စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“အဆုံးအမရလို့ ကျေးဇူးတင်တဲ့အနေနဲ့ ကိုးကွယ်တာ”


အခုခေတ်မှာ ဆိုလို့ရှိရင် မြတ်စွာဘုရား ရုပ်ထုဆင်းတုတော် အိမ်မှာ ကိုးကွယ်ထားတယ်။
ဘာရည်ရွယ်ချက်နဲ့ ကိုးကွယ်တာတုန်းဆို ခုနက ပြောခဲ့တဲ့ အဆုံးအမရလို့
ကျေးဇူးတင်တဲ့အနေနဲ့ ကိုးကွယ်တာ။မြတ်စွာဘုရား သက်တော်ထင်ရှားမရှိတော့
ကိုယ်စား ရုပ်ပွားဆင်းတုတော်ကို ကိုးကွယ်တယ်။မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို ရရှိလို့
ကျေးဇူးတင်တဲ့အနေနဲ့ ဘုရားဂုဏ်ကို အာရုံပြုဖို့ ကိုးကွယ်တာပဲ ဖြစ်ရမယ်။

အဲဒီလို မဟုတ်ဘဲနဲ့
●ဒီရုပ်ပွားဆင်းတုတော်ကို ကိုးကွယ်ထားခြင်းဖြင့် တို့အိမ်မှာ စီးပွားဥစ္စာတွေ တိုးတက်တယ် ဒီလို
ယုံကြည်ပြီး ကိုးကွယ်လို့ရှိရင် မှားယွင်းမှာပဲ။

●ဒီဘုရား ကိုးကွယ်ထားရင် မီးကွင်းတယ်၊ မီးမလောင်ဘူးဆိုပြီး ကိုးကွယ်တာလည်း ရှိတယ်။
ဒါတွေက မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ မဟုတ်ဘူး။

သရဏဂုံယူတဲ့အခါမှာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ “ဘုရားကို ကိုးကွယ်ပါ၏” လို့ ဆိုရတယ်။
ဒီလို သရဏဂုံယူတဲ့အခါမှာ ရည်ရွယ်ချက်က ဘုရား၏ အဆုံးအမကို ခံယူချင်တာသာဖြစ်တယ်။

■ဘုရားကို မကိုးကွယ်လို့ရှိရင် ဘေးရန်အန္တရာယ်ဖြစ်မှာ ကြောက်တယ် (သို့မဟုတ်)
ပတ်ဝန်းကျင်က ကဲ့ရဲ့မှာ ကြောက်တယ်။အဲဒီလို ကြောက်လို့ ကိုးကွယ်တာမျိုးကျတော့
သရဏဂုံ မမြောက်ဘူး။

■ဘုရားကို ကိုးကွယ်မှ စီးပွားဥစ္စာ တိုးတက်မယ်လို့ ယူဆပြီး စီးပွားဥစ္စာတိုးတက်ချင်လို့
ကိုးကွယ်လို့ရှိရင်လည်း သရဏဂုံ မမြောက်ဘူး။

■တို့ဆွေတွေ၊မျိုးတွေ မိသားစုတွေက ကိုးကွယ်တဲ့ဘုရား လို့ဆိုပြီးတော့ မိသားစု
သံယောဇဉ်နဲ့ ကိုးကွယ်လို့ရှိရင်လည်း သရဏဂုံ မမြောက်ဘူး။ဒါတွေ မပါစေရဘူး။

မြတ်စွာဘုရားဟာ လောကမှာ တကယ် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။
“ပါရမီ ဆယ်ပါး၊အပြား သုံးဆယ်၊စရိယ သုံးပါး၊စွန့်ခြင်းကြီး ငါးပါး”
ဖြည့်ကျင့်ပြီးတော့သတ္တဝါတွေအကျိုးအလို့ငှာ ပါရမီတွေ ဖြည့်ကျင့်ပြီးလို့ ဘုရားအဖြစ်ကို
ရောက်လာပြီးတော့ အမှန်တရားကို ဟောကြားတဲ့ ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်ဖြစ်တယ်၊
ဒီပုဂ္ဂိုလ်ရဲ့ အရည်အချင်းတွေ အင်မတန်မှ မြင့်မြတ်တယ်၊ထိုအရည်အချင်းတွေကို ပူဇော်တဲ့အနေနဲ့
ကိုးကွယ်တယ်ဆိုမှ ကိုးကွယ်မှု မြောက်တယ်။

အဲဒီလိုကိုးကွယ်မှ ကိုယ်နေ့စဉ်ဆိုနေတဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဆိုတာ ပိုပြီးတော့
အဓိပ္ပာယ် ရှိတယ်။အဲဒါကမှ တကယ့် သရဏဂုံတည်တဲ့ “မဟာကုသိုလ်စိတ်”လို့ ခေါ်တယ်။

အဲဒီ မဟာကုသိုလ်စိတ် နဲ့ မြတ်စွာဘုရား ကိုယ်တော်မြတ်ကို ကိုးကွယ်ဆည်းကပ်လို့ ရရှိလာတဲ့
“ကုသိုလ်စေတနာတွေ” ကမှ လူချမ်းသာကိုလည်း ပေးနိုင်တယ်။နတ်ချမ်းသာကိုလည်း ပေးနိုင်တယ်။
 
-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist's Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ】
Posted by►
www.facebook.com/youngbuddhistassociation.mm

သက်တော်ရှည် မောရှမ်းမောင်နှမ တစ်စု



လူသားတိုင်း တရှိုက်မက်မက် တောင့်တ ရှာဖွေနေကြသော ထိပ်တန်း လျှို့ဝှက်ချက်ကြီးတစ်ခု တောင်ကြီးမြို့ရှိ ရှုမဝတိုက်ကြီး အတွင်း၌ ရှိနေသည်။ ထိုလျှို့ဝှက်ချက်ကို မောရှမ်းမောင်နှမ ခုနစ်ဖော်က ထိန်းသိမ်းထားသည်။

ထိပ်တန်း လျို့ဝှက်ချက်ကြီးကို ထိန်းသိမ်းထားသော မောရှမ်း မောင်နှမတစ်စု၏ ထူးခြားချက်က အသက်ရှည်ကြခြင်းပင်။ မည်မျှအထိ အသက်ရှည်သနည်းဟု ဆိုလျှင်-
အကြီးဆုံး အစ်မကြီး အဘွားခင် (ဒေါ်ဒေါ်ခင်) သည်ပင်လျှင် လာမည့် မတ်လ ၁ ရက်နေ့တွင် နှစ် ၁၀၀ ပြည့်မွေးနေ့ပွဲ ကျင်းပတော့မည်။ ကျန်မောင်နှမများသည်လည်း အဘွားခင်နည်းတူ သက်တော် ရှည်များပင်။

အဘွားကြည် (ဒေါ်ခင်ကြည်) က ၉၅ နှစ်၊ အဘွားမြ (ဒေါ်ခင်မြမြ) ၉၂နှစ်၊ အဘိုးသိန်း (ဦးခင်မောင်သိန်း) ၉၀ နှစ်၊ အဘွားလှ (ဒေါ်ခင်လှလှ) ၈၇ နှစ်၊ အဘွားသောင်း (ဒေါ်ခင်သောင်းရီ) ၈၅နှစ်နှင့် အငယ်ဆုံးညီမလေး အဘွားထွေး (ဒေါ်ခင်ထွေးကြည်) သည်ပင် ၈၁ နှစ် ပြည့်ခဲ့ပြီ။

ယနေ့ခေတ် လူ့သက်တမ်းအရ ၇၅ နှစ်ဆိုသည့် သက်တမ်းအထိ နေရရန်ပင် လွန်စွာခဲယဉ်းသည်။ ထို့ထက်ပို၍ ရခဲသည်က ယခု မောရှမ်းမောင်နှမ တစ်စုကဲ့သို့ သက်တမ်းကျော် နေရရေး ဖြစ်သည်။ ယင်းတို့ထက်သာ၍ ရခဲသည်က သက်တော်ရှည် မောရှမ်းမောင်နှမများကဲ့သို့ တစ်ဦးတစ်ယောက်မျှ ချွတ်ချော် တိမ်းပါးခြင်းမရှိဘဲ သက်ရှိထင်ရှား တစုတစည်းတည်း အေးငြိမ်းကျန်းမာ ချမ်းသာစွာ ရှိနေခွင့်ရခြင်းပင်။

ထို့ကြောင့်ပင် အဘွားခင်၏ အသိမိတ်ဆွေများက -
“အဘွားတို့ မိတ်ဆွေတွေက အဘွားတို့ကိုလေ နတ်ပြည်ကလာတဲ့ ညီအစ်မတွေလို့ စကြတယ်” ဟုအဘွားခင်က နှစ်လိုဖွယ် အပြုံးမျက်နှာဖြင့် ဆိုလာသည်။

ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနှင့် အဘွားခင်၏ သွင်ပြင်က သွက်လက်သည်။ ပေါ့ပါးသည်။ ခါးရိုးသည်လည်း ညွှတ်ကိုင်းခြင်း အလျှင်းမရှိ။ အဘွားခင်သည် အစဉ်သဖြင့် ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျရှိပြီး ခါးကိုင်းနားထိုင်း အိုအိုစာစာ မရှိခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာကို ကြည့်၍ အကဲဖြတ်မည် ဆိုပါက အဘွားခင် အသက်တစ်ရာ ရှိပြီဟု မည်သို့မျှ ယုံနိုင်စရာမရှိ။

သို့သော် ကုန်လွန်ခဲ့သော သက္ကရာဇ်တို့က ငြင်းကွယ်မရခဲ့။ လာမည့် တပေါင်းလဆန်း ၁၄ ရက်နေ့ (မတ်လ ၃ ရက်) တွင် အသက်တစ်ရာပြည့်ပြီ။

အဘွားခင်၏ မျက်နှာသည် အစဉ်သဖြင့် ပြုံး၍ ကြည်နေသည်။ ဒေါသ၊ မာန်မာနဟူ၍ မြူမှုန်မျှ မတွေ့ရချေ။
“အဘွားခင် ဒေါသဖြစ်တယ်ဆိုတာ အဘွားတို့တစ်သက် မတွေ့ခဲ့ဖူးဘူး” ဟု ဆိုလာသူက အဘွားခင်၏ စတုတ္ထမြောက် ညီမ အဘွားလှပင်။
အဘွားလှ စကားကို ကြားသည့် အခိုက် အဘွားခင်က တစ်ဖက်တွင် ညီအစ်မများနှင့် ပြောနေသည့် စကားစကိုဖြတ်ကာ- “ဒေါသ ဘုရားလှူထားတယ်” ဟု ဧည့်သည်များ ရှိရာဘက်သို့ လည်ပြန် လှည့်၍ ဆိုလာသည်။

အဘွားခင်၏ လက်တစ်ဖက်တွင် တူနာငါး အသားညှပ်မုန့်များ ထည့်ထားသည့် ပန်းကန်တစ်ချပ်ကို ကိုင်ထားသည်။ ၎င်း၏ ညီအစ်မများကို တစ်လှည့် ဧည့်သည်များကို တစ်လှည့် လိုက်ကျွေးနေသည်။ သူကိုယ်တိုင်သည်လည်း စားနေသည်။ အဘွားခင်တို့ မောင်နှမများက အစားအသောက်တွင် အကြိုက်တူကြသည်ဟု ဆိုရမည်။

အဘွားခင်၏တူမ ဒေါ်မြတ်မွန် အေးကမူ မျက်နှာချင်းဆိုင် ဆိုဖာခုံတန်းရှည်တွင် ကျပ်ကျပ်တည်းတည်း ပူးကပ်ထိုင်ကာ တစ်ဦးကိုတစ်ဦး မုန့်ခွံ့ ကျွေးနေသည့် အဒေါ်လေးယောက်၏ လှုပ်ရှားမှုများကို ကြည့်၍ ကြည်နူးဟန်ဖြင့်-
“အဘွားတို့က အသီးအနှံကို ပိုကြိုက်တယ်။ အသားတွေကို သိပ်မကြိုက်ကြဘူး။ ငါးရံ့ခြောက်ဖုတ်တော့ ကြိုက်တယ်။ မုန့်ဆိုရင်တော့ ချိစ်နဲ့ လုပ်တဲ့မုန့်ဆိုရင် ညီအစ်မတွေ အကုန်လုံး ကြိုက်ကြတယ်” ဟု ဆိုလာသည်။

အဘွားခင်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှိ ရှုမဝတိုက် စိန်ရွှေရတနာ ရောင်းဝယ်ရေး လုပ်ငန်းရှင်ကြီး ဦးခင်နှင့် ဒေါ်ရွှေတို့က မွေးဖွားခဲ့သည့် သမီးကြီး ဖြစ်သည်။ အဘွားခင်သည် ငယ်စဉ်က မိသားစုနှင့် အတူနေခွင့်နည်းခဲ့သည်ဟု ဆိုရမည်။ (မိခင်ကြီး ဒေါ်ရွှေ၏ ညီမဝမ်းကွဲဖြစ်သူ) စဝ်ရွှေသိုက် (မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ) ၏ အစ်ကိုစဝ်စိန်ပွင့်နှင့် ဇနီးက သားသမီး မထွန်းကား၍ သမီးအဖြစ်ခေါ်ယူ မွေးစားခဲ့ခြင်းကြောင့် ဖြစ်သည်။

အဒေါ်ဖြစ်သူ၏ ခေါ်ယူမွေးစားမှုကြောင့် ဟော်နှင့်နန်းနှင့် ချွေရံသင်းပင်း အခိုင်းအစေများဖြင့် နေခဲ့ရသော်လည်း အဘွားခင်သည်က မာန်မာန အလျှင်းမရှိခဲ့။ အခိုင်းအစေ များကိုပင် တလေးတစား ဆက်ဆံပြောဆို ပေးကမ်းမှုပြုခဲ့သူဟု ညီမဖြစ်သူ အဘွားလှက ပြန်ပြောင်း၍ ဆိုလာသည်။

မာန်မာနမရှိ အေးဆေးစွာ နေတတ်ခြင်းက ထိုမောရှမ်း မောင်နှမတစ်စု၏ ပင်ကိုဗီဇ ဖြစ်ဟန်တူသည်။ အဘွားခင် အပါအဝင် မောရှမ်း မောင်နှမတစ်စု၏ ရုပ်သွင်ပြင်သည် အစဉ်သဖြင့် အေးချမ်းလျက်ရှိပြီး နှုတ်ထွက် စကားများကလည်း ချိုသာ၍ နှစ်လိုစွာ ဆိုတတ်ကြသည်။ ပျော်ပျော်လည်း နေတတ်ကြသည်။

ယခုလည်း အဘွားခင်နှင့် တူမဖြစ်သူ ဒေါ်မြတ်မွန်အေးတို့ တရားစခန်းတစ်ခုတွင် ကြုံခဲ့ရသည့် စင်္ကြံလျှောက် တရားမှတ်သည့် ဖြစ်စဉ် အလွဲလေးကို အဘွားခင်က မတ်တတ်ရပ်၍ ခြေဟန်လက်ဟန်ဖြင့် သရုပ်ပြနေခြင်းကြောင့် မောရှမ်း ညီအစ်မများ ရယ်ပွဲကျနေကြသည်။ ကလေးငယ်များအသွင် လွတ်လပ် ပျော်ရွှင်နေကြသည်။

ထိုမောရှမ်းအဘွားများ စကားဝိုင်းတွင် ယခုခေတ်တွင် တွေ့ရမြင်ရခဲသည့် အပြုအမူတစ်ခုကို တွေ့ရသည်။ အခြားတော့မဟုတ်။ ကြီးသူကို ရိုသေခြင်းဆိုသည့် မင်္ဂလာတရားပင်။ အဘွားခင်ကို စကားပြောလိုသည့် အခါတိုင်း ကျန်အဘွားများက လက်အုပ်လေးများချီ၍ အရိုအသေပြု ပြောဆိုကြခြင်းပင်။

တရားစခန်း သာမက အလှူအတန်း ပြုလျင်လည်း မောရှမ်း ညီအစ်မများတစု တဝေးတည်း ပြုလေ့လုပ်လေ့ ရှိသည်။ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ညီအစ်မများ စု၍သွားကြသည်သာ။ နှစ်စဉ် ဒီဇင်ဘာလ ရောက်တိုင်း မောရှမ်း ညီအစ်မများစုကာ အင်းတိုင် ခိပ္ပါဘိညာသဒ္ဓမ္မရံသီ တရားရိပ်သာတွင် တစ်လတရားစခန်း ဝင်လေ့ရှိသည်။

တရားစခန်းတွင် စင်္ကြံလျှောက်တော့လည်း အတူတူ။ တရားထိုင်တော့လည်း အတူတူ။ ဆွမ်းစားဆောင်တွင်လည်း အတူတူ တစ်စုတစ်ဝေးနှင့် စိတ်တူကိုယ်တူ ရှိလှသည့် မောရှမ်းညီအစ်မ တစ်စုကို မြင်ရသူတိုင်း စိတ်ချမ်းမြေ့စရာ။

“ဆောင်းဦးပေါက်ဆိုရင် အဘွားတို့က ဒီ (ရန်ကုန်) ကို ဆင်းလာကြတယ်။ ဆောင်းကုန်လို့ နွေကူးရင် တောင်ကြီးကို တက်ကြတယ်။ အခုလည်း အဘွားခင် မွေးနေ့ပြီးရင် ညီအစ်မတစ်တွေ တောင်ကြီးကို တန်းသွားကြမှာ။ တောင်ကြီးက ပျော်စရာကောင်းတယ်။ လာခဲ့နော်” ဟု ဖိတ်ခေါ်သမှု ပြုလာသူက အဘွားခင်၏ ဒုတိယမြောက် ညီမအဘွားမြပင် ဖြစ်သည်။

အဘွားမြသည် သွားလေရာခရီး၊ ရောက်လေရာ အရပ်တိုင်းတွင် အလှူအတန်း ပြုရမှကျေနပ်၊ နေတတ်သည့်သူ ဖြစ်သည်။ သူနှင့်အတူ လှူစရာ၊ ဒါနပြုစရာ မုန့်ပဲသရေစာနှင့် ဝတ္ထုပစ္စည်းများကို အထုပ်ကလေးများထုပ်ကာ တစ်ပါတည်း ယူသွားလေ့ ရှိသည်။ အဘွားမြလာလျှင် လှူစရာ ပေးစရာ ပါရမည်သာ။

အဘွားမြ နည်းတူ ကျန်မောရှမ်း အဘွားများလည်း စိတ်တူကိုယ်တူ ရက်ရောစွာ လှူတတ်ကြပြန်သည်။ ထိုအထဲ တွင် အဘွားလှသည်လည်း အပါအဝင် ဖြစ်သည်။ အဘွားလှသည် ရန်ကုန် တက္ကသိုလ်၏ အင်္ဂလိပ်စာကထိက (ငြိမ်း) တစ်ဦးလည်း ဖြစ်သည်။ တပည့်များနှင့် အလုပ်အပေါ်တွင် သံယောဇဉ် ကြီးလှသော အဘွားလှတစ်ယောက် နှစ်စဉ် ဆရာကန်တော့ပွဲများသို့ မပျက်မကွက် တက်ရောက်မြဲ။ ချီးမြှင့် မြဲ။ ဆရာကန်တော့ပွဲ ရငွေများကို အဘွားလှ အကျိုးအတွက် သုံးခဲ့သည်ဟူ၍ မရှိ။ ရသည်ထက် ပိုသောပမာဏကို လိုအပ်သည့် နေရာများတွင် ပြန်၍လှူမြဲဟု အဘွားလှက ဆိုလာသည်။

“သုံးသိန်းရလို့ လေးသိန်းလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား” ဟု ရှမ်းရိုးရာ သီချင်းကို သီဆိုလျက် လက်ကလေး မြှောက်၍ ရှမ်းအကကို အဘွားလှ တစ်ယောက် ဂုဏ်ယူကျေနပ်ဟန် အပြည့်ဖြင့် ကပြနေပြန်သည်။

ကျန်အဘွား သုံးယောက်က ပီတိလွှမ်းသည့် အပြုံးမျက်နှာ ကိုယ်စီဖြင့် အဘွားလှ ကပြနေသည်ကို အားပေးနေကြသည်။

အဘွားမြ၊ အဘွားကြည်နှင့် အဘွားလှတို့ သုံးဦးသည် အစ်မကြီးဖြစ်သူ အဘွားခင် နေထိုင်ရာ သုဝဏ္ဏနေအိမ်သို့ လာရောက်၍ မတ်လ ၃ ရက်နေ့ မွေးနေ့ပွဲ ပြုလုပ်မည့် အစီအစဉ်များကို တိုင်ပင် ဆွေးနွေးနေရင်း ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောင်း ပြောကြရင်းဖြင့် အကြည်နူးကြီး ကြည်နူးနေကြသည်။

“အဘွားတို့ လေးယောက်က အခုကတည်းက အထုပ်ကလေးတွေ ပြင်ထားတယ်။ အထုပ်ကလေးတွေ ပိုက်ပြီး အဘွားထွေးကို လေယာဉ်ကွင်းမှာ သွားကြိုကြမှာ။ ပြီးရင် ဆရာတော်ကျောင်းကို တန်းသွားကြမှာ။ အဲဒီနေ့ဆိုရင် အဘွားသောင်း၊ အဘိုးသိန်း၊ အဘွားထွေး ခုနစ် ယောက်လုံးဆုံပြီလေ။ ပျော်စရာကြီး” ဟု အလိုပြည့်သွားသည့် ကလေးတစ်ယောက်၏ အသွင်မျိုးဖြင့် အဘွားလှက ရွှင်မြူးစွာ ဆိုလာသည်။

အဘွားခင်၊ အဘွားမြနှင့် အဘွားလှတို့ သုံးဦးက ရန်ကုန်မြို့တွင် နေထိုင်ကြပြီး ကျန်မောင်နှမလေးဦးက ဇာတိမြေ တောင်ကြီးမြို့တွင်သာ နေထိုင်ကြသည်။

သို့သော် အဆက်အသွယ်က မပြတ်။ မောရှမ်း မောင်နှမများသည် ဆောင်းရန်ကုန်၊ နွေတောင်ကြီး အစီအစဉ်ဖြင့် တစ်လှည့်စီ နေထိုင်လေ့ ရှိခြင်းကြောင့် ဖြစ်သည်။ မောရှမ်းတစ်စုသည် ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့ နေထိုင်ကြရသော်လည်း မွေးရပ်မြေ တောင်ကြီးကိုတော့ဖြင့် သံယောဇဉ် တွယ်ကြရှာသည်။ တောင်ကြီးမြို့၌ နေရသည်ကို ပို၍ နှစ်ခြိုက်ကြဟန် ရှိသည်။

နေရာဒေသ ပြောင်းရွှေ့နေထိုင်ကြသော်လည်း မောရှမ်းမောင်နှမများ၏ စိတ်နေစိတ်ထားနှင့် နေထိုင် စားသောက်မှု အမူအကျင့်များက စိုးစိမျှ မပြောင်းလဲ။ ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ ကျင့်ကြံနေထိုင် ကြသည်သာ။ သီတင်းပတ်တိုင်း ဥပုသ် သီလဆောင့် တည်ကြသည်။ နေ့စဉ်တွင်လည်း တစ်ကြိမ်လျှင် တစ်နာရီနှုန်းဖြင့် တစ်ရက်လျှင် လေးကြိမ် တရားရှုမှတ်ကြသည်။ ပြီးလျှင် စင်္ကြံလျှောက် တရားမှတ်သည်။ ဤသည်က အစ်မကြီး အဘွားခင်မှသည် မောရှမ်းမောင်နှမများ၏ နေ့စဉ် နေထိုင်မှု လမ်းစဉ်အသွင်။

“အဘွားတို့က အစားအသောက်ကို အတိုင်းအတာနဲ့ စားသောက်တယ်။ မာတဲ့ အစာတွေ မစားဘူး။ မနက် ၇ နာရီဆို နွားနို့ပူပူလေး သောက်တယ်။ မနက် ၁၀ နာရီခွဲဆိုရင် နေ့လယ်စာ စားတယ်။ ညနေဆိုရင်တော့ ပေါင်မုန့် ဒါမှမဟုတ် အာဟာရဖြည့်စွက်စာ (Ensure) လိုမျိုး သောက်တယ်။ ထမင်း မစားတော့ဘူး။ ညစဉ် ၇ နာရီဆို အိပ်တယ်။ မနက် ၄ နာရီ ထတယ်” ဟု အဘွားခင်နှင့် အဘွားကြည်တို့က မောရှမ်းမောင်နှမများ၏ နေ့စဉ်နေထိုင်မှု အမူအကျင့်များကို ထုတ်ဖော်လာသည်။

ရခဲလှသည့် လူ့ဘဝ ခဏရောက်ခိုက် သင်၏ တန်ဖိုးရှိလှသော အသက်ရှင်သန် ရပ်တည်ခွင့်ကို မည်သို့ စောင့်ရှောက် နေပါသနည်း။

နိုင်ငံခြား ဆေးဝါးကောင်းများ၊ ကမ္ဘာကျော် သမားတော်ကြီးများ၊ အကောင်းစား ဆီဦးထောပတ်များဖြင့် စောင့်ရှောက်ခြင်းဖြင့် လုံလောက်မည်ဟု သင်ယူဆထားပါသလား။

အဘွားခင်၊ အဘွားမြ၊ အဘွားကြည်တို့ မောရှမ်း မောင်နှမများကတော့ ရုပ်ခန္ဓာသာမကစိတ်ကိုပါ စောင့်ရှောက်နိုင်ရမည်ဟု ဤသို့ မှတ်ချက်ပြုလာသည်။ “အဘွားတို့က အခုခေတ်စားနေတဲ့ (သွေးတိုး၊ နှလုံး၊ ဆီးချိုသွေးချို၊ ကင်ဆာ) ရောဂါတွေကင်းတယ်။ အာဂန္တုကိုက်တာ ခဲတာလောက်ပဲ ဖြစ်တယ်။ အပြင်က အပူမီးတွေကို အဘွားတို့ ကိုယ်တွင်းကို အဝင်မခံဘူး။ တရားနှလုံး သွင်းနိုင်အောင် ကြိုးစားတယ်။ အစားအသောက် အနေအထိုင်လည်း ဆင်ခြင်တယ်ပေါ့။ အဘွားတို့ကို ဘုရားရဲ့ တရားတော်က အမြဲစောင့်ရှောက်နေတယ်” ဟူ၍။

ဟုတ်ပါသည်။ မောရှမ်း အဘွားများသည် ပြင်ပမှ ဝင်ရောက်လာမည့် မည်သည့် ပူပင်သောကကိုမျှ လက်မခံပါ။ နှလုံးသား၌ တရားကိန်း၍ အပူမှန်သမျှကို တွန်းလှန် တိုက်ထုတ်နိုင်သူများလည်း ဖြစ်သည်။

အဘွားမြနှင့် အဘွားခင်တို့၏ သားသမီးများသည် မိဘများထက် ဦးစွာ လောကကြီးအတွင်းမှ ထွက်ခွာ နှုတ်ဆက် သွားကြလေပြီ။ နှုတ်ဆက်ကြသည့် ပုံစံသာ ကွဲသည်။ အဘွားမြ၏ သားနှစ်ဦးသည် နိုင်ငံခြား ရေနံသင်္ဘောအရာရှိများ ဖြစ်ပြီး ညီအစ်ကို နှစ်ဦးလုံးသည် သင်္ဘော ပေါက်ကွဲမှုကြောင့် တစ်ချိန်တည်းမှာပင် လူ့လောကကြီးက ထွက်ခွာသွားခဲ့ရသည်။ သို့သော် အဘွားမြ မတုန်လှုပ်ခဲ့။ တရားကိုသာ နှလုံးသွင်း၍ မမြဲခြင်း အနိစ္စတရားကို ဆင်ခြင်နိုင်ခဲ့သည်။ အဘွားခင်သည်လည်း ထိုနည်းတူစွာပင်။

ဤသို့ဆိုလျှင် -
သက်တော်ရှည် မောရှမ်းမောင်နှမ တစ်စု၏ သက်ရှည်ကျန်းမာ စိတ်ချမ်းသာခြင်း၏ ထိပ်တန်း လျှို့ဝှက်ချက်သော့ချက်ကို စာဖတ်သူအပါင်းလည်း မြင်အံ့။ ရအံ့။

The Voice

https://www.facebook.com/searchmyanmar/photos/a.356889637687313.8442

ကင်ဆာရောဂါသည် ဘဝမှသည် ကာယဗလမောင် ဘဝသို့





ပုံမှာ မြင်တွေ့နေရတဲ့ လူငယ်ဟာ Zach Zeiler လို့ အမည်ရပြီး အမေရိကန်နိုင်ငံမှ မစ်ချီဂန်ပြည်နယ်က မြို့တစ်ခုမှာ နေထိုင်ပါတယ်။ အသက် ၁၅ နှစ်သား ဘဝတုန်းက ကင်ဆာရောဂါရဲ့ ဆိုးရွားမှုကြောင့် ဆေးရုံ တက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကင်ဆာရောဂါဟာ အသက် အန္တရာယ်ပေးတဲ့အထိ ဆိုးရွားခဲ့ပြီး ယနေ့မှာ သူ ကာယဗလမောင် ဖြစ်လာတယ် ဆိုတာ သူကိုယ်တိုင်တောင် ထင်မှတ်ထားတဲ့ အရာ မဟုတ်ပါဘူး။

သူဟာ ကင်ဆာရောဂါရဲ့ ထိုးနှက်မှုဝေဒနာကြောင့် ဆံပင်များပါ မကျန်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ မိသားစု အပြင် ချစ်သူ ဖြစ်သူရဲ့ အားပေးမှုကြောင့် သူဟာ ဇွဲမလျော့ပဲ ကြိုးစားတဲ့အခါ ငါးနှစ်အတွင်း ယခုလို ဖြစ်လာခြင်း ဖြစ်ပါတယ်။ အသက် ၂၀ ပြည့်တဲ့အချိန်သူဟာ ပြိုင်ပွဲ ဝင်ပြိုင်လို့ ရတဲ့ ကာယဗလမောင်တစ်ဦး ဖြစ်ခဲ့ ပါတယ်။ ကင်ဆာရောဂါလည်း ပျောက်ကွယ် သွားပြီး သာမန်လူတစ်ယောက်ထက်တောင် သန်မာတဲ့သူ ဖြစ်လာပါတယ်။

ကင်ဆာရောဂါ ရှိစဉ် အချိန်က ပေါင်ချိန် ၁၀၀ အောက်အထိ ကျခဲ့ပြီး ယနေ့တော့ ပေါင်ချိန် ၁၇၅ ဝန်းကျင် ရှိပါတယ်။ သူ့ရဲ့ ကြိုးစားမှု အဆင့်ဆင့် ဗီဒီယိုများကို YouTube ပေါ်မှာ တင်ပြီး လူတိုင်းကို လေးစားအားကျ အတုယူ စေခဲ့ပါတယ်။ Facebook မှာလည်း Fan Page ရှိပြီး အားပေးသူ များပါတယ်။ သူဟာ ကင်ဆာရေဂါသည်များကို အပြင် ဘဝမှာ အရှုံးပေးလိုစိတ်သာ ကျန်ရှိတော့သူများအတွက် လေးစား အတုယူ စရာ လူတစ်ယောက် ဖြစ်ခဲ့ ပါတယ်။
.
သူ့ရဲ့ အဆင့်ဆင့် ကြိုးစား ပြောင်းလဲလာမှု ဗီဒီယိုကို http://youtu.be/04cI4L4KBfA မှာ ကြည့်နိုင်ပါတယ်။

Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

ရည်းစားထားတာကို သဘောမတူတဲ့ မိဘက သမီးကို အိမ်အဟောင်းမှာ ၆ နှစ်မက ချုပ်ထား



ရည်းစားထားတာကို သဘောမတူလို့ အိမ်အဟောင်း တစ်ခုထဲမှာ ၆ နှစ်မက ဖမ်းချုပ်ထားခဲ့ပြီး ယင်း ဓာတ်ပုံဟာ အင်တာနက်မှာ Share သူ များလာခဲ့ပါတယ်။ တရုတ်ပြည် အလယ်ပိုင်း Hubei ပြည်နယ် Jingang ရွာမှာ နေထိုင်တဲ့ မိသားစုတစ်ခု ဖြစ်ပါတယ်။ Zhang Qi လို့ အမည်ရတဲ့ အသက် ၂၄ နှစ်အရွယ် သမီးငယ်ကို အိမ်ထဲမှာ အသက် ၁၈ နှစ်အရွယ်ကနေ စပြီးတော့ လှောင်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

အိမ်အဟောင်း တစ်ခုမှာ ဖြစ်ပါတယ်။ သူတို့နေထိုင်တဲ့နေရာ မဟုတ်ပဲ လူသူ မနေထိုင်တဲ့ အိမ်အဟောင်းတစ်ခုမှာ လှောင်ထားခြင်း ဖြစ်ပါတယ်။ စားစရာ များကို ပေးပို့ပေမယ့် ကလေးမကတော့ ထောင်ထဲမှာ နေရတဲ့ ဘဝနဲ့ သိပ်မခြား ပါဘူး။ သူမကို ယခုလို ချုပ်ထားတာကို ရွာက သိပေမယ့် ဘယ်သူမှ ဘယ်ကိုမှ လည်း မတိုင်ရဲပါဘူး။ အကြောင်းကတော့ ယင်း မိသားစုဟာ ရွာမှာ သြဇာရှိတဲ့ မိသားစု တစ်ခု ဖြစ်နေလို့ ဖြစ်ပါတယ်။ တစ်နေ့တော့ ယင်း အိမ်အဟောင်းစီကို လူတစ်ယောက်ဟာ သွားရောက် ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် တင်တဲ့အခါ နာမည်ကျော် သတင်းတစ်ပုဒ် ဖြစ်ခဲ့ ပါတယ်။

မိမိရဲ့ သွေးသားရင်းချာ သမီးဖြစ်သူကို ယခုလို လှောင်ပိတ်ထားရအောင် တားဆီးခြင်းက လူ့အခွင့်အရေး ချိုးဖောက်ခြင်း တစ်မျိုးလည်း ဖြစ်ကြောင်း ဆိုကြ ပါတယ်။ အသက် အရွယ်အားဖြင့် အရွယ်ရောက်ပေမယ့် တရုတ်မိသားစု ယဉ်ကျေးမှုအရာ မှာလည်း သားသမီး အိမ်ထောင်ရေးက မိဘရဲ့ ကြီးဆိုးမှု များစွာ ပါဝင်ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက လှောင်ပိတ်ခဲ့ခြင်း ဖြစ်ပြီး ကလေးမ အနေနဲ့လည်း ထွက်ပြေးဖို့ ကြိုးစားပေမယ့် မရကြောင်း ဆိုပါတယ်။ သူမရဲ့ ချစ်သူဟာလည်း ဒီအတွက် ဘာမှ မကြိုးပမ်း နိုင်ခဲ့ ပါဘူး။ ယခု အင်တာနက်ပေါ် ရောက်လာတဲ့အချိန် ယင်း ဒေသခံ ရဲများရဲ့ တုံ့ပြန်ပြောဆိုမှုကို အများက စောင့်ဆိုင်းလျက် ရှိပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547

အသက် ၁၀နှစ်ပေမယ့် တက္ကသိုလ်တက်ဖို့ အရည်အချင်းပြည့်တဲ့သူ



ဗြိတိန်နိုင်ငံမှ Esther Okade လို့ အမည်ရတဲ့ ၁၀ နှစ်အရွယ် ကလေးမလေး တစ်ဦး ဖြစ်ပါတယ်။ သူမဟာ အစိုးရကျောင်းနဲ့ ဘယ် ပုဂ္ဂလိက ကျောင်းမှ မတက်ဖူးပဲ သူတို့ဆီမှာ တက္ကသိုလ်ဝင်ခွင့် တစ်ခု ဖြစ်တဲ့ GCSE ကို ကို C Level နဲ့ အောင်မြင်ပြီး တက္ကသိုလ် တက်ခွင့်ရခဲ့ပါတယ်။

ကလေးမလေးဟာ တက္ကသိုလ်က စစ်ဆေးတဲ့ ဝင်ခွင့် သင်္ချာမှာလည်း A Level နဲ့ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့်မို့ သူမရဲ့ အရည်အချင်းဟာ တက္ကသိုလ် တက် အရွယ် များနဲ့ ကိုက်ညီနေပါတယ်။ သူ့ရဲ့ မောင်လေး ဖြစ်သူဟာလည်း GCE A Level ဖြေဖို့အတွက် ပြင်ဆင်နေပါတယ်တဲ့။ ဒါကြောင့်မို့ သူမ တစ်ယောက်တည်း မဟုတ်ပဲ မောင်နှမလိုက် ထူးချွန်သူများ ဖြစ်ပါတယ်။ သူမရဲ့ မိခင်နဲ့ ဖခင်က သားသမီးကို ကျောင်းမထားနိုင်တာကြောင့် အိမ်မှာပဲ စာသင်ကြားပေးခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၇ နှစ်အရွယ်ကတည်းက တက္ကသိုလ်တက်ချင်ကြောင်း ပူဆာနေတာကြောင့် အသက် ၁၀ နှစ် အရွယ်ရောက်တဲ့အခါ ဝင်ခွင့်ကို ပေးဖြေခဲ့ပြီး တက်ဖို့ အတွက် အရည်အချင်း ကိုက်ညီတာကိုလည်း အင်တာဗျူး ရလဒ်က သက်သပြေခဲ့ပါတယ်။

သူ့ကို တက္ကသိုလ် ပါမောက္ခများကိုယ်တိုင် ဖုန်းနဲ့လည်း အင်တာဗျူးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူမဟာ ကမ္ဘာ့ ဥာဏ်ရည်အမြင့်ဆုံး လူသားစာရင်းထဲ ပါဝင်လာပါတယ်။
.
Ref: Metro
အောင်ခမ်း
http://www.innewsmyanmar.com/2015/02/blog-post_2.html

ချစ်သူစုံတွဲတွေမှာ အမျိုးသမီးတွေက ဘာကြောင့် အခြားတစ်ယောက်ဆီကို ပိုပြီးစိတ်ယိုင်လွယ်တာလဲ



ပုံမှန်အားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးချစ်တတ်တယ်
ထင်ရပေမယ့် ချစ်သူစုံတွဲတွေမှာ အမျိုးသမီးတွေဟာ အခြား သူစိမ်း တစ်ယောက်ကို စိတ်ယိုင်နိုင်ခြေ အမျိုးသားတွေထက်ပိုများတာကို တွေ့ရတယ် ။ စိတ်ယိုင်ခြေများတယ်ဆိုလို့ အလကားနေသက်သက်
အခြား တစ်ယောက်ဆီ စိတ်ရောက်တာကို ဆိုလိုခြင်းမဟုတ်ပါဘူး ။ ဖြစ်ပေါ်နေတဲ့ အခြေအနေအချိန်ခါပေါ် မူတည်ပြီး တိုက်ဆိုင်မှုရှိတဲ့ အခါ လက်ရှိတွဲနေတဲ့ အမျိုးသားထက် အခြားတစ်ယောက်ဆီကို စိတ်ယိုင် သွားခြင်း ဖြစ်ပါတယ် ။ အမျိုးသမီးတွေက ဘယ်လိုအချိန်တွေမှာ စိတ်ယိုင်ခြေများလည်း ဆိုတာ အောက်ပါအခြေအနေတွေပေါ်မူတည်ပါတယ် ။ စာလေးကို မဖတ်ခင် သတိပြုရမှာက အမျိုးသမီးတိုင်းကိုဆိုလိုခြင်းမဟုတ်
ပါဘူး ။ ဖြစ်နိုင်ခြေအများဆုံးကို ရေးသားတင်ပြခြင်းဖြစ်ပါတယ် ။

၁ . ချစ်သူနှင့်အကြီးအကျယ်စိတ်ဆိုးနေချိန်

ချစ်သူနဲ့ စိတ်ဆိုးနေချိန် အမျိုးသမီးတွေ ဟာ ပူဆွေးငိုကြွေးခြင်း ၊ ဝမ်းနည်းခြင်း ၊ အထီးကျန်ခြင်း နှင့် ဒေါသထွက်ခြင်း အစရှိတဲ့လေးခုမှာ
တစ်ခုမဟုတ် တစ်ခု ဖြစ်ပေါ်နေတတ်ပါတယ် ။ အမျိုးသားတွေအတွက် ချစ်သူနဲ့စိတ်ဆိုးလို့ စိတ်ထွက်ပေါက်အဖြစ် အပေါင်းအသင်းတွေနဲ့
ပျော်ပါးခြင်း ၊ ဂိမ်းကစားခြင်း ၊ ဘောလုံးပွဲကြည့်ခြင်းဖြင့် ခေတ္တာခန စိတ်ဖြေဖျောက်လို့ရပေမယ့် အမျိုးသမီးတွေဟာ အမျိုးသားနဲ့ မတူတဲ့အတွက်
သိမ်ငယ်ပူပန်စိတ် ဝင်နေတဲ့အချိန်မျိုးမှာ အားပေးနစ်သိမ့်သူကို သာမန်ထက်ပိုပြီး လိုအပ်နေတတ်ပါတယ် ။ စကားပြောဖော် နှစ်သိမ့်ပေးသူ ကို စိတ်ထွက်ပေါက်အဖြစ်ရှာဖွေမှာဖြစ်ပြီး ဘယ်သူတွေရှိနိုင်မလဲဆိုရင် သူငယ်ချင်း မိန်းကလေး(သို့)ယောင်္ကျားလေး ၊ သူမကိုစိတ်ဝင်စားနေတဲ့ ယောင်္ကျားလေး ၊ အခြားဆွေမျိုးတစ်ယောက်ယောက် စတာမျိုးတွေ ရှိပါလိမ့်မယ် ။ အဲ့ဒီတွေထဲကမှ စကားအပြောကောင်းပြီး ဝမ်းနည်းနေတဲ့ စိတ်တွေကို ပြေပျောက်အောင်လုပ်ပေးနိုင်သူဟာ သူ့အတွက် စိတ်ထွက်ပေါက် တစ်ခုအဖြစ် မှတ်ယူမိတယ် ။ ဒီလိုချိန်မျိုးမှာ မိန်းကလေး အချင်းချင်း ပြဿနာမရှိပေမယ့် အမျိုးသားတစ်ယောက်
ဖြစ်နေမယ် ဆိုရင် စိတ်ယိုင်ဖို့ အခြေအနေဖြစ်ပေါ်စေပါတယ် ။ ကိုယ့်ချစ်သူနဲ့ ပြန်အဆင်ပြေသွားလို့ စိတ်ဆိုးစရာကြုံလာရင်လည်း စိတ်ထွက်ပေါက်အဖြစ် အဆိုပါအမျိုးသားကိုသာ ရင်ဖွင့်ဖို့
ဖြစ်လာပြီး အကြိမ်ရေများလာတဲ့အခါမှာတော့ လက်ရှိတွဲနေတဲ့သူထက် ပိုပြီးယုံကြည်ချင်တဲ့စိတ် နှစ်သိမ့်ပေးတဲ့သူဆီကို ပိုလာပါတယ် ။ ဒါကြောင့် ဒီအချက်အဟာ ချစ်သူနဲ့စိတ်ဆိုးနေချိန်မှာ အမျိုးသားတွေထက် အမျိုးသမီးတွေက အခြားတစ်ယောက်ဆီ စိတ်ယိုင်ဖို့ ဖြစ်နိုင်ခြေ ပိုများစေတဲ့ အတွက် သတိပြုဖို့လိုအပ်ပါတယ် ။

၂ . အရွဲ့ တိုက်တဲ့ စိတ်ရှိသူ

ပိုလို့တောင်ဆိုးပါတယ် ။ ချစ်သူကိုစိတ်ဆိုးလို့ အခြားတစ်ယောက်ကို အစားထိုးအရွဲ့ တိုက်တာမျိုး ကြားဖူးပါလိမ့်မယ် ။ ကူညီပေးတဲ့ အမျိုးသားက စိတ်သဘောထား ပုံမှန်ဆိုရင်ပြဿာနာမရှိပေမယ့် ကောင်မလေးက စိတ်ကောက်နေမှန်းသိလို့ လိုတာထက် ပိုပြီးသဘောကောင်းပြ ၊ ပိုပြီး ဂရုစိုက်ပြတာမျိုး ဖြစ်လာရင် အရွဲ့ တိုက်ရာကနေ တကယ်အတည်ကြီး ဖြစ်လာနိုင်ပါတယ် ။ အပြင်မှာ လည်း အဆိုပါ အဖြစ်အပျက်မျိုး အများအပြားရှိတာ ကြားဖူးပါလိမ့်မယ် ။ ကြုံဖူးတဲ့သူတွေဆို ပိုလို့တောင်သိပါလိမ့်မယ် ။ အရွဲ့ တိုက်တဲ့အချက်ကလည်း အမျိုးသမီးတွေ အခြားတစ်ယောက်ဆီ စိတ်ယိုင်ဖို့ များစေနိုင်တဲ့အတွက် သတိပြုစေချင် ပါတယ် ။

၃ ။ အမျိုးသမီးသဘာဝ ဂရုစိုက်မှုကိုနှစ်သက်

ကိုယ့်ချစ်သူထက် အခြားအမျိုးသားတစ်ယောက်က အသေးစိတ် ဂရုစိုက်မှုတွေ ပိုနေတယ်ဆိုရင် အဆိုပါအမျိုးသားဆီကို စိတ်ဝင်စားမှု သာမန်ထက် ပိုနေပါလိမ့်မယ် ။ ကိုယ့်ချစ်သူက ဂရုစိုက်ပေမယ့် အချို့  နေရာတွေမှာ နားလည်မှု လွှဲတာမျိုး ရှိတတ်လိုက်မယ် ။ ဒါပေမယ့် သီးခံနိုင်မှု ၊ စိတ်ရှည်နိုင်မှုတွေမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုတဲ့အတွက် ဒီအချက်မှာလည်း အမျိုးသမီးတွေ သတိပြုဖို့ဖြစ်လာစေပါတယ် ။

အထက်ပါ (၃) ချက်ကတော့ ဖြစ်နိုင်ခြေများတဲ့ အချက်တွေဖြစ်ပြီး အကယ်လို့ ကိုယ့် အမျိုးသားချစ်သူက တကယ်ဆိုးဆိုးရွားရွာ ဖြစ်နေတယ်ဆိုရင်တော့ ယိုင်သင့်ရင် ယိုင်နိုင်ကြောင်း အကြံပြု လိုက်ရပါတယ် ။ ဒါပေမယ့် နားလည်မှုလွှဲနေတာမျိုး ၊ ကိုယ့်စိတ်ကို အလိုလိုက်တာမျိုး မဖြစ်စေဖို့အရးကြီးပါတယ် ။ အမျိုးသမီးလေးတွေ လေတိုက်တိုင်း ယိမ်းတဲ့အပင်လေးလို မဖြစ်စေပဲ ကိုယ့် ချစ်သူကို နားလည်မှုအပြည့်နဲ့ စိတ်အလိုမလိုက်ပဲ ကြာရှည်လက်တွဲနိုင်စေဖို့ သတိပြုမိရန်ရေးသားပေးလိုက်ရပါတယ် ။


ခွန်နေ - Khun Nay
https://www.khunnaymedia.com/

https://www.facebook.com/KhunNayTunMedia/photos/a.526946437419777.1073741828.5

ညသန်းခေါင် မုန့်ရှာစားတတ်သူများ ဥာဏ်ရည်နိမ့်ကျတတ်


                  
ခေါင်းစဉ်ဖတ်ပြီးတော့ ညသန်းခေါင် မုန့်ရှာစားတတ်သူများ စိတ်မဆိုးသွား ပါနဲ့။ အမေရိကန်မှ လူနဲ့ ဇီဝဗေဒ ဆိုင်ရာ လေ့လာသူ ပညာရှင်များရဲ့ သုတေသန ပြုလုပ် ထုတ်ပြန်ထားတဲ့ အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ ယင်း အကြောင်းအရာအရ ပုံမှန် မဟုတ်ပဲ ညသန်းခေါင်မှာ ဗိုက်ဆာလို့ ဆိုပြီး အချိန်အခါ မဟုတ် အစားအသောက် ရှာစားတတ်သူများဟာ ဥာဏ်ရည်ဥာဏ်သွေး နိမ့်ကျမှုနဲ့ ကြုံရတတ်ကြောင်း ဆိုပါတယ်။ အကြောင်းအရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

မိမိတို့ အိမ်မှာ ကြွက်တို့ ဟမ်းစတားတို့ မွေးတဲ့အခါ သူတို့လေးတွေကို အစားအသောက် ကျွေးတဲ့အခါ မနက်၊ နေ့လည်၊ ညနေလို့ မခွဲရပဲ အားရင် အားသလို အချိန် တစ်ခုခြားပြီးတော့ ကျွေးရတာကို မွေးသူများ သိပါလိမ့်မယ်။ သူတို့ အနေနဲ့လည်း အမြဲတမ်း လိုလို ဗိုက်ဆာနေတတ်ပြီး စားပါတယ်။ ဒါဟာ ဘာကို ပြသလဲဆို သူတို့မှာ biological hour လို့ခေါ်တဲ့ ဇီဝဗေဒ နာရီ မရှိခြင်း ဖြစ်ပါတယ်။ ယင်း နာရီဟာ လူတွေမှာ ရှိပြီး ဘယ်အချိန်မှာတော့ စားထားရင် ဘယ်အချိန်မှာ ဗိုက်ပြန်ဆာမယ်ဆိုတာ ယခင် နှစ်ပေါင်းများစွာ ကတည်းက မမှားတဲ့ အမှန်တရား တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူတွေဟာ မနက်စာ၊ နေ့လည်စာ၊ ညစာ ဆိုပြီးတော့ biologial hour ရဲ့ သဘာဝတရားရဲ့ တောင်းဆိုမှုအရ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။

အကယ်၍ ထမင်း အနှပ် လျော့စားခြင်း ဥပမာ ဥပုပ်စောင့်သောကြောင့် ညနေစာ မစားခြင်းမျိုး၊ ဘာသာရေးအရ မစားခြင်းမျိုး ယင်းကဲ့သို့ စားချိန်မှာ မစားပဲ ရှောင်တာက ယင်း နာရီကို မထိခိုက်ပေမယ့် စားချိန်ထက် ပိုပြီးတော့ ဗိုက်စာပြီး စားသူများအတွက်ကတော့ ထိခိုက်ပါတယ်။ ယင်းဟာ ဘာနဲ့ သွားတူသလဲဆို ကြွက်ကလေးများ၊ ဟမ်းစတားလေးများ အပြင် အခြား ၂၄ နာရီ ပက်လုံး အစားစားတဲ့ အကောင်များရဲ့ biological နာရီနဲ့ သွားညီပြီး အစာ အဟာရရဲ့ ဥာဏ်ရည်အပေါ် ထောက်ပံ့မှုက ပြောင်းလဲသွားပါတယ်။

အစားကို သူ့အချိန်နဲ့ သူစားမှ ကျန်းမာရေးအတွက် များစွာ ထောက်ပံ့မှုပြုပြီး ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ စားချိန်တန်မှာ စားပြီး အစာစားချင်စိတ်လည်း ရှိတယ် ဆိုရင် အကောင်းဆုံးပါပဲ။

ပတ်ဝန်းကျင် တစ်ခုကနေ အခြားပတ်ဝန်းကျင်ကို ပြောင်းတဲ့အခါ ဥပမာ မြန်မာပြည်ကနေ ကမ္ဘာအနောက်ခြမ်းကို သွားတဲ့အခါ မိမိရဲ့ Biological နာရီဟာလည်း အပြင် ပတ်ဝန်းကျင်နဲ့ Sync ဖြစ်ပြီး ဗိုက်ဆာတဲ့ အချိန်လည်း အလိုအလျောက် ပြောင်းလဲ ပါသတဲ့။ ဒါကြောင့်မို့ အစားချိန်မှာလည်း စားထားပြီးတော့ ညသန်းခေါင်မှာတောင် ဗိုက်ဆာပြီး ထပ်စားတတ်သူများဟာ ဆိုရင် မိမိရဲ့ ဦးနှောက်ကို အာဟာရ ရောက်နိုင်ချေ နည်းတာကြောင့် မှတ်ဥာဏ် နိမ့်ကျလာခြင်း၊ မေ့တတ်လာခြင်း၊ အပြင် အခြားသော ဦးနှောက် ဆိုင်ရာ ကျန်းမာရေးများကို ထိခိုက်စေကြောင်း လေ့လာသူများက ဆိုထားပါတယ်။

Ref: Metro
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

“လူငယ် နှင့် စိန်ခေါ်မှုများ”




================
ဒီခေါင်းစဉ်ကို နေပြည်တော် စာအုပ်မိတ်ဆက်ပွဲမှာ ပြောခဲ့ဖူးပါပြီ၊ ဟောပြောပွဲကို နားမထောာင်ရသေးတဲ့ သူတွေအတွက် ဆောင်းပါးအဖြစ် ပြန်လည် ရေးသား မျှဝေလိုက်ပါတယ်။ လူတွေဟာ ဘဝတစ်ခုကို ဖြတ်သန်းကြတဲ့အခါ လောကရဲ့ စိန်ခေါ်မှု၊ ဘဝရဲ့ စိန်ခေါ်မှု အမျိုးမျိုးကို တွေ့ကြုံကြရမှ ဓမ္မတာပါပဲ။ လူငယ်တွေ အနေနဲ့ ကိုယ်လိုချင်တဲ့ ဘဝတစ်ခုကို အရောက်သွားဖို့၊ ကိုယ်ရည်မှန်းတဲ့ ပန်းတိုင်ကို အရောက်လှမ်းဖို့ ဆိုရင် တွေ့ကြုံလာမယ့် အခက်အခဲ စိန်ခေါ်မှုတွေကို ဖြတ်ကျော် နိုင်မှသာ အောင်မြင်ကြမှာပါ။

လူငယ်တွေ အတွက် စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ? အကြမ်းအားဖြင့် ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ ကိုယ်ပိုင် စီးပွားရေး တည်ထောင်မှု၊ နေရာတစ်ခု ခိုင်မာမှု စတဲ့ ကိစ္စတွေကို တဆင့်ချင်း တက်လှမ်းရမှာပါ။ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ ဒီနေ့ခေတ်ကြီးမှာ စိန်ခေါ်မှုတွေဟာ တန်းစီ ပြီးတော့ စောင့်နေကြမှာ သေချာပါတယ်။ ဒီနေ့ ကမ္ဘာမှာ နာမည်ကျော်ကြားလှတဲ့ Premier League က ဘောလုံးသမားတွေဟာလည်း တစ်ဦးတစ်ယောက် အတွက်ရော၊ တစ်သင်းလုံးအတွက်ပါ စိန်ခေါ်မှုတွေ ကို ဖြတ်ကျော်ဖို့ ကြိုးစားနေကြတာပါ။ ထို့အတူ အိမ်မက်ဆုံရာ၊ the Model Academy ၊ Minute to Win it အစီအစဉ် တွေမှာ ပါဝင်ယှဉ်ပြိုင် နေကြသူတွေဟာလည်း ပန်းတိုင်ကို ရောက်ဖို့ စိန်ခေါ်မှု တွေ တမျိုးပြီး တစ်မျိုး ဖြတ်ကျော် နေကြတာပါ။

အဲဒီလို ယှဉ်ပြိုင်နေကြတဲ့ လမ်းတစ်လျှောက်မှာ အောင်မြင်တဲ့သူတွေ ရှိသလို၊ ကျရှုံးသွားတဲ့ သူတွေလည်း အများအပြားပါပဲ။ ဘဝနဲ့ သက်ဆိုင်တဲ့ စိန်ခေါ်မှုတွေမှာလည်း ဒီအတိုင်းပါပဲ၊ ယှဉ်ပြိုင်ရင်းနဲ့ ကျရှုံးသွားတဲ့သူတွေ၊ အောင်မြင်သွားတဲ့သူတွေဟာ အစုနဲ့အဝေး၊ ဒုနဲ့ဒေး ပါပဲ။ စိန်ခေါ်မှုတွေကို ဖြတ်ကျော်ဖို့ဆိုရင် ကိုယ်ရဲ့ စိန်ခေါ်မှုက ဘာလဲ? အဲဒီစိန်ခေါ်မှုအတွက် ပြင်ဆင်ချိန် ဘယ်လောက်ရလဲ? ဘယ်လိုနည်းတွေကို အသုံးပြုရမလဲ ? အဓိက ပြိုင်ဘက်က ဘယ်သူလဲ ? ပြိုင်ဘက်ရဲ့ အားနည်းချက် အားသာချက်တွေက ဘာတွေလဲ ? ကိုယ့်ရဲ့ အားနည်းချက် အားသာချက်တွေက ဘာတွေလဲ ? စတဲ့ စတဲ့ အချက်တွေကို တန်းစီ ဇယားချ ပြင်ဆင်ဖို့လိုပါတယ်။

ယှဉ်ပြိုင်မှုတိုင်းမှာ ကြိုတင်ပြင်ဆင်မှုတွေလိုပါတယ်၊ အားကစား ပြိုင်ပွဲဝင်ကြမယ့် အားကစား သမားတွေဟာ ပြိုင်ပွဲရောက်မှ ထပြိုင်လို့မရပါဘူး၊ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်ထားရတာပါ၊ ဒါတောင်မှ ပြိုင်ဘက်တွေရဲ့ အရည်အသွေးတွေ၊ အရည်အချင်းတွေ အပေါ်မူတည်ပြီး ကိုယ်က အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ တရားသေပြောလို့ မရပါဘူး။ ဆိုလိုတာက မြန်မာဘောလုံးအသင်း ဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ပြိုင်ရင် ပြင်ဆင်မှုကောင်းတာ၊ ကြိုးစားတာက အောင်မြင်မှုကို ပေးနိုင်ပေမယ့် စပိန်လို ကမ္ဘာ့ ချန်ပီယံ အသင်းနဲ့ ပြိုင်ရင်တော့ တော်ရုံတန်ရုံ ပြင်ဆင်မှုမျိုးနဲ့ အောင်မြင်ဖို့ မလွယ်ပါဘူး၊ ကိုယ့်ရဲ့ပြိုင်ဘက် အခြေအနေကို မူတည်ပြီးတော့လည်း ကိုယ့်ရဲ့ စိန်ခေါ်မှုအတွက် ပြင်ဆင်ချိန်တွေ ကွာခြားသွားနိုင်ပါတယ်။ ဆိုလိုတာက ကိုယ့်ထက်အများကြီးသာတဲ့ ပြိုင်ဘက်ကို မနိုင်လောက်ဖူး ဆိုပြီးတော့ စစ်မရောက်ခင် မြှားကုန်ဖို့ မလိုပါဘူး၊ ဆထက်တိုးပြီး ကြိုးစားရမယ်၊ ပြင်ဆင်ချိန်ပိုပေးမယ် ဆိုရင် ဘယ်လိုပြိုင်ဘက်မျိုး မဆို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အနိုင်ရနိုင်ပါတယ်။

ဘဝရဲ့ စိန်ခေါ်မှု တစ်ခုကို ဖြတ်ကျော်တိုင်း ဖြတ်ကျော်တိုင်း အောင်မြင်ခြင်း နဲ့ ကျရှုံးခြင်း လမ်း ၂-ခုပဲ ရှိပါတယ်။ စိန်ခေါ်မှုအတွက် ကြိုတင်ပြင်ဆင်မှု ပြီးရင် နောက်ထပ် အဓိက အရေးကြီးတာက ယုံကြည်မှု (confidence) ရှိဖို့လိုပါတယ်။ ပြိုင်ပြီဆိုကတည်းက နိုင်ရမယ်ဆိုတဲ့ စိတ်ဓါတ်ရှိဖို့လိုပါတယ်။ လောကကြီးမှာ စိတ်ဟာ အရာရာကို စွမ်းဆောင်နိုင် ပါတယ်။ အောင်မြင်အောင် လုပ်နိုင်တာလည်း စိတ်ကြောင့်ပါပဲ၊ ကျရှုံးသွားကျတာလည်း စိတ်ပါပဲ။ နောက်တစ်ခုက အောင်မြင်ခြင်း၊ ကျရှုံးခြင်း စတဲ့ဖြစ်လာတဲ့ အခြေအနေအရပ်ရပ်ကို ပကတိအတိုင်း လက်ခံနိုင်တဲ့ စိတ်ဓါတ်ကိုလည်း မွေးမြူနိုင်ဖို့လိုပါတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ဘယ်လောက်ပဲ ပြင်ဆင်ပြင်ဆင် ကျရှုံးသွားတတ် တာတွေလည်း ရှိတတ်ပါတယ်။ တစ်ကြိမ်တစ်ခါ ကျရှုံးရုံနဲ့ လက်လျော့ အရှုံးပေး နောက်ဆုံးသွားလို့တော့ မရပါဘူး။ အဲဒီလိုမျိုး ကျရှုံးတာနဲ့ လက်လျော့သွားမယ် ဆိုရင် အက်ဒီဆင်က လောကကြီးအတွက် လျှပ်စစ်မီးလုံးကို လက်ဆောင်ပေးခဲ့ နိုင်မှာ မဟုတ်ပါဘူး။

ဘဝမှာ စိန်ခေါ်မှုတွေဟာ အမြဲတမ်း ကြုံတွေ့နေရမှာ ဆိုတော့ စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ပြီးတဲ့ အခါ အောင်မြင်သွားခဲ့ရင်လည်း ပျော်နေလို့ မပြီးပါဘူး၊ နောက်ထပ် စိန်ခေါ်မှုတစ်ခု အတွက် ဆက်လက်ပြီး ကြိုတင်ပြင်ဆင်နေရပါမယ်။ ကျရှုံးသွားခဲ့ရင်လည်း ကိုယ်က ကျရှုံးသွားရတဲ့ အချက် ဘာကြောင့်(why) ဆိုတဲ့ အဖြေကိုရှာရပါမယ်။ တနည်းအားဖြင့်ပြောရင် ကိုယ့်ရဲ့အားနည်းချက် (weak point) ကို သိအောင် လုပ်ပြီး သင်ခန်းစာ ယူနိုင်ရပါမယ်။ ကျရှုံးသည်ဖြစ်စေ၊ အောင်မြင်သည် ဖြစ်စေ စိန်ခေါ်မှု တစ်ခုစီတိုင်း တစ်ခုစီတိုင်းမှာ ကိုယ့်အတွက် အမြတ်တစ်ခုတော့ ကျန်ဖို့လိုပါတယ်။ “Failures are pillars of the success.” ဆိုတဲ့ စကားလိုပဲ ကျရှုံခြင်းတွေဟာ အောင်မြင်ခြင်း တွေရဲ့ ထောက်တိုင် တွေပါ။ ဒါပေမယ့် အရေးကြီးတာတစ်ခုက အကြိမကြိမ် အခါအခါ ကျရှုံးတိုင်း အောင်မြင်ဖို့ နီးစပ်လာပြီလို့တော့ အထင်မမှားလိုက်ပါနဲ့။ အရှုံးကို သင်ခန်းစာယူနိုင်မှ၊ အားနည်းချက်ကို ပြင်ဆင်နိုင်မှ အဲဒီအရှုံးတွေဟာ အောင်မြင်မှုအတွက် ထောက်တိုင်တွေ ဖြစ်လာမှာပါ။ အဲဒီအတွေ့အကြုံဟာ နောက်ထပ် စိန်ခေါ်မှုတစ်ခု အတွက် အကူအညီပေးနိုင်အောင် ကိုယ်က ကြိုးစားဖို့လိုပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကိုသိရင် အဲဒီ အားနည်းချက်ကို ကြိုးစားပြင်ဆင်ရမှာ ဖြစ်သလို ကိုယ့်ရဲ့ အားသာချက်ကိုလည်း အကောင်းဆုံးအသုံးချ နိုင်အောင် ကြိုးစားရပါမယ်။

လူငယ်တွေ နေ့စဉ် ရင်ဆိုင် တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို အောင်အောင်မြင်မြင် ရင်ဆိုင် ကျော်ဖြတ်နိုင်ဖို့ အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိပါ၊ ကြိုတင်ပြင်ဆင်ပါ၊ စိန်ခေါ်မှုရဲ့ အဆင့်အတန်းကို သိအောင်လုပ်ပါ (စိန်ခေါ်မှုရဲ့ အဆင့်အတန်း အပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင်ရမယ့် အချိန်ကို သတ်မှတ်ရမှာ ဖြစ်ပါတယ်)၊ ပြိုင်ဘက်ရဲ့ အားနည်းချက်/ အားသာချက်ကို လေ့လာပါ၊ ကိုယ့်ရဲ့ အားနည်းချက်/ အားသာချက်ကို သတိပြုမိပါစေ၊ အားသာချက်ကို အကောင်းဆုံး အသုံးချပါ။ အနိုင်ရတဲ့အထိ မဆုတ်မနစ် ဆက်လုပ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိပါ။ အကြောင်းအမျိုးမျိုးကြောင့် ကျရှုံးသွားခဲ့ရင်လည်း အရှုံးကို သင်ခန်းစာယူပြီး နောက်တစ်ကြိမ် ပြန်ထလိုက်ပါ။ ဒါဆိုရင် တွေ့ကြုံလာသမျှ စိန်ခေါ်မှုတွေကို ရင်ဆိုင် ကျော်ဖြတ်နိုင်မှာ မုချ သေချာပါတယ်။

လူငယ်တိုင်း စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ကာ အောင်မြင်နိုင်ကြပါစေ …

Credit to : [https://www.facebook.com/aungkouumk]

အမျိုးသမီး ဆီးမလုံခြင်း



ဆရာရှင့် ခုတစ်ခါ ကျမရဲ့  အမပါ။ အသက်ကတော့ ၃၄ နစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးတစ် ယောက်ရပြီ။ နှာချေ တဲ့ အခါတို့ချောင်းဆိုးတဲ့အခါတို့မှာ ဆီးမထိန်းနိင်ပါရှင့်။ ဆောင်ရန်ရှောင်ရန်များ ညွှန်ကြားပေးစေချင်ပါတယ်ရှင့်။

ကလေးတိုင်းဟာ အသက် ၅-၆ နှစ်ဆိုရင် ဆီးကို ထိန်းနိုင်လာကြပြီ။ သွားရမဲ့နေရာကြမှသာ ဆီးသွားတတ်လာမယ်။ တလထဲမှာ ၂ ခါလောက် အိပ်ရာထဲရှူပါရင် Bed wetting (Enuresis) ခေါ်တယ်။

စိတ်ဖိအားများရင်၊ ကြောက်စိတ်ဝင်ရင် လူကြီးတွေထဲက အမျိုးသမီးတွေပိုဖြစ်ကြတယ်။ ဆီးလမ်းကြောင်း တည်ဆောက်ထားပုံ၊ ကလေးမွးဖွါးရတာ၊ သွေးဆုံးတာ၊ ဆီးလမ်းပိုးဝင်တာတွေကြောင့် ပိုများရတယ်။ သန်းပေါင်းများစွာ အမျိုးသမီးတွေမှာ ဖြစ်နေကြတယ်။ အာရုံကြောထိခိုင်ရင် ကျားရော မပါဖြစ်တယ်။ ဆီးလမ်းကိုထိန်းပေးနေတဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေမှာ တခုခုဖြစ်လို့ဖြစ်ကြရတယ်။

• Stress Incontinence ဖိအားကြောင့် = ချောင်းဆိုး၊ ရယ်မော၊ နှာချေ၊ စတာမျိုးကနေလဲဖြစ်တယ်။ ကိုယ်ဝန်ကြောင့်၊ မီးဖွါးလို့နဲ့ သွေးဆုံလို့ကြောင်လဲ ဖြစ်တယ်။ (အီစထိုဂျင်) နည်းတဲ့ ရာသီမလာခင် တပါတ်လောက်မှာ ပိုသိသာတယ်။

• Urge Incontinence ဆီးသွားချင်လာရင် အမြန်သွားရခြင်း = အာရုံကြောမှာ ပြဿနာရှိလို့ဖြစ်ရတယ်။ ဆီးသွားစေတဲ့ဆေးသောက်ထားရင်၊ စိုးရိမ်စိတ်များရင်၊ တချို့က ပူလို့၊ တချို့ကအေးလို့ ဖြစ်ကြတယ်။

• Functional Incontinence လုပ်ငန်းပျက်ယွင်းခြင်း = လည်ပင်းကြီး-ဟော်မုန်း များတာနဲ့ ဆီးချို မထိန်းနိုင်တာကနေလဲ ဖြစ်နေတာကို ဆိုးစေနိုင်တယ်။ အာရုံကြောရောဂါ၊ ထိခိုက်မိတာတွေကနေလဲ ဆီးအိမ်ကိုထိန်းလို့ ခက်စေမယ်။ (မာလ်တီပယ်-စကလ်ရိုးဆစ်) (ပါကင်ဆန်) ရောဂါ (အဇာမိုင်ယာ) ရောဂါ၊ ဦးနှောက် သွေးကြောပိတ်ရောဂါတွေကနေလဲ ဖြစ်တယ်။ လူဝလွန်းရင်၊ အိုလာရင် ယောက်ျားတွေရော မိန်းမတွေမှာပါ ဆီးမလုံတာဖြစ်နိုင်တယ်။

• Overactive Bladder ဆီးအိမ်က လိုတာထက်ပိုအလုပ်လုပ်နေခြင်း အာရုံကြောကြောင့် ဖြစ်တယ်။

• Overflow incontinence ယောက်ျားတွေမှာ ပိုဖြစ်တယ်။ ဆီးပိုက်ပိတ်နေတာ၊ ဆီးချိုကြောင့် အာရုံကြော အားနည်းတာ၊ ဆီးကျောက်။ ကင်ဆာတွေကနေဖြစ်စေတယ်။

• Transient incontinence အခိုက်အတန့်မှာသာဖြစ်တာက ဆီးလမ်းပိုးဝင်နေချိန်၊ ဝမ်းချုပ်နေချိန်၊ စိတ်ဖိအားများချိန်၊ ဆောင်းတွင်းအချိန်တွေမှာ ဖြစ်တယ်။
ဖြစ်စေတဲ့ အကြောင်းအပေါ်မူတည်ပြီး ကုသရတယ်။ အာရုံကြော ထိခိုက်ပျက်စီးတာမျိုးကတော့ မရနိုင်ဘူး။

• ဆီးများစေတာတွေ (ဘီယာ၊ ကော်ဖီ စသည်) သောက်တာ ရှောင်ပါ။

• Kegel exercises (ကီဂယ်) လေ့ကျင့်ခန်း လုပ်တာလဲ ကောင်းတယ်။ (ရေးထားပါတယ်။)

• Biofeedback ကရိယာလေး တပ်ထားနည်းဖြစ်တယ်၊
• အချိန်မှတ်ပြီး ဆီးသွားနည်းတွေလုပ်နိုင်တယ်

• ဆီးအိမ်လေ့ကျင့်ခန်း = ဆီးသွားချိန် သတ်မှတ်ပေးထားပါ။ အချိန်ကို ကိုယ်လိုချင်သလို ပြောင်းနိုင်အောင် ကြိုးစားပါ။

• Overactive bladder ဖြစ်နေရင် အာရုံကြောကို ထိန်းမဲ့ဆေးမျိုးပေးမယ်။ Anticholinergics (Atropine, Benzatropine, Biperiden, Ipratropium, Oxitropium, Tiotropium, Glycopyrrolate, Oxybutynin, Tolterodine, Chlorpheniramine, Diphenhydramine, Dimenhydrinate, Orphenadrine, Trihexyphenidyl, Dicyclomine) ဆေးမျိုးဖြစ်တယ်။

• Stress Incontinence အတွက် Vaginal Devices ဗဂျိုင်းနားထဲ ထည့်ထားရတဲ့ကရိယာ၊
• Catheterization တချို့ကို ဆီးပိုက်ထပ်ထားပေးရတယ်။
• Overactive Bladder အတွက် Anticholinergics အမျိုးအစားဆေးတွေသုံးတယ်။

• Urge incontinence ဖြစ်တာကို Neuromodulation နည်း လုပ်တယ်။ FDA အသိအမှတ်ပြုထားတာက InterStim ဖြစ်တယ်။

• Stress Incontinence အတွက် Vaginal Devices မွေးလမ်းကြောင်းထဲထည့်တဲ့ ကရိယာရှိတယ်။ ဆီးအိမ်လည်ပင်းနား အထိန်းကြွက်သားကွင်းနေရာမှာ ဆေးထိုးနည်းလဲရှိတယ်။ Collagen နဲ့ Carbon spheres တွေသုံးတယ်။

• Surgery ခွဲစိတ်ကုသနည်းလဲရှိတယ်။ ခွဲစိတ်နည်းကလဲ အမျိုးမျိုးရှိပါတယ်။ ခွဲစိတ်ကုသနည်း ၃ မျိုးသုံးကြတယ်။ Retropubic suspension နည်း၊ Sling procedures နည်း နဲ့ Midurethral slings နည်းတွေဖြစ်တယ်။

• Prolapse သားအိမ်ကျရောဂါ ရှိရင် ခွဲစိတ်ပြုပြင်နည်းဖြစ်ဖြစ် သားအိမ် ထုတ်နည်းဖြစ်ဖြစ် လုပ်နိုင်တယ်။

Dr. တင့်ဆွေ
 

နှုတ်ခမ်းအသားပပ်ခြင်းအတွက် ရိုးရှင်း လွယ်ကူသော အိမ်တွင်း ကုထုံးလေးများ

           

ရာသီဥတု ပူလွန်း၊ အေးလွန်းတဲ့အခါ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေမှာ သိသိသာသာ နှုတ်ခမ်းအသားပပ်လေ့ရှိပါတယ်။ နှုတ် ခမ်းဆိုးဆေး ဓာတ်မတည့်ခြင်းကြောင့်လည်း နှုတ်ခမ်းအသားပပ်တဲ့ဝေဒနာမျိုး ခံစားရနိုင်ပါတယ်။ ဘယ်လိုနည်းကြောင့်ပဲဖြစ်ဖြစ် အသားပပ်တဲ့အခါ နာကျင်ခံစားရုံမျှမက အလှပျက်၍ ဆွဲဆောင်မှုမရှိနိုင်တော့ပါဘူး။

သို့သော်စိတ်မပူပါနှင့်။ အောက်ပါရိုးရှင်းလွယ်ကူတဲ့အိမ်တွင်းကုထုံးလေးများက နှုတ်ခမ်းနှစ်လွှာကို ပကတိအတိုင်း စိုအိချော မွေ့စေနိုင်မှာ ဖြစ်ပါသည်။
 
(၁) ရေပိုသောက်ပါ။(လက်ရှိသောက်နေကျ ရေပမာဏထက် နှစ်ဆတိုး၍သောက်ပါ။ ရေခဲရေ မသောက်ရ။)
(၂) ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တို့ကို များများစားပေးပါ။
(၃) ဗီတာမင်အားဆေးများဖြစ်ကြတဲ့ ဗီတာမင်B2၊ ဗီတာမင်C၊ ဗီတာမင် E၊ ငါးကြီးဆီ ဆေးလုံးများမှီဝဲပါ။
(၄) သခွားသီးပါးပါးလှီး၍ ကပ်ပေးပါ။
 
(၅) ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေး၊ ဟင်းရည်၊ စွပ်ပြုတ်တို့ကို အအေးခံ ၍ သောက်ပါ။ (အကယ်၍ ထိုအရည်ပူပူများကို စတီးလ်ခွက်၊ ဒန်ခွက်၊ စတီးလ် ဇွန်း တို့ဖြင့် နှုတ်ခမ်းတေ့၍ သောက်မိတဲ့အခါ ဝေဒနာများ ပိုမို ဆိုးရွား လာစေပါလိမ့်မယ်။)
(၆) အသားလှဆီ(သို့မဟုတ်)သကြားရည်(သို့မဟုတ်) နှင်းဆီရည် လိမ်းနိုင်ပါတယ်။ နှင်းဆီရည်(ခေါ်)rose water ကို အလှကုန် ပစ္စည်းအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။)
 
(၇) အုန်းဆီ (သို့မဟုတ်) သံလွင်ဆီ (သို့မဟုတ်) ကြက်ဆူဆီ (သို့မဟုတ်) မုန်ညင်းဆီ လိမ်းပေးပါ။
(၈) ဗီတာမင်အီး အဆီဆေးလုံး ဖောက်၍လိမ်းပါ။ (ထိုဆေးလုံးလေးတွေကို အလှကုန်ပစ္စည်းအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင် ပါတယ်။
 
(၉) ပျားရည် (သို့မဟုတ်) ရှားစောင်းလက်ပပ် ဂျယ်လီအနှစ်လိမ်းပါ။
(၁ဝ) နွားနို့ကရင်မင် လိမ်းပေးပါ။
(၁၁) နေမထိပါစေနှင့်။
(၁၂) လေစိမ်းတိုက်မခံပါနှင့်။
(၁၃) မကြာခဏ တံတွေးဆွတ်ခြင်း ကလည်း နှုတ်ခမ်း သားခြောက်သွေ့ခြင်းကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။

(၁၄) နှုတ်ခမ်းအသားပပ် ကွဲအက်နေစဉ်မှာ ဖြစ်နိုင်ရင် နှုတ်ခမ်းဆိုးဆေး လုံးဝမသုံးသင့်ပါဘူး။ (သက်တမ်းကြာ ဆိုးဆေးများနှင့် ကာဗွန်
ဓာတ်ပါဝင်မှုများသော ဆိုးဆေးအရောင်ရင့်ရင့်တွေက ဝေဒနာကို ပိုမိုဆိုးရွားလာစေနိုင်လို့  အထူးသတိပြုပါ။)
 
(၁၅) ဝေဒနာမပျောက်ခင်မှာ မဖြစ်မနေ နှုတ်ခမ်းဆိုးဆေးသုံးချင်ပါက အရောင်မပါတဲ့ နှုတ်ခမ်းဆိုးဆေးအဆီကိုသာ ရွေးချယ်ပေးပါ။
 
(၁၆) နှုတ်ခမ်းသား အဖတ်လန်နေတာတွေကို လက်ဖြင့်ဆွဲဖဲ့ခြင်း၊ သွားနှင့်ကိုက်ခြင်း မျိုးတွေ မလုပ်ပါနှင့်။ ပို၍အဖတ်လန်လာနိုင်
တဲ့အပြင် အသားစစိုက်ပြီး သွေးထွက်တတ်ပါတယ်။
 
(၁၇)အရေပြားဆဲလ်တွေသေခြင်းကြောင့် နှုတ်ခမ်းသားတွေအဖတ်လန်လာရပါတယ်။ နောက်ထပ်ဆဲလ်တွေ မသေနိုင်အောင်ကြိုတင် ကာကွယ် သည့် အနေဖြင့် သွားတိုက်တံသုံး၍ နှုတ်ခမ်းပေါ် ခပ်ဖွဖွလေးပွတ်တိုက် ပေးပါ။
အလှ အပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေရှင်။
MOI Webportal Myanmar
 

ပခုံးကပ်၊ ပခုံးနာ၊ ပခုံးခိုင် (Frozen Shoulder )




ပခုံးကပ်တာ၊ ပခုံးနာတာ၊ ပခုံးခိုင်တာ စတဲ့ လက္ခဏာတွေ ပြတတ်တဲ့ Frozen Shoulder ဟာ အဖြစ်များပါတယ်။ အသက် ၄၀-၆၀ ကြား အရွယ်တွေမှာ ဖြစ်တတ်ပြီး အထူးသဖြင့် အမျိုးသမီး တွေမှာ ပိုဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ပခုံးတင်မက လက်မောင်းတွေ အထိပါ ပျံ့နှံ့ပြီး နာတတ်ပါတယ်။ ဒီရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြပါဘူး။

အများယူဆတာကတော့ ပခုံးအရွတ် (Capsule) က ရောင်လာပြီး ကျုံ့သွားတော့ လှုပ်ရှား မှုက ပုံမှန် မဖြစ်တော့တာလို့ ပြောကြပါတယ်။ ပခုံးနာတာက အတော် ဆိုးပါတယ်။ တစ်ခါ တလေ ညအိပ်လို့တောင် မရအောင် နာတတ်ပါတယ်။ လက်က ကောင်းကောင်းလှုပ်ရှားလို့ မရတော့ ကျောကုတ်လို့လည်း မရ၊ ခေါင်းဖြီးလို့လည်း မရပါဘူး။ အမျိုးသမီးတွေဆိုတော့ ဆံပင်တွေ ထုံးလို့မရ၊ ပြင်လို့မရနဲ့ ပိုဆိုးပါတယ်။ အင်္ကျီဝတ်ပြီ ဆိုရင်လည်း လက်ထိုးရ ခက်ပါတယ်။ ဒီရောဂါက အဆင့်သုံးဆင့် ရှိပါတယ်။ 

အဆင့်တစ်ခုကို ၆ လ-၈ လလောက် ကြာပါတယ်။ အများအားဖြင့် ဒီရောဂါဖြစ်ရင် တစ်နှစ်ခွဲ- သုံးနှစ်လောက် ကြာပါတယ်။
ဒီရောဂါက အများအားဖြင့် ပခုံးတစ်ဖက်မှာ စဖြစ်တာ များပါတယ်။ တချို့လူတွေမှာ ပခုံးရဲ့ ညာဘက်တစ်ဖက်မှာ စဖြစ်ပြီး တဖြည်းဖြည်းနဲ့ ပျောက်လာပြီဆိုတော့ ဘယ်ဘက်ပခုံးက ထပ်ဖြစ်ပါတယ်။ တစ်ဖက်ပျောက်ပြီးရင် နောက်တစ်ဖက် ထပ်ဖြစ်တတ်တယ်။ ချက်ချင်း ပြန်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီထက် ကံဆိုးတဲ့ လူနာတွေကျတော့ ပခုံးနှစ်ဖက်စလုံး ပြိုင်ဖြစ်တာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရင် အတော်လေး ဒုက္ခရောက်ရပါတယ်။

ရောဂါ ပထမအဆင့်မှာ ပခုံးအဆစ်က နာတယ်၊ ခိုင်လာတယ်၊ တဖြည်းဖြည်းနာတာ ပိုဆိုး လာတယ်၊ ပခုံးက ပိုကပ်လာတယ်။ ဒုတိယအဆင့်ကို Stationary Stage လို့ ခေါ်ပါတယ်။ ဒီအဆင့်ကျတော့ ပခုံးက ပိုလည်း နာမလာဘူး၊ ပိုလည်း ဆိုးမလာဘူး၊ ပိုလည်း ကပ်မလာဘူး။ ရောဂါက တန့်နေတယ်။ တတိယအဆင့်ကိုတော့ Resolution Stage လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာတော့ အဆစ်က နာတာ၊ ကပ်တာ တဖြည်းဖြည်း လျော့သွားပြီး ပြန်ကောင်း သွားပါတယ်။

ဒီရောဂါဖြစ်ရင် လူနာအများစုမှာ အချိန်အတိုင်းအတာ တစ်ခုအတွင်း ပုံမှန်ပြန်ဖြစ်သွားတာ များပါတယ်။ ဒါကြောင့် ဒီရောဂါကို အချိန်အတိုင်းအတာ တစ်ခုအတွင်း သူ့အလိုလို ပြန်သက်သာသွားတဲ့ ရောဂါလို့ ပြောလို့ရပါတယ်။ ဆရာတို့အနေနဲ့ ဒီလိုပခုံးနာတဲ့၊ ကပ်တဲ့ လူနာတွေ တွေ့ရင် နာတဲ့ နေရာကို စမ်းကြည့်ပေးရပါတယ်။ တခြားရောဂါလည်း ရှိနိုင်တာကြောင့် တခြားရောဂါတွေနဲ့ မမှားအောင် သေချာ စစ်ဆေးရပါတယ်။ ပခုံးနာ၊ ပခုံးကပ်တဲ့ ရောဂါနဲ့ မှားတတ်တဲ့ ရောဂါတွေက ပခုံးအရွတ် ကျောက်တည်တာ၊ ပခုံးအရိုး နည်းနည်းပါးပါး ကျိုးတာ၊ လည်ပင်းအာရုံကြော ညပ်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။

ဘယ်ဘက်ပခုံးနာရင် နှလုံးရောဂါနဲ့ လွဲတတ်ပါတယ်။ နှလုံးရောဂါဖြစ်ရင် လက္ခဏာတစ်ခု အနေနဲ့ ပခုံးနာတာ ပြတတ်လို့ပါ။ ဆရာ့အတွေ့အကြုံအရ ဒီရောဂါဖြစ်တဲ့ လူနာတွေက အလိုလို ဖြစ်တာများပါတယ်။ တချို့လူနာတွေကျတော့ နည်းနည်းပါးပါး ထိမိခိုက်မိဖြစ်ပြီး ပခုံးနာလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဆီးချိုရောဂါရှင်တွေက ဒီရောဂါ အဖြစ်များပါတယ်။ ဆီးချိုရောဂါ ဝေဒနာသည်တွေရဲ့ ၁၀-၂၀ ရာခိုင်နှုန်းက ဒီရောဂါ ဖြစ်တတ်ပါတယ်။ ဒီရောဂါပုံစံနဲ့လာရင် သွေး၊ ဆီး စစ်ရပါတယ်။ ဓာတ်မှန် ရိုက်ကြည့်ရပါတယ်။ ဒါပေမဲ့ ဓာတ်မှန်ထဲမှာ ဘာမှ ကြီးကြီးကျယ်ကျယ် သိပ်မတွေ့ရပါဘူး။ အရိုးနည်းနည်းပါးတာလောက်ပဲ တွေ့ရပါတယ်။ ဓာတ်မှန် ရိုက်ကြည့်ရတဲ့ အဓိကရည်ရွယ်ချက်က တခြားပြဿနာတွေများ ဖြစ်နေသလား ဆိုတာ သေချာအောင် စစ်ကြည့်ရတာပါ။

ကုသမှုအနေနဲ့ကတော့ အနာသက်သာဖို့အတွက် သောက်ဆေး ပေးရပါတယ်။ ပခုံးအဆစ်က နာနေပေမယ့် လှုပ်ရှားမှုကိုတော့ လုပ်နိုင်သလောက် လုပ်ခိုင်းရပါတယ်။ ငြိမ်နေရင် ပခုံးက ပိုကပ်သွားတတ်တယ်။ အရိုးအကြော ပြုပြင်ပေးမှု (Physiotherapy) လုပ်ပေးရင်လည်း လူနာအတွက် အကျိုးရှိပါတယ်။ တစ်ခါတလေ ရေနွေးအိတ်ကပ်တာ၊ သောက်ဆေး ပေးတာတွေ လုပ်ပေမယ့် ဘယ်လိုမှ မသက်သာဘူးဆိုရင် အဆစ်ထဲကို ဆေးထိုးပေးလို့ ရပါတယ်။ ဒါဆိုရင် နာတာ အတော် သက်သာသွားပါလိမ့်မယ်။ လှုပ်ရှားမှုလည်း မြန်မြန်ရလာတတ်ပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါ ရှိသူတွေမှာတော့ ဆီးချိုတက်နေရင် ဆေးထိုးလို့ မသင့်ပါဘူး။ ပိုးဝင်နိုင်ခြေ များပါတယ်။

ပိုးမဝင်အောင် သေချာဂရုစိုက်ဖို့ လိုပါတယ်။ တချို့လူနာတွေကျတော့ ပခုံးက သိပ်ကပ်နေပြီး လှုပ်ရှားလို့ မရဘူးဆိုရင် မေ့ဆေးပေးပြီး ပခုံးအရွတ်တွေကို ဆွဲလှည့်တဲ့နည်း (Manipulation) ပေးရပါတယ်။
ဒီနည်းနဲ့လည်း တချို့လူနာတွေက သက်သာပေမယ့် တချို့လူနာတွေက မသက်သာပါဘူး။ နောက်တစ်နည်းက ဆရာတို့ လုပ်လေ့မရှိပေမယ့် Arthroscopy နည်းလို့ခေါ်တဲ့ တခြား နိုင်ငံတွေမှာ လုပ်လေ့ရှိတာက အဆစ်ထဲ မှန်ပြောင်းထည့်ပြီး ကျပ်နေတဲ့ အရွတ်ကို ဖြတ်ပေးတာပဲ ဖြစ်ပါတယ်။ ဒီရောဂါက စိုးရိမ်စရာ မရှိပေမယ့် ဖြစ်လာရင် စိတ်အနှောင့် အယှက် ဖြစ်ရပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုကို သည်းခံလိုက်ရင် သူ့အလိုလို သက်သာသွားတတ်ပါတယ်။

ပါမောက္ခဦးနေ၀င်း
အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး
ဆေးပညာဆိုင်ရာဆောင်းပါးများ မှ ကူးယူဖေါ်ပြထားပါသည်။













https://www.facebook.com/media/set/?set=a.1551629141762879.1073741

နံနက်ခင်းမှာ ရေချိုးခြင်း၏ ကောင်းကျိုး ၆ ချက်





၁။ သွေးလည်ပတ်မူကို ပိုမိုပြီး ကောင်းမွန်စေပါတယ်
နံနက်ခင်းမှာ ရေအေးနဲ့ ချိုးတာထက် ရေနွေးနဲ့ ချိုးတာကို ပိုမိုပြီး သွေးလည် ပတ်မူကို အားကောင်းစေပါတယ်။ ဒါ့အပြင် ကြွက်သားများကို တောင့်တင်း သန်မာ စေနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်းဟာ ကျန်းမာရေး အတွက်လည်း များစွာ အထောက်အကူ ပြုစေပါတယ်။

၂။ ပေါ့ပါး လွတ်လပ်စေတယ်
အိပ်ယာနိုးတဲ့ အခါမှာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီး ဖြစ်နေရင် မနက်ခင်း ရေချိုးလိုက်တဲ့ အတွက်ကြောင့် ပေါ့ပါးလွတ်လပ် သွားပါတယ်။

၃။ ဖိစီးမူတွေကို သက်သာစေပါတယ်
နံနက်ခင်း ရေချိုးခြင်းဟာ စိတ်ဖိစီးမူတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမူတွေ ဖြစ်နေခဲ့ရင် မနက်ခင်း ရေချိုးခြင်းက များစွာ အထောက်အကူ ပြုစေမှာပါ။

၎။ ကြွက်သားများ အတွက်လည်း ကောင်းမွန်စေပါတယ်
နံနက်ခင်းမှာ လမ်းလျောက်တာပဲ ဖြစ်ဖြစ်၊ gym ဆော့တာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်း တစ်စုံတစ်ခု လုပ်ပြီးတာနဲ့ ရေချိုးခြင်းဟာ ကြွက်သားများကို ပိုမိုပြီး သန်မာစေပါတယ်။

၅။ အမျိုးသားတွေ အတွက် အထူးပင် ကောင်းမွန်ပါတယ်
ကယ်လီဖိုးနီယား တက္ကသိုလ်မှ သုတေသန ပညာရှင်များ၏ အဆိုအရ တစ်ပတ်မှာ တစ်ကြိမ်ခန့် အေးတဲ့ရေနဲ့ နံနက်ခင်း ရေချိုးခြင်းဟာ သုပ်ပိုများကို ပိုမိုပြီး ဖွံဖြိုးစေနိုင်တယ်လို့ ဆိုပါတယ်။

၆။ ဆံပင် အတွက်လည်း ကောင်းမွန်စေပါတယ်
ရေနွေး (သို့) ရေအေးနဲ့ နံနက်ခင်း ခေါင်းလျော်ခြင်းဟာ ဆံပင် မကျွတ်ခြင်း အတွက် အထူးပင် ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဆံပင်သား မကောင်းခြင်း၊ မွဲခြောက်ခြောက် ဖြစ်ခြင်းတို့အတွက်လည်း ကာကွယ် တားဆီးပေးပါတယ်။

Ref - venusbuzz
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

အိပ်ရေးပျက်ခြင်းကို ခေတ္တပြန်လည်အိပ်စက်ခြင်းဖြင့် ကုစားနိုင်

                    
ပါရီ−
ယမန်နေ့ညက အိပ်စက်မှု မလုံလောက်ခဲ့သူများအနေဖြင့် ခေတ္တပြန်လည်အိပ်စက်ခြင်းဖြင့် ကိုယ်ခံအားစနစ် ပြန်ကောင်း လာစေပြီး စိတ်ဖိစီးမှု လျှော့ချနိုင်သည်ဟု အမျိုးသားအုပ်စုတစ်စု ကို စမ်းသပ်ခဲ့သော ပြင်သစ်သုတေသီများက ပြောကြားသည်။

အိပ်ရေးပျက်ခြင်းသည် ကိုယ်နှင့်စိတ်ကို ကသောင်းကနင်းဖြစ်စေပြီး ဟော်မုန်းများ ယိုယွင်းကာ အကဲဖြတ်မှု၊ ဆုံးဖြတ်မှုများကိုလည်း ထိခိုက်နိုင်သည်။ နာမကျန်းဖြစ်နိုင်မှု အန္တရာယ်ကိုလည်း မြင့်မားစေသည်။

‘‘မိနစ် ၃၀ လောက် ပြန်အိပ်တာဟာ ညဘက်အိပ်ရေးပျက်လို့ ဟော်မုန်းသက်ရောက်မှုတွေကို ပြောင်းပြန်လှန်နိုင်ပါတယ်’’ ဟု ပြင်သစ်နိုင်ငံ ပါရီတက္ကသိုလ်မှ ဒေါက်တာ ဘရိုက်စ်ဖာရော့က ပြောသည်။
‘‘ခေတ္တပြန်အိပ်တာဟာ လူရဲ့ ကိုယ်ခံအား ကျန်းမာရေးစနစ်ကို ပုံမှန်အတိုင်း ပြန်ဖြစ်စေနိုင်တယ်ဆိုတာကို ပထမဆုံးပြသတဲ့ သုတေသနပါ’’ ဟု ၎င်းက ဆက်လက်ပြောသည်။

ဒေါက်တာဖာရော့နှင့် အဖွဲ့က အိပ်ရေးပျက်ခြင်းကြောင့် ဟော် မုန်းတုံ့ပြန်မှုကို လေ့လာဆန်းစစ်ရန် ကြံရွယ်ခဲ့ပြီး အသက် (၂၅) နှစ်နှင့် (၃၂) နှစ်ကြား ကျန်းမာသန်စွမ်းသော အမျိုးသားများနှင့် အလုပ် လုပ်ကာ အပြန်အလှန်နှင့် သီးခြားရွေးချယ်မှုမဟုတ်သော စနစ်ကို အသုံးပြုခဲ့သည်။ သုတေသနတွင် ပါဝင်သူများ၏ အစားအသောက်မှသည် အ လင်းရောင်ရရှိမှုအထိ အချက်အလက်များကို ထိန်းချုပ်၍ ၎င်းတို့အား အိပ်စက်မှုစမ်းသပ်ခန်းများ၌ စုဝေးထားရှိခဲ့သည်။

ပထမစမ်းသပ်မှုတွင် အမျိုးသားများကိုတစ်ညလုံး နှစ်နာရီသာ အိပ်စက်ခွင့်ပြုပြီး သုတေသီများက ၎င်းတို့၏ ဆီးနှင့် တံတွေးတို့ကို ဆန်းစစ်လေ့လာခဲ့သည်။

ယင်းသို့ ဆန်းစစ်လေ့လာရာ၌ စိတ်ဖိစီးမှုဖြစ်စေသော nore-pinephrine ဟော်မုန်း နှစ်ဆခွဲတိုးလာပြီး နှလုံးခုန်နှုန်းမြန်ခြင်းအပြင် အန္တရာယ်ရှိသည်ဟု ခံစားရပါက သွေးတိုးနှင့် သကြားဓာတ်မြင့်မားလာခြင်းများ တွေ့ရှိခဲ့သည်။ သုတေသနတွင် ပါဝင်သူများအား အိပ်ရေးပျက်မှု ပြန်လည်ဖြည့်ဆည်းပေးလိုက်ချိန်၌မူ ဟော်မုန်းများ မူလနေရာပြန်ရောက်လာခဲ့သည်။

ဒုတိယစမ်းသပ်မှုတွင် တစ်ညလုံး နှစ်နာရီအိပ်စက်မှု ခွင့်ပြု ပြီးနောက် နောက်တစ်နေ့၌ နာရီဝက် ပြန်လည်အိပ်စက်ခွင့်ပေး ခြင်းဖြင့် norepinepbrine ဟော်မုန်းနှင့် Interleukin-6 ဓာတ် ပမာဏတွင် အပြောင်းအလဲမရှိကြောင်း သုတေသီများက တွေ့ ရှိခဲ့သည်။       —Ref: AFP

http://7daydaily.com/story/32598#.VO82Mi7dXLU

တိုက်ပွဲဝင် တပ်မတော်သားများအား ကိုယ်တိုင်အားပေးခဲ့သည့် အနုပညာရှင်များ


အနုပညာရှင်များအနေဖြင့် လောက်ကိုင်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျဆုံးသွားသော တပ်မတော်သားများနှင့် တိုက်ပွဲဝင်တပ်မတော်သားများအတွက် အားပေးစာများ ရေးသားပို့ပေးခဲ့သကဲ့သို့ ကောက်ခံရရှိသည့် အလှူငွေများကိုလည်း ဖေဖော် ၀ါရီ ၂၁ ရက်က အနုပညာရှင်များ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့သည်။ ထို့ကြောင့် ယင်းအစီအစဉ်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်းခဲ့သူအချို့၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

မေသန်းနု
သတင်းကြားရုံတင် မဟုတ်ဘဲ မျက်မြင်ကိုယ်တွေ့သွားပြီး လှူရမယ်၊ အားပေးစကားလည်း ပြောရမယ်ဆိုတော့ ပိုပြီးလိုက် ချင်တယ်။ ဟိုမှာကျတော့လည်း တချို့က ဒဏ်ရာသေးတာရှိသလို တချို့ကလည်း ဒဏ်ရာကြီး တယ်။ အဲဒီလို တွေ့မြင်ရတော့ သနားဖို့လည်းကောင်းတယ်။ ဆုံးပါးသွားတဲ့ စစ်သည်မိသားစု တွေအတွက်လည်း တော်တော်စိတ်မကောင်း ဖြစ်ရတယ်။ ဒဏ်ရာကြီးတဲ့သူတွေဆိုရင် အရမ်းသိချင်လို့ ကိုယ်တိုင်လည်း မေးဖြစ်တယ်။ သူတို့တွေကို အားပေးစကား ပြောရတာလည်း အရမ်းပီတိဖြစ်ရပါတယ်။

ချစ်စနိုးဦး
စစ်သားတွေကို တွေ့တဲ့အချိန်မှာ စိတ်မကောင်းဘူး။ သူတို့က တိုင်းပြည်အတွက်၊ နိုင်ငံတော်အတွက် တိုက်ရတာဆိုတော့ လေ။ တချို့ဆိုဒဏ်ရာတွေ တော်တော်ပြင်းပြင်းထန်ထန်ရတယ်။ အမှန်အတိုင်း ပြောရရင် ဘာမှမဖြစ်ဘဲ အေးအေးချမ်းချမ်းလေး ဆို ကောင်းတာပေါ့။ ဒါပေမဲ့ မဖြစ် မနေ တိုက်ရတယ်ဆိုတော့လည်း သူတို့ကို လေးလည်း လေးစား တယ်။ ဂုဏ်လည်းဂုဏ်ယူတယ်။ အရမ်းလည်း စိတ်မကောင်းဖြစ်ပါ တယ်။ ဒဏ်ရာရတဲ့ စစ်သားတွေ အတွက်တင် မဟုတ်ဘဲ ကျဆုံး သွားတဲ့ စစ်သားတွေအတွက် လည်း စိတ်မကောင်းပါဘူး။ သူ တို့အတွက်လည်း အရမ်းဂုဏ်ယူ ပါတယ်။

ခွန်းဆင့်နေခြည်
ဒဏ်ရာရတဲ့ ရဲဘော်တွေကို လည်း တစ်ဦးချင်းစီ အစည်းအရုံးကိုယ်စားပြုပြီး အလှူငွေထည့် ထားတဲ့ စာအိတ်တွေလှူခဲ့တယ်။ အဲဒီမှာ သူတို့ခံစားနေရတဲ့ ဝေဒနာတွေကိုကြည့်ပြီး တော်တော် လေး စိတ်မကောင်း ဖြစ်မိပါ တယ်။ ကိုယ့်ရဲ့ ဆွေမျိုးသားချင်း တစ်ယောက်သာ ဖြစ်ရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးတွေနဲ့ ခံစားပြီး စိတ်မကောင်းဖြစ်လို့ မျက်ရည်တွေ ဘာတွေတောင်ကျတယ်။ အန်တီဝါ(၀ါဝါအောင်) တို့ဆိုလည်း ငိုတယ်။ နိုင်ငံအတွက် ဆိုပေမယ့် သူတို့တွေလုပ်ရတာ တွေကို ကိုယ်ချင်းစာပြီး လူသား ချင်း စာနာထောက်ထားစွာနဲ့ လှူဒါန်းတဲ့သဘောပါ။

ဟန်သီ
ပြင်ဦးလွင် ဆေးရုံမှာ ဒဏ် ရာရရှိထားတဲ့သူတွေကို အားပေး စကားတွေ ပြောဖြစ်တယ်။ သူတို့ ကို  ကြည့်ရတာ အရမ်းစိတ်မ ကောင်း ဖြစ်တယ်။ ကိုယ့်နိုင်ငံအ တွက် အရဲစွန့်တိုက်တဲ့အတွက် အရမ်းလည်း ကျေးဇူးတင်တယ်။ ကိုယ်တိုင်သွားလှူရတဲ့အတွက် ပီတိလည်း ဖြစ်တယ်။ သူတို့ကို အားပေးဖြစ်တာကတော့ ဘယ် တော့မှ အားမလျှော့ကြပါနဲ့။ အ မြန်ဆုံးနေကောင်းပါစေလို့ ဆု တောင်းပေးခဲ့တယ်။ နောက်ပြီး ဒီတိုက်ပွဲတွေ မြန်မြန်ပြီးပါစေလို့  လည်း ဆုတောင်းဖြစ်တယ်။

မင်းဦး
ဒဏ်ရာရတဲ့ လူတွေနဲ့ စစ်ဘေးရှောင်တဲ့ လူတွေကိုသွားလှူ တာ။ ကျွန်တော်တို့သွားတဲ့အ ချိန် မေမြို့စစ်ဆေးရုံမှာ တပ်မတော်သားတွေက နည်းနည်း တော့ သက်သာနေကြပါပြီ။ ဒါပေမဲ့သူတို့ဖြစ်ထားတာကလည်း တော်တော်ဆိုးဆိုးရွားရွား   ဖြစ်ထားတာလေ။ ဘယ်လိုပဲ ဖြစ်ဖြစ်စစ် ဆိုတာကတော့ မဖြစ်ရင် အ ကောင်းဆုံးပေါ့။ ငြိမ်းငြိမ်း ချမ်းချမ်းနေနိုင်ရင်တော့ အကောင်ဆုံး ပဲ။ အဲဒါကြောင့် မြန်မာပြည်ရဲ့ဘယ်နေရာမှာဖြစ်ဖြစ် စစ်တွေ မဖြစ်ပါစေနဲ့လို အားလုံးက ဆုတောင်းနေကြတာပါ။

လူမင်း
ရုပ်ရှင်သည် ပြည်သူ့အ တွက်ဆိုတဲ့အတိုင်း တပ်မတော် သားတွေဆိုတာကလည်း ပြည်သူ တွေက မွေးဖွားပေးလိုက်တဲ့ ပြည်သူ့သားသမီးတွေပဲဆိုတော့ သူတို့အသက်တွေပေးရတယ်။ ခန္ဓာကိုယ်တွေ ပေးလှူရတယ်။ ဒဏ်ရာတွေရတယ်ဆိုတာ အင် တာနက်စာမျက်နှာတွေ၊   ဖေ့စ် ဘွတ်ခ်စာမျက်နှာတွေမှာ တွေ့ရ၊ ဖတ်ရ၊ သိရတဲ့အခါ အနုပညာရှင် အနေနဲ့လည်း အဲဒီအပေါ်မှာ ၀မ်း နည်းကြောင်းတွေ ရေးထားတာ တွေ့ရတယ်။ အဲဒါကြောင့် အား လုံးစုစည်းပြီး အလှူငွေ လှူတယ် ဆိုတာထက် ကိုယ်တိုင်ကိုယ်ကျ လည်း ဒဏ်ရာရတဲ့သူတွေကို သွားရောက်အားပေးပြီး လှူဒါန်း ခဲ့တာပါ။

 ရှေ့တန်းမှာ တိုက်ပွဲ ဆင်နွှဲနေတဲ့ တပ်မတော်သား တွေရော၊   စစ်ဘေးရှောင်နေတဲ့ သူတွေကိုရော   အားလုံးကိုခွဲပြီး လှူဒါန်းခဲ့တာပါ။ လူဆိုတာ သေ မှာအကြောက်ဆုံးပဲ။ အဲဒါကို မကြောက်ဘဲ အသက်စွန့်တဲ့ ရဲ ဘော်တွေစွန့်တယ်။ ကိုယ်တို့ တွေ့ခဲ့ရတဲ့ ဒဏ်ရာရတဲ့ ရဲဘော် တွေဆိုရင်လည်း တကယ်ကို ပြင်း ပြင်းထန်ထန် ဆိုးဆိုးရွားရွား ဒဏ်ရာတွေရပြီး မသေလို့ ကျန် ခဲ့တာ။ သူတို့ရတဲ့ ဒဏ်ရာတွေအ ကြောင်း ဆရာဝန်ကြီးတွေ ရှင်းပြ တဲ့အခါတော်တော့်ကို ကြောက် စရာကောင်းလို့လေးလည်း လေး စားသလို စာလည်း စာနာမိပါ တယ်။ ဂုဏ်လည်း ဂုဏ်ယူမိပါ တယ်။

http://7daydaily.com/story/32471#.VO846S7dXLU

ဆုပေးပွဲတွင် ဖျော်ဖြေရင်း စင်မြင့်ပေါ်မှ လိမ့်ကျခဲ့သည့် မက်ဒေါနား

Brit Awards 2015 ဂီတဆုပေးပွဲတွင် ဖျော်ဖြေရင်း ပေါ့ပ်ဂီတ အဆိုတော် မက်ဒေါနားတစ်ယောက် စင်ပေါ်မှ ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။

သူမသည် Living for Love သီချင်းကို သီဆိုဖျော်ဖြေရင်း စင်ပေါ်မှအဆင်း လှေကားပေါ်၌ ရှိနေစဉ် လိမ့်ကျခဲ့ခြင်း ဖြစ်သည်။ မက်ဒေါနား ဝတ်ဆင်ထားသည့် ဝတ်ရုံရှည်ကို အကသမားတစ်ဦးက ဖယ်ရှားလိုက်စဉ် ဟန်ချက်ပျက်သွားခြင်း ဖြစ်နိုင်ပြီး မက်ဒေါနား အနေဖြင့် အဆီအငေါ် မတည့်စွာ လဲကျသွားခဲ့သည်။

ဇန်နဝါရီ ၂၅ ရက် ညပိုင်းက ဖြစ်ရပ်နှင့် ပတ်သက်ပြီး မက်ဒေါနားက သူမ၏ သီချင်းစာသားဖြစ်သည့် "Nothing can stop me and love really lifted me up”ဟု Instagramတွင် ရေးသားခဲ့သည်။ လိမ့်ကျခဲ့သည့်တိုင် ပြန်ထပြီး ဆက်လက် ဖျော်ဖြေခဲ့သည့် သူမ၏ စူးစိုက်မှုကို ရည်စူး၍ မက်ဒေါနားက ယခုလို ရေးသားခဲ့ခြင်းဖြစ်ပြီး စိတ်ပူစွာ စုံစမ်းမေးမြန်းသည့် ပရိသတ်များကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

လန်ဒန်မြို့ရှိ အိုတူး အားကစားရုံကြီးတွင် ကျင်းပသည့် ဆုပေးပွဲ၌ အသက်(၅၆)နှစ်အရွယ် မက်ဒေါနားအတွက် ဒဏ်ရာဒဏ်ချက်အချို့ ရရှိစေခဲ့သော်လည်း အက်ဒ်ရှီယန်းနှင့် ဆမ်စမစ်သ်တို့အတွက်မူ ဆုနှစ်ခုစီ ရရှိပြီး ချိုမြိန်သော ကာလများကို ပိုင်ဆိုင်ခဲ့ရသည်။

(၃၅)ကြိမ်မြောက် Brits Awards ဆုပေးပွဲတွင် မက်ဒေါနားအပြင် တေလာဆွစ်ဖ်၊ ကင်ယီဝက်စ်၊ Take Thatတို့ကဲ့သို့ နာမည်ကြီး အနုပညာရှင်များကလည်း ပါဝင်အားဖြည့် ဖျော်ဖြေသွားခဲ့သည်။
_Ref: BBC

http://7daydaily.com/story/32602#.VO84by7dXLU

ဒူဘိုင်းတွင် လေနှင့်အတူ လွင့်ပါလာသည့် ငွေစက္ကူများကိစ္စ ရဲတပ်ဖွဲ့ အဖြေရှာရန် ခက်ခဲနေ

ငွေစက္ကူများအား လိုက်ကောက်နေသူအချို့
 
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ၊ ဒူဘိုင်းမြို့တွင် လေထဲမှ ငွေစက္ကူများ လွင့်ပျံလာပြီး လူအများ တိုးဝှေ့ကောက်ယူကြသဖြင့် ယာဉ်ကြောများ ပိတ်ဆို့သွားသည့် ဖြစ်ရပ်အပေါ် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ဒူဘိုင်း အာဏာပိုင်များက ယခုလ အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သဲလွန်စ တစ်စုံတစ်ရာ မရရှိသေးဟု ဝန်ခံခဲ့သည်။ ယူအေအီး နိုင်ငံသုံးငွေ ဒါဟမ်(၅၀၀)တန် ငွေစက္ကူများသည် နေ့လယ်ပိုင်း ယာဉ်ကြော ရှုပ်ထွေးနေချိန်တွင် လေထဲမှ လွင့်ပါလာခြင်း ဖြစ်သည်။ ဒါဟမ်ငွေစက္ကူ (၅၀၀)တန် တစ်ရွက်သည် ဗြိတိန်ငွေ (၈၈)ပေါင်မျှနှင့် ညီမျှသည်။

  ငွေစက္ကူများ လွင့်လာသည်ကို တွေ့ရှိသည့်နောက် ကားမောင်းလာသူများသည် ကားထဲမှ ပြေးထွက်ကာ အလုအယက် လိုက်ကောက်ကြသလို လမ်းသွားလမ်းလာများပါ ပါဝင်လာသဖြင့် ထိုနေရာတွင် ယာဉ်ကြောကျပ်တည်းကာ လမ်းများ ပိတ်ဆို့ကုန်သည်။ ဒူဘိုင်း ရဲတပ်ဖွဲ့က မည်သည့်နေရာမှ လွင့်လာမှန်း မသိသည့် ငွေစက္ကူများသည် ဒါဟမ်ငွေ နှစ်သန်းနှင့် သုံးသန်းကြားမျှ ရှိမည်ဟု ခန့်မှန်းခဲ့ရာ စတာလင်ပေါင် ငါးသိန်းဖိုးမျှ ငွေများ လမ်းပေါ် ရောက်လာခြင်း ဖြစ်သည်။

  လေပြင်းများ တိုက်ခတ်နေစဉ် ဒူဘိုင်းရှိ ဂျူမီရာ ဧရိယာတွင် မိနည်အနည်းငယ် ကြာသည်အထိ ငွေစက္ကူများ လွင့်ပျံနေခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတွင် ငွေစက္ကူ လိုက်ကောက်သူများ၊ ၎င်းတို့ကို အသည်းအသန် ရှောင်တိမ်းနေရသည့် မော်တော်ကားများနှင့် အလွန် ရှုပ်ထွေးသွားကြောင်း မျက်မြင်များက ဆိုသည်။

ထို့နောက်တွင်မူ ရဲတပ်ဖွဲ့ဝင်များ အဆိုပါ နေရာသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို ရှင်းလင်းခဲ့ရသည်။ ဒူဘိုင်း ရဲတပ်ဖွဲ့သည် ငွေစက္ကူများ စတင်လွင့်ပျံလာသည့် နေရာကို စုံစမ်းနေဆဲ ဖြစ်သော်လည်း ယခုတိုင် အဖြေမထွက်သေးကြောင်း သတင်းများက ဖော်ပြသွားသည်။
_Ref: Dailymail
http://7daydaily.com/story/32474#.VO83nC7dXLU

အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း လေပွခြင်း



အစာအိမ်နှင့် အူလမ်းကြောင်းက အစားအစာချေဖျက်သည့်အခါ ဂက်စ်များထွက်လာသည်။ ထိုဂက်စ်များကြောင့် ဗိုက်ပွစေပြီး ပြင်ပသို့ စွန့်ထုတ်ပေးမှသာ ဂက်စ်များ လျော့နည်းနိုင်သည်။

တစ်နေ့လျှင်ခြောက်ကြိမ်မှ အကြိမ်(၂၀)အထိ လေလည်ခြင်းသည် ပုံမှန်ဖြစ်သည်။ မျိုချစဉ်ရောပါသည့်လေ၊ အစားအစာနှင့် ဖျော်ရည်၊ ၀မ်းချုပ်ခြင်း၊ ဆေးဝါး၊ ဓာတ်စာ၊ အူရောင် ရောဂါ၊ အူလမ်းကြောင်းကျဉ်းခြင်း၊ ဟော်မုန်းအပြောင်းအလဲရှိခြင်းတို့ကြောင့် အူလမ်းကြောင်းအတွင်း ဂက်စ်ထလာတတ်သည်။

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ သခွားသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ပဲ၊ အာလူး၊ ကညွတ်၊ မုန်လာဥ၊ ကွမ်းသီး၊ ဆီးသီး၊ ငှက်ပျောသီး၊ မက်မွန်သီး၊ သစ်တော်သီး၊ မက်မန်းသီး၊ ပန်းသီး၊ ဂျုံ၊ ဥ၊ ကာဗွန်ပါသည့် အချိုရည်များ၊ သစ်သီးဖျော်ရည်များ၊ ဘီယာ၊ ၀ိုင်နီ၊ အကြော်အလှော်များ၊ သကြား၊ နို့တို့ကြောင့် လေပွတတ်သည်။ နို့၊ ပေါင်မုန့်၊ ကွေကာအုတ်၊ အသုတ်တို့ကဲ့သို့ လက်တို့စ်ဓာတ်ပါဝင်သောအစားအစာများကို ချေဖျက်ရန် လက်တေ့စ်အင်ဇိုင်းမရှိသူများ တွင်လည်း လေပွတတ်သည်။

လေပွပြီး မစွန့်ထုတ်နိုင်ပါက ဗိုက်နာခြင်း၊ အစာမစားနိုင်ခြင်းတို့ ဖြစ်တတ်သည်။ လေပွတတ်သူများသည် လေလည်ပေးရန်လိုသည်။ လူ အများကြား၌ဖြစ်စေ၊ ခရီးသွားစဉ်ဖြစ် စေ၊ လေလည်ရန်မလွယ်ပါက လေပွတတ်သည့် အစားအစာများကို ဆင်ခြင်စားသုံးရန်လိုသည်။

Semithacone ပါဝင်သော ဆေးများသောက်သုံးခြင်းဖြင့်လည်း လေထိုး၊
လေအောင့်သက်သာစေသည်။ ကလေးငယ်များအတွက် Semithacone ဆေးရည်၊ လူကြီးများ အတွက် ဆေးပြားစသည်ဖြင့် သုံးစွဲနိုင်သည်။

ဂက်စ်ပူဖောင်းများကို Semithacone က ချေဖျက်ပေး နိုင်သောကြောင့်
လေနာထတတ်သူများ ဆောင်ထားသင့်သည်။

ဇော်ကို
Ref; WebMD

Credit to Health Updates Journal

https://www.facebook.com/364484143692148/photos/a.364489287024967.1073741828.

ကမ္ဘာ့ ကံအကောင်းဆုံး လူသား



ပုံမှာ မြင်တွေ့နေရတဲ့ လူကို ကမ္ဘာ့ကံအကောင်းဆုံး လူသားလို့လည်း ပြောစမှတ်ပြုကြပါတယ်။ သူဟာ ခရော်တီးယားနိုင်ငံက အသက် ၈၁နှစ်အရွယ် Frano Selak အမည်ရ အမျိုးသား ဖြစ်ပါတယ်။ သူဟာ သီချင်း သင်ကြားပေးတဲ့ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။


၁၉၆၂ ခုနှစ်ကစလို့ သေဘေးနဲ့ စတင်ကြုံတွေ့ရပါတယ်။ အဲ့တုန်းက သူစီးတဲ့ ရထားဟာ ရထားလမ်းလျှော်ပြီး ရေခဲရေထဲက ကျတဲ့အခါ သေဆုံးသူများ ရှိခဲ့ပြီး သူဟာ လက်မောင်းဒဏ်ရာအချို့ ရရှိပြီးသာ ကျန်ခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ သူစီးတဲ့ လေယာဉ်ဟာ အရေးပေါ် ထွက်ပေါ် မတော်တဆ ပြုတ်ထွက်ပြီး ၁၉ ဦးသေဆုံးတဲ့ အက်ဆီးဒန့်မှာ သူဟာ ကောက်ရိုးပုံပေါ် ကျပြီး ဒဏ်ရာအနာတရရရှိလို့ အသက်ဘေးမှ လွတ်ခဲ့ပါ သေးတယ်။ နောက်လေးနှစ်ကြာတဲ့အခါ သူစီးတဲ့ ဘတ်စ်ကားဟာ ရေထဲ ကျပြီး လေဦးသေပါတယ်။ သူကတော့ ရေကူးပြီး အပေါ်ကို ပြန်တက်နိုင်ခဲ့ ပါတယ်။ ၁၉၇၀ ခုနှစ်အရောက်မှာတော့ နံပါတ်လေးခုမြောက် အက်ဆီးဒန့် ဖြစ်ပြီး သူမောင်းတဲ့ ကား အက်ဆီးဒန့် ဖြစ်ပြီး ဆီတိုင်ကီ မပေါက်ကွဲခင် ကားကနေ အမြန် ထွက်နိုင်ခဲ့တာကြောင့် သေလုနီးနီး အခြေအနေမှ လွတ်မြောက်သွားခဲ့ ပါတယ်။

သုံးနှစ်အကြာမှာ သူ့ကားရဲ့ ဆီပိုက်ဟာ မတော်တဆ ပေါက်ထွက်ပြီး ဆံပင်ကို တက်ပက်မိပြီး မီးလောင်တဲ့အခါ ဆံပင်အများစု ပါသွားပါတယ်။ ၁၉၉၅ ခုနှစ်မှာ ဘတ်စ်ကား တိုက်တာ ခံရပြီး အရှိန် သိပ်မပြင်းတာကြောင့် ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ ပါတယ်။ နောက်တစ်နှစ်အကြာမှာ ကားတိုက်မှု နောက်တစ်ခု ထပ်ဖြစ်ပြီး ကားပေါက်ကွဲခါနီးမှာ လွတ်မြောက်ခဲ့ပါ သေးတယ်။


၂၀၁၀ ခုနှစ်အရောက်မှာ သူဟာ ဗြိတိန်ပေါင် ၆သိန်းဖိုး တန်ကြေးရှိတဲ့ ထီဆုကို ပေါက်ပါတယ်။ ဒါပေမယ့် သူဟာ ယင်းငွေအားလုံးကို မိတ်ဆွေနဲ့ အခြား သူများကို ပေးလှူလိုက်ပါတယ်။ အများက သူ့ကို ကမ္ဘာ့ ကံအကောင်းဆုံးလူလို့ ထင်ကြပေမယ့် သူကတော့ အဲ့လိုမမြင်ပါဘူးတဲ့။ အကြောင်းကတော့ သူဟာ ယင်း အက်ဆီးဒန့်များကို ကြုံတွေ့ခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် သူဟာ အသက်ဘေးက လွတ်မြောက် ခဲ့တာတွေကိုတော့ အင်မတန် ဝမ်းသာပြီး အသက်ထက် တန်ဖိုးကြီးတဲ့အရာ ဘာမှ မရှိတော့တာကို သိတာကြောင့် ဇနီးဖြစ်သူနဲ့ အတူ သာမန်ဘဝမှာ ပင်စင်စား နေထိုင်ပြီး သူပေါက်တဲ့ ထီမှ ငွေများကို အခြားလူများကို ပေးအပ် လှူဒါန်းခဲ့ပါတယ်။
.
Ref: telegraph.co.uk
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/myanmaronlinemedianews/photos/a.572785052762137.10737

မြေပဲစားမှ အားရှိ

(Sasha Gora)

ပြီးခဲ့သည့် အပတ်က မြန်မာပြည်ကို ခရီးထွက်ခဲ့ရာ၌ ပုဂံနှင့် ပုပ္ပားအကြား လမ်းပေါ်မှာ ကျွန်မ က ကားကို ရပ်ပြီး မြေပဲတောင်သူ တွေနှင့် တွေ့ဆုံခဲ့သည်။ ထိုနေ့ မတိုင်မီ ကျွန်မက ဈေးဆိုင်ပိုင် ရှင်တစ်ဦးနှင့် စကားစပ်မိပြီး မြေပဲရာသီအကြောင်းမေးတော့ သူက ‘‘ရာသီကုန်သွားပြီ။ သူ့ရာ သီက ဆောင်းဦးလောက်အထိပဲ’’ ဟု ကျွန်မကိုပြောပြသည်။

ကားလမ်းဘေးက အခင်း တွေထဲမှာ မြေပဲပင်အပုံတွေ က အခြောက်လှော် ထားသလို ခြောက်သွေ့နေသည်။ ထို့ကြောင့်ယာခင်းများထဲမှာပဲ တောင်သူ အမျိုးသမီးများကို တွေ့ရမည်ဟု ကျွန်မက မမျှော်မှန်း ထားခဲ့ပါ။ သို့သော်လည်း သူတို့ကို တွေ့ခဲ့ရပါသည်။ သူတို့ကခမောက်တွေ ကိုဆောင်းကာ မြေကြီးထဲက မြေပဲတွေကို နုတ်နေကြပါသည်။ မြေ ပဲရာသီမဟုတ်တော့သော်လည်း မြေပဲနုတ်ခြင်းကတော့ ရပ်နားသေးဟန်မတူပါ။ အခြားကမ္ဘာ ပေါ်က ကျေးလက်ဒေသတွေလိုပင် အမျိုးသမီးလယ်လုပ်သားတွေကို အစုလိုက်တွေ့ရတာ မြန်မာမှာတော့ အဆန်းတကြယ်မဟုတ် ပါ။ အာရှတွင် စားသောက်ကုန် ထက်ဝက်လောက်ကို အမျိုးသမီး များက စိုက်ပျိုးသည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီးက ခန့် မှန်းထားသည်။

မြေပဲနုတ်ခြင်းသည် နံနက် စောစောကနေ နေ့လယ်စာစား ချိန်အထိ လုပ်ရသော အလုပ်မျိုး ဖြစ်သည်။ နေက ခန္ဓာကိုယ်ကို အပူရှိန်မလောင်မီ တတ်နိုင်သမျှနုတ်ကြရသည်။ မြန်မာတွင် စိုက် ပျိုးသမျှ မြေပဲများ၏ ၆၀ ရာခိုင် နှုန်းကို ပဲဆီကြိတ်ကြသည်။ ကျန် တာတွေကိုတော့ ပြည်တွင်းဈေး ကွက်တွေမှာ ရောင်းချကြသည်။
တကယ်တမ်းတွင် အနောက်နိုင်ငံတွေမှာ စားကြသော မြေပဲ ထောပတ်နှင့် ယှဉ်ပြီး မြန်မာနိုင်ငံ မှာ ပြောလို့မရ။ အမေရိကန်မြေပဲ ကောင်စီ၏ ပြောကြားချက်အရ အမေရိကန်တွင် မြေပဲကို ပြည် တွင်းမှာ အတော်ကြာအောင်လူ တွေက သိပ်မကြိုက်ကြဟုဆို သည်။

အဘယ်ကြောင့်ဆိုသော် လူတွေက မြေပဲကို ဆင်းရဲသား တွေအတွက်လို့ ထင်ခဲ့ကြသည့် အတွက်ဖြစ်သည်။ သို့သော်မြေပဲ ထောပတ်ကိုမူ လူတွေက လက်ခံ သဘောကျလာခဲ့သည်။ ယခုအ ချိန်တွင် အမေရိကန်များသည် သူတို့အထက်တန်းကျောင်းပြီး သည့်အရွယ်အထိ အနည်းဆုံး ပျမ်းမျှမြေပဲထောပတ်ဆင်းဒွတ် အခု ၁,၅၀၀ လောက်တော့ စား ထားသည့်သူများဖြစ်လာကြပြီ။ မြန်မာမှာ မြေပဲထောပတ် ဆင်းဒွတ်ကို စားသည့် နေရာ မဟုတ်သော်လည်း မြေပဲကိုတော့ ကြိုက်ကြသည်။ သမိုင်းကြောင်း တွေအရ မြေပဲသည် တောင် အမေရိကတိုက်က မူလဇာစ်မြစ် ဖြစ်ပြီး စပိန်စွန့်စားခရီးသွားသူ တွေမှတစ်ဆင့် အာရှသို့ ပျံ့နှံ့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

  မြန်မာမှာတော့ မြေပဲကို ခေါက်ဆွဲထဲမှာလည်း ထည့်စား သည်။ အသုပ်ထဲလည်းထည့် သည်။ ဟင်းချိုထဲလည်း ထည့်သ လို လှော်ပြီးတော့လည်း သရေ စာအဖြစ် စားကြသည်။ အများစု ကိုမူ ဆီအဖြစ် ကြိတ်ကြသည်။ မြန်မာအစားအစာနှင့် ခရီးသွား ဆောင်းပါးစာရေးဆရာမ မသိင်္ဂီ က ‘‘ကျွန်မတို့က မြေပဲဆီကို အတော်သုံးပါတယ်။ မြေပဲကို လှော်ထောင်းပြီး အရွက်သုပ်တို့၊ ခရမ်းချဉ်သီးသုပ်တို့မှာ ထည့် တယ်။ ပြီးတော့ အခွံနဲ့ ပြုတ်ပြီး တော့လည်း စားတယ်။ အဲဒါက အရမ်းချိုတယ်။ အသုပ်အများစု က ပုစွန်ခြောက်ကို ထောင်းပြီး အမှုန့်ထည့်တယ်။ သက်သတ် လွတ်ဆိုရင်တော့ မြေပဲကို အစား ထိုးသုံးတယ်’’ဟု ရှင်းပြသည်။ သို့ သော်လည်း မြေပဲနှင့် ဓာတ်မ တည့်သူ သက်သတ်လွတ်သမား တွေအတွက်ကတော့ သိပ်အဆင် မပြေလှပါ။

  မြန်မာနိုင်ငံ၏ အဓိကဆီ ထွက်သီးနှံများမှာ နှမ်းနှင့် မြေပဲ ဖြစ်သည်။ မြေပဲကိုမူ အသုပ်မျိုး စုံနှင့် အကြော်တွေကြော်ရာမှာ ပို သုံးကြသည်။ (အမှန်တော့ မြေပဲ ဆီသည် မီးခိုးထွက်အားမြင့်မှု ကြောင့် လေထုထဲက လေ၀င်မှု ကို ကန့်သတ်ထားရသော ရေငုပ် သင်္ဘောလိုနေရာမျိုးတွင် ချက် ပြုတ်ဖို့အတွက် သုံးကြသည်) ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံ၏ ကျေး လက်ဒေသစီးပွားရေးအတွက် ဆီထက် အရေးကြီးသည့် ကောက်ပဲသီးနှံမှာ ဆန်ဖြစ်သည်ဟု ဆို သည်။

  မြန်မာမှာတော့ ဟင်းဆို ဆီများလေ ကောင်းလေဟု ယူဆ ကြသည်။ မီမီခိုင်၏ မြန်မာဟင်း ချက်နည်းစာအုပ်ထဲတွင် ကြက် သားဟင်း၌ သုံးပေါင်ခန့်မရှိတရှိ ကြက်သားအတွက် ဆီကိုခွက်၏ သုံးပုံတစ်ပုံခန့် ထည့်ခိုင်းသည်။ သည်ပမာဏ တကယ့်ကို အဆ မတန်အများကြီးဖြစ်ပါသည်။
‘‘သည်ဟင်းချက်နည်းတွေ မှာဆီက မြန်မာပုံစံအတိုင်းပေး ထားတာပါ။ တခြားလူမျိုးတွေ အတွက်တော့ ဆီအများကြီးပေါ့။ ဒါပေမဲ့ ဒီလိုဆီပြန်ပုံစံက မြန်မာ မှာ စားကြတဲ့ ပုံစံပါပဲ’’ဟု စာရေး သူခိုင်ကဆိုသည်။ ပဲဆီကို တန်ဖိုး ထားစွာ စားသုံးကြသည့်အတွက် မြေပဲစိုက်ပျိုးမှုသည် မြန်မာတွင် ၂၀၀၉ က ဧက ၁ ဒသမ ၈ သန်း အထိရှိသည်။

မြေပဲခင်းတွေကနေ လမ်း အတိုင်း ကျွန်မဆက်ဆင်းသွားခဲ့ ရာ သူတို့၏ မြေယာတွေကို ထန်း လျက်၊ နှမ်းနှင့် မြေပဲဆီထုတ်သူ တွေကို ငှားထားသည့် မိသားစု တစ်စုနှင့် တွေ့ပါသည်။ မြေပဲဆီရရန် ဆီဆုံမှာ နွားနှင့် လှည့်ပြီး ဆီကြိတ်ရသည့် မြေပဲလေးကီလို ခန့်ကို ၂ နာရီ လောက်ကြိတ်ပါသည်။ ထိုအခါ မြေပဲဆီ နှစ်လီတာခန့်ထွက်ရှိပြီး  ကျန်သောပဲဖတ်ကို တိရစ္ဆာန်များကို ကျွေးကြသည်။

သည်အလုပ်က သိပ်အကြီး အကျယ်တော့ မဟုတ်။ မြေပဲဆီ အများအပြားကိုမူ စက်ဖြင့် ကြိတ် ယူကြပြီး ဆီဆုံကတော့ ကျေး လက်တွေမှာပဲ အသုံးများကြ သည်။ ဆီဆုံက ကြိတ်တာနှေး သော်လည်း ဆုံက ထွက်သော ဆီကို အဆင့်မြင့်အရည်အသွေးအ ကောင်းဆုံး ပဲဆီဟု ယူဆကြ သည်။ ပဲဆီက မြန်မာမှာ လူကြိုက်များသည့်အတွက် ဈေးကလည်း ကြီးလှသည်။ မကြာသေးမီနှစ် များက မြန်မာသည် မလေးရှားနှင့် အင်ဒိုနီးရှားက စားအုန်းဆီများကို စတင်တင်သွင်းလာခဲ့သည်။ စား အုန်းဆီက ဈေးချိုသဖြင့် လူသုံး များသော်လည်း မြန်မာထုံးစံ အတိုင်း မြေပဲဆီကိုသာ လူတွေ က ပိုကြိုက်၊ ပိုနှစ်သက်နေဆဲဖြစ် ပါသည်။

ယခင်တုန်းက မြေပဲဆိုတာ အမေရိကမှာ ဈေးချိုသည့်အရာ ဖြစ်သည်။ ထို့ကြောင့် လုပ်ခနည်း နည်းဖြင့် လုပ်ရသည့်အလုပ်မျိုး ကို မြေပဲဖိုးလောက်ဖြင့် လုပ်ရ သည်ဟု တင်စားပြောကြသည်။ ယခုမြန်မာမှာတော့ မြေပဲက ဈေး မပေါတော့ပါ။ စားအုန်းဆီကသာ ဈေးပေါပါသည်။ ထို့ကြောင့် မြေပဲနေရာမှာ စားအုန်းဆီဖိုးမျှ လောက်အတွက်သာ လုပ်ကြ သည်ဟု ဆိုရိုးစကားကို ပြောင်း လဲပြောရတော့မည်ထင်ပါသည်။

(ခရီးသွားစာရေးဆရာမ Sasha Gora ၏ Myanmar is powered by peanuts ခရီးသွားဆောင်းပါး ကို ထားထားမြင့် ဘာသာပြန် ဆိုထားသည်။)

http://7daydaily.com/story/32491#.VO81gC7dXLV

အကျပ်လွန်ဘောင်းဘီဝတ်ခြင်း၏ ဆိုးကျိုးများ


ဖက်ရှင်အလှအပများ ပေါလွန်းလှသည့်အချိန်တွင်အမျိုးသား၊အမျိုးသမီးများအတွက် ရွေးချယ်စရာများ
ကလည်း များပြားလှသည်။ လူအများရွေးချယ်သည့် အ၀တ်အစားသည် ဖက်ရှင်ကျလှပရုံသာမက ကျန်းမာရေးအတွက် သက်ရောက်မှုလည်းရှိသည်။ နေ့စဉ်ဝတ်ဆင် သည့် အ၀တ်အစားများကို ပုံမှန်လဲလှယ်မှု မရှိ သည့်အတွက် လုံလောက်သော သန့်ရှင်းမှုမရှိ ခြင်း၊ ကျပ်လွန်းသည့် အ၀တ်အစားများကြောင့် သတိမပြုမိသော်လည်း နောက်ဆက်တွဲကျန်းမာ ရေးဆိုင်ရာ ဆိုးကျိုးများ ခံစားကြရနိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်များကပြောပါ သည်။

ယခုအခါတွင် ခန်္ဓာကိုယ်အလှကို ပေါ်လွင် စေသည့် ဘောင်းဘီ ကျပ်ကျပ်များ လူငယ်ထု အတွင်း ပိုမိုအကြိုက်များလာကြသည်။ ထို ဘောင်းဘီအကျပ်များသည် အမျိုးသမီးများတွင် အဖြစ်များသည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါဖြစ်စေသည့် အကြောင်းအရင်းများစွာထဲ မှတစ်ခုလည်း ဖြစ်နိုင်ကြောင်းသိရသည်။ ဘောင်းဘီကျပ်ကျပ်သည် စမတ်ကျလှပသော် လည်း သက်သောင့်သက်သာတော့ မရှိလှပေ။ လှုပ်ရှားသွားလာနေသူများအတွက် ကျပ်နေ သည့် ဘောင်းဘီသည် အရေပြားပွန်းခြင်းများ၊ နီရဲလာခြင်းများနှင့် သွေးခြည်ဥခြင်း များအထိ ဖြစ်နိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပွန်းနေ သည့် အရေပြားမှတဆင့် ဆီးလမ်းကြောင်းထဲ ပိုးဝင်နိုင်ကြောင်း သိရသည်။

ဆီးလမ်းကြောင်း ပိုးဝင်သည့်အခါ မကြာခဏ ဆီးသွားလိုခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ် ခြင်း၊ ညပိုင်းတွင် ဆီးမကြာခဏသွားခြင်း၊ ဆီး အရောင်အနံ့ပြောင်းလာခြင်းနှင့် ဆီးသွားလျှင် သွေးပါခြင်းစသည့် ရောဂါလက်္ခဏာများဖြစ်ပြီး၊ ဆီးနှင့် ကျောက်ကပ်ရောဂါအများစုမှာ ဆီးလမ်း ကြောင်းပိုးဝင်ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပွားခြင်းဖြစ်ကာ စောစီးစွာမကုသပါက
ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်ပွားနိုင်ပါ သည်။

ဘောင်းဘီရှည်အကျပ်သည် အစာအိမ်ကို သွားဖိမိသည့်အတွက် အစာအိမ်ထဲမှ အစာချဉ် ရည်များထွက်ခြင်း၊ ရင်ခေါင်းပူပြီး နာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မကြာခဏ ၀မ်းသွား ခြင်းစသည့် ဆိုးရွားသည့်ပြဿနာများပါ ဖြစ် ပွားနိုင်ကြောင်း သိရသည်။ ““အောက်ခံအ၀တ် ကျပ်ကျပ်တွေကတော့ ပထမဆုံးပေါင်ပွန်း တာ တွေဖြစ်တယ်။ ပြီးရင် မွေးညင်းပေါက်တွေရောင် လာတာ၊ မှိုပိုးဝင်တာတွေ ဖြစ်လာတယ်။ အရေ ပြားမှာ ပွေးပေါက်တာမျိုးတွေဖြစ်ပြီး အဲဒီကနေ စနစ်တကျကုသမှုမရှိရင် ထပ်ဆိုးဝါးတဲ့ အခြေ အနေတွေ ဖြစ်လာနိုင်တယ်””ဟု ဒေါက်တာ မြတ်ဝေကပြောသည်။

အရေပြားတွင်ဖြစ်သည့် ယားနာများအတွက် လိမ်းဆေးများအသုံးပြုလျှင် လွယ်လွယ်ကူကူ ပျောက်ကင်းနိုင်သည်ဆိုသော် လည်း လိမ်းဆေးအချို့တွင် အရေပြားကိုယ်ခံ စွမ်းအားကျစေသည့် စတီးရွိုက်ပါဝင်သော လိမ်း ဆေးများလည်းရှိသည်။ ထိုကဲ့သို့သော လိမ်းဆေး
များအား ရိုးရိုးယားနာပျောက်ရန်အတွက် လိမ်း သည့်အခါ အရေပြား ပွန်းပဲ့ခြင်းကြောင့် ပုံမှန် မဟုတ်သော အရေပြားသည် အရေပြားကိုယ်ခံ စွမ်းအား ကျဆင်းသွားစေပြီး ပိုးဝင်ခြင်းကို ပိုမိုဆိုးရွားသွားစေ သည်လည်းရှိကြောင်း သိရ သည်။ ဘောင်းဘီကျပ်များက ပေါင်နေရာအား စည်းထားသလိုဖြစ်သည့်အတွက် ကျပ်ခြင်း၊ နာခြင်း၊ ထုံခြင်းတို့ပါ ဖြစ်ပေါ်စေနိုင်ပါသည်။

ကျပ်လွန်းသည့် ဘောင်းဘီများကြောင့် ခြေထောက်ရှိအကြောများ၊ တင်ပါးဆုံမှ အာရုံ ကြောများ ထိခိုက်နိုင်ခြင်းတို့ပါ ဖြစ်ပေါ်စေနိုင် သည့်အပြင် ခြေထောက်ရှိအကြောများပြတ် တောက်ခြင်း၊ အရေပြားတွင် အကြောများ ပြတ် တောက်ခြင်းစသည့် ဆိုးကျိုးများ လည်း ဖြစ်ပေါ် စေနိုင်သည်။ ဆီးချိုရောဂါရှိသူများ၊ ကိုယ်အလေး ချိန်များသူများ၊ တုံ့ပြန်လွယ်သည့် အသားအရေ ရှိသူများ၊ မူလက အရေပြားရောဂါ ခံစားနေရ သူများ ဘောင်းဘီကျပ်ကျပ်ဝတ်ခြင်းအား ပိုမို သတိပြုသင့်ကြောင်းသိရသည်။ များသောအား ဖြင့် ကိုယ်အလေးချိန် တက်လာသော်လည်း အောက်ခံအ၀တ်အစားများအား မူလသုံးသည့် ဆိုဒ်များသာသုံးခြင်းကလည်း အရေပြားပွန်းပဲ့ ပြီး နောက်ဆက် တွဲရောဂါများ ဖြစ်ပွားနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ အမျိုးသား၊ အမျိုးသမီး များအတွက် အောက်ခံအ၀တ်အစားများသည် ကျန်းမာရေးအတွက် အရေးကြီးပါသည်။ အောက်ခံ အ၀တ်အစားကို အကြမ်းဖျင်းအားဖြင့် တစ်ရက် ထက်ပို၍ ၀တ်ဆင်ရန်မသင့်တော်ပေ။

ခန်္ဓာကိုယ် မှထွက်ရှိလာသည့် ချွေးများကြောင့် စိုစွတ်နေ သည့် အောက်ခံအ၀တ်အစားများအတွင်း ပိုး ပေါက်ဖွားပြီး မှိုပိုးများဝင်နိုင်ခြင်း၊ ပွေးကဲ့သို့သော အရေပြားရောဂါ များ ဖြစ်ပွားလာနိုင်ခြင်းစသည် တို့ကို ခံစားရနိုင်ပါသည်။
ထို့အပြင် အဟောင်းများကို မကြာခဏ ပြန်ဝတ်ခြင်း၊ အဟောင်းလွန်သွားသည်အထိ Underwear များအား အသုံးပြုနေခြင်းတို့သည် အောက်ခံအ၀တ်များ ဟောင်းသည့်အခါတွင် ထွက်လာသော အမွေးများက အရေပြားတွင် တုံ့ပြန်လွယ်ခြင်းများကြောင့် အရေပြားနီခြင်း၊ ရောင်ခြင်းများလည်း ခံစားရနိုင်ကြောင်း ဒေါက် တာထူးညိုကပြောသည်။ အောက်ခံအ၀တ်အ စားများအား ခြောက်လ ထက်ပိုပြီး အသုံးမပြု သင့်ဘဲ အခြားသူများနှင့် မျှဝေသုံးစွဲခြင်းကို လည်း သတိပြုရမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အောက်ခံအ၀တ်အစား ကျပ်ကျပ်များ ကို ၂၄ နာရီလုံး ၀တ်ဆင်ထားခြင်းသည် အမျိုး သားများအတွက် သားသမီးရနိုင်သည့် စွမ်းရည် ကိုပါ ကျဆင်းစေ သည်အထိ ဖြစ်နိုင်ကြောင်း နှင့် ထိုအ၀တ်အစားများကို အမျိုးသား၊ အမျိုး သမီးများပါ ညအိပ်ဝတ်ခြင်းကိုမူ လုံးဝရှောင် ကြဉ်သင့်ကြောင်း နိုင်ငံတကာ မှ ပညာရှင်များ ကလည်း အကြံပြုပြောကြားထားသည်။

““ညဘက်အိပ်တဲ့အချိန်မှာ ကိုယ်ခန်္ဓာရဲ့ ကြွက်သားတွေကလည်း နားနေကြတယ်။ အညစ်အကြေးထုတ်တာ၊ ကိုယ်ခံအားစနစ် ပြုပြင်ပေး တာတွေ လုပ်နေတဲ့အချိန်မှာ ကျပ် တဲ့အောက်ခံတွေက အနှောင့် အယှက်ပေးတယ်။ အမျိုးသားတွေမှာ အဲလိုအောက်ခံကျပ်ကျပ်တွေ ရဲ့ ဆိုးကျိုးကို ပိုခံစားကြရတယ်””ဟု ဒေါက်တာ ဘုန်းနေသွန်း က ပြောသည်။

နေ့စဉ်ဝတ်ဆင် သည့် အ၀တ်အစားများမှတဆင့် ရောဂါများရရှိသည်အထိမဖြစ်စေရန်၊ ရွေးချယ်အ
သုံးပြုကြ ရန် လိုအပ်ပြီး၊ မိမိနှင့်သင့်လျော်သည့် သိပ် မကျပ်လွန်း၊ မကျယ်လွန်းသည့် အ၀တ်အစား များအသုံးပြုခြင်း၊ အောက်ခံအ၀တ်အစားများ အား တစ်ထည်တည်းကို ထပ်ခါဝတ်ဆင်ခြင်းနှင့် အချိန်ကြာဝတ်ဆင်ခြင်းအား သတိပြုခြင်း၊ ချွေး စုပ်နိုင်သည့်အသားဖြင့် ပြုလုပ်ထားသော အောက်ခံ များအား အသုံးပြုသင့်ကြောင်း သိရ သည်။ နိုင်ငံတကာရှိ ကျန်းမာရေး ဆိုင်ရာ ပညာ ရှင်များမှ လေ့လာတွေ့ရှိထားသည့် ကျန်းမာရေး အတွက် ဆိုးရွားစေသည့် ဆင်ခြင်ရမည့်အချက် များထဲတွင် ဒေါက်ဖိနပ်အမြင့်များ စီးခြင်း၊ ဆေး မင်ကြောင်ထိုးခြင်း၊ ခန်္ဓာကိုယ်အပေါက် များ ဖောက်ခြင်း၊ နေပူခံခြင်းစသည့်အကြောင်းအရာ များအပြင် အလွန်ကျပ်သည့် ဘောင်းဘီများက
လည်း ကျန်းမာရေးအတွက် ဆိုးကျိုးများဖြစ်ပေါ် စေနိုင်ကြောင်း ဖော်ပြထားကြသည်။

Credit : သုတေသီဆရာဝေ

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1

ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် သဘာဝဆေးနည်း


ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် ဆံပင်ကို သန်စွမ်းနက်မှောင်လာစေမည့် သဘာဝဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါသည်။

ဆေးနည်း

၁။ သြဇာသီးအမှည့်၏ အစေ့ကို မိမိဆံပင် အထူးအပါးပေါ်မူတည်၍ အစေ့ (၂၀)၊ (၃၀) စသဖြင့် ယူပါ။

၂။ ရင့်ပြီး မည်းနက်နေသော အစေ့များကိုသာ ရွေးယူပါ။

၃။ ၄င်းအစေ့များကို မီးဖုတ်ပေးပါ။

၎။ ပြာကျသွားသည့်အထိ ဖုတ်၍ ၄င်းသြဇာစေ့၏ ပြာကိုယူ၍ အုန်းဆီနှင့် ရောစပ်ကာ ဆံပင်ကို လိမ်းပေးပါ။ ပျားရည်၊ နနွင်းတို့နှင့် ရောစပ်ကာ မန်ကျည်းစေ့ခန့် ဆေးလုံးများပြုလုပ်ထား၍ ညပိုင်းမှာ ရေအေးနဲ့ သောက်သုံးနိုင်ပါတယ်။။

နောက်တစ်နည်း

ကြိတ်မှန်ရွက်ကို အရည်ညစ်ယူပါ။ ပြီးလျှင် နမ်းဆီနှ့်ရော၍ ကြော်လိုက်ပါ။ ဆူပွတ်လာလျှင် အောက်ချပြီး အအေးခံထားပါ။ ၄င်းအရည်ကို ဆံပင်၏ အရင်းမှအဖျားထိ လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်ခန့် လိမ်းပေးပါ။

ဆံပင်ဖြူများ တဖြေးဖြေးနက်မှောင်လာ၍ နောက်ထပ်ပေါက်လာမည့် ဆံပင်များလည်း နက်မှောင်ကာ သန်စွမ်းလာပါလိမ့်မည်။

သန်စွမ်းနက်မှောင်၍ လှပသောဆံကေသာများကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဦးစောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာ့ရိုးရာဆေးကျမ်းများ

ဘီယာကို မသောက်ပဲ သုံးစရာ အခြားနည်းလမ်းများ





ဘီယာကို သောက်စရာ အပြင် အခြားသော နည်းလမ်းများစွာဖြင့် အသုံးပြုလို့ ရပါသေးတယ်။ ဥပမာ သူ့ကို ရေချိုးသလို ချိုးဖို့ အသုံးပြုတာတို့ အသားစိမ်း၊ ငါးစိမ်းတို့ကို ချက်ခါနီး ဘီယာနဲ့ နှပ်ထားတာတို့ကို သိကြမှာပါ။ အဲ့လိုပဲ အလားတူ အမျိုးအစားများကို ဖော်ပြလိုက်ရပါတတယ်။ ဘီယာကို အခြား အသုံးပြုလို့ ရတဲ့ နည်းလမ်းများကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁) ရေချိုးသလိုချိုးခြင်း (ကျန်းမာရေးအတွက်)
၂) မီးငြိမ်းခြင်း
၃) အသားစိမ်းများကို မချက်ခင် နူးနပ်စေခြင်း
၎) အိုးခွက်များကို တောက်ပြောင်အောင်ဆေးခြင်း
၅) ဘီယာဖြင့် အသားများအား စိမ်၍ ကင်ခြင်း
၆) ခေါင်းလျှောရန်အတွက် သုံးခြင်း
၇) ဝက်အူရစ်များအား သံချေးချွတ် သန့်စင်ခြင်း
၈) သြဇာ ရွက်ဖျမ်းရည် ကဲ့သို့ အသုံးပြုခြင်း
၉) ခရုခွံခွာခြင်း၊ ချက်ခြင်း
၁၀) ကျောက်ကပ် သန့်စင်ခြင်း
၁၁) ပုဇွန်ကို ပြုပ်ခြင်း
၁၂) မြောက်အရပ်ကို ရှာဖွေရန် သံလိုက်အိမ်မြောင်ကဲ့သို့ သုံးခြင်း
၁၃) မျော့၊ ကျွတ် များကို သတ်ခြင်း
၁၄) ခြေထောက်ကို အကိုက်အခဲပျောက်ရန် စိမ်ခြင်း
၁၅) သွေးပေါင်ချိန် ကျစေခြင်း
၁၆) ဘီယာပေါင်မုန့် ပြုလုပ်ခြင်း
၁၇) ကြွက်ဖမ်းခြင်း
၁၈) ငါးဖမ်းခြင်း
၁၉) အကြောအကိုက်အခဲ သက်သာရန် ဘီယာထုတ်ဖြင့် ဖိပေးခြင်း
၂၀) ဝမ်းနာလျှင် သောက်၍ သက်သာစေခြင်း
၂၁) ထမင်းချက်ခြင်း
၂၂) ကြက်ကင်ခြင်း

အစရှိသဖြင့်တို့အပြင် အခြားသော နည်းလမ်းများစွာဖြင့်လည်း အသုံးပြု နိုင်ပါ သေးတယ်။ အသုံးပြုပုံ အသေးစိတ်ကိုတော့ http://www.menshealth.com/mhlists/things-to-do-with-beer/printer.php မှာ ဖတ်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

http://www.innewsmyanmar.com/2015/02/blog-post_24.html

မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀ မိနစ်လောက်ပေးနိုင်မလား


အိန္ဒိယ သမ္မတပြောသွားတဲ့ မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀ မိနစ်လောက်ပေးနိုင်မလား တဲ့ ပေးနိုင်ရင် ဒီစာလေးကိုဖတ်ကြည့်ပါ

မြန်မာနိုင်ငံ က လူတွေ အတွက် လည်း
တိုက်ဆိုင်လွန်းလို့ သူငယ်ချင်းတို့
အချိန်ယူပြီး ဖတ်စေချင်တယ်။ အချိန်
နည်းနည်းပေးပြီးဖတ်ပေးပါ။

ဒီစာကို ဖတ် ပြီးသွားရင် သူငယ်ချင်းတို့ရဲ့ စိတ်ထဲမှာ ကိုယ့်တိုင်းပြည်အတွက် ငါတို့ဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေ ဆိုတာ သဘောပေါက်လာလိမ့်မယ်။ တာဝန် သိစိတ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။
အိန္ဒိယသမ္မတပြောတဲ့ မိန့်ခွန်းထဲက လက်ရှိမြန်မာလူမျိုး အတော်များများရဲ့ စိတ်ဓါတ်ကို ထင်ဟပ်စေတဲ့ အကြောင်းလေးပါ။ သဘောတူတယ် သဘောကျ တယ် နှစ်သက်တယ်ဆိုရင် ကျန်တဲ့လူတွေ သိအောင်ရှဲးပေးစေချင်ပါတယ်။ အခုလို ပြောထားပါတယ်။

" မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀မိနစ်ရမလား..?
ရတယ်ဆိုမှ ဒီစာကိုဆက်ဖတ်ပါ…
အချိန်မရှိရင်တော့ မင်းသဘောပဲ…။

အိန္ဒိယသမ္မတ:
"တို့အိန္ဒိယအစိုးရက လုပ်ဆောင်မှုတွေမထိရောက်ဘူး မင်းပြောတယ်။ တို့နိုင်ငံရဲ့ဥပဒေတွေကလဲ အိုဟောင်းပြီး ခေတ်မမီတော့ဘူး။

မင်းပြောတယ်…စည်ပင်ကလဲ အမှိုက်တွေမရှင်းဘူး
မင်းပြောတယ်….ဖုန်းလိုင်းတွေကလဲ အလုပ်မလုပ်တာခပ်များများလို
မင်းပြောတယ်… မီးရထားဆိုတာ ဟာသတစ်ခုပဲ..အဲလိုင်းတွေဆို ကမ္ဘာမှာ
အဆိုးဆုံး…စာပို့စနစ်မှာလဲ ဘယ်တော့မှ ပို့တဲ့စာက မရောက်ဘူး…တို့တိုင်းပြည်မှ
အားလုံးက ခွေးစာကျွေးပစ်ရတော့မလောက် ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲ လို့
မင်းပြောတယ်… မင်းပြော… မင်းအဲ့ဒါတွေချည်းပဲ ပါးစပ်ကနေပြောပြီး။

မင်းကရောဘာတစ်ခုလုပ်လဲ…? ကောင်းပြီ..မင်းစင်ကာပူကိုရောက်တဲ့အခါကျတော့...
စင်ကာပူကလမ်းတွေပေါ် မင်းဆေးလိပ်လွှင့်မပစ်ရဲဘူး..စတိုးဆိုင်မှာ မုန့်မစားရဲဘူး..
ညနေ ၅ နာရီနဲ့ ၆ နာရီကြား အောခတ်လမ်းပေါ်ကားဖြတ်မောင်းဖို့ ၅ ဒေါ်လာ
မင်းပေးတယ်… အဲ့လိုစင်ကာပူမှာ မင်းတစ်ခုခုများပြောလား..ပြောခဲ့လား…?
ဒူဘိုင်းမှာ ဥပုသ်လမျိုး လူမြင်ကွင်းမှာ မင်းအစားစားရဲလား…
မကာရ်မှာ ခေါင်းမဆောင်းပဲ မင်းအပြင်ထွက်ရဲလား.. ၀ါရှင်တန်မှာ တစ်နာရီ
၅၅မိုင်ထက်ကျော်ပြီး မင်းကားမောင်းရဲလား… မောင်းမိလို့ ရဲလာဖမ်းရင်
ငါ့ကိုဘာမှတ်နေလဲ ငါဘာကောင်လဲ သိလား ငါဘယ်သူ့သားလဲ သိလားလို့ ရဲကို
မင်းပြောရဲလား…. အော်ဇီနဲ့ နယူးဇီလန်ကမ်းခြေတွေမှာ စားပြီးသား
အုန်းခွံတွေကို တွေ့ကရာမင်းလျှောက်ပစ်ရဲလား….

တိုကျိုကလမ်းတွေပေါ်မှာမင်းကွမ်းတံတွေးလျှောက်ထွေးရဲလား။ဒါတွေက မင်း
ကိုမေးနေတာ။
သူများတိုင်းပြည်မှာ သူ့စည်းကမ်းနဲ့အညီ အတိအကျလေးစားလိုက်နာနိုင်ပြီးကိုယ့်နိုင်ငံပြန်ရောက်မှ စည်းကမ်းကိုမလေးစား စည်းကမ်းပျက်တတ်တဲ့မင်းကိုပဲ မေးနေတာ။

အိန္ဒိယမြေကို စနင်းပြီဆိုတာနဲ့စိတ်ထင်သလို ဆေးလိပ်တွေ စက္ကူစတွေ အမှိုက်လျှောက်ဖွတတ်တဲ့
မင်းလိုလူတွေကို မေးနေတာ။

တခြားတိုင်းတပါးမှာစည်းကမ်းလိုက်နာလေးစားတတ်ခဲ့တဲ့မင်းက ကိုယ့်မွေး
ရပ်နိုင်ငံမှကျတော့ ဘာလို့ပုံစံအတူတူမလုပ်နိုင်ရတာလဲ

အင်တာဗျူးတစ်ခုမှာအငြိမ်းစားဘုံဘေမြို့စည်ပင်အရေးပိုင်ကြီး Mr.Tinaikar ဘာပြောသွား
လဲသိလား။လူ့မလိုင်တွေက သူတို့ခွေးတွေနဲ့လမ်းလျှောက်ထွက်ပြီး
လမ်းတွေပေါ်မှာ ခွေးအညစ်အကြေးတွေထားခဲ့ကြတယ်။

ပြီးတာ့ အဲ့လူတွေကပဲတစ်ခါပြန်ပြီး ညစ်ပေနေတဲ့လူသွားလမ်းတွေအတွက် တာဝန်ရှိသူ
အဖွဲ့အစည်းတွေညံ့ဖျင်းလှချည်ရဲ့ဆိုပြီး အပြစ်တင်တတ်ကြတယ်… တာဝန်ရှိသူတွေကို
သူတို့ကဘယ်လိုလုပ်ပေးစေချင်တာလဲ။

သူတို့ခွေးတွေနောက်ကနေတံမြက်စည်းတစ်ချောင်းကိုင်ပြီး ခွေးစွန့်ခဲ့သမျှ
အညစ်အပတ်တွေကိုတကောက်ကောက်လိုက်ရှင်းပေးစေချင်တာလား။

အမေရိကားမှာကိုယ့်အိမ်မွေးတိရစ္ဆာန်ဆီက ထွက်တဲ့ အညစ်အကြေးတွေ
သန့်စင်ပေးဖို့ ပိုင်ရှင်ကတာဝန်ယူရတယ်..ဂျပန်မှာလဲဒီလိုပဲ… ဒီ အိန္ဒိယကလူတွေ
အဲ့လိုလုပ်လား..? တို့လူတွေကကျတော့ မဲပေးပွဲသွား။ မဲလေးပေးပြီး..ဖြစ်သမျှ
အကုန်ကို တာဝန်လွှဲချခေါင်းခံပေးဖို့ လူတစ်ယောက်ရွေးလိုက်သလိုပဲ။
ကိုယ်ကိုယ်တိုင်ကဘာတာဝန်မှမရှိသလိုနေပြီး အရာအားလုံးကို အစိုးရကပဲ ကကြီး
ခခွေးကအစ လိုက်ဖြေရှင်းပေးဖို့ထိုင်မျှော်လင့်နေကြတယ်။

ကိုယ်တိုင်ပါဝင်အားဖြည့်မှု သုည…. အမှိုက်လေးတွေ
ကြုံသလိုလျှောက်ပစ်ရင်း မြို့တော်သာယာလှပဖို့ အာဏာပိုင်တွေကို
ထိုင်စောင့်နေကြတယ်။ အဲဒီ့အစား အမြင်မတော်တဲ့ စက္ကူတစ်စကို
အမှိုက်ပုံးလေးထဲရောက်အောင်ထည့်လိုက်ဖို့တော့မသိချင်ယောင်ဆောင်ထားတယ်။

ရထားဘူတာရုံတွေမှာ သန့်စင်ခန်းတွေ
ထားပေးစေချင်ကြတယ်..ဒါပေမဲ့ အဲဒီ့သန့်စင်ခန်းတွေကို
ကျကျနနဘယ်လိုသုံးရမလဲတော့ အလေးမထားဘူး။

အိန္ဒိယအဲလိုင်းတွေမှာအကောင်းဆုံးအစားအသောက်တွေ ရေအိမ်တွေရှိစေချင်ကြတယ်။
ဒါပေမဲ့လစ်ရင်လစ်သလို ရသလောက်လေး ပိုယူလာဖို့ ခိုးလာဖို့လဲ ၀န်မလေးဘူး။
ကဲ..ဒီတော့ ပျက်စီးပုပ်သိုးနေပါတယ်ဆိုတဲ့ ဒီစနစ်ကြီး အဖွဲ့အစည်းအတွက်
ဘယ်သူ့မှာ တာဝန်ရှိတာလဲ။

ဘယ်သူတွေက ပြောင်းလဲဖို့လိုနေတာလဲ…အဲဒီ့စနစ်ကြီးမှာ ဘယ်သူတွေ ပါဝင်လှုပ်ရှား
လည်ပတ်နေတာလဲ။ကိုယ့်အိမ်ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မြို့ ကိုယ့်အဖွဲ့အစည်း တခြား
အဖွဲ့အစည်းတွေနဲ့ အစိုးရအကုန်လုံးပါဝင်နေတာမဟုတ်ဘူးလား။

ဒါပေမဲ့ သေချာပါတယ်..တကယ်တမ်းလက်တွေ့ကျကျ ပါဝင်ပြောင်းလဲလုပ်ဆောင်
ရမယ့်အချိန်ကျတော့ အားလုံးကကိုယ့်မိသားစုလေးနဲ့အတူတူစိတ်ချလုံခြုံတဲ့အိမ်လေး
ထဲအတူတူထိုင်နေကြပြီး ပြတင်းပေါက်ကနေခပ်လှမ်းလှမ်းပဲ စောင့်ကြည့်နေကြမှာပါ။

သူတို့စိတ်ထဲမှာတော့ မောင်သန့်ရှင်းကြီးတစ်ယောက် မိုးပေါ်ကနေကျလာပြီး
အာလုံးကိုနေရာတကျပြန်ဖြစ်သွားအောင်လှဲကျင်းရှင်းလင်းပြောင်းလဲပေးသွားလိမ့်မယ်လို့
မျှော်လင့်ရင်လဲ မျှော်လင့်နေကြမှာပေါ့။

ဒါမှမဟုတ်လဲ တတ်နိုင်သူတွေကတခြားတိုင်းတပါးကို ပြောင်းရွှေ့သွားရင်လဲသွားလိမ့်မယ်…. ဘာနဲ့တူလဲဆိုတော့အမဲလိုက်ခွေးကြီးလက်ကနေ ကိုယ်လွတ်ရုန်းပြေးတဲ့
သူရဲဘောလေးတွေလိုပဲ။

သူတို့စိတ်ထဲမှာ ကြီးကျယ်ခမ်းနားတယ်လို့ထင်ရတဲ့အမေရိကားရဲ့ ဂုဏ်သရေတော်အောက်
မှာနေပူစာလှုံခွင့်တောင်းခံကြပြီးအမေရိကားရဲ့ လူနေမှုစနစ်တွေကို တဖွဖွချီးမွန်းခန်းဖွင့်နေကြလိမ့်မယ်။

အဲ့လိုနေရင်းနဲ့မှာ နယူးယောက်က မလုံခြုံဘူးလို့ ခံစားလာရရင်အင်္ဂလန်ကိုဆက်ပြေးကြ
အင်္ဂလန်မှာ အလုပ်အကိုင်ရှားပါးလာရင်ပင်လယ်ကွေ့ကို လေယာဉ်နဲ့ပြေး... ပင်လယ်ကွေ့မှာ စစ်ဖြစ်လာတဲ့အခါကျတော့လူမှုကယ်တင်ရေးအစီအစဉ်နဲ့ အိန္ဒိယကိုပြန်ပို့ပေးဖို့ တောင်းဆိုကြ။

ကိုယ့်နိုင်ငံရဲ့စနစ် ခေတ်ကို အားပြည့်တိုးတက်လာဖို့တော့ ဘယ်သူမှ အပင်ပန်းခံပြီး
မစဉ်းစားချင်ကြဘူး။

အကောင်းအဆိုးပိုင်းခြားနိုင်တဲ့အသိဥာဏ်ကို ငွေကြေးပကာသနတွေနဲ့
အပေါင်ခံထားကြလိုက်သလိုဖြစ်နေတယ်။၃၅ ယောက်မြောက်အမေရိကန်သမ္မတ
J F Kennedy ကသူ့နောက်လိုက်အမေရိကန်တွေကို တောင်းဆိုခဲ့တဲ့ စကားလေးနဲ့ပဲ
နိဂုံးချုပ်လိုက်မယ်။

“DO NOT ASK WHAT YOUR COUNTRY DO FOR YOU.. ASK WHAT YOU CAN DO FOR YOUR COUNTRY..”

"တိုင်းပြည်က သင့်ကို ဘာပေးနိုင်လဲလို့ မေးမယ့်အစား.. တိုင်းပြည်အတွက် သင်ဘာပေးနိုင်မလဲ ဆိုတာပဲ မေးပါ" ….တဲ့……။ "

from: ရွှေမြန်မာမီဒီယာ
Related Posts Plugin for WordPress, Blogger...