Hubei ပြည်နယ်သို့ ခရီးသွားတဲ့ကားများကို ရဲများဟာ ထုံးစံအတိုင်း စစ်ဆေးတော့ မမျော်လင့်ပဲ အမေအို တစ်ယောက် ကားနောက်ဖုံးမှာ လိုက်ပါလာတာကို မြင်တွေ့ ရပါတယ်။

သူမရဲ့ သား ဖြစ်သူနဲ့ သားရဲ့ အမျိုးသမီးတို့ဟာ ကား အရှေ့ခန်းမှာ ထိုင်ပါတယ်။ သားငယ်လေး တစ်ဦးပါဝင်ပြီး သူ့သားငယ်လေးတစ်ယောက်တည်းကို ကား နောက်ခန်းမှာ လွတ်လွတ်လပ်လပ် အိပ်ပြီးတော့ လိုက်နိုင်စေဖို့ ဖြစ်ကြောင်း ဆိုပါတယ်။ ယင်းဖြစ်ရပ်ကို ကြည့်ရ မသက်သာတဲ့ ရဲများက စစ်ဆေးတော့ အသက် ၆၀ အရွယ် အဖွားအိုကလည်း သူ့စိတ်သဘောထားအရ ရွေးချယ်ပြီး အနောက်မှာ ထိုင်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။ သူ့သား အမှုပတ်မှာ စိုးလို့ ဖြစ်ပါတယ်။ ကား အနောက်ဖုံးမှာ လိုက်ပါ စီးနင်းခြင်းဟာ အသက်အန္တရာယ် များပါတယ်။ ခုံ မပါပဲ ခြေဆံ့ပြီး ထိုင်လိုက်တာကြောင့် အသက်ရွယ် ကြီးသူ တစ်ယောက် အနေနဲ့ ခါးကိုလည်း ထိခိုက်နိုင်ပါတယ်။ အနောက်ဖုံးဟာ ပစ္စည်းထည့်ဖို့ ထားတာ ဖြစ်တာကြောင့် ထိုင်ဖို့ ဘယ်လိုမှ မသင့်တော် ပါဘူး။ 

ဒါကို ရဲတစ်ဦးက ဆိုရှယ်မီဒီယာပေါ် တင်တဲ့အခါ ယင်း ကားမောင်းတဲ့ အမျိုးသားတို့ မိသားစုကို ကဲ့ရဲ့ ပြစ်တင်ရှုံ့ချခဲ့ကြ ပါတယ်။ ပိုပြီး ဆိုးတဲ့ အချက် တစ်ခု ကတော့ ယင်းကားဟာ အသက် ၆၀ အရွယ် မိခင်အနေနဲ့ သူရရှိတဲ့ ပင်စင်လစာထဲကနေ သားအတွက် ဝယ်ပေးထားတဲ့ ကား ဖြစ်ပါတယ်။ သား တစ်ယောက် အနေနဲ့ တစ်နေ့ ဖခင်ဖြစ်လာတဲ့အခါ သူ့ကို ကားနောက်ဖုံးထဲ ထည့်ခံထားရမယ့် အဖြစ်ကို မသိလေသလားဆိုပြီးတော့ comment များ ပေးခဲ့ကြ ပါတယ်။
Ref: cctvnews
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/YoYarLay/posts/960447380665181

လက်ထပ်ခြင်း




လက်ထပ်တယ်ဆိုတဲ့အရာဟာ ကိုယ့်အတွက်မဟုတ်ဘူးလို့ ကျွန်တော် လက်ခံယုံကြည်တယ်… ဒါနဲ့ပတ်သက်ပြီး ခင်ဗျားစိတ်ထဲ ဘာမှလိုက်မတွေးခင်မှာ စာကို ဆက်ဖတ်လိုက်ပါဦး…

ကျွန်တော့်ဇနီးနဲ့ ကျွန်တော်စတွေ့တုန်းက ကျွန်တော်တို့ ၁၅ နှစ်အရွယ် ကျောင်းသားကျောင်းသူလေးတွေ အဖြစ်ပဲရှိသေးတယ်…. အဲ့ဒီအချိန်ကစပြီး ကျွန်တော်တို့သူငယ်ချင်းဖြစ်လာတာ ဆယ်နှစ်တိုင်ခဲ့တာပေါ့ဗျာ… အဲ့ဒီနောက်တော့ သူငယ်ချင်းဘဝနဲ့ ဆက်မနေတော့ဘူးလို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြတယ်…. အချစ်ဆုံးသူငယ်ချင်းတွေကနေ ချစ်သူတွေဖြစ်သွားကြတဲ့အခါမှာ တကယ့်ပျော်ရွှင်မှုနဲ့ နားလည်မှုတွေရလာမယ်ဆိုတာကို ကျွန်တော်ရဲရဲကြီးအာမခံပါတယ်….

ဒါပေမဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ချစ်သူဖြစ်ရတယ်ဆိုတဲ့အချက်ဟာ လက်ထပ်ဖို့အတွက် ကြောက်ရွံ့မှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ မဖြစ်ပေါ်အောင်တော့ မကာကွယ်ပေးနိုင်ခဲ့ပါဘူး… သူနဲ့ကျွန်တော် လက်ထပ်ဖို့အချိန်နီးကပ်လာလေလေ ကြောက်ရွံ့တွေဝေမှုတွေ ပိုဖြစ်လာလေလေပါပဲ…

လက်ထပ်ဖို့အတွက် ကျွန်တော်အသင့်ကောဖြစ်ပြီလား… ကျွန်တော့်ရွေးချယ်မှုက မှန်ကောမှန်ပါ့မလား… သူမဟာ ကျွန်တော့်အတွက် ဇနီးကောင်းတစ်ယောက်ဖြစ်နိုင်ပါ့မလား… သူမက ကျွန်တော့်ကို ပျော်အောင်ထားနိုင်ပါ့မလား….. စတာတွေကို တွေးနေမိပါတယ်….

ဒီလိုနဲ့ တစ်ညမှာတော့ ကျွန်တော့်ရဲ့အတွေးတွေနဲ့ ကြောင့်ကြမှုကို ကျွန်တော့်အဖေဆီ ရင်ဖွင့်ဖြစ်ပါတယ်…. ကျွန်တော့်အတွေးတွေနဲ့ပတ်သက်ပြီး အဖေပြန်ပြောတဲ့ တစ်ခဏဟာ ကျွန်တော့်ဘဝအတွက် ဘယ်တော့မှ မမေ့နိုင်တဲ့ အချိန်လေးတွေဖြစ်ခဲ့ပါတယ်…

အဖေက နားလည်တဲ့အပြုံးမျိုးပြုံးရင်းပြောတယ်…
“သား… တကယ်တော့ မင်းက တစ်ကိုယ်ကောင်းဆန်ဆန်တွေးနေတာပဲ… သားကိုအဖေ ရိုးရိုးရှင်းရှင်းလေးပြောပြမယ်… လက်ထပ်တယ်ဆိုတာ မင်းအတွက်မဟုတ်ဘူးကွ…. မင်းပျော်ရွှင်နိုင်ဖို့အတွက် လက်ထပ်ရတာမဟုတ်ဘူး… တခြားသူတွေပျော်ဖို့အတွက် လက်ထပ်ရတာ… ထပ်ပြောရမယ်ဆိုရင် လက်ထပ်တယ်ဆိုတာ မင်းတစ်ယောက်ထဲအတွက်မဟုတ်ဘူး… မိသားစုတစ်ခုအတွက်ပဲ သား…. နှစ်ဖက်မိဘဆွေမျိုးတွေနဲ့ တခြားဘာအကြောင်းအရာတွေအတွက်မှလည်း မဟုတ်ဘူး… အနာဂတ်မှာရလာမယ့် မင်းတို့ရဲ့ ရင်သွေးလေးတွေအတွက်ပဲ… သူတို့ဘဝတိုးတက်မြင့်မားဖို့အတွက် မင်းဘယ်လိုအကူအညီမျိုးလိုချင်သလဲ… သူတို့အပေါ်ဘယ်သူ့ရဲ့ လွှမ်းမိုးမှုမျိုး ရှိစေချင်သလဲ… လက်ထပ်တယ်ဆိုတာ မင်းအတွက်မဟုတ်ဘူး… မင်းလက်ထပ်လိုက်တဲ့သူနဲ့ပဲ အဓိကသက်ဆိုင်တဲ့အရာပဲ….. ”

အဲ့ဒီအချိန်မှာပဲ သူမဟာ ကျွန်တော်လက်ထပ်ဖို့ အသင့်တော်ဆုံးသူဖြစ်တယ်ဆိုတာ ကျွန်တော်သိလိုက်တယ်… ကျွန်တော့်အနေနဲ့ သူမကိုပျော်ပျော်ရွှင်ရွှင်နေစေချင်တယ်ဆိုတာလည်း ကျွန်တော်ကောင်းကောင်းသိတယ်…. သူမရဲ့အပြုံးကို နေ့တိုင်းမြင်ချင်တယ်… သူမကို နေ့တိုင်းပျော်ရွှင်ရယ်မောနေစေချင်တယ်… သူမရဲ့မိသားစုမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ကျွန်တော်ပါဝင်ပတ်သက်ချင်တယ်… ကျွန်တော့်မိသားစုကလည်း သူမကို မိသားစုဝင်အဖြစ် လိုလားကြတယ်… ကျွန်တော့်ရဲ့တူမလေးတွေနဲ့ သူမ ဆော့ကစားနေတာကို တွေ့မြင်မိတိုင်း ကျွန်တော့်ကိုယ်ပိုင်မိသားစုလေးကို သူမနဲ့အတူ တည်ဆောက်ချင်နေမိတယ်ဆိုတာကို ကျွန်တော်သိပါတယ်…

ကျွန်တော့်အဖေရဲ့ အကြံပြုစကားဟာ တကယ့်ကို ထိရောက်မှန်ကန်လွန်းပါတယ်… သူ့စကားတွေဟာ တစ်စုံတစ်ယောက်က သင့်ကိုပျော်ရွှင်အောင်မလုပ်ပေးနိုင်ခဲ့ရင် နောက်တစ်ယောက်ကိုပြောင်းလိုက်တာလိုမျိုး အပေးအယူ/အရောင်းအဝယ်ဆန်တဲ့ ဒီကနေ့ခေတ်ရဲ့ အတွေးအခေါ်အယူအဆတွေနဲ့တော့ ဆန့်ကျင်နေပါတယ်…

တကယ့် အိမ်ထောင်တစ်ခု… အချစ်စစ်တစ်ခုဟာ ဘယ်တော့မှ သင့်အတွက်မဟုတ်ပါဘူး… သင်ချစ်ရတဲ့သူ အတွက်သာဖြစ်ပါတယ်… သူတို့ရဲ့ လိုအပ်ချက်တွေ… သူတို့ရဲ့ လိုအင်ဆန္ဒတွေ… သူတို့ရဲ့ မျှော်လင့်ချက်တွေ… သူတို့ရဲ့ အိပ်မက်တွေနဲ့ သက်ဆိုင်နေပါတယ်… တစ်ကိုယ်ကောင်းသမားက “င့ါအတွက်ဘာရနိုင်မလဲ…” လို့ တောင်းဆိုနေချိန်မှာ… ချစ်ခြင်းမေတ္တာသမားကတော့ “ငါဘာပေးနိုင်မလဲ…” လို့ မေးမြန်းနေပါလိမ့်မယ်…

ဒီစာကို ဖတ်နေတဲ့သူတွေအနေနဲ့ အိမ်ထောင်သည်တွေဖြစ်ဖြစ်… လက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူတွေဖြစ်ဖြစ်… လူပျိုအပျိုတွေပဲဖြစ်ဖြစ်… ယုတ်စွအဆုံး တစ်သက်လုံးလူပျိုကြီး အပျိုကြီးလုပ်တော့မယ့်သူတွေပဲဖြစ်ဖြစ်… လက်ထပ်ခြင်းဆိုတာ ခင်ဗျားတို့အတွက်မဟုတ်ဘူးဆိုတဲ့အချက်ကို သိထားစေချင်ပါတယ်… စစ်မှန်တဲ့ ဘယ်ချစ်ခြင်းမေတ္တာကမှ သင့်အတွက်ရယ်လို့ မရှိနိုင်ပါဘူး… အချစ်ဆိုတာ သင်ချစ်ရတဲ့သူအတွက်သာဖြစ်ပါတယ်…

နောက်တစ်ချက်က ဝိရောဓိသဘောတရားအရ လူတစ်ယောက်ကို ခင်ဗျားပိုချစ်မိလေလေ… ချစ်ခြင်းမေတ္တာကို ခင်ဗျားပိုပြီး ရရှိခံစားနိုင်လေလေဖြစ်ပါတယ်… ဒီချစ်ခြင်းမေတ္တာဟာ ခင်ဗျားချစ်ရတဲ့သူတွေဆီကတင် မကပါဘူး…. သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ… သူတို့ရဲ့ မိသားစုဝင်တွေ… ပြီးတော့ သင်တစ်ခါမှမဆုံတွေ့ဖူးသေးတဲ့ တခြားလူထောင်ပေါင်းများစွာဆီကပါ သင့်ကိုဗဟိုပြုခြံရံပြီး ချစ်ခြင်းမေတ္တာတွေ သင့်ထံစီးဆင်းလာပါလိမ့်မယ်…

ချစ်ခြင်းမေတ္တာနဲ့ လက်ထပ်ခြင်းဆိုတာတွေဟာ တကယ်ပဲ သင့်အတွက်မဟုတ်ပါဘူး… တခြားသူတွေအတွက်သာဖြစ်ပါတယ်….

‪‎နှိုင်းရင့်နွေ‬
http://www.searchmyanmar.com/link/comment/cid/54261

အလုပ်ကောင်းကောင်းရဖို့ မိမိကိုယ်ကို ချဲ့ထွင်ပါ…




အလုပ်ကောင်းကောင်းတစ်ခုကို ပိုင်ဆိုင်ပြီး ပြီဆိုရင်လည်းမိမိကိုယ်ကို ဖွံ့ဖြိုး တိုးတက်အောင် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ပြီး ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်၊ ရာထူးအဆင့်အတန်းများကိုတက်လှမ်းနိုင်အောင် ကြိုးစား အားထုတ်ကြရမှာ ဖြစ်ပါတယ်။

ကမ္ဘာကျော် ‘Nike’ ကုမ္ပဏီကြီးရဲ့ဆောင်ပုဒ် တစ်ခုရှိပါတယ်။

“There is no finish line” တဲ့။ ဟုတ်ပါတယ်။ လူတိုင်းလူတိုင်းမှာ အကန့်အသတ်မဲ့ချဲ့ထွင်ဖြစ်တည်နိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်နိုင်ခွင့်ရှိပါတယ်။ အဲ့ဒီထဲမှာ သင်လည်း တစ်ယောက် အပါအ၀င်ဖြစ်ပါတယ်။ စာရေးသူရဲ့ အတွေ့ အကြုံအရ ကုမ္ပဏီတွေမှာ သင်တန်းတွေပို့ချ ပေးတဲ့အခါ တွေ့ရတာ က စာရေးသူတို့ မြန်မာ ၀န်ထမ်းတွေ တော်တော်များများရဲ့ ပြဿနာ ကြောက် ကြတဲ့ ရောဂါပဲ။

မိမိကိုယ်ကို ချဲ့ထွင်ပြီး ဖွံ့ဖြိုးတိုးတက်လို သူတစ်ယောက်အတွက်တော့ အခက်အခဲ ပြဿနာဆိုတာ ရန်သူမဟုတ်ပါဘူး။ အလုပ်သေးသေးလုပ် ရင် ပြဿနာသေးသေးတွေ့မယ်။ အလုပ်ကြီးကြီးလုပ်ရင် ပြဿနာကြီးကြီးတွေ့ မယ်။ ပြဿနာလုံးဝ မတွေ့ချင်ရင်တော့ လုပ်စရာနည်းလမ်းတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဘာမှမလုပ်ဘဲနဲ့ အိမ်ထဲမှအိပ်နေမှပဲရပါတယ်။ အဓိကပြဿနာတွေကို ရင်ဆိုင်မတွေ့အောင် ရှောင်လွဲဖို့၊ ဆုတောင်းဖို့ မဟုတ်ပါ ဘူး။ ကြုံတွေ့ လာရတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရည်အသွေး၊ အရည်အချင်းတွေ ရှိလာဖို့ မိမိကိုယ်ကိုချဲ့ထွင်ကြိုးစားအားထုတ်ကြဖို့ ဖြစ်ပါ တယ်။

မိမိကိုယ်ကို ချဲ့ထွင်ဆောင်ရွက်နိုင်ဖို့ ပထမဦးစွာ မိမိရဲ့တွေးခေါ်နိုင် မှုစွမ်းရည် (Thinking Capacity) ကိုချဲ့ထွင်နိုင်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ တွေးခေါ်နိုင်မှုစွမ်းရည်ကို ချဲ့ထွင်ပြီး မိမိကိုယ်ကိုယ်ချဲ့ထွင်နိုင်ဖို့ အကြံပြုချက်အချို့ကို တင်ပြပေးလိုက်ပါတယ်။

၁။ အလုပ်ပိုများများလုပ်ဖို့အတွက် ဘာတွေ လုပ်နေတာလဲ ဆိုတာကို အာရုံစိုက်ပါ။

လူတော်တော်များများက တစ်နေ့နေ့ သူတို့ဘာတွေပိုလုပ်နိုင်မလဲ ဆိုတာကိုသာ စဉ်းစားနေပြီး သူတို့ဘာတွေလုပ်နေလဲ ဆိုတာကိုတော့ ဆန်းစစ်တွေးခေါ်စဉ်းစားဖို့ မေ့လျော့နေကြပါတယ်။ လူတော်တော်များများက စာရေးသူရဲ့ ဟောပြောပွဲတွေမှာ၊ သင်တန်း (Training) တွေမှာ ခုလိုမေးကြ ပါတယ် …

“ကျွန်တော်/ကျွန်မတို့ရဲ့ လုပ်ငန်းခွင်တွေ မှာ လက်ရှိအခြေအနေ ထက်ပိုပြီး တိုးတက်အောင်မြင်လာအောင် ဘယ်လိုလုပ်ရမလဲ” တဲ့။
အဲ့ဒီအခါ စာရေးသူရဲ့အဖြေက ရိုးရိုးရှင်းရှင်းလေးပါ …
“ဟုတ်ကဲ့၊ အလုပ်ကိုကြိုးစားပြီး လုပ်ပါ”
ဒါပေမဲ့ စာရေးသူရဲ့ အဲ့ဒီအဖြေဟာ အချို့သော အခြေအနေတွေမှာ မှားယွင်းနေတာကို အံ့အားသင့်ဖွယ်တွေ့ရပါတယ်။ ဒါဘာဖြစ်လို့ပါလဲ။ တချို့ အခြေအနေတွေမှာ အထူးသဖြင့် ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေမှာရှိတဲ့ ၀န်ထမ်းတော်တော်များများဟာ အလုပ်ကို တော်တော်လေး ကြိုးစားလုပ် ကြပေမဲ့သူတို့လုပ်သလောက် အကျိုးခံစားခွင့် မရကြတာကို ၀မ်းနည်း ဖွယ်တွေ့ရပါတယ်။

အဓိကက ကိုယ်ဘာတွေလုပ်နေလဲဆိုတာကို အာရုံစိုက်ပြီး ပြန်လည် ဆန်းစစ်ကြည့်ကြဖို့ လိုအပ်ပါတယ်။ မိမိကိုယ်ကို ပြန်မေးရမယ့် မေးခွန်း ၃ ခုပဲ ရှိပါတယ် …
(၁) ငါဘာတွေလုပ်ဖို့ လိုအပ်လဲ။
(၂) ဘယ်အလုပ်တွေက ငါ့အတွက် အကြီးမားဆုံးရလဒ်တွေရမှာလဲ။
(၃) ဘယ်အလုပ်တွေက ငါ့အတွက် ကြီးကျယ်တဲ့ ဆုလာဘ်တွေ ပေးမှာလဲ။
စတာတွေပဲ ဖြစ်ပါတယ်။ မေးပါ။ စဉ်းစားပါ။ ပြီးရင်လုပ်ပါ။

၂။ ငါလုပ်မှ လုပ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းမေးနေတာကိုရပ်ပြီး ငါဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားပါ။

“ငါလုပ်မှ လုပ်နိုင်ပါ့မလား” ဆိုတဲ့မေးခွန်းက စာရေးသူတို့ကို သံသယတွေများစွာနဲ့ နှောင့်နှေး ကြန့်ကြာစေပါတယ်။ အဲ့ဒီမေးခွန်းအစား …
“ငါဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ မေးခွန်းနဲ့ အစားထိုးလိုက်ပါ။ ပြီးရင် အဖြစ်နိုင်ဆုံးနည်းလမ်းတွေကိုရှာပြီး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပါ။ အောင်မြင်မှုတွေက သင့်ကိုစောင့်ကြိုနေပါလိမ့်မယ်။

၃။ တံခါးတစ်ပေါက်တည်းအပေါ် စဉ်းစားနေ တာကို ရပ်လိုက်ပါ။ တံခါးပေါက်တွေအများ ကြီးကို ဖွင့်လှစ်လိုက်ပါ။

ပြဿနာတိုင်းမှာ အဖြေတစ်ခုတည်းရှိတာမဟုတ်ပါဘူး။ အဖြေမှန်က တစ်ခုထက်ပိုပြီး ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အဖြေမှန်ရရုံနဲ့ ရပ်မနေ ပါနဲ့။ နောက်ထပ်အဖြေမှန်တွေလည်း ရှိနေနိုင်တာမို့ ကြိုးစားအားထုတ် ရှာဖွေပါ။ မမျှော်လင့်ဘဲ အံ့သြဖွယ်အခွင့်အလမ်းတွေကို တွေ့ရှိနိုင်ပါတယ်။

၎။ လူတွေက သင့်ကို မျှော်လင့်တာထက် ပိုလုပ်ပါ။
သင့်ရဲ့သူငယ်ချင်း၊ သင့်ရဲ့အလုပ်ရှင်၊ သင့်ရဲ့ ၀ယ်သူ Customer တွေက သင့်အပေါ် မျှော်လင့်ထားတာထက် ပိုလုပ်နိုင်အောင် ကြိုးစားဆောင်ရွက်ပါ။ ဘယ်တော့မှ သာမန်နဲ့ ကျေနပ်မနေပါနဲ့။ အကောင်း ဆုံးဖြစ်အောင် အားထုတ်ပါ။ဖော်ပြပါပုံအတိုင်း အောင်မြင်မှုရဲ့ အထွတ် အထိပ်မှာ အကောင်းဆုံးတွေအတွက်ပဲ နေရာရှိပါတယ်။

၅။ အရေးကြီးကိစ္စရပ်တွေကို အရေးကြီးလာမှ ဆောင်ရွက်တာထက် အရေးကြီးကိစ္စရပ်တွေ ကို နေ့စဉ်နည်းနည်းဆောင်ရွက်သွားပါ။
အောင်မြင်မှုမှာ ဖြတ်လမ်းမရှိပါဘူး။ အရေးကြီးလာမှ အရေးတကြီး ပြူးပြူးပြာပြာဆောင် ရွက်တာထက် အရေးကြီးတဲ့ကိစ္စရပ်တွေ ကို နေ့စဉ်နည်းနည်းနည်းနည်းနဲ့ ပုံမှန်ဆောင်ရွက်သွားပါ။ အောင်မြင်မှုက သင့်ကို စောင့်ကြိုနေ ပါလိမ့်မယ်။ ။

လင်းသိုက်ညွန့် (မြန်မာ့မြေ)
http://www.searchmyanmar.com/link/comment/cid/54251

“သဒ္ဓါ”


 

စိတ်ကို ဖြူစင်စေတတ်တဲ့ အင်အားစုတွေကို ကျမ်းစာမှာလာတဲ့ အစီအစဉ်အတိုင်း ပြောရရင်
နံပါတ်တစ်က “သဒ္ဓါ”တဲ့။သဒ္ဓါဆိုတာက “ယုံကြည်တာ၊ ယုံတယ်၊ စိတ်ကြည်တယ်၊ရဲရင့်တယ်၊ဆုံးဖြတ်နိုင်တယ်၊ကုသိုလ်ကောင်းမှုဘက်မှာ စိတ်ဝင်စားတယ်”ဆိုတဲ့ သဘောတွေ အားလုံးကို “သဒ္ဓါ”လို့ ခေါ်တယ်၊ယုံတာ တစ်ခုတည်းသာ“သဒ္ဓါ”မဟုတ်ဘူး။

ဒါကြောင့်မို့ ဗမာစကားမှာ“ယုံ-ကြည်” လို့ တွဲထားတာ။
❖သဒ္ဓါ ဖြစ်လို့ရှိရင် “ယုံ” တယ်။
❖စိတ် “ကြည်”တယ်၊
စိတ်သန့်ရှင်းတယ်၊ကြည်လင်တယ်၊အေးမြတယ်၊ ကုသိုလ်ကောင်းမှု လုပ်ဖို့ ရဲရင့်တယ်၊ ဖျတ်လတ်တယ်၊
စိတ်ဝင်စားတယ်၊ဒါတွေ အားလုံးဟာ သဒ္ဓါရဲ့ သွင်ပြင်လက္ခဏာတွေလို့ ပြောတာနော်။

ယုံကြည်ဆိုတော့ ယုံကြည်မှုနဲ့ ပတ်သက်လာလို့ရှိရင် အကန့်အသတ် တစ်ခုတော့ ထားရတယ်။
ဘာကို ယုံတာလဲ၊

ဟိုလူပြော၊ဒီလူပြော ယုံသမျှတွေကို သဒ္ဓါလို့ခေါ်တာလား? မဟုတ်ဘူး။
ယုံတယ်ဆိုတာနဲ့ ပတ်သက်လာလို့ရှိရင် ဟိုဟာယုံ၊ ဒီဟာယုံ၊ လာလိမ်သွားရင်လည်း
ယုံသွားတယ် မဟုတ်လား၊

အဲဒါမျိုးက “ပညာမဲ့တဲ့ သဘောတွေ”ပဲ ဖြစ်တယ်။ယုံတယ်ဆိုတာ ဘာကို ယုံတာလဲ ဆိုလို့ရှိရင်
ကံ၊ကံ၏အကျိုးကို ယုံတယ်။ကံ , ကံ၏အကျိုးကို ယုံတယ် ဆိုရာမှာ
ဘာလုပ်လုပ် ကိုယ်ပဲ တာဝန်ယူတာ။ကိုယ်လုပ်တာ ကိုယ်ရတယ်လို့ လက်ခံတာနော်။
အင်္ဂလိပ်လိုပြောရင် responsible ပေါ့။ကိုယ့်တာဝန် ကိုယ်ယူရတယ်။
ကိုယ်လုပ်ရင် ကိုယ်နဲ့ပဲ ဆိုင်တယ်လို့ လက်ခံတာ၊တချို့က အဲဒီလို လက်မခံဘူးလေ။

အဲဒီတော့ ကိုယ်လုပ်ရင် ကိုယ်နဲ့ဆိုင်ရမှာပေါ့။သူများအပေါ် သွားမပြောနဲ့နော်။
ကိုယ်လုပ်တာ ကိုယ်ပဲ။အဲဒီလို ကိုယ်လုပ်တာ ကိုယ်နဲ့ ဆိုင်တယ်လို့ လက်ခံတာ။
ဒါ ကံ, ကံ, ကံ၏ အကျိုးကို လက်ခံတာပဲ။“ကမ္မဿကတာ သမ္မာဒိဋ္ဌိ”။
ကံ , ကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားအပေါ် အခြေခံပြီးဖြစ်တဲ့ “သမ္မာဒိဋ္ဌိဉာဏ်” လို့ ဆိုရတယ်။
အဲဒီတော့ ကံ, ကံ၏အကျိုးကို ယုံကြည်မှု လက်ခံမှုသည် “အခြေခံ သဒ္ဓါတရား” လို့ ဒီလိုပြောရမယ်။

လက်ခံနေရုံလေးနဲ့တော့ အလုပ် မဖြစ်သေးဘူးနော်။လက်ခံပြီးတဲ့အခါ ရှေ့ဆက်လုပ်ဖို့ လိုတယ်။
ဒါကြောင့်မို့ သဒ္ဓါဆိုတာ ဗုဒ္ဓဘာသာမှာ အစကလေးပဲ။တခြားဘာသာတွေမှာတော့ သိပ်အရေးပါတယ်။
ဗုဒ္ဓဘာသာမှာ ယုံကြည်မှုသည် တကယ့်ကို အစလေးပဲ ရှိသေးတယ်၊

❖ယုံကြည်မှုနောက်မှာ “ပညာ” မလိုက်နိုင်သေးဘူးဆိုရင်...
ယုံကြည်မှုသည် blind faith လို့ခေါ်တဲ့ “မျက်ကန်း ယုံကြည်မှုမျိုး” ဖြစ်သွားနိုင်တယ်။

အင်္ဂလိပ်လို ပြန်ရင် သဒ္ဓါကို confidence လို့ ပြန်တယ်။confidence ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တာမျိုး။ကိုယ့်အားကိုယ်ကိုးတာမျိုး၊အဲဒါတင်မကဘူး၊
တကယ်ကတော့ faith ယုံကြည်တာမျိုး အားလုံးကို “သဒ္ဓါ” ခေါ်နိုင်တယ်။ကောင်းပြီ။ယုံတယ်ဆိုတာ-

✤နံပါတ် (၁) ကံ, ကံ၏အကျိုးကို “အခြေခံအားဖြင့် လက်ခံမှု”။
✤နံပါတ် (၂)ကျတော့ အဲဒီထက် အဆင့်မြင့်သွားတယ်၊
ဘာကို လက်ခံတာတုန်းဆိုတော့ မြတ်စွာဘုရားရဲ့ “သဗ္ဗညုတဉာဏ်တော်ကြီး” ကို ယုံတယ်၊

ဒါ ဗုဒ္ဓရဲ့ အရည်အချင်းကို ယုံကြည်တာ၊ဗုဒ္ဓရဲ့ အရည်အချင်းတွေထဲမှာ ဉာဏ်ဟာ အဓိက
မကျဘူးလား။အေး ၊ ဉာဏ်မရှိလို့ရှိရင် မှားမှားယွင်းယွင်းတွေ ဟောမှာပေါ့၊
အသိပညာ မလုံလောက်တဲ့ ပုဂ္ဂိုလ်က ဟောမယ်ဆိုရင်မှားမှားယွင်းယွင်းတွေ ဖြစ်ကုန်မှာပေါ့နော်။
မှားမှားယွင်းယွင်းတွေ လိုက်နာလုပ်မိမယ်ဆိုရင် ထင်တဲ့အတိုင်း ဖြစ်မလား။ လမ်းစဉ်တစ်ခုက
မှားနေပြီဆိုရင် ဘယ်လိုမှ အကောင်အထည်ဖော်လို့ ရမှာမဟုတ်ဘူး။အကောင်အထည်ဖော်ရင်
ကိုယ်ထင်တဲ့အတိုင်း တစ်ခုမှ ဖြစ်လာမှာ မဟုတ်တော့ဘူးနော်။ဒါကြောင့်မို့ မှန်ကန်မှုဆိုတာ
အသိဉာဏ် ပြည့်ပြည့်စုံစုံရှိမှ ဖြစ်တာ။ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာ သေသေချာချာ
သိတဲ့ အသိဉာဏ်မျိုးနဲ့ ဟောမှ မှန်တာ။

ဒါကြောင့်မို့ မြတ်စွာဘုရားက အာမခံတယ်၊“သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေမိ”
သူဟောတဲ့ တရားတွေက -ကိုယ်တိုင်သိပြီးမှ ဟောတာတဲ့။
-tradition အနေနဲ့ စာထဲမှာပါလို့ ပြောတာမျိုး မဟုတ်ဘူး။-ဆရာ့ဆရာကြီးတွေ ပြောခဲ့တဲ့စကားကို မှတ်ထားပြီး ပြောတာမျိုး မဟုတ်ဘူးတဲ့။-သမိုင်းထဲပါလို့ ပြောတာမျိုး မဟုတ်ဘူး။
-ဘယ် ဖီလိုဆော်ဖာဆရာကြီးက ဘယ်လို ပြောတယ်ဆိုတာမျိုးကို ထပ်ဆင့် တင်ပြတာမျိုး
မဟုတ်ဘူးတဲ့။

“သယံ အဘိညာ” - ကံ, ကံ၏ အကျိုးရှိတယ်ဆိုတာကိုယ်တိုင်သိတာ၊ကိုယ်တိုင်သိရုံတင်မကဘူး၊
“သစ္ဆိကတွာ” - တကယ့်ကို မျက်မှောက်ပြုပြီး ဖြစ်တယ်၊သိတာလည်း ကိုယ်ကိုယ်တိုင် သိတယ်၊
ကိုယ်တွေ့လည်း ကြုံတယ်။

အဲဒီလို အဆင့်မြင့် သဒ္ဓါကျတော့ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်တော်ကြီးကို ယုံကြည်တာ။
ဒါကြောင့်မို့ စာပေကျမ်းဂန်တွေမှာ မြတ်စွာဘုရားက“သဒ္ဒဟတိ တထာဂတဿ ဗောဓိံ”။

“တထာဂတဿ- မြတ်စွာဘုရားရဲ့၊ဗောဓိံ- အသိဉာဏ်ကို၊
သဒ္ဒဟတိ- ယုံကြည်တယ်၊ လက်ခံတယ်။

အဲဒါ သဒ္ဓါအစစ်နော်၊ အဆင့်မြင့်သွားပြီ။ဘုရားရဲ့ အသိဉာဏ်ကို လက်ခံတယ်လို့ ဆိုလိုက်တာနဲ့ပဲ
ဘုရားဟောတဲ့ တရားကိုလည်း လက်ခံတယ်၊ဘုရားဟောတဲ့ တရားအတိုင်း လိုက်နာကျင့်ကြံလို့
အောင်မြင်ပေါက်ရောက်နေတဲ့ အရိယာသံဃာတွေကိုလည်း လက်ခံတယ်ဆိုတဲ့
အဓိပ္ပာယ် မပြီးပေဘူးလား။အဲဒါကို “အဆင့်မြင့်သဒ္ဓါ”လို့ ခေါ်တယ်နော်။

▬▬▬▬▬▬▬▬▬▬▬▬▬▬
“အာကာရ၀တီ သဒ္ဓါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬
အဲဒီ အဆင့်မြင့်သဒ္ဓါဟာ “မဂ်”နဲ့ ယှဉ်တွဲပြီး၊လာတဲ့အခါကျတော့ လုံးဝ ခိုင်မြဲတယ်။
ဒါကြောင့်မို့ အဲဒီ သဒ္ဓါမျိုးကို “အာကာရ၀တီ သဒ္ဓါ”။“အာကာရ၀တီသဒ္ဓါ”ဆိုတာက “ကျိုးကြောင်းဆီလျော်တဲ့
အကြောင်း လုံလုံလောက်လောက်ရှိတဲ့သဒ္ဓါ”လို့ ပြောတာ။အရမ်းမဲ့ယုံတဲ့ သဒ္ဓါ မဟုတ်ဘူးတဲ့။

▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဒဿနမူလိကာ သဒ္ဓါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬
နောက်တစ်ခုက “ဒဿနမူလိကာ သဒ္ဓါ၊ကိုယ်တိုင် သိမြင်မှုကို အခြေခံတဲ့ သဒ္ဓါ”။
ဘယ်သူ ပြောလို့မှ လက်ခံစရာ အကြောင်း မရှိတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင် သိတာကိုး၊
ကိုယ်တိုင် မသိရင်တော့ သူများပြောတာ လက်ခံရဦးမှာပဲ။

ဥပမာ ဆိုပါတော့ ရန်ကုန်မြို့နေတဲ့ ပုဂ္ဂိုလ်ဟာ ရွှေတိဂုံဘုရားရောက်တာ အခေါက်ခေါက် ရှိနေပြီ။
ဘုရားရောက်ဖူးတော့ ရွှေတိဂုံဆိုတာ ဘယ်လိုလဲဆိုတာ သိတယ်။ဘယ်နားမှာလဲ ဆိုတာလည်း သိတယ်။

ဟိုးနယ်မှာနေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရွှေတိဂုံဘုရား ကြားတော့ ကြားဖူးတယ်။
ဘယ်နားမှန်း မသိဘူး။ ပုံထဲတော့ မြင်ဖူးတယ်။တစ်ယောက်နဲ့ တစ်ယောက် တူရဲ့လား။
ဒီလူက ကိုယ်တိုင်သိပြီး လက်ခံတာ။ဟိုလူက အကြားနဲ့ လက်ခံတာ။

“ဒဿနမူလိကာ” ဆိုတာ “အမြင်”ကို အခြေခံပြီးတော့ လက်ခံတာ၊
မြင်ပြီဆိုလို့ရှိရင် ဘယ်သူကမှ ပြောင်းလွဲပစ်လို့ မရဘူး။

တစ်ခါတုန်းက မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို မေးတယ်။
“သာရိပုတ္တရာ- တဲ့၊ အတွေးမပါတဲ့ ကြံစည်မှု၊သုံးသပ်မှုမပါတဲ့ သမာဓိမျိုး ရှိတယ်ဆိုတာ
ယုံကြည်သလား” လို့ မေးတော့

ရှင်သာရိပုတ္တရာက“အရှင်ဘုရား၊ တပည့်တော် မယုံပါဘူး၊
ကိုယ်ကိုယ်တိုင် သိတာပါ၊ သူများပြောလို့ ယုံတာ မဟုတ်ပါဘူး”တဲ့။

ဒါ တပည့်တော် ကိုယ်တိုင်ကို ခဏခဏ အကြိမ်ကြိမ် ၀င်စားလို့ ဒီသမာဓိမျိုး ရခဲ့ပါတယ်လို့ ပြောတာနော်။

ဒါကြောင့်မို့ ဓမ္မပဒမှာ ရှင်သာရိပုတ္တရာကို “အဿဒ္ဓေါ”တဲ့၊သူတစ်ပါးစကားနဲ့ ယုံတဲ့ပုဂ္ဂိုလ် မဟုတ်ဘူးလို့ ပြောတာ။ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင် သိတာကိုး။
ကိုယ်တိုင်သိတဲ့ ပုဂ္ဂိုလ်က သူများစကား ယုံစရာ မလိုဘူး။

ဒါကြောင့်မို့ သဒ္ဓါဟာ ဒီလို “အဆင့်နှစ်ဆင့်”ရှိတယ်လို့ မှတ်ထားရမယ်။တစ်ခုနဲ့ တစ်ခု မတူဘူး။

တစ်ယောက်နဲ့တစ်ယောက် သဒ္ဓါချင်း မတူဘူး၊
“အသိဉာဏ် ပါတဲ့ သဒ္ဓါ၊
အသိဉာဏ် မပါတဲ့ သဒ္ဓါ၊”
ဒီလိုလည်း ခွဲရဦးမယ်နော်။

▬▬▬▬▬▬▬▬▬▬▬▬▬▬
“ပညာမဲ့ သဒ္ဓါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬
အသိဉာဏ်မပါတဲ့ “ပညာမဲ့ သဒ္ဓါ” ကျတော့ တလွဲ ရောက်သွားတတ်တယ်။

ပညာနဲ့တွဲတဲ့ သဒ္ဓါကမှ တန်ဖိုးရှိတယ်။ဒါကြောင့်မို့ “သဒ္ဓါကို ပညာစောင့်မှ လမ်းဖြောင့်မယ်”တဲ့။
ပညာနဲ့ ထိန်းမပေးလို့ရှိရင် သဒ္ဓါက လမ်းချော်သွားနိုင်သေးတယ်။ဒါက “ယုံတဲ့အပိုင်း”။

▬▬▬▬▬▬▬▬▬▬▬▬▬▬
“စိတ်ကြည်မှု”
▬▬▬▬▬▬▬▬▬▬▬▬▬▬
“ကြည်တဲ့အပိုင်း”က သဒ္ဓါ ဖြစ်လာလို့ရှိရင် ကာမဂုဏ်အာရုံ ခံစားချင်တဲ့ စိတ်တွေ၊
မုန်းတီးတဲ့ စိတ်တွေ၊ ထိုင်းမှိုင်းတဲ့ စိတ်တွေ၊ တွေဝေလွင့်ပျံ့တဲ့ စိတ်တွေ၊
ဒါတွေ အကုန်လုံး ကင်းပြီး စိတ်ဟာ အညစ်အကြေး ကင်းပြီးတော့ ကြည်နေတယ်။

စိတ်ကြည်နေပြီဆိုရင် တရားပွဲသွား တရားနာဦးမှ ဆိုတဲ့ စိတ်လည်း ပေါ်တယ်နော်။
စိတ်မကြည်တဲ့လူ ဒီစိတ် ပေါ်မှာ မဟုတ်ဘူးနော်။အိမ်ဦးဘုရားခန်းလေး ရှင်းပြီးတော့ ပန်းလေးတွေ လဲဦးမှပဲ။ဘုရားဆွမ်းတော် တင်ဦးမှပဲ၊ ဘုရားရှိခိုးဦးမှပဲ၊ ပုတီးစိပ်ဦးမှပဲ၊ ကမ္မဋ္ဌာန်း ထိုင်ဦးမှပဲဆိုတဲ့ စိတ်ကူးဟာ စိတ်ကြည်နေတဲ့အခါမှ ဖြစ်တယ်ဆိုတာ သတိထားရမယ်။

အဲဒီလို မိမိသန္တာန်မှာ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်ပြီး စိတ်ကြည်နေတာဟာလည်း “သဒ္ဓါ”လို့ အဲဒီလို မှတ်ရမယ်။စိတ်ကလေး ကြည်ရုံတင် မကဘူး။တစ်ခါတလေ စိတ်ကလေးက စွမ်းအားတွေ ပြည့်လာတယ်။
တစ်စုံတစ်ခု လုပ်မယ်ဆိုရင် ရွတ်ရွတ်ချွံချွံ လုပ်တယ်။ဘယ်အရာပဲဖြစ်ဖြစ် ဆုံးဖြတ်ပြီးလို့ရှိရင်
သဒ္ဓါဆိုတဲ့ စွမ်းအားလေးတွေ ရလာပြီဆိုလို့ရှိရင် ဟော လှူမှု၊တန်းမှုမှာလည်း နောက်မတွန့်တော့ဘူး။
သဒ္ဓါစွမ်းအား ပြင်းလာလို့ရှိရင် ကုသိုလ်ကောင်းမှု လုပ်ဖို့ရာလည်း နောက်မတွန့်ဘူး။
ဒါ သဒ္ဓါရဲ့ စွမ်းအားပဲ။သဘာဝတစ်ခုမှာ စွမ်းအားတွေ ရှိတတ်တယ်။

အေး ဒါကြောင့်မို့ ဗုဒ္ဓတရားတော်အရ သောတာပန်ဖြစ်သွားပြီဆိုလို့ရှိရင် ဒီသဒ္ဓါဟာ perfect ဖြစ်သွားတယ်။ဘာလို့တုံးဆိုတော့ သောတာပန်ပုဂ္ဂိုလ်သည်
“အမြင်မှားခြင်းဆိုတဲ့ ဒိဋ္ဌိနဲ့ သံသယဖြစ်ခြင်းဆိုတဲ့ ၀ိစိကိစ္ဆာ” လုံးဝ ရှင်းသွားပြီ မဟုတ်လား။
အဲဒီတော့ သံသယဖြစ်တာနဲ့ မှားမှားယွင်းယွင်း မြင်တာ မရှိဘူးဆိုရင် သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ တည်ငြိမ်သွားပြီးပေါ့။ဒါကြောင့်မို့ သူ့ရဲ့သဒ္ဓါဟာ “ခိုင်မြဲတဲ့ သဒ္ဓါ” လို့ ဆိုတယ်။

ကျန်တဲ့ ပုထုဇဉ်တွေရဲ့ သဒ္ဓါဟာ မခိုင်မြဲသေးဘူး။ပြောင်းလွဲမှုတွေ များစွာ ဖြစ်နိုင်သေးတယ်။
သဒ္ဓါကို ထိန်းမယ့် ပညာကလည်း အားနည်း
နေသေးတဲ့အတွက် ဟိုလူပြောရင် ဟုတ်နိုးနိုး၊ဒီလူပြောရင် ဟုတ်နိုးနိုး၊
ဟိုဘာသာက ဟောရင် ဟုတ်သလိုလို၊ဒီ ဘာသာက ဟောရင် ဟုတ်သလိုလို ဒါမျိုးတွေ ဖြစ်တယ်။

▬▬▬▬▬▬▬▬▬▬▬▬▬▬
“ခိုင်မာတဲ့ သဒ္ဓါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬
အေး ဒါကြောင့်မို့ ဒီသဒ္ဓါကို ခိုင်မာအောင် လုပ်ဖို့လိုတယ်၊သဒ္ဓါဟာ ခိုင်မာလာပြီဆိုရင် သူနဲ့ပတ်သက်လာတဲ့စိတ်ထဲက အညစ်အကြေးတွေကို တွန်းထုတ်နိုင်ပါတယ်။
အများကြီး တွန်းထုတ်နိုင်တယ်။

ကာမစ္ဆန္ဒ ဆိုတဲ့ လောဘတွေ၊ဗျာပါဒ လို့ဆိုတဲ့ အလိုမကျတဲ့ ဒေါသတွေ၊
ဥဒ္ဒစ္စ ကုက္ကုစ္စ ဆိုတဲ့ စိတ်လွင့်တာ၊စိတ်ငြိမ်းချမ်းမှု မရှိတာတွေ စိတ်ပူပန်နေတာတွေ၊
ထိန မိဒ္ဓ လို့ခေါ်တဲ့ စိတ်အားတွေ လျော့ကျသွားတာတွေ၊လျော့ရဲ ထိုင်းမှိုင်းသွားတာတွေ၊
ဝိစိကိစ္ဆာ လို့ခေါ်တဲ့ သံသယတွေ ဝင်နေတာတွေ၊အဲဒါတွေကို သဒ္ဓါက ပယ်ရှားပစ်နိုင်တယ်။
“သဒ္ဓါရဲ့ စွမ်းရည်” နော်။

❖နောက် စိတ်ကို ပူပန်စေတတ်တဲ့ ကိလေသာတွေကိုလည်း
ဟောဒီသဒ္ဓါက ဖယ်ရှားပစ်နိုင်တယ်။သဒ္ဓါတရား ရှိလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ
လမ်းမှန်ကို ရောက်မယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကို “သဟမ္ပတိဗြဟ္မာကြီး”က
“နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ”လို့ တောင်းပန်တဲ့အခါ ဘုရားက
“ငါ နိဗ္ဗာန်တံခါး ဖွင့်မယ်၊ ဒါပေမယ့်“ပမုဉ္စန္တု သဒ္ဓံ- ငါ့အပေါ်မှာ ယုံကြည်ချက်တော့
ထားကြ” လို့ ဒီလို ဟောခဲ့တာ။

ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် မယုံကြည်ရင် နားထောင်မှာမှ မဟုတ်ဘဲကိုး။

ဒါကြောင့်မို့ နားထောင်ဖို့အတွက် ယုံကြည်မှုက အရေးပါတယ်။ဒီသဒ္ဓါဟာ ကောင်းတဲ့စိတ်တွေနဲ့
ယှဉ်တွဲပြီး ဖြစ်တာမို့ အင်မတန်မှာ တန်ဖိုး ရှိတယ်။

ကြည်တာနဲ့ ပတ်သက်ပြီးတော့စကြဝတေးမင်းကြီးရဲ့ ပတ္တမြားရတနာ ထည့်လိုက်ရင် အနည်တွေထိုင်ပြီး၊
ရေကြည်သွားနိုင်တယ်။ ထို့အတူပဲ လူ့ရဲ့စိတ်ဟာ လောဘ၊ဒေါသ၊မောဟ ဆိုတဲ့ အနောက်တွေ
ရှိနေသော်လည်း ဟောဒီ သဒ္ဓါဆိုတဲ့ သဘောတရားတစ်ခု စိတ်ထဲဝင်လာတာနဲ့
တစ်ပြိုင်နက် အနောက်တွေ အနည်ထိုင်ပြီး ကြည်သွားတယ်လို့ ပြောတာနော်။

စိတ်ကြည်သွားပြီဆိုရင် ဘာလုပ်တုန်း၊
❖ဒါနကောင်းမှုလုပ်တယ်၊
❖သီလဆောက်တည်တယ်၊
❖ဥပုသ်စောင့်တယ်၊
❖ဟောစိတ်ကြည်ရင် ကုသိုလ် လုပ်ဖို့အတွက်
စိတ်အားတွေ တက်လာတယ်။ဒါ သဒ္ဓါရဲ့ စွမ်းဆောင်ချက်တွေပဲ။
ကိုယ့်သန္တာန်မှာ သဒ္ဓါဖြစ်လာပြီ ဆိုလို့ရှိရင် ဒီ အခြေအနေတွေ ပေါ်လာပြီလို့ ဒီလိုမှတ်နော်။

▬▬▬▬▬▬▬▬▬▬▬▬▬▬
“သဒ္ဓါရှိသူရဲ့ စိတ်ထား”
▬▬▬▬▬▬▬▬▬▬▬▬▬▬
အေး ကောင်းပြီ။သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေရှိလဲလို့ဆိုတော့
သဒ္ဓါတရားစွမ်းအား ထက်လာတဲ့ ပုဂ္ဂိုလ်ဟာ
(အင်္ဂုတ္ထိုရ်ပါဠိတော်မှာ မြတ်စွာဘုရား ဟောထားတယ်။)

✤“ဒဿနကာမော သီလ၀တံ”
သီလရှိတဲ ပုဂ္ဂိုလ်တွေကို ဖူးချင်တယ်။တွေ့ချင်တယ်။
ကိုယ်ကျင့်တရားကောင်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆုံစည်းချင်တယ်။

သဒ္ဓါရှိတဲ့ပုဂ္ဂိုလ်က ဘယ်ပုဂ္ဂိုလ်ဖြင့် အကျင့်ကောင်းတယ်။ဘယ်ဆရာတော်ကြီးဖြင့် အကျင့်ကောင်းတယ်။
သီလရှိလို့ ကြည်ညိုစရာ ကောင်းတယ်။အကျင့် အနေအထိုင်ကောင်းတယ်ဆိုတာမျိုး
သွားဖူးတွေ့ချင်တယ်။

လူ ပုဂ္ဂိုလ်တွေထဲကလည်း ကိုယ်ကျင့်တရား ကောင်းတဲ့သူဆိုရင် တွေ့ချင်တယ်နော်။
အရပ်ထဲမှာ ဒီလူကတော့ သိပ်တော်တာပဲ။အနေအထိုင် ကောင်းတယ်၊ အသောက်အစား ကင်းတယ်၊
ကိုယ်ကျင့်တရား အင်မတန် ကောင်းတယ်။လိမ်တာညာတာ မရှိဘူး၊ အပျော်အပါး မရှိဘူးဆို
“တော်လိုက်တာ၊ တွေ့ချင်တယ်”ဆိုတာ သဒ္ဓါရှိတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထား တစ်ခုပါပဲ။

✤ “သဒ္ဓမ္မံ သောတု မိစ္ဆတိ”
သူတော်ကောင်းတရား ဆိုရင် နာချင်တယ်၊ဘယ်နေရာဖြစ်ဖြစ် တရားပွဲ ရှိတယ်ဆိုရင်
သွား နာချင်တယ်။တကယ့် အစစ်အမှန် တရားဓမ္မတွေကို သူက နာယူချင်တဲ့စိတ် ဖြစ်တယ်။

✤ “၀ိနယေ မစ္ဆေရမလံ” နှမြော ၀န်တိုခြင်းဆိုတာ သူ့ဆီမှာ မရှိဘူး။စိတ်က ပေးဖို့ ကမ်းဖို့ပဲ။
ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာအတွင်းက ပေးဖို့ ၊ ကမ်းဖို့ အသင့် ဖြစ်နေတယ်။
တချို့က ရှိလည်း ပေးချင်မှ ပေးတာလေ။မရှိလို့ မပေးတာက တခြားလေ။
“မစ္ဆရိယ” ဆိုတာ နေရာတကာရှိတာ။မီးဖိုချောင်ထဲမှာ ပိုဖြစ်တတ်တယ်။
မီးဖိုချောင်ထဲမှာဆိုရင် ဟင်းကောင်းလေးချက်ရင် ဘေးမှာထားပြီးတော့ ဒါ ငါ့အတွက်ဆို၊
သူများကို မပေးချင်တာမျိုးလည်း ဖြစ်တတ်သေးတယ်။အဲဒီတော့ မစ္ဆရိယဆိုတာက လွယ်လွယ်လေးနဲ့
ဖြစ်တာနော်။

မစ္ဆရိယဆိုတဲ့ အညစ်အကြေး ကင်းတဲ့သူမှာသူ့ဖို့ ၊ ငါ့ဖို့ဆိုတာ မရှိဘူး။အတူတူပဲ။
ခွဲဝေခြင်း မရှိဘူး၊ ဒါကတော့ ဘယ်သူ့အတွက်၊ ဒါက ဘယ်သူ့အတွက်၊ ဒီလို မထားဘူး။
အကုန်လုံးပဲ ညီတူညီမျှ ဒီလိုဟာမျိုး ရှိတယ်။ခွဲခြမ်း၊ခွဲခြမ်း မရှိဘူး။
ခွဲခြမ်း၊ခွဲခြမ်း လုပ်လာရင်တော့ အဲဒါ မစ္ဆရိယ ရှိနေပြီနော်။ဒီလို မှတ်ရမယ်။

✤လူတစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးကို ပြောပြီဆိုရင်လည်းကြည့်။မစ္ဆရိယ၀င်လာပြီဆိုရင် အကောင်း မပြောနိုင်ဘူး။ဟိုလူတစ်ယောက်က တော်လိုက်တာလို့ ပြောလို့ရှိရင်
“ဟုတ်ပါတယ်၊ ဒါပေမယ့်”ဆိုပြီး အပြစ်ပြောတတ်တယ်။အဲဒါ “မစ္ဆရိယ အခြေခံပြီး ပြောတာ”လို့ မှတ်ပေတော့နော်။“ဒါပေမယ့် …”တက်လာတာနဲ့ တစ်ပြိုင်နက်
စိတ်အညစ်အကြေး တစ်ခုခုတော့ လာပြီနော်။အဲဒီလို ဖြစ်တတ်တယ်တဲ့။

✤နောက် အရှင်အာနန္ဒာတို့ကျတော့ ဘယ်လောက်တောင် ပြောတုန်းဆိုရင်
ကုသိုလ်ကောင်းမှု လုပ်တဲ့နေရာမှာတောင် ဝေယျာဝစ္စ လုပ်ကြတဲ့အခါ မစ္ဆရိယ ရှိလာပြီဆိုရင်
သူက ကိုယ့်ကိုယ်ကိုယ် ညှာလာတာ။ကိုယ့်ကိုယ်ကိုယ် ညှာပြီးတော့ နည်းနည်း သက်သာတဲ့
အလုပ်ကို ရွေးလုပ်လာတယ်။အဲဒါ “ကိုယ့်ရဲ့ ချမ်းသာမှုမှာ မစ္ဆရိယဖြစ်တယ်” လို့ ခေါ်တာ။

“ကာယမစ္ဆေရ ဂရုနော”- ကိုယ့်ကိုယ်ကိုယ် ညှာလိုက်တာ။ကိုယ့်ကိုယ်ကိုယ် ညှာလိုက်တော့ လုပ်ရမယ့် လုပ်နိုင်တဲ့ အလုပ်ကို မလုပ်တော့ဘူး၊

တရားအားထုတ်လို့ရှိရင် “သိပ်ပင်ပင်ပန်းပန်း အားမထုတ်နဲ့ ကျန်းမာရေး
ထိခိုက်လိမ့်မယ်” ဆိုပြီး ညှာလိုက်တာ၊အဲဒါလည်း မစ္ဆရိယ သဘောတဲ့။

▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဘာသာခြားတို့ရဲ့ ယုံကြည်မှု”
▬▬▬▬▬▬▬▬▬▬▬▬▬▬
အေး ကောင်းပြီ။
အဲဒီ အညစ်အကြေးတွေ အားလုံးကို သဒ္ဓါ စွမ်းအား ကြီးမားလာပြီ ဆိုလို့ရှိရင် ဖယ်ရှားပစ်နိုင်တယ်လို့
ဟောထားတယ်နော်။စိတ်အညစ်အကြေးတွေ လုံးဝ ပျောက်ကွယ် သွားနိုင်တယ်။

သဒ္ဓါက ဆုံးဖြတ်ချက်ဟာ ရဲရင့်စေတယ်၊ ဒါနဲ့ ပတ်သက်ပြီး အဋ္ဌကထာက ဆွေးနွေးထားတာလေး
တစ်ပုဒ်ရှိတယ်။ယုံကြည်တယ်ဆိုတာနဲ့၊ယုံတယ်ဆိုတာနဲ့ ပတ်သက်လာတယ်၊
“ဘာသာခြားတွေကော သူတို့ဘုရား သူတို့မယုံဘူးလား”လို့ မေးစရာ ရှိတယ်။
“အဲဒါကို သဒ္ဓါလို့ ခေါ်နိုင်မလား”တဲ့။

ရှင်မဟာဗုဒ္ဓဃောသကတော့ ဒီသဒ္ဓါဆိုတဲ့ စကားလုံးမှာ
ဗုဒ္ဓဘာသာမှာ သုံးတာ အကောင်းဘက်ပဲ သုံးတယ်။အဆိုးဘက် မသုံးဘူး။
ဒါကြောင့်မို့ စိတ်ဖြူစင်မှု အင်အားစုများလို့ ပြောတာနော်။
မှားမှားယွင်းယွင်း ယုံကြည်တာမျိုးကို သဒ္ဓါလို့ မခေါ်ဘူးတဲ့၊
ဒါကြောင့်မို့ မမှန်ကန်တဲ့ အရာကို မှန်ကန်တယ်လို့ ထင်တယ်။

ဆိုပါစို့၊ ကိုယ့်ကို တန်ခိုးရှင်က မဖန်ဆင်းဘဲနဲ့ ဖန်ဆင်းတယ်လို့ ထင်တာ အမှန်လား၊ အမှားလား။
အဲဒီ အမှားမျိုးကို လက်ခံတာကျတော့ ဒါ “သဒ္ဓါ” လို့ မခေါ်ဘူးတဲ့။ဒါက “သက်သက် စဉ်းစားဉာဏ်
ကင်းမဲ့တာပဲ” လို့ ဒီလို ပြောတယ်။သဒ္ဓါဆိုတာ အဲဒီဟာမျိုးမဟုတ်ဘူးတဲ့။

ယုံကြည်ထိုက်တဲ့ နေရာမှာ ယုံကြည်တာမျိုးကို သဒ္ဓါလို့ သုံးရတယ်။ ဒါက အဋ္ဌကထာဆရာရဲ့
ဆွေးနွေးချက်နော်။

နောက်တစ်မျိုး စဉ်းစားကြည့်မယ်ဆိုရင် ယုံကြည်တာတွေဟာ ပညာနဲ့ ယုံကြည်တာ ရှိတယ်။
ပညာမဲ့ ယုံကြည်တာ ရှိတယ်။အဲဒီတော့ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ သဒ္ဓါဆိုတာ
ပညာနဲ့ အထိန်းပါတဲ့ အသိဉာဏ်နဲ့ ယုံကြည်တဲ့ သဒ္ဓါလို့ ဒီလို ယူမယ်ဆိုရင်
“ယုံတာတွေဟာ သဒ္ဓါတော့ သဒ္ဓါပဲ။သို့သော် ပညာမဲ့သွားရင် လမ်းချော်သွားနိုင်တယ်”
လို့ ဒီလိုမှတ်ရမယ်နော်။


-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ၏ “အဘိဓမ္မာ မြတ်ဒေသနာ”မှ- ကောက်နှုတ် ကူးယူပူဇော်မျှဝေပါသည်။】

https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် ဖြစ်မဖြစ်ဆိုတာ ဒီနည်းဖြင့် သိနိုင်

အစာအဆိပ်သင့်ခြင်း ဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့  ကြိုတင် ကာကွယ်တားဆီးနိုင်မယ့် နည်းလမ်းများ

ဒုက္ခရောက်နေတဲ့သူငယ်ချင်းကို တစ်ပတ်ကြာစောင့်ရှောက်ခဲ့တဲ့ ခွေးကလေး



စက်တင်ဘာလ အစပိုင်းလောက်တုန်းက Tillie ဆိုတဲ့ ရွှေရောင် Retriever ခွေးလေး နဲ့ အမဲလိုက်ခွေးလေး Phoebe တို့ဟာ Vashon ကျွန်းမှာ လမ်းလျှောက်ထွက်ရင်း ပျောက်ဆုံးသွားပါတယ်။ ငါးရက်လောက် ရှာပြီး မတွေ့တဲ့နောက် သူတို့ပိုင်ရှင်ဟာ Vashon ကျွန်း တိရစ္တာန်ကာကွယ်ရေးအဖွဲ့ရဲ့ ဖေ့ဘုတ်ကို ပုံနှင့်တကွ အကြောင်းကြားတဲ့ပိုစ့်တင်ခဲ့ပါတယ်။

တင်ပြီး မကြာခင်မှာပဲ လူစိမ်းတစ်ယောက်ဟာ သူ့ရဲ့အိမ်နားမှာ Tillie နဲ့တူတဲ့ခွေးတစ်ကောင်ကို တွေ့မိကြောင်းအသိပေးတာကြောင့် VIPP ( Vashon Island Pet Protectors) စေတနာ့ဝန်ထမ်းတွေဟာ ခွေးလေးတွေ
ကို လိုက်လံရှာဖွေကြတော့ Tillie ကို တွေ့ပါတယ်။

" Tillie ဟာ ကျွန်တော်တို့ကိုမြင်ပေမယ့် ပြေးမလာပါဘူး။ ရေလှောင်ကန်
ဟောင်း အစပ်မှာပဲ နေမြဲနေနေပါတယ်။ သူမဟာ ကန်ထဲပဲ စိုက်ကြည့်နေ ပါတယ်။ ကန်ထဲကို ကြည့်လိုက်တော့မှပဲ အဖြေကိုသွားတွေ့ပါတယ်။ သူမ
ရဲ့ သူငယ်ချင်း Phoebe ဟာ ကန်ထဲကို ရောက်နေတာကြောင့်ပါ " လို့ စေတနာ့ဝန်ထမ်းတစ်ယောက်က ဆိုပါတယ်။ တစ်ပတ်လုံးလုံး အစာမစားရပေမယ့် မိုးရေကိုသောက်ခဲ့ရဲတဲ့အတွက် နှစ်ကောင်စလုံး ကျန်းမာနေပါတယ် လို့ သိရပါတယ်။

Tillie ဟာ သူ့ဘာသာ ပြန်လို့ရပါလျက်နဲ့ သူငယ်ချင်းအနားမှာ တစ်ပတ် လုံးလုံး စောင့်ရှောက်ပေးခဲ့တာပါ။ လူတွေဟာ ကိုယ့်ရဲ့သူငယ်ချင်းကို ချစ်ခင်စောင့်ရှောက်တတ်သလို တိရစ္ဆာန်လေးတွေဟာလည်း သူငယ်ချင်း
ကို ချစ်တတ်ကြောင်းကို ဒီခွေးလေး နှစ်ကောင်ရဲ့ ဖြစ်ရပ်က သက်သေပြနေပါတော့တယ်။

https://www.facebook.com/ayesaycommm/posts/454129238092520

လွန်ခဲ့တဲ့ နှစ် ၆၀ က Harddrive .5MB



ဒီပုံဟာ လွန်ခဲ့တဲ့ နှစ် ၆၀ နီးပါးက ပုံ ဖြစ်ပြီး 5MB သာ ပါဝင်တဲ့ Harddrive တစ်ခုဖြစ်ပါတယ်။ နည်းပညာ ရှေ့ဆောင် ကုမ္ပဏီ ကြီး တစ်ခုဖြစ်တဲ့ IBM ကထုတ်လုပ်ထား တာဖြစ်ပါတယ်။ စက်တင်ဘာ ၁၉၅၆ မှာ မိတ်ဆက်ခဲ့တဲ့ IBM 305 RAMAC ဆိုတဲ့ Harddrive ဖြစ်ပါတယ်။

 ဒေတာတွေသိုလှောင်သိမ်းဆည်းဖို့အတွက် ၂၄ လက်မလောက်ကြီးတဲ့ Disk ပြား အခု ၅၀ ပါဝင်ပြီး အလေးချိန် ပေါင် ၂၀၀၀ ရှိပါတယ်။။ ဒါဟာ ကွန်ပျူတာ တစ်လုံးတောင် မဟုတ်သေးပါဘူး။ ကွန်ပျူတာ ရဲ့ အစိတ်အပိုင်း တစ်ခုသာဖြစ်ပါတယ်။

အခုခေတ်မှာ 5 MB ပါတဲ့ Micro SD ကဒ်လေးတွေကို တောင် မသုံးကြတော့ပါဘူး။ အနည်းဆုံး 1 GB ကနေ 64 TB (TeraByte) အထိရှိပါတယ်။ ပြီးတော့ သိုလှောင်နိုင်စွမ်းသာမက သယ်ဆောင်ရလွယ်ကူတဲ့ ပစ္စည်းလေးတွေ လည်းဖြစ်ပါတယ်။ ခရီးပဲသွားသွား ၊ အိမ်မှာ ပဲထားထား အဆင်ပြေပါတယ်။ ဒါကိုကြည့်ရင် မျိုးဆက်တစ်ဆက် လောက်ကွာတဲ့ အချိန်မှာ သိပ္ပံနည်းပညာတွေ ဘယ်လောက်ထိတိုးတက် လာသလဲ ဆိုတာသိရှိနိုင်ပါတယ်။

လူသားတွေရဲ့ သိပ္ပံနဲ့ နည်းပညာတွေဟာ နှစ် ၁၀၀ အတွင်းမှာ တစ်ရှိန်ထိုး တိုးတက် ဖွံဖြိုးလာပါတယ်။ လူသားတွေ အတွက် နည်းပညာဟာ နေ့စဉ် ဘဝအတွက် လိုအပ်ချက် တစ်ခု ဖြစ်နေပါပြီ။ ဖုန်း၊ အင်တာနက် စတဲ့ အရာတွေ ဟာ လူတွေရဲ့ ဘဝလိုဖြစ်လာပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က လူတွေအတွက်ကတော့ ဒါတွေဟာ သူတို့အတွက် အိပ်မက် တစ်ခုမျှသာဖြစ်ခဲ့ပါတယ်။
 

 https://www.facebook.com/ayesaycommm/posts/454467644725346

တစ်ကိုယ်တော် ခရီးမဖြစ်မနေ ထွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်

Related Posts Plugin for WordPress, Blogger...