စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မင်္ဂလာပါ


ဧပြီ ၁၇ ရက် (နှစ်ဆန်း ၁ ရက်နေ့) ၌ ရွှေတိဂုံစေတီ ရင်ပြင်တော်တွင် ဘုရားဖူးလာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
(၁)
 
နိုင်ငံအသီးသီးရှိ လူမျိုးအသီးသီးတို့ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြသည့်အခိုက် နှုတ်ခွန်းဆက်ခြင်းကို ကိုယ်စားပြုသော ဝေါဟာရကိုယ်စီ ရှိကြပါလိမ့်မည်။ မြန်မာတို့၏ မျက်မှောက်ကာလ လူနေမှုနယ်ပယ်၌ တစ်ဦးနှင့် တစ်ဦး တွေ့ဆုံကြသခိုက် အများဆုံးနှုတ်ခွန်းဆက်သလေ့ရှိသော စကားတစ်ခွန်းက “မင်္ဂလာပါ” ဖြစ်မည်ထင်ပါ၏။
 
မြန်မာတို့၏နှုတ်၌ “မင်္ဂလာ” ဟု အသုံးတွင်ကျယ်နေသော်လည်း ပါဠိဝေါဟာရ အစစ်က “မင်္ဂလ” ဖြစ်သည်။ ပါဠိ၌ “မင်္ဂလာ” ဟုမရှိ။ “သာသန” ကို “သာသနာ” ဟု ခေါ်ဝေါ်သုံးစွဲနေကြသကဲ့သို့ “မင်္ဂလ” ကိုပင် “မင်္ဂလာ” ဟု သုံးစွဲနေကြခြင်းဖြစ်သည်။ 
 
တောအရပ်ဒေသတို့၌ တစ်ဦးနှင့် တစ်ဦး “မင်္ဂလာပါ” ဟု နှုတ်ဆက်လေ့ မရှိကြ။ မိမိတို့ အညာဓလေ့အလိုအားဖြင့် “ နေကောင်းလား” ဆိုလျှင် လုံလောက်ပြီဖြစ်သည်။ ရှေးရှေးမြန်မာကြီးတို့၏ နှုတ်ခွန်းဆက်စကားက မည်သို့ဖြစ်ခဲ့မည်ကို မသိရပါသော်လည်း ယခုကာလ မြို့ကြီးပြကြီးတို့၌  “မင်္ဂလာပါ” က အတော်လေး တွင်ကျယ်နေသည်။ မည်မျှ တွင်ကျယ်နေသနည်းဆိုလျှင် မြန်မာပြည်ကို အလည်အပတ်ရောက်လာသော နိုင်ငံခြားသားများ၏ နှုတ်ဖျားသို့တိုင် ထိုစကားက နေသားတကျ ရောက်နေခဲ့ပြီ ဖြစ်သည်။ 
 
မနှစ်က ပုဂံညောင်ဦးသို့ ဘုရားဖူး ရောက်ခဲ့စဉ် နိုင်ငံခြားသားကမ္ဘာလှည့်များကို အများကြီးတွေ့ခဲ့ရသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မျက်နှာချင်းဆိုင်မိကြသခိုက် သူတို့က ပြုံးပြသည်မို့ မိမိတို့ကလည်း ပြန်လည်ပြုံးပြရင်း “ဟဲလို” လုပ်လိုက်မိသည်။ 
ထိုအုပ်စုထဲမှ နိုင်ငံခြားသားကြီးတစ်ယောက် ပြန်ပြောလိုက်သည်က “မင်္ဂလာပါ” တဲ့။ အချို့နိုင်ငံခြားသားကြီးများကဆို “ကိစ္စမရှိပါဘူး” ဆိုတာမျိုးကိုတောင် ပြောလိုက်သေး။ မှတ်ကရော။
 
(၂)
 
“ကောင်းသောအမှုကိစ္စ၌ စွမ်းဆောင်နိုင်သောကြောင့် မင်္ဂလာမည်၏” ဟုလည်း ကောင်း၊ “ပစ္စုပ္ပန်တမလွန် နှစ်တန်သော ကိစ္စတို့၌ ကြီးပွားတိုးတက်ကြောင်းဖြစ်သောကြောင့် မင်္ဂလာမည်၏” ဟုလည်းကောင်း သဒ္ဒါကျမ်းတို့က ဖွင့်ဆိုသည်။ ခေတ်ကာလ အလိုအားလျော်စွာ အကောင်းဟု သမုတ်အပ်သော အာရုံတို့ကို မြင်ရခြင်းသည် “ဒိဋ္ဌမင်္ဂလာ”၊ အကောင်းဟု သမုတ်အပ်သော အသံတို့ကို ကြားရခြင်းသည် “သုတမင်္ဂလာ”၊ အကောင်းဟု သမုတ်အပ်သော အနံ့၊ အရသာ၊ အတွေ့တို့ကို ခံစားရခြင်းသည် “မုတမင်္ဂလာ” မည်၏ဟု ကျမ်းဂန်တို့က မင်္ဂလာကို သုံးမျိုး၊ သုံးစားခွဲခြားပြဆိုသည်။
 
ထိုမှတစ်ပါး မြန်မာမှုနယ်ပယ်၌ ရှေး မြန်မာကြီးတို့ ခွဲခြားပြဆိုထားသော လောကီ မင်္ဂလာ ၁၂ ပါးဟုလည်း ရှိသေးသည်။ ထို မင်္ဂလာတို့သည်ကား 
(၁) ဂဗ္ဘသာဝကမင်္ဂလာ= ပဋိသန္ဓေစွဲမှီသည့်နေ့မှစ၍ ရံဖန်ရံခါပြု လုပ် ပေးရသော မင်္ဂလာ
။ (၂) ၀ိဇာတမင်္ဂလာ= ဖွားမြင်ချိန်၌ပြုသော မင်္ဂလာ။ 
(၃) အာဟာရပရိ ဘောဂမင်္ဂလာ= ထမင်းခွံ့သောမင်္ဂလာ။
 (၄) တမ္ဗူလဘတ္တမင်္ဂလာ= ကွမ်းခွံ့သောမင်္ဂလာ။
 (၅) ဒေါဠာကရဏမင်္ဂလာ= ဧယင် (ပုခက်)  လွှဲသောမင်္ဂလာ။ 
(၆) ကေသစ္ဆေဒနမင်္ဂလာ= ဆံပယ်သောမင်္ဂလာ၊
 (၇) ဂေဟကရဏမင်္ဂလာ =အိမ်သစ်တက်သောမင်္ဂလာ၊ 
(၈)သာမဏေ ရပဗ္ဗဇ္ဇမင်္ဂလာ= ရှင်ပြုသောမင်္ဂလာ၊ 
(၉) ကဏ္ဏ၀ိဇ္ဈနမင်္ဂလာ= နားသသောမင်္ဂလာ၊ 
(၁၀) ဒုဿဂဟနမင်္ဂလာ=ပုဆိုး၊ ထဘီဝတ်သော မင်္ဂလာ၊ 
(၁၁) စူဠဂဟနမင်္ဂလာ= ဆံထုံး၊ ဥသျှောင်ထုံးသောမင်္ဂလာ၊ 
 (၁၂) အာဝါဟ၀ိဝါဟမင်္ဂလာ = ထိမ်းမြားလက်ထပ်သော မင်္ဂလာတို့ဖြစ်သည်။ (အဆိုကွဲလည်း ရှိသေး၏။ ဤကား စကားချပ်)။
 
မင်္ဂလသုတ်၌ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော မင်္ဂလာတရား (၃၈) ပါးကို (ဘုရားဟောဖြစ်သောကြောင့်) “လောကုတ္တရာမင်္ဂလာ” ဟု သတ်မှတ်၍ဆိုခဲ့ပြီး(၁၂) ပါးကိုကား “လောကီမင်္ဂလာ” ဟု သတ်မှတ်ခဲ့ကြဟန်တူသည်။ စင်စစ်သော်ကား မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော မင်္ဂလာတရားတို့သည် လောကုတ္တရာနယ်ပယ်နှင့်သာ သီးခြားဆိုင်သော တရားများမဟုတ်ကြ။ လောကီနယ်အတွက်လည်း များစွာအရေးပါသော မင်္ဂလာတရားများ ဖြစ်ကြောင်း မင်္ဂလသုတ်ကို လေ့လာဖူးသူတိုင်း သဘောပေါက်ပြီး ဖြစ်ကြပါလိမ့်မည်။
 
မင်္ဂလာတရားဟူသည် “မကောင်းမှုဟူသရွေ့ကို ပယ်ဖျောက်နိုင်စွမ်းသော သတ္တိရှိ၏” ( သဗ္ဗပါပ ၀ိနာသနံ) “လောကသားအားလုံးတို့၏ အကျိုးစီးပွား အလို့ငှာ ဖြစ်၏” (သဗ္ဗလောက ဟိတတ္ထာယ) ဟုလည်း မင်္ဂလသုတ် နိဒါန်းဂါထာ၌ အတိအကျ ပြဆိုထားပြီးဖြစ်သည်။
 
(၃)
 
အချို့က စိတ်အစွဲအလွန်ကြီးသည်။ နံနက် မိုးသောက်အလင်းရောက်ချိန်၌ “ဘာလေးကို မြင်လိုက်ရတာ မင်္ဂလာ၊ ဘာသံလေးကို ကြားလိုက်ရတာ မင်္ဂလာ၊ ဘာနံ့လေးကို ရှူလိုက်ရှိုက်လိုက်ရတာ မင်္ဂလာ” စသည်ဖြင့် ဒိဋ္ဌ၊ သုတ၊ မုတအစွဲအလမ်း ကြီးမားဘိသည်။ 
ဘုရားမြတ်စွာ လက်ထက်တော်ကာလက ထိုပုံထိုနည်း အစွဲအလမ်းအားကြီးသည့် ရာဇဂြိုဟ်ပြည်သား ပုဏ္ဏားကြီးတစ်ယောက် ရှိခဲ့ဖူးသည်။
 
တစ်နေ့ ရေချိုးဆင်းရန် သေတ္တာထဲမှ ပုဆိုးတစ်ထည် ထုတ်ယူလိုက်သည်။ ဘယ်အချိန်က ၀င်နေမှန်းမသိသော ကြွက်က ထိုပုဆိုးကို ကိုက်ဖြတ်ပြီး ဖြစ်နေသည်။ ပုဏ္ဏားသည် ထိုပုဆိုးကိုမြင်ပြီး အထိတ်တလန့် ဖြစ်သွားလေ၏။ “ဒီပုဆိုးဟာ မသုံးထိုက်တော့ဘူး၊ မင်္ဂလာ မထိုက်တော့ဘူး၊ ဒီပုဆိုးကို ဆက်ပြီး အသုံးပြုနေမယ်ဆို အားလုံး အကျိုးယုတ်တော့မည်၊ ကိုယ်ကျိုးနည်းရပေတော့မည်” ဟုလည်း နှုတ်က တဖျစ်တောက်တောက်မြည်တမ်းနေသည်။
 
ပုဏ္ဏားလည်း သူ့သားအကြီးဆုံးကို ခေါ်၍ “ငါ့သား ဤပုဆိုးသည် မင်္ဂလာ မထိုက်တော့၊ မသုံးစွဲသင့်တော့။ သင့်လက်ဖြင့် မထိစေနှင့်။ မည်သူ တစ်စုံတစ်ယောက်ကိုမျှလည်း မထိပါးစေနှင့်။ ဤပုဆိုးကို တုတ်ဖြင့်ကော်၍ သုသာန်သို့ သွား၍ စွန့်ပစ်ချေ” ဟု စေခိုင်းလိုက်သည်။ 
 
မြတ်စွာဘုရားလည်း “ယနေ့ မည်သူ့ကို ချေချွတ်ရအံ့နည်း” ဟု ဘုရားတို့ထုံးစံအတိုင်း ဆင်ခြင်တော်မူသည်ရှိသော် ထိုပုဏ္ဏားသားအဖ၏ သောတာပန်တည်အံ့သောအကြောင်း ဥပနိဿယကို မြင်တော်မူ၍ ကိုယ်တော်မြတ်တစ်ပါးတည်း သုသာန်သို့ ကြွတော်မူနှင့်လေသည်။ 
ပုဏ္ဏား၏ သားလည်း ဖခင်မှာသည့်အတိုင်း ပုဆိုးကြွက်ကိုက်ကို သုသာန်၌ စွန့်ပစ်လေလျှင် မြတ်စွာဘုရားက ပံ့သကူအဖြစ် ကောက်တော်မူလိုက်သည်။ 
 
ထိုအခြင်းအရာကိုမြင်သော ပုဏ္ဏား၏သားသည် ဘုရားအနီးသို့ ချဉ်းကာ “အရှင်ဂေါတမ ဤကြွက်ကိုက်ပုဆိုးသည် မင်္ဂလာ မထိုက်ပါ၊ ဤပုဆိုးကို သုံးစွဲလေလျှင် ဘေးဒုက္ခရောက်ရလိမ့်မည်ဟု ဖခင်ကဆိုပါသည်။ မယူပါလင့်” ဆိုသော်လည်း ဘုရားမြတ်စွာက ထိုပုဆိုးကိုယူ၍သာလျှင် ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ ထိုဖြစ်စဉ်ကို ဖခင်ပုဏ္ဏားကြီး ကြားသိလတ်သော် “ခက်တော့သည်၊ သူတစ်ပါးတည်းသာမဟုတ်၊ ကျောင်းသံဃာများအားလုံး ဘေးတွေ့ကြပေတော့မည်” ဟု ရေရွတ်ကာ ပုဆိုးအသစ်များစွာကို ဆောင်လျက် သားအဖနှစ်ယောက် ကျောင်းတော်သို့ ရောက်လာကြသည်။ 
 
“အရှင်ဂေါတမ အကျွန်ုပ်တို့သည် ပုဆိုးအသစ်များစွာကို ယူဆောင်လာခဲ့ပါကုန်၏။ မင်္ဂလာမထိုက်သော ထိုကြွက်ကိုက် ပုဆိုးကို စွန့်ပစ်လိုက်ပါ၊ အားလုံးဘေးတွေ့မည့်အရေးမှ ကယ်တင်ပါ” ဟု စိုးရိမ်တကြီး တင်လျှောက်လေ၏။ မြတ်စွာဘုရားက “ပုဏ္ဏား  သင်ယူဆထားသော မင်္ဂလာဟူသည် မင်္ဂလာအစစ် မဟုတ်၊ သင့်စိတ်၌ စွဲထင်နေသော အစွဲအလမ်းတစ်ခုမျှသာ  ဖြစ်သည်။ မင်္ဂလာဟု သင်ထင်မှတ်ထားသောအစွဲကို စွန့်ပစ်ခြင်းသည်သာ မင်္ဂလာဖြစ်သည်။ သို့မှသာ ကိလေသာကင်း၊ ဒုက္ခကင်းလိမ့်မည်” ဟု မိန့်တော်မူသည်။ ဘုရားစကားတော်အဆုံး၌ ပါရမီရှင် သားအဖလည်း သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်ခဲ့သည်။
 
“လူမိုက်ကို အပေါင်းအသင်း မလုပ်ခြင်းသည် မင်္ဂလာမည်၏” (အသေ၀နာစ ဗာလာနံ)၊ “ပညာရှိကို မှီဝဲဆည်းကပ်ခြင်းသည် မင်္ဂလာမည်၏” (ပဏ္ဍိတာနဉ္စသေ၀နာ) ဟု မင်္ဂလသုတ် အစဂါထာ၌ ဆိုထားသည်။ ပုဏ္ဏားသားအဖ၏ ဖြစ်စဉ်သည် ပညာရှိကို မှီဝဲဆည်းကပ်ခြင်းကြောင့် လက်ငင်းရရှိခဲ့သော မင်္ဂလာဆုလာဘ်ကြီးတစ်ပါးပင် ဖြစ်တော့သည်။
 
(၄)
 
ဗဟုသုတကြွယ်ဝခြင်းနှင့် ပညာတတ်မြောက်ခြင်းသည်လည်း မင်္ဂလာမည်ပါ၏။ သို့သော် သိကာတတ်ကာမျှဖြင့်ကား မင်္ဂလာမဖြစ်သေး။ တတ်သိထားသော ပညာရပ်ကို အခြေခံ၍ မိမိအကျိုး၊ သူတစ်ပါးအကျိုးကို ပြီးမြောက်စေမှသာလျှင် အစစ်အမှန်မင်္ဂလာ ဖြစ်သည်။ 
အလောင်းတော်ကြီးတို့၏ နယ်မြေ၌  ၎င်းတို့ တတ်သိထားသော ပညာရပ်ကို လောကသားတို့ ကောင်းစားရေးအတွက် ပုံအော၍ အသုံးချခြင်းအလေ့ရှိသည်။ ထို့ကြောင့်ပင် သူတို့၏ လုပ်ရပ်ဟူသရွေ့သည် မင်္ဂလာထိုက်ရုံမျှမက ပါရမီမြောက်သည့် အဆင့်သို့တိုင် ဆိုက်ရောက်ခဲ့ရခြင်း ဖြစ်သည်။
 
ဆိုဖွယ်ရှိသေးသည်။ “သင်ယူတတ်မြောက်ထားခြင်းသည် မင်္ဂလာမည်၏” ဆိုသော်ငြားလည်း ထိုအတတ်သည် သူတစ်ပါးကို နှိပ်စက်ခြင်းကင်းသော အတတ်မျိုးဖြစ်ဖို့ လိုအပ်ပါ၏။ သူတစ်ပါးကို (သို့မဟုတ်) အင်အားနည်းသူ တစ်စုံတစ်ယောက်ကို ဖိနှိပ်ရန်၊ ချုပ်ချယ်ရန်၊ ညှဉ်းဆဲရန်၊ သတ်ဖြတ်ရန် တတ်မြောက်ထားသော အတတ်မျိုးသည်ကား မင်္ဂလာမထိုက်။ ပညာရပ်တစ်ခုကို ဆည်းပူးရာ၌ ရည်ရွယ်ချက်ကောင်းဖို့ လိုအပ်သည့်နည်းတူ စိတ်ရင်းမှန်ကန်ဖို့လည်း အရေးကြီးပါသည်။ 
သူတစ်ပါး၏ရှေ့၌ မော်ကြွားရန်၊ ခြေဖျားထောက်ရန်၊ ဆောင့်ကြွားကြွားလုပ်ရန် ရည်ရွယ်ချက်ဖြင့် သင်ယူတတ်မြောက်ထားသော ပညာမျိုးသည်လည်း မင်္ဂလာမထိုက်ချေ။
 
(၅)
 
ပြိုင်ဆိုင်မှုပြင်းထန်သော ဘောလုံးပွဲတစ်ပွဲ၌ မတော်တဆ ထိမိခိုက်မိခြင်းများရှိသည်။ သူ့အလိုလို ခြေခေါက်လဲသွားသော ကစားသမားတစ်ယောက်ကို သူ့ပြိုင်ဘက်က လက်တွဲထူပေးခြင်းမျိုးကို ရံခါတွေ့ရတတ်သည်။ ထိုစိတ်ဓာတ်မျိုးက မင်္ဂလာထိုက်သည်။ ထိုအမူအရာမျိုးက မိမိကိုယ်ကို နှိမ့်ချလိုစိတ်ကို အခြေခံသည်။ မိမိကိုယ်ကို နှိမ့်ချလိုစိတ် မရှိပါဘဲလျက် သူတစ်ပါးအပေါ် မလေးစားနိုင်။ လေးစားစိတ်မရှိလျှင်လည်း မေတ္တာသက်ဖို့ မလွယ်ကူပါချေ။
 
အင်းဝခေတ်စာဆိုအကျော် ရှင်မဟာရဋ္ဌသာရ၏ ငယ်မည်က မောင်မောက်ဖြစ်သည်။ မောင်မောက်ဆိုသည့်အတိုင်း စိတ်အနေက မြင့်သည်၊ မောက်သည်၊ မာကျောသည်။ ဇာတိပုညဂုဏ်မာနတို့ အရှိန်အဟုန် ပြင်းသည်။သို့သော် ကိုးခန်းပျို့ကို စပ်ဆိုချိန်၌ကား ဘ၀တစ်လျှောက်လုံး တလူလူ လွှင့်တင်ထားခဲ့သည့် မြင့်မောက်သော တံခွန်အလံကို မြေသို့ရောက်အောင် ဆွဲချတော်မူခဲ့သည်။
 
“ငါနှင့်ငါသာ၊ နှိုင်းစရာဟု၊ ပညာမုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင် မြောက်၍၊ နှုတ်ငေါက်လွန်မိ၊ ဒေါသရှိ” ခဲ့ခြင်းများကို  စာဆိုအရှင်က ပြန်လည်ဆင်ခြင်တော်မူခဲ့သည်။ “ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်၊ စိတ်ကြမ်းမာန်လျှော့၊ ငါကန်တော့၏။ မပေါ့ချစ်ခင်၊ သားနှယ်ကြင်၍၊ အရှင်တကာ၊ သည်းခံပါလော့” ဟုလည်း အလေးအနက် ဆိုတော်မူခဲ့သည်။ 
 
ရင်နှင့်ရင်း၍ရေးခဲ့သော ထိုလင်္ကာစာပိုဒ်တို့သည် ယနေ့ကာလတိုင်အောင်လည်း သက်ဝင်လှုပ်ရှား ရှင်သန်နေဆဲဖြစ်သည်။ လင်းလက်တောက်ပ ရင်ခုန်ရဆဲဖြစ်သည်။ ထိုစာပိုဒ်တို့၌ မိမိကိုယ်မိမိ နှိမ့်ချခြင်းကို တွေ့ရသည်။ တစ်ဖက်သားအပေါ် လေးစားမှု ကိုတွေ့ရသည်။ မေတ္တာတရားကို တွေ့ရသည်။ ထိုမှတစ်ပါး၊ မင်္ဂလာတရားတော်ကိုလည်း အသေအချာတွေ့လိုက်ရပါလေ၏။
 
ကျမ်းကိုး။ ပရိတ်ကြီးနိဿယသစ်၊ သပြေကန် တရားပေါင်းချုပ်၊ သုခမှတ်စု။

အန္တရာယ် များလွန်းတဲ့ အဆီကျဆေး သောက်သုံးပြီး သေဆုံးခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး


ဝေလပြည်နယ် Glyndŵr တက္ကသိုလ် တက်နေတဲ့ အသက် ၂၁ အရွယ် Eloise Aimee Parry ဟာ ဆေးဝါးတွေမှာ အသုံးပြုတဲ့ စက်ရုံသုံး ဓါတုပစ္စည်း၊ သစ်မာတင်ဆေး၊ ၊ ပိုးသတ်ဆေး၊ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတု ပစ္စည်းDNP(၂,၄ dinitrophenol)ပါဝင်တယ် လို့ ယူဆရတဲ့ အဆီကျဆေး သောက်သုံးပြီးတဲ့နောက် သေဆုံးသွားခဲ့တယ်လို့ အမေရိကန်ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ(EPA)သတင်းထုတ်ပြန်မှုအရ သိရှိရပါတယ်။

Eloise မှတစ်ဆင့် လေလှိုင်းပေါ်သို့ ယူဆောင်ခဲ့တဲ့ အဆီကျဆေး ပါဝင်တဲ့ DNPနှစ်လုံး ဟာ လူကို သေစေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဒါပေမဲ့ Eloise ဟာ ဆေး ၈ လုံးသောက်ခဲ့တယ်လို့ သူမရဲ့မိခင် Fiona Parry ပြောကြားချက်အရ သိရပါတယ်။ သမီးလေးဟာ သူမဘ၀ အဆုံးသတ်ဖို့ ဘယ်တော့မှ မကြံရွယ်ခဲ့ပါဘူးလို့ မိခင်ဖြစ်သူ Fiona က ရေးသားဖော်ပြထားပါတယ်။ သမီးလေးသောက်ခဲ့တဲ့ ဆေးဟာ ဘယ်လောက်ထိအန္တရာယ်များ တယ်ဆို တာကို သမီးလေး သိမသွားရှာဘူး။

ဒီဓါတုဆေးဟာ အဆီကျစေတယ်လို့ ရေပန်းစားနေချိန်မှာ စိတ်မအီမသာခြင်း၊ အော့အန်ခြင်း၊ ချွေထွက်လွန်ခြင်း၊ မူးမေ့ခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊ အရေပြားပွန်းပဲ့ခြင်း၊ ရိုးတွင်းခြင်ဆီကို ထိခိုက်စေခြင်း၊ အာရုံကြောနဲ့ သွေးကြောစနစ်တွေကို ထိခိုက်စေခြင်း အစရှိတဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် အမေရိကန်ပြည်ထောင်စုမှာ ၄င်းဆေးကို ပိတ်ပင်တားဆီးခဲ့ပါ တယ်ဟု EPA ထုတ်ပြန်မှုအရ သိရပါတယ်။ ဒါဟာအကျဉ်းချုံ့ဖော်ပြခြင်းဖြစ်ပါတယ်။

DNP ပတ်သတ်တဲ့ ရေရှည်ခံစားမှု နည်းနည်းမှ မပါသေးပါဘူး။ Eloise မှာသူမရဲ့သုံးစွဲမှုကြောင့် DNP ကစဉ်ကလျားဖြစ်/မဖြစ်ကို မြင်တွေ့ရဖို့ အခွင့်အရေး မရှိခဲ့ပါဘူး။ သမီးလေး သေဆုံးပြီး ဆေးရုံတင်လိုက်ရတဲ့ အချိန်မှာ ခန္ဓာကိုယ်အတွင်း လောင်ကျွမ်းမှုကြောင့် သမီးလေးရဲ့ ဇီဝဖြစ်စဉ်တွေဟာ အလျင်အမြန် ပြောင်းလဲခဲ့တယ်လို့ မိခင်ဖြစ်သူ Fiona ထုတ်ပြန်မှုအရ သိရပါတယ်။

Eloise ဟာကုသလို့ မရလောက်အောင်ထိ DNP အများအပြား သောက်သုံးခဲ့ပါတယ်။ သူမရဲ့ဘ၀ကို ကယ်တင်ဖို့ အတွက် သူတို့ အခွင့်အရေးမရခဲ့ပါဘူး။ (တရားမ၀င်သော) အံ့သြစရာကောင်းလှတဲ့ အဆီကျဆေး(DNP) ကို အင်တာနက်မှာ သင်တွေ့မြင်ခဲ့မယ်ဆိုရင် ဒီဆေးကိုမသောက်သုံးခင် အရင်ဆုံး ဆိုးရွားစွာ သေစေနိုင်တဲ့ အကျိုးဆက်တွေကို လေ့လာသုံးသပ်ဖို့ လိုပါလိမ့်မယ်။

TrendMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ

                                 
ဒါလေးကဗဟုသုတအတွက်ဖတ်ကြည့်
၁။lady = မိန်းမပျို
finger = လက်ချောင်း
ladyfinger = ရုံးပတီသီး...။

၂။Chair = ကုလားထိုင်။
Man =လူ၊ ယောက်ျားကြီး။
Chairman = ဥက္ကဌ

၃။nut = အခွံမာသီး။
house =အိမ်။
nut-house = အရူးထောင်။

၎။cow = နွားမ။
Pea = ပဲလုံး။
cow-pea = ပဲလွမ်း။

၅။water = ရေ
cress = စမုန်နီ၊ စမုန်။
Water cress = ကန်ဇွန်းရွက်

၆။Man = လူ
go = သွားသည်
Mango = သရက်သီး

၇။။purse = ပိုက်ဆံအိတ်။
purses = သင်္ဘောအရာရှ်ိများ။

၈။small = သေးငယ်သော။
beer = ဘီယာ။
small beer= အသေးအဖွဲ။

၉။money. = ပိုက်ဆံ ။
bags = အိတ်များ။
moneybags = သူဌေးကြီး၊ ဓနရှင် ။

၁၀။heart = နှလုံး ။
stopping = ရပ်တံ့ခြင်း။
heart-stopping = သည်းထိတ်ရင်ဖို။

၁၁။mouth = ပါးစပ်။
watering = အပင်ရေလောင်းခြင်း။
mouth-watering. = သွားရည်ယိုစရာ။

၁၂။cow = နွားမ။
boy =လူကလေး။
cowboy = နွားကျောင်းသား။

၁၃။big = ကြီးသော။
head = ဦးခေါင်း။
big-head = ဘ၀င်မြင့်သူ။

၁၄။Lady = အမျိုးသမီး
bird = ငှက်
ladybird = ပိတုံးကောင်

၁၅။car = ကား။
park = ပန်းခြံ။
car park = ယာဉ်ရပ်နားစခန်း။

၁၆။peacock = ဥဒေါင်း၊ ဒေါင်းဖို။
flower = ပန်း။
peacock-flower = စိန်ပန်း။

၁၇။love = ချစ်ခြင်းမေတ္တာ။
child = ကလေး။
love-child = တရားဝင် လက်မထပ်ဘဲ ရရှိသော ကလေး။

၁၈။ sugar = သကြား။
apple = ပန်းသီး ။
sugar-apple = သြဇာသီး။

၁၉။။ bale = ဘေထုပ်။
fruit = အသီး။
bale fruit = ဥသျှစ်သီး

၂၀။ sugar = သကြား။
cane = ကြိမ်ပင်၊ ကြိမ်လုံး။
sugarcane = ကြံ။

၂၁။ palm = ထန်းပင်။
sugar = သကြား။
palm-sugar = ထန်းလျက်။

၂၂။ Jack = ၀န်ချီသည့် ဂျိုက် ( ကားဘီးလဲရန်။)
fruit = အသီး။
jackfruit = ပိန္နဲသီး။

၂၃။ palm = ထန်းပင်။
wine = ၀ိုင်အရက်။
palm wine = ထန်းရည်။

၂၄။ drum = ဗုံ။
stick = တုတ်ချောင်း။
drumstick = ဒန့်သလွန်သီး။

၂၅။ ant = ပုရွက်ဆိတ် ။
lion = ခြင်္သေ့။
ant-lion = ( အင်းဆက်ပိုး) ဖုတ်ကောင်။

၂၆။ chicken = ကြက်၊ ကြက်သား။
run = ပြေးသည်။
chicken-run = ကြက်ခြံ။

၂၇။ big = ကြီးသော။
stick = တုတ်ချောင်း။
big stick = မိမိကိုယ်ကို အရေးပါသူဟုထင်သူ။

၂၈။tiger = ကျား။
lady = အမျိုးသမီး။
tiger-lady = သဇင်ပန်း။

၂၉။ cow = နွားမ။
Pea = ပဲလုံး။
cow-pea = ပဲလွမ်း။

၃၀။ sugar-apple = သြဇာသီး။
custard apple = သြဇာသီး။
sweetsop = သြဇာသီး။

၃၁။ chest = ရင်ဘတ်။
nut = အခွံမာသီး။
chestnut = သစ်အယ်သီး၊ သစ်အယ်ပင်။

၃၂။ chick = ကြက်ပေါက်စ၊ ငှက်ပေါက်စ။
pea = ပဲလုံး၊ ပဲစေ့။
chick-pea = ကုလားပဲ။

၃၃။ star = ကြယ်။
fruit = အသီး။
star fruit = စောင်းလျားသီး။

credit :မင်းမြတ်အာကာ

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

တောင်သူများ တစ်နှစ်ပတ်လုံး သီးနှံစိုက်ပျိုးနိုင်ရန် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၁၀၀ ချေးမည်

မြန်မာတောင်သူလယ်သမားအများစုမှာ ရာသီဥတုဖောက်ပြန်မှု၊ ဈေးနှုန်းမတည်ငြိမ်မှုတို့ကြောင့် အကျိုးအမြတ်နည်းလေ့ရှိသည် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 
 မြန်မာ့လယ်ယာစိုက် ပျိုးရေး အထောက်အကူပြု စီမံ ကိန်းတစ်ရပ် အကောင်အထည် ဖော် ဆောင်ရွက်ရန်နှင့် တောင် သူများ တစ်နှစ်ပတ်လုံး သီးနှံစိုက် ပျိုးနိုင်ရန် မြန်မာနိုင်ငံအစိုးရအား ကန်ဒေါ်လာ သန်း ၁၀၀ အတိုးမဲ့ နှစ်ရှည်ချေးငွေထုတ်ချေး သွားရန် ကမ္ဘာ့ဘဏ်၏ အမှုဆောင်ဒါရိုက်တာအဖွဲ့က ဧပြီ ၂၄ ရက်တွင် အ တည်ပြုလိုက်ကြောင်း ကမ္ဘာ့ဘဏ်ကသတင်းထုတ်ပြန်သည်။

အဆိုပါစီမံကိန်းသည် မြန် မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးမှုနှုန်း အ မြင့်မားဆုံး ဒေသအချို့တွင် မိုး ခေါင်ခြင်းနှင့် ရာသီဥတုပြောင်းလဲ မှုဒဏ်ကို ခံနိုင်ရည်ရှိသည့် လယ် ယာစိုက်ပျိုးရေးလုပ်ငန်းများ ဖြစ် ထွန်းပေါ်ပေါက်လာစေရန် ကူညီ ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ် နိုင်ရန်နှင့် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်သည်ဟုဆိုသည်။

ခြောက်သွေ့ရာသီများတွင် လယ်သမားများ စိုက်ပျိုးရေ ရရှိ မှုသည် အကန့်အသတ်ဖြစ်နေပြီး ရေပေးစနစ် အများစုမှာ အား နည်းချက်ရှိနေသည့်အတွက်စိုက်  ပျိုးရေးကို အဓိကအားထားနေရ သည့် နေရာဒေသအချို့တွင်ဆင်း ရဲမှုနှုန်း အမြင့်ဆုံးသို့ ရောက်ရှိ နေသည်။ မြန်မာနိုင်ငံကျေးလက် ဒေသရှိ လယ်ယာလုပ်ကိုင်သည့် ပြည်သူများ ၀င်ငွေမြင့်တက်လာ ရန်နှင့် အလုပ်အကိုင်များ တိုးပွား လာစေရန် ဆည်မြောင်းစနစ်နှင့် လယ်ယာစိုက်ပျိုးရေး နည်းစနစ် များအတွက် ငွေကြေးအရင်းအနှီး ထည့်ဝင် ဆောင်ရွက်ရန် လိုအပ်နေသည်။

‘‘လယ်ယာစိုက်ပျိုးရေးအ တွက် ဆည်မြောင်းစနစ်ကို တိုး တက်အောင်လုပ်တာက စိုက်ပျိုး ရေးထုတ်ကုန်တွေ တိုးတက်ထုတ် လုပ်နိုင်မယ်။ ခြောက်သွေ့တဲ့ရာသီ မှာ သီးနှံတွေစိုက်ပျိုးလို့ရမယ်။ တောင်သူလယ်သမား မိသားစု တွေအကြား ၀င်ငွေတိုးလာမယ်။ ကမ္ဘာ့ဘဏ်အနေနဲ့ အခုလိုစီမံ ကိန်းကို ကူညီပေးရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။

ဒါက တောင်သူလယ်သမား မိသားစု တွေရဲ့ ဘ၀ကို တိုးတက်စေပြီး ဆင်းရဲမှုကို လျှော့ချပေးနိုင်ပါလိမ့် မယ်’’ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးUl-rich Zachau က ပြောကြားသည်။
ယခုစီမံကိန်းသည် စိုက်ပျိုး ရေး ရေသွင်းစနစ်ကို မှီခိုနေသော ရေရှားပါးသော ဒေသများဖြစ် သည့် ပဲခူးတိုင်းဒေသကြီး အရှေ့ ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တ လေးတိုင်းဒေသကြီးနှင့် နေပြည် တော်အနီးတစ်ဝိုက်ရှိ တောင်သူ လယ်သမားမိသားစု တစ်သိန်းနှစ် သောင်းခန့်ဖြစ်သည့် တိုင်းပြည်၏ ဒုက္ခအရောက်ဆုံး ပြည်သူလူထု အချို့ကို အကျိုးဖြစ်ထွန်းစေမည်  ဟု ထုတ်ပြန်ချက်ကဆိုသည်။ အဆိုပါဒေသများတွင် တိုင်းပြည်၏ အခြေခံလူတန်းစား သုံးပုံတစ်ပုံခန့် ရှိနေမည်ဟု ခန့်မှန်းထားသည်။

‘‘နေပြည်တော်လို ချေးငွေ တွေရတိုင်း စီမံကိန်းတွေ လုပ် တော့ ဒီနေရာတွေက တောင်သူ တွေက လုပ်တတ်နေပြီ။ အဲဒီတော့ နေပြည်တော်ကို ချန်ထားခဲ့ပြီး အ ခု ချေးငွေကို ကျန်တဲ့တိုင်းဒေသကြီးတွေမှာ ပိုပြီးထိရောက်အောင်လုပ်သင့်တယ်’’ဟု စိုက်ပျိုးရေးပညာရှင် ဒေါက်တာမင်းအောင်ကပြောသည်။ ‘‘ဒီစီမံကိန်းက လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်လာဖို့ ရည်ရွယ်ထားတဲ့ အတွက် ကျေးလက်နေပြည်သူ တွေရဲ့ဘ၀ကို ပြောင်းလဲတိုးတက် စေမှာဖြစ်ပြီး တိုင်းပြည်ရဲ့စီးပွား ရေးအပေါ်မှာလည်း ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိလာနိုင်မှာ ဖြစ်ပါတယ်’’ဟု လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် က ပြောကြားသည်။

‘‘ဒီစီမံကိန်းက စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှုနဲ့ အကျိုးအမြတ် တွေ တိုးတက်ရရှိအောင် အ ထောက်အကူပြုနိုင်ပါလိမ့်မယ်။ တောင်သူလယ်သမားတွေကို ရေ နဲ့လယ်ယာစီမံခန့်ခွဲမှုတွေ၊ ရာသီ ဥတုနဲ့လိုက်လျောညီထွေဖြစ်နိုင် မယ့် စိုက်ပျိုးရေးစနစ်တွေ တိုး တက်ကောင်းမွန်လာအောင် ကူ ညီသွားမှာဖြစ်ပါတယ်’’ဟု Ulrich Zachau က ဆက်လက်ပြောသည်။

လယ်ယာလုပ်ငန်းဆိုင်ရာ အကြံပေးလမ်းညွှန်မှုများနှင့်နည်း ပညာအကူအညီများလည်း ပံ့ပိုး ပေးအပ်မည်ဖြစ်ရာ ကောက်ပဲသီးနှံအမျိုးအစား စုံလင်စွာ တိုး တက်စိုက်ပျိုးနိုင်ရန် လမ်းညွှန် အကြံပေးခြင်း၊ တိုးတက်ကောင်း မွန်သည့် လယ်ယာစိုက်ပျိုးနည်း စနစ်များ ပို့ချခြင်းနှင့် အသက်မွေး ၀မ်းကျောင်းသင်တန်းများ ပါဝင် မည်ဖြစ်သည်။ ထို့အပြင် အဆိုပါ စီမံကိန်းသည် အရေးပေါ်နှင့် အကျပ်အတည်း ကာလများတွင် အရေးပေါ်ရန်ပုံငွေများကို ထောက် ပံ့ ကူညီပေးမည်ဖြစ်သည်။

‘‘ဒီချေးငွေတွေကို လုပ် ဆောင်တဲ့အခါမှာ ၀န်ကြီးဌာန တစ်ခုတည်းကနေ လုပ်ဆောင် တာမဟုတ်ဘဲ သက်ဆိုင်ရာဒေသ အာဏာပိုင်တွေ
ပူးပေါင်းပြီး ရေ မြောင်းပြင်မှာလား၊ တောင်သူ တွေကို ချေးငွေထုတ်ပေးမှာလား ဆိုတာကို တိုင်ပင်လုပ်ဆောင် သင့်တယ်။ စိုက်ပျိုးရေးကောင်း လာအောင် ဘယ်လိုပုံစံမျိုးနဲ့ လုပ် မလဲဆိုတာကို ခွဲခြားပြီး တိုင်ပင် လုပ်ဆောင်သင့်တယ်’’ဟု ဒေါက် တာ မင်းအောင်က ပြောသည်။

http://7daydaily.com/story/35759#.VTs1j5OZHIU

မြန်မာနိုင်ငံ၏ ခြောက်ကပ်ဆိတ်သုဉ်းသော မြို့တော်ကြီးဝယ်

နေပြည်တော်လွှတ်တော်အဆောက်အအုံများအနီးမှ ဒေသခံတစ်ဦး ထင်းများသယ်ဆောင်လာသည်ကို တွေ့ရစဉ်/ဓာတ်ပုံ − Getty Images
 
မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော နေပြည်တော်သည် ကြီးကြီးမားမား ထူထောင်ထားသော်လည်း ခြောက်ကပ်ဆိတ်သုဉ်းနေသည့် တစ္ဆေမြို့တော်ကြီးတစ်မြို့အဖြစ် Daily Mail သတင်းစာက ခိုင်းနှိုင်းဖော်ပြသွားသည်။

Daily Mail က နေပြည်တော်၏ ပုံရိပ်များကို ဝေဝေဆာဆာဖော်ပြပြီး ကြီးမားခံ့ထည်သလောက် လူသူနည်းပါးလွန်းသည့် အရိပ်အငွေ့များ ယှက်သန်းနေကြောင်း ရေးသားထားသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခန့်က ရန်ကုန်အစား မြန်မာနိုင်ငံ၏ တရားဝင်မြို့တော်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည့်နောက်ပိုင်း နေပြည်တော်၏ စည်ပင်ချဲ့ထွင်မှုသည် အနည်းအကျဉ်းမျှသာ ရှိခဲ့သည်။

နေပြည်တော်၏ အကျယ်အဝန်းသည် နယူးယောက်မြို့တော်၏ အချက်အချာဖြစ်သော မက်ဟက်တန်ရပ်ကွက်ထက် အဆပေါင်း ၁၂၀ မျှ ရှိနေပြီး လူတစ်သန်းခန့် အဆင်ပြေပြေ နေထိုင်နိုင်လောက်အောင် တည်ဆောက်ထားသည်။ သို့သော်လည်း မြို့ကြီးသည် တစ္ဆေမြို့တစ်ခုသဖွယ် ခြောက်သွေ့နေဆဲဖြစ်သည်။

အစိုးရဝန်ထမ်းများအတွက် အဓိက ရည်ရွယ်တည်ဆောက်ထားပြီး အနီးအနားဒေသခံများသာ နေပြည်တော်တွင် လာရောက်အခြေချနေထိုင်ကြရာ အလုပ်ကိစ္စမရှိသည့် အခြေအနေတွင် စည်ပင်ထွန်းကားသည့် မက်ထရိုပိုလီတန် မြို့ပြကြီးတစ်ခုထက် လူသူအရောက်အပေါက် နည်းပါးလွန်းသည့် နယ်မြေတစ်ခုသဖွယ် ဖြစ်နေသည်။

နေပြည်တော်ရှိ ဧရာမအဝေးပြေးလမ်းမကြီးများသည် ကားစီးရေ ၂၀ မျှ ယှဉ်လျက် မောင်းနှင်နိုင်အောင် ကျယ်ဝန်းစွာ တည်ဆောက်ထားသည်။ ယင်းလမ်းမများသည် အစိုးရသုံး SUV မော်တော်ကားများအတွက် သင့်တော်သလို လိုအပ်ပါက စစ်လေယာဉ်များအခြေစိုက် ဆင်းသက်ရာ လေယာဉ်ပြေးလမ်းများသဖွယ် အသုံးပြုနိုင်အောင် ရည်ရွယ်တည်ဆောက်ထားကြောင်း သတင်းအချို့လည်း ထွက်ပေါ်ခဲ့သည်။
တရားဝင် ကိန်းဂဏန်းအချက်အလက်များအရ နေပြည်တော်၏ လူဦးရေသည် ၉၂၄၀၀ ကျော် ရှိသည်ဟု ဆိုသော်လည်း Daily Mail ၏ ဓာတ်ပုံများက ယင်းအခြေအနေနှင့် ခြားနားနေဟန်ရှိကြောင်းလည်း ဆိုသည်။ Daily Mail ၏ ဓာတ်ပုံများတွင် လမ်းများသည် လူသူနည်းပါး ခြောက်သွေ့နေပြီး ဖြတ်သွားဖြတ်လာ လမ်းလျှောက်သွားသူ၊ စက်ဘီးစီးသွားသူ အနည်းငယ်ကိုသာ တွေ့ရသည်။


လူသွားလူလာရှင်းလင်းနေသော နေပြည်တော်တစ်နေရာ/ဓာတ်ပုံ − Getty Images

  နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ၂၀၀၂ တွင် အစပြုခဲ့ပြီး နှစ်ပေါင်း ၂၀၀၀ မျှ လူသူအခြေချနေထိုင်မှုနည်းပါးခဲ့ရာ သစ်တောမြေတစ်ခု၏ အလယ်တွင် နေရာချရွေးချယ်ခဲ့သည်။ ၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် အစိုးရဝန်ထမ်းအချို့သည် မြို့တော်သစ်သို့ စတင်ပြောင်းရွှေ့ခဲ့ကြသည်။ သို့သော်လည်း စာသင်ကျောင်းနှင့် အခြားသောလိုအပ်ချက်များ ခေါင်းပါးနည်းပါးနေချိန်ဖြစ်သဖြင့် ဝန်ထမ်းအများစုသည် မိသားစုများနှင့် ခွဲခွာနေထိုင်ခဲ့ရသည်။

နေပြည်တော်ကို ဇုန်အမျိုးမျိုး ခွဲခြားသတ်မှတ်ထားပြီး အစိုးရဝန်ကြီးရုံးများကို စစ်တပ်ဧရိယာနှင့် ဝေးလံစွာ ထားရှိသတ်မှတ်ထားသည်။ ဒေသတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖြစ်ထွန်းမှု နည်းပါးလွန်းသော်လည်း စီးပွားရေးဇုန်၊ ဟိုတယ်ဇုန်များကိုလည်း သတ်မှတ်ထားရှိသည်။

လူနေဧရိယာများကို စေ့စေ့စပ်စပ် စုစည်းသတ်မှတ်ထားပြီး လေးထပ်တိုက်ခန်းတွဲ  ၁၂၀၀ ဖြင့် တည်ဆောက်ထားသည်။ အဆောက်အအုံများ၏ အမိုးများကို အရောင်ဖြင့် Code ခွဲခြားကာ ဝန်ထမ်းများ၏ အလုပ်ရာထူးအလိုက် ခြားနားသတ်မှတ်ထားသည်။ အစိုးရ၏ အိမ်ရာစီမံကိန်းများ ရှိနေသော်လည်း နေပြည်တော်တွင် ဆင်းရဲနုံချာစွာနေထိုင်ရသူ အများအပြားရှိနေဆဲဖြစ်သည်။
နေပြည်တော်တွင် အပန်းဖြေသွားလာစရာနေရာများလည်း ရှိနေရာ ရန်ကုန်မှ ရွှေတိဂုံစေတီတော်နှင့် အရွယ်တူ၊ ပုံစံတူတည်ဆောက်ထားသည့် ဥပ္ပါတသန္တိစေတီတော်အပြင် ပန်းခြံနှင့် ဥယျာဉ်များလည်းရှိသည်။ ရေပန်းဥယျာဉ်ဧရိယာတွင် ညတိုင်း ဂီတဖျော်ဖြေပွဲများ ရှိသော်လည်း လာရောက်အားပေးသူ အများအပြားကိုမူ မတွေ့ရချေ။

ထို့အပြင် နိုင်ငံခြားသားများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် နေပြည်တော်သို့ သွားရောက်လည်ပတ်ရန် စိတ်အားထက်သန်မှု မရှိကြဟုလည်း သတင်းများကဆိုသည်။ ခရီးသွားဝန်ဆောင်မှုဌာနများ၏ အဆိုအရ နေပြည်တော်ကို အန္တရာယ်ရှိသော ဒေသတစ်ခုအဖြစ်မှတ်ယူကြပြီး နိုင်ငံရပ်ခြားမှ ထောက်ပံ့ရေး လုပ်သားများသည် ချောက်ချားဖွယ် ဆိတ်သုဉ်းငြိမ်သက်နေသည့် အခြေအနေကို မနှစ်သက်ကြသဖြင့် ရန်ကုန်တွင်သာ အခြေချကာ နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြရန် ပိုမိုလိုလားကြကြောင်းလည်း သိရသည်။

အစိုးရအနေဖြင့် ကုလသမဂ္ဂ ဌာနအသီးသီးနှင့် နိုင်ငံခြားသံရုံးများအတွက် ငါးဧကစီ အကျယ်အဝန်းရှိသော မြေနေရာများချထားသော်လည်း ဘင်္ဂလားဒေ့ရှ် သံရုံးတစ်ခုသာ နေပြည်တော်သို့ သွားရောက်ပြောင်းရွှေ့အခြေစိုက်ခဲ့သည်။
Daily Mail ၏ Inside Naypyitaw, Myanmar’s haunting capital city ဆောင်းပါးကို ဇွဲရဲဝင့် ဆီလျော်အောင် ပြန်ဆိုသည်။
 http://www.7daydaily.com/story/35714

အင်တာနက်ကို မလိမ်ပါနဲ့



ဆွေးနွေးပွဲတစ်ခုသွားလို့ ၁ ရက် ၂ ရကအတွင်း ခင်သွားတဲ့ မိတ်ဆွေတစ်ဦးက ကျနော့ကို အကူအညီတောင်းတယ်။ Facebook အကောင့် တစ်ခု ဖွင့်ပေးပါတဲ့။ ဒါနဲ့ အီးမေးလ်ရှိလားလို့ မေးတယ်။ အဲ့ဒါလည်း မရှိဘူး အီးမေးလ်ကော လုပ်ပေးပါတဲ့။ ဒါနဲ့ မှတ်ပုံတင်ထဲက အမည်အပြည့်အစုံ၊ မွေးသက္ကရာဇ် ရက်၊လ၊ ခုနှစ်၊ မွေးရာဇာတိ အစရှိသဖြင့်တို့ကို ပြည့်ပြည့်စုံစုံလေး ကျနော့ကို ပေးပါလို့ တောင်းတော့ "အဲ့ဒါ အစ်ကို အဆင်ပြေသလိုသာ ရေးပြီး ထည့်လိုက်ပါဗျာတဲ့"... ။ ကျနော် ချက်ချင်း စိတ်ခုသွားပေမယ့် သူက မသိလို့ ပြောတာပဲလေး ဆိုပြီးတော့ စိတ်အေးအေးထားပြီး စဆုံး ရှင်းပြလိုက်တယ်။ သူလည်း လက်ခံသွားပါတယ်။ ဒီလိုရှိတယ်ဗျ။

အင်တာနက်ကို မလိမ်ပါနဲ့

Gmail အကောင့် ဖွ့င်တဲ့အခါပဲ Gmail address မှာ 335arfaf အစရှိသဖြင့် ကြိုက်တာ ပေးလို့ ရပါတယ်။ ဒါပေမယ့် User Name ဆိုတဲ့ နေရာမှာ မိမိရဲ့ အမည်ရင်းကို ဖြည့်ပါ။ First Name, Last Name တို့မှာ ဖြည့်ရမှာ ဖြစ်ပါတယ်။ ပြီးရင် မွေးသက္ကရာဇ် အမှန် ကို ဖြည့်ပေးပါ။ Email ဟာ မိမိ အင်တာနက် အွန်လိုင်း အသုံးပြုဖို့အတွက် လူကိုယ်စားပြုပေးမယ့် နောက်ထပ် လူတစ်ဦးလည်း ဖြစ်ပါတယ်။ ကိုယ်က အဲ့ဒီအီးမေးလ်နဲ့ ဝဘ်ဆိုဒ်တွေမှာ အသုံးပြု၊ လုပ်ငန်းတွေမှာ အသုံးပြုမှာမို့ အရေးအကြီးဆုံးပါ။ အကယ်၍ အမှန်အကန် မဖြည့်ထားရင် ပျက်တဲ့အခါ ပြန်ရရန် မလွယ်ပါဘူး။

နောက်တစ်ခု အရေးအကြီးဆုံးကတော့ Facebook ဖြစ်ပါတယ်။ Facebook မှာ မိမိရဲ့ အမည်ရင်း၊ မွေးသက္ကရာဇ် အမှန်၊ မွေးရပ်ဇာတိ အမှန်ကို ထည့်ပါ။ အကယ်၍ မမှန်ကန်ရင် Facebook က သင့်အကောင့်ကို Lock ကျသွားစေပါလိမ့်မယ်။ အဲ့ဒါကိုလည်း အဓိက ပြောချင်တာ မဟုတ်ပါဘူး။ အမှန်တကယ်က လိမ်ညာမှုပါ။

မိမိအနေနဲ့ အင်တာနက် သုံးတဲ့အခါ အမည်ရင်းကို မသုံးဘူး။ ကိုယ့်ရဲ့ ဓာတ်ပုံ အစစ်ကို မတင်ဘူး။ အမည်တွေလျှောက်ပေး၊ မင်းသား၊ မင်းသမီး ဓာတ်ပုံတွေ တင် ပြီးတော့ မိမိကိုယ်ကိုယ်လည်း လေးစားမှု မရှိတော့သလို ငါပြောရင် ငါ့ကြို ဘယ်သူမှ သိမှာမဟုတ်ပါဘူးလေ ဆိုပြီးတော့ တွေ့ရာ မိန်းကလေး ယောင်္ကျားလေးများကို မကောင်းတဲ့ စကားတွေလိုက်ဆို၊ သူများရဲ့ သားသမီးတွေကိုလည်း Bullying လုပ်မိလို့ လုပ်မိမှန်းမသိ လုပ်မိကုန်ပါတယ်။ ခံရတဲ့သူ အနေနဲ့လည်း ဒါဘယ်သူလဲ ဘာလဲ ဆိုတာ သေချာ မသိတော့ ဘယ်လို ဖြေရှင်းရမှန်း မသိ။ ဒါကြောင့်လဲ မြန်မာပြည်မှာ တစ်ယောက်ကို တစ်ယောက် အသရေ ဖြတ်တဲ့ Page တွေ၊ စော်ကားတဲ့ Post တွေတက်တာ များခြင်း ဖြစ်ပါတယ်။

မိမိရဲ့ ဓာတ်ပုံနဲ့ အချက်အလက်အကြောင်းအရာများကို ယူပြီးတော့ မဟုတ်တာ လုပ်မှာကို ကြောက်တယ်ဆိုရင်လည်း Privacy setting နဲ့ ပိတ်ထား ကာထားလို့ရ ပါတယ်။ အနည်းဆုံးကတော့ အကောင့်တွေ ဖွင့်တုန်းက တောင်းဆိုတဲ့ အချက်များကို မှန်မှန်ကန်ကန် ထည့်သွင်း ဖော်ပြဖို့ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အင်တာနက်ကို မလိမ်ပါနဲ့။ ယဉ်ကျေး၊ ရိုင်းပင်းကူညီမှု ရှိသော အင်တာနက် ကွန်ရက်ကြီးကို တည်ဆောက်ကြဖို့ အထူးဆန္ဒပြုလိုက်ရ ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477662

အသည်းကွဲနေတယ် ဆိုရင် ..ဒါလေးတွေလုပ်ကြည့်ပါလား ???


 

သူ့ကို ဒီတစ်သက် မေ့နိုင်တော့မှာ မဟုတ်ဘူးလို့ တွေးနေတယ် မဟုတ်လား။
ခေါက်ထားလိုက်စမ်းပါ။ ကြာရင် အားလုံးပြီးဆုံးသွားမှာပါ။
ပြီးတော့ အခုခံစားနေရတာတွေကိုလည်း သက်သာအောင် အကြံဥာဏ်ကောင်းလေး ပေးမယ်နော်။ အသည်းကွဲတဲ့အခါ ခံစားရတဲ့ စိတ်အခြေအနေကို ပြောပြမယ်။
 

၁။ မယုံနိုင်ဘူး ဖြစ်နေတယ် လမ်းခွဲခဲ့ကြတယ်ဆိုတာ မယုံနိုင်သေးဘူး ဖြစ်နေတယ်။ သူက ဖုန်းဆက်ပြီး တောင်းပန်လိမ့်မယ် လို့ တွေးနေတုန်းပဲ။ ဒီလိုဖြစ်နေတဲ့ ခံစားမှုက လမ်းခွဲလိုက်တာကို ချက်ချင်း ယုံကြည်လိုက်တာနဲ့စာရင် ဝေဒနာကို ဖြည်းဖြည်းချင်း ကုစား သက်သာစေတယ်။
 

၂။ အသိတရား ဝင်လာပြီ တကယ်ကို ဖြစ်သွားပြီဆိုတာ နားလည်သွားပြီ။ အတူရှိခဲ့တဲ့ အချိန်တွေကို သတိရပြီး ငိုယို မဆုံး ဖြစ်နေလိမ့်မယ်။ ငိုသာငိုချလိုက်ပါ။ မျိုသိပ်ထားရင် ပိုခံစားရလိမ့်မယ်။
 

၃။ ဒေါသ ပါလာတယ် “ကောင်းပြီ၊ သူက ငါ့ကို ထားခဲ့တယ်။ ဘာ အရေးစိုက်ရမှာလဲ။ သူ့မှာလည်း ကောင်းကွက် တစ်ကွက်မှ မရှိဘူး။ ရုပ်ကလည်း ဆိုးသေးတယ်။ ငါလည်း မကြိုက်ပါဘူး။” ဆိုပြီး မာနဒေါသထွက်မဆုံး ဖြစ်နေမယ်။ ဒီအခြေအနေကို အကြာကြီး မဖြစ်စေနဲ့၊ ဒေါသကနေ နာကျည်းမှုအဖြစ် ပြောင်းပြီး မင်းကို ဝေဒနာတွေ ပေးလိမ့်မယ်။ 

၎။ မျှော်လင့်ချက်ကို ပြန်ရှာတွေ့ပြီ ပြောင်းလဲလို့မရတော့ဘူးဆိုတာ နားလည်လာပြီး အရာရာကို လက်ခံနိုင်တဲ့ အချိန်ရောက်တဲ့အခါ မင်း သူ့ကို မေ့သွားလိမ့်မယ်။ ဝမ်းနည်းခဲ့ရတာတွေကိုလည်း သတိမရတော့ပါဘူး။
 

လုပ်သင့်တာတွေက -
၁။ ကိုယ်ဝါသနာပါတာတွေကို အာရုံစူးစိုက်ထားမယ်။ (ဥပမာ – ပန်းချီ၊ သီချင်း၊ ရုပ်ရှင် စသဖြင့်ပေါ့) ၂။ ဘီရိုတွေရှင်း၊ အခန်းရှင်းမယ်။ ၃။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းမယ်။ ရှောင်ရန်ကတော့ – 


၁။ Online ပေါ်မှာ သူ့အပေါ် ခံစားချက်၊ နာကျည်းမှုနဲ့ ဒေါသတွေ လုံးဝ Post မလုပ်မိအောင် သွေးဆူနေတုန်းမှာ အင်တာနက် မသုံးပါနဲ့။ တစ်ချိန်မှာ နောင်တရလိမ့်မယ်။ 

၂။ တစ်ယောက်တည်း အကြာကြီး ခံစားမနေပါနဲ့။
 

၃။ ခံစားနေရတဲ့အချိန်မှာ သူ့ကို ဖုန်းနဲ့ ပြန်ဆက်သွယ်ဖို့ ကြိုးစားတတ်တယ်။ လုံးဝ မဆက်သွယ်မိအောင် ကြိုးစားပါ။
 

၎။ မင်းကိုချစ်တဲ့ မိသားစု၊ သူငယ်ချင်းတွေကို သူ့ကြောင့် စိတ်ပူဝမ်းနည်းအောင် မလုပ်ပါနဲ့။
 

အသည်းကွဲချိန် နားထောင်သင့်တဲ့ သီချင်းတွေ – (မိန်းကလေးများအတွက်)
1. Run The World (Girls) – Beyonce
2. So What – Pink
3. White Horse – Taylor Swift
4. Since U Been Gone – Kelly Clarkson
5. I Don’t Miss You At All – Selena Gomez 6. Take A Bow – Rihanna 7. Stronger – Britney Spears
 

(ယောက်ျားလေးများအတွက်)
1. Forget You (Cee Lo Green)
 

ကြည့်သင့်တဲ့ ရုပ်ရှင် 
1. The Wedding Singer 
2. Forgetting Sarah Marshall 
3. Bridget Jones’ Diary 
4. How To Lose A Guy In 10 Days 
5. Legally Blonde 6. 500 Days of Summer

… ရေးမိရေးရာလေးများ

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

တောမင်းသား

ဇာတ်မင်းသားဝတ်စုံဖြင့် ကပြနေသော ကိုရန်အောင်ကို ဦးပိန်တံတားအနီးတွင် တွေ့ရစဉ်/ဓာတ်ပုံ- ညီညီဇော်
 
‘‘ဆိုင်းပွဲဆိုလည်း ကျွန်တော်...အရပ်ထဲ ဇာတ်ပွဲ၊ နတ်ပွဲဆိုလည်း ကျွန်တော်...ဆိုင်းသံကြားရင် ရိုးတိုးရွတမနေနိုင်ပါနော်...အိုးစည်ဒိုးပတ်ဝိုင်းလည်း ၀င်ကလိုက်ချင်သနော်...ဆိုင်းသံကို ကြားရုံနဲ့ ဘယ်လိုမှတားမရ အမြဲထကလို့ပျော်။ အရပ်ထဲကပြောကြ ကျွန်တော့်ကို အမည်ထူး အသွင်ထူး  အမြဲရွှင်မြူးတဲ့...သဘင်ရူးတဲ့နော်’’

ညနေ နေညိုချိန် ဦးပိန်တံတား၏ အောက်ခြေမှ အဆိုတော်အောင်သစ်ရဲ့ ‘‘သဘင်ရူးနဲ့ ပန်းမမ’’သီချင်းသံလွင့်ပျံ့လာသည်။ တံတားပေါ် ဖြတ်သန်းသွားနေသူအချို့ တံတားအောက်ဘက်ဆီ လှမ်းမျှော်ကြည့်လိုက်ကြသည်။ တံတားအောက်က လမ်းဘေးတစ်နေရာတွင် ဆိုင်ကယ်တစ်စီးပေါ် ဆောင်းဘောက်စ်တစ်လုံးတင်ကာ အဖြူရောင်ဇာတ်မင်းသားဝတ်စုံကို အကျအန၀တ်ဆင်ပြီး သဘင်ရူးသီချင်းနှင့် ကပြနေသည့် လူငယ်တစ်ဦးကို တွေ့လိုက်ကြရသည်။
လမ်းဘေးမှာ ကပြနေသည့် မင်းသားလေးအား ဦးပိန်တံတားပေါ်မှရော တံတားအောက်ဘေးပတ်ဝန်းကျင်များကပါ လာရောက်ကြည့်ရှုကြသည်။ တကယ့် ဇာတ်မင်းသားတစ်ဦးအလား ခြေထိုး၊ လက်ချိုး အကကောင်းလွန်းလှသည်မို့ ဆုတော်ငွေတွေ ချီးမြှင့်ကြသည်။ ပြည်ပဧည့်သည်များကလည်း ဓာတ်ပုံတွေ တဖျပ်ဖျပ်လာရိုက်ခဲ့ကြသည်။

ဦးပိန်တံတားဝန်းကျင် ညနေစောင်းပြီဆို ဆိုင်ကယ်ပေါ် ဆောင်းဘောက်စ်တစ်လုံးတင် ဇာတ်မင်းသားများ၏ နှစ်ပါးသွားသီချင်းတွေဖွင့်ကာ ဇာတ်မင်းသားဝတ်စုံပြည့် ၀တ်ဆင်ထားသည့် ထိုအမျိုးသား ရောက်ရောက်လာတတ်သည်။ လူသူမြင်ရသည့် တံတားဘေးအကွက်အကွင်းကောင်းသည့်နေရာတစ်ခုရွေးကာ ဇာတ်သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ဖွင့်၍ ကပြနေတတ်သည့် မင်းသားလေးကို ဦးပိန်တံတားဝန်းကျင်က ဈေးသည်တွေ သတိထားမိလာသည်။

 တချို့က သူ့ကို ဇာတ်တစ်ဇာတ်ထဲက မင်းသားလို့ထင်ကြသည်။ တချို့ကတော့ စိတ်ကျန်းမာရေးချို့ယွင်းကာ လာရောက်ကပြနေသည့် ဝေဒနာသည်လေးတစ်ဦးအလား ထင်မှတ်မှားကြသည်။
သူ့အမည်က အကယ်ဒမီခြောက်ထပ်ကွမ်း နာမည်ကျော်မင်းသားနှင့်အမည်တူ မောင်ရန်အောင်ဟုခေါ်ပါသည်။

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရွာနားက တဲကြီးမအူပင်ရွာမှာနေသည်။ အသက်ကတော့ (၂၂)နှစ်ရှိပြီ။ သူမွေးတဲ့အချိန် မင်းသားရန်အောင် နာမည်ကြီးနေချိန်မို့ မိဘတွေက အလွယ်တကူ ရန်အောင်ဟု အမည်ပေးလိုက်ကြသည်ဟု မောင်ရန်အောင်က ဆိုပါသည်။ အနုပညာရှင်၏ နာမည်ကို ယူပေးလိုက်ပြီးနောက် မောင်ရန်အောင်တစ်ယောက် အသက်တဖြည်းဖြည်းကြီးလာလေ ဇာတိကပြလာလေ ဖြစ်လာပါတော့သည်။

မောင်ရန်အောင် အသက်(၁၄)နှစ် လူပျိုပေါက်အရွယ်ရောက်တော့ ရွာနားတွင် အလှူတစ်ခုနှင့်ကြုံသည်။ ထိုအလှူတွင် ရွာသူလေးတွေက ယိမ်းအကဖြင့် ကပြဖျော်ဖြေနေသည်ကို တွေ့ခဲ့ရသည်။ ညီညီညာညာ ကပြနေကြသည့် ရွာသူလေးများကိုကြည့်ရင်း သူပါ ၀င်ကချင်လာသည်။ အဲဒီအချိန် ရွာက ကာလသားတွေကလည်း မြှောက်ပေးတာကြောင့် ရွာသူတွေကြား ၀င်ကခဲ့ပါတော့သည်။
ဗီဇက ပါလာလို့လားမသိ။ ကတတ်သလို ကလိုက်တာကို အောက်ကပရိသတ်တွေက သဘောကျကာ ဆုတော်ငွေတွေ ချီးမြှင့်ကြသည်။ အဲသည်ကအစ မောင်ရန်အောင် ဇာတ်သဘင်ဝါသနာပိုးက ပိုကြီးထွားလာပါတော့သည်။

အလှူမှာကပြီးတဲ့နောက် ပိုးကသတ်လို့မရတော့။ ရွာနား အလှူတွေ ဘုရားပွဲတွေမှာ ကက်ဆက်ဖွင့်ပြီဆိုတာနဲ့ ပြေးကာ ကွေးနေအောင်ကသည်။ မင်္ဂလာဆောင်အ၀င်နေ့ ကက်ဆက်ဖွင့်ရင်လည်း ၀င်ကသည်။ နောက်ပြီး ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေမှာ ဇာတ်စင်ရှေ့က ထောင့်တစ်နေရာမှာ နေရာယူပြီး ဇာတ်မင်းသားတွေကတဲ့အတိုင်း လိုက်ကပြန်သည်။ မိခင်ဖြစ်သူက ဘာမှမပြောပေသိ ဖခင်ကတော့မရ။ ကမယ်ပြုမယ်ဆို လိုက်ရိုက်သည်။ လေးခွဖြင့် လိုက်ပစ်သည်။ သို့သော် ၀ါသနာက ရှေ့ဆောင်လာတော့ ဘယ်လိုမှတားမရဆီးမရတော့။
မောင်ရန်အောင်တို့ မိသားစု က ရွာမှာတင် သပြေတို့၊ နှင်းဆီတို့ စိုက်တာဆိုတော့ မောင်ရန်အောင်ကို လယ်ထဲဆင်းခိုင်းသည်။  မောင်ရန်အောင်က လယ်ထဲဆင်းတော့လည်း အခင်းဘေး ရေဒီယိုတစ်လုံးချကာ ကလို့ရမယ့် သီချင်းလာရင် ပေါက်ပြားပေါက်ရင်းပင် ကွေးနေအောင် ကပြသည်။ နောက်ပန်းတွေကို စက်ဘီးတစ်စီးဖြင့် လည်ရောင်းတော့လည်း ပန်းရောင်းရင်း ကပြသည်။ 

အပိုဝင်ငွေရအောင် ရေခဲချောင်း ရောင်းပြန်တော့လည်း ကလိုက် ရောင်းလိုက် လုပ်နေပြန်တော့ နောက်ဆုံးဖခင်ဖြစ်သူလည်း မနိုင်တော့ဘဲ စိတ်ချမ်းသာသလို နေပါတော့ဟု လွှတ်ထားလိုက်ရတော့သည်။

မိသားစုဆီက နားလည်မှုရတော့ မောင်ရန်အောင်တစ်ယောက် ရွာနီးနားတွင်မက တခြားရွာတွေဆီကိုပါ ပန်းရောင်းရင်း၊ ရေခဲချောင်းရောင်းရင်း လိုက်ကပါတော့သည်။ အဲသလို လိုက်ကရင်း ခင်မင်ရင်းနှီးလာသည့် ဇာတ်သမားတချို့ ဆိုင်းလူရွှင်တော်တချို့က သူတို့ကတတ်သည့် ကကွက်အချို့ သင်ပြပေးတတ်ကြသည်။ ကဗျာလွတ်ကတာမျိုး၊ ဖိုးချစ်ခြေထိုးနည်းမျိုး သင်ပြပေးကြသည်ဟု မောင်ရန်အောင်ကဆိုသည်။ တချို့ကကွက်တွေကိုတော့ ဇာတ်မင်းသားတွေ ကပြနေတာကိုကြည့်ရင်း လိုက်ကကာ သင်ယူခဲ့ရသည်ဟု မောင်ရန်အောင်ကဆိုသည်။

ရပ်တကာ ဘုရားပွဲ၊ အလှူပွဲတွေလိုက်ကရင်း ငါန်းဇွန်ပွဲကို ရောက်သွားသည်။ ငါးန်ဇွန်မှာ နေ့ခင်းဘက် မင်းသားတွေနှင့် မြို့ခံတွေ ဘောလုံးကန်နေချိန် ဆောင်းဘောက်ဖြင့် သီချင်းဖွင့်တာကြောင့် သူသွားကသည်။ အဲသလိုကနေရင်း ငါန်းဇွန်ပွဲလာကသည့် ဇာတ်မင်းသားလေးစွမ်းဇာနည်၏ မိခင်က သူ့အား ဆုငွေလာချသည်။ ဇာတ်သဘင်အသိုင်းအ၀ိုင်းထဲက သူ့အား အသိအမှတ်ပြုသည့် သဘောမျိုးဆိုတော့ မောင်ရန်အောင် ၀မ်းသာသွားသည်။

အဲသလို ၀မ်းသာရင်း သူ့ဆန္ဒတစ်ခုကို အကောင်အထည်ဖော်ချင်လာသည်။ ညရောက်တော့ ဇာတ်ခုံနောက်ထဲဝင်ကာ စွမ်းဇာနည်ဆီသွားရန် အားခဲလိုက်သည်။ မောင်ရန်အောင်က ဇာတ်မင်းသားလိုသာ လိုက်ကနေတာ၊ တကယ်တမ်း သူ့မှာ ဇာတ်မင်းသားဝတ်စုံတစ်စုံမှရှိသေး။ ဇာတ်မင်းသားဝတ်စုံကလည်း တစ်စုံသိန်းချီတန်တာမို့ ကိုယ့်ဟာကိုယ်ဝယ်ဖို့ ဘယ်လိုမှမဖြစ်နိုင်။ အလှူမှာဆို မောင်ရင်လောင်းဝတ်စုံကို မင်းသားပုံစံဝတ်ကာ စာရွက်အဖြူတစ်ရွက်ကို ခေါင်းပေါင်းပုံစံချိုးပြီး မင်းသားလို ၀င်ကခဲ့ရတာမျိုးဖြစ်သည်။ အဆင်ပြေသလိုကြုံသလို ၀င်ကခဲ့ရတာမို့ ဇာတ်မင်းသားဝတ်စုံလေးတစ်စုံတော့ သူပိုင်ဆိုင်ချင်ခဲ့တာဖြစ်သည်။ ထို့ကြောင့် အခွင့်အရေးရတုန်း စွမ်းဇာနည်ဆီဝင်ကာ မင်းသားဝတ်စုံ အကျလေးများရှိရင် ပေးဖို့သွားတောင်းသည်။ စွမ်းဇာနည်က သည်ပွဲမှာ အပိုပါမလာသည့်အတွက် ရွှေဘိုမြို့ထောင့်စေတီပွဲမှာ လာယူဖို့ပြောသည်။

ရွှေဘိုမြို့ထောင့်စေတီရောက်တော့ စွမ်းဇာနည်ဆီက မင်းသားဝတ်စုံ မှတ်မှတ်ရရသွားတောင်းသည်။ စွမ်းဇာနည်ကလည်း သူပြောထားသည့်အတိုင်း မင်းသားဝတ်စုံတစ်စုံ ပေးလိုက်၍ မောင်ရန်အောင်တစ်ယောက် ၀မ်းသာအားရ ဖြစ်သွားခဲ့ရသည်။ ဘော်ကြယ်တွေကပ်ထားတဲ့ တောင်ရှည်အဖြူရယ်၊ လိပ်ပြာပုံစံအင်္ကျီရယ်၊ မင်းသားဝတ်တဲ့ ဘောင်းဘီလေးရယ်ဖြစ်သည်။ ပထမဦးဆုံး မင်းသားဝတ်စုံလေး ၀တ်ဆင်ရတော့မည်မို့ မောင်ရန်အောင် ပျော်လိုက်သည်မှာ အတိုင်းမသိ။

အဲသည်နောက်တော့ မင်းသားဝတ်စုံပြည့်ဖြင့် အမေရေရင်ပွဲ၊ အလုံဘိုးဘိုးကြီးပွဲ၊ ငါးထပ်ကြီးဘုရားပွဲ၊ ပခန်းကိုကြီးကျော်ပွဲတွေမှာ လိုက်ကပါလေတော့သည်။ မင်းသားဝတ်စုံဖြင့် လိုက်လံကပြနေသည့် မောင်ရန်အောင်ကို တချို့က အကကောင်းသဖြင့် ဆုတော်ငွေတွေချကြသည်။ တချို့ကတော့ သူ့ဝါသနာအတိုင်း မရှက်မကြောက်ကပြနေတာကို သဘောကျသဖြင့် ဆုချီးမြှင့်ကြသည်။ တချို့တော့ လူတွေသူတွေကြား မျက်နှာပြောင်ပြောင် ကပြနေတာ သာမန်စိတ်အခြေအနေ မဟုတ်နိုင်ဟု ထင်မြင်ပြီး ငွေသားတွေပေးကြသည်။

ပခန်းကိုကြီးကျော်ပွဲကအပြန် ရေစကြိုနယ်ထဲက ရွာတစ်ရွာ၏ လမ်းပေါ်မှာ မောင်ရန်အောင် ကဖြစ်သည်။ ထိုသို့ အညာနေပူပူထဲ ချွေးဒီးဒီးကျကာ ကပြနေသည့် မောင်ရန်အောင်ကို လာကြည့်နေသည့် ပရိသတ်ထဲမှ မိန်းကလေးတစ်ဦးက သနားစိတ်ဖြင့် ကြည့်နေခဲ့သည်။ တကယ်တမ်း ထိုမိန်းကလေးက ကတာပြုတာတွေ ကြည့်လေ့ကြည့်ထမရှိ။ ၀ါသနာလည်း စိုးစဉ်းမျှမပါ။ သို့သော် ၀မ်းစာရေးအတွက် ကပြနေသည့် ထိုကောင်လေးကို သနားစိတ်ဝင်ကာ အားပေးခဲ့သည်။ သူငယ်ချင်းတွေက ဆုချခိုင်းတော့ သွားဆုချပေးသည်။ သူငယ်ချင်းတွေက မောင်ရန်အောင်အား ရူးနေတာနေမှာဟုပြောတော့ ဘာရယ်မသိ၊ ထိုမိန်းကလေး စိတ်ထဲမကောင်းဖြစ်သွားခဲ့သည်။

ကလို့ပြီးတော့ သူငယ်ချင်းတွေရဲ့ တိုက်တွန်းချက်ဖြင့် မောင်ရန်အောင်အား အိမ်ကို ရေနွေးသောက်ဖိတ်ခေါ်လာခဲ့သည်။ အိမ်မှာ ရေနွေးတိုက်၊ မုန့်ကျွေးရင်း သူ့ဝါသနာဗီဇလေးတွေ ကြားသိလာရတော့ ပိုလို့ရင်းနှီးလာခဲ့သည်။ ဇာတ်သဘင် ကတာပြုတာတွေ ကြည့်လေ့ကြည့်ထမရှိသော၊ ၀ါ သနာမပါသော ထိုမိန်းကလေးမှာ မောင်ရန်အောင်နဲ့ကျမှ ဘာရယ်မသိ။ သဒ္ဓါစိတ်တွေ ယိုဖိတ်လာခဲ့သည်။ ထို့နောက် နှစ်ဦးသား မေတ္တာမျှခဲ့ပြီး မကြာခင် လူကြီးစုံရာဖြင့် လာတောင်းပါလေတော့သည်။ ဘေးပတ်ဝန်းကျင်ကတော့ ထိုမိန်းကလေးအား ပြောဆိုသတိပေးကြသည်။

နင် အရူးလင်လုပ်မလို့လား ဆိုတာတွေတောင်ပါသည်။ မိဘတွေကတော့ ကောင်လေးမှာ သားကြီးမယားကြီးမရှိ၊ နောက်ကြောင်းရှင်းသည်ဆိုလျှင် သဘောမတူနိုင်စရာမရှိဟုဆိုကာ ပေးစားလိုက်တော့ မတင်တင်မိုးဟု အမည်ရသည့် ထိုမိန်းကလေးနှင့် မောင်ရန်အောင်မှာ ၂၀၁၂ ဧပြီတွင် အကြောင်းပါလေတော့သည်။

မိန်းမရပြီးတော့လည်း မောင်ရန်အောင် ခြေမငြိမ်သေး။ ပွဲလမ်းရှိရင် လိုက်ကသည်။ အလှူတွေ၊ ပွဲတွေလမ်းတွေမှာ မောင်ရန်အောင်တစ်ယောက် လိုက်လိုက်ကနေတာကို ကိုယ့်ရပ်ကိုယ့်ရွာ မျက်နှာသိတွေမို့ ဒီကလေး ၀ါသနာကြီးရှာသည်ဟု နားလည်ပေးတတ်ကြပေမယ့် တခြားရပ်ရွာမှာတော့ အဲသလိုအခွင့်အရေးမျိုး မောင်ရန်အောင်တစ်ယောက် မရခဲ့ရှာပါ။

မှတ်မှတ်ရရ တခြားမြို့နယ်တစ်ခုက ဆေးရုံသစ်ဖွင့်ပွဲတစ်ခုမှာ ဇာတ်ပွဲပါတော့ မောင်ရန်အောင်တစ်ယောက် ရေခဲချောင်းရောင်းရင်း သွားကသည်။ ကနေရင်း သူလို ၀ါသနာပါတဲ့ ကလေးတစ်ယောက်က နည်းနည်းလောက်သင်ပေးပါဆိုတော့ သူကလည်း သူကတတ်တဲ့ကကွက်တွေ ကပြသင်ပြပေးနေသည်။ အဲသလိုအချိန် ရွာခံလူငယ်တချို့က မောင်ရန်အောင်အား မျက်စိစပါးမွေးစူးလာသည်ထင်သည်။ ကပြနေတဲ့ မောင်ရန်အောင်နဲ့ မတော်တဆတိုက်မိရင်း ဆွဲထိုးခံရတော့သည်။ မောင်ရန်အောင်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် ပွဲကြည့်ပရိသတ်ထဲ ၀င်ပြေးသည်။ ထိုသို့ ၀င်ပြေးလိုက်တော့မှ ပိုဆိုးတော့သည်။ လူတွေ ရုတ်ရုတ်သဲသံဖြစ်ကာ ပွဲပျက်သွားပါလေတော့သည်။

တောနေလူတန်းစား ဖျော်ဖြေပွဲကား ရှားပါးလှသည်မို့ တစ်ခါတလေ ဖြစ်တောင့်ဖြစ်ခဲ ဇာတ်ပွဲလေးပျက်သွားတာကြောင့် မောင်ရန်အောင်ကို စိတ်တော်ငြိုးကြတော့သည်။ မောင်ရန်အောင် လူကြီးအိမ်မှာ ထိတ်တုံးခတ်ခံရသည်။ ရိုက်နှက်ဆုံးမခံရသည်။ မောင်ရန်အောင်တစ်ယောက်ကတော့ ထိတ်တုံးတန်းလန်းဖြင့် ငိုယိုကာ သူဝါသနာပါလို့သာ လာကခြင်းဖြစ်ကြောင်း၊ ပွဲပျက်အောင် လုပ်တာမဟုတ်ကြောင်း ရှင်းပြသည်။ ဒုက္ခရောက်မှ အိမ်မှာ ကိုယ်ဝန်ခုနစ်လနှင့် ကျန်ရစ်ခဲ့ရသည့် မိန်းမမျက်နှာပြေးမြင်ကာ မျက်ရည်တွေကျလာသည်။ နောက်ဆုံး လူကြီးက လွှတ်ပေးလိုက်တော့ သူ့ ရွာအရောက် ပြန်ပြေးသည်။ သို့သော် ရိုက်နှက်ခံလာရသည့် ဒဏ်ရာကြောင့် လမ်းဘေးဇရပ်တစ်ခုနားလဲကျကာ သတိလစ်မေ့မြောသွားခဲ့ပြီး တစ်ဆင့်စကားတစ်ဆင့်နားဖြင့် အိမ်ကမိသားစုက လာသယ်ခဲ့ရသည်ဟု မောင်ရန်အောင်ကပြန်ပြောပြသည်။

ခန္ဓာကိုယ်တွေ ထိခိုက်သည်အထိ ဖြစ်ပျက်ခဲ့တာတောင် မောင်ရန်အောင်တစ်ယောက် မမှတ်သေး။ မိန်းမကလည်း ကတာပြုတာ သဘောမကျတော့။ မောင်ရန်အောင်ကလည်း မယားကို ထင်းလည်း ရောင်းကျွေးသည်။ ပေါက်ပြားပေါက်၊ ဆေးဖျန်းအလုပ်တွေလည်း လုပ်ကျွေးခဲ့ပါသည်။ သို့သော် မကလို့ကတော့ ဘယ်လိုမှမနေနိုင်။ မယားဖြစ်သူကလည်း ငယ်ငယ်ချောချောမို့ ယောက်ျားက ရပ်တကာလှည့် ကပြနေတော့ ရှက်တော့ ဆက်မကဖို့၊ရွာပြန်လိုက်ခဲ့ သူလုပ်ကျွေးမည်ဟု မကြာခဏပြောရှာသည်။ ပြောမရတော့ လင်မယား ကတောက်ကဆဖြစ်ကြရသည်။ နောက်ဆုံး သားတစ်ယောက်ရပြီးချိန်ထိ ဘယ်လိုမှပြောမရတော့ သူ့အလိုလိုက် အကြိုက်ဆောင်ကာ သူသွားလေရာနောက် တကောက်ကောက်လိုက်ပြီး လိုအပ်တာလုပ်ပေးလိုက်တော့သည်ဟု မတင်တင်မိုးကဆိုသည်။

အဲသလို မိသားစုလိုက် ဆိုင်ကယ်တစ်စီး ဆောင်းဘောက်စ်တစ်လုံးတင်ကာ နယ်တကာလှည့်ကြသည်။ ရောက်တဲ့နေရာ ဘုရားကျောင်းဇရပ်တွေမှာ တည်းခိုကြသည်။ မန္တလေးမှာဆို ဦးပိန်တံတား၊ ဈေးချိုတော်နဲ့ ကျောက်ဝိုင်းတွေနားလည်း သွားကဖြစ်သည်။ မောင်ရန်အောင်က အလှူခံကာ ကပြခြင်းမျိုး မဟုတ်သော်လည်း မြန်မာလူမျိုးတို့၏ သဒ္ဓါတရားထုံးစံအတိုင်း ဆုချီးမြှင့်တဲ့ငွေတွေက  သာမန်ဇာတ်ထဲလိုက်တာထက်ပင် ပိုရလာခဲ့သည်။ ညနေတစ်ပိုင်း ကပြလျှင် နှစ်သောင်းသုံးသောင်းခန့် ရတတ်သည်ဟု မောင်ရန်အောင်တို့ မိသားစုကဆိုသည်။

တချို့ကတော့ မြန်မာဇာတ်မင်းသားဝတ်စုံဖြင့် လမ်းဘေးမှာ ကပြနေတော့ ဝေဖန်ကြတာလည်းရှိသည်။ သို့သော် မောင်ရန်အောင်ကတော့ သူ့အတွေးနဲ့သူ ဘာကိုမျှမမြင်။ ‘‘ကျွန်တော်က ပိုက်ဆံတောင်းတာ မဟုတ်ဘူးလေ။ သူတို့ကျေနပ်လို့ ဆုချတဲ့ ပိုက်ဆံရတာ။ သူများပစ္စည်း ခိုးတာမဟုတ်ဘူး။ မူးရူးပြီး ကတာလည်း မဟုတ်ဘူးလေ’’ဟု သူ၏ခံယူချက်ကို ဖွင့်ဟသည်။

မောင်ရန်အောင်က စွမ်းဇာနည်တို့၊ ၀င်းနောင်တို့၊ မျိုးနန္ဒတို့ရဲ့ ဇာတ်သီချင်းတွေနဲ့ ကပြတာဖြစ်သည်။ ဖြစ်နိုင်ရင်တော့ သူ့နာမည် မောင်ရန်အောင်ပါသည့် ကိုယ်ပိုင်သီချင်းမျိုးလေးနဲ့ ကပြချင်ပါသည်ဟုဆိုသည်။ ‘‘တစ်ခါတလေ သူတို့ သီချင်းတွေနားထောင်ပြီး မျက်ရည်တောင်ကျတယ်’’ဟု မောင်ရန်အောင်ကဆိုသည်။

နောက်ပြီး မောင်ရန်အောင်က ပြိုင်ပွဲတွေဘာတွေ ၀င်ပြိုင်ချင်ခဲ့သည်။ အဲသည်နောက် ဇာတ်ခုံစင်မြင့်ထက်တွင် ကပြရသည့် နိုင်ငံတော်ဇာတ်မင်းသားတစ်ယောက်ဖြစ်ချင်ခဲ့တာဖြစ်သည်။ သို့သော် လက်တွေ့ဘ၀မှာတော့ဖြင့် မြေပေါ်၊ လမ်းပေါ်မှာသာ ကပြနေရဆဲဖြစ်သည်။ သူတို့မွေးထားသည့် သားလေးကလည်း တစ်နှစ်နှင့် ဆယ်လရှိပြီး ဖအေ့သွေးပါသည်လားမပြောတတ်။ ဖခင်က ကဖို့ မိတ်ကပ်လိမ်းနေရင် သူက လိုက်လိမ်းသည်။ ကက်ဆက်ဖွင့်ရင်လည်း လိုက်ကသည်။

သားငယ်ဝါသနာပါရင် သူ ဖြစ်ခွင့်မရခဲ့သည့် စင်မြင့်ထက်က နိုင်ငံကျော် ဇာတ်မင်းသားတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးမည်ဟု မောင်ရန်အောင်ကဆိုသည်။
‘‘ကချင်လွန်းလို့ပါ ဆရာသျှန်ရယ်။ ပေါက်မယ့်သီချင်းလေးတစ်ပုဒ်လောက်တော့ ရေးပေးပါ ဆရာသျှန်ရယ်။ သဘင်ရူးလို့ခေါ်ပါစေ။ ဆရာသျှန်ရေးတဲ့ သီချင်းနဲ့ ကျွန်တော် အောင်သစ်တစ်ယောက် အားရပါးရ ကလိုက်ချင်ပါတယ်’’

အဆိုတော်အောင်သစ်ရဲ့သီချင်းက မောင်ရန်အောင်အတွက် ရည်ရွယ်ရေးထားသလားတောင် ထင်ရသည်။ မောင်ရန်အောင်ကလည်း အောင်သစ်ရဲ့ သဘင်ရူးနဲ့ ပန်းမမသီချင်းဖြင့် ကွေးနေအောင်ကပြသည်။ ဦးပိန်တံတားပေါ်က ပရိသတ်တွေက သဘောကျကာ ဆုတော်ငွေတွေ တံတားပေါ်ကနေ ပစ်ချပေးသည်။ တံတားကြမ်းကြားကနေ အသာချပေးကြသည်။ မောင်ရန်အောင်က ဆုတော်ငွေများ သွားကောက်ယူရင်း လက်အုပ်ကလေးချီသည်။ နေမင်းက စစ်ကိုင်းတောင်တော်ရိုးမှာ မေးတင်နေလေပြီ။ ဦးပိန်တံတားပေါ်မှာ နေရောင်ခြည်က ခပ်ဖျော့ဖျော့သာ ရှိတော့သည်။ တံတားအောက်ဘက်ဘေးမှာတော့ မောင်ရန်အောင်တစ်ယောက် ကွေးနေအောင် ကနေဆဲ။       ။

http://www.7daydaily.com/story/35610#.VThz6SGeDGc

လူမှုကွန်ရက်တွေကို စွန့်ခွာသင့်နေပြီလား



မြန်မာနိုင်ငံမှာ လူမှုကွန်ရက် အသုံးပြုမှုက အဆမတန် မြင့်တက်လာခဲ့ပါတယ်။ လူမှုကွန်ရက်တွေကနေ သတင်းအချက်အလက်တွေ အလျင်အမြန် သိနိုင်ခြင်း၊ အပြန်အလှန် ဆက်သွယ်ခြင်းဆိုတဲ့ ကောင်းတဲ့ အချက်တွေရလာသလို စိတ်ပျက်စရာ ကောင်းတဲ့ အချက်တွေလည်း အများကြီး ရှိလာပါတယ်။

တစ်နေ့အလုပ်ချိန် ၈ နာရီထဲက လူမှုကွန်ရက်ပေါ်မှာ အချိန်ဘယ်လောက် ဖြုန်းခဲ့သလဲဆိုတာ သတိထားမိသလား။ စစ်တမ်းတွေအရ လူမှုကွန်ရက် အသုံးပြုသူတွေဟာ အလုပ်ချိန်ထဲက တစ်နေ့ကို မိနစ် ၄၀ မက အချိန်ဖြုန်းနေတယ်လို့ PC Mag ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီထက်တောင် ပိုနိုင်ပါတယ်။

## ဘာကြောင့် စွန့်ခွာမှာလဲ

လူမှုကွန်ရက်တွေက ကိုယ့်ရဲ့ အချိန်တွေကို ဖြုန်းနေပါတယ်။ အလုပ်ချိန်ထဲက တစ်နေ့ကို တစ်နာရီ အချိန်ဖြုန်း ပစ်နေတယ်ဆိုရင် တစ်ပတ်ကို အလုပ်ချိန်ထဲက ငါးနာရီ အချိန်ကုန်ပါတယ်။ တစ်လကို နာရီ ၂၀ အချိန်ဖြုန်း နေတယ်ဆိုတာ တစ်လမှာ တစ်ရက်နီးပါး အချိန် ဖြုန်းပစ်လိုက်တာပါပဲ။ အလုပ်ချိန်ကို ထိခိုက်လာတာဟာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ လူမှုကွန်ရက်ပေါ်က တွေ့သမျှကို ယုံကြည်နေလို့ မရပါဘူး။ ဒါ့အပြင် လူမှုကွန်ရက်တွေက စစ်မှန်တဲ့ ပေါင်းသင်း ဆက်ဆံရေးနဲ့ တကယ် လိုအပ်တဲ့ အထောက်အပံ့တွေကို မပေးနိုင်ပါဘူး။ အမုန်းစကားတွေ၊ ကောလာဟလ သတင်းတွေနဲ့ ဝါဒဖြန့်နေတဲ့ သူတွေကြောင့် လူမှုကွန်ရက်တွေက စိတ်ပျက်စရာ ဖြစ်လာပါတယ်။ ဆိုက်ဘာ အနိုင်ကျင့်မှုတွေကြောင့် လက်တွေ့ဘဝမှာပါ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလောက်ဆိုရင် ဘာကြောင့် စွန့်ခွာသင့်တယ် ဆိုတဲ့ မေးခွန်းအတွက် လုံလောက်မယ် ထင်ပါတယ်။ ဒါပေမယ့် တကယ်တမ်း စွန့်ခွာဖို့ကတော့ မလွယ်လှပါဘူး။ လူမှုကွန်ရက်တွေကို ဘယ်လိုစွန့်ခွာမလဲဆိုတာကို PC Mag ရဲ့ အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။
အသုံးပြုတဲ့ ပမာဏကို စောင့်ကြည့်ပါ

တစ်နေ့စာ ကိုယ်အသုံးပြုလိုက်တဲ့ အချိန်နဲ့ အင်တာနက်အသုံးပြုမှု ပမာဏကို စောင့်ကြည့်ဖို့ PC Mag က တိုက်တွန်းပါတယ်။ WiFi ဧရိယာတွေ အများကြီးမရှိသေးတဲ့ နိုင်ငံမှာ မိုဘိုင်းဖုန်းကနေတဆင့် အသုံးပြုနေတယ်ဆိုရင် ကိုယ်အသုံးပြုတဲ့ ပမာဏအလိုက် ငွေကုန်နေမှာဆိုတော့ ဒီနည်းလမ်းက ထိရောက် နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဘယ်လောက်အထိ အချိန်ဖြုန်းနေတယ် ဆိုတာသိရရင် လူမှုကွန်ရက်ကို စွန့်ခွာဖို့
အထောက်အပံ့ဖြစ်မှာပါ။
မိတ်ဆွေစာရင်းကို လျှော့ချပါ

လူမှုကွန်ရက်ပေါ်က ကိုယ့်ရဲ့ မိတ်ဆွေစာရင်းကို လျှော့ချတဲ့နည်းလမ်းကလည်း လူမှုကွန်ရက်က မစွန့်ခွာရင်တောင် အချိန်တော်တော်များများ အသုံးပြုနေမှုကို ရပ်တန့်နိုင်မှာပါ။ ကိုယ့်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မလိုအပ်တဲ့ အချက်အလက်တွေ ပြည့်နေတာက ကိုယ့်ကို အချိန်ပိုကုန်စေပါတယ်။ အပြုသဘော မဆောင်တဲ့သူတွေ၊ ရိုင်းစိုင်းသူတွေ၊ မလိုအပ်တဲ့သူတွေကို Unfriend လုပ်ပစ်နိုင်ပါတယ်။ လိုအပ်မယ်ဆိုရင် သူ့ရဲ့ လုပ်ဆောင်ချက်တွေ လုံးဝမမြင်ရအောင် Block လုပ်ပစ်နိုင်ပါတယ်။
သတိပေး အချက်ပြစနစ်တွေ ပိတ်ထားပါ

SMS အပါအဝင် လူမှုကွန်ရက်ပေါ်က တစ်ခုခုအသစ် ကိုယ့်ဆီဝင်လာတိုင်း အချက်ပြတဲ့စနစ်ကို ပိတ်ထားပါ။ ဒါက ထိရောက်ပါတယ်။ Notification တွေက လူမှုကွန်ရက်တွေကို ဝင်ကြည့်ဖြစ်နေအောင် တိုက်တွန်းနေတာပါ။ ဒါကို ပိတ်ထားမယ်ဆိုရင် လူမှုကွန်ရက်ကို ဝင်ကြည့်တဲ့ အကြိမ်ရေ သိသိသာသာ လျော့သွားပါလိမ့်မယ်။
လူမှုကွန်ရက်ပေါ်က ကိုယ့်ရဲ့ အကောင့်ကို ဖျက်ပစ်ပါ

PC Mag ရဲ့ ဒီအကြံပြုချက်ကတော့ လူမှုကွန်ရက်ကို စွန့်ခွာဖို့ ရာနှုန်းပြည့် အကူအညီပေးပါလိမ့်မယ်။ လူမှုကွန်ရက်ပေါ်က ကိုယ့်အသုံးပြုနေတဲ့ ပရိုဖိုင်နဲ့ အကောင့်ကို ဖျက်လိုက်ပြီဆိုမှတော့ လူမှုကွန်ရက်ထဲကို ဝင်ရောက်အသုံးပြုဖို့ကို မလိုတော့တာပါ။ အခက်အခဲတော့ ရှိတာပေါ့။ ဒါပေမယ့် အချိန်ကုန်ပြီး စိတ်ညစ်နေရ တယ်ဆိုရင် လုပ်သင့်ပါတယ်။ လူမှုကွန်ရက်ပေါ်က ရမယ့်ကောင်းကျိုးတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေကို မခံနိုင်တော့ဘူးဆိုရင် PC Mag ရဲ့ အကြံပြုချက်တွေက လူမှုကွန်ရက်ကို စွန့်ခွာဖို့ အထောက်အပံ့တစ်ခု ဖြစ်လာမှာပါ။

mizzima

ချစ်သူ တစ်ယောက်ရလျှင် သူငယ်ချင်းကောင်း ၁ ယောက် ဆုံးရှုံး





Oxford University မှာ ရှိတဲ့ Institute of Cognitive and Evolutionary Anthropology မှ သုတေသန ပညာရှင်များရဲ့ ထုတ်ပြချက်အရ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ချစ်သူရည်းစားတွေ ရရှိသွားပြီဆိုရင် သူတို့မှာ အခင်မင် အရင်းနှီးရဆုံး Close Friend များ ထပ်တူထပ်မျှ ဆုံးရှုံးရကြောင်း ဆိုပါတယ်။

ဆုံးရှုံးရမှုအရေအတွက်က ၂၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဥပမာ မိမိမှာ တိုင်ပင်အပေါ် တိုင်ပင်ဘက် အရင်းနှီးဆုံး မိတ်ဆွေ ၅ ဦးရှိရင် ကိုယ်က ချစ်သူရည်းစားရတဲ့အခါ ယင်းထဲမှာ တစ်ယောက် လျော့သွားပါတယ်။ မိမိရဲ့ ချစ်သူ အစားဝင်လာခြင်း သဘောလည်း သက်ရောက်ပါတယ်။ ယင်းဟာ ပျမ်းမျှယူထားခြင်းပါ။ အချို့ဆိုရင် ချစ်သူ ရည်းစားရတာနဲ့ မိမိရဲ့ အရင်းနှီးရဆုံး မိတ်ဆွေ သူငယ်ချင်း အားလုံးနီးပါး ဆုံးရှုံး ရသူများလည်း ရှိပါတယ်။

ဒီတော့ ပျှမ်းမျှအားဖြင့် ကြည့်လိုက်ရင် ကောင်လေး၊ ကောင်မလေး ၂ ယောက်သား ကြိုက်ကြပြီ ဆိုရင် အရင်းနှီး ချစ်ခင်ရဆုံး သူငယ်ချင်းကောင်း ၂ ယောက်ကိုလည်း သူတို့ဟာ တစ်ပြိုင်နက်တည်း ဆုံးရှုံးရခြင်း ဖြစ်ပါတယ်။ အကယ်၍ မဟုတ်ရင်လည်း ယင်းကို Balance ဖြစ်အောင် ထိန်းထားဖို့ ဆိုတာလည်း လွယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ အဓိကအားဖြင့် အချိန်ပေးရမှုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကပါ မိတ်ဆွေသူငယ်ချင်းဘက် မရောက်နိုင်တော့တာကြောင့် ဆုံးရှုံးရခြင်း ဖြစ်ကြောင်း ဆိုပါတယ်။

ဒါကြောင့်မို့ ချစ်သူရည်းစားတွေ ရှိနေကြသည့်တိုင် ဘဝမှာ အရေးပါတဲ့ မိတ်ဆွေ အပေါင်းအသင်းကောင်းများလည်း မဆုံးရှုံးရစေဖို့ ရေးသား တိုက်တွန်းလိုက်ရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

သူငယ်ချင်းတို့ မင်္ဂလာဆောင်ကြဦးမလား


အခုချိန်မှာ နှစ်သစ်ကူးအခါသမယလည်းကျော်လွန်လာခဲ့ပါပြီ။ မကြာခင်ဆိုရင်တော့ ၀ါဝင်တော့မှာပါ။ ပွင့်လင်းရာသီ ကုန်ဆုံးခါနီးလို့ ၀ါမ၀င်ခင် ကာလ အတောအတွင်းလေးမှာ အသည်းအသန် အမီ မင်္ဂလာဆောင်ကြမယ့် စုံတွဲတွေအတွက် ရယ်စရာဟာသလေး တပုဒ်ကို ဧရာဝတီဘလော့ဂ်က ဖော်ပြပေးချင်တာပါ။

တခါက အလွန်ကြီးမားတဲ့တောအုပ်ကြီးထဲမှာ ကျားပေါက်တစ်ကောင်ရဲ့ မင်္ဂလာဆောင် ကျင်းပသတဲ့ ။

ကျားဆိုတာ တောဘုရင် (တောမျက်နှာဖုံး) ဆိုတော့ တောနေ လှေအောင်း မြင်းဇောင်းမကျန်ဆိုသလို တောသတ္တ၀ါတွေ မင်္ဂလာ ဆောင်ကို လာကြရ၊ မရှိ/ရှိတာလေး လက်ဖွဲ့ကြရတာပေါ့။ အဲ … မင်္ဂလာဆောင်ရဲ့ Tempo အမြင့်ဆုံး အချိန်ရောက်တော့ ပရိသတ်တွေ လည်း စုံစုံလင်လင် ရောက်နေတာပေါ့။
အဲသလောက် ပရိသတ်များများ မမြင်ဖူးတဲ့ ပရိသတ်ထဲက မျောက်တစ်ကောင်က သူ့ဘေးမှာထိုင်နေတဲ့ နွားထီးတစ်ကောင်ကို မေးသတဲ့ ..

” ကိုနွား”

“ဘာလဲကွ”

“ဒီလောက်စည်ကားတဲ့ မင်္ဂလာဆောင်မျိုး မမြင်ဖူးဘူးဗျာ” လို့ပြောတော့ ကိုနွားက “ပျော်စရာကြီးကွနော့” လို့ပြုံးပြုံးကြီးပြောသတဲ့
ခဏနေတော့ မင်္ဂလာသတို့သား ကိုရွှေကျားနဲ့ သတို့သမီး မရွှေကျားတို့ထွက်လာတော့ ဆိုင်းဝိုင်းကြီးက ဘိတ်သိတ်သီချင်း တီးပါလေရော။ ဒီမှာတင် ခုနကနွားထီးကြီးက ထ ကတော့တာကိုး။ ဒါကို မျောက်က တအံ့တသြကြည့်ရင်းနဲ့ မေးသတဲ့။

“ကိုနွား ကိုနွား ဘယ်လိုဖြစ်တာလဲဗျ” ဆိုတော့၊ ကိုနွားက “ငါ့ညီအငယ်ဆုံးလေး မင်္ဂလာဆောင်တာဆိုတော့ ပျော်လွန်းလို့ပါကွာ” လို့ သူကပြောသတဲ့။
ဒီတော့ မျောက်ကမေးတာပေါ့ .. ..” ကိုနွားကလဲ ကြံကြီးစည်ရာဗျာ၊ ခင်ဗျားကနွား ဟိုကကျား လားလားမှမဆိုင်တာပဲ” လို့ ပြောတော့
ကိုနွားက ” ညီလေးမျောက် လောကမှာ မင်းမသိတာတွေ အများကြီးရှိတယ်ကွ။ တကယ်တော့ ညီလေးရေ ခု မင်္ဂလာဆောင်နေတာ ငါ့ညီအရင်းကွ” လို့ပြောသတဲ့။

ဒီမှာတင် မျောက်က ” ဗျာ .. ကိုနွား .. သတို့သားကျားက ကိုနွားရဲ့ ညီအရင်းဟုတ်လား .. ဟား..ဟား..ဟား မဖြစ်နိုင်တာဗျာ လာနောက်မနေပါနဲ့” လို့ ရယ်သွမ်းသွေးရင်းပြောသတဲ့။

ဒီတော့မှ နွားထီးကြီးက နောင်တရတဲ့လေသံနဲ့ ဆွေးဆွေးမြေ့မြေ့ ပြောရှာသတဲ့။

“ညီလေးရေ တကယ်တော့ မင်္ဂလာမဆောင်ခင်တုံးကတော့ ငါလည်းပဲ အလွန်ဆိုး အလွန်အနိုင်ကျင့်တတ်တဲ့ ကျားတစ်ကောင်ပဲကွ”

*(မင်္ဂလာဆောင်ပြီမှ နွားဖြစ်သွားရှာတာ)

မိတ်ဆွေတို့ မင်္ဂလာဆောင်ကြဦးမလား မင်္ဂလာ

ပျော်ရွှင်ကြပါစေ။
နိုင်စွမ်း-Irrawaddy

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274647985/882190778490527/?type=1&theater 

အမျိုးသမီးတွေရဲ့ဝင်ငွေက သူတို့ ရဲ့ချစ်သူကောင်လေးတွေရဲ့ ဝင်ငွေထက် ပိုများနေရင်


“ကျွန်မဟာ လုပ်ငန်းခွင်မှာအောင်မြင်မှုတွေကို ကျွန်မရဲ့ ချစ်သူကောင်လေးထက် ပိုမိုရရှိနေပါတယ်။ နောက်ပြီး ဝင်ငွေကိုလည်း ကျွန်မရဲ့ ချစ်သူကောင်လေးထက် ပိုပြီးရှာဖွေနိုင်ပါတယ်။ ဒါတွေကသူ့ ရဲ့  အတ္တမာနကို ထိခိုက်စေမှန်းသိပါတယ်။ ဒီတော့ ကျွန်မချစ်သူကောင်လေးရဲ့  မာနကိုမထိခိုက်အောင် ဘယ်လိုပုံစံမျိုး နေရမလဲ။” ဆိုတဲ့ အခြေအနေမျိုးတွေ အပြင်လောကမှာ အများကြီးပါ။ ဒီလို အခြေအနေမျိုး ကြုံလာပြီဆိုရင် ချစ်သူရည်းစားတွေကြား အထင်အမြင်တွေ၊ နားလည်မှုတွေ လွဲမှားလာတတ်ကြတာကြောင့် ဒီပြဿနာကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ ပြောရရင် ကိုယ်က မိန်းကလေးဖြစ်နေလျက်နဲ့ ဝင်ငွေက ကိုယ့်ချစ်သူ ထက်များပြီး လုပ်ငန်းခွင်မှာ အောင်မြင်မှုရနေတာတွေက သင့်အတွက် အရမ်းကောင်းတာပေါ့။ ဒါက အတ္တကြီးနေတတ်တဲ့ ယောက်ျားတွေကို ပါးစပ်အဟောင်းသားနဲ့  ကိုယ့်ကို ပြန်ငေးမောပြီး၊ အထင်သေး နှိမ့်ချတာမျိုး မရှိစေနိုင်တော့ပါဘူး။ သင်ဟာ သင်ရဲ့  ချစ်သူရည်းစား ဒါမှမဟုတ် ဘဝလက်တွဲဖော်ထက် ပိုက်ဆံပိုရှာနိုင်တယ် ဆိုတာ မှန်ကန်တဲ့ အလုပ်တစ်ခုကို လုပ်နေတာပါပဲ။ ဒါက ကိုယ့်ကြိုးစားအားထုတ်မှုတွေ ကိုအသိမှတ်ပြု လက်ခံလို့ ရရှိလာတဲ့ ဆုလာဘ်တစ်ခုပါပဲ။ ဒီတော့ ဘာမှ ကြောက်နေစရာ အကြောင်းမရှိပါဘူး။ ဂုဏ်ယူလိုက်ပါ။ ဒါပေမယ့် ကိုယ့်ချစ်သူကောင်လေးရဲ့ ယောက်ျားမာနတွေကိုတော့ မရိုက်ချိုးမိစေပါနဲ့ ။

သင့်ရဲ့ ချစ်သူကောင်လေးနဲ့ အပြင်သွားတာတို့  မုန့် စားတာတို့ ဆိုရင် “ ကျွန်မပေးလိုက်ပါမယ်၊ ကျွန်မရှင်းလိုက်ပါမယ်။” ဆိုတာကိုလျှော့ပြောပါ။ တကယ်ကိုအဆင်မပြေတဲ့ အခါမျိုးမှသာ ဒီလိုပြောပြီး ကျသင့်သလောက်ရှင်းပေးလိုက်ပါ။ မဟုတ်ရင် သင့် ချစ်သူကောင်လေးက ယောင်္ကျားမာနအရ သူမတတ်နိုင်ပါလား၊ မလုပ်ပေးနိုင်ပါလားဆိုတဲ့ သိမ်ငယ်စိတ်ဝင်သွားပြီး ကြာရင် ဒီလိုချစ်သူရည်းစားဘဝကိုစွန့် လွှတ်ချင်တာမျိုးတွေ ဖြစ်နိုင်စေပါတယ်။ သေချာတာကတော့ ဒီလိုလုပ်ခြင်းတွေက သူ့ အတွက် သက်တောင့် သက်သာ ဖြစ်စေမှာ မဟုတ်ပါဘူး။ တကယ်လို့ သင်က အပျော်ခရီးထွက်ဖို့ အစီအစဉ်တစ်ခုကို ဦးစီးဆွဲထားပြီး သင့်ချစ်သူကောင်လေးက ဒီအစီအစဉ်ကိုသူဘက်က ငွေကြေးမတတ်နိုင်လို့  ဒီအစီအစဉ်ကို ဖျက်သိမ်းမယ်ဆိုရင် ကိုယ့်ဘက်က အပြောလေးတစ်မျိုးပြောင်းပြီးခေါ်ကြည့်လိုက်ပါ။ “ကျွန်မမှာပိုက်ဆံရှိတယ်၊ လိုက်ခဲ့ပါ။” လို့ ခေါ်မယ့်အစား၊ အပြောချိုချိုလေးနဲ့ သူ့ မာနကိုပါမထိခိုက်စေမယ့် စကားမျိုးပြောပြီးစည်းရုံးပါ။ တစ်ခုခုဆိုရင် ကိုယ်ကိုယ်တိုင် လုပ်နိုင်ရင်တောင်မှ သင့်ချစ်သူကောင်လေးကို အားကိုးတဲ့ ပုံစံမျိုးနဲ့ လုပ်ခိုင်းပါ။ ဒါမှ ကိုယ်က သူ့ ကိုအားကိုးနေပါသေးတယ်ဆိုတဲ့ အသိနဲ့  သူ့ မှာသိမ်ငယ်တဲ့စိတ်တွေ ဝင်တော့မှာ မဟုတ်ပါဘူး။

“မိန်းမမာယာသဲကိုးဖြာ” တဲ့ မာယာတွေကို ဒီလိုနေရာမျိုးမှာ အသုံးပြုလိုက်ရင် ဝင်ငွေပိုကောင်းနေတဲ့ သင်နဲ့  မာနကြီးပြီး သိမ်ငယ်တတ်တဲ့ သင့်ချစ်သူတို့ ရဲ့  ချစ်သူရည်းစားဘဝကလည်းပိုပြီးသာယာလာနိုင်မှာပါ။

TrendMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

အမေရိကန်တွင် Facebook Message ကနေ သူငယ်ချင်းကို ငွေပေးလို့ရပြီ



Facebook Mesage, Chat ကနေ နေပြီးတော့ မိတ်ဆွေ သူငယ်ချင်းများကို ငွေပေးလို့ ရပါပြီ။ မိတ်ဆွေသူငယ်ချင်းမဟုတ်လည်း Message ပို့လို့ရတဲ့ လူအချင်းချင်း လူကနေ Page, Page ကနေ လူ တို့ ပို့လို့ ရမှာ ဖြစ်ပါတယ်။

Message box, Chat box တို့မှာ emotion icon ဘေးမှာ ဒေါ်လာ လက္ခဏာ လေး ပါဝင်ပြီး သူ့ကို နှိပ်လိုက်ပြီးတော့ ကိုယ်ပေးချင်တဲ့ လွဲချင်တဲ့ ငွေပမာဏကို ရိုက်ထည့်ရပါမယ်။ ပြီးရင် send ကို နှိပ်လို့ ပို့နိုင်ပါပြီ။ အော်.. ကြားထဲမှာ pin code သို့မဟုတ် touch ID နဲ့ လုံခြုံရေး အလွှာခံပေးထားပါ အုံမယ်။ တော်ကြာ ကိုယ့်ဖုန်းကို သူများက ယူပြီးတော့ ပို့တာမျိုးတို့ ဖြစ်မှာ စိုးတာကြောင့် ဖြစ်ပါယ်။ လောလောဆယ် အမေရိကန်မှာ VISA နဲ့ MasterCard တို့ဖြင့် သုံးနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်မှာ အသုံးပြုလို့ ရနိုင်နေပြီ ဖြစ်ပြီး အခြားနိုင်ငံတွေမှာ ရမယ် မရမယ် ဆိုတာကတော့ မသိသေးပါဘူး။ ငွေလွဲမှုအတွက် Facebook က ဘာဝန်ဆောင်ခမှ မယူပါဘူး။ ငွေကြေးဆိုင်ရာ အခက်အခဲ တစ်ခုကို ကူညီဖြေရှင်းပေးရုံသာ ဖြစ်ပြီး Peer to Peer လို့ခေါ်တဲ့ ငွေ တိုက်ရိုက် ရောက်တဲ့ စနစ် ဖြစ်ပါတယ်။ ကြားမှာ ဘယ်အဆင့်မှ မခံပါဘူး။ ငွေဟာ ၃ ရက်အတွင်း ရောက်ကြောင်း ဆိုပါတယ်။

  ငွေကြေး feature အတွက် Facebook မှာ လုံခြုံရေးအဖွဲ့ သီးသန့်ထားရှိပြီး အမြဲတမ်း ကူညီ ထိန်းချုပ်ပေးသွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ သတင်း အသေးစိတ်ကို http://www.theverge.com/2015/3/17/8235781/facebook-messanger-payments-send-receive-money မှာ ဖတ်ကြည့်နိုင်ပါတယ်။
.
Ref: verge
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164

အားငယ်မိတိုင်း ဖတ်မိပါစေ


လောကမှာ ပြီးပြည့်စုံတဲ့ လူရယ်လို့ မရှိကြပါဘူး။ ကိုယ်ဆီကိုယ်ငှာ အားနည်းချက်လေးတွေ ရှိကြပါတယ်။ မွေးရာမှာ စကားမပီတဲ့လူ၊ ထော့နဲ့တဲ့လူ၊ မျက်စိဆွေတဲ့လူ စသည်ဖြင့် အားနည်းချက် ကိုယ်ဆီရှိပါတယ်။ ဒါတွေက တကယ်တော့ အားငယ်စရာ စိတ်ပျက်စရာလို့ မရှိပါဘူး။ မွေးရာပါ လောကပေးလိုက်တဲ့ စိတ်ထားလေးလှဖို့ကတာ အဓိကပါ။

တစ်ချို့တွေက ရှိကြတယ်။ “ငါ့ရဲ့ ဆိုးတဲ့ရုပ်ကြောင့် လူတွေက ငါ့အနားမကပ်ကြဘူး”။ တကယ်တော့ အဲ့လိုမတွေးသင့်ပါဘူး။ “ငါ့မှာ မွေးရာပါ လောကကြီးကပေးလိုက်တဲ့ ဖြူစင်တဲ့ စိတ်ထားလေးရှိတယ်၊ ငါဟာ လောကကောင်းကျိုး၊ လူသားတွေကောင်းကျိုးကို အများကြီးသယ်ပိုးနိုင်သေးတယ်၊ ငါ့မှာ ရောဂါအနာကင်းရှင်းနေသေးတယ်၊ ဘယ်လောက် ကံကောင်းလိုက်တဲ့ငါလဲ” ထိုကဲ့သို့ တွေးသင့်ပါတယ်။ ဒီနေရာမှာ မိမိဥပမာ တစ်ခု ပေးချင်ပါတယ်။တခါတုန်းက အမျိုးသမီးကြီးတစ်ယောက်ဆီမှာ သူမ ရေခပ်တိုင်း သုံးလေ့ရှိတဲ့အိုးကလေးနှစ်အိုးရှိတယ်တဲ့။

အိုးတစ်အိုးက စင်းလုံးချောကောင်းမွန်လှပပြီးကျန်တစ်အိုးကတော့ အက်ရာလေးနဲ့ အပြစ်အနာအဆာ အနည်းငယ်ရှိသတဲ့။အမျိုးသမီးကြီးက အဲ့ဒီ အိုးနှစ်လုံးကို ဝါးပိုးတဖက်တချက်မှာ ချိတ်ပြီးစမ်းချောင်းမှာ ရေသွားငင်လေ့ရှိတယ်။ အိမ်ရောက်တဲ့အခါ အိုးကောင်းတစ်လုံးကရေအပြည့်ပါပေမဲ့ ကျန်တစ်အိုးကတော့ ရေတွေ စိမ့်ကျကျန်နေခဲ့တာနဲ့ ရေတဝက်ပဲပါတာပေါ့။

အဲ့တော့ ပြည့်စုံကောင်းမွန်တဲ့အိုးလေးက သူ့ရဲ့ စွမ်းဆောင်နိုင်မှုအပေါ်သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေချိန်မှာ ကျန်တဲ့အိုးကလေးကတော့စိတ်ပျက်အားငယ်နေရှာတယ်။နှစ်အနည်းငယ်ကြာပြီးတဲ့နောက် တနေ့မှာ အမျိုးသမီးကြီးစမ်းချောင်းမှာရေခပ်နေတုံး အနာအဆာရှိတဲ့ အိုးကလေးက သူ့သခင်မကို ပြောသတဲ့ “ငါ နင့်အတွက် ဘယ်တော့မှ ရေအပြည့် မသယ်ပေးနိုင်တာကို တွေးမိတိုင်းစိတ်မကောင်းဖြစ်မိသလို ငါ့ကိုယ်ငါလဲ ရှက်မိတယ်” လို့ ပြောတော့အမျိုးသမီးက သူ့ကို ပြုံးကြည့်ပြီး “ငါတို့ ရေခပ်ရာလမ်းတလျှောက်နင်ရှိတဲ့ လမ်းဘက်ကပဲ ပန်းပင်လေးတွေပေါင်းစုံ ဝေဆာလှပနေတာကိုနင်သတိထားမိလား” လို့ ပြန်မေးတယ်။

ပြီးတော့ ဆက်ပြောတယ်။”နင့်မှာရှိတဲ့ အဲ့ဒီအားနည်းချက်တစ်ခုကို ငါသတိထားမိလို့ ရေခပ်တဲ့လမ်းတလျှောက် နင့်ဘက်အခြမ်းမှာ ပန်းမျိုးစေ့လေးတွေ ငါကြဲထားခဲ့တယ်။နင်အမြဲ ရေလောင်းခဲ့တဲ့ မျိုးစေ့လေးတွေဟာ အခု အဲ့ဒီလမ်းကပန်းဥယျာဉ်လေးပဲပေါ့။ ငါ့အိမ်က ပန်းအိုးတွေက ပန်းတွေလဲ အဲ့ဒီဥယျာဉ်လေးကပဲ ငါခူးခဲ့တာလေ။ နင့်ကြောင့်သာ မဟုတ်ရင် အဲ့ဒီ လမ်းကပန်းပင်လေးတွေ ဖြစ်လာမှာ မဟုတ်သလို ငါ့အိမ်ကလေးကိုလဲ အခုလိုပန်းပေါင်းစုံ ဝေေ၀ဆာဆာနဲ့ ဘယ်အလှဆင်နိုင်ပါ့မလဲ” တဲ့။

ဒီထဲက ဥပမာလေးအတိုင်းပါပဲ။ လူသားတိုင်းမှာ အားနည်းချက် ကိုယ်ဆီ ရှိတတ်ပါတယ်။ ထိုအားနည်းချက်ကို လူတွေဘယ်လိုကြည့်လဲ လှောင်လဲဆိုတာ စိတ်ထဲမထားပဲ စိတ်ထားဖြူစင်စွာနဲ့ ကိုယ်နိုင်ရာဝန်ကနေ လောကကောင်းကျိုးကို သယ်ပိုးသင့်ပါတယ်။ စိတ်ထားကောင်းမွန်စွာနဲ့ ဘဝမှာ တန်ဖိုးရှိစွာ နေသွားမယ်ဆို အချိန်တန်ရင် မိတ်ဆွေကောင်းတွေပဲ သင့်အနားမှာ ရှိနေမှာဖြစ်ပြီး မိတ်ကောင်းဆွေကောင်း မဟုတ်သူတွေကတော့ သင့်အနားကနေ အလိုလို ဖယ်ခွာသွားပါလိမ့်မယ်။

Credit : ဘ၀စာမျက်နှာ

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12

ဂန္ဒီ



ဂန္ဒီသည် ငြိမ်းချမ်းသောနည်းဖြင့် အိန္ဒိယ နိုင်ငံ၏ လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်ခဲ့သော အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်သည်။ တစ်ကမ္ဘာလုံးက လေးစားရသော ခေါင်းဆောင်ကြီး တစ်ဦးလည်း ဖြစ်သည်။

ငယ်ရွယ်စဉ်က အင်္ဂလန် နိုင်ငံရှိ လန်ဒန် ယူနီဗာစီတီ ကောလိပ်တွင် ပညာ သင်ကြားနေစဉ်က ဖြစ်သည်။ ပါမောက္ခ ဝီ(လ)ဆင် ဆိုသူမှာ ဂန္ဒီက သူ့အား အရိုအသေပေး၍ မဆက်ဆံဟု ယူဆသဖြင့် အမြဲလိုပင် ပြဿနာ ရှာလေ့ရှိသည်။

တနေ့ နေ့လည်စာ စားရန် အတွက် ဂန္ဒီက သူ၏ ပန်းကန်ဖြင့် ထို ပါမောက္ခ၏ ဘေးတွင် ဝင်ထိုင်မိလိုက်ရာ ပါမောက္ခက သူ့အား
"ဒီမှာ ဂန္ဒီ၊ ဝက် တစ်ကောင်ဟာ ငှက် တစ်ကောင်နဲ့ အတူတူ မထိုင်သင့်ဘူး ဆိုတာ နားမလည်သေးဘူး ထင်တယ်" ဟု ပြောလိုက်ရာ

ဂန္ဒီက မိဘက မသိ နားမလည်သော ကလေးဆိုး တစ်ယောက်ကို အလိုလိုက် တုံ့ပြန်သော ပုံစံမျိုးဖြင့်
"စိတ်မပူပါနဲ့ ပါမောက္ခကြီးရယ်၊ ကျွန်ုတော်ဘဲ အဝေးကို ပျံသွားပေးပါ့မယ်" ဟု ဆိုလိုက်ပြီး အခြား တနေရာတွင် ပြောင်း ထိုင်ပေးလိုက်သည်။

ပါမောက္ခ မှာ မကျေမနပ် ဖြစ်သွားပြီး စာမေးပွဲ စစ်သောအခါ လက်စားချေရန် ကြံစည်ထားသည်။ သို့သော် သူမေးသမျှ မေးခွန်းများကို ဂန္ဒီက ထက်မြက်စွာ ပြန်ဖြေနိုင်ခဲ့သဖြင့် ကြံကြံဖန်ဖန် မေးခွန်း တစ်ခုကို မေးပြန်သည်။
"ကဲ၊ ဂန္ဒီ မင်း လမ်းလျောက်လာတုံး ငွေတွေပါတဲ့ အထုတ် တစ်ထုတ်နဲ့ ပညာ ဥာဏ်တွေ အပြည့်ပါတဲ့ အထုတ် တစ်ထုတ် တွေ့တယ် ဆိုပါတော့၊ တစ်ထုတ်ဘဲ ရွေးရမယ်ဆိုရင် ဘယ် အထုတ်ကို ယူမလဲ"

ဂန္ဒီက
"ငွေတွေပါတဲ့ အထုတ်ကို ရွေးမယ်"

ပါမောက္ခက
"မင်း တော်တော်ဆိုးတာဘဲ၊ ငါသာဆိုရင် ပညာဥာဏ်တွေ အပြည့်ပါတဲ့ အထုတ်ကို ရွေးမယ်"

ထိုအခါ ဂန္ဒီက
"မှန်ပါတယ်။ လူတွေက ကိုယ့်မှာ မရှိတာကို လိုချင်ကြတာဘဲ မဟုတ်လား" ဤ တချီတွင်လည်း ပါမောက္ခ ဝီ(လ)ဆင် တစ်ယောက် ဂန္ဒီကို နှိမ်ပြောသည်မှာ မအောင်မြင်၊ သူ့ရူး သူ့ပတ်သွားသည်။

သည်လိုနှင့် နောက်တကြိမ် စာမေးပွဲ တွင် ဂန္ဒီ၏ အဖြေလွှာပေါ်တွင် နိုင်ထက်စီးနင်း "ငတုံး" ဟုရေးပြီး ဂန္ဒီကို ပြန်ပေးလိုက်သည်။ ဂန္ဒီက ရုတ်တရက် ဘာမှ မပြောသေး။ စိတ်အေး အေးထားလိုက်ပြီးမှ သတိထား တုံ့ပြန်လိုက်သည်။ "ပါမောက္ခ ဝီ(လ)ဆင် ကျွန်ုတော်ရဲ့ အဖြေလွှာပေါ်မှာ ခင်ဗျားရဲ့ လက်မှတ်ဘဲ ထိုးထားပြီး အမှတ်ပေးဘို့တော့ မေ့သွားတယ် ထင်တယ်၊" ဤ တကြိမ်မှာလည်း ဝီ(လ)ဆင်မှာ မအောင်မြင်နိုင်ခဲ့ပေ။

မိမိအား ချိုးနှိမ်ပြီး ဆက်ဆံခဲ့သူကို ပညာရှိ ပီသစွာ တုံ့ပြန် အနိုင်ယူနိုင်ခဲ့သော ကမ္ဘာ့ ခေါင်းဆောင်ကြီး ဂန္ဒီ၏ သတိ ဥာဏ်ပညာမှာ ချီးကျူး လေးစား အတုယူဖွယ် ဖြစ်သည်။ ။

Ref : wiki
Photo : biography
လူပိန်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766211817/882463345130252/?type=1&theater 

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ မီးခိုးမထွက်တဲ့ စက်ရုံများ


အခုလက်ရှိ အစိုးရ တက်လာခဲ့သည်မှာ လေးနှစ်ကျော်၍ လေးလအတွင်း ရောက်ခဲ့ပါပြီ။ သမ္မတကြီးပြောပြောနေသည့် ဆင်းရဲမွဲတေမှုလျှော့ချရေး ကိစ္စသည်လည်းအခုအထိ မအောင်မြင်သေးတာကို တွေ့ရပြန်ပါတယ်။ ဘယ်လိုလုပ်ကြမည်နည်း၊ လယ်တွေသိမ်းထားတာကြောင့် ဆင်းရဲသားလယ်သမားတွေလည်း နာလန်မထူနိုင်သေးပါ။ စက်ရုံလုပ်သားများလည်း လုပ်အားခ တိုးတောင်းကြသော်လည်း လုပ်အားခက အမှန်တကယ် တိုးမလာသေးပါ။ နိုင်ငံခြားထွက်အလုပ်လုပ်သည့် အားကောင်းမောင်းသန်အရွယ်များလည်း ထွက်နေဆဲဖြစ်ပါတယ်။

ဘာဖြစ်လို့ ဆင်းရဲမွဲတေမှုကို မလျှော့ချနိုင်တာလဲ၊ ဆန်းစစ်ဖို့ လိုပါတယ်။ အခြေခံအားဖြင့် ပြောရမယ်ဆိုရင် နိုင်ငံသားများအကြားမှာ အလုပ်လက်မဲ့ဖြစ်နေတာက မြင့်မားနေတာကြောင့်လို့ ပြောနိုင်ပါတယ်။  မြန်မာပြည်ဟာ ဘယ်ဘက်ကကြည့်ပြောပြော အခုအထိ လူအများစုဟာ လယ်
ယာစိုက်ပျိုးရေးနဲ့ ပတ်သက်နေရပါတယ်။ ဒါပေမဲ့ လယ်ယာစိုက်ပျိုးရေးက အရှုံးပဲ ပေါ်နေတော့ လယ်သမားအရွယ်ကောင်းတွေ နိုင်ငံ ခြားထွက်ဖို့ ဖြစ်လာရပါတယ်။ လယ်အသိမ်းခံရလို့ လုံးလုံးဘ၀ ပျက်သွားသူတွေလည်း  ဒီအထဲ မှာ ပါပါတယ်။ အလုပ်လက်မဲ့ ဦးရေ မြင့်မားနေတာကြောင့် ဆင်းရဲတွင်းက မတက်နိုင်ဖြစ်ရသလို အလုပ်ရှိထားသူများမှာလည်း ရရှိတဲ့လုပ်အားခက မသေရုံတမည် သာ စားသောက်နိုင်တဲ့ အခြေ အနေဖြစ်နေတာကြောင့်ပါ။

နောက်ထပ်တွေ့ရှိရတဲ့ အချက်ကတော့ အလွန်အရေးကြီးပါတယ်။ အဲဒါကတော့ ခွင်အားလုံး၊ စီးပွားရေး နယ်ပယ်အားလုံးကို လူနည်းစုက အစစအရာ ရာချုပ်ကိုင်ထားလို့ ဖြစ်ပါတယ်။ အဲဒီ လူနည်းစုထဲမှာ လူကြီးသားသမီး ဆွေမျိုးတွေပါသလို လူကြီးတွေနဲ့ နီးကပ်တဲ့ သူတို့ရဲ့ စီးပွားဖက် တွေလည်း ပါနေပါတယ်။
မြန်မာပြည်ရဲ့ လက်ရှိအနေ အထားဟာ စက်မှုလုပ်ငန်းကြီးငယ်လတ်တွေ တစ်ဟုန်ထိုးတိုးတက်လာဖို့ အခြေအနေ မရှိသေးတာကို တွေ့ရပါတယ်။ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကလည်း ချက်ချင်းတိုးတက်လာဖို့ အခြေအနေမရှိသေးတာကို အားလုံး လည်း မြင်နေပါတယ်။

သဘောပေါက်နေပါတယ်။ သဘာဝအ ရင်းအမြစ်ကို ထုတ်ယူရင်း စီးပွားရှာတာကလည်း      အင်အားကောင်းတဲ့ နိုင်ငံခြားနဲ့  မြန်မာကုမ္ပဏီတွေ လက်ထဲမှာပဲ ရှိနေပါတယ်။ ကိုင်း ဒါဖြင့်ရင် ဘာလုပ်ကြမှာလဲ။ လုပ်ဖို့ရာ နယ်ပယ်တစ်ခုတော့ ကျန်နေပါသေးတယ်။ လူများစုအတွက် လည်း အလုပ်အကိုင်တွေ ဖန်တီးပေးလာမယ့် လုပ်ငန်းမျိုးဖြစ်ပါတယ်။ ဘာလုပ်ငန်းလဲဆိုတော့ မီးခိုးမထွက်တဲ့ စက်ရုံများလို့ ယနေ့ကမ္ဘာမှာ တင်စားပြောဆို နေတဲ့ လုပ်ငန်းပါ။ အဲဒါက တော့ တိုးရစ်ဇင်လို့ခေါ်တဲ့ ခရီး သွားလုပ်ငန်း ဖြစ်ပါတယ်။

အခုလည်း ခရီးသွားလုပ်ငန်း တွေ လုပ်နေတာပဲ မဟုတ်လား။ ဒီထက် ဘာများထူးပြီး လုပ်စရာ လိုသေးလို့လဲလို့ မေးမယ့်သူများလည်း ရှိနိုင်ပါတယ်။ အမှန်ဆိုရ ရင် အခုလုပ်ကိုင်နေတဲ့ ခရီးသွားလုပ်ငန်းဟာ မတွင်ကျယ်သေးဘူးလို့ ပြောလိုပါတယ်။ အရင်းအနှီး အင်အားတောင့်တင်းတဲ့၊ အဆင် သင့်ဖြစ်နေတဲ့ အုပ်စုများသာ လုပ်ကိုင်နိုင်တာကို မြင်ရပါတယ်။ အရင်းအနှီးအင်အားသေးငယ် သူများ ဒီလုပ်ငန်းအနားကို မကပ်နိုင်သေးပါ။ ဘာဖြစ်လို့ အဲသလို ဖြစ်နေတာလဲ ဆိုတာကို ဆန်းစစ်ကြည့်လိုက်တော့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ တင်းမာတဲ့ မပျော့ပျောင်းတဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ရှိနေလို့ ဆိုတာကို တွေ့ရပါတယ်။ ဒါကြောင့်ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်း များ အားလုံးအဆင်ပြေလာဖို့ လက်ရှိရှိထားတဲ့ ဥပဒေမျိုးစုံကို ဖြေလျှော့ဖို့ လိုလာပါတယ်။

နိုင်ငံခြားသား ခရီးသွားပဲ ဖြစ်ဖြစ်၊ ပြည်တွင်းက ခရီးသွားပဲ ဖြစ်ဖြစ် ခရီးသွားလာ လည်ပတ်တဲ့ အခါမှာ ခရီးသွားနိုင်တယ်ဆိုတဲ့အချက်ကြောင့် ဒီလူတွေဟာ ချမ်းသာတယ်၊ ငွေကြေးတတ်နိုင် တယ်လို့ ထင်ရင်မှားပါလိမ့်မယ်။ လူနည်းစုခရီးသွားများကတော့ အမှန်တကယ် ချမ်းသာသူများ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ခရီးသွား အများစုဟာ မိမိရှိထားတဲ့ ငွေက လေးအပေါ် တွက်ချက်ပြီး ခရီးသွားရတဲ့သူက အများစုဖြစ်ပါတယ်။ ဒါက ကနေ့အထိ မရိုး နိုင်သေးတဲ့၊ သိထားရမှာဖြစ်တဲ့ ခရီးသွားလုပ်ငန်းရဲ့ သဘာဝများထဲက တစ်ခုပါ။ ခရီးသွားတယ်ဆိုတာဟာ လူတွေအတွက် အပန်းဖြေတာ တစ်မျိုးဖြစ်သလို ဗဟုသု တလိုလားတာကြောင့်လည်း ဖြစ်ပါတယ်။

လူတွေထဲမှာ ငွေကြေး တတ်နိုင်တဲ့ အဆင့်အတန်းက တစ်ဦးနဲ့ တစ်ဦးမတူပါ။ ငွေများများနဲ့ ခရီးသွားနိုင်တဲ့ သူများရှိသလို ငွေကြေးကို တွက်ချက်ပြီး အဲဒီတတ်နိုင်တဲ့ ငွေကြေးပမာဏနဲ့ လျော်ညီတဲ့ ခရီးမျိုးကို သွားသူ တွေလည်း အများကြီးရှိပါတယ်။
ဥပမာတစ်ခုလောက် ပြော ပါရစေ။ အနောက်နိုင်ငံများက ကျောင်းသားတွေဟာ ကျောင်း အားရက်တွေမှာ ခရီးသွားလေ့ ရှိပါတယ်။ သူတို့ဟာ ကျောင်းသားတွေဖြစ်တာကြောင့် ငွေကြေးများများ မတတ်နိုင်ပါ။ အဲဒါ ကြောင့် သူတို့ခရီးထွက်မယ့် နိုင်ငံကိုလေ့လာရပါတယ်။ အဲဒီနိုင်ငံ မှာ ဈေးချိုတဲ့ တည်းခိုခန်းတွေ ရှိသလား။ ဈေးချိုတဲ့ သယ်ယူပို့ ဆောင်ရေးစနစ် ရှိသလား။ ဈေးချိုတဲ့ အစားအသောက်မျိုး ရနိုင်သလားစသဖြင့် တွက်ချက်ရပါတယ်။ အဲသလို တွက်ချက်ပြီးမှ တစ်ဦး ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ခရီးထွက်ပါတယ်။

ငွေကြေးကိုစိစစ်ပြီး ခရီး ထွက်ရတဲ့ လူငယ်ကျောင်းသား ခရီးသွားဖြစ်တာကြောင့် ဂျပန်လို အစစအရာရာ ဈေးကြီးတဲ့ နိုင်ငံမျိုးကိုသွားမှာထက် ထိုင်းနိုင်ငံ လို ဈေးသက်သာတဲ့ နိုင်ငံမျိုးကို ရွေးပါတယ်။ ဂျပန်ကို သွားမယ်ဆိုရင် သူတို့ တတ်နိုင်တဲ့ ငွေကြေးပမာဏာဟာ တစ်ပတ် လောက်နဲ့ ကုန်သွားနိုင်ပြီး ထိုင်းနိုင်ငံကို သွားလည်မယ်ဆိုရင် တော့ လေးပတ်လောက် နေနိုင်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံကို ရွေးချယ်တာပါ။ ထိုင်းနိုင်ငံကို ရောက်လာတဲ့ လူငယ်ကျောင်း သား နိုင်ငံခြားခရီးသွားတွေဟာ တစ်ရက်ကို ဆယ်ဒေါ်လာ (သို့မဟုတ်) ဒေါ်လာနှစ်ဆယ် ၀န်းကျင်လောက်ပေးရတဲ့ တည်းခိုခန်း အသေးစားတွေမှာ တည်းခိုကြပါ တယ်။ လမ်းဘေးကဆိုင်တွေမှာ စားသောက်ပါတယ်။

ဘတ်စ်ကားစီးပါတယ်။ မီးရထားစီးပါ တယ်။ ငွေကြေးတတ်နိုင်တဲ့ လူ တန်းစားက ပင်လယ်စပ်ကမ်းမှာ အပန်းဖြေဖို့ လေယာဉ်နဲ့ သွားပြီး ကြယ်ငါးပွင့်၊ ကြယ်လေးပွင့်၊ကြယ်သုံးပွင့်အစရှိတဲ့ တည်းခိုခန်းတွေမှာ တည်းကြပါတယ်။ ဒါပေမဲ့လူငယ်ကျောင်းသားခရီးသွားများကတော့ ဒေသခံ ဘတ်စ်ကား စီးပြီး သွားပါတယ်။ ဈေးချိုတဲ့ တည်းခိုခန်းအသေးစားတွေမှာ တည်းပါတယ်။ ဒါက ခရီးသွားများရဲ့ မတူကြတဲ့ သဘာဝဖြစ်ပါ တယ်။

ထိုင်းနိုင်ငံမှာ ဈေးချိုတဲ့တည်းခိုခန်းတွေရှိသလို အိမ်တွေမှာလည်း ဟုမ်းစတေးလို့ခေါ်တဲ့ တည်းခိုမှုတွေကို ခွင့်ပြုထားပါတယ်။ အစိုးရဘက်က လုပ်ရတာကတော့ အဲဒီဈေးချိုတဲ့ တည်းခိုခန်းတွေ၊ ဟုမ်းစတေးနေရာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား၊ အဆင်ပြေရဲ့လားဆိုတာ ကို စစ်ဆေးရပါတယ်။ ဒီလောက်ပါပဲ။ အာာဏာပိုင်တွေက ၀င်မရှုပ်ပါဘူး။ အာဏာပြတာမျိုး လည်း မရှိပါဘူး။

အခုမြန်မာပြည်မှာ ဖြစ်နေတာက အသေးစားတည်းခိုခန်း တွေ တည်ဆောက်ပြီး ခရီးသွား ဧည့်သည်ကို လက်ခံတာမျိုး ခွင့်မပြုသေးပါ။ ဥပမာ တစ်ခုလောက် ပြောရရင် ပုဂံက ဒေသခံတစ်ဦး ဟာ ငွေကြေးများများစားစား မရှိသူတစ်ဦး ဆိုပါစို့။ ဒါပေမဲ့ သူ့ရဲ့ အိမ်ဝင်းအတွင်းမှာ မြေအပိုရှိနေပါတယ်။ အဲဒီ ပိုနေတဲ့ မြေကွက်လပ်မှာ သစ်ဝါးစတဲ့ ဈေးချိုတဲ့ပစ္စည်းများနဲ့ ဘန်ဂလို အသေးစား လေးလုံး၊ ငါးလုံးလောက် ဆောက်နိုင်ပါတယ်။ အဲဒီ ဘန်ဂလို အသေး စား တစ်လုံးကို တစ်ညတည်းခိုရင် ဒေါ်လာ သုံးဆယ်လောက်နဲ့ ခရီးသွားများအတွက် တည်းလို့ ရနိုင်ပါတယ်။ အဲဒါဆိုရင် ဒေသခံ အတွက် တစ်ရက်ကို ဒေါ်လာ ၁၅၀လောက် ၀င်နိုင်ပါတယ်။

ဘန်ဂလို လေးငါးလုံးရှိလာတာကြောင့် ဘန်ဂလိုပိုင်ရှင်အနေနဲ့ လုပ်သားလိုလာပါတယ်။ သန့် ရှင်းရေးလုပ် ဖို့၊ အိပ်ရာခင်းနဲ့စောင် စတာ တွေ လျှော်ဖွပ်ဖို့အစရှိတဲ့ လုပ်ငန်းများ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒေသခံ နောက်ထပ်လူသုံး  လေးဦး အလုပ်ရနိုင်ပါတယ်။ လာတည်းခိုတဲ့ ခရီးသွားများကို မှီပြီး ဘန်ဂလိုဘေးနားက အိမ်များမှာလည်း စားသောက်ဆိုင် အသေးစားတွေ ထပ်ဖွင့်နိုင်ပါသေးတယ်။ တိုတိုပြောရရင် ခရီးသွားရော အရင်းအနှီးနည်းတဲ့ ဒေသခံတွေအတွက်ပါ အကျိုးရှိပါတယ်။

ဒါပေမဲ့ အခုလက်ရှိ အခြေအနေမှာ ဘယ်လိုဖြစ်နေသလဲ ဆိုတော့ အရင်းအနှီးနည်းပါးတဲ့ မြေကွက်လပ်ပိုင်ရှင်က အဲသလိုဘန်ဂလိုမျိုးလေးတွေ ဆောက်မယ်ဆိုပြီး မြို့နယ်က သက်ဆိုင် ရာအာဏာပိုင်တွေကို တင်ပြရပါ တယ်။ ဆောက်နိုင်ပါတယ်လို့ အာဏာပိုင်များက ခွင့်ပြုပါတယ်။ ဒါပေမဲ့ သူတို့ကို သိန်းငါးဆယ်၊ခြောက်ဆယ်တော့ ပေးရမယ်လို့ တောင်းပါတယ်။ ဒေါ်လာနဲ့ဆို ဒေါ်လာ ငါးထောင်၊ ခြောက် ထောင် လုံးခနဲ သူတို့ကို ပေးရမှာဖြစ်ပါတယ်။ မြေကွက်လပ် ပိုင်ရှင်အနေနဲ့ အရင်းအနှီးနည်းသူ ဖြစ်လေတော့ အဲသလောက်ငွေကို မပေးနိုင်ပါ။ မပေးနိုင်တော့ဘန်ဂလို ဆောက်ခွင့် မရပါ။ဒီအတိုင်း ငုတ်တုတ်ထိုင်နေရပါ တယ်။

 ကိုယ့်နိုင်ငံသားတွေ စား ပါစေဆိုတဲ့ စိတ်ဓာတ်မျိုးကို ဘာကြောင့် မမွေးနိုင်ရတာလဲ။ စိတ်ပျက်ဖို့ ကောင်းပါတယ်။  နောက်တစ်မျိုးကတော့ ခရီးသွားတွေကို ပြစားဖို့ သမိုင်းဝင်နေရာတွေကိစ္စပဲ ဖြစ်ပါတယ်။ ထိုင်း နိုင်ငံမှာ နန်းတော်ဟောင်းထဲက မြဘုရားကို ၀င်ကြည့်ဖို့ နိုင်ငံခြားသားတစ်ဦးကို ထိုင်းငွေ ဘတ်ငါးရာ ပေးရပါတယ်။ ထိုင်းနိုင်ငံသားကတော့ ပေးစရာမလို ပါ။

 ဘတ်ငါးရာဆိုတာ ဒေါ်လာနဲ့ တွက်ရင် အကြမ်းဖျင်းအားဖြင့် ၁၇ ဒေါ်လာခန့် ရှိပါတယ်။ တစ် ရက်ကို လူသုံးထောင်မက အဆိုပါမြဘုရားကို လာကြည့်ကြပါ တယ်။ တစ်နှစ်ဆိုရင် ဘယ်လောက်ရမလဲ တွက်ကြည့်နိုင်ပါတယ်။ အဲဒီ နန်းတော်ဟောင်းထဲ မှာ ထိုင်းဘုရင်က မနေတော့ပါ။ လူထုအတွက် အများပြည်သူ အတွက် ဖွင့်ပေးထားတာ ဖြစ်ပါ တယ်။

မြန်မာပြည်က မန္တလေးနန်း တော်ကြီးကို အဲသလိုများစီစဉ်လိုက်ရင် ဘယ်လောက် ကောင်းမလဲလို့ တွေးမိပါတယ်။ ဒါပေမဲ့ နန်းတော်အတွင်းမှာ စစ်တပ်တွေက နေရာယူထားတာဆို တော့ လာကြည့်လို့ ရတယ်ဆို ပေမယ့် တကယ်တမ်းကျတော့ လုံခြုံရေးသဘောအရ အများပြည်သူရော နိုင်ငံခြားသားပါ လွတ်လပ် စွာ ၀င်ရောက်ကြည့်ရှုဖို့ အတော်ခက်ပါတယ်။ တကယ်ဆိုရင် နန်းတော်ကြီးကို သေသေချာချာ ပြုပြင်ထိန်းသိမ်း၊ ဘုတ်တလုတ် ကန်နဲ့ ပန်းခြံကို လှပအောင် ပြုပြင်ထား၊ နန်းဝတ်နန်းစားနဲ့ လူတွေက ဟိုဟိုဒီဒီမှာ သွားနေ၊ ဗန္ဓုလ၀တ်စုံနဲ့ မြင်းစီးနေတဲ့သူတွေ လည်းရှိ။ ရိုးရာအကတွေ ကပြနေတဲ့ သူတွေကလည်း ကပြ၊ လှည်းယဉ်လေးကို ခြူသံတလွင်လွင်နဲ့ စီးချင်တဲ့ သူကိုလည်း လိုက်ပို့၊ အမှတ်တရ ပစ္စည်းရောင်းတဲ့ ဆိုင် လေးတွေလည်းရှိ၊ အမောပြေ သုံးဆောင်ဖို့ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေလည်းရှိ အဲသလိုဆိုရင်တစ်ရက် တစ်ရက် မန္တလေးနန်းတော်ကြီးက ရှာပေးတဲ့ ငွေကြေးပမာဏဟာ နည်းမှာမဟုတ်ဘူး ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

ဒီနေရာမှာ တစ်ခုတော့ ရှိပါတယ်။ အဲသလို လုပ်ကိုင်ဖို့ အတွက် လုပ်ပိုင်ခွင့်ကို ခရိုနီ တစ်ဦးဦးကို ချပေးလိုက်ရင်တော့ အသေးစား လုပ်ငန်းလုပ်ကိုင်မယ့် အရင်းအနှီးနည်းတဲ့ ဒေသခံတွေ အတွက်က ဇီးရိုးသာ ဖြစ်ပါလိမ့်မယ်။ မြန်မာပြည်မှာ နိုင်ငံခြား သားကို ငွေကြေးနဲ့ ပြစားဖို့ သမိုင်းဝင်နေရာတွေ၊ အဆောက်အအုံတွေ၊ ယဉ်ကျေးမှု ဆိုင်ရာနေရာတွေ အများအပြားရှိပါ တယ်။

ဈေးကြီးတဲ့ ဟိုတယ်တွေ ရှိသလို ဈေးချိုတဲ့ တည်းခို ခန်း တွေလည်း ရှိသင့်ပါတယ်။ ဒါတွေဟာ ခရီးသွားလုပ်ငန်း (သို့မဟုတ်) မီးခိုးမထွက်တဲ့ စက်ရုံတွေပါပဲ။ ဒါကြောင့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ မာတောင့်နေတဲ့ စည်းကမ်းတွေ၊ ဥပဒေတွေ၊ အဟန့်အတားတွေကို အမြန်ဆုံး ဖယ်ရှားပစ်ဖို့ လိုပါ ကြောင်း။
http://www.7daydaily.com/story/35593#.VThyzCGeDGc

နီပေါလ်၌ အင်အားပြင်းထန်သောငလျင် လှုပ်ခတ်

ဧပြီ ၂၅ရက်တွင် နီပေါလ်နိုင်ငံ အရှေ့ဘက်၌ အင်အားကြီးမားသော ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး လူ ၁၅၀ထက် မနည်း သေဆုံးခဲ့ရသည်ဟု သတင်းရရှိသည်။

ငလျင်သည် အင်အား ၇.၉ မဂ္ဂနီကျူ ရှိကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာသုတေသန အဖွဲ့အစည်းက ဆိုသည်။ ငလျင်ကြောင့် အဆောက်အအုံပေါင်းများစွာ ပျက်စီးခဲ့ရပြီး လူဦးရေ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ရသည်။  နီပေါလ်၏ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သော ဒါရာဟာရာမျှော်စင်မှာ ပျက်စီးပြိုကျသွားခဲ့ရသည်။

ယခုငလျင်ကြောင့် ကြီးမားသောပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု နီပေါလ်ဝန်ကြီးတစ်ဦးက ဆိုသည်။ ယခုရင်ဆိုင်နေရသော အရေးပေါ်အခြေအနေကို ကိုင်တွယ်ရန်အတွက် နိုင်ငံတကာအေဂျင်စီများထံမှ အကူအညီများစွာ လိုအပ်လျက်ရှိသည်ဟုလည်း နီပေါလ်နိုင်ငံ ပြန်ကြားရေးဝန်ကြီး မီနန်ဒရာ ရီဂျေးလ်က ဆိုသည်။

ငလျင်သည် နီပေါလ်နိုင်ငံ ပိုခါရာမြို့အရှေ့ဘက် ၈၀ကီလိုမီတာအကွာ ကတ်မန်ဒူမြို့တော်နှင့်အနီး၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်ခတ်ခဲ့ရာနေရာများ၌ အပျက်အစီးပေါင်းများစွာဖြင့် ပြည့်နှက်နေပြီး အပျက်အစီးများအောက်မှ လူများကိုလည်း ရှာဖွေနေလျက်ရှိသည်။ ကနဦးသတင်းများအရ သေဆုံးသူ ၁၅၀ဟု ဆိုသော်လည်း  သေဆုံးသူဦးရေမှာ ထို့ထက်မက များပြားဖွယ် ရှိနေနိုင်သည်။
ယခုငလျင်သည် လွန်ခဲ့သော ၈၁နှစ်အတွင်း လှုပ်ခတ်ခဲ့သော ငလျင်များအနက် အဆိုးရွားဆုံးသော ငလျင်လည်း ဖြစ်သည်။
_Ref: BBC
http://www.7daydaily.com/story/35806

 နီပေါ ငလျင်
တွီတာ Twitter မှာ တက်လာတဲ့ နီပေါက ဓာတ်ပုံတွေပါ။ ရစ်ခ်ျတာစကေး ၇ ဒသမ ၉ ပြင်းတဲ့ ငလျင်ဟာ ဟိမဝန္တာတောင်ကြောပေါ်က နီပေါမြို့တော် ခတ္တမန္တူနဲ့ အနီးတဝိုက်ကို လှုပ်ခါခဲ့တယ်။ အဆောက်အဦးတွေပြို၊ လမ်းတွေ ပိတ်၊ အဆက်အသွယ်တွေ ပြတ်တောက်နေပါတယ်။ ကနဦးသတင်းတွေအရ လူ ၂ ဦးသေဆုံးတာ အတည်ပြုနိုင်ခဲ့တယ်။ ခတ္တမန္တူမြို့ထဲမှာ လူတွေ လမ်းပေါ်ထွက်နေနေရပြီး ဆေးရုံမှာလည်း လူတွေပြည့်နေကြောင်း သတင်းတွေက ဆိုတယ်။
Credit: ဧရာဝတီ
 
https://www.facebook.com/searchmyanmar/posts/883362771706661

ရွှေတိဂုံစေတီပုံတံဆိပ် အသုံးပြုထားသော အရက်ပုလင်းများ မရောင်းချရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကန့်ကွက်

မလေးရှားနိုင်ငံတွင် ရွှေတိဂုံစေတီပုံ တံဆိပ်ကပ်၍ အ ရက်ပုလင်းထုတ်လုပ်နေသည့် ကုမ္ပဏီကို ဆက်လက်ရောင်းချ ခြင်းမပြုရန် မလေးရှားနိုင်ငံဆိုင် ရာ မြန်မာသံရုံးက သွားရောက် ကန့်ကွက်ထားကြောင်း သတင်း ရရှိသည်။

မလေးရှားနိုင်ငံထုတ် Song Singha အရက်ပုလင်းတွင် ရွှေတိ ဂုံစေတီပုံတံဆိပ်ကပ်၍ ရောင်းချ နေမှုမှာ လူမှုကွန်ရက်စာမျက်နှာ များပေါ်သို့ ပျံ့နှံ့ခဲ့ပြီး မြန်မာလူမှု ကွန်ရက်ဝက်ဘ်ဆိုက် အသုံးပြုသူ များကြား ကန့်ကွက်ဝေဖန်မှုများ ရှိခဲ့သည်။

ထို့ကြောင့် သာသနာရေးဝန် ကြီးဌာနက ကန့်ကွက်ထားပြီး အဆိုပါဖြစ်ရပ်ကို ဖြေရှင်းပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးသို့ ဧပြီ ၂၂ ရက်က တောင်းဆို ခဲ့သည်။

သာသနာရေးဝန်ကြီးဌာန၏တောင်းဆိုချက်အရ အဆိုပါကိစ္စကို စစ်ဆေးပေးရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အရက်ပုလင်းထုတ်လုပ်သည့် Teo SengChan Liquor Merchants Sdn. Bhd ကုမ္ပဏီသို့ သွားရောက်စစ်ဆေးရာ အဆိုပါကုမ္ပဏီမှာ ယာယီပိတ်ထားကြောင်း မြန်မာသံရုံး တာဝန်ရှိတစ်ဦးက ပြောသည်။

အဆိုပါ အရက်ပုလင်းကို တရုတ်ကုမ္ပဏီက မလေးရှားနိုင်ငံ တွင် လာရောက်ထုတ်လုပ်ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံဈေးကွက်သို့ ရောင်းချနေသည်။ ပုလင်းတွင် တံဆိပ်အဖြစ် အသုံးပြုထားသော စေတီပုံသည် ထိုင်းနိုင်ငံရှိ စေတီ တစ်ဆူပုံဖြစ်သည်ဟု စစ်ဆေး တွေ့ရှိခဲ့ကြောင်း မြန်မာသံရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ‘‘အရက်ပုလင်းထုတ်တဲ့ ကုမ္ပဏီတော့ တွေ့ခဲ့တယ်။ ဒါပေ မဲ့ ပိတ်ထားလို့ မစစ်ဆေးခဲ့ရဘူး။ မလေးရှားရဲတပ်ဖွဲ့ကိုလည်း ဒါနဲ့ ပတ်သက်လို့  စုံစမ်းခိုင်းထားပါ တယ်။အဲဒီအရက်ကလည်း ထိုင်း ဈေးကွက်ကို  ဖြန့်တာလို့သိရ တယ်။

ထိုင်းမှာရှိတဲ့ စေတီတစ်ဆူပုံကို ပြုလုပ်ထားတာလို့သိရတယ်။ဒါပေမဲ့ အဲဒီအရက်ပုလင်းကို မဖြန့်ဖြူးဖို့ တားမြစ်ထားပါတယ်’’ဟု ၎င်းက ပြောသည်။

အရက်ပုလင်းတွင် တံဆိပ် ကပ်ထားသော စေတီပုံသည် ရွှေတိဂုံစေတီပုံ မဟုတ်ဘဲ ထိုင်း နိုင်ငံရှိ စေတီတစ်ဆူ၏ပုံတော်ဟု မြန်မာသံရုံး၏ ပြောဆိုမှုနှင့်ပတ် သက်၍ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမား ကိုမျိုးညွန့်ထံ မေးမြန်းရာ အဆိုပါပုံသည် ရွှေတိ ဂုံစေတီပုံသာဖြစ်ကြောင်း ပြော သည်။

‘‘ထိုင်းကဘုရားဆိုတာမဖြစ် နိုင်ဘူး။ ရွှေတိဂုံစေတီနဲ့ တော် တော်ကို ဆင်တူနေတယ်’’ဟု ၎င်း က ဆက်လက် ပြောကြားသည်။

http://7daydaily.com/story/35769#.VTs1qJOZHIU

မိနစ် ၁၀၀ ပဲ အသက်ရှင်ပြီး သူရဲကောင်းအဖြစ် ပြန်ထွက်ခွာသွားသူလေး


ဗြိတိန်က ဂျက်စ်အီဗန်နဲ့ မိုက်ဟူစတန်တို့ စုံတွဲဟာ သူတို့ အမွှာကလေးနှစ်ယောက် ရရှိမယ်လို့ သတင်းကောင်း ကြားရပြီး သိပ်မကြာခင်မှာပဲ သတင်းဆိုးတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။ ဒါကတော့ မွေးလာမယ့် သားလေးနှစ် ယောက်ထဲက တစ်ယောက်ဟာ အခြေအနေ သိပ်မကောင်းဘဲ မိနစ်အနည်းငယ်သာ အသက်ရှင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဆရာဝန်က သူတို့စုံတွဲကို 4D စကရင် ကြည့်ရှုခိုင်းခဲ့ပြီး ကံဆိုးရှာတဲ့ သားလေးရဲ့ ဦးခေါင်းခွံပုံမှန် မဟုတ်တဲ့ အနေအထားကို ပြသခဲ့ပါတယ်။ ဆရာဝန်က သူတို့စုံတွဲကို နောက်ထပ်ရွေးချယ်စရာတစ်ခုအနေနဲ့ အဲဒီကလေး ကို မမွေးခင်ဘဲ ဖျက်ချရလည်း ရနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် မိခင်လောင်းပီသတဲ့ ဂျက်စ်ကတော့ သားလေး လူ့လောကမှာ မိနစ်အနည်းငယ်လောက် အသက်ရှင်မယ်ဆိုရင်လည်း ကျေနပ်ပါတယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရအောင် မွေးမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ တက်ဒီလို့ နာမည်ပေးခဲ့တဲ့ အဲဒီကံဆိုးသူ ကလေးလေး ကို ဂျက်စ်နဲ့ မိုက်တို့ စုံတွဲက စစ်မှန်တဲ့ သူရဲကောင်းတစ်ဦး ဖြစ်လာအောင် လမ်းကြောင်းပေးခဲ့ပါတယ်။

ဒါပေမယ့် အချိန်အနည်းငယ်လောက်ပဲ အသက်ရှင်တော့မယ့် တက်ဒီလေးကို အမည်မသိ အလှူရှင်တစ်ဦး အတွက် ကျောက်ကပ်နဲ့ နှလုံးအဆို့ရှင် အလှူ ရှင်အဖြစ် စာရင်းသွင်းလိုက်တာပဲ ဖြစ်ပါတယ်။ တက်ဒီလေးဟာ သူသေဆုံးပြီး သုံးမိနစ်အကြာမှာတော့ ဗြိတိန်ရဲ့ အသက်အငယ်ဆုံး ကိုယ်အစိတ်အပိုင်း လှူ ဒါန်းသူအဖြစ် တရားဝင်ခဲ့ပါတော့တယ်။ ဂျက်စ်နဲ့ မိုက်တို့ စုံတွဲကတော့ တက်ဒီလေးရဲ့ ဥပမာဟာ သူတို့လိုပဲ ရင်သွေးမွေးဖွား ပြီး မကြာခင်မှာပဲ ပြန်လည်ဆုံးရှုံးရမယ်ဆိုတာမျိုး ကြုံလာရနိုင်တဲ့ မိဘတွေအတွက် အကောင်းဆုံးစံထားစရာ ဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

တက်ဒီဟာ ဂျက်စ်တို့စုံတွဲရဲ့ သားအငယ်ဖြစ်ပြီး တက်ဒီနိုအာဟူစတန်က နာမည်အပြည့်အစုံ ဖြစ်ပါတယ်။ အရင်မွေးဖွားခဲ့တဲ့ သားအကြီးရဲ့နာမည်ကတော့ နိုအာတက်ဒီဟူစတန်ပဲ ဖြစ်ပါတယ်။ ဂျက်စ်နဲ့ မိုက်တို့ စုံတွဲဟာ တက်ဒီလေးရဲ့ အုတ်ဂူကိုလည်း ပြုလုပ်ထားကြပြီး တွစ်တာမှာလည်း တက်ဒီနာမည်နဲ့ အကောင့်ပြုလုပ်ထားသလို “ ပျော်စရာမွေးနေ့ ဖြစ်ပါစေ၊ နိုအာနဲ့ တက်ဒီရေ...မင်းတို့တွေ အမြဲတမ်း ညီအစ်ကို ဖြစ်နေမှာပါ” လို့ ရေးသားခဲ့ပါတယ်။

PlanetMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

လူအများစု မှားယွင်းစွာ မှတ်ထားလေ့ ရှိကြသောအရာများ


ဧဝရတ်တောင်ဟာ ယနေ့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်မဟုတ်ဘူးလို့ သင်ဟာ သင့်မိတ်ဆွေကို ပြောလိုက်ရင် အဲဒီနေရာမှာပဲ အချေအတင် ငြင်းခုံကြရမှာ သေချာပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်က လူအတော်များများ လွဲမှားစွာ မှတ်ယူထားတဲ့ အရာတွေကို နယ်ပယ်အသီးသီးက ပညာရှင်တွေက ဖော်ထုတ်လိုက်ပါတယ်။ အတော်များများ သိထားကြသလို မဟုတ်တဲ့အချက်တွေ များစွာ ပါဝင်နေပါတယ်။

၁။ ကော်ဖီစေ့ဟာ coffee beans အပင်က ရတယ်လို့ အတော်များများ သိထားကြပါတယ်။ တကယ်တော့ ပဲတောင့်ပင်အစေ့စစ်စစ်ကနေ ရလာတာဖြစ်ပါတယ်။

၂။ ပုပ်သင်ညိုတွေက ပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်ပြောင်းတက်တယ်လို့ ပြောပါတယ်။ တိတိကျကျဆိုရရင် အပြင်မှာဖြစ်နေတဲ့ အခြေအနေ၊ အပူချိန်၊ အလင်းရောင်နဲ့ သူတို့ထိတွေ့လိုက်တဲ့ အရာဝတ္ထုတွေနဲ့ တူညီတဲ့ အရောင်ကို ပြောင်းလဲလိုက်တာပါ။

၃။ ဧဝရတ်တောင်က အမြင့်ဆုံးလို့ပြောကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ ဧဝရတ်တောင်က အခြားတောင်တွေထက် မြင့်တဲ့ပင်လယ်ရေမျက်နှာပြင်မှာ ရှိနေတာကြောင့် အမြင့်ဆုံးဖြစ်နေတာပါ။ သင်္ချာနည်းအရ တောင်တစ်လုံးချင်းစီရဲ့ အမြင့်ကိုသာ တိုင်းထွာမယ်ဆိုရင် Mauna Kea တောင်က အမြင့်ဆုံး ဖြစ်မှာပါ။ ဒါပေမယ့် မှတ်တမ်းမှာတော့ ဧဝရတ်တောင်က အမြင့်ဆုံးပါပဲ။

၎။ တရုတ်မှာရှိတဲ့ မဟာတံတိုင်းကို အာကာသပေါ်ကတောင်မြင်ရတယ်လို့ ပြောကြပါတယ်။ တကယ်တော့ လုံးဝမမြင်ရပါဘူး။ လပေါ်ကကြည့်ရင် ကမ္ဘာဟာ အပြာနဲ့ အဖြူပဲ မြင်ရပါတယ်။

၅။ ကမ္ဘာက နေကိုဗဟိုပြုပြီး လည်ပတ်နေတယ်လို့ ဆိုပါတယ်။ တကယ်တော့ ကမ္ဘာ၊ နေ အပါအဝင် ဂြိုလ်အားလုံးဟာ ဆိုလာစနစ်ကို ဗဟိုပြုပြီးသာ လည်ပတ်နေကြတာဖြစ်ပါတယ်။ နေကိုဗဟိုပြုတာ မဟုတ်ပါဘူး။

၆။ လူတွေမှာ အာရုံငါးပါး ရှိတယ်လို့ ဆိုပါတယ်။ တဝက်ပဲ မှန်ပါတယ်။ အဓိကအာရုံခံစားမှုတွေဖြစ်တဲ့ အမြင်၊ အကြား၊ အနံ့၊ အရသာနဲ့ အထိအတွေ့ဟာ အဓိကအာရုံတွေဖြစ်ပြီး တစ်ခုခြင်းစီကို ထပ်ခွဲစိပ်ရင် အာရုံ ၂၁ ခုအထိ ရှိပါတယ်။

၇။ ခြေသလုံးမွှေးတွေကို ရိတ်ပစ်ရင် မြန်မြန်ပြန်ပေါက်ပြီး အမွေးမျှင်ထူသွားတက်တက်လို့ ယုံကြည်တက်ကြပါတယ်။ တကယ်တော့ ဒါဟာ ဒဏ္ဍာရီပါပဲ။

၈။ သြစတြေးလျရဲ့ မြို့တော်ကို ဆစ်ဒနီလို့ ထင်တက်ကြပါတယ်။ တကယ့်မြို့တော်က ကန်ဘာရာ ဖြစ်ပါတယ်။

၉။ ခရမ်းချဉ်သီးက အသီးအရွက်စာရင်းထဲမှာ မပါဝင်ပါဘူး။ သစ်သီးအုပ်စု(fruit) မှာ ပါဝင်တာဖြစ်ပါတယ်။

PlanetMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.8442

အမျိုးသားတွေ သဘောကျတဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးဆိုတာ


 

အမေရိကားက တစ်ကိုယ်တည်းသမားတွေဆီကနေ ကောက်ယူထားတဲ့ စစ်တမ်းတွေအရတော့ ရည်းစားမရှိသေးတဲ့၊ ရည်းစားနဲ့ပြတ်သွားတဲ့ စသဖြင့် အမျိုးသား ၈၇ရာခိုင်နှုန်းဟာ သူတို့ထက်ပိုတော်၊ ပိုအသိဥာဏ်ကြွယ်ပြီး ပညာအရည်အချင်းရှိတဲ့ အမျိုးသမီးတွေကိုသာ တွဲချင်ပါတယ်လို့ ဖွင့်ဟထားကြပါတယ်။ 

အဲ နောက်ထပ်ကောက်ယူထားတဲ့ စစ်တမ်းအရကြည့်ပြန်ရင်လည်း အမျိုးသားတွေဟာ သူတို့ထက် ပိုက်ဆံပိုရှာနိုင်ကြတဲ့ အမျိုးသမီးတွေကို စိတ်ဝင်စားတယ်ဆိုတဲ့ အကြောင်း တွေ့ရပြန်ပါတယ်။

 ဒီလို တစ်ကိုယ်တည်း သမားတွေထဲက ၄၄ရာခိုင်နှုန်းလောက်ဟာ အလုပ်အကိုင်ရှိတဲ့ အမျိုးသမီးတွေကို စိတ်ဝင်စားနေချိန်မှာ ၊ နောက်ထပ် ၈၆ရာခိုင်နှုန်းသော အမျိုးသားတွေကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ အမျိုးသမီးတွေကိုသာ ရွေးချယ်ချင်ကြပါသတဲ့။

ဒါ့အပြင် အရင်တုန်းကနဲ့ မတူတဲ့အရာကတော့ အမျိုးသမီးတွေဘက်ကစလို့ အမျိုးသားတွေကို ဒိတ်လို့ဖို့ ကမ်းလှမ်းတာမျိုးကို သူတို့သဘောကျ လက်ခံလာကြပြီဖြစ်တဲ့အပြင် အမျိုးသားတွေဟာ သူတို့ထက်မသာသည့်တိုင်အောင် ပညာအရည်အချင်း၊ ပိုင်ဆိုင်မှုအနေအထား၊ အစစအရာရာကို သူတို့တွဲမယ့်အမျိုးသမီးတွေဆီမှာ တန်းတူရှိစေချင်ကြတာပါပဲ။

TrendMyanmar
.https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162
Related Posts Plugin for WordPress, Blogger...