စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ဥပုသ်နေ့နဲ့ပတ်သက်သမျှ သိကောင်းစရာများ”



ဥပုသ်နေ့အကြောင်းနဲ့ပတ်သက်သမျှကို သိရှိနားလည်ဖို့ရန် လိုမယ်ထင်လို့ မိမိသိရှိသမျှ စုံလင်အောင်
ရေးသားတင်ပေးလိုက်ပါတယ်။ဥပုသ်ဆိုသည်မှာ “ဥပေါသထ”-ဟူသောပါဠိကိုဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ 

ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ
ဝသထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

ကိုယ်ကျင့်သီလမပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့ အတွက် နေ့ရက်များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့
သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည်ရန်အတွက်ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာကို အောက်ပါ အတိုင်း တွေ့ရပါတယ်။

တစ်လကို
(၁) အဋ္ဌမီ လဆန်း၊ လဆုတ်(ရှစ်ရက်မြောက်နေ့)ဥပုသ်။
(၂) စတုဒ္ဒသီ (ရက်မစုံလအတွက် (၁၄)ရက်မြောက်လကွယ်နေ့) ဥပုသ်။
(၃) ပန္နရသီ (၁၅)ရက်မြောက် လပြည့်၊လကွယ်နေ့)ဥပုသ်။
(၄) ပါဋိဟာရိက (အကြိုအပို) ဥပုသ်ဟု အကျဉ်းအားဖြင့်
(၄)မျိုးရှိကြောင်း ကျမ်းဂန်များ တွင် ဖော်ပြထားကြပါတယ်။

ပါဋိဟာရိက-အကြိုဥပုသ်နဲ့ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်မရောက်မီ ကြိုတင်စောင့်ရတဲ့ (၇)ရက်မြောက်၊(၁၃)ရက်မြောက်၊ (၁၄)ရက်မြောက်ဥပုသ်တို့ ဖြစ်ပါတယ်။
အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်နောက်တွင် အပိုဖြည့်စွက်ပြီး စောင့်ရသော (၉)ရက်၊
လပြည့်ကျော်(၁)ရက်၊ လဆန်း(၁)ရက်ဥပုသ်၊ ၀ါတွင်းမှာဆိုရင်တော့ (၁၅)ရက်ဖြစ်စေ၊
တစ်ဝါတွင်းလုံးဖြစ်စေ စောင့်ထိန်းကြတဲ့ ဥပုသ်များလည်း ရှိပါတယ်။
အဲဒီလို ဥပုသ်စောင့်ရက်ကို ရှေးရှေးက သတ်မှတ်ထားကြပါတယ်။

ဘာဖြစ်လို့ ဒီလိုရက်ရှည်ကာလများစွာ ဥပုသ်သီလဆောက်တည်ကြတာလဲဆိုတော့ လူများရဲ့ စိတ်အစဉ်မှာ
ကိလေသာမြူတွေ နေ့စဉ်တင်နေတဲ့အတွက် ထိုကိလေသာမြူတွေကို ဥပုသ်သီလ စောင့်ထိန်းပြီး
ဆေးကြောသုတ်သင်ကြဖို့ ဖြစ်ပါတယ်။
 
မြတ်ဗုဒ္ဓကိုယ်တိုင်ကလည်း ဥပုသ်စောင့်ခြင်းကို ဦးခေါင်းလျှော်ခြင်းနဲ့ ဥပမာပြပြီး ၀ိသာခါကျောင်းအမကြီးကို
ဒီလိုဟောကြားပေးခဲ့ပါတယ်။ လဆန်း (၁)ရက်နေ့ဆို နေရောင်ရှိလို့ ဆံပင်ခြောက်သွေ့မည်ကို
မြင်တဲ့ အမျိုးသမီးဟာ ရေချိုးခေါင်းလျှော်ကြတယ်။ အဲဒီလို ခေါင်းလျှောက်လိုက်တော့ ဦးခေါင်းမှာ
အညစ်အကြေးသန့်ရှင်းလိုက်တဲ့အခါ ဆံပင်လည်း သွေ့ခြောက်သွားလို့ ဦးခေါင်းဟာ သန့်ရှင်းပြီး
ပေါ့ပါး သွားတယ်။ ဒါပေမဲ့ နောက်ရက်များမှာဦးခေါင်းပေါ်ဝယ် မြူမှုန်ကျခြင်း၊ အတွင်းက အညစ်အကြေးများ
ဦးခေါင်းပေါ်ထွက်လာတဲ့အခါ (၇)ရက်လောက်ကြာတော့ဦးခေါင်းဟာ လေးလံလာပြန်တယ်။
အဲဒါနဲ့ တစ်ပါတ်လောက်ကြာတဲ့ အခါ နောက်တစ်ကြိမ် ခေါင်းလျှော်ရတယ်။

အဲဒီလိုပဲ လူတို့ရဲ့စိတ်မှာ နေ့စဉ် စီးပွားရှာတဲ့အခါဖြစ်စေ၊ပျော်ပါးတဲ့အခါဖြစ်စေ၊ ပုံစံမျိုးစုံနဲ့နေထိုင် သွားလာ
လှုပ်ရှားနေရင်း ရာဂ၊ ဒေါသစတဲ့ ကိလေသာမြူမှုန်တွေဟာ ကပ်ငြိနေတယ်။ သံသရာတစ်လျှောက်လုံးကလည်း ဘ၀မျိုးစုံနဲ့ ကပ်ငြိလာခဲ့ကြတယ်။ အဲဒါကြောင့် မိမိတို့သန္တာန်မှာ ကိလေသာတွေဟာ မရေတွက်နိုင်အောင် များနေတယ်။
တစ်ဦးနဲ့တစ်ဦး တရားထူးရတာချင်း မတူတာ၊ တရားအသိမတူတာ၊ အကျိုးပေးမတူတာတွေဟာ
မိမိတို့ရဲ့ ကျင်လည်ခဲ့ရတဲ့ဘ၀တွေမှာ ကိလေသာတွေဘယ်လောက်ညစ်ကြေးလာအောင် ပြုလုပ်ခဲ့သလဲဆိုတာ မသိရတဲ့အတွက် မတူကြတာပါ။

တချို့က သူများလို ခဏလေးနဲ့တရားမှတ်ရင် တရားသိမယ်ထင်တယ်။ သူများလို ကောင်းတာလေး
တစ်ခုလောက်လုပ်ရင် အကျိုးပေးမယ်ထင်နေတာလေ။မိမိမှာ ဘ၀များစွာက ကောင်းမှု၊ မကောင်းမှုကို မသိလို့ဖြစ်စေ၊ သိလျက်နဲ့မိုက်ခဲ့လို့ဖြစ်စေ ပြုလုပ်ခဲ့တဲ့ ကိလေသာအညစ်ကြေးတွေက
ဘယ်လောက်များ သလဲဆိုတာ မသိရဘူးလေ။ ဒါကြောင့် မိမိတို့က မိမိတို့သန္တာန်မှာရှိတဲ့ ကိလေသာ
အညစ်ကြေးတွေကို များများပယ်သတ်နိုင်အောင် ကြိုးစားမှ ကိလေသာကင်းရာကိုရောက်မှာဖြစ်သလို
မရောက်ခင်မှာလည်း ကိလေသာနည်းတဲ့ အကျိုးပေးကောင်းမှုတွေကို ခံစားရမှာပါ။

အဲဒီလို မိမိတို့ရဲ့စိတ်အစဉ်မှာ ကပ်ငြိမ်နေတဲ့ ကိလေသာမြူမှုန်တွေ သန့်ရှင်းအောင် အိမ်ရာအလုပ်တွေကို
အနားပေးပြီး မကောင်းမှုများကိုလည်း ရှောင်ကြဉ်ကာ ဥပုသ်သီလဆောက်တည်ခြင်းနဲ့ ဆေးကြောပေးရပါတယ်။ တစ်ပါတ်တစ်ခါလောက် မိမိသန္တာန်မှာရှိတဲ့
ကိလေသာညစ်ကြေးတွေ မသန့်ရှင်းနိုင်၊ မလျှော့ပါးနိုင်သေးလို့ အကြိုရက်၊ အပိုရက်များမှာပါ
ဥပုသ်သီလ စောင့်ထိန်းပေးရခြင်း ဖြစ်ပါတယ်။

ဒီဘက်ခေတ်မှာဆိုရင်တော့ ရုံးပိတ်ရက်များဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့များကို ဥပုသ်နေ့များလို့သတ်မှတ်ပေးပြီး စောင့်ထိန်းကြရင် ပိုမိုကောင်းမွန်ပါလိမ့်မယ်။ တစ်ပါတ်ရဲ့ အစဆုံးနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ
တစ်ခါသန့်ရှင်းထားလိုက်ပြီး တစ်ပါတ်ရဲ့အဆုံးဖြစ်တဲ့ စနေနေ့မှာ ထပ်သန့်ရှင်းလိုက်မယ်ဆိုရင် ကိလေသာတွေဟာ ကပ်လိုက်၊ လျှော့လိုက်နဲ့ဆိုတော့ ခံသာသေးတာပေါ့လေ။
အဲဒီလိုမဟုတ်ဘဲ တစ်ပါတ်တစ်ခါလောက်ဆို ကိလေသာကပ်တာကပိုများပြီး လျှော်တာကနည်းနေရင်
ကိလေသာက ဘယ်တော့မှ ကင်းမှာမဟုတ်တော့ဘူး။ ပြောသာ ပြောရတာပါ။ ခုခေတ်က တစ်ပါတ်တစ်ခါမပြောနဲ့ ၀ါတွင်းလေး(၃)လကိုတောင်မှ တစ်ပါတ်တစ်ခါ ကိလေသာမလျှော်တဲ့လူတွေက များနေတာပါလေ။

အဓိကကတော့ မိမိစောင့်ထိန်းနိုင်တဲ့ရက်ကို စောင့်ထိန်းရင် အကောင်းဆုံးပါပဲ။ ကောင်းမှုကုသိုလ်ဖြစ်တဲ့
သီလစောင့်ထိန်းမှုကို မြတ်ဗုဒ္ဓက ဘယ်နေ့မှ စောင့်ထိန်းရမယ်လို့
သေချာမပြောခဲ့ဘဲ အနည်းဆုံးတစ်ပါတ်တစ်ခါလောက်တော့ဦးခေါင်းလျှော်သလို စောင့်ထိန်းသင့်တယ်လို့ပဲ ပြောခဲ့ပါတယ်။မိမိတို့က နေ့စဉ်စောင့်ထိန်းနိုင်လေ
 ကောင်းလေပါပဲ။ ငါးပါးသီလကတော့ လူသားတွေ စောင့်ထိန်းရမဲ့ အရာပါ။
ရှစ်ပါးသီလဥပုသ်သီလကတော့ အရိယာသူတော်ကောင်းဖြစ်အောင် စောင့်ထိန်းတဲ့ သီလပါ။

အဲဒီတော့ မိမိက လူသားတစ်ယောက်ဖြစ်ချင်ရင် ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းရမယ်။ အရိယာသူတော်ကောင်းတစ်ယောက်ပါ ဖြစ်ချင်ရင်တော့ ရှစ်ပါးသီလဥပုသ်သီလကို နေ့စဉ် စောင့်ထိန်း ရမယ်။ ဒါမှမဟုတ် မိမိက တစ်ပါတ်တစ်ခါပဲ အရိယာ
သူတော်ကောင်းဖြစ်ချင်တယ်ဆိုရင်တော့ တစ်ပါတ်တစ်ခါ ဥပုသ်သီလ စောင့်ထိန်းပေါ့။
ဘယ်တော့မှမဖြစ်ချင်ဘူးဆိုရင်တော့ ဘယ်တော့မှဥပုသ် မစောင့်နဲ့ပေါ့လေ။

အဲဒီတော့ ရှစ်ရက်၊ လပြည့်၊ လကွယ်နေ့များကို ဥပုသ်နေ့ဟု သတ်မှတ်ကြတာဟာ လူသားတွေရဲ့
အချိန်အခါအခြေအနေကိုကြည့်ပြီး သတ်မှတ်ကြတာပါ။ဥပုသ်သီလကို မြတ်ဗုဒ္ဓအလိုကျဆိုရင် အနည်းဆုံးတော့တစ်ပါတ်တစ်ခါတော့ စောင့်ထိန်းပေးရမှာဖြစ်ပြီး
မိမိစောင့်ထိန်းနိုင်ရင် မိမိစောင့်ထိန်းတဲ့နေ့ဟာ ဥပုသ်နေ့ဖြစ်တာမို့ စောင့်ထိန်းနိုင်လေ
ကောင်းလေးဆိုတာပဲ မှတ်သားထားကြပါလေ။

“ညစာမစားရခြင်း”
••••••••••••••••••••••••••••••
တစ်ခါ ဥပုသ်စောင့်တဲ့အခါ ညစာမစားရခြင်းနဲ့ပတ်သတ်ပြီးမြတ်စွာဘုရားရှင်လက်ထက် စတင်ဖြစ်ပေါ်လာပုံကိုပြောပြပေးပါမယ်။ မြတ်စွာဘုရားရှင်လက်ထက်က အစပထမပိုင်းမှာ
ရဟန်းသံဃာများပင် ညနေစာအတွက် ဆွမ်းခံထွက်စားခဲ့ကြပါတယ်။
ဒါပေမဲ့ မြတ်စွာဘုရားရှင် ၀ိနည်းသိက္ခာပုဒ်များပညတ်ရာမြတ်ဗုဒ္ဓ၀ါတော်(၂၀)လွန်တဲ့နောက်ပိုင်းမှာတော့
ဝိကာလဘောဇန သိက္ခာပုဒ်လည်း ပညတ်ဖို့ရန် အကြောင်းဖြစ်ပေါ်လာတာကြောင့် ပညတ်ခဲ့ရပါတယ်။

ပညတ်ရခြင်းအကြောင်းကတော့
•••••••••••••••••••••••••••••••••••••••
(၁) ရဟန်းတော်တစ်ပါး ညပိုင်းဆွမ်းခံထွက်တဲ့အခါ အိမ်တစ်အိမ်ရှေ့ဆွမ်းခံသွားရပ်ရာ အိမ်ရှင်မက ရဟန်းတော်ရဲ့ သင်္ကန်းရောင်ကိုမြင်ပြီး ရဟန်းတော်ကို အစိမ်းသရဲ၊
မြေပုံဘီလူးလို့ထင်တဲ့အတွက် ဆန်ဆေးရည်နဲ့ ပတ်ခဲ့မိပါတယ်။ အဲဒီတော့ ရဟန်းသံဃာတွေ ညနေဆွမ်းခံတာဟာလူတွေအတွက် အပြစ်ဖြစ်ကြတယ်။

(၂) ညနေပိုင်းမှာ ရဟန်းတော်များဆွမ်းခံသွားတဲ့ အခါ နွားအုပ်တွေရွာထဲသွင်းချိန်မို့ နွားရောင်နဲ့သင်္ကန်းရောင် ရောနှောနေတဲ့အတွက် လူတွေက ရဟန်းတွေကို
နွားတွေထင်ပြီး နွားတွေနဲ့ရောနှော ပြစ်မှားမိကြပါတယ်။ အဲဒီလိုပြစ်မှားမိရင် လူတွေမှာ အပြစ်ဖြစ်ကြရတယ်။

(၃) ရဟန်းတော်များ ညနေပိုင်းမှာ ဆွမ်းခံသွားရခြင်း၊ဆွမ်းစားပြီးသား သပိတ်တို့ကို ဆေးကြောသန့်ရှင်းရခြင်းစတဲ့ ဗာဟိယအလုပ်တွေကြောင့် ရဟန်းတော်များရဲ့
ပရိယတ္တိ စာသင်၊ စာချ၊ ပရိပတ္တိ တရားအားထုတ်မှုတို့ အချိန်လျှော့နည်းသွားတယ်။
အဲဒီလို အချိန်လျှော့နည်းနေမယ်ဆိုရင် တရားထူးရဖို့ရန် ခက်ခဲမှာဖြစ်သလို သံဃာ့ဝေယျာဝစ္စ၊ လူတွေအား
တရားဟောသွန်သင်ပေးဖို့ကိစ္စ၊ စာချ၊ စာသင်ကိစ္စတွေပါ နောင့်နှေးမှုများဖြစ်တာမို့ ညစာမစားကြ ရန်
မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီလိုပဲ လူတွေမှာလည်း အရိယာသူတော်ကောင်းတစ်ယောက်ဖြစ်အောင်၊ ကိလေသာများကပ်ငြိနေတာကို လျှော့ပါးသွားအောင်ပြုလုပ်တတ်တဲ့ ဥပုသ်ရှစ်ပါးသီလဆောက်တည်တဲ့အခါမှာ ညစာမစားခိုင်းခြင်းဟာ အလုပ်ရှုပ်သက်သာပြီး သမထ၊ ၀ိပဿနာတရားများ ပိုမိုပွားများအားထုတ်နိုင်အောင်၊ အစာစားလျှင်
အိပ်ချင်စိတ်လျင်မြန်စွာဖြစ်ခြင်း၊ အိပ်ချင်စိတ်နောက်ကနေ ဗိုက်ထဲမှာအစာပြည့်နေရင် ကိလေသာစိတ်တွေ
ဖြစ်ပေါ်လာခြင်းတို့ကြောင့် ဥပုသ်သီလဆောက်တည်တဲ့ရက်လေးမှာ ညစာ မစားရခြင်း ဖြစ်ပါတယ်။

အစာစားလျှင် ကိလေသာစိတ်ဖြစ်တယ်၊ ကိလေသာကိုပိုမိုအားပေးတယ်ဆိုတာကို ဦးဇင်းအရင်ကလည်း
အမေးအဖြေများမှာ ဖြေပေးထားတာရှိသလို၊အွန်လိုင်းမှာတင်ထားတဲ့ တရားခွေထဲမှာ လည်း ပြောထားပါတယ်။ ညစာစားထားလို့ရှိရင် စိတ်ကမကောင်းမှုဘက်ကို အာရုံရောက်သွားတတ်ပါတယ်။

တချို့ဆို ညပိုင်းမှာ ကိလေသာစိတ်တွေ စိတ်တိုင်းကျဖြစ်ပြီး စိတ်တိုင်းကျပျော်ပါးဖို့အတွက်
စားသောက်ဆိုင်များမှာ ရှယ်သွားစားကြတာမျိုးတောင် ရှိကြပါတယ်။ ကောင်းစွာစားပြီး ကောင်းစွာပျော်ပါး
ချင်ကြလို့ ဖြစ်မှာပါ။ ဒါကြောင့်လည်း တချို့စားသောက်ဆိုင်တွေမှာ နေ့နဲ့ညဆို ညမှာပိုရောင်း ရပြီး နေ့စာထက်ညစာက ပိုမိုတန်ဖိုးများနေတာလည်း ရှိပါတယ်။
 
နောက်တစ်ခုက မိမိတို့ခန္ဓာကိုယ်ထဲက အစာအိမ်ဟာ နေ့စဉ်စားသောက်သမျှကို အစာချက်နေရတဲ့အတွက်
အနားမယူရသလို အညှီအနှောက်၊ အသိုးအပုပ်တွေနဲ့ အမြဲလိုလိုဖြစ်နေလို့ အစာအိမ်ဟာ မနားရတဲ့အပြင်
အစာအိမ်လည်း သန့်ရှင်းမှုမရှိဘဲ ဖြစ်နေတာကြောင့် ကျန်းမာရေးလည်း ထိခိုက်ပါတယ်။
ခုလို တစ်ပါတ်တစ်ခါ ဥပုသ်စောင့်တဲ့နေ့မှာ ညစာမစားတဲ့အခါကျတော့ အစာအိမ်လည်း နားရတယ်။
အသိုးအပုပ်တွေလည်း သန့်ရှင်းပေးရာရောက်တာကြောင့် အစာအိမ်ကောင်းတဲ့အတွက် ကျန်းမာရေးလည်း
ကောင်းမွန်မှုအကျိုးရလာဒ်တွေ ရရှိပါတယ်။ ဒါဟာ ဥပုသ်စောင့်ရခြင်း မျက်မှောက်ရရှိတဲ့ အကျိုးရလာဒ်ပါ။

ဥပုသ်သီလဆောက်တည်တဲ့နေ့ရက်မှာ“၀ိကာလဘောဇနသိက္ခာပုဒ်”-ညစာနဲ့ပတ်သက်ပြီး
သိသင့်ထားတဲ့ အချက်အလက်တွေကို ရေးသားပေးရမယ်ဆိုရင် နေ့မွန်းတည့်ချိန်မှစပြီး နောက်နေ့နံနက် လစဉ်အလိုက် အရုဏ်တက်ချိန်ထိအတောအတွင်း ဘောဇဉ်
(၅)မျိုးဖြစ်တဲ့ ဆွမ်း၊ မုယောမုန့်၊ ပဲမုန့်လုံး၊ ငါး၊ အသားတွေနဲ့ ခဲဖွယ်ဖြစ်တဲ့ ယာမကာလိက၊
သတ္တာဟကာလိက၊ ယာဝဇီဝိကအစာတွေကို မစားရပါ။
 
နေမွန်းတည့်ချိန်မှ အရုဏ်တက်သည့်အချိန်ထိလို့ ၀ိကာလဘောဇနသိက္ခာပုဒ်က ပြောဆိုထားတဲ့အတွက်
နေမွန်းတည့်သည် ဆိုတာနဲ့ ဘာမှစားလို့မရတော့ပါ။ စားနေဆဲဖြစ်ရင်လည်း ကားဘရိတ်အုပ်သလို
ဘရိတ်အုပ်ပြီးသကာလ ပါးစပ်ထဲရောက်နေတာကို ထွေးထုတ်ပစ်ရပါမယ်။ နေ့မွန်းတည့်ကျော်သွားပါလျက
ပါးစပ်ထဲကစားစရာ ကို ထွေးမထုတ်ဘဲ မျိုချလျှင်လည်း အပြစ်ဖြစ်ပါတယ်။ ၀ိကာလဘောဇနသိက္ခာပုဒ်က 
နေ့မွန်းတည့်လျှင်ကို ဘာမှမျိုချလို့ မရတော့ပါ။
 
နေမွန်းတည့်ချိန်မမြင်ရရင် သူ့နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ နေမွန်တည့်ချိန်ကို ယူရပါမယ်။
အရုဏ်တက်ချိန်ကိုလည်း နိုင်ငံအလိုက်၊ လအလိုက်ယူရပါမယ်။ အကောင်းဆုံးနည်းကတော့
မိမိနေထိုင်ရာနိုင်ငံမှာရှိတဲ့ နေ့တည့်တည့်အချိန်(၁၂)နာရီနဲ့ မနက်(၆)နာရီအတွင်း ၀ိကာလဘောဇန သိက္ခာပုဒ်ကို စောင့်ထိန်းတာဟာ အကောင်းဆုံးပါပဲ။

မနက်အရုဏ်တက်ချိန်ကတော့ တချို့လတွေမှာ မနက်(၄)နာရီကျော် အရုဏ်တတ်တာလည်းရှိပါတယ်။
မိမိက ဥပုသ်သီလယူထားလို့ မနက်စောစော ဗိုက်စာနေတဲ့အတွက် မနက်စာကို စောစောစားချင်တယ်ဆိုရင် အရုဏ်တက်ချိန်ကို လေ့လာပြီး စားကြပါလေ။
ခုပြောခဲ့တဲ့ နေမွန်းတဲ့ချိန်နဲ့မနက်အရုဏ်တက်ချိန်အတွင်းကလွဲရင် ကျန်တဲ့အချိန် ဘယ်ချိန်ပဲစားစား စားသောက်ပြီးသကာလ ဥပုသ်သီလဆောက်တည်နိုင်ပါတယ်

●ခဲဖွယ်များဖြစ်တဲ့ ယာမကာလိကဆိုသည်မှာ အရုဏ်မတက်မီ မိုးသောက်ယံတိုင်အောင် သောက်ကောင်းတဲ့ “သပြေသီး၊ သရက်သီး၊ မုဒရက်သီး၊ စပျစ်သီး၊ 
ဖက်သက်သီး၊ သစ်မည်စည်သီး၊ တောငှက်ပျောသီး၊ အိမ်ငှက်ပျောသီး၊ကြာစွယ်” တို့ရဲ့ ဖျော်ရည်နဲ့မန်ကျည်း၊ ဆီး၊ ရှောက်ဟူသော “အနုလောမဖျော်ရည်” များ ဖြစ်ပါတယ်။

●“သတ္တာဟကာလိက”ဆိုသည်မှာ (၇)ရက်လုံးလုံးထားပြီးစားသုံးနိုင်တဲ့ ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်းလဲ၊ ထန်းလျက်၊ ကြံသကာ၊ သကြားဆိုတဲ့ ဆေးငါးမျိုးကို
“သတ္တာဟကာလိက”လို့ ခေါ်ပါတယ်။

●“ယာဝဇီဝိက”ဆိုသည်မှာ တစ်သက်ပတ်လုံးစားကောင်းတဲ့ ဆား၊ ဂျင်း၊ ဆီးဖြူ၊ ဖန်ခါးစတဲ့ ဆေးဖက်ဝင် အမြစ်၊ အရွက်၊ အသီး၊ အခေါက်များ ဖြစ်ပါတယ်။

ရဟန်းတော်များအတွက် ပညတ်ထားတဲ့ (ဝိ၊ ၂၊ ၁၁၂) ၀ိကာလဘောဇနသိက္ခာပုဒ်မှာတော့
အထက်ပါ ယာမကာလိက၊ သတ္တာဟကာလိက၊ ယာဝဇီဝိက(၃)မျိုးကို ရဟန်းတော်များ အလှူခံရင်ဖြစ်စေ၊
စားသောက်ရင်ဖြစ်စေ ပါစိတ်အာပါတ်မသင့်ဘဲ ဒုက္ကဋ်အာပါတ်သာ သင့်တယ်လို့ အပြစ်လျှော့ပါး
သွားတာကို တွေ့ရပါတယ်။

ဒါပြင် မနေနိုင်အောင် ဆာလောင်မွတ်သိပ်လို့ဖြစ်စေ၊ အနာရောဂါ ကျန်းမာရေးကြောင့်ဖြစ်စေ အထက်ပါ
ခဲဖွယ်(၃)မျိုးကို အဆာပြေ၊ ကျန်းမာရေးသက်သာရုံ စားသောက်ရင် အပြစ်မရှိပါပေ။
ရူးသွတ်နေသူများလည်း အပြစ်မရှိပါ။

အဲဒီတော့ လူတွေမှာလည်း ဥပုသ်သီလ ၀ိကာလဘောဇနသိက္ခာပုဒ်ကို စောင့်ထိန်းတဲ့ရက်မှာ
မနေနိုင်အောင် ဆာလောင်တဲ့အခါ၊ အသက်အန္တရာယ်အတွက် ကျန်းမာရေးထိခိုက်နိုင်တဲ့အခါမျိုး ဆိုရင်တော့ အထက်ပါ ခဲဖွယ်(၃)မျိုးကို အဆာပြေ၊ ကျန်းမာရေးသက်သာရုံ
စားသောက်နိုင်ပါတယ်။ အစာပြေမဟုတ်ဘဲ အ၀စားလျှင်၊ ကျန်းမာရေးသက်သာရုံမဟုတ်ဘဲ လွန်လွန်ကဲကဲတော့ မပြုလုပ်ရပါ။ ဆာလောင်မှုလည်းမဖြစ်၊
ကျန်းမာရေးလည်းကောင်းနေရင်တော့ ဘာမှမစားသောက်ရပါ။ စားသောက် လျှင်
သီလသိက္ခာပုဒ် မကျိုးပေါက်နိုင်သော်လည်း သီလအကျိုးပေးတော့ လျှော့ပါးနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဥပုသ်နေ့နဲ့ပတ်သက်သမျှ ပြည့်စုံလိမ့်မယ်ထင်ပါတယ်။
စာဖတ်ပရိတ်သတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကာ သူတော်ကောင်း များဖြစ်အောင် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်…။
 
-【အရှင်ကောမလ ဆန်နီနေမင်း】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
 

MPT SIM ကဒ်များကို နိုင်ငံတစ်ဝန်းရှိ လက်လီ အရောင်းဆိုင်များ တွင် ဝယ်ယူရရှိ နိုင်တော့မည်




 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိဘပြည်သူများအား SIM ကဒ်များ ပိုမို လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တန်ဖိုးနည်း SIM ကဒ်များကို နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လက်လီအရောင်းဆိုင်များတွင် စက်တင်ဘာလ (၁)ရက်နေ့မှ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးမည်ဖြစ်ပါသည်။ SIM ကဒ်များကို လစဉ်လတိုင်း ဝယ်ယူရရှိနိုင်ရေးနှင့် နိုင်ငံအနှံ့ရှိ မြို့များနှင့် မြို့နယ်တိုင်းတွင် ရရှိနိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

နေပြည်တော်
-------------
ဒက္ခိဏသီရိ၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ

ကချင်
-------------
မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း၊ ရွှေကူ၊ တနိုင်း

ကယား
-------------
လွိုင်ကော်

ကရင်
-------------
ဘားအံ၊ လှိုင်းဘွဲ၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ

ချင်း
-------------
ဟားခါး၊ ဖလမ်း၊ မင်းတပ်၊ တီးတိန်

စစ်ကိုင်း
-------------
မုံရွာ၊ ဘုတလင်၊ ခန္တီး၊ ဟုမ္မလင်း၊ အင်းတော်၊ ကလေး၊ ကလေးဝ၊ ကန့်ဘလူ၊ ကောလင်း၊ မော်လိုက်၊ မြင်းမူ၊ ပုလဲ၊ စစ်ကိုင်း၊ ဝန်းသို

တနင်္သာရီ
-------------
ထားဝယ်၊ ဘုတ်ပြင်း၊ ကော့သောင်း၊ ကျွန်းစု၊ လောင်းလုံ၊ မြိတ်၊ ပုလော၊ ရေဖြူ

ပဲခူး
-------------
ပဲခူး၊ ပြည်၊ ဒိုက်ဦး၊ ကဝ၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ညောင်လေးပင်၊ အုတ်တွင်း၊ ဖြူး၊ ရွှေကျင်၊ ထန်းတပင်၊ တောင်ငူ၊ သနပ်ပင်၊ ဝေါ၊ ရေတာရှည်၊ ကြို့ပင်ကောက်၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ နတ်တလင်း၊ အုတ်ဖို၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်၊ သာယာဝတီ၊ သဲကုန်း၊ ဇီးကုန်း

မကွေး
-------------
မကွေး၊ အောင်လံ၊ ချောက်၊ ဂန့်ဂေါ၊ ကံမ၊ မင်းဘူး၊ မင်းတုန်း၊ မင်းလှ၊ မြိုင်၊ မြို့သစ်၊ နတ်မောက်၊ ငဖဲ၊ ပခုက္ကူ၊ ပေါက်၊ ပွင့်ဖြူ၊ စလင်း၊ ဆော၊ ဆိပ်ဖြူ၊ စေတုတ္တရာ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ သရက်၊ ထီးလင်း၊ ရေနံချောင်း၊ ရေစကြို

မန္တလေး
-------------
အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ မိုးကုတ်၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ စဥ့်ကူး၊ အမရပူရ၊ ချမ်းမြသာစည်၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ မိထ္ထီလာ၊ ပြည်ကြီးတံခွန်၊ စဥ့်ကိုင်၊ တံတားဦး၊ သာစည်

မွန်
-------------
မော်လမြိုင်၊ ဘီးလင်း၊ ချောင်းဆုံ၊ ကျိုက်မရော၊ ကျိုက်ထို၊ မုဒုံ၊ ပေါင်၊ သံဖြူဇရပ်၊ သထုံ၊ ရေး

ရခိုင်
-------------
စစ်တွေ၊ အမ်း၊ ဘူးသီးတောင်၊ ဂွ၊ ကျောက်ဖြူ၊ ကျောက်တော်၊ မောင်းတော၊ မင်းပြား၊ မြောက်ဦး၊ မန်အောင်၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင် ၊ သံတွဲ၊ တောင်ကုတ်

ရန်ကုန်
-------------
ဗိုလ်တထောင်၊ ဒဂုံမြို့သစ်၊ ဒေါပုံ၊ မင်္ဂ္လာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ပုဇွန်တောင်၊ တောင်ဥက္ကလာပ၊ တာမွေ၊ သာကေတ၊ သင်္ဃ္န်းကျွန်း၊ ရန်ကင်း၊ လှိုင်သာယာ၊ လှည်းကူး၊ ၊ မှော်ဘီ၊ ထန်းတပင်၊ အင်းစိန်၊ မင်္ဂ္လာဒုံ၊ ရွှေပြည်သာ၊ တိုက်ကြီး၊ အလုံ၊ ဗဟန်း၊ ကိုကိုးကျွန်း၊ ဒဂုံ၊ ဒလ၊ လှိုင်၊ ကမာရွတ်၊ ကော့မှူး၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကျောက်တံတား၊ ကျောက်တန်း၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်း၊ ပန်းဘဲတန်း၊ စမ်းချောင်း၊ ဆိပ်ကြီးခနောင်တို၊ ဆိပ်ကမ်း၊ သန်လျင်၊ သုံးခွ

ရှမ်း
-------------
တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းတုံ၊ တာချီလိတ်၊ သိန္နီ၊ ကွတ်ခိုင်၊ လောက်ကိုင်၊ မဘိန်း၊ မန်တုံ၊ မိုးမိတ်၊ မိုးညှင်း၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ ကလော၊ ကွန်ဟိန်း၊ လဲချား၊ လင်းခေး၊ ရပ်စောက်၊ လွိုင်လင်၊ မိုင်းရှူး၊ မိုးနဲ၊ နမ့်စန်၊ ညောင်ရွှေ၊ ဖယ်ခုံ၊ ပင်းတယ၊ ပင်လောင်း၊ ရွာငံ

ဧရာဝတီ
----------------
ပုသိမ်၊ ဘိုကလေး၊ ဓနုဖြု၊ ဒေးဒရဲ၊ အိမ်မဲ၊ ဟင်္သ࿿ာတ၊ အင်္ဂ္ပူ၊ ကန်ကြီးထောင့်၊ ကျိုက်လတ်၊ ကြံခင်း၊ ကျောင်းကုန်း, ကြုံပျော်၊ လပွတ္တာ၊ လေးမျက်နှာ၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ မြန်အောင်၊ မြောင်းမြ၊ ငပုတော၊ ညောင်တုန်း၊ ပန်းတနော်၊ ဖျာပုံ၊ သာပေါင်း၊ ဝါးခယ်မ၊ ရေကြည် ၊ ဇလွန်

Ref : www.mcit.gov.mm
==========================================
#YangonMediaGroup ™ | #MZK | www.yangonmedia.com
 

လယ်များ အလွယ်တကူမရောင်းရန် လယ်သမားများကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည် တောင်သူလယ်သမားများနှင့် တွေ့ဆုံနေစဉ် (ဓာတ်ပုံ −နစ်ကီ)
 
 တောင်သူလယ်သမား များသည် လယ်ယာမြေများကို အလွယ်တကူရောင်းချခြင်းမပြု ဘဲ တန်ဖိုးထားထိန်းသိမ်းကာ ရောင်းချရန်စည်းရုံးသိမ်းသွင်းမှုများကိုလည်း နားမယောင်ကြရန် လိုကြောင်း ဒေါ်အောင်ဆန်းစု ကြည်က တိုက်တွန်းပြောကြား သည်။

‘‘လယ်လုပ်ဖို့ဆိုတာ မြေပိုင် ဆိုင်မှုကအရေးကြီးတယ်။ မြေ မရှိဘဲ ဘာမှလုပ်လို့မရဘူး။ ကျွန်မတို့ လယ်သမားကြီးများ အနေနဲ့ အကြွေးနွံထဲနစ်နေတဲ့ အခါ လယ်မြေတွေကို လွယ် လွယ်နဲ့ ရောင်းပစ်ကြတယ်။ လွယ်လွယ်လေးစဉ်းစားပြီး ရောင်းမပစ်ကြပါနဲ့လို့ ပြောချင် ပါတယ်’’ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ကပြောကြားသည်။

ယခုလ ၃၀ ရက်က ကော့ မှူးမြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများနှင့်တွေ့ဆုံစဉ် ကော့မှူးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည်က အထက်ပါအ တိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘တွံတေး၊ ကော့မှူး၊ ကွမ်းခြံ ကုန်းပေါ့နော်။ အဲဒီမြို့နယ်တွေ မှာရှိတဲ့လယ်မြေတွေ၊ အထူး သဖြင့်ကားလမ်းဘေးကလယ် မြေတွေကို စီးပွားရေးလုပ်ငန်းရှင် တချို့က ဈေးကောင်းပေးပြီး လိုက်ဝယ်နေတယ်။ ဝယ်ပြီးရင် အဲဒီ နေရာတွေက လယ်မြေမဟုတ် တော့ဘဲ အဆောက်အအုံဖြစ်သွား တယ်’’ဟု တွေ့ဆုံပွဲသို့တက်ရောက် လာသည့် ကော့မှူးမြို့ခံတစ်ဦးကပြောသည်။

လယ်ယာမြေလုပ်ကိုင်ကြ သည့် တောင်သူဦးကြီးများအနေ ဖြင့်  အကြွေးကိစ္စများကြောင့် လယ်ယာမြေများကိုရောင်းချနေ ရသည်ဟုကြားသိရကာ အကယ် ၍ ထိုကဲ့သို့အခြေအနေဖြစ်လာပါ က မိမိတို့အဖွဲ့အစည်းနှင့် ဆက် သွယ်အကြံဉာဏ်ရယူရန်လိုအပ် ပြီး မိမိတို့ကလည်း ပေးနိုင်သည့် အကူအညီ၊ အကြံဉာဏ်များပေး အပ်မည်ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

‘‘လယ်တွေကို ဘယ်လိုပုံစံနဲ့ ရောင်းသလဲဆိုတာ ကျွန်မတို့က လေ့လာစုံစမ်းပြီးပါပြီ။ တစ်ခုစဉ်း စားဖို့က ဝယ်တဲ့သူတွေအနေနဲ့က လည်း ထိုက်သင့်တဲ့အဖိုးအခပေး ဝယ်တဲ့နေရာမှာ ဘယ်သူမှတော့ သူ့ရဲ့အကျိုးအမြတ်မရှိဘဲ ဒီလို မလုပ်ဘူး။ အကျိုးအမြတ်ရှိလို့ သာ ဝယ်တာဖြစ်နိုင်တယ်ဆိုတာ စဉ်းစားဖို့လိုပါတယ်’’ဟု ၎င်းက ပြောသည်။

ယင်းတွေ့ဆုံပွဲသို့ ကော့မှူး မြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများ၊ ကွမ်းခြံကုန်းမြို့ နယ်အတွင်းရှိ တောင်သူများ တက်ရောက်ကာ စိုက်ပျိုးစရိတ် ချေးငွေနှင့်ပတ်သက်၍ ကြုံတွေ့ ရသည့်အခက်အခဲများ၊ မြို့နယ် ချင်းဆက် ချောင်း၊ မြောင်းတူးဖော် ရေးဆိုင်ရာကိစ္စရပ်များ၊ လမ်း ဖောက်လုပ်ရေးကိစ္စရပ်များ၊ မီး ရရှိရေးကိစ္စရပ်များကို တင်ပြခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်အောင်ဆန်းစုကြည်က ဌာနဆိုင်ရာများနှင့်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

http://www.7daydaily.com/story/19587#.VALzzGOM-So

မြန်မာနိုင်ငံတွင် လူဦးရေ တစ်သန်းကျော်သော မြို့သုံးမြို့ရှိ

 
ရန်ကုန်-ဒလ ကူးတို့သင်္ဘောစီးရန် စောင့်ဆိုင်းနေသူများ ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
 
မြန်မာနိုင်ငံ၏ မြို့ကြီး များတွင် လူဦးရေတစ်သန်းနှင့် အထက်ရှိသော မြို့ကြီး သုံးမြို့ သာရှိနေကြောင်း ရှေ့ပြေးလူဦး ရေစာရင်းထုတ်ပြန်ချက်၏ အ သေးစိတ်စာရင်းတွင် ဖော်ပြထား သည်။
၂၀၁၄ ခုနှစ်ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း ၏ ရှေ့ပြေးလူဦးရေစာရင်းထုတ် ပြန်ရာတွင် မြန်မာနိုင်ငံ၏ မြို့ကြီး ၁၅ မြို့အနက် လူဦးရေ တစ်သန်း ကျော်ရှိသော မြို့ကြီးများမှာ ရန် ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့များဖြစ်သည်။

ရန်ကုန်မြို့တွင် လူဦးရေ ငါးသန်းကျော်(၅,၂၀၉,၅၄၁) ဦး၊ မန္တလေးမြို့တွင် လူဦးရေ ၁ သန်း ကျော်(၁,၂၂၅,၁၃၃) ဦး၊နှင့် နေ ပြည်တော်မြို့တွင် ၁ သန်း ကျော် (၁,၁၅၈,၃၆၇) ဦးဖြင့် အစဉ် လိုက် ရပ်တည်နေသောကြောင့် ဒုတိယ လူဦးရေအများဆုံးဖြစ်သည့် မန္တ လေးမှာ ပထမအများဆုံးဖြစ်သည့် ရန်ကုန်နှင့် ၄ သန်းနီးပါး(လေးဆ ကျော်)ကွာဟလျက်ရှိနေသည်။
ယင်းမြို့ကြီးများအနက် ချင်းပြည်နယ်၊ ဟားခါးမြို့သည် လူဦးရေ လေးသောင်းကျော် (၄၈၂၆၆) ဦးဖြင့် လူဦးရေအနည်း ဆုံးရှိသည့်မြို့အဖြစ်ရပ်တည်နေကြောင်း စာရင်းများတွင် ဖော်ပြထားသည်။
၂၀၁၄ ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကောက်ယူမှုအချက် အလက်များအရ တွက်ချက်ထား သော မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လူဦးရေ သိပ်သည်းဆမှာ တစ်စတုရန်း ကီလိုမီတာတွင် ၇၆ ဦးရှိနေသည်။

လူဦးရေအထူထပ်ဆုံးရန် ကုန်မြို့၏ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင်လူဦးရေ ၇၂၃ ဦး၊ မန္တလေးမြို့၏ တစ်စတုရန်းကီလိုမီတာတွင် ဦးရေ ၂၀၆ ဦးနှင့် လူဦးရေ အကျဲပါးဆုံးဒေသမှာ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်ဖြစ်ပြီး သိပ်သည်းဆတစ်စတုရန်းကီလို မီတာတွင် ၁၉ ဦးသာရှိနေသည်။
မြန်မာနိုင်ငံ၏ ပြည်လုံး ကျွတ်သန်းခေါင်စာရင်းကောက် ခံမှု၏ ကနဦးရရှိထားသော ရှေ့ ပြေးလူဦးရေစာရင်းအရ လူဦးရေ သန်းပေါင်း ၅၁ သန်းကျော်ရှိနေ ကြောင်း သတင်းထုတ်ပြန်ထား သည်။

                             

 http://www.7daydaily.com/story/19590#.VALzImOM-Sp

ကလေးများ လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း

လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်းဖြင့် ငါးနှစ်အောက်ကလေးသေဆုံးမှုနှင့် အခြားသော ရောဂါပိုးမွှားများကိုကာကွယ်နိုင်
                      

ရန်ကုန်၊

လက်ကိုစင် ကြယ်အောင် ဆေးကြောခြင်းဖြင့် ငါး နှစ်အောက် ကလေးသေဆုံးမှုနှင့် အခြားသော ရောဂါပိုးမွှားများကို ကာ ကွယ်နိုင်ကြောင်း သိရသည်။

လက်ဆေးခြင်းအားဖြင့် ဝမ်း ပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုကို သက်သာ လျော့နည်းနိုင်သည့်အပြင် အခြားသော ရောဂါများ ဖြစ်သည့် အဆုပ်ရောင်ရောဂါနှင့် လေမှတစ် ဆင့်ကူးစက်ပြန့်ပွားနိုင်သည့်ရောဂါ များကိုလည်း ကာကွယ်နိုင်ကြောင်း သိရသည်။

''အများစုက လေထဲက လာတဲ့ ရောဂါပိုးတွေ ကူးမှာစိုးလို့ မက်ခ်ကို အသုံးပြုကြတယ်။ လူတွေက အစား စားမယ်။ မျက်နှာကိုင်မယ်။ နှာခေါင်း ကိုလဲ ဒီလက်နဲ့ပဲ ကိုင်တယ်။အဲဒီ တော့ လက်ကိုဆပ်ပြာနဲ့ သေချာစင် ကြယ်အောင်ဆေးဖို့အတွက် ပြောပေးဖို့ လိုသလို။ ကိုယ်တိုင်လဲလုပ်ရမယ်။လူတွေက အသိရှိကြပေမယ့်။ သတိ မရှိတဲ့အချိန်မှာကျန်းမာရေးကို ထိ ခိုက်စေပါတယ်''ဟုကျန်းမာရေးပညာ ဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်မောင်လွင်က သတိ ပေးပြောကြားသည်။

ထို့ပြင် ကလေးကို ချစ်သော မည်သူမဆို လက်ဆေးဖို့ လိုအပ် ကြောင်းနှင့် မွေးကင်းစကလေးအသက် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် လက်ကို စင်ကြယ်အောင် ဆေးရန်နှင့်ကလေး ကို ကိုင်တွယ်သည့်နေရာတွင် သန့်ရှင်း မှု အပိုင်းကအရေးကြီးကြောင်းသိရ သည်။

''ကလေးတွေက အမေမှာ ရှိ တဲ့တော်ရုံတန်ရုံရောဂါပိုးကိုတော့ ခံနိုင်ရည်ရှိကြတယ်။ ဘာလို့လဲဆို တော့ အမေဗိုက်ထဲမှာ နေခဲ့လို့ပါ။ အဖေရဲ့ လက်မှာရှိတဲ့ ရောဂါပိုးတွေ ကိုတော့ ခံနိုင်ရည် မရှိကြပါဘူး။အဲဒါကြောင့် ကလေးအဖေတွေက ကလေးချီခါနီမှာ လက်ကိုစင်ကြယ် အောင်ဆေးဖို့ လိုအပ်ပါတယ်''ဟု ဒေါက်တာခင်မောင်လွင်က ပြောသည်။

မွေးကင်းစကလေးသေဆုံးမှု များရခြင်းတွင် မွေးဖွားလာသည့် ကလေးများသည်ပေါင်မပြည့်ခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်း စသည်တို့ ကြောင့် ဖြစ်ကြောင်း သိရသည်။

''မွေးကင်းစကလေးတွေကို ဘာကြောင့် ရောဂါပိုးဝင်သလဲ ဆို တော့ ရွာမှာဆိုရင် တချို့လက်သည် နဲ့မွေးတယ်။ သားဖွားဆရာမနဲ့ မွေး တယ်။ အဲဒီလိုမျိုးမွေးတဲ့ နေရာမှာ သန့်ရှင်းမှု အပိုင်းမှာ အားနည်းတဲ့ အတွက် မွေးလာတဲ့ ကလေးတွေမှာ ရောဂါပိုးဝင်ကြတာ ဖြစ်ပါတယ်'' ဟု ဒေါက်တာခင်မောင်လွင်ကပြော သည်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့၏ လေ့လာဆန်းစစ်ချက်များ အရ အာဆီယံနိုင်ငံများအနက် မြန်မာ နိုင်ငံတွင် အသက် ငါးနှစ်အောက် ကလေးသေဆုံးမှု အမြင့်မားဆုံး နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံ တွင် ငါးနှစ်အောက် ကလေးငယ် ပေါင်း ငါးသောင်းခြောက်ထောင်ခန့် သေဆုံးနေကြပြီး၊ ယင်းတို့အနက် ကလေးငယ်ဦးရေ လေးသောင်းသုံး ထောင်မှာ အသက်တစ်နှစ်အောက် အရွယ်ကလေးများ ဖြစ်ကြောင်းသိရ သည်။

လူအများသည် လက်သန့်ရှင်း ရေးကို အစာ မစားမီလုပ်ခြင်းထက် အစာစားပြီးမှသာ လက်ကိုဆပ်ပြာ ဖြင့် စင်ကြယ်အောင်ဆေးကြလေ့ရှိပြီး အစာမစားမီလက်ဆေးသည့်အခါ တွင် လက်ကိုရေဖြင့်သာ ဆေးတတ် လေ့ရှိကြောင်းသိရသည်။

''ဘာလို့ အစာစားပြီးမှ လက် ကို သေသေချာချာ စင်ကြယ်အောင် ဆေးကြသလဲဆိုတော့ လက်နဲ့စားတဲ့ အတွက် လက်နံမှာ စိုးလို့ဆေးကြ ခြင်း ဖြစ်ပါတယ်။ အဲဒါတွေက ကျွန် တော်တို့တွေ ပြုပြင်ရမယ့်အချက် တွေပါ'' ဟုဆိုသည်။

အိမ်ရှင်မတစ်ယောက်အစား အစာများ မကိုင်တွယ်မိတွင် လက် ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေး သင့်ကြောင်းနှင့်ကလေးမိဘများ ကလေးမစင်များကို ကိုင်ပြီးသည့် အခါတိုင်းတွင် လက်ကို သေသေချာ ချာဆေးရန် လိုအပ်ကြောင်း အသိ ပေးပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ တွင် အသက်ငါးနှစ်အောက်ကလေး သေဆုံးမှုနှင့် မွေးကင်းစ ကလေးသေ ဆုံးမှုနှုန်း လျော့ကျစေရန်အတွက် နှစ်သုံးဆယ် စီမံကိန်းချမှတ်ဆောင် ရွက် လျက်ရှိကြောင်း၊ ထိုစီမံချက်များ အရ ၂ဝ၃၁ခုနှစ် ရောက်ရှိလျှင် မွေးကင်းစ ကလေး အယောက်တစ် ထောင်တွင် သေဆုံးသူ ၄ဝဦးမှ ၂၂ဦးသို့ လည်းကောင်း၊ အသက် ငါးနှစ်အောက် ကလေး တစ်ထောင် လျှင် အသေးဆုံးမှု ၅၂ဦးမှ ၂၉ဦး သို့ လည်းကောင်း လျှော့ချနိုင်မည်ဟု ခန့်မှန်းတွက်ရှိထားသည်။

KTM

#Democracytoday

(ဒီမိုကရေစီတူဒေးသတင်းစာမှ ကူးယူဖော်ပြပါသည်။)


https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.334119

“တရားဓမ္မဟာ ကိုယ့်အဖို့ အကောင်းဆုံးအဖော်”


 

နောက်ဆုံးအချိန်ရောက်လာပြီဆိုတဲ့အခါရောဂါတွေ ဖြစ်လာပါပြီတဲ့။
တကယ့်ကို ရောဂါတွေဖြစ်လာပြီ။ဆေးရုံ ဆေးခန်းရောက်လို့
မသက်သာတဲ့ရောဂါဝေဒနာတစ်ခု ခံစားရပါပြီ။ဆွေတွေမျိုးတွေက အဲဒီအချိန်ကျတော့
ဘာလေးလုပ်ကြတုန်းဆိုတော့ ဘုန်းကြီးပင့်ပြီးတော့ ပရိတ်ရွတ်ပေးတာတို့၊ သင်္ကန်းလေးလှူခိုင်းတာတို့၊

ကဲ 。。。
သူ့အချိန်မှာ စဉ်းစားကြည့်လိုက်လို့ရှိရင် သူကိုယ်တိုင်ကိုက ရောဂါကြောင့် ဒုက္ခရောက်နေတဲ့အချိန်မှာ
 

●ပရိတ်ရွတ်ပေးလည်း သူ့စိတ်ထဲက စိတ်ချမ်းသာမှု ရချင်မှရမယ်နော်။
●သင်္ကန်းလေး လှူခိုင်းလို့လှူတာ သူက စိတ်ချမ်းသာမှု ရချင်မှ ရမယ်။


အဲဒီတော့ ဒါ မလုပ်ရဘူး မဟုတ်ဘူး။လုပ်ရမယ်။ သို့သော် 。。。အဲဒီထက် ပိုပြီးတော့ ကိုယ့်ကိုယ်ကို
သတိထားဖို့က ပိုအရေးကြီးတယ်ပေါ့။

ဆိုလိုတာက သူများအလှည့်တုန်းက ကိုယ်က လုပ်ပေးတယ်။ကိုယ့်အလှည့်ကျတော့ ဘာလိုအပ်သလဲ။
ဆိုလိုတာက လုပ်မယ့်သူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါဟာ ဓမ္မကို အဖော်ပြုပြီးတော့နေမယ်လို့
ဘုန်းကြီးတို့တတွေ ကြိုတင်ပြီးတော့ လုပ်သင့်တယ်။
 

လောကကြီးထဲမှာကြည့်၊ လူတိုင်းလူတိုင်း မွေးရာပါ “အဖော်ကောင်းတွေ” ရှိတာမဟုတ်ဘူး။
တချို့ဆိုရင် တစ်ဦးတည်း တစ်ကောင်ကြွက်တွေ နေရတာတွေ ရှိတယ်ပေါ့။
အဲဒီလို တစ်ကောင်ကြွက် နေရတဲ့အခါမှာ မည်သည့်အဖော်ကိုမှလည်း မထားနိုင်ဘူး၊
အဲဒီအချိန်မှာ ဘယ်အရာဟာ ကိုယ့်အတွက် အကောင်းဆုံးလည်း ဆိုရင်
“တရားဓမ္မဟာ ကိုယ့်အဖို့ အကောင်းဆုံး”ပဲတဲ့။
 

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

ပြဿနာနည်းချင်ရင် စကားပြောဆင်ခြင်ပါ

                     


စကားပြောတဲ့အခါမှာ -

(၁) ပြောသင့်တဲ့အချိန်မှာ ပြောမယ်။မပြောသင့်တဲ့အချိန်မှာ မပြောဘူး။

(၂) မှန်တာကိုပဲ ပြောမယ်။ မမှန်တာကိုမပြောဘူး။

(၃) ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့ပြောမယ်။

(၄) ပြောတဲ့အခါမှာ အကျိုးရှိတဲ့စကားကိုသာပြောမယ်။ အကျိုးမရှိတာကို မပြောဘူး။

(၅) ပြောတဲ့အခါမှာ မေတ္တာနဲ့ပြောမယ်။ဒေါသနဲ့မပြောဘူး။
 
မြတ်စွာဘုရားရဲ့ အဆုံးအမကိုကြည့်ပြီးရှေးလူကြီးတွေက ပြောတယ် - စိတ်ဆိုးရင်
စကားမပြောနဲ့တဲ့။ဘာဖြစ်လို့လဲဆိုတော့ စကားကောင်းမထွက်ဘူး။ မိမိကိုယ်တိုင်က စကားပြောတဲ့
စည်းကမ်းလေးတွေ ချမှတ်ထားပြီးတော့ ဒီအတိုင်းသတိထားပြီး လိုက်နာကျင့်သုံး
လိုက်မယ်ဆိုရင် မိမိနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြဿနာ တက်စရာအကြောင်း မရှိတော့ဘူး။
 
မေတ္တာနှလုံးပျက်သွားတာ ကိုယ့်ရဲ့အပြောကြောင့်ပဲ။ မပြောသင့်တာကို ပြောမိလို့၊ ကြမ်းကြမ်းတမ်းတမ်း
ပြောမိလို့၊ မဟုတ်တာသွားပြောမိရင်လည်း ပြဿနာတတ်တတ်တယ်။
ဒါကြောင့်မို့လို့ အပြောအဆိုနဲ့ ပတ်သက်ပြီးတော့ကိုယ်ကိုယ်တိုင်က စည်းကမ်းရှိဖို့ ဗုဒ္ဓမြတ်စွာက
ဟောကြားပေးထားတယ်။ ”

- ( ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာဘိဝံသ )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
 

ပူစပ်သော ဟင်းလျာများက အူမကြီး ကင်ဆာဖြစ်နှုန်းကို ရပ်တန့်စေနိုင်


ပူစပ်သော ဟင်းလျာများထဲတွင် ပါဝင်သော ဓာတုဒြပ်ပေါင်း တစ်မျိုးသည် အူမကြီးကင်ဆာ အန္တရာယ်ကို လျော့ကျစေနိုင်ကြောင်း လေ့လာမှုတစ်ခုအရ တွေ့ရှိရသည်။ လေ့လာသူတို့က မျိုးရိုးအရ အစာအိမ် အူလမ်းကြောင်းထဲတွင် အကျိတ်များစွာ ရှိနေသော ကြွက်များကို ငရုတ်သီး ကျွေးခဲ့ရာ ငရုတ်သီးထဲတွင် ပါသည့် ကပ်ဆိုက်စင်ဓာတ်သည် အူလမ်းကြောင်း နံရံရှိ ဆဲလ်များထဲတွင် နာကျင်မှုလက်ခံရာ စင်တာကို လှုံ့ဆော်ပေးကာ အူမကြီးနှင့် အစာဟောင်းအိမ် အကျိတ်များ ကြီးထွားနှုန်း အန္တရာယ်ကို လျော့ကျစေကြောင်း တွေ့ရှိခဲ့ရသည်။

အဆိုပါ ကုထုံးသည် ကြွက်များ၏ ဘဝသက်တမ်းကို ၃၀ ရာခိုင်နှုန်းကျော် ပိုရှည်စေကြောင်းနှင့် ရောင်ရမ်းမှုကျဆေး Celecoxib နှင့် တွဲပေးပါက ပိုမိုထိရောက်မှု ရှိကြောင်း သိပ္ပံပညာရှင်တို့က တွေ့ရှိခဲ့ကြသည်။


အူမကြီးကင်ဆာသည် ယူကေတွင် တတိယ အဖြစ်များဆုံး ကင်ဆာရောဂါဖြစ်ပြီး နှစ်စဉ် ရောဂါအသစ်ဖြစ်သူမှာ ပျမ်းမျှအားဖြင့် လေးသောင်းတစ်ထောင်ခန့် ရှိကြောင်း ဆရာဝန်တို့ တွေ့ရှိခဲ့ကြသည်။ လေ့လာမှုအရ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ ဖြစ်နိုင်ခြေများသည့် လူနာများတွင် အကျိတ်ကြီးထွားမှုကို ဟန့်တားနိုင်ရန် သူတို့စားသော အစာထဲတွင် ကပ်ဆိုက်စင်ဓာတ်ကို ထည့်သွင်း ပေးသင့်ကြောင်း သိရသည်။ လတ်တလောတွင် ကပ်ဆိုက်စင်ဓာတ်ကို လိမ်းဆေးများထဲတွင် အကိုက်အခဲ ပျောက်ဆေးအဖြစ် သုံးခဲ့ရာ နာကျင်မှု ခံစားရသည့် ကာလကို လျော့ကျစေကြောင်း သိရှိခဲ့ပြီး ဖြစ်သည်။


http://www.lyhealthcare.com/archives/2154
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.3447325

ဆေးအလွန်အကျွံသုံးသူ လူငယ်ဘေးတစ်ယောက် ဖြစ်ရပ်



ဗြိတိန်နိုင်ငံပိုင် Northern Ireland ပြည်နယ်က အသက် ၂၂ နှစ်အရွယ် လူငယ် တစ်ဦး ဖြစ်ပါတယ်။ ညာဘက်က ပုံက သူကျန်းမာနေစဉ် အချိန် ဖြစ်ပါတယ်။ ဘယ်ဘက်က ပုံကတော့ ယခု ရက်ပိုင်းလေးတင် သူမသေခင်က ပုံ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်ပြည့်ပြီး တစ်ပတ် အကြာမှာပဲ သေဆုံးသွားခြင်း ဖြစ်ပါတယ်။

အသက် ၁၇ နှစ် အရွယ်က စလို့ ဆေးလိပ်ကို အလွန်အကျွံ စတင်သောက်သုံး ပါတယ်။ သာမန်ဆေးလိပ်ကနေ မူးယစ်စေတဲ့ ဆေးဝါး အမျိုးမျိုး ပါဝင်တဲ့ ဆေးလိပ် အမျိုးအစားများထိ Level ပိုမြင့်လာပါတယ်။ နောက်တော့ ဆေးသမား ဘဝကို လုံးပါးပါး ရောက်ရှိသွားပါတယ်။ တက္ကသိုလ် ဒုတိယနှစ်တက်နေတဲ့ အရွယ်သာ ရှိသေးပြီး သုံးနှစ်ကျော် လေးနှစ်လောက် ဆေးစွဲလာရာ မှ ဆေးဖြတ်ဖို့ အတွက် ဆေးရုံ စတင်ပါတော့တယ်။ ဆေးရုံတက်နေတုန်း မှာ ဆေးဝါးပေါင်း မြောက်များစွာ သုံးစွဲလို့ ကုသပေးရ ပါတယ်။ ဆရာဝန် လမ်းညွန်သလို မဟုတ်ပဲ ဆေးဝါးတွေကို သောက်သုံးတဲ့နေရာမှာ အကိုက်ခဲ ပျောက်ဆေးများ အလွန်အကျွံသောက်သုံးမှု ထပ်ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးဆွဲတဲ့ ဝေဒနာ ပျောက်စေတဲ့ ဆေးဝါးများပါ အလွန်အကျွံသောက်မိ ပါတယ်။ နေက်တော့ ခံစားမှု ပျောက်ကွယ်သွားတဲ့ ခြေတွေ၊ လက်တွေကို ဖြတ်ရတဲ့ အထိ ဖြစ်သွားပါတယ်။

သိပ်မကြာ ပါဘူး။ ဆေးရုံပေါ်မှာ ၁၂ လ သာ နေပြီး အသက်သေဆုံးသွားပါတယ်။ ညာဘက်က ပုံက သူကျန်းမာနေစဉ် ဆေးဝါး မသုံးစွဲခင် ပုံဖြစ်ပါတယ်။ ယင်းပုံ နှစ်ပုံကို အင်တာနက်ပေါ်တင်ခဲ့သူကတော့ သူ့အမေ ကိုယ်တိုင်ပါ။ နောင်လာ နောက်သား လူငယ်များ အနေနဲ့ ဆေးလိပ်နဲ့ အခြားသော မူးယစ်ဆေးဝါး သောက်သုံးမှုကြောင့် ဘယ်လို ဖြစ်လာနိုင်တယ် ဆိုတာကို ရင်နာနာ နဲ့ ပြသချင်လို့ ဖြစ်ပါတယ်။ ရိုးရာလေး စာဖတ်သူတို့လည်း နောင်လာနောင်သား မြန်မာလူငယ်များ ယခုလို မဖြစ်စေအောင် သတိပေး အကြံပေး စေလိုပါတယ်။

.
Ref: Dailymail

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

ကျားအို လက်အောက် သင်မရောက်စေနှင့်



အသက်ကြီးပြီး အစာမရှာနိုင်တော့တဲ့ ကျားတစ်ကောင် အလွယ်နည်းနဲ့ အစာရဖို့ သူစဉ်းစားတယ်။ နောက်တော့ အဖြေရှာမရလို့ ခြေကျိုး ကျားနေတဲ့ ကျားအဖြစ် ယောင်ဆောင်ပြီး လက်အောက်မှ ကျောက်ခဲထည့်ထားတဲ့ အထုတ်ကို ရွေထုတ်ဖြစ်ကြောင်း သူ့ရှေ့ဖြတ်သွားသူတိုင်းကို ပြောတယ်။ လူတစ်ယောက်ယောက်များ ရွှေကိုလိုချင်လိုငြားပေါ့။

အဲ့ဒီမှာ လူတစ်ယောက် သူ့ဂွင်ထဲ ရောက်လာတယ်။ မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေတဲ့ လူကို စွဲဆောင်ဖို့အတွက် ကျားက ခုလို စည်းရုံးတယ်။

' အို အသင်လူသား၊ ကျန်ုပ်တို့ကျားတို့သည် အသားစားသည်က မှန်ပေ၏။ မြတ်ဘုရားရှင် ဟောခဲ့သော တရားတော်များနှင့် ဝေးရ၍ ကျန်ုပ်ခုလို ဖြစ်ခဲ့ရသည်။ ယခု ငါတရား အားထုတ်မည်။ လူသားလည်း မစားတော့။ အသားလည်း ရှောင်သည်။ တတ်နိုင်သလောက် တရားကျင့်ကြံလို့ လူသားအကျိုးကို ဆောင်သယ်ပိုးမည်။ ယခု အကျန်ုပ်လက်အောက် က ရွှေထုတ်ကို ယူပါလေ။'

ဒါနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာ ရိုးရာလေး စာဖတ်သူတို့ လွယ်တကူ ရိတ်မိမှာပါ။ (ကလေးတောင် နားလည်မယ့် ပုံပြင်လေး တစ်ပုဒ်ပါပဲ) အညာလွယ်တဲ့ ဖြတ်လျှောက် လူသားတစ်ယောက်တော့ ကျားပါးစပ်ထဲကို ပါသွား ရှာတယ်။

ဒီလိုပါပဲ။ လောကီမှာပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ တရားလမ်းမှာပဲ ဖြစ်ဖြစ် ပညာ သင်ကြား ဆည်းပူးလေ့လာတဲ့အခါ အဆုံးထိ မရောက်ပဲ တစ်ဝက်တစ်ပြတ် ဖြစ်နေတာဟာ ကိုယ့်အတွက် အန္တရာယ်များပါတယ်။ လုံးဝ မတတ်တာလည်း မဟုတ်။ အပြည့်တတ်တာလည်း မဟုတ်တော့။ မယုံတစ်ဝက် ယုံတစ်ဝက်၊ မသိ တစ်ဝက် သိတစ်ဝက်နဲ့ ရှေ့ဆက်တော့ ကိုယ့်အတွက် အနာဂတ်မှာ အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် လောကုတ္တရာ မှာဆိုရင် မဂ်ဖိုလ်လမ်း မရောက်ပဲ ဈာန် သမထ လမ်းစဉ် ရောက်သွားတာမျိုးတို့ ဖြစ်ပါတယ်။ လောကီမှာ ဆိုရင်တော့ သိပ်မသိသာ ပါဘူး။ ထိပ်ဆုံးက သူလည်း မဟုတ်လို၊ အောက်က လူလည်း မဟုတ်တဲ့ နေရာမှာပါ။ အကယ်၍ စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ သတိလေးသာ ကပ်မထားရင် ယင်းလူဟာလည်း ဒုက္ခရောက်နိုင်ပါတယ်။

ဒါကြောင့်မို့ ရိုးရာလေး စာဖတ်သူတို့ အနေနဲ့ မိမိတို့ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ပညာနဲ့ ဘာသာရေးတို့မှာ အမြင့်နိုင်ဆုံး ဖြစ်အောင် အမြဲတမ်း ကြိုးစား အားထုတ်ကြဖို့ အကြံပေး ရေးသားတိုက်တွန်းလိုက်ရပါတယ်။

ကိုးကား ပုံပြင် - ကိုယ်ကျင့် အဘိဓမ္မာ (အရှင်ဇနကာဘိဝံသ)


အောင်ခမ်း (ရိုးရာလေး )
www.yoyarlay.com
https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

ဆပ်ပြာမှုန့်မလိုတဲ့ စက်ရုပ်ငါးအ၀တ်လျှော်စက်



ဆပ်ပြာမှုန့်အစား စက်ရုပ်ငါးတွေ အသုံးပြုပြီး အ၀တ်လျှော်နိုင်မယ့် စက်တစ်မျိုးကို ကိုရီးယား ဒီဇိုင်နာတစ်ဦးက တီထွင်ခဲ့ပါတယ်။ လျှော်မယ့် အ၀တ်အစားက အညစ်အကြေးတွေကို ရှာဖွေဖို့ စက်ရုပ်ငါးတွေမှာ အသေးစား ကင်မရာတစ်လုံး တပ်ဆင်ပေးထားပြီး အ၀တ်အစားထဲက အညစ်ကြေးမှုန်တွေကို စက်ရုပ်ငါးတွေ စုပ်ထုတ်ကြမှာဖြစ်ပါတယ်။ အဲဒီအ၀တ်လျှော်စက်ကို Pecera လို့ ခေါ်ပါတယ်။

ဒီစက်ကို ဖန်တီးဖို့ အတွေးရခဲ့တာကတော့ ငါးဆရာဝန်တွေကြောင့်ပါပဲ။ ငါးဆရာဝန်ဆိုတာ ခြေထောက်က ဆဲလ်သေတွေကို ကိုက်ပြီးဖယ်ရှားပေးတဲ့ငါးတွေကို ပြောတာပါ။ တီထွင်သူ ချန်ယွတ်ဂျွန်းက Pecera စက်တွေကို သာမန်အ၀တ်လျှော်စက် ဈေးနှုန်းနီးပါး ရောင်းချနိုင်ဖို့
ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ပြီး Peceraစက် အသုံးပြုမှု တွင်ကျယ်လာရင် ဆပ်ပြာမှုန့်ကြောင့် ဖြစ်ရတဲ့ ရေဓာတ်ညစ်ညမ်းမှုကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ရှင်းပြသွားပါတယ်။ Pecera စက်ဟာ ၂၀၁၄ခုနှစ် ကမ္ဘာ့ဒီဇိုင်းသစ် တီထွင်ဖန်တီးမှု ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆွီဒင်အခြေစိုက် Electrolux ကုမ္ပဏီက ရွေးချယ်ထားတဲ့ ဖန်တီးမှု ၁၀၀ထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

@z (ရိုးရာလေး)
RefDaily Mail
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

မြန်မာပြည် သာသနာမှာ ခြောက်ပါးညီနောင် ကျောင်း


 
မြန်မာပြည် သာသနာမှာ ခြောက်ပါးညီနောင် ကျောင်းဆိုတာ ရှိပါတယ်... မွေးချင်းညီနောင် ၆ ယောက် သာသနာ့ဘောင်ဝင် ရှင်ရဟန်း ပြုကြပြီး သီတင်းသုံးကြတဲ့ ကျောင်းတိုက်ပေါ့... မဟာသုဗောဓါရုံလို့ ခေါ်တယ်မှတ်တယ်...

ရဟန်းညီနောင် ခြောက်ပါးစလုံးဟာ သာသနာ့ဓဇ ဓမ္မာစရိယဘွဲ့ အနည်းဆုံး ရရှိကြသူတွေ ဖြစ်တယ်ဆိုရင်ပဲ အတော်ကြည်ညိုစရာ ဖြစ်နေပါပြီ... ဒီလို သာသနာ့ အာဇာနည်တွေကို မွေးထုတ်ပေးခဲ့တဲ့ မိဘတွေကလဲ ဘယ်လောက်တောင် မြင့်မြတ်ဂုဏ်တက် ကြလေမလဲ...
မွေးချင်း ၁၂ ယောက်မှာ သား ၆ယောက် သာသနာ့ဘောင် ဝင်သွားပြီးနောက်ပိုင်း အမိအဘတွေကလဲ ရဟန်းပြု သီလရှင် ဝတ်လိုက်ကြတယ်... မွေးချင်းထဲမယ် အငယ်ဆုံး မိန်းကလေးကလဲ သီလရှင် လိုက်ဝတ်တယ်... ခမည်းတော်နဲ့ နောင်တော်တွေ အပါအဝင် သံဃာတွေကို ဆွမ်းလုပ်ကျွေးတယ်... ဒီလိုမိသားစု ဘယ်လိုရှာ ရှာလို့တွေ့ပါ့မလဲ...

အဲ့ဒိ ညီနောင်တွေထဲက မွေးချင်း ၁၁ ယောက်မြောက်... ဆရာတော်ဟာ အရှင်နန္ဒမာလာလို့ ခေါ်ပါတယ်... အများသိကြတဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်ပေါ့...

ပုံကတော့ ဆရာတော်ကြီးနဲ့ နှမတော် ဒေါ်ကဉ္စနာပါ...
(Photo Credit: Dhammadownload Web Master)

သာဓု... သာဓု... သာဓု...
 

ကရင်ရိုးရာ ဝါခေါင်လက်ချည်ပွဲ

 

 

 

ဝါခေါင်လကို ကရင်လို လာခေါင်လို့ ခေါ်သတဲ့... ကရင်တို့အတွက် ဒီလရဲ့ပွဲတော်က ဝါခေါင်လက်ချည်ပွဲပါတဲ့... နှစ်စဉ်နှစ်တိုင်း ဝါခေါင်လဆန်း ၁ ရက်နေ့ကစပြီး လပြည့်နေ့အထိ လက်ချည်ပွဲ လုပ်လေ့ရှိကြသတဲ့... ဒီလက်ချည်ပွဲကိုပဲ ခြည်ဖြူဖွဲ့မင်္ဂလာ... ဝါခေါင်ခြည်ဖြူပွဲ ဆိုပြီးတော့လဲ ခေါ်ကြသေးသတဲ့...

တကယ်တော့ ကရင်ရိုးရာ လက်ချည်ပွဲဆိုတာက ဝါခေါင်လမှာ လုပ်တဲ့ပွဲတင် မကပါဘူး... ကာလဒေသကို လိုက်ပြီးတော့ အမျိုးအစား ၃ မျိုး ကွဲပါသတဲ့ဗျာ... ဒါတွေကတော့...
- လိပ်ပြာခေါ် ဆုတောင်လက်ချည်ပွဲ...
- ထိမ်းမြားမင်္ဂလာ လက်ချည်ပွဲ... နဲ့
- ဝါခေါင်လက်ချည်ပွဲ... တွေပဲ ဖြစ်ကြပါတယ်...

ထိမ်းမြားမင်္ဂလာ လက်ချည်ပွဲဆိုတာက ဇနီးမောင်နှံနှစ်ယောက်ရဲ့ လိပ်ပြာတွေကို မခွဲအတူတူ တစ်သက်လုံး လက်တွဲသွားနိုင်အောင် ပြုလုပ်ကျင်းပတဲ့... ကရင်ရိုးရာ လက်ထပ်ထိမ်းမြားတဲ့ အခမ်းအနားတစ်ခုပဲ ဖြစ်ပါတယ်...

လိပ်ပြာခေါ် ဆုတောင်းလက်ချည်ပွဲ ကျပြန်တော့ နာမကျန်း ဖြစ်နေတဲ့ အိမ်သူအိမ်သားအတွက် သူ့ရဲ့လိပ်ပြာကိုခေါ်ပြီး လူနဲ့မြဲအောင် ကျန်းမာအောင် ဆုတောင်းပေးတဲ့ပွဲ ဖြစ်ပါတယ်...

ဝါခေါင်လ လက်ချည်ပွဲကျတော့... အဓိပ္ပါယ်တွေ အများကြီး ရှိနေပါသတဲ့... ပုံမှန်အားဖြင့် ဝါခေါင်လဟာ ကရင်လူမျိုးတို့အတွက် ဆန်စပါး ကောက်ပဲသီးနှံတွေ စိုက်ပျိုးပြီးစီးချိန်... အခါကာလအားဖြင့် အလုပ်နားချိန်ပါ...

ဒီလို အလုပ်နားချိန်မှာ တစ်နယ်တစ်ကျေး ရောက်ရှိနေကြတဲ့ မိသားစုဝင်တွေ ပြန်လည်ဆုံစည်းပြီး မိဘဘိုးဘွားတို့က သားသမီး မြေးမြစ်တွေကို စုစည်းစေပြီး သြဝါဒပေး ဆိုဆုံးမကြသလို... စပါးဆန်ရေ တိုးပွာထွက်ရှိပြီး လုပ်ငန်းကိုင်ခန်း တိုးတက်စည်ပင်စေကြောင်း ဆုတောင်းပဏ္ဍာ ပြုပေးကြပါတယ်...

ဒီအချိန်ဟာ ကရင်လူမျိုးတွေအတွက် အလုပ်နားချိန်လဲဖြစ် မိုးသည်းထန်စွာ ရွာသွန်းချိန် ဖြစ်တာမို့ ကိုယ်လက်လှုပ်ရှားမှုလဲ နည်းပါးသလို... ပိုးမွှားအင်းဆက်တွေ ပေါက်ပွားထူပြောပြီး ရောဂါဘယ ထူပြောတဲ့ အချိန်လို့လဲ ဆိုနိုင်ပါတယ်... ဒါ့ကြောင့်မို့ ဘိုးဘွားမိဘ ဆရာသမားတွေရဲ့ ကျန်းမာစေကြောင်း မေတ္တာပို့ဆုတောင်းမှုကို ခံယူကြရတဲ့ ကာလလို့လဲ ဆိုကြပါတယ်...

ကရင်လူမျိုးတို့ ဟိုး... ရှေးနှစ်ပေါင်း ထောင်နဲ့ချီတဲ့ ကာလက ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ကြရင်း ရောက်လေရာ အရပ်ဒေသမှာ မိဘဆွေးမျိုးတွေ ပြန်လည်အမှတ်ရစေဖို့... ပြန်ဆုံစည်းကြစေဖို့ ကရင်လူမျိုး ခေါင်းဆောင် အကြီးအကဲတွေက ရည်ရွယ်ပြီး ပြုလုပ်ပေးခဲ့ကြတဲ့ ပွဲလို့လဲ ဆိုကြပါတယ်...

တကယ်တော့ ဝါခေါင်လ ချည်ဖြူပွဲဟာ ကရင်လူမျိုးတွေရဲ့ မိသားစု ဆွေမျိုးတွေ ဘယ်လိုပင် အကွဲကွဲ အပြားပြား ဖြစ်နေပါစေ.... ဘယ်နေရာကို ရောက်နေပါစေ... ပြန်လည်ဆုံးစည်းကြပြီး စည်းလုံးညီညွှတ်စွာနဲ့ ရိုးရာအမွေတွေကို လက်ဆင့်ကမ်းပေးရာ... ဘိုးဘွားမိဘတွေက သားသမီး မြေးမြစ်တွေကို ကျန်းမာစေကြောင်း လုပ်ငန်းကိုင်ခန်း အဆင်ပြေပါစေကြောင်း ဆုတောင်းပေးကြတဲ့ ပွဲဖြစ်ပါတယ်...

မင်္ဂလာယူကြတဲ့ ပွဲဖြစ်တာမို့ ရိုးရာဝတ်စုံ ကိုယ်စီဝတ်ထားကြတဲ့ မိသားစုထဲမှာ ဒီပွဲကို ဦးဆောင်တဲ့ သူတွေဟာ ပထမအိမ်ထောင် ကြင်ယာစုံ ဖြစ်ရပါတယ်တဲ့... ပွဲမစခင် တစ်ရက်အလိုမှာ ဒီဦးဆောင်တဲ့ အဘိုးအဘွား စုံတွဲဟာ အိမ်လှေကားမကြီးကို ယောက်မနဲ့ အသာအယာခေါက်ပြီး လိပ်ပြာခေါ်ရပါသတဲ့...

ပါဝင်ဆင်နွှဲသူ အကုန်လုံးဟာ ရိုးရာဝတ်စုံကိုပဲ ဝတ်ဆင်ကြရပါတယ်... ပွဲမှာပါဝင်မယ့် အဓိက ဒေါင်းလန်းတွေကိုလဲ မိစုံဖစုံ သားသမီးတွေကပဲ ကိုင်မကြရပါတယ်... ဒီဒေါင်လန်းတွေ ထဲမှာပြင်ဆင် ထည့်သွင်းရတဲ့ ပစ္စည် ခုနှစ်မျိုးမှာလဲ သူ့အဓိပ္ပါယ် သူ့တန်ဖိုးတွေ ကိုယ်စီရှိပါရဲ့... ဒါတွေကတော့...

- မကောင်းဆိုးရွာနဲ့ မကောင်းတဲ့ ပယောဂကံတွေကို ကာကွယ်တားဆီးဖို့... ခြည်ဖြူပွဲရဲ့ အဓိကပစ္စည်းဖြစ်တဲ့ ခြည်ဖြူသုံးခင်စု ခုနှစ်ပိုင်း

- ကရင်လူမျိုးတွေရဲ့ အဓိက အစားအစာလဲဖြစ်... ကရင်လူမျိုးတွေကို စည်းလုံးစွာ နေထိုင်စေချင်တဲ့ ဆန္ဒဥပမာလဲ ဖြစ်စေမယ့် ကျစ်ကျစ်လစ်လစ် ဆုပ်ထားတဲ့ အလွယ်တကူ မပုပ်သိုးနိုင်တဲ့ ထမင်းဆုပ် ခုနှစ်ဆုပ်

- ကရင်တွေ ပြောင်းရွှေ့ခဲ့တဲ့ အချိန်တုန်းက လမ်းပြခဲ့တဲ့ မုဆိုးကြီး ဖူ့ထော်မဲက လမ်းမှာတွေ့ခဲ့တဲ့ ခရုဖင်ချွန်လေးတွေလို စုစည်းနေတဲ့အခါ အချွန်တွေက ဘေးဘက်ကို ကားနေတာမို့ စုစည်းစည်းလုံးရင် ရန်သူက အလွယ်တကူ ရန်သတ္တရု မပြုနိုင်တာကို အမှတ်ရစေဖို့ ကောက်ညှင်းဖင်ချွန် ခုနှစ်ထုပ်

- သီးပွင့်ကြတဲ့ ငှက်ပျောဖီး ငှက်ပျောခိုင်တွေလို... စည်းလုံးညီညွှတ်စေဖို့... ဘယ်လိုခုတ်ခုတ် ဘယ်လိုသတ်သတ် ပင်စည်ကနေပွားပြီး ပြန်ရှင်သန်နိုင်တဲ့ ငှက်ပျောပင်ရဲ့ အစွမ်းကို ဥပမာပြုပြီး သာကွီသားမိန့်ဆိုတဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့ အဓိပ္ပါယ်ရှိတဲ့ ငှက်ပျောသီးမှည့် ခုနှစ်လုံး... အမှည့်အလွယ်တကူ မရရင်လဲ ပြုတ်ပြီးတော့ ထည့်ကြသတဲ့...

- ဖဝ့်ဝီလိခေါ်တဲ့ ပင်စည်ကျရာ အပင်ပေါက်ပြီး အုံလိုက်ကျင်းလိုက် ပွားများတတ်သလို ဆေးဖက်လဲဝင်တဲ့ ပန်းခုနှစ်ခက်...

- ဘယ်လိုခုတ်ခုတ် ပင်စည်ကရော အဆင်အပိုင်းကရော ပြန်ရှင်သန်နိုင်သလို ရောဂါဘယဒဏ် ခံနိုင်ပြီးတော့ သူ့ရဲ့ပင်ကိုယ် အစွမ်းဖြစ်တဲ့ အချိုဓါတ်ပေးစွမ်းနိုင်တဲ့ သဘောတရားကို အမှတ်ရနိုင်စေကြဖို့ ကြံဆစ်ပိုင်း ခုနှစ်ပိုင်း

- မေတ္တာရဲ့ အေချမ်းတဲ့ သဘောကိုဆောင်တဲ့... မကောင်းမှုနဲ့ အညစ်အကြေးတွေကို ဆေးကြောသန့်စင် ပေးနိုင်တဲ့သဘော... မိဘဘိုးဘွားတွေရဲ့ စေတနာမေတ္တာကို ကိုယ်စားပြုနိုင်တဲ့... အေးမြကြည်လင်တဲ့ မေတ္တာရေစင်တစ်ခွက်

ဒါတွေကို ဒေါင်းလန်းထဲမယ် စုထည့်ပြီးတော့ ပြင်ဆင်ထား ကြရပါသတဲ့...

ဦးဆောင်တဲ့ အဘိုးအဘွား စုံတွဲက ဒေါင်းလန်းဘေးကို ယောက်မနဲ့ ခပ်သာသာရိုက်ပြီးတော့ ဝိဥာဉ်လိပ်ပြာတွေ အကုန်အစုံ ရောက်ကြပြီလားလို့ မေးတဲ့အခါ ဒေါင်းလန်းကိုယ်စီနဲ့ မင်္ဂလာမောင်မယ်တွေက ရောက်ကြပါပြီဆိုပြီး သုံးကြိမ်သုံးခါ အမေးအဖြေ လုပ်ပြီးတော့ ချည်ဖြူပွဲကို စကြပါသတဲ့...

ဘိုးဘွားစုံတွဲက ချည်ဖြူပတ်ပေးရင်း ပလူး ဆိုတဲ့စကားနဲ့ အစပြုတဲ့ ကျန်းမာချမ်းသာ ပါစေကြာင်း ဆုတောင်းစာတွေ ရွတ်ဖတ်ပေးကြပါတယ်... မေတ္တာစာ ဆုတောင်းစာမှာ... သားသမီး မြေးမြစ်တွေ ကျန်းမာစေဖို့... မိသားစုနဲ့ မခွဲမခွာပဲ နေကြဖို့... ကျောက်သံပတ္တမြား... လယ်ယာကျွဲနွား ဆန်းရေစပါး ပေါများစေဖို့... ကျန်းမာသန်းစွမ်းပြီး ရောဂါဘယ ကင်းစေဖို့ ဆုတောင်းပေးကြတာပါ...

မင်္ဂလာမောင်မယ်တွေ အကုန်လုံးကို ချည်ပတ်ပေးတာ ပြီးသွားရင်တော့... ဒေါင်းလန်းထဲက စားစရာတွေကိ အတူတူဝိုင်းဖွဲ့ စားသောက်ကြရင်းနဲ့ ချည်ဖြူဖွဲ့တဲ့ပွဲ ပြီးဆုံးပါသတဲ့... ရိုးရာယဉ်ကျေးမှု အတီးအမှုတ် အကအလှတွေလဲ ပါကြသပေါ့...

ကိုကား။ ။ ဟိုဖတ်ဒီဖတ်... ဟိုရှာဒီရှာ... ဟိုကူးဒီကူး...

အမှားအယွင်း ပါလို့ရှိရင် ပြင်ပေးသွားပါလို့...
-----------------------------------------------------------------------------------------

ဒီအချိန်ဟာ ကရင်တိုင်းရင်းသား တိုင်းရင်းသူတွေအတွက် ခြည်ဖွဲ့ပေးကြတဲ့ အခါကာလပေါ့... ဘယ်လိုပဲ ရှေးကရင်လူမျိုးတွေက ရိုးရာပွဲ မိသားစုတွေနဲ့ စုံစည်းတဲ့ပွဲတွေ ပြုလုပ်ကြဖို့ အလေ့ထားခဲ့ပေမယ့် ဒီပွဲကို မိစုံဖစုံနဲ့ ဆွေးမျိုးအသိုက်အဝန်း အစုံအလင်နဲ့ ဆက်လက်ပြီး ထိန်းနိုင်ကြပါဖို့ ဘယ်လောက်တောင် ခက်ခဲကြတော့မလဲ တွေးမိပါတယ်...

ရာစုနှစ်နဲ့ချီပြီးတော့ ပြည်ပကျူးကျော်မှုဒဏ်... ပြည်တွင်းစစ်ပွဲတွေနဲ့ စစ်တလင်းဖြစ်ခဲ့ရတဲ့ မြန်မာပြည်မယ် သေကွဲကွဲလို့ ပြန်မဆုံနိုင်ကြတဲ့ မိသားစုတွေ... ပြည်တွင်းစစ်ကြောင့် မိကွဲဖကွဲပြီး ဒုက္ခသည်စခန်း ရောက်လိုရောက်... တစ်ဖက်နိုင်ငံ ရောက်လိုရောက်... တခြားသော နိုင်ငံတွေရောက်လိုရောက် ဖြစ်သွားကြတဲ့ မိသားစုတွေ...

စီးပွားရေး အဆင်မပြေမှုတွေကြောင့်... တစ်နယ်တစ်ကျေး... တစ်ဖက်နိုင်ငံနဲ့ အိမ်နီးနားခြင်း နိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင် အသက်မွေးတွေရတဲ့ မိသားစုတွေ... ဒီလိုမိသားစုတွေကနေ ပေါက်ပွားလာကြတဲ့ ကလေးသူငယ်တွေ... ဒီလိုရိုးရာပွဲတွေနဲ့ အထိအတွေ့မှ ရှိကြပါတော့မလား...

မိဘဘိုးဘွားတွေကကော ဒီယဉ်ကျေးမှု အမွေတွေကို လက်ဆင့်ကမ်းပေးဖို့ ဘယ်လောက်တောင် ခက်ခဲလာမလဲ... ဒီမျိုးဆက်တွေကကော ဒီတန်ဖိုးရှိတဲ့ ရိုးရာတွေကို ဆက်ထိမ်းသိမ်းနိုင်ကြဖို့ ဘယ်လောက်တောင် ခက်ခဲကြမလဲ... ဆိုတဲ့အတွေးများစွာနဲ့...



https://www.facebook.com/photo.php?fbid=10204421665843930&set=a.1307913340136.

စိတ်အားတက်ကြွဖွယ် ကမ္ဘာကျော်များရဲ့အဆိုအမိန့်များ




====================================

Build your own dreams, or someone else will hire you to build theirs.
–Farrah Gray
သင့်အိမ်မက်တွေကိုအကောင်အထည်ဖော်ပါ။ ဒါမှမဟုတ်ရင်တော့
အခြားတစ်ယောက်ကသူ့အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ သင့်ကိုငှားရမ်းလိမ့်မယ်။

Life isn’t about getting and having, it’s about giving and being.
-Kevin Kruse
ဘ၀ဆိုတာ ရယူခြင်းတွေ၊ ပိုင်ဆိုင်ခြင်းတွေ မဟုတ်ပါဘူး၊ပေးဆပ်ခြင်းနဲ့ဖြစ်တည်ခြင်းပါ။

Whatever the mind of man can conceive and believe, it can achieve.
- Napoleon Hill
ဘယ်လိုအရာတွေပဲ လူတွေစိတ်ကစိတ်ကူးယဉ်ယုံကြည်ပါစေ၊ ထိုအရာတွေဟာ
တကယ်ပဲဖြစ်မြောက်နိုင်ပါတယ်

Strive not to be a success, but rather to be of value.
–Albert Einstein
အောင်မြင်ဖို့ထက်တန်ဖိုးရှိအောင် ကြိုးစားပါ။

We become what we think about. –Earl Nightingale
ကျွန်တော်တို့တွေးတဲ့အတိုင်း ကျွန်တော်တို့ဖြစ်လာကြတယ်။

The mind is everything. What you think you become. –Buddha
စိတ်ဆိုတာအရာရာပါပဲ။ သင်တွေးတဲ့အတိုင်းသင်ဖြစ်လာမှာပဲ။

The best time to plant a tree was 20 years ago. The second best time is now.
–Chinese Proverb
အပင်တစ်ပင်စိုက်ဖို့အကောင်းဆုံးအချိန်က လွန်ခဲ့တဲ့နှစ်၂၀ကပါ။
ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုပါ။

You can never cross the ocean until you have the courage to lose sight of the shore.
–Christopher Columbus
ကမ်းခြေရဲ့မြင်ကွင်းပျောက်ဆုံးသွားမှာကိုစိုးရိမ်နေသေးသ၍ သင်ဘယ်တော့မှ
သမုဒ္ဒရာကိုဖြတ်လို့ရမှာမဟုတ်ဘူး။

People often say that motivation doesn’t last. Well, neither does bathing.
That’s why we recommend it daily. –Zig Ziglar
လူတွေက စိတ်အားထက်သန်မှုကမကြာရှည်မခံပါဘူးလို့ ခနခနပြောကြတယ်။
ရေချိုးခြင်းကလဲ ကြာရှည်မခံပါဘူး။ အဲဒါကြောင့်နေတိုင်းလုပ်ဖို့ ကျွန်တော်တို့ကအကြံပြုတာပေါ့ဗျ။

Go confidently in the direction of your dreams. Live the life you have imagined.
–Henry David Thoreau
သင့်အိမ်မက်တွေရှိတဲ့လမ်းကို ယုံကြည်မှုရှိရှိနဲ့လျှောက်ပါ။
သင်စိတ်ကူးယဉ်ခဲ့တဲ့ ဘ၀လေးကိုနေလိုက်စမ်းပါ။

Start where you are. Use what you have. Do what you can. –Arthur Ashe
သင်ရောက်နေတဲ့နေရာကစပါ။ သင့်မှာရှိတာကိုအသုံးပြုပါ။ သင်လုပ်နိုင်တာကိုလုပ်ပါ။

You can’t fall if you don’t climb. But there’s no joy in living your whole life
on the ground. –Unknown
သင်အမြင့်ကိုမတက်ရင်တော့ပြုတ်ကျမှာမဟုတ်ဘူး။ ဒါပေမဲ့ မြေကြီးပေါ်မှာ
တစ်သက်လုံးနေလို့တော့ဘာမှပျော်စရာမရှိဘူးနော်။

Challenges are what make life interesting and overcoming them is what makeslife meaningful. –Joshua J. Marine
စိန်ခေါ်မှုတွေက ဘာဝကိုစိတ်ဝင်စားစရာကောင်းစေတယ်။ စိန်ခေါ်မှုတွေကိုဖြတ်ကျော်ရတာက
ဘ၀ကိုအဓိပ္ပါယ်ရှိစေတယ်။

In order to succeed, your desire for success should be greater
than your fear of failure. –Bill Cosby
အောင်မြင်ဖို့ဆိုတာ အောင်မြင်ချင်တဲ့ဆန္ဒက ကျရှုံးမှာကိုကြောက်တဲ့စိတ်ထက်ကြီးမားရမယ်။

It does not matter how slowly you go as long as you do not stop. –Confucius
သင်မရပ်နားသ၍ သင်ဘယ်လောက်နှေးနှေးသွားတယ်ဆိုတာအရေးမကြီးပါဘူး။

If you do what you’ve always done, you’ll get what you’ve always gotten.–Tony Robbins
တကယ်လို့အရင်ကလုပ်နေကျအရာတွေပဲသင်လုပ်နေတယ်ဆိုရင် သင်အရင်က
ရနေကျအရာတွေပဲရမှာပေါ့။

Change your thoughts and you change your world. –Norman Vincent Peale
သင့်ရဲ့အတွေးတွေကိုပြောင်းပြီး သင့်ရဲ့ကမ္ဘာကိုပြောင်းလဲလိုက်ပါ။

The only way to do great work is to love what you do. –Steve Jobs
အကောင်းဆုံးအလုပ်ကိုရဖို့နည်းလမ်းဆိုတာ သင်လုပ်နေတာကိုချစ်ဖို့ပါပဲ

မိုးရှင်း (I.M.T)
www.work.com.mm
 

သင်အလုပ်မရသည့် အကြောင်းရင်း (၁၀)ချက်



(၁) သင့်ရဲ့ CV ကပြည့်စုံမှန်ကန်ခြင်းမရှိခဲ့ပါဘူး။

အလုပ်ရှာသူတော်တော်များများလုပ်လေ့လုပ်ထရှိသောအမှားကတော့ CVကိုသေသေ ချာချာပြင်ဆင်မှုမရှိခြင်း ဖြစ်ပါတယ်။ သင့်ရဲ့ CVဟာ သင်လျှောက်ထားတဲ့အလုပ်နှင့် ပက်သက်သော ကျွမ်းကျင်မှုများ ပါဝင်သင့်ပါတယ်။ သင့်ရဲ့အတွေ့အကြုံတွေကိုဖော်ပြသင့်ပါတယ်။ အကယ်၍ သင်ဟာမတူညီတဲ့အလုပ်အကိုင်များအတွက် အလုပ်လျှောက်ချင်ရင်တော့ သင်လျှောက်မဲ့အလုပ်တိုင်းအတွက်ကိုက်ညီမည့် မတူညီသော CV များရှိသင့်ပါတယ်။ အလုပ်ရှင်အများစုကတော့ သူတို့ရဲ့လုပ်ငန်းကို စိတ်ဝင်တစားအာရုံစိုက်တဲ့ ၀န်ထမ်းများကိုသာ အလိုရှိကြပါတယ်။ထို့ကြောင့် မပြည့်မစုံသောCVတစ်စုံဖြင့် သင့်ကိုအလုပ်ခန့်မည့်သူ၏ အာရုံစူးစိုက်မှုကို သင်ရရှိမှာမဟုတ်ပါဘူး။
.
(၂) သင် cover letter ကောင်းကောင်းတစ်စောင်ရေးခဲ့ခြင်းမရှိခဲ့ပါဘူး။

သင်ရဲ့အရည်အချင်းတွေ အတွေ့အကြုံတွေကို သေသေချာချာတိတိကျကျ ရှင်းပြဖို့ သင်cover letterတစ်စောင်ရေးသင့်ပါတယ်။ cover letter ဟာ တိုတိုနဲ့တိတိကျကျ စေ့စေ့စပ်စပ် ဖြစ်သင့်ပါတယ်။ သင်လျှောက်ထားတဲ့ အလုပ်ပေါ်စိတ်ဝင်စားမှုနဲ့ သင့်ရဲ့အရည်အချင်းတွေဟာ ထိုအလုပ်အတွက် သင့်တော်ကြောင်းကို cover letter မှာဖော်ပြလို့ရပါတယ်။ အလုပ်ရှင်တော်တော်များများဟာ CVပေါင်းများစွာကို နှံ့နှံ့စပ်စပ်ကြည့်ဖို့ အချိန်မရသောကြောင့် cover letterကောင်းကောင်းတစ်စောင်ဖြင့် သင့်အလုပ်ရှင်၏ အာရုံစူးစိုက်မှုကိုရယူနိုင်ပါတယ်။

(၃) CVတင်ပြီး နောက်ဆက်တွဲလုပ်ဆောင်မှုများမလုပ်ခြင်း

အလုပ်ရှင်အများစုဟာ မအားမလပ်သောကြောင့် သူတို့သင့်ကိုသတိထားမိစေဖို့ CVတင်ရုံနဲ့ မရပါဘူး။ သင့်CVကိုသူတို့မြင်ကြောင်းသေချာစေရန် သင်ဝီရိယရှိစွာ ကြိုးစားသင့်ပါတယ်။CV နဲ့ cover letterကိုပို့ခြင်းသည် အင်တာဗျူးအခေါ်ခံရရန်ကြိုးစားခြင်း ဖြစ်ကြောင်းသတိရပါ။ ဒါကြောင့်သင် CVနဲ့ cover letterပို့ပြီး မကြာခင်မှာ သင်လျှောက်ထားသော အလုပ်ကိုဖုန်းဆက်ပြီး သင်ဟာအင်တာဗျူးအတွှက်အသင့်ရှိ ကြောင်းပြောနိုင်ပါတယ်။ သင့်ရဲ့ကျွမ်းကျင်မှုနဲ့ သင့်ရဲ့အတွေ့အကြုံတွေကို ယဉ်ယဉ်ကျေးကျေး နဲ့ အချိန်အနည်းအတွင်း ဖုန်းထဲမှာပြောပြနိုင်ရန် ကြိုတင် ပြင်ဆင်ထားပါ။ သင့်ကိုအင်တာဗျူးခေါ်ပြီး အသေးစိတ်အချက်အလက်များ ထပ် ဆွေးနွေး ချင်စိတ်ပေါ်လာအောင်ပြောပါ။

(၄) အင်တာဗျူးအတွက်ကြိုတင်ပြင်ဆင်မှုနည်းခြင်း

အလုပ်ရှာသူတော်တော်များများဟာ အင်တာဗျူးအခေါ်ခံရတဲ့အထိအောင်မြင်ပြီးမှ အင်တာဗျူးအတွက်ကြိုတင်ပြင်ဆင်မှုအားနည်းချင်းကြောင့် အင်တာဗျူးအခန်းထဲရောက်မှ အလုပ်အခန့်မခံရခြင်း ဖြစ်တတ်ပါတယ်။ မိမိအလုပ်လျှောက်သော company အကြောင်းမသိခြင်း၊ အလုပ်အကြောင်းမသိခြင်း၊ အလုပ်အတွက်လိုအပ်ချက်များကို မသိခြင်း၊ အင်တာဗျူးယေဘူယျမေးခွန်းများကိုမဖြေနိုင်ခြင်း စသောအခက်အခဲများ ကြောင့် အလုပ်ခန့်ခြင်းမခံရခြင်း များပါတယ်။ သင်အလုပ်လျှောက်ထားသော company အကြောင်းကိုသိအောင်သေချာစုံစမ်းပြီး အင်တာဗျူးမှာအကောင်းဆုံးဖြေနိုင်ဖို့ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။

(၅) အင်တာဗျူးမှာ မသင့်တော်သောအ၀တ်အစားဝတ်ဆင်မိခြင်း

“လူမှာအ၀တ် တောင်းမှာအကွပ်”ဆိုသောဆိုရိုးနှင့်အညီ လူတစ်ယောက်၏ သိက္ခာအတွက် ပထမဆုံးအလုပ်ရှင်နှင့်တွေ့သော အင်တာဗျူးမှာ အ၀တ်အစားက အရမ်းအရေးကြီးပါတယ်။ ထသွားထလာပေါ့ပေါ့ပါးပါးအ၀တ်အစားဝတ်ဆင်ခြင်း၊ အင်တာဗျူးအတွက်မသင့်တော်သော အ၀တ်အစားဝတ်ဆင်ခြင်းက သင့်ရဲ့အလုပ်အပေါ်မလေးစားရာကျပါတယ်။ တင်းကျပ်သောအ၀တ်အစားများ၊ ထသွားထလာအ၀တ်အစားများ၊ မျက်စိနောက်စရာ အ၀တ်အစားများ၊ မိတ်ကပ်အလွန်အကျွံ အသုံးပြုခြင်း( မိန်းကလေးများအတွက်) များ ရှောင်ရှားသင့်ပါတယ်။

(၆) အင်တာဗျူးအတွင်း ပညာတတ်မဆန်သောအပြုအမူများ

အင်တာဗျူး၏ရည်ရွယ်ချက်မှာ သင်သည် အလုပ်အတွက်သင့်တော်၊ မသင့်တော် သင့်အလုပ် ရှင်ကခေါ်ယူစစ်ဆေးခြင်းဖြစ်ပါတယ်။ အင်တာဗျူးမှာ မပြုလုပ်သင့်တဲ့အပြုအမူများကိုပြုမူသော ၀န်ထမ်းတစ်ယောက်ကို မည်သည့်အလုပ်ရှင်ကမှခန့်မှာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ အင်တာဗျူးကိုနောက်ကျမှရောက်ခြင်း၊ ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း၊ ရန်လိုပြီးပညာတတ် မဆန်သောကိုယ်အမူအရာ နှုတ်အမူအရာများ ပြုမူခြင်း၊ မိမိ CVအကြောင်းကိုပင်သေချာမသိခြင်း၊ အင်တာဗျူးမေးသူကို အရမ်းရင်းနှီးသောအမူ အရာဖြင့်ဆက်ဆံခြင်း၊ မိမိအကြောင်းများကို ရှည်လျားစွာပြောပြခြင်း၊ ချဲ့ကားပြောခြင်း၊ သင့်၏လုပ်ခဲ့ဖူးသောအလုပ်များ အကြောင်းလိမ်ညာခြင်း စသောအမူအရာများကြောင့် သင့်ကိုအလုပ်ခန့်ဖို့ အခွင့်အရေးလျော့ကျသွားနိုင်ပါတယ်။ အကယ်၍သင်သည် အင်တာ ဗျူးဖြေဆိုဖူးခြင်းမရှိပါကအင်တာဗျူးတွင့်ပြုသင့်သောအမူအရာများ ဆောင်ရန် ရှောင်ရန်များကို လေ့လာထားသင့်ပါတယ်။

(၇) ကုမ္ပဏီအကြောင်းစိတ်ဝင်စားမှုနည်းခြင်း

အလုပ်ရှာသူအများစုသည် မိမိအလုပ်လျှောက်ထားသော ကုမ္ပဏီအကြောင်းကို အင်တာဗျူးခေါ်သည်အထိတိုင်အောင် မလေ့လာထားကြပါဘူး။ အလုပ်ရှင်အများစုသည် အလုပ်ကို စိတ်ဝင်စားသူ၊ စိတ်အားထက်သန်သူ၊ ကုမ္ပဏီရဲ့အမှတ်တံဆိပ်ကို ဂုဏ်ယူစွာဖြင့်ဝတ်ဆင်မည့် ၀န်ထမ်းများကိုသာ အလိုရှိကြပါတယ်။ သင့်ရဲ့စိတ်ဝင်စားမှုကို အင်တာဗျူးခန်းထဲတွင် သင်ကြိုတင်ပြင်ဆင်ထားသည့်သင့်တော်သော မေးခွန်းအချို့မေးခြင်းဖြင့် ဖော်ပြနိုင်ပါတယ်။ သင်လုပ်ရမည့်အလုပ်နှင့် ပက်သက်ပြီး မနှစ်သက်ခြင်း တစ်စုံတစ်ရာရှိခဲ့သော် အင်တာဗျူးတွင် မပြောသင့်ပါ။ သင်အလုပ်ရဖို့ကိုသာ အင်တာဗျူးမှာ အာရုံစိုက်သင့်ပါတယ်။

(၈) သင့်ရဲ့တန်ဖိုးကိုဖော်ပြရာတွင် မရှင်းလင်းမထိရောက်ခြင်း

သင့်၏တန်ဖိုးကိုသင်ကိုယ်တိုင်မှမယုံကြည်လျှင် သင့်အလုပ်ရှင်က သင့်ကိုယုံကြည်ဖို့ ပိုခက်ခဲပါလိမ့်မယ်။ သင့်၏ အရင်အလုပ်အကြောင်း၊ သင့်၏ ပင်ကိုယ်အရည်အသွေးအကြောင်း၊ သင့်၏အရည်အချင်းများ၊ ကျွမ်းကျင်မှုများနှင့် ယခုသင်လျှောက်ထားသောအလုပ်နှင့် မည်သို့ပက်သက်နေကြောင်းကို ရှင်းရှင်းလင်းလင်းထိထိရောက်ရောက်ပြောပါ။ သင့်ကိုသင် အလုပ်ခန့်ခြင်းခံပြီးသောသူတစ်ယောက်ကဲ့သို့ သတ်မှတ်ပြီး အလုပ်အတွက် သင်မည်သို့မည်မျှစွမ်းဆောင်နိုင်ကြောင်း၊ကုမ္ပဏီအတွက်သင်ဟာ မည်သို့အသုံးဝင် နိုင်ကြောင်း၊ သင့်ကိုသင်ယုံကြည်မှုအပြည့်နဲ့ ထိထိရောက်ရောက် ပြောဆိုနိုင်ပါက သင့်အလုပ်ရှင်၏ ယုံကြည်မှုကို ရရှိနိုင်ပါတယ်။

(၉) အင်တာဗျူးပြီး နောက်ဆက်တွဲလုပ်ဆောင်မှုများမလုပ်ခြင်း

အလုပ်လျှောက်သူအများစုဟာ အင်တာဗျူးဖြေပြီးရင် ပြီးသွားပြီ ထင်တတ်ကြပါတယ်။ တစ်ချို့သောကုမ္ပဏီများအတွက်မှန်ကောင်းမှန်ပေမဲ့ တစ်ချို့သောကုမ္ပဏီများကတော့သင့်ရဲ့“ဖြစ်လာမှတုံပြန်ခြင်းထက်အခြေအနေကို ဖန်တီးတတ်ယူတတ်သော စွမ်းရည်”ကိုသိချင်သောကြောင့် သင့်ကိုရက်အနည်းငယ်အတွင်းဆက်သွယ်မှာမဟုတ်ပါဘူး။ သင့်ကိုအကြောင်းမကြားခဲ့သော် သင်ကစဆက်သွယ်ပြီး စုံစမ်းသင့်ပါတယ်။ အင်တာဗျူးပြီးပြီးချင်းမှာလဲ အင်တာဗျူးသူကို ကျေးဇူးတင်ကြောင်း စာပို့ခြင်းဖြင့် သင်သည် အလုပ်ပေါ်မှာစိတ်ဝင်စား သောသူဖြစ်ကြောင်း ပြသနိုင်ပါတယ်။

(၁၀) သင်၏ယခင်အလုပ်မှ ထောက်ခံချက်ကိုသေချာမပြင်ဆင်ခဲ့ခြင်း

သင် ယခင်လုပ်ဖူးသော နေရာတစ်ုခုခုမှ ထောက်ခံချက်ကို မဆင်မခြင်မပေးမိပါစေနဲ့။ အဘယ့်ကြောင့်ဆိုသော် အလုပ်ရှာသူအများစုသည် အင်တာဗျူးအဆင့်အထိ ရောက်ပြီးမှ ယခင် အလုပ်ရှင်၏ မကျေမနပ်အပျက်သဘော ဆောင်သော တုံ့ပြန်ချက်များကြောင့် အလုပ်ရရန် အခွင့်အရေး လွဲသွားကြပါတယ်။ အကယ်၍ သင့်ကို ထောက်ခံမည့်သူမှ စာဖြင့်ရေးသားထားသော ထောက်ခံချက်ရှိပါက ပိုမိုသင့်တော်ပါသည်။ သင့်အနေဖြင့် သင့်ကိုထောက်ခံသူ၏သဘောထားကို သူ၏ထောက်ခံချက်စာရွက်ကို ကြည့်ခြင်းဖြင့် ရှင်းရှင်းလင်းလင်းသိနိုင်ပါသည်။ သင်လျှောက်သော အလုပ်တွင် ထောက်ခံချက်ပေးသောအခါတွင်လည်း ယုံယုံကြည်ကြည်ပေးနိုင်ပါသည်။

အားလုံးအလုပ်အကိုင်အလန်းတွေရကြပါစေ။
မိုးရှင်း (I.M.T)
www.work.com.mm


https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.327695

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရာမှာ ဆိုးကျိုးတွေ ဖြစ်စေသော အကျင့်များ



ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခါနီး လုပ်လေ့ရှိတဲ့ တစ်ချို့အကျင့်တွေကြောင့် သင်ဟာ ထိရောက်တဲ့အကျိုးဆက်ကို ရနိုင်ဖို့မလွယ်ကူပါဘူး။ ဒါ့ကြောင့် ဘယ်လိုအကျင့်တွေကို ပြင်ဆင်ပြီးမှ ကိုယ်လက်လေ့ကျင့်ခန်း လုပ်သင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။လေ့ကျင့်ခန်းမလုပ်ခင် ရေဆက်တိုက်သောက်ထားခြင်း
 

လေ့ကျင့်ခန်းလုပ်ခါနီးမှ ရေဗူးလိုက်သောက်ချပစ်လိုက်တာမျိုးဟာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဗိုက်အင့်တာ၊ အစာအိမ်မှာ ရေတွေရှိသွားတာကြောင့် အထိုင်အထနဲ့ လှုပ်ရှားမှုတစ်ခုလုပ်လိုက်တိုင်း အင့်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ လေ့ကျင့်ခန်းကို သတ်မှတ်ထားတဲ့အချိန်ထိ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။ ရေဗူးကို လေ့ကျင့်ခန်းလုပ်တဲ့နေရာ၊ GYM ကို ယူသွားပါ။ ဒါပေမယ့် နည်းနည်းချင်းစီ သောက်ပေးပါ။ လေ့ကျင့်ခန်းမလုပ် ခင် အားလုံးကုန်အောင် မသောက်ချလိုက်ပါနဲ့။

၂။ဗိုက်ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း
 

လေ့ကျင့်ခန်း လုပ်ခါနီးအချိန်ထိ ဗိုက်ထဲမှာ ဘာမှမရှိဘူးဆိုရင် သင့်ရဲ့အစာအိမ်ဟာ ကြာရှည်အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဆီမရှိတဲ့ကားဟာ ဘယ်မှသွားလို့မရသလိုမျိုး ဗိုက်ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်းလုပ်တာမျိုးကလည်း ဘာအကျိုးမှ မဖြစ်ထွန်းနိုင်ပါဘူး။ ဒါ့ကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အစာပြေလေးတော့ စားထားဖို့လိုပါတယ်။

၃။အိပ်ရေးဝအောင် အိပ်မထားခြင်း

မနက်ပိုင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ်ဆိုပါစို့၊ တစ်ညလုံး မအိပ်ရသေးဘူး။ ဒါမှမဟုတ် တစ်နာရီ၊ နှစ်နာရီလောက်သာ အိပ်ထားရသေးတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်ခန္ဓာကိုယ်ဟာ အရင်ထက်ပိုပင်ပန်းစွာ လှုပ်ရှားနေရပြီလို့သာ မှတ်ပါ။ အာရုံကြောတွေ ကောင်းကောင်းအလုပ်လုပ်ဖို့ သူတို့တွေက ပင်ပန်းကြီးစွာ အလုပ်ပိုလုပ်ပေးနေရပါတယ်။ ဒါ့အပြင်နှလုံးနဲ့ တိုက်ရိုက်ပတ်သက်နေသေးတာမို့ လေ့ကျင့်ခန်းကို အာရုံစိုက်ပြီး ကောင်းစွာ လုပ်ဆောင်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

၎။ကော်ဖီအလွန်အကျွံသောက်ထားခြင်း
 

ကော်ဖီကို သောက်သင့်တဲ့ အခွက်ရေ၊ အနေအထားထက် ပိုသောက်ထားမယ်ဆိုရင် ဒါဟာလည်း လေ့ကျင့်ခန်းလုပ်ရာမှာ အနှောင့်အယှက်ပေးတာပါပဲ။ ပိုဆိုးတာက သောက်နေကျမဟုတ်ပဲ ခုမှပိုသောက်လိုက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုးရှောင်ရပါမယ်။

၅။ပရိုတင်းဓာတ်အများအပြားပါတဲ့ အစားအစာတွေကို စားထားခြင်း

လေ့ကျင့်ခန်းမလုပ်ခင် ပရိုတင်းဓာတ်အများအပြားပါတဲ့ အစားအသောက်တွေ စားထားမယ်ဆိုရင် ဒါဟာလည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါ အနှောင့်အယှက်ဖြစ်စေတာပါပဲ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ပရိုတင်းဓာတ်ပါတဲ့ အစားအစာတွေကို စားနိုင်ပေမယ့် မလုပ်ခင်ဆိုရင် နှစ်ဆယ်ဂရမ်ထက်ပို မစားသင့်ဘူးလို့ ဆိုထားပါတယ်။

၆။အကြောမလျှော့ပဲ လေ့ကျင့်ခန်းလုပ်ခြင်း

ဒါဟာ လုံးဝမဖြစ်သင့်တဲ့အရာပါ။ GYM ဆော့တော့မယ်၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် အကြောကတော့ အရင်ဆုံးလျှော့ရမှာပါပဲ။ အကြောလျှော့ခြင်းဟာ ကိုယ်လက်လှုပ်ရှားခြင်းကနေ ဖြစ်လာတဲ့ အသားတွေနာတာ၊ ဒူးနာတာစတာတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် လေ့ကျင့်ခန်းလုပ်ရာမှာလည်း ပိုမိုထိရောက်တာကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အနည်းဆုံး ၅မိနစ်လောက်တော့ အကြောလျှော့ဖို့ အချိန်ပေးသင့်ပါတယ်။
http://www.searchmyanmar.com/link/comment/cid/40882#content-40882



https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.344

ငါးပေါင်းစားခြင်းဖြင့် ဦးနှောက်ကျန်းမာရေး တိုးတက်ကောင်းမွန်စေနိုင်




သီတင်းတစ်ပတ်လျှင် တစ်ကြိမ် ငါးပေါင်းစားခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေသည်ဟု အမေရိကန် ပစ်ဘာ့ဂ်ဆေးတက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောသည်။

‘‘ငါးကြော်မဟုတ်ဘဲ ငါးပေါင်းစားပေးတဲ့သူတွေဟာ မှတ်ဉာဏ်၊ သိရှိမှုပိုင်းနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်ထုထည်ပိုကြီးကြတယ်ဆိုပြီး လေ့လာတွေ့ရှိထားပါတယ်’’ ဟု သုတေသနပညာရှင် ပါမောက္ခ ဂျိမ်းစ်တီဘက်ကာက ပြောသည်။

သီတင်းတစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ်ခန့် ငါးကင်စားသူများသည် ဦးနှောက်မှတ်ဉာဏ်နှင့် သိရှိမှုပိုင်းတို့တွင် ပို၍ကောင်းမွန်သည်ကို သုတေသနပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။
ငါးပုံမှန်မစားသူများထက် ပုံမှန်စားသူများက ပညာအဆင့်အတန်း ပိုသာဖွယ်ရှိသည်ဟုလည်း သုတေသနပညာရှင်များက ပြောသည်။ ငါးပုံမှန်စားသော အလေ့အကျင့်သည် ဦးနှောက်တွင်း ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲမှုများ၏ အခြေခံအကြောင်းရင်းဖြစ်သည်။ ငါးစားပေးခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး ဦး နှောက်ကျန်းမာရေးကောင်းခြင်းသည် အသက်အရွယ်ရလာသည့်အခါ၌ ဖြစ်နိုင်ခြေရှိသော မှတ်ဉာဏ်ချွတ်ယွင်းမှု ပြဿနာများကို တားဆီးပေးခြင်း (သို့မဟုတ်) လျော့ပါးစေခြင်းများ ဖြစ်စေနိုင်သည်ဟု မစ္စတာဘက်ကာက ပြောသည်။

လာမည့် ၂၀၄၀ ပြည့်နှစ်အရောက်တွင် လူသန်း ၈၀ ကျော်သည် ဦးနှောက်မှတ်ဉာဏ်ချွတ်ယွင်းခြင်း ပြဿနာနှင့် ရင်ဆိုင်ရဖွယ်ရှိပြီး ယင်းကြောင့် မိသားစုဝင်များ ၀န်ထုပ်ဝန်ပိုးဖြစ်နိုင်ပြီး ကျန်းမာရေး ကုန်ကျစရိတ်များ မြင့်တက်နိုင်သည်ဟု သုတေသနပညာရှင်များက ခန့်မှန်းထားသည်။

ငါးများ၊ အစေ့များနှင့် အခွံမာသီးများတွင် ပမာဏများစွာပါဝင်သော အိုမီဂါ-၃ ဖက်တီးအက်စစ်များ၏ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အကျိုးသက်ရောက်မှုသည် ဦးနှောက်ကျန်းမာရေးကောင်းမွန်မှုနှင့်လည်း ဆက်စပ်မှုရှိသည်ဟု သုတေသနပညာရှင်များက ပြောသည်။ —Ref: JOI
http://www.searchmyanmar.com/click/search#content-40903
7day daily
 

ကင်ဆာအဖုအကျိတ်များကို လက်တွေ့ပျောက်စေတဲ့ မင်းဂွတ်သီး




--------------------------------------------------------------------------

ဒီအကြောင်း ရေးချင်နေတာ ကြာပါပြီ။ လိုင်းမကောင်းတာနဲ့ မအားတာနဲ့ မရေးဖြစ်ခဲ့ဘူး။

မင်းဂွတ်သီး အစွမ်းကိုလေ အင်တာနက်မှာ ဖတ်ရတာတော့ ကြာပြီ လက်တွေ့မလုပ်ဖြစ်ဘူး။ တစ်နေ့ စာအုပ်ဆိုင်က မင်းဂွတ်သီးနှင့် ကင်ဆာရောဂါဆိုတဲ့ စာအုပ်တွေ့လို့ ဝယ်လာပြီး ဖတ်ကြည့်မိတယ်။

အဲဒီတုန်းက တိုက်တိုက်ဆိုင်ဆိုင် အကျိတ် တစ်လုံးပေါက်လို့ တော်တော်လေးကို ဝေဒနာ ခံစားနေရတဲ့ အချိန်ပေါ့။ အဲဒါ စာအုပ်ထဲကနည်းအတိုင်း မဟုတ်ပေမယ့် မင်းဂွတ်သီး တစ်လုံးကို ခွဲ အသားကိုစား အခွံကိုပါ ဝါးစား ရေသောက်လိုက်တာ ညနေလောက်မှာ နီရဲ ယောင်ကိုင်းနေတဲ့ အကျိတ်ဖုက အယောင်ကျပြီး နာတာပါသက်သာသွားတယ်။ လက်တွေ့ပါ။ စာအုပ်ထဲမှာပါတဲ့ မင်းဂွတ်သီးရဲ့ အကျိုးပြုပုံတွေက ကောင်းလို့ စာအုပ်ထဲက နည်းအတိုင်း လုပ်ပြီး နေ့တိုင်း စားဖြစ်တယ်။

မင်းဂွတ်သီးရဲ့ အကျိုးပြုပုံများ

၁။ အကျိတ်အဖုတွေကို ပျောက်ကင်းစေတယ်။
၂။ ကင်ဆာရောဂါကို သက်သာပျောက်ကင်းစေတယ်။
၃။ ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်လည်း ကောင်းစေတယ်။
၎။ သွေးတွင်း ကိုလက်စထရော လည်းကျစေတယ်။ စသည် စသည်ပေါ့။

ပြုလုပ်ပုံကတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်။
မင်းဂွတ်သီးကို အညှာက လွဲရင် တစ်လုံးလုံးကို နှစ်သက်ရာနည်းနဲ့ Paste (ပြစ်ပြစ်နှစ်နှစ်လေး) ဖြစ်အောင်လုပ်ပြီး ရေခဲသေတ္တာထဲ ထည့် ထားပြီး တစ်နေ့ နှစ်ကြိမ်လောက် ထမင်းစားပြီးတိုင်း စားရုံပါပဲ။

စိတ်ဝင်စားရင် လုပ်ကြည့်ကြပေါ့နော်။ လက်တွေ့ပျောက်ကင်းလို့ပါ။ လမ်းကြုံရင် စာအုပ်လေးပါ ဝယ်ဖတ်ကြည့်ကြဖို့ တိုက်တွန်းရင်းး

by အိဖြိုး

Credit to သက်ရှည်ကျန်းမာ

ဆယ့်ကိုးနှစ်အရွယ် မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရ

မော်ဒယ်အေးချမ်းမြတ်မိုးကို ဓားဖြင့် ထိုးသတ်ခဲ့သူမှာ ၎င်းနှင့် ထူးခြားသည့် ပတ်သက်မှု မရှိကြောင်း မိသားစုဝင်များက ပြောသည်။
သြဂုတ်လ ၂၅ ရက် ညနေက အံ့ဖြိုးပိုင်ဆိုသော လူငယ်တစ်ဦးက အေးချမ်းမြတ်မိုး၏ လည်ပင်းကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ် သည်။
ြ
ပြစ်မှုကျူးလွန်သည့် အသက်(၂၂)နှစ်အရွယ် အံ့ဖြိုးပိုင် ဆိုသူကို ညတွင်းချင်းပင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
‘‘ကောင်လေးကိုတော့ မိတယ်။ အစ်မတို့က ကယ်ကြပါဦး အော်လိုက်တော့ သူထွက်သွားတာ မြင်လိုက်တဲ့ ရပ်ကွက်တစ်ခုလုံးကလည်း ၀ိုင်းဖမ်းပေးကြတယ်’’ ဟု သေဆုံးသူ၏အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးက ပြောသည်။


မောင်နှမများ အတူစားရန် ခေါက်ဆွဲထုပ်သွားဝယ်ပြီး အပြန် တိုက်ခန်း ဒုတိယအလွှာတွင် အသတ်ခံရခြင်းဖြစ်ပြီး ၎င်းတို့မိသားစုမှာ တတိယအလွှာတွင် နေ ထိုင်ခြင်းဖြစ်သည်။
ဓားဖြင့် ထိုးသည့် သံသယတရားခံမှာလည်း ဦးဝိစာရအိမ်ရာဝင်းထဲတွင် နေထိုင်သူ ဖြစ်သည်။
‘‘ကျွန်မရုံးကပြန်လာတော့ အိမ်ကအမေကပြောတယ်။ ညီမလေးနဲ့ မတွေ့ဘူးလား။

ညီမလေးလည်း ပြန်လာနေပြီလို့ ပြောတယ်။ မတွေ့ဘူးပြောပြီး အိတ်ကိုချလိုက်ပြီး အပြင်ထွက်လာ တော့ ညီမလေးက ၀ုန်းဝုန်းနဲ့တံခါးခေါက်တယ်။ ‘မားမားရေကယ်ပါဦး’ လို့ အော်တယ်။ သူထိုးခံ လိုက်ရပြီ။ သွေးတွေအရမ်းထွက်aနတယ်။ တံခါးသွားဖွင့်တဲ့အခါ သံပန်းတံခါးရှိတော့ တံခါးဖွင့်လို့ မရဘူးဖြစ်နေတော့ မောင်လေးက ၀ရန်တာပေါ်ကနေခုန်ချပြီးတော့ သူ့ကိုသယ်ထုတ်တဲ့အခါကျတော့ သွေးကအရမ်းလွန်နေပြီ။ အရေးပေါ်လည်းရောက်ရော သူ ဆုံးသွားတာပဲ’’ဟု သေဆုံးသူ၏အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးကပြောသည်။


အေးချမ်းမြတ်မိုးကို သတ်သည့် အမျိုးသားမှာ ၎င်း၏ချစ်သူဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသော်လည်း ၎င်းတို့မှာ ချစ်သူမဟုတ်ဘဲ မိတ်ဆွေအဆင့်သာရှိကြောင်း ၎င်း၏အစ်မဖြစ်သူက ပြောသည်။

‘‘အမှန်တော့ ညီမလေးကို ကောင်လေးက သဘောကျတဲ့ပုံ ပါ။ ညီမလေးက ဒါကိုသိပ်စိတ်မ၀င်စားဘူး။ အစ်မတို့ဘက်ကလည်း သိပ်သဘောမတူဘူးလို့ ပြောထားတယ်။ သူနဲ့အသိမိတ် ဆွေတွေပါ။ ဟိုးအရင်ကတော့ မိတ်ဆွေတွေပေါ့။ အခုနောက်ပိုင်းတော့ သိပ်အဆက်အသွယ်မလုပ်ကြတော့ဘူး’’ဟု မအေးချမ်းမြတ်ဖြိုးကပြောသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ သြဂုတ် ၂၆ ရက် ည ၇ နာရီခန့်တွင် အေးချမ်း မြတ်မိုးနှင့် ၎င်း၏ရည်းစားဖြစ်သူ အံ့ဖြိုးပိုင်တို့ စကားများရန်ဖြစ်ရာမှ အံ့ဖြိုးပိုင်က ဓားဖြင့်ထိုးရာ လည်ပင်းကို ထိုးသွင်းခဲ့၍ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

သေဆုံးသွားသော မော်ဒယ်အေးချမ်းမြတ်မိုးသည် ဒုတိယနှစ် အင်္ဂလိပ်စာမေဂျာဖြင့်တက်ရောက်နေသည့် ကျောင်းသူတစ်ဦးဖြစ်သည်။ ၎င်းသည် Laurel Art Academy အနုပညာသင်တန်းကျောင်းမှရိုက်ကူးသည့် ရုပ်သံဇာတ်လမ်းတွင် ပါဝင်ရိုက်ကူးထားပြီး အနုပညာလှုပ်ရှားမှုများအဖြစ် ဗီစီဒီရိုက်ကူးခြင်း၊ မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့သည်။

သေဆုံးသူ၏ဖခင်မှာ စစ်တက္ကသိုလ်အပတ်စဉ်(၂၉)ဆင်း တပ်မတော်အရာရှိတစ်ဦး ဖြစ်သည်။   အေးချမ်းမြတ်မိုး၏ ရုပ်အလောင်းကို သြဂုတ် ၃၀ ရက်မွန်းလွဲတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်သည်။

http://www.7daydaily.com/story/19309#.U_8-NWOM-Sp


 အချိန်မရွေး ရောက်လာနိုင်သော သေခြင်းတရားကို သတိရကာ သံဝေဂ စိတ်တစ်ချက်လောက်ဖြစ်ပါစေ..

တစ်လက်မအချင်းရှိသံချောင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်ခံရသည့် တရုတ်အမျိုးသား အသက်မဆုံးရှုံးခဲ့




 



တရုတ်နိုင်ငံ ဂွမ်ရှီးပြည်နယ် လီရီစီရင်စုမျ အသက် ၅၀ အရွယ် ဟိုဆိုသူ အမျိုးသားတစ်ဦးသည် အိမ်အဟောင်း အားဖျက်နေစဉ် ပြုတ်ကျလာသော တစ်လက်မ အချင်းရှိ သံချောင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်သွားသော်လည်း အသက်မသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သံချောင်းသည် ဟို၏ ညာဘက်ဦးခေါင်းအခြမ်းမှ စိုက်ဝင်ကာ ဘယ်ဘက် မေးရိုးမှ ပြန်ဖောက်ထွက်သွားခဲ့ပြီး ဦးနှောက်၊ မျက်လုံးအိမ်တို့နှင့် အနည်းငယ်ကွာသွားခဲ့သောကြောင့် မကြာမီ ပြန်ကောင်းနိုင်ဖွယ်ရှိကြောင်း ဆရာဝန်များက ပြောကြားသည်။

ဟိုအား နီးစပ်ရာ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး ဆရာဝန်များက သံချောင်းဖြတ်ရာတွင် ကျွမ်းကျင်သည့် မီးသတ်သမားများအား ခေါ်ယူကာ အစိတ်အပိုင်း အများ အပြားအား ဖြတ်တောက်စေခဲ့ပြီး ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ကာ ဦးခေါင်းအတွင်း ကျန်ရှိနေသည့် သံချောင်းကို ဆက်လက်ထုတ်ခဲ့ကြသည်။

သံချောင်းသည် လမ်းကြောင်းအနည်းငယ်စောင်းပြီး ၀င်ရောက်ခဲ့ပါက ဟိုအနေဖြင့် ဦးနှောက်သို့မဟုတ် မျက်လုံးအိမ်ကို ထိခိုက်သွားနိုင်ပြီး အသက်သေစေနိုင်သည် အထိ ဒဏ်ရာပြင်းထန်နိုင်ကြောင်း ဆရာဝန်များ က ပြောကြားသည်။

Credit : Mizzima
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
27-08-2014

https://www.facebook.com/kokyaw.thu.3/posts/568740959915651 
Related Posts Plugin for WordPress, Blogger...