စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓဘာသာနှင့် ကလေးစောင့်ရှောက်မှု

                
                  

မိဘများက သားသမီးအပေါ်ထားရှိသည့် တာဝန်ဝတ္တရားများနှင့် ပက်သက်သော
ဟောကြားချက်များသည် ဗုဒ္ဓဘာသာဝင်များ အတွက်ကြီးမားသော အင်အားတစ်ခု
ဖြစ်ပေသည်။ ဥပမာအားဖြင့် ဗုဒ္ဓကဟော ကြားခဲ့သည်မှာ………

ကလေးများသည် လူသားတို့၏ အလွန် တန်ဖိုးရှိသော ရတနာများဖြစ်သည်။
ကြီးသူများ၏ ချစ်ခြင်းမေတ္တာ ကြင်နာယုယမှု ကရုဏာကိုရှိသော ကလေးများသည် နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော ရတနာများဖြစ်ကြသည်။

ကလေးများသည် မိဘများ၏ ချမ်းသာသုခ တစ်ခုဖြစ်သည်။ ကလေးရှိသောမိဘများသည် ၎င်းတို့၏ ကလေးများကြောင့် ပျော်ရွှင်မှုကို ရရှိကြသည်။
ကလေးမရှိသောအိမ်သည်ပျော်ရွှင်ဖွယ် ဆိတ်သုဉ်းသောအိမ်ဖြစ်သည်။
မိဘများသည်သင့်တော်သောအလေး ထားမြှုဖင့်မိမိတို့၏ကလေးများကိုမေတ္တာ
ထား၍ ကြီးမားသောချစ်ခြင်း ဂရုစိုက်ခြင်း တို့ဖြင့်ကြည့်ရှုစောင့်ရှောက်ရမည်ဖြစ်
သည်။

ဗုဒ္ဓဘာသာဝင်မိဘများအနေဖြင့်မိမိတို့၏ သားသမီးများကိုကိုယ်နှုတ်အမူအယာ
ယဉ်ကျေးစေရန်သင်ကြားပြသဆိုဆုံးမ ခြင်းများ ဘာသာတရား၌မွေ့လျော်စေရန်
ဘုရားစေတီကျောင်းကန်များသို့ခေါ် ဆောင်သွားခြင်းများအမျိုးဘာသာ သာသ
နာကိုကာကွယ်စောင့်ရှောက်ကာတိုင်းချစ် ပြည်ချစ်စိတ်များပေါ်ပေါက်လာစေရန်ပြုလုပ်သင့်ပါသည်။
-၂၀၀၆ ဇန်နဝါရီလထုတ် ဓမ္မရိပ် မဂ္ဂဇင်းမှ

https://www.facebook.com/permalink.php?story_fbid=661269850623223&id=501057299977813 

ဆံပင်မကျွတ်ရန် တားဆီးပေးသည့် သဘာဝအချက်အလက်များ


                 ဆံပင်မကျွတ်အောင် ငွေကုန်ကြေးကျများသော အလှပြင်ဆိုင်၌ ကုထုံးများခံယူရန်သွားသည်ထက် သဘာဝထုတ်ကုန်များကို အသုံးပြုခြင်းကပို၍ကောင်းပါသည်။ အလှပြင်ဆိုင်ကုထုံးမှာ ပြဿနာကို အကူအညီမပေးပါ။ အိမ်တွက်အောက်ပါလွယ်ကူသော အချက်အလက်များကိုလိုက်နာရန် ကြိုးစား ကြည့်ပြီး ၎င်းအချက်များက ဆံပင်ကျွတ်ခြင်းကို လျော့ပါးအောင်ပြုလုပ်ရာတွင် မည်သို့မည်ပုံအကျိုး အာနိသင်ရှိပုံကိုကြည့်ရှုပါ-

-အဆီပေးထားသော အဆီကုထုံး

သဘာဝအဆီတစ်မျိုးမျိုးကိုယူပါ။ သံလွင်ဆီ၊ အုန်းဆီ၊ ကင်နိုလာဆီစသည့် အဆီတို့ကိုနွေးလာအောင် အပူပေးပါ။ သို့သော်သိပ်အပူကြီး မဖြစ်စေရ။ ထို့နောက်သင့်ဦးရေပြားကို အသာအယာနှိပ်ပေးပါ။ ရေချိုးရာတွင်ဆောင်းသော ဦးထုပ်ကိုဆောင်းပြီး တစ်နာရီလောက်ကြာမှ သင့်ဆံပင်ကို ခေါင်းလျှော်ပါ။

-သဘာဝအရည်များ

သင်သည်သင်၏ဦးရေပြားကို ကြက်သွန်ဖြူအရည်၊ ကြက်သွန်နီအရည် သို့မဟုတ် ဂျင်းအရည်တို့ဖြင့် ပွတ်တိုက်ပေးပါ။ သင့်ဦးခေါင်းကို သဘာဝအရည်ဖြင့်ပွတ်တိုက်ပြီး တစ်ညတာထားပြီးနောက် တစ်နေ့ နံနက်တွင် နှံ့နှံ့စပ်စပ်ခေါင်းလျှော်ပါ။

-ဦးခေါင်းကို နှိပ်ပေးပါ

သင့်ဦးခေါင်းအရေပြားကို နေ့စဉ် မိနစ်အနည်းကယ်နှိပ်ပေးခြင်းဖြင့် ဦးရေပြားရှိသွေးသွားလာမှုကို လှုံဆော်ပေးသည်။ ဦးခေါင်း၏ အရေပြားတွင် သွေးသွားလာမှုကောင်းမွန်ခြင်းက ဆံပင်အရင်းအမြစ် များကို လှုပ်ရှားစေသည်။ လာဗန်ဒါအဆီ သို့မဟုတ် အက်စင်ရှင်အဆီ၊ ဗာဒံစေ့အဆီ သို့မဟုတ် နှမ်းဆီအစက်အနည်းငယ်ကို အသုံးပြုပြီးနှိပ်ပေးခြင်းက ဦးရေပြားသွေးလှည့်ပတ်မှုကို တိုးတက် ကောင်းမွန်စေသည်။

-အင်တီအောက်ဆီးဒင့်

ပူနွေးသော လက်ဖက်စိမ်း (ရေတစ်ဖန်ခွက်တွင် လက်ဖက်စိမ်းနှစ်ထုပ်ကိုနှပ်ပါ) ကိုသင့်ဦးခေါင်းအရေ ပြားကိုလိမ်းပါ။ ၎င်းလက်ဖက်စိမ်းကို ဦးရေပြားတွင် တစ်နာရီခန့်ထားပြီးမှ ရေဖြင့်ဆေးကြောပါ။ လက် ဖက်စိမ်းတွင် အင်တီအောက်ဆီးဒင့်ပါဝင်သော ၎င်းဓာတ်ပစ္စည်းက ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပြီး ဆံပင်ပေါက်ဖွားမှုကို တိုးပွားစေသည်။

-တရားထိုင်ပါ

ယုံချင်ယုံမယုံချင်နေ။ အချိန်ကာလအများတွင် ဆံပင်ကျွတ်ခြင်း၏ အရင်းအမြစ်အကြောင်းရင်းမှာ စိတ်ဖိစီးမှုနှင့် စိတ်တင်းကျပ်မှုတို့ဖြစ်ကြသည်။ တရားထိုင်ခြင်းက ဟော်မုန်းဟန်ချက်ကို ညီအောင်ပြု လုပ်ပေးသည်။

http://www.lyhealthcare.com/topics/ဆံသားပြဿနာ

ကိုးကား-HEALTH DIGEST (GL-OBAL PHARMA Co) 2014 MARCH
စံတော်ချိန်သတင်းစာ
ဇွန် (၁၆) ရက်၊ ၂၀၁၄ 



https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.34

အရပ်ရှည်ချင်တဲ့ မိတ်ဆွေများအတွက် (အစားအစာများ)


အရပ် ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အတိုင်းအတာ တစ်ခုအထိ သက်ဆိုင် ပေမယ့် အာဟာ ရပြည့်ပြည့်ဝဝ ရရှိမှု အပေါ်မှာလည်း အဓိက မူတည်နေပါတယ်။

အရပ်ရှည်ဖို့အတွက် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးနေတဲ့အရွယ်ဖြစ်တဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက် ဘဝမှာ အာဟာရ လုံလောက်အောင် ရရှိဖို့ အလွန်အရေးကြီး ပါတယ်။

ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အရပ်ရှည်ခြင်းနဲ့ အဓိကသက်ဆိုင်တဲ့ ကြီးထွားဟော်မုန်း (Growth Hormone) ကိုမြှင့်တင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။

သုတေသနတွေအရ ဗီတာမင်အေ၊ ပရိုတင်းနဲ့ ဇင့်ဓာတ်တွေဟာ အရပ်ရှည်တဲ့ ဖြစ်စဉ်ပေါ်မှာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအာဟာရ ဓာတ်တွေကိုချည်း စားရမှာ မဟုတ်ဘဲ တခြား ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ ကယ်လ်စီယမ်၊ အဆီနဲ့အမျှင် ဓာတ်တွေ အပါအဝင် မျှတတဲ့ အစာ အာဟာရတွေကို စားသောက်ပေးတာက ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ အရပ်ရှည်ဖို့အတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါတယ်။ အောက်ပါတို့ဟာ အရပ်ရှည် စေဖို့အတွက် အရေးကြီးတဲ့ အစာအာဟာရတွေ ဖြစ်ပါတယ်။

ဗီတာမင် အေ

ဗီတာမင်အေဟာ အရပ်ရှည်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် တွန်းအားပေးနိုင်ရုံ သာမက မျက်စိဖွံ့ဖြိုးမှု၊ မျိုးပွားအင်္ဂါတွေနဲ့ ခုခံအားစနစ်ရဲ့ လုပ်ဆောင်မှုတွေမှာလည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြား၊ အချွဲမြှေးလွှာနဲ့ အမြင်အာရုံဆိုင်ရာ ဖြစ်စဉ် တွေကို ထိန်းသိမ်းရာမှာလည်း ကူညီပေးပါတယ်။

ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ယေဘုယျအားဖြင့် လိမ္မော်ရောင်ရှိတဲ့ အစားအစာတွေပါ။ ကန်စွန်းဥ၊ မုန်လာဥနီ၊ လိမ္မော်သီး၊ သင်္ဘောသီး၊ အနီရောင် ငရုတ်ပွ တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ဆော်လမွန်ငါး၊ အသည်း၊ နို့ထွက်ပစ္စည်း၊ ကြက်ဥအနှစ်၊ သင်္ဘောရွက်၊ ကိုက်လန်၊ သဖန်းသီးခြောက်၊ ကီဝီသီး၊ ဆီးသီး၊ ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးတွေမှာလည်း ပါဝင်ပါတယ်။ဗီတာမင်အေကို နေ့စဉ်စားသုံးသင့်တဲ့ ပမာဏကတော့ ၄၀၀၀-၅၀၀၀ IU ဖြစ်ပါတယ်။

ပရိုတင်း

ပရိုတင်းဟာ အရပ်ရှည်ဖို့၊ ခန္ဓာကိုယ်တစ်သျှူးတွေ ဖွံ့ဖြိုးဖို့နဲ့ ပြန်လည်ပြုပြင်ဖို့၊ ရောဂါပိုး တွေကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်း (Antibodies) တွေရဲ့ လုပ်ဆောင်မှုကို ထိန်းသိမ်းဖို့၊ အင်ဇိုင်းတွေနဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးဖို့တွေအတွက် အရေးကြီးပါတယ်။အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့၊ အခွံမာသီး၊ ပဲပိစပ်တွေဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ နေ့စဉ် ပရိုတင်းဓာတ် လိုအပ်ချက် ကတော့ ၄၅-၅၅ ဂရမ် ဖြစ်ပါတယ်။

ဗီတာမင် ဒီ

ဗီတာမင်ဒီဟာ အရိုးတွေကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်ဒီဟာ အစားအစာတွေမှ ကယ်လ်စီယမ်ကို စုပ်ယူရာမှာ ကူညီပေးပြီး အရိုးထဲမှာ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တွေကို ဖြစ်စေပါတယ်။ကြက်ဥအနှစ်၊ ငါး၊ အသည်းတွေမှာ ဗီတာမင်ဒီ ပါဝင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အရေပြားမှာ ဗီတာမင်ဒီကို ထုတ်လုပ်နိုင်ပါတယ်။ နေ့စဉ် လိုအပ်တဲ့ ပမာဏက ၄၀၀ IU ဖြစ်ပါတယ်။

အမျှင်ဓာတ်

အမျှင်ဓာတ်ဟာ အစာတွေကို အူမကြီးထဲမှာ မြန်မြန်ဖြတ်သန်းသွားအောင် ကူညီပေး ပါတယ်။ ဒါကြောင့် စွန့်ပစ်ရမယ့် အညစ်အကြေးတွေထဲမှာ ပါဝင်တဲ့ အဆိပ်အတောက် တွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ စုပ်ယူတာကို လျော့နည်းစေပါတယ်။ ဆန်လုံးညို၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ပါဝင်ပါတယ်။

သတ္တုဓာတ်များ

လူ့ခန္ဓာကိုယ်ဟာ အရပ်ရှည်ဖို့၊ အရိုးတွေကြီးထွားဖွံ့ဖြိုးဖို့၊ လက်သည်း၊ ခြေသည်း၊ သွား၊ အာရုံကြော၊ သွေး၊ ဗီတာမင်၊ ဟော်မုန်းနဲ့ အင်ဇိုင်းတွေကို ထုတ်ဖို့အတွက် သတ္တုဓာတ် အမျိုး ၈၀ ကျော်အောင် အသုံးပြု ရပါတယ်။သွေးလှည့်ပတ်မှု၊ အရည်ထိန်းညှိမှု၊ အာရုံကြောဆက်သွယ်မှု၊ ဆဲလ်တွေရဲ့ တည်တံ့ ခိုင်မြဲမှု၊ ကြွက်သား ကျုံ့ခြင်းနဲ့ စွမ်းအင် ထုတ်လုပ်ခြင်းတွေကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့အတွက် သတ္တုဓာတ် တွေကို မရှိမဖြစ်လိုအပ်ပါတယ်။ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တွေဟာ အရိုးတွေ ဖွံ့ဖြိုးကြီးထွားဖို့ အတွက် အထူးအရေးကြီးပါတယ်။ကယ်လ်စီယမ်ဟာ နွားနို့၊ ဒိန်ချဉ်၊ ဆော်လ်မွန်ငါး၊ ပဲပိစပ်၊ ပုစွန်ခြောက်၊ ကဏန်း၊ ပုစွန်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီစိမ်းတွေမှာ အများအပြားပါဝင်ပါတယ်။ နေ့စဉ် စားသင့်တဲ့ ကယ်လ်စီယမ်ပမာဏက ၈၀၀-၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။ပင်လယ်စာ၊ အမဲသား၊ ကြက်သား၊ ကြက်ဥ၊ နွားနို့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးနဲ့ ဆန်လုံးညိုတွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေ့စဉ်စားသုံးသင့်တဲ့ ဇင့်ဓာတ်ပမာဏကတော့ ၁၅ မီလီဂရမ် ဖြစ်ပါတယ်။

မဂ္ဂနီဆီယမ်ကတော့ အပင်နဲ့ တိရစ္ဆာန်ထွက် အစားအစာတွေ အထူးသဖြင့် ပဲသီး၊ အခွံမာသီး၊ ထောပတ်သီး၊ အသား၊ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်၊ ချောကလက်နဲ့ ကောက်နှံတွေမှာ ပါဝင်ပါတယ်။

အသားကတော့ သံဓာတ်ရရှိစေမယ့် အဓိက အစာပါ။ ဟင်းသီးဟင်းရွက် နဲ့ကောက်နှံ တွေမှာ သံဓာတ် ပါဝင်ပေမယ့် ပမာဏ နည်းပါး ပါတယ်။ကောက်နှံတွေ၊ ပင်လယ်စာနဲ့ အသားတွေကနေ ဆီလီနီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။

အထက်ဖော်ပြပါ အာဟာရဓာတ်တွေကို စားသင့်တဲ့ ပမာဏ အကြံပြုချက်တွေက ယေဘုယျ သဘောဖော်ပြချက်တွေသာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်တွင်း ဓာတုဖြစ်စဉ်တွေဟာ မတူကွဲပြားတဲ့အတွက် လိုအပ်တဲ့ အာဟာရဓာတ် ပမာဏက အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။ ကိုယ်ရဲ့ အသက်၊ ကျား/မ ကွဲပြားမှု၊ ကျန်းမာရေး အခြေအနေ၊ ရောဂါအခံရှိ၊ မရှိ စတဲ့ အချက်တွေပေါ်မူတည်ပြီး လိုအပ်တဲ့ အာဟာရဓာတ်ပမာဏကို အတိအကျ သိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် အာဟာရ ပညာရှင်နဲ့ တိုင်ပင်တွက်ချက်ဖို့ လိုအပ်ပါတယ်။

မြ၀တီ

http://www.lyhealthcare.com/


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.344732

ကလေးများ အရိုးအဆစ် ရောင်ခြင်း အကြောင်း သိကောင်းစရာ



ကလေးငယ်များ အရိုးအဆစ် ရောင်ရခြင်း မှာ ရောဂါကြောင့် ထက် ထိခိုက် ဒဏ်ရာ ရခြင်းကြောင့် ဖြစ်တတ်သည်။ အမြင့်ပေါ်မှ ခုန်ချခြင်း၊ ကစားရင်း ချော်လဲခြင်း၊ တစ်ခုခုနှင့် မတော်တဆ ထိခိုက် မိခြင်းကြောင့် အရိုး အဆစ်များ ရောင်တတ်သည်။

ထိခိုက် ဒဏ်ရာရလျှင် အရိုးအဆစ် များ ရုတ်တရက် ရောင်လာ တတ်သည်။ အရိုး သို့မဟုတ် အဆစ် တစ်ဝိုက်တွင် ရှိသော အရိုး အမြှေးပါး နာ၍ဖြစ်စေ၊ အဆစ် တစ်ဝိုက်မှ အကြောအရွတ် တို့ ပွန်းပဲ့ပြီး ဒဏ်ဖြစ် သွား၍ ဖြစ်စေ ရောင်ရမ်းခြင်း ဖြစ်တတ်သည်။ ရောဂါ ကြောင့် အဆစ်အမျက် ရောင်ပါက လေးဖက်နာ ရောဂါ ဖြစ်သည်။

လေးဖက်နာသည် အသက် ၅ နှစ်မှ ၁၂ နှစ် အရွယ်အတွင်း ဖြစ်ပွားပါက ကလေးအဖျား ကြီးပြီး အဆစ်များ ရောင်လာမည်။ လက်တွင် လက်ကောက်ဝတ်၊ ခြေထောက်တွင် ဒူးဆစ်များ ရောင်ပြီး နာလာမည်။ ခြေချင်းဝတ်၊ တံတောင်ဆစ်များ ဆီသို့ ရောက်နိုင် သကဲ့သို့ အဆစ်အားလုံး လိုလို ရောင်ပြီး နာလာမည်။

ကလေးများ မကြာခဏ အာသီးရောင်လျှင် ဖြစ်ပေါ်သည့် စထရပ်ကောကပ် ပဋိပစ္စည်းများ သွေးထဲ ရောက်ကာ နှလုံးရောဂါ ဖြစ်လာ နိုင်သည်။ နှလုံးရောင်၊ အဆစ်ရောင် လာတတ်သည်။ ပင်နီဆီလင်ဗွီ စားဆေး နေ့စဉ် နံနက် တစ်လုံး၊ ညတစ်လုံးဖြင့် ခုနစ်ရက်မှ ၁ဝ ရက် သို့မဟုတ် လနှင့်ချီပြီး ခြောက်လမှ ရှစ်လ အထိ တိုက်ကျွေး ရမည်။ သွေးထဲတွင် အေအက်စ်အို ( ASO ) စစ်ဆေးပြီး လျော့ကျလာမှ ပင်နီဆီလင် ကို လျှော့ချရမည်။

အခြား အဆစ်ရောင် တစ်မျိုးမှာ အတိအကျ မရှိသည့် အဆစ်ရောင် ခြင်းဖြစ်ပြီး လေးဖက်နာ ရောဂါကဲ့သို့ ဒူးဆစ်နှင့် ခြေချင်းဝတ် အဆစ်တို့တွင် ရောင်တတ်၍ အခြားအဆစ် သို့ ခုန်ကူး ရောင်ခြင်း မရှိပါ။ ဒူးဆစ်ရောင်လျှင် တစ်မျိုးတည်း၊ တစ်ဖက်တည်း ရောင်မည်။

အဆစ်အတွင်း အရည်ဝင်သည့် လက္ခဏာ တွေ့နိုင်သည်။ အိပ်ရာ ထခါစ နံနက်မှာ အဆစ်များ တောင့်တင်း နေတတ်သည်။ အများအား ဖြင့် ကလေး အသက်နှစ်နှစ်မှ လေးနှစ် အရွယ် ယောက်ျား လေးများ ပို၍ ဖြစ်တတ်သည်။ ရက် အတော်ကြာ အဖျားတက် နေတတ်သည်။

မျိုးရိုးလိုက် သွေးမတိတ်၊ သွေးယိုရောဂါ သည် ယောက်ျားလေး များ၌ စတင် ဖြစ်ခဲ့ချိန် မှစပြီး အဆစ်များ အတွင်းေ သွးယို၍ အဆစ်ရောင် ရောဂါ ပေါ်လာနိုင်သည်။ အဆစ်အတွင်းသို့ ဘက်တီးရီးယား တစ်မျိုးမျိုး ဝင်၍ ပြည်တည်နာ ဖြစ်လျှင်၊ အဆစ်အနီး၌ အရိုးနာ ဖြစ်ခဲ့လျှင်၊ အဆစ်အတွင်း တီဘီ ရောဂါ စွဲကပ်လျှင် အဆစ်ရောင် လာသည်။ ပြည် သို့မဟုတ် အရည်ဝင်လျှင် ရောင်ကိုင်းကာ ကိုယ်ပူပြီး ဖျားတတ်သည်။

အချို့ ကလေးများမှာ ဝမ်းလျှော၊ ဝမ်းကိုက်၊ အူရောင် ငန်းဖျားနှင့် ဂျိုက်သိုး ရောဂါဖြစ်လျှင် အဆစ်ရောင် ရောဂါ ရလာကြသည်။ အဆစ်ရောင်ပြီး နာလာလျှင် သို့မဟုတ် မရောင်ဘဲနာ လာလျှင် ဆေးမြီးတိုဖြင့် မကုဘဲ တတ်ကျွမ်းသည့် ဆရာဝန်နှင့် ပြသပြီး ကုသမှု ခံယူခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများ မခံစားရဘဲ သက်သာစွာ ကုသနိုင်မည် ဖြစ်သည်။ ပိုးကြောင့် ဖြစ်သော အဆစ်ရောင်မှာ အဆစ်များ ရောင်လာပြီး မြန်မြန် ပျောက်အောင် ကုသ၍ မရပါ၊ မကုသလျှင်လည်း နှလုံးရောဂါ ဖြစ်နိုင်သည်။

ကလေးမှာ ကြာမြင့်စွာ အဆစ်ရောင်၍ အဆစ် မှ ကြွက်သားများ အားနည်းကာ မသန်မစွမ်း ကလေးငယ် ဘဝသို့ ရောက်ရှိ စေနိုင်သည်ကို ဂရုပြု သင့်ပါသည်။ ။
http://www.lyhealthcare.com/archives/1966
ဒေါက်တာ လွင်သန့် (ဆေး-၂)

http://www.lyhealthcare.com/topics/အဆစ်အမြစ်ရောင်ရောဂါနှင
 

ဆံပင်ပျော့ဆေး (conditioner) နဲ့ပတ်သက်လို့ သင်လုံးဝ မသိသေးတဲ့ အရာများ


 

ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေး (conditioner) သုံးကိုသုံးပေးသင့်တယ်ဆိုတာ အလကားပြောနေတာ မဟုတ်ပါဘူး။ အဲ့ဒီဆံပင်ပျော့ဆေးကနေ ကိုယ့်ဆံသားအတွက် ကောင်းကျိုးပြုတဲ့အရာတွေ အများကြီးပါ။ သင်လည်း သိပြီးဖြစ်မှာပါ။ ဒါပေမယ့် သင်လုံးဝမသိသေးတဲ့ ဆံပင်ပျော့ဆေးအကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။၁။ပုံသွင်းဖို့ လွယ်ကူပါတယ်။

 

ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေးက ဆံပင်သားထဲ ရောက်သွားတာပဲဖြစ်ဖြစ်၊ ကုန်စင်အောင် မလျှော်နိုင်ခဲ့ရင်တောင် သင့်ဆံပင်သားကို ခပ်ထူထူနဲ့လှိုင်းတွန်းပုံစံမျိုးလိုချင်သူတွေအတွက်တော့ အိုကေပါပဲ။ အခြောက်ခံပြီး ဆံပင်အုံကို ပိုထူအောင် ခေါင်းဖြီးချလိုက်ရုံနဲ့ အထာကျတဲ့ ဆံပင်ပုံစံကို ရနိုင်ပါတယ်။

၂။ခေါင်းမလျှော်ခင် ဆံပင်ပျော့ဆေးကို အရင်သုံးပါ။

ဒီလိုပြောလိုက်လို့ ဟင်ခနဲ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဆံသားကျွမ်းကျင်ပညာရှင်တွေကတော့ ခေါင်းလျှော်ပြီး ဆံပင်ပျော့ဆေးသုံးတဲ့အခါ ရေနဲ့စင်အောင် ပြန်လျှော်နိုင်ဖို့ ခက်ခဲတာကြောင့် ဆံပင်သား ပိုမိုလှပစေဖို့ ပိုမိုကျန်းမာစေဖို့ ဆံပင်ပျော့ဆေးသုံးပြီးမှ ခေါင်းလျှော်ဖို့ လိုပါတယ်တဲ့။

၃။ဆံပင်ပျော့ဆေးအမျိုးစားကို မသုံးခင် ကိုယ့်ဆံပင်နဲ့ အဆင်ပြေမပြေ သေချာလေ့လာပါ။

တွေ့ရာ ဆံပင်ပျော့ဆေးကို ကောက်သုံးလိုက်မယ်ဆိုရင် သင့်ဆံပင်သားကျန်းမာရေးအတွက် ရှော့ခ်နည်းနည်းရှိပါတယ်။ သင့်ဆံပင်က ပါးတယ်ဆိုရင် အုံထူသလိုဖြစ်စေတဲ့ ဆံပင်ပျော့ဆေးရှိပါတယ်။ ဒီလိုပဲ ဆံပင်က အုံထူတယ်ဆို၇င် ဖြောင့်စင်းသွားစေမယ့် ဆံပင်ပျော့ဆေးမျိုး သုံးသင့်ပါတယ်။ အဆီနည်းတဲ့ များတဲ့ စသဖြင့် အမျိုးမျိုး ဆံပင်ပျော့ဆေးမှာ ရှိတာကြောင့် သေချာရွေးချယ်သင့်ပါတယ်။

၎။ဆံပင်အရင်းကို ပျော့ဆေးမသုံးသင့်ပါ။


ခေါင်းလျှော်တဲ့အခါ ဆံပင်အရင်းကို ရှန်ပူထည့်ပြီး သေချာသုံးသင့်ပေမယ့် ပျော့ဆေးသုံးမယ်ဆိုရင်တော့ ဆံပင်အဖျားပိုင်းကို ပိုအားဖြည့်ပေးသင့်ပါတယ်။

၅။ခေါင်းလျှော်တဲ့အခါတိုင်း ဆံပင်ပျော့ဆေး ထည့်သုံးပါ။


ခေါင်းနေ့တိုင်းလျှော်ရင် ဆံပင်သားတွေခြောက်သွေ့စေတာမှန်ပေမယ့် တကယ်လို့ လျှော်ခဲ့မယ်ဆိုရင်တော့ ဆံပင်ပျော့ဆေး မသုံးမဖြစ်သုံးပါ။ ခေါင်းလျှော်တိုင်း ပျော့ဆေးသုံးပေးဖို့ လိုပါတယ်။

၆။ဆံပင်ပျက်စီးစေတဲ့ ဆံပင်ပျော့ဆေး အမျိုးအစားတွေ ရှောင်ပါ။

ဆံပင်ပျော့ဆေးတိုင်းဟာ ဆံပင်သားကို အားဖြည့်ပေးရုံသာမက ပိုမိုပြောင်လက်စေတယ်ဆိုပေမယ့် ဆီလီကွန်ပါတဲ့ ဆံပင်ပျော့ဆေးတွေ ရှိနေတာကြောင့် ၀ယ်ခါနီးရွေးချယ်တဲ့အခါ ဆီလီကွန်မပါတဲ့ ပျော့ဆေးမျိုးကို ရှာဝယ်ပါ။

၇။ကိုယ်နဲ့တည့်တဲ့၊ အဆင်ပြေတဲ့ ဆံပင်ပျော့ဆေးကို တစ်သက်လုံး သုံးနိုင်ပါတယ်။

ကိုယ်နဲ့အဆင်ပြေပြီးသား ဆံပင်ပျော့ဆေးအမျိုးအစားကို ခဏခဏပြောင်းလဲနေဖို့ မလိုပါဘူး။ တစ်သက်လုံးသုံးသွားလို့ရပါတယ်။ ဒါပေမယ့် ရှန်ပူကိုသာ သေချာဂရုစိုက်ရွေးချယ်ရမှာပါ။
http://www.searchmyanmar.com/link/frame/cid/39637
Ref:womenshealthmag.com
Trend Myanmar

http://www.lyhealthcare.com/topics/ဆံသားပြဿနာ


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.34

ဒိုင်နိုဆောများပျောက်ကွယ်သွားရသည့်အကြောင်းရင်း





အေဒင်ဘတ်တက္ကသိုလ် မနုဿ ပပညာရှင် စတိဗ်ဘရက်ဆက်တီကဂြိုလ်သိမ်ဂြိုလ်မွှားများ ကမ္ဘာပေါ်သို့ကျလာချိန်တွင် ဂေဟစနစ် အားနည်းနေခြင်းကြောင့်ဒိုင်နိုဆောများ မျိုးတုန်းပေါက်ကွယ်သွားခြင်းဟု ပြောခဲ့ကြောင်း Biological reviews ဂျာနယ်တွင် ဖော်ပြသည်။ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁၆၀ခန့်က ကမ္ဘာပေါ်တွင် ဒိုင်နိုဆောများ ရှိခဲ့သော်လည်း ဂြိုလ်သိမ်ဂြိုလ်မွှားများ ကမ္ဘာပေါ်ကို ကျရောက်ခြင်း၏ ရိုက်ခတ်မှုအဖြစ် မီးတောင်ပေါက်ကွဲခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း၊ အင်အားပြင်း ငလျင်လှုပ်ခတ်ခြင်း စသည့် ဘေးအန္တရာယ်ဆိုးများ ကျရောက်ခဲ့ပြီးနောက် ကမ္ဘာပေါ်မှ ပျောက်ကွယ် သွားခဲ့ခြင်းဟု သိပ္ပံပညာရှင်များက သုံးသပ်ခဲ့ကြသည်။

စတိဗ်ဘရက်ဆက်တီက “ ကမ္ဘာပေါ်ကို ကပ်ဆိုးတွေ မကျရောက်မီ နှစ်(၅)သန်းလောက်တုန်းက ဒိုင်နိုဆောတွေရဲ့ ဇီဝစနစ် အားကောင်းခဲ့သလို အစားအသောက်အတွက် ပိုပြီးပြည့်စုံခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘေးအန္တရာယ်ဆိုးတွေ ကျရောက်မယ်ဆိုရင်တောင် ဒိုင်နိုဆောတွေ မျိုးတုန်းပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ကပ်ဆိုးကျရောက်ခဲ့တဲ့ အချိန်ထက် နှစ်အနည်းငယ် နောက်ကျပြီးမှ ကပ်ဆိုးကျရောက်ရင်လည်း ဒိုင်နိုဆောတွေ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ကပ်ဆိုး ကျရောက်ခဲ့ချိန်က ဒိုင်နိုဆောတွေ အထိနာစေမယ့်အချိန်ဖြစ်နေလို့ သူတို့ ကမ္ဘာပေါ်က ပျောက်ကွယ်သွားတာပါ“ဟု ပြောသည်။

ဒိုင်နိုဆောများသည် သဘာဝကပ်ဆိုး အနည်းဆုံးနှစ်ကြိမ် ကြုံတွေ့ခဲ့ရနိုင်ကြောင်း သိပံ္ပပညာရှင်များက တွက်ချက်ခဲ့ကြပြီး ယခုလက်ရှိ မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်း ယူကာတန်ကျွန်းဆွယ် တည်နေရာသို့ လွန်ခဲ့သည့် အနှစ် ၆၆သန်းက အမြင့် ၁၂မိုင်၊ အရှည် ၁၂၄မိုင်ရှိသည့် ဂြိုလ်သိမ်ဂြိုလ်မွှား ပြုတ်ကျလာခဲ့ခြင်းမှာ ဒိုင်နိုဆောများ မျိုးတုန်းစေမည့် ဒုတိယမြောက် ကပ်ဆိုးဖြစ်ကြောင်း သိရသည်။ သို့သော်ကမ္ဘာပေါ်မှ ဒိုင်နိုဆောများ မပျောက်ကွယ်ခဲ့ပါက ကမ္ဘာကို ၎င်းတို့ ကြီးစိုးမည်ဖြစ်ပြီး လူသားနှင့်အခြားနို့တိုက်သတ္တ၀ါများ ရှင်သန်ခွင့် ရှိမည်မဟုတ်ကြောင်း စတိဗ်ဘရက်ဆက်တီက ပြောသည်။

@z(ရိုးရာလေး)
 

အဖိုးက ပေးတဲ့ နိဂုံးချုပ် သင်ခန်းစာ



စစ်ဒဏ် ခံရတာကြောင့် ရွာမှာ ရှိတဲ့ အမျိုးသား အားလုံး စစ်ထွက်ရ ပါတယ်။ အမျိုးသမီး၊ ကလေးငယ် နဲ့ အသက်ကြီး အဖိုး၊ အဖွားတွေသာ ရွာမှာ ကျန်ခဲ့သတဲ့။

ရွာထဲက အဖိုး တစ်ဦးစာ သီချင်းလေး ဆိုလို့ ထွန်တုံးနဲ့ လှည်တောင် ထွန်လိုက် ပါသေးတယ်။ ဒါကို မြင်တဲ့ အမျိုး သမီး တစ်ဦးက 'ရှင်က သီချင်းတွေ ဆိုပြီး လယ်ထွန် နိုင်သေးတယ်နော်။ ကျမတို့ ယောင်္ကျားတွေ သေပြီ။ ရွာမှာ စားစရာ သိပ် မရှိတော့ ဘူး။ နောက်တစ်ပတ်ဆို စစ်တပ် တစ်ခု ဗုံးလာကြဲမယ်။ ကျမတို့က ငရဲ မဖြစ်ရုံ တမယ်လေး နေရာမှာ နေရတာ ရှင့်အတွက်က ပျော်စရာ ဖြစ်နေ ပါလား' လို့ ပြောဆိုသတဲ့။ ဒါနဲ့ အဖိုး ဖြစ်သူက အောက်ပါ အတိုင်း ပြန်ဖြေ ပါတယ်။

'ဒီမယ် ကလေးမ၊ ငါလ.်ထွန် ပျိုးကြဲခဲ့တာတွေ တစ်နေ့ကျရင် ကျန်ခဲ့တဲ့ သူတွေ အတွက် စားစရာ ဖြစ်လိမ့်မယ်။ ထွန်လို့ မပြီးခဲ့ရင်တောင် ကျန်တဲ့လူတွေက ငါလုပ်ခဲ့တဲ့ စေတနာကို မြင်ပြီး သူတို့တွေ ဆက်လုပ်ကောင်း လုပ်လိမ့်မယ်။ ငါသီချင်း ဆိုနေတာ ကတော့ သေနေတဲ့ အမျိုးတွေ အတွက် ပျော်နေတာ မဟုတ်ဘူး။ ရှင်သန်နေတဲ့ မင်းတို့ ငါတို့ ဘဝကို ပျော်ရွှင် ကြည်နူးစရာလေး ဖြစ်စေဖို့'

သင်ခန်းစာ

- ကိုယ်ဟာ ဘယ်လို အဆိုးတွေနဲ့ ကြုံကြုံ မိမိ လုပ်ဆောင်ချက်က အမြဲ ကောင်းမွန် နေဖို လိုအပ် ပါတယ်။
- မနက်ဖန် သေရမယ်လို့ သိနေသည့် တိုင်၊ မနက်ဖန် အလုပ်ထွက်ရမယ်လို့ သိနေသည့်တိုင် မိမိရဲ့ ခြေရာ လက်ရာ များက စေတနာ သဒ္ဓါ တို့နဲ့ ပြည့်စုံနေပြီး ကျန်လူတွေ အတုယူစရာ ဖြစ်နေ ရပါမယ်။
- အကောင်းမြင်စိတ် နဲ့ အသက်ရှင် ရပါမယ်။
- အမှားတွေ ဘယ်လောက်ပဲ ရှိခဲ့ ပါစေ သောက ပရိဒဝ ဝမ်းနည်း စရာ နဲ့ နောင်တ များကို ဖယ်ကျန်လို့ လက်ရှိ အချိန်မှာ စိတ်ကို ကောင်းအောင် မွေးပြီး ကောင်းတာ လုပ်ဖို့ လိုအပ် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
.

http://www.innewsmyanmar.com/2014/07/blog-post_7367.html

အဘိဓမ္မာ ဆိုတာ ဘာလဲ


                                   

အဘိဓမ္မာ ဆိုတာ ဘာလဲဆိုရင် The nature of our life ပဲ။
ဘ၀ရဲ့ သဘာဝကို အသေးစိတ် ပြောထားတာကို
အဘိဓမ္မာ ခေါ်ပါတယ်။

အင်ဂျင်နီယာသင်တဲ့ ကျောင်းသားတွေကွာ။ မော်တော်ကား
တစင်းကို ဘယ်လို တည်ဆောက်ထားသလဲ။ မော်တော်ကား
တစင်းထဲမှာ ပစ္စည်းအရာဝတ္ထုလေးတွေ ဘယ်နှစ်မျိုးလောက်
ပါဝင်သလဲ။ မင်းတို့ သင်ရတယ် မဟုတ်လား။ ဘယ်လို
ပေါင်းစပ်တယ်။ ဟာ အဖုံးကြီး ဆွဲဖွင့်လိုက်တာနဲ့ အထဲမှာ
ရှုပ်ပွနေတာပဲ။ ကြိုးတွေ၊ ပိုက်တွေ၊ ဂေါက်တွေ၊ ဂွတွေ၊ အဲဒီလို
စနစ်တကျ မော်တော်ကား တစင်း တည်ဆောက်ထားသလို၊
ရေဒီယိုတလုံး တည်ဆောက်ထားသလို ဟောဒီ Body structure
(ခန္ဓာကိုယ် တည်ဆောက်ထားမှု ) ကို သင်ရမယ်။

ဒီတော့ ဒီတခုကို ဘာတွေနဲ့၊ ဘာတွေနဲ့ ပေါင်းစပ်ပြီးတော့
ဘယ်လိုများ အချိုးညီညီ တည်ဆောက်ထားသလဲဆိုတာ
အဲဒီ အတတ်ပညာဟာ ဘာလဲဆိုရင် အဘိဓမ္မာ။
သုံးလုံတည်းပဲ။ ဘာတွေလဲ ဆိုရင် စိတ်ရယ်၊ စေတသိက်ရယ်၊
ရုပ်ရယ်။

ဘာတွေလဲ

စိတ်, စေတသိက်, ရုပ်ပါဘုရား။

စိတ်-၈၉-ပါးရှိတယ်။ စေတသိပ် ၅၂-ပါးရှိတယ်။ ရုပ် ၂၈-ပါးရှိတယ်။
လူဆိုလို့ရှိရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ်
ဘယ်လောက် ပေါင်းစပ်ပြီးတော့ ဘယ်လို၊ ဘယ်လို တည်ဆောက်၊
ခွေး၊ ၀က်၊ ကြက်၊ ငှက် တိရစ္ဆာန်ဆိုရင် စိတ် ဘယ်လောက်၊ စေတသိက်
ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ တည်ဆောက်၊
နတ်ဗြဟ္မာဆိုရင် ဘယ်လို၊ ရဟန္တာဆိုရင် ဘယ်လို၊ အဲဒီလို ပုဂ္ဂိုလ်
အမျိုးအစားတွေကို လိုက်ပြီးတော့၊ ဘ၀အမျိုးမျိုးတွေကို လိုက်ပြီးတော့
စိတ်အမျိုးအစားတွေကို၊ စေတသိက် အမျိုးအစားတွေကို၊
ရုပ်အမျိုးအစားတွေကို သူ့ဟာနဲ့သူ စနစ်တကျ၊ အချိုးကျ၊ ပေါင်းစပ်
တည်ဆောက်ပုံကို ဖော်ပြတာဟာ အဘိဓမ္မာ။

The nature of mentality and materiality ရုပ် နာမ်တို့၏ သဘာဝ၊
အဲဒါဟာ ဘာခေါ်လဲ၊ အဘိဓမ္မာ။
အဘိဓမ္မာ ခုနစ်ကျမ်းဆိုတဲ့ စာအုပ်ကို လှမ်းမကြည့်နဲ့၊ လှမ်းမကြည့်နဲ့၊
မင်းတို့တွေ အဘိဒမ္မာခုနစ်ကျမ်းကို လှမ်းကြည့်ရင် အကုန်လုံး
လန့်သွားမှာ၊ စာအုပ်က နည်းတာမှ မဟုတ်ဘဲ။ ဖတ်လဲ
ဘာမှနားမလည်ဘူး။ အဲဒီစာအုပ်က ဘာတွေဟောထားသလဲဆိုရင်
ဘုရားကိုင်တိုင် ဟောတာနော်။ စိတ်အကြောင်းရယ်၊ စေတသိက်
အကြောင်းရယ်၊ ရုပ်အကြောင်းရယ်၊ အဲဒီအကြောင်းအရာသုံးပါးကို
အကျယ်တ၀င့် ဒီစာအုပ်ကြီးတွေထဲမှာ ရေးမှတ်ထားတာ။
တကယ်တော့ ဗုဒ္ဓရှင်တော်ရဲ့ ဓမ္မက စာအုပ်ထဲမှာ ထားဖို့
မဟုတ်ဘူး။ လူထဲမှာ ထားရမယ်။

အဘိဓမ္မာသင်ချင်ရင် မင်းကိုယ်မင်း ပြန်ဖတ်
********************************************

လူနဲ့ ဓမ္မနဲ့၊ ဓမ္မနဲ့ လူသားနဲ့၊ တပေါင်းတည်းဖြစ်နေမှ
Dhamma is the light of your life ဖြစ်လာမှာ။ ဓမ္မနဲ့ လူနဲ့
တခြားစီဖြစ်နေရင် ကိုယ့်မှာဓမ္မအလင်းရောင် မရှိဘူး။
အဲဒါကြောင့် အမေရိကန်ကြီးတယောက်က ဘုန်းကြီးကို
မေးတယ်။ ကိုယ်တော် တပည့်တော် အဘိဓမ္မာ သင်ချင်တယ်တဲ့။
How to learn the Abhidhamma?
Teach me Abhidhamma. What is Abhidhamma? တဲ့။
သူက မေးခွန်းတွေနဲ့။ ဟေ့ Abhidhamma is your body.
ဟုတ်လား။ Don't read any book. You must read yourself.
မင်းကိုယ်ကိုယ် မင်းပြန်ဖတ်။ စိတ်က ဘယ်မှာရှိသလဲ၊
ဒီမှာပဲ၊ ကိုယ်မှာပဲ၊ စေတသိက်ကော ကိုယ်မှာ၊ ရုပ်တွေကော၊
စိတ် စေတသိက် ရုပ်က ဒီမှာပဲရှိတာ။ ဒီကိုယ်ခန္ဓာကြီး ပြန်ဖတ်မှ
စိတ်၊ စေတသိက်၊ ရုပ်ကို တကယ်သိမှာ။ ဒီစာအုပ် ခဏထား။
မင်း ကိုယ်ကို မင်းပြန်ဖတ်ရင် မင်း အဘိဓမ္မာ တကယ်တတ်သွားမယ်။

How to read myself ? သူကပြောတယ်။ ကျုပ်ကိုကိုယ် ကျုပ်
ဘယ်လိုဖတ်မလဲ။ အေး ကောင်းပြီ
" You must sit on the floor,in the cross legged posotion,
place your right hand on top of your left hand,
close your eyes slowly, focus your mind at the tip of your nose."
ဟိုလူကို ဖတ်ခိုင်းပြီနော်။ တင်ပျဉ်ခွေထိုင်ပါ။ ကိုယ်ကို ဖြောင့်ဖြောင့်ထား။
မျက်လုံးကို ဖြည်းဖြည်းလေး မှိတ်၊ ဘယ်ဘက်လက်ပေါ် ညာလက်ကလေး
တင်ထား။ Breathe normally, naturally. မှန်မှန်လေး ရှူ။
ရိုးရိုးလေး အသက် ရှူ။ Focus your mind at the tip of your nose .
နှာသီးဖျားလေးကို ချိန်ထား၊ ဟိုလူက မျက်စိမှိတ် နဖူးကြောတွေ
ဘာတွေ ရှုံ့လာတာ။ အဲသလို အရမ်းကြီး စိတ်ကို တင်းမထားနဲ့နော်။
Must be ralax. သက်သောင့်သက်သာလေး လုပ်စမ်းပါ။ နှာ
သီးဖျား ချိန်ဆိုတော့ မျက်လုံး ဖွင့်ကြည့်တယ်။

venerable Sir; I'd like to ask you a question.
အို အရှင်ဘုရား၊ တပည့်တော် မေးခွန်းတခု မေးချင်တယ်။

 
ဟေ့လူ မင်း နောက်မှ မေး။ မင်းကို ဒီမှာ ထိုင်ပြီး အဘိဓမ္မာ
ဖတ်ခိုင်းနေတာ။

 
နေပါဦး နောက်မှ ဖတ်ပါရစေတဲ့၊ အခု မေးချင်သေးတယ်၊၊

မင်းတို့နဲ့များ ကွာတယ်နော်။ ဟိုလူကတော့ ထိုင်ခိုင်းကာ
ရှိသေးတယ်၊ မေးနေပြီ။ မမေးနဲ့ဦး၊ နောက်မှမေး။ မင်းစိတ်
နှာသီးဖျား ချိန်ထား။

I miss my mind at the tip of nose.
စိတ်က နှာသီးဖျား ချိန်လို့ မရဘူး။
ချော်ချော်ထွက်သွားတယ်။ သူက ဒီလိုပြောတယ်။

Ok I like. You must understand one thing Abhidhamma
This is called agitation.
ချိန်လို့မရဘူး။ လွဲနေတယ်။ လှုပ်နေတယ်၊ Creak ဖြစ်နေတယ်။
ဘာခေါ်လဲ။ ဥဒ္ဓစ္စ တဲ့။ စေတသိက်တလုံး သူပြောလိုက်တယ်။
စိတ်တွေ လှုပ်ရှားပြေးသွားနေတာကို ဘာခေါ်လဲ၊ ဥဒ္ဓစ္စ သင်ကြ။
ကိုယ်ကိုယ်ကို သင်၊ ဥဒ္ဓစ္စ။ Concentrated ဒီမှာ ချိန်လို့မြဲပြီဆိုလို့ရှိရင်
မင်းနားလည်လာပြီ။ အဘိဓမ္မာ တလုံး၊ သမာဓိ ဟုတ်လား။
အဲဒီလို သင်သွားတာ။ နောက်တော့ သူ ကြိုက်သွားတယ်။

ဗုဒ္ဓကိုးကွယ်ပေမယ့် စည်းကမ်းမရှိလျှင်
**************************************

သုတ္တန် The way of life,
ဝိနည်း discipline,
အဘိဓမ္မာ the nature of our body or our life,
This is Tipitaka, three baskets of Buddha’s teaching
ဘုရားတို့ ရဲ့  အဆုံးအမပိဋကတ် သုံးပုံ။ အဲဒါ ဘာလုပ်ဖို့လဲ။
To be learnt သင်ဖို့။
After learning သင်ပြီးရင် ဘာဆက်လုပ်မလဲ။
To be practiced ကျင့်ဖို့။ ဘာရှိသလဲ။ သီလ သမာဓိ ပညာ။
သီလ ထပ်ပြောစရာ မလိုတော့ဘူး။
Bodily discipline, Verbal discipline.

ကာယကံ စည်းကမ်းသုံးချက် ခုနက ပြောထားတယ်နော်။
ဝစီကံ ပါးစပ်ရဲ့ စည်းကမ်းခြောက်ချက် ခုနက ပြောထားတယ်။
အဲဒီ ကိုယ် နှုတ် နှစ်ပါးရဲ့ စည်းကမ်းတွေကို ဘာခေါ်လဲ။ သီလ။
It is not for worship, not for belief. ဒီပိဋကတ်သုံးပုံကို
I believe in the Tipitaka. ငါ ပိဋကတ်သုံးပုံကို ယုံကြည်ပါ၏။
ဗုဒ္ဓဘာသာ ဖြစ်ရဲ့လား။ I worship the Tipitaka.
ငါ ပိဋကတ်သုံးပုံကို ရှိခိုးပါ၏။ ဗုဒ္ဓဘာသာဖြစ်ရဲ့လား။
မဖြစ်ဘူးနော်။

I am learning. အဲဒါမှ very beginning of Buddhist ဆိုတာ အဲဒါ။
learning သင်ရမယ် နော်။ အဲ ပိဋကတ်သုံးပုံ သင်ပြီးရင်
ဘာဆက်လုပ်မလဲ။ ကျင့်မယ်။ ဘာကိုလဲ သီလ။
ကိုယ်နှုတ်ရဲ့ စည်းကမ်းကို လေ့ကျင့်။ to be a good person.
လူကောင်းတယောက် ဖြစ်လာဖို့ရန်အတွက် သီလအရေးကြီးတယ်။
ကာယကံမှာ စည်းကမ်းရှိရမယ်။ ၀စီကံမှာ စည်းကမ်းရှိရမယ်။
ဒါ religion ကို မဆိုဘူး။ ဘုန်းကြီးတို့က ဓမ္မကို ပြောနေတာ။
religion ကတော့ ကြိုက်တာကို ကိုးကွယ်။ ကိစ္စမရှိဘူး။
ဘာသာ တဘာသာတည်းနဲ့ မလုံလောက်ဘူးဆိုရင် ရှိတဲ့
ဘာသာအကုန် ကိုးကွယ်။ ကိစ္စမရှိဘူး။ သို့သော် အဲဒီစည်းကမ်းတွေ
မလိုက်နာရင် ဒီလူဟာ လူကောင်းကို မဖြစ်ဘူး။ ဒါ အရေးကြီးတာ နော်။

လူကောင်းဖြစ်ရုံနှင့် လူဖြောင့် ဖြစ်ပါ့မလား
*******************************************

ကောင်းပြီ။ ကိုယ် နှုတ်ရဲ့ စည်းကမ်းကို လိုက်နာရင် သီလပြည့်စုံရင်
ဘာဖြစ်သလဲ။ Goog person တဲ့။ လူကောင်း ဒါပေမဲ့ ကာယကံ
စည်းကမ်းကောင်းလို့ မလွန်ကျူးဘူး။ ၀စီကံ စည်းကမ်းကောင်းလို့
ပါးစပ်နဲ့ လွန်ကျူးတာလဲ မရှိဘူး။ ကိုယ်နှုတ်မှာ ဘာပြစ်မှုမှ မရောက်လို့
He, she, they become a good person but there are many many violation.
ဘာလဲ။ ကိုယ်နှုတ်ကတော့ မလွန်ကျူးပါဘူး။ လူ ကောင်းတွေပဲ။
စိတ်ထဲကတော့ သောင်းကျန်းနေတာ အားကြီးပဲ။ အဲဒါ ပိုခက်လာတယ်။
ဒါ another stage. ပိုခက်လာတယ်နော်။ to be right person.
ဖြောင့်မတ်တဲ့လူတယောက် ဖြစ်လာဖို့ရန်အတွက်
We must control our mental violation. စိတ်ရဲ့ ဆူပူသောင်းကျန်းမှုတွေကို
ထိန်းထားရမယ်။ How to control? ဘယ်လိုထိန်းမလဲ ဆိုရင်
ကျင့်နည်းကြံနည်းလေးတွေ ပြောဖို့အချိန် မရဘူး။ သမထကျင့်စဉ်ကို ကျင့်ရင် စိတ်ဓာတ်သောင်းကျန်းမှု အကုန်လုံး ငြိမ်သွားတယ်။
အဲဒါကြောင့် သမထကမ္မဋ္ဌာန်းကို tranquillity meditation လို့
ခေါ်တယ် နော်။

သမထဆိုတဲ့ စကားလုံးလေးက ငြိမ်းချမ်းစေသော ကျင့်စဉ်၊
စိတ်ကို တနေရာတည်းမှာ ထား၊ ၀ီရိယနဲ့ သတိနဲ့ ညှပ်ပြီးတော့ထိန်း။
တနေရာတည်းမှာ ထားလို့ နှာသီးဖျားပဲ ပြောပြော။ ဘယ်နားဖြစ်ဖြစ်ပေါ့။
ဟောဒီ မက်ကရိုဖုန်းလေးပေါ် ထားမလား။ သို့မဟုတ်-ဟောဒီ
မီးတိုင်လေး ထွန်းပြီးတော့ ထားမလား။ သို့မဟုတ် ရေခွက်လေးထဲ
စိုက်ကြည့်နေ။ သို့မဟုတ်လည်း ပန်းပွင့်လေးတပွင့် ရှေ့မှာ လှလှပပထား။
အဲဒီ ပန်းပွင့်လေး စိုက်ကြည့်နေ။ Concentration ရရင် ဒါပြီးတာပဲ။
နည်းပေါင်းလေးဆယ် ရှိတယ်။ ဘာနဲ့ပဲလုပ်လုပ် ဖြစ်တယ်။

ကြိုက်လို့ရှိရင် လုပ်ကြည့်။ မိမိတို့နေတဲ့အခန်းလေးကို လုံနေအောင် ပိတ်။
မနက် နေလာတဲ့အချိန်မှာ အရှေ့က တံခါးပေါက်မှာလေ သေးသေးလေး
ခဲတံလုံးလောက် မရှိတရှိ အပေါက်ကလေး ဖောက်။ အဲဒီက အလင်းရောင်လေး
ဝင်လာမှာ မဟုတ်လား။ အဲဒါတွေကို စိုက်ကြည့် Concentration ဖြစ်ရင်
ဒါလဲ meditation ဖြစ်တာပဲ။ ရတယ်။ ဟာ နောက်လုပ်ချင်သေးသလား။
အ၀ိုင်းလေး တ၀ိုင်းလောက် ပန်းကန်ပြားလောက် ဖြူဖြူစက်ဝိုင်းလေး
တ၀ိုင်းလောက် နံရံမှာ ရေးထား။ အဖြူလေး ချောမွတ် ညီနေရမယ်။
အဲဒါ စိုက်ကြည့်ပြီးတော့ concentrate လုပ်။ အဖြူရောင် မကြိုက်ရင်လဲ
အနီရောင်ပေါ့။ အဲဒါ မကြိုက်ရင်လဲ အပြာရောင်ပေါ့။
အဲဒါ မကြိုက်ရင်လဲ အ၀ါရောင်ပေါ့။
အဲဒါဟာ ဘာလဲဆိုရင် tranquillity meditation.

အဲဒီလို တခုတည်းသောအာရုံမှာ စိတ်ကိုတင်ထားလို့၊
စိတ်ဟာ မြဲလို့ ငြိမ်နေပြီဆိုလို့ရှိရင်လေ စိတ်ရဲ့ hindrances ခေါ်တဲ့
နီဝရဏတွေ စိတ်ရဲ့ disturbance လို့လဲ ခေါ်မယ်ပေါ့။
အနှောက်အယှက်တွေ၊ အပိတ်အပင် အဆီးအတား စိတ်အညစ်အကြေးတွေ
ရှင်းသွားလို့ ခွက်တခွက်ထဲမှာ ရေထည့်။ ရေဟာ လှုပ်လဲ မနေစေနဲ့။
မီးထိုးထားလို့ အခိုးလဲ ထွက်မနေစေနဲ့။ ဆေးရောင်စုံ ဆိုးထားလို့
ရောင်စုံတွေလဲ ဖြစ်မနေစေနဲ့။ အောက်က အနည်လဲ မထစေနဲ့။
အပေါ်ကဖုံတွေလဲ မလွှမ်းစေနဲ့။ ဘယ်နှစ်ပါးလဲ ။

 
ရေခွက်ထဲ ငုံ့ကြည့်၊ ဘာတွေ့လဲ။ အရိပ်တွေ့တယ်။ အဲဒီတော့
ညီတွေ ညီမတွေ အားလုံး စိတ်ထဲမှာ အဲဒီလို အပြစ်ငါးပါးကင်းတဲ့
ကြည်အေး ငြိမ်နေတဲ့ စိတ်ကလေး ဖြစ်လာအောင် သမထကျင့်စဉ်ဆိုတာ
ကျင့်ကောင်းတယ်။ ဘယ်သူကျင့်ကျင့် Buddhist or non Buddhaist,
Christion or Islam or Hindu or anybody can practice,
anybody can attain the mental happiness. ဘယ်သူမဆို
စိတ်ချမ်းသာခြင်းကို ရနိုင်တယ်။ စိတ်သောင်းကျန်းမှုတွေကို ငြိမ်စေတဲ့
နည်းဟာ ဒီနည်းပဲ ရှိတယ်။ It is not religion. It is not for worship.
It is not for belief but to be into practice ကျင့်မှ ရမယ်။
ယုံကြည်နေရုံနဲ့ ရမှာမဟုတ်ဘူး။

 
ဆေးသောက်ဖြစ်အောင် သောက်ကြပါ
****************************************

ငါ ဖျားနေတယ်။ အဖျားပြတ်ဆေး ငါ ယုံကြည်ပါတယ်နော်။
ဘယ်တော့မှ အဖျားမပျောက်ဘူး။ ဆရာဝန်ကြီးက ရေးပေးလိုက်တယ်။
မင်း အဖျား ဘာကြောင့်ဖျားတာ။ ဒီဂရီ ဘယ်လောက်ရှိတယ်။
ဘာအစားရှောင်။ အစာအိမ် ဘာဖြစ်နေတယ်။ ဘာဆေးသောက်။
မနက်ဘယ်နှစ်လုံး။ ည ဘယ်နှစ်လုံး။ နေ့ ဘယ်နှစ်လုံးသောက်၊
ရေးပေးလိုက်တယ်။ ဆရာဝန်ကရေးပေးတာ။ ဟာ သိပ်တော်တဲ့
ဒေါက်တာဆိုပြီး ကိုယ့်နေရာကိုယ် ရောက်တော့ ဆေးပုလင်းလေး ဘေးချ။
ဆေးပုလင်းလဲ ယုံကြည်တယ်။ ဆရာဝန်လဲ ယုံကြည်တယ်။
ဆေးအညွှန်းလဲ ယုံကြည်တယ်။ ဆေးအညွှန်းကြီးဖတ်နေ၊
ရောဂါ ပျောက်မလား။

ဒီကနေ့ ကမ္ဘာလူသားတွေက ဆေးညွှန်းတောင် ကောင်းကောင်း
မဖတ်ချင်တော့ဘူး ဖြစ်လာတယ်။ ပိဋကတ်သုံးပုံဆိုတာ ဆေးညွှန်းတွေ
ဟုတ်လား။ အခုပြောနေတာ သီလ သမထ။ နောက် တတိယအဆင့် ၀ိပဿနာ။
အဲဒါ ဆေးနော်။ သီလဆေး သောက်ရင် ကာယကံ ၀စီကံမှာ ဘာဖြစ်လဲ
အပြစ်ကင်းသွားမယ်။ သမထ ဆေးသောက်ရင် မနောကံ စိတ်ရဲ့
သောင်းကျန်းမှုတွေ ငြိမ်းအေးသွားမယ်နော်။ ၀ိပဿနာဆေးကို
သောက်မယ်ဆိုရင်တော့ စိတ်ရဲ့ ဟိုအထဲမှာ စွဲနေတဲ့ ရောဂါရဲ့
အမြစ်ကို ဆရာက ဆေးကောင်းကောင်းနဲ့ နုတ်လိုက်သလိုပေါ့။
ဝိပဿနာများ လုပ်လိုက်ပြီဆိုလို့ရှိရင် စိတ်အညစ်အကြေးတွေ
အကုန်လုံး သန့်ရှင်းသွားမယ်။

သူတော်သူမြတ်ဖြစ်ချင်လျှင်
***************************

You will attain purification of mind in this very life.
စိတ်ရဲ့ သန့်ရှင်းမှုကို ရသွားမယ်။ At that time, you will become
a noble person. ဘယ်နှစ်ဆင့်လဲ။ To be a good person
လူကောင်းတယောက်ဖြစ်ဖို့ practice Sila, To be a right person.
ဖြောင့်မတ်တဲ့စိတ် ပိုင်ရှင်တယောက် ဖြစ်လာဖို့ရာအတွက်
You should practice Samatha. To be a Noble person,
စာလုံးပေါင်း မမှားစေနဲ့။ သူတော် သူမြတ်တယောက် ဖြစ်လာဖို့အတွက်
We should practice insight meditation, Vipassana.

ဝိပဿနာဆိုတာ ဘာလဲဆိုရင် စောစောက ပြောခဲ့ပြီ။ ဟို အမေရိကန်ကြီးကို
အဘိဓမ္မာ ဖတ်ဆိုတော့ ဘုန်းကြီး ဘယ်မှာဖတ်ခိုင်းလဲ။
ကိုယ်ထဲမှာ ဖတ်ရတယ်။ ၀ိပဿနာဆိုတာ ကိုယ့်ကိုယ်ထဲရှိတဲ့ အရှိတွေကို
အရှိအတိုင်း သိအောင်၊ အဲဒီ အရှိတရားတွေ တခုနဲ့တခု ဘယ်လို
interdepdndent ဖြစ်ပြီးတော့ တည်ဆောက်ထားတယ်ဆိုတာကို
အမှန်အတိုင်း မြင်အောင် ကြည့်တဲ့နည်းဟာ ဘာလဲ ၀ိပဿနာ ပဲ။

အဲဒီဝိပဿနာ အားထုတ်လို့ရှိရင် စိတ်အညစ်အကြေးတွေ အကုန်လုံး
ဘာဖြစ်လဲ။ သန့်ရှင်းသွားတယ်။ အဲဒီတော့ ထိုသူ ဘာဖြစ်လဲ။
Noble person သူတော်သူမြတ်တယောက် ဖြစ်လာမယ်။
ဘယ်နှစ်ဆင့်လဲ သီလကျင့် လူကောင်းဖြစ်မယ်။ သမထကျင့်
လူဖြောင့်ဖြစ်မယ်။ ၀ိပဿနာကျင်ရင် သူတော်သူမြတ်တယောက်
ဖြစ်လာမယ်။

ကျင့်စဉ် ဘယ်နှစ်မျိုးလဲ သီလ သမာဓိ ပညာ- ဒီသုံးမျိုးက ဘာလုပ်မလဲ။
To be practice အဲဒီ သီလ သမာဓိ ပညာ သုံးမျိုးကို ကျင့်လိုက်လို့ရှိရင်
We will realize the true nature of our life. ဘ၀ရဲ့ အမှန်တရားတွေကို
နားလည်လာမယ်။ ဘ၀အမှန်ဆိုတော့ သစ္စာတရားပေါ့။

ဒါကြောင့် ဗုဒ္ဓရဲ့ အဆုံးအမများသည် ကိုးကွယ်ဖို့ religion မဟုတ်ဘူး။
သင်ဖို့ ဓမ္မ နော်။ ရှိခိုးဖို့ ယုံကြည်ဖို့ religion မဟုတ်ဘူး။ ကျင့်ဖို့ ဓမ္မ။
ယုံကြည်နေရုံမျှနဲ့ လုံလောက်တဲ့ Religion မျိုး မဟုတ်ဘူး။
သိရှိနားလည်အောင် လုပ်ရမယ့် ဓမ္မ။ အဆင့် ဘယ်နှစ်ဆင့်လဲ။
ဓမ္မအဆင့် သုံးဆင့်ကို ကျင့်ရင် ဒီပုဂ္ဂိုလ်တွေ ဓမ္မအဆင့် ဘယ်နှစ်ဆင့်
တက်လာမလဲ။ to be a good person, to be a right person,
to be a noble person. လို့ ဘ၀အဆင့် သုံးဆင့် မြင့်တက်လာမယ်။
လူသားတိုင်းရဲ့ ဘ၀ကို အဲဒီလို အဆင့်ဆင့် မြင့်တက်စေတဲ့
အဆုံးအမများကို ဘာခေါ်လဲ။
Buddha’s teaching ဒီလို ခေါ်ပါတယ်။

*********************************

သီတဂူ ဆရာတော်
 

မသန်စွမ်း ညီငယ်အတွက် (၈)နှစ်သား အစ်ကို ပြသခဲ့သည့် ထူးထူးခြားခြား ချစ်မေတ္တာ သက်သေ



အမေရိကန်မှ အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးသည် လမ်းမလျှောက်နိုင်ရှာသည့် အာရုံကြော ဝေဒနာသည် ညီငယ်ကို အတူခေါ်ဆောင်ရင်း Triathlon ခေါ် အားကစား(၃)မျိုး ပြိုင်ပွဲကို အောင်မြင်ပြီးမြောက်အောင် ယှဉ်ပြိုင်ပြခဲ့ကြောင်း သိရှိရသည်။
အင်ဒီယာနာရှိ ဘွိုင်စီတွင် နေထိုင်သည့် အသက်(၆)နှစ်အရွယ် ကလေးငယ် လူးကက်စ် အဲလ်ဒရစ်ခ်ျလေးသည် ရှားပါးသည့် အာရုံကြောဆိုင်ရာ ရောဂါတစ်ရပ်ကို ခံစားနေရသူ ဖြစ်သည်။ Lissencephaly ခေါ် မူမမှန်သည့် အာရုံကြော အခြေအနေတစ်ရပ်ကြောင့် လူးကက်စ်ခမျာ စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်သည့်အပြင် သာမန်ထက် သက်တမ်းတိုတို နေထိုင်ရလိမ့်မည်ဟု ဆရာဝန်များက ကောက်ချက်ချထားသည်။

သနားစရာ ကောင်းလှသည့် လူးကက်စ်လေး၏ ဘဝတွင် အကောင်းဆုံး မိတ်ဆွေမှာ အသက်(၂)နှစ် ပိုကြီးသည့် အစ်ကိုဖြစ်သူ နိုအာအဲလ်ဒရစ်ခ်ျ ဖြစ်သည်။ နိုအာသည် ညီငယ်ကို ပျော်ရွှင်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးလေ့ရှိပြီး လူးကက်စ်အနားတွင် အမြဲလိုလို အချိန်ပေး နေထိုင်လေ့ ရှိသည်။ တစ်နေ့တွင်မူ နိုအာသည် ၎င်းချစ်မြတ်နိုးသည့် ညီငယ် လူးကက်စ်ကို စိတ်ဓာတ် မြှင့်တင်ပေးနိုင်မည့် နည်းလမ်းတစ်ခုကို ကြံဆမိပြီး လက်တွေ့လည်း အကောင်အထည် ဖော်ခဲ့သည်။



အဆိုပါ အစီအစဉ်မှာ Triathlon ခေါ် (၃)မျိုးပေါင်းစပ် အားကစားပြိုင်ပွဲတွင် လူးကက်စ်နှင့်အတူ ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ “သူတို့နှစ်ယောက်မှာ အရမ်းထူးခြားတဲ့ တွယ်တာမှုမျိုး ရှိနေသလိုပဲ။ လူးကက်စ်က အခန်းထဲ နိုအာဝင်လာရင် သိသိသာသာ ရွှင်လန်းသွားတတ်တယ်။ ဒီကလေး နှစ်ယောက်ရဲ့ ချစ်ခင်မှုကို တွေ့မြင်ရသူတိုင်း မပြုံးဘဲ မနေနိုင်ဘူးလေ”ဟု ကလေးနှစ်ဦး၏ ဖခင်ဖြစ်သူ ဘရိုင်ယန်က ဆိုသည်။ နိုအာသည် ညီငယ်ဖြစ်သူနှင့် TV အတူကြည့်ခြင်း၊ လူးကက်စ်ကို တွန်းလှည်းပေါ်တင်ပြီး ခြံထဲတွင် လှည့်လည်ပြသခြင်းတို့ကိုလည်း ပြုလုပ်လေ့ ရှိသည်။

နိုအာတို့ မိသားစုသည် ဘဝတွင် ရှင်သန်နေထိုင်ရသည့် အခိုက်အတန့်လေးအတွင်း လူးကက်စ်ကို အတတ်နိုင်ဆုံး ပျော်ရွှင်အောင် ထားရှိရန် ဆုံးဖြတ်ထားကြသည်။ တစ်နေ့တွင် YMCA Kids Club က စီစဉ်သည့် ကလေးများအတွက် Triathlon ပြိုင်ပွဲအကြောင်း နိုအာ သတင်းကြားလာခဲ့သည်။ “မေမေ၊ အဲဒီပွဲမှာ ကျွန်တော့်ညီလေးနဲ့တူတူ သွားပြိုင်ချင်တယ်”ဟု ၎င်းက မိခင်ဖြစ်သူ အေလစ်ဆာကို ပူဆာခဲ့သည်။ “သားက ကျွန်မကို ခွင့်တောင်းပြီး နောက်တစ်နေ့မှာပဲ ကျွန်မတို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို စတင်ခဲ့ပါတယ်”ဟု အေလစ်ဆာက ပြောကြားခဲ့သည်။

(၃)လတာ အတောအတွင်း နိုအာသည် လူးကက်စ်လေးကို လှည်းပေါ်တင် တွန်းပြီး မိဘများနှင့်အတူ အပြေးလေ့ကျင့်သည်။ ရော်ဘာလှေ တစ်စီးပေါ်တွင် လူးကက်စ်ကို တင်ပြီး လှေကို လက်တွင် သံကြိုးဖြင့် ချိတ်ဆွဲကာ ရေကူးလေ့ကျင့်သည်။ ထို့အပြင် လူးကက်စ်ကို နောက်ခုံပေါ်တင်ပြီး စက်ဘီးစီးနိုင်အောင်လည်း နိုအာက ပြင်းပြင်းထန်ထန် ကြိုးစားပြင်ဆင်ထားခဲ့သည်။ Triathlon ပြိုင်ပွဲတွင် မီတာ(၂၀၀) ရေကူးခြင်း၊ (၃)မိုင် စက်ဘီးစီးခြင်းနှင့် (၁)မိုင် အပြေးပြိုင်ခြင်းတို့ ပါဝင်သည်။

ယခုလလယ်က ကျင်းပခဲ့သည့် ပြိုင်ပွဲနေ့တွင် စိတ်လှုပ်ရှားနေကြောင်း နိုအာက ဝန်ခံခဲ့သည်။ သို့သော်လည်း ပြိုင်ပွဲစတင်သည်နှင့် ကျန်သော အရာများကို မေ့ထားပြီး ညီငယ်ကို တစ်ပါတည်း ဆောင်ယူကာ ကြိုးကြိုးစားစားနှင့် အပင်ပန်းခံ ပြိုင်ပွဲဝင်ခဲ့သည်။ စိန်ခေါ်မှု အားလုံးကို ကျော်ဖြတ်ပြီးနောက် နိုအာနှင့် လူးကက်စ်တို့သည် ပန်းတိုင် သတ်မှတ်စည်းကို အောင်မြင်စွာ ကျော်ဖြတ် ပန်းဝင်လာချိန်တွင် မိဘနှစ်ပါးနှင့် ပရိသတ်များက သောင်းသောင်းဖြဖြ အားပေးခဲ့ကြသည်။ နိုအာသည် လူးကက်စ်နှင့်အတူ Triathlon ပြိုင်ပွဲ အစအဆုံးကို (၅၄)မိနစ်ကျော်မျှဖြင့် ပန်းဝင်အောင် ယှဉ်ပြိုင်နိုင်ခဲ့သည်။



မိဘတွေ အနေနဲ့တော့ ကျွန်မတို့ဟာ သူတို့ပြိုင်ပွဲဝင်တာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့တွေ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ်။ ကျွန်မရဲ့ သားတွေအတွက် အရမ်းဂုဏ်ယူမိပါတယ်”ဟု အေလစ်ဆာက သတင်းထောက်များအား ပြောကြားခဲ့သည်။

လူးကက်စ်သည် ပျမ်းမျှအားဖြင့် ကလေးငယ် (၈၅၄၇၀)ဦးတွင် တစ်ဦးမျှသာ ဖြစ်နိုင်သည့် ရှားရှားပါးပါး ဝေဒနာမျိုးကို ခံစားနေရခြင်း ဖြစ်သည်။ အေလစ်ဆာက သူမ၏ ကိုယ်ဝန်ဆောင် အတွေ့အကြုံသည် သာမန်အတိုင်းသာဖြစ်ပြီး ထူးခြားမှု မရှိခဲ့ဟု ဆိုသည်။ လူးကက်စ် (၃)လသား အရွယ်တွင် အငိုမတိတ်နိုင် ဖြစ်နေသည့်နောက် စစ်ဆေးမှုများ ခံယူရာမှ Lissencephaly ဝေဒနာ ခံစားနေကြောင်း သိရှိရလာရသည်။

“လူးကက်စ်က လမ်းလည်း မလျှောက်နိုင်ဘူး။ စကားလည်း မပြောနိုင်ဘူး။ ဒါပေမဲ့ လူးကက်စ်လေးက သူ့ကို အချစ်ခင်ဆုံး လူတွေ ရှိနေတဲ့အတွက် ကမ္ဘာပေါ်မှာ အပျော်ဆုံး လူတစ်ယောက် ဖြစ်နေမယ်လို့ ကျွန်မ ယုံတယ်”ဟု အေလစ်ဆာက ပြောကြားခဲ့သည်။
_Ref: Dailymail

http://www.7daydaily.com/story/17078#.U9kC77HzuSo

မျက်နှာဖုံးစွပ်ပြီး ၁၀နှစ်ကျော်နေခဲ့ရတဲ့ GQ မဂ္ဂဇင်း မျက်နှာဖုံးရှင်

                     
ကမ္ဘာကျော် GQ မဂ္ဂဇင်းက သြဂုတ်လထုတ် အမျိုးသား မဂ္ဂဇင်းမှာ ရစ်ချက်နောဝစ်ဆိုသူကို မျက်နှာဖုံးရှင်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ရစ်ချက်နောဝစ်ဟာ သေနတ် မတော်တဆမှုကြောင့် မျက်နှာတစ်ခုလုံး မြင်မကောင်းအောင် ပျက်စီးသွားခဲ့ပြီး မျက်နှာဖုံးစွပ် ဘ၀နဲ့ ၁၀နှစ်ကျော် နေထိုင်ခဲ့ပြီးနောက် မျက်နှာအစားထိုး ခွဲစိတ်ကုသမှု ခံယူခဲ့လို့ သာမန်ရုပ်သွင်ရဲ့ ၅၀ရာခိုင်နှုန်းလောက် ပြန်ရခဲ့တာပါ။
                   
အရက်မူးနေတုန်း သူ့မျက်နှာကို သေနတ်နဲ့ ပြန်ချိန်ပြီး သတ်သေမလို လုပ်ခဲ့ရာမှာ မတော်တဆ ကျည်ဆန်ထွက်သွားလို့ မေးရိုးနဲ့ သွားတွေ ပြုတ်ထွက်သွားခဲ့ပြီး မျက်နှာတစ်ပြင်လုံး ပျက်စီးသွားခဲ့တဲ့ ရစ်ချက်နောဝစ်ဟာ ခွဲစိတ်ကုသမှု အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် အခြေအနေ တိုးတက်လာခြင်းမရှိခဲ့ပါဘူး။ မျက်နှာ လူမြင်မခံရဲလို့ ညဘက်မှ အိမ်ပြင်ထွက်ရတဲ့ ရစ်ချက်နောဝစ်ဟာ မျက်နှာဖုံးစွပ် ဘ၀နဲ့ ၁၀နှစ်ကျော် နေထိုင်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ရစ်ချက်နောဝစ်က အသက်(၂၂)နှစ်ပဲ ရှိပါသေးတယ်။
                          

၂၀၁၂ခုနှစ်မှာတော့ အမေရိကန်နိုင်ငံ၊ မာရီလန်း တက္ကသိုလ်ဆေးရုံက ရုပ်ပြင်ခွဲစိတ်ကုသရေးဌာန အကြီးအကဲ ဒေါက်တာ ရိုဒရီဂွက်ဇ်က ရစ်ချက်နောဝစ်ကို မျက်နှာအစားထိုး ကုသဖို့ အကြံပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်မှာ မျက်နှာအစားထိုး ခွဲစိတ်ကုသမှု နှစ်ကြိမ်ပဲ လုပ်ခဲ့ရပါသေးတယ်။ ပထမဆုံးအကြိမ် မျက်နှာတစ်ပြင်လုံး အစားထိုးကုသမှုလုပ်ခဲ့တာ စပိန်နိုင်ငံမှာဖြစ်ပြီး ၂၀၁၀ခုနှစ်တုန်းကပါ။ အဲဒီအတွက် ရစ်ချက်နောဝစ်ကို မျက်နှာအစားထိုး ကုသဖို့ ဆရာဝန်နဲ့ သူနာပြု ၁၀၀ကျော် ပါဝင်တဲ့ အဖွဲ့တစ်ခုဖွဲ့စည်းပြီး အစားထိုးခွဲစိတ်မှု လုပ်ခဲ့ရပါတယ်။

ခွဲစိတ်ကုသမှု မလုပ်ခင် ရိုဒရီဂွက်ဇ်က ဒီခွဲစိတ်မှု အောင်မြင်ဖို့ ရာခိုင်နှုန်းက ၅၀-၅၀ပဲ ရှိတယ်လို့ နောဝစ်အမေကို ပြောခဲ့ပေမယ့်
နောဝစ်ကတော့ ဆေးပညာလောက အတွက် အဖိုးတန် အတွေ့အကြုံတွေ ရရှိစေမယ့် ခွဲစိတ်ကုသမှု ခံယူဖို့ စိတ်အားထက်သန် ခဲ့သလို ပြန်ကောင်းလာလိမ့်မယ်လို့လည်း ယုံကြည်ထားခဲ့ပါတယ်။ ဒီခွဲစိတ်ကုသမှုဟာ မျက်နှာအစားထိုး ခွဲစိတ်ကုသမှုတွေထဲမှာ အကြီးမားဆုံး ခွဲစိတ်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ နောဝစ် မျက်နှာအစားထိုး ကုသဖို့ ခန္ဓာကိုယ် လှူ ဒါန်းခဲ့တာကတော့ ယာဉ်တိုက်မှုကြောင့် အသက်(၂၁)နှစ်အရွယ်မှာ

သေဆုံးသွားတဲ့ အဗာဆာနိုရဲ့ မိသားစုတွေ ဖြစ်ပါတယ်။
@z (ရိုးရာလေး)
 https://www.facebook.com/yoyarlaydotcom/posts/733342233375698

ခန္ဓာကိုယ်အတွက် ခွန်အားကို ဖြစ်စေနိုင်သော သဘာဝ အစားအစာများ




ခန္ဓာကိုယ်တွင် ခွန်အားများ မရှိဖြစ်နေမယ် ဆိုပါက ဆေးသောက်စရာ မလိုဘဲ သဘာဝက ပေးတဲ့ အစားအစာ တွေနဲ့ပဲ ခွန်အားပြည့်အောင် ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ခွန်အားကို ဖြစ်စေနိုင်တဲ့ အစား အစာများကို ရေးသားလိုက် ရပါတယ်။

ပျားရည်

ပျားရည်ဟာ အနည်းငယ် မှီဝဲလိုက်ရုံဖြင့် ခွန်အားကို များစွာရရှိစေနိုင် ပါတယ်။ ဒါတင်မက သေးပါဘူး ချောင်းဆိုးခြင်း အစားမကြေ ခြင်းနှင့် အခြားသော ရောဂါတွေ အတွက်လည်း ကောင်းမွန် တာကြောင့် မှီဝဲသင့်တဲ့ ဆေးကောင်း တစ်လက် ဖြစ်ပါတယ်။

ကြက်ဥ

ကြက်ဥကတော့ လူတိုင်းသိပြီးသား ဖြစ်တဲ့ ခွန်အားဖြစ် အစားအစာတစ်မျိုး ဖြစ်တာမို့ စားသင့်ပါတယ်။

အားလူး

အာလူးဟာလည်း ခန္ဓာကိုယ်အတွက် ခွန်အားကို ရရှိစေနိုင်ပါတယ်။ အလုပ်ကြမ်း လုပ်နေသူများ အဖို့ အားလူးကို နေ့စဉ် မှီဝဲသင့်ပါတယ်။

ငှက်ပျော်သီး

ငှက်ပျော်သီးကတော့ ခွန်အားဖြစ် အသီးတစ်ခု ဖြစ်တဲ့အပြင် စားရတာလည်း လွယ်ကူစေပါတယ်။

ပန်းသီး

ပန်းသီးကလည်း ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ ကုပ်ကွေးရောဂါများ ဖြစ်လို့ အားအင်မရှိဘူးဆိုရင် ပန်းသီးကို စားပးပါက ခွန်အားရရှိစေနိုင်ပါတယ်။

Ref -healthnews
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
 

ခွေလေးနဲ့ အတူတူ ခြေထောက် ပြန်ကောင်းခဲ့တဲ့ သခင်မလေး





Lindsey လို့ အမည်ရတဲ့ အသက် ၂၈ နှစ် အရွယ် အမျိုးသမီးဟာ တစ်ချိန်တုန်းက ဂျာမနီ နိုင်ငံက အက ပညာရှင် တစ်ဦး ဖြစ်ပါတယ်။ ပြဇာတ် တစ်ခုမှာ အက အက်ဆီဒန့် တစ်ဦးကြောင့် ခြွေခွင် လွဲသွားပြီး တွန်းလှဲပေါ်မှာသာ နေရတဲ့ ဘဝကို ရောက်သွား ပါတယ်။

ဆရာဝန်များက သူမကို ဘယ်တော့မှ လမ်းပြန်လျှောက်နိုင်တော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဖြတ်တောက် ပြီးတော့ ကုသဖို့လိုရင်တောင် လိုအပ်မယ်လို့ ပြောခဲ့ ပါသေးတယ်။ ဖြတ်တောက်ဖို့တော့ သူမ လက်မခံ ခဲ့ ပါဘူး။ ဒါနဲ့ နောက်ဘက် ခြေထောက် မသန်တဲ့ ခွေးတစ်ကောင်ကို မွေးပါတယ်။ သွေးကြော ခဲပြီး နောက်ခြောက်ထောက် နှစ်ဘက် မလှုပ်ရှားနိုင်တဲ့ ခွေးကလေးနဲ့ အတူ နေပြီး ဘဝ ဖြတ်သန်း ပါတယ်။ ခွေးကလေး လမ်းပြန်လျှောက်နိုင်အောင် ကြိုးစား ပေးပြီး သူမက အလိုလို လမ်းလျှောက်လာနိုင်ခဲ့ ပါတယ်။ ထင်မှတ်မထား လောက်အောင် ကျန်းမာရေး ကောင်းသွားပြီး သာမန် လူတစ်ယောက်လို ပြန်ဖြစ် လာပါတယ⁠ယ်။ ဒါကြောင့် သူမဟာ သူမရဲ့ ခွေးကလေးကို လမ်းပြန်လျှောက်နိုင်အောင် ကြိုးစား ပေးရင်း နောက်ဆုံးတော့ ခွေးရော Lindsey ဟာ သာမန် အကောင်း ပကတိ ကို ပြန်ရောက် သွားပါတယ်။

သူမဟာ ယခုဆိုရင် သူ ဝါသနာ ပါတဲ့ အက ဘက်ကို ပြန်သွားတော့မှာ ဖြစ်ပါတယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားမှုကြောင့် ပြန်ကောင်းလာတဲ့ Lindsey ဟာ အများ လေးစား အတုယူ ရလောက်တဲ့ အမျိုးသမီး တစ်ဦး ဖြစ်လာ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
 

တက္ကသိုလ်ဘွဲ့ယူတဲ့ နေ့မှ အမေ့ကို ဖွင့်ပြောပြတဲ့ သား

                         


ဗြိတိန်နိုင်ငံ၊ စကော်တလန် မှာ နေထိုင်တဲ့ သားအမိ ဖြစ်ပါတယ်။ Liam Blair လို့ အမည်ရတဲ့ အသက် ၃၁ နှစ် ရှိပြီ ဖြစ်တဲ့ အမျိုးသားဟာ အမေ ဖြစ်သူကို ဘွဲ့ယူတဲ့ နေ့မှ သူ ကျောင်းတက်ခဲ့ကြောင်း ၀န်ခံ လို့ အံ့သြ မင်သက် စေခဲ့ ပါတယ်။

ပညာအရည်အချင်း ညံ့တဲ့ သား ကို ဘွဲ့ တစ်ခု ရလိမ့်မယ်လို့ အမေ ထင်မထား ပါဘူး။ ဒါ့အပြင် မိသားစု ငွေကြေး အခြေအနေလည်း ကျောင်းတက်ဖို့ အဆင်မပြေဘူးလို့ သိထားလို့ ဖြစ်ပါတယ်။ Liam Blair ကတော့ Perth မှာ ရှိတဲ့ ငါးစက်ရုံ တစ်ခုမှာ အလုပ်လုပ် နေတယ်လို့ပဲ အမေ ဖြစ်သူ Rhonda က သိပါတယ်။ Rhonda ကတော့ ၅၁ နှစ် ရှိပါပြီ။ လေးနှစ် စလုံး အလုပ်လုပ်ရင်း ကျောင်းပါ တွဲတက်တဲ့ Liam ဟာ နောက်ဆုံးတော့ စာမေးပွဲ အောင်မြင်ခဲ့ ပါတယ်။ ဘွဲ့ယူတဲ့ နေ့ကို ရောက်မှပဲ ဘွဲ့ဝတ်စုံ ၀တ်လို့ အမေ့ကို အိမ်မှာ အံ့အား သင့်အောင် ပြုလုပ်ခဲ့ ပါတယ်။

ဘွဲ့ရပြီးရင် သူရရှိမယ့် အလုပ်အကိုင် အခွင့်အလမ်း တိုးပွားမှာ ဖြစ်ကြောင့် မိသားစု ဘ၀ တိုးတက် ပြောင်းလဲသွားမှာလဲ အမှန်ပါပဲ။ ဘွဲ့နှင်း သဘင် အခမ်း အနား မှာ Liam တို့ သားအမိ နှစ်ဦးကို ယခုလို မြင်တွေ့ ရပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)
 

အိန္ဒိယက ခေါင်းကြီးတဲ့ ကလေး ခေါင်းပြန်သေး



ပြီးခဲ့တဲ့ ယခုလို အချိန်ကာလမှာ ကမ္ဘာ့ လူသိများသွားတဲ့ ကလေးငယ် တစ်ဦး ကတော့ ပုံမှာ မြင်တွေ့ နေရတဲ့ ၃ နှစ် အရွယ် သမီး အိန္ဒိယက Roona Begum ပဲ ဖြစ်ပါတယ်။ Hydrocephalus လို့ခေါ်တဲ့ ဦးနှောက်ထဲ ရေ၀င် တဲ့ ရောဂါ ဝေ ဒနာ ခံစား ရပြီး ကမ္ဘာ့ အကြီးဆုံး ခေါင်း ပိုင်ဆိုင်သူ တစ်ဦး ဖြစ်လာ ပါတယ်။
 
အရွယ်အားဖြင့် ၃၇ လက်မ ရှိခဲ့ပြီး ယခု ရက်ပိုင်းတွင်း ခွဲစိတ် အောင်မြင်မှုကြောင့် ၂၃ လက်မပဲ ရှိပါတော့တယ်။ အသက်ရှင်မယ်လို့တောင် ထင်မှတ်မထားတဲ့ စွန့်စွားဖွယ် ခွဲစိတ်မှုကို အန္ဒိယ နိုင်ငံ နယူးဒေလီမြို့က ဆေးရုံ တစ်ခုမှာပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဦးနှောက်ထဲက ရေကို ထုတ်ပြီး ပုံစံပျက်နေတဲ့ ဦးခေါင်းကို ပြန်လည် ပုံသွင်းပေး ရမှာ ဖြစ်ပါတယ်။ ကမ္ဘာမှာ လူနည်းစုသာ ဖြစ်တတ် တဲ့ ရောဂါ မျိုး ဖြစ်ပြီး မြန်မာပြည် မှာလည်း ယင်းကဲ့သို့ ရောဂါ ဝေဒနာသည် အချို့ ရှိနေပါ တယ်။ 
 
သို့ပေမယ့် အကြီးဆုံး အရွယ်အစား ကိုတော့ Roona က ပိုင်ဆိုင်ထားခြင်း ဖြစ်ပါတယ်။
ခွဲစိတ်ထားပေမယ့် အချိန်မရွေး ပြန်ကြီးထွား တတ်သေးတာကြောင့် အမြစ်ပါ ရှင်းပြတ်အောင် ကုသဖို့ ကြိုးပမ်းလျက် ရှိကြကြောင်း သိရ ပါတယ်။
.
Ref: Metro

အောင်ခမ်း (ရိုးရာလေး)
              
https://www.facebook.com/yoyarlaydotcom/posts/732088033501118

ကမ်းခြေမှာ လမ်းလျှောက်နေသူ လေယာဉ် တိုက်၍ သေဆုံး

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကမ်းခြေတခုမှာ အင်ဂျင်တလုံးတပ် လေယာဉ်တစီးက လမ်းလျှောက်နေသူ ၂ ဦးကို တိုက်မိလို့ ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရသွားပါတယ်။ 


 ဖလော်ရီဒါ ကမ်းခြေက လေယာဉ်တိုက်မှု မြင်ကွင်း၊ ဓာတ်ပုံ- NBC

ဖလော်ရီဒါ Venice မှာ ရှိတဲ့ Caspersen Beach မှာ လေယာဉ်ဆင်းသက်ရာမှာ လမ်းလျှောက်နေသူ ဖခင်နဲ့ သမီးတို့က ကမ်းခြေမှာ လမ်းလျှောက်နေချိန်ဖြစ်ပါတယ်။  လေယာဉ်က သူတို့ ၂ ဦးကို တိုက်မိရာ မှာ လမ်းလျှောက်နေ သူ ဖခင်ဖြစ်သူ သေဆုံးသွားပြီး သမီးဖြစ်သူကလည်း ဒဏ်ရာရသွားတယ်လို့ Sarasota County Sheriff ရဲ့ ပြောခွင့်ရ Wendy Rose က NBC သတင်းဌာနကို ပြောပါတယ်။ 

မနေ့က ဒေသစံတော်ချိန် ညနေ ၃ နာရီလောက်က လေယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့သမီး 
ဖြစ်သူကို လည်း ရဟတ်ယာဉ်နဲ့ ကလေးဆေးရုံကို ခေါ်သွားပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဆိုတယ်။ 

အခုလို လေယာဉ်တိုက်မှုနဲ့ လူသေဆုံး၊ ဒဏ်ရာရမှု ရှိတဲ့အတွက် အမျိုးသား ပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေး ဘုတ်အဖွဲ့ ကလည်း စုံစမ်းစစ်ဆေးမှု လုပ်နေပြီလို့ သိရပါတယ်။ 

လေယာဉ်ပေါ်ပါတဲ့ လေယာဉ်မောင်းသူနဲ့ ခရီးသည်ကတော့ ဘာဒဏ်ရာမှ မရခဲ့ပါဘူး။

ဆိုင်ကယ်စီးလားရင်း လေယာဉ်တိုက်ခံလိုက်ရလို့ သေဆုံးသွားတဲ့ ဦးပြားလိုအဖြစ်ဆိုးမျိုး မြန်မာနိုင်ငံမှာပဲ ရှိတယ် ထင်ခဲ့ရတာပါ။ ဒါကြောင့် မြန်မာနိုင်ငံက လူတွေက ဆိုင်ကယ်စီးရင်း လေယာဉ်သတိထား လို့တောင် ပြောစမှတ်ရှိ ခဲ့ကြ တာပါ။ 

အခု ဒီသတင်းကြောင့် အမေရိကန်မှာလည်း ကမ်းခြေမှာ လမ်းလျှောက်ရင်း လေယာဉ်ပျံ ဝင်တိုက်မှာကို သတိထားရမယ် လို့ ပြောစမှတ်တွင်လာဖွယ် ရှိနေပါတယ်။ 



အိမ့်သံစဉ် ~ 

http://blog.irrawaddy.org/2014/07/blog-post_75.html 

ပါရီမြို့က သက်ဆင်ရဲ့ မွေးနေ့ပါတီပွဲ မြင်ကွင်းစုံ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း ပြည်ပရောက် မစ္စတာ သက်ဆင်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့ပွဲ မြင်ကွင်းတွေဖြစ်ပါတယ်။ 


ဓာတ်ပုံ- Khaosod

အဲဒီမွေးနေ့ပွဲမှာ ညီမဖြစ်သူ မစ္စ ယင်လတ်လည်း တက်ရောက်ခဲ့တာ ဖြစ်ပြီး မောင်နှမတွေ၊ မိသားစုတွေ နဲ့ ဆွေမျိုး မိတ်ဆွေတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် မွေးနေ့ပွဲက မြင်ကွင်းတွေကို ထိုင်း အွန်လိုင်း လောကမှာ အတော်များများ ပျံ့နှံ့လာနေပါတယ်။ 

သက်ဆင်တို့ မောင်နှမတွေနဲ့ မိသားစုတွေ သီချင်းဆိုနေကြတာလည်း ဓာတ်ပုံတွေထဲမှာတွေ့ရပါတယ်။ သက်ဆင်ရဲ့ မွေးနေ့ကိတ်ကြီးကိုလည်း တွေ့ရပါမယ်။ ဖက်ရှင်မယ်တဦးအလား ယင်လတ်ရဲ့ ဝတ်စားဆင် ယင်မှုနဲ့ သီချင်းဆိုနေတာလည်း တွေ့ရပါလိမ့်မယ်။




 အိမ့်သံစဉ် ~ 

http://blog.irrawaddy.org/2014/07/blog-post_53.html

ဆရာတင်မှားက အပါယ်လားနိုင်သည်


                                  

ဓမ္မကထိက ဆရာတော်တစ်ပါး၏ သြ၀ါဒခံယူပွဲတစ်ခုတွင် သီတဂူ ဆရာတော်ကြီး၏
သြ၀ါဒတစ်ခုကိုနာကြားရပါသည်။ “ရဟန်းတစ်ပါးအနေနဲ့ ပလ္လင်ပေါ်တက်တဲ့အခါ ပလ္လင်နဲ့ တန်တဲ့စကားကိုပဲပြော၊ပလ္လင်ပေါ်တက်ပြီး လမ်းဘေးက ကလေကချေတွေပြောသလိုစကား မျိုးကို မပြောနဲ့၊ ကလေကချေတွေပြောတဲ့စကားမျိုးကို ပြောမယ်ဆိုရင် ပလ္လင်ပေါ်တက်ဖို့ မသင့်ဘူး” ဟု နာကြားရပါသည်။
ထို့ပြင် ဆရာတော်ဘုရားသည် တပည့်များကိုလည်း
ဤသို့ဆုံးမတတ်ပါသည် “မင်းတို့တွေ တချိန်မှာ ပလ္လင်ပေါ်တက်တော့မယ်ဆိုရင် မတက်ခင် ကတည်းက ပိဋကတ်စာပေတွေကို သေချာလေ့လာ၊ လေ့လာပြီးမှပြော သေချာလေ့လာခြင်းမရှိဘဲ နောက်မှ မှားသွားပါတယ်ဆိုတဲ့ ဆင်ခြေကိုမပေးနဲ့” ဟု အမြဲဆုံးမလေ့ရှိပါသည်။

မှန်ပါသည်၊ မည်သူမှ အမှားနှင့်မကင်းနိုင်ကြပေ၊ သို့သော်လည်း ဓမ္မကထိက ဆရာတော်၏ အမှားသည် စေတနာအမှားပင် ဖြစ်စေကာမူ လူပေါင်းမြောက်များစွာ အယူအမြင်တွေ မှားသွားနိုင်ပါသည်။
မပြစ်မှားသင့်သူကို ပြစ်မှားနိုင်ကြသည်။ ဤ အကြောင်းအရာနဲ့ ပတ်သက်ပြီး မိတ်ဆွေရဟန်းတပါးနှင့် ဆွေးနွေးဖြစ်ဖူးသည်။ ဒကာ၊ ဒကာမတွေမှာ ချွေးနည်းစာနဲ့ ရှာထားတာလေးတွေနဲ့ လိုလေသေးမရှိအောင် လှူဒါန်းထောက်ပံ့ ကိုးကွယ်ကြရှာတယ်။
သူတို့ကိုးကွယ် ဆည်းကပ်တဲ့သူက နိဗ္ဗာန်ပို့မယ့်သူမဟုတ်ဘဲ
အပါယ်ဆွဲချတဲ့သူဖြစ်နေရင် မိအေးနှစ်ခါ နာတာထက် ပိုဆိုးသည် ဟူ၏။
မှန်ပေသည် ဘုရားရှင်က သတ္တ၀ါများအားသံသရာဝဋ်ဒုက္ခမှ ကယ်တင်ရန်အတွက် ထားရစ်ခဲ့သည့် တပည့်သားကြောင့် သတ္တ၀ါအများ
အပါယ်သို့ချည်း သွားကြရမည်ဆိုပါလျှင် ခုတ်ရာတခြား ရှရာတစ်ခြား၊ ခါးတောင်းကျိုက်တလွဲ တင်တလွဲဖြစ်ပေတော့မည်။
မိုးကုတ်ဆရာတော်ကြီး ဆုံးမတော်မူသည့် “ဆရာမှားပါက တပည်အများမှာ တသံသရာလုံးမှောက်သွားနိုင်သည်”
ဆိုသော ဆုံးမသြဝါဒကို ကိုးကွယ်ဆည်းကပ်သူ ဒကာ ဒကာမများ သတိပြုဆင်ခြင်သင့်သလို တချိန်မှာ
ဓမ္မကထိက လုပ်ကြမည့် မျိုးဆက်သစ် ညီတော် နောင်တော်များလည်း သတိပြုဆင်ခြင်သင့်လှပါ၏။

ဤတွင် စာရေးသူ အကြိမ်ကြိမ်အခါ နာကြားနေမိသော ပါချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ ၏ တရားတော်ထဲမှ ထုတ်နုတ်ဖော်ပြချင်ပါသည်၊ မိမိကိုယ်တိုင်လည်း အထပ်ထပ်နားကြားဖြစ်ပါသည်၊ စာရေးသူနှင့် နီးစပ်ရာ ဒကာ ဒကာမ မိတ်ဆွေအပေါင်းအသင်း တို့ကိုလည်း လက်လှမ်းမှီသမျှ ဖြန့်ဝေ၍ နားကြားစေခဲ့ပါသည်။ ဤနေရာတွင် “တရားသိလျက်
အကျင့်ခက်” ဟူသော ထိုတရားတော်ထဲမှ မှတ်သားလိုက်နာဖွယ်ကောင်းသော စကားရပ်တို့ကို ကောက်နှုတ်ဖော်ပြပါအံ့..

“ရဟန်းတစ်ပါးအနေနဲ့ စာသင်လိုက်လို့ ဘာစာမေးပွဲတွေအောင်တယ်၊
ဘွဲ့ထူး ဂုဏ်ထူးတွေရတယ် စာပေတွေတတ်လာလို့ နာမည်လေးတစ်လုံးရလာတဲ့အခါကျတော့ ကြည်ညိုကိုးကွယ်တဲ့
ဒကာ ဒကာမတွေများလာတယ် များလာတော့ လာဘ်လာဘတွေ များလာတယ်၊ များလာတော့ စိတ်ကြီးဝင်လာတယ်၊ ပုထုဇဉ်တို့ရဲ့ သဘာဝအတိုင်း မာန်မာနတွေ ဖြစ်လာတယ်၊ သင်ထားတဲ့ စာကို အကြောင်းပြုပြီးတော့ လာဘ်လာဘတွေပေါလာတယ် လာဘ်လာဘတွေပေါလာတာကို အကြောင်းပြုပြီးတော့ ငါသိတယ် ငါတော်တယ် ငါတတ်တယ် ဘေးကလည်းဝိုင်းပြီးမြှောက်တာတွေ ပါလာတဲ့အခါကျတော့ မာန်တက်လာတယ်တဲ့ မာန်တက်လာပြီဆိုကတည်းက
သိတော့သိပြီ မကျင့်တော့ဘူး အောက်ချေလွတ်သွားပြီးတဲ့အခါမှာ ဘာတွေဖြစ်ကုန်သတတ်တုံး ဆိုရင် ပြောချင်ရာပြောတာတို့ လုပ်ချင်ရာလုပ်တာတို့ သူပြောသမျှ ပရိသတ်က လက်ခံနေတယ် ဆိုရင် ပြောချင်ရာပြောတယ် သူလုပ်သမျှ ပရိသတ်က လက်ခံနေပြီဆိုရင်လည်း လုပ်ချင်ရာလုပ်
တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်လာတယ်”

ဆရာတော်ဘုရားသည် အထက်ပါတရားတော်ကို အကြောင်းမဲ့ဟောကြားခြင်းမျိုးတော့ မဖြစ်တန်ရာ၊ ယခုအခါသာသနာအတွင်း၌ ပေါ်ပေါက်နေသော ဟောချင်ရာဟော ပြောချင်ရာပြောနေသော ပုဂ္ဂိုလ်အချို့ကြောင့် သာသနာအရေးကို စိုးရိမ်ကြောင့်ကြတော်မူသောကြောင့် ဟောခြင်း
ဖြစ်ပေလိမ့်မည်။ ဆက်ပါဦးအံ့….

“မြတ်စွာဘုရား သာသနာတော်ကြီးနဲ့ ကြုံတွေ့တဲ့အခါမှာ တရားဓမ္မဟာ မှန်ကန်မှုရှိတယ်၊
မိမိကိုယ်တိုင်လည်း မှန်ကန်တဲ့အတိုင်းလေ့လာသိရှိဖို့ လိုတယ်၊ ထိုသိရှိထားတဲ့အတိုင်း တရားနာ ပရိသတ်တွေ မိမိရဲ့ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေကို ဟောပြောဖို့လို့တယ်၊ အဲဒီလို မဟုတ်ဘဲ ဘုရားဟောတဲ့တရားကို မဟောဘူးလို့ ပြောမယ်၊ မဟောတာကိုတော့ အဟောလုပ်ပြီး ပြောမယ်
ဆိုလို့ရှိရင် မမှန်ကန်တော့ဘူး၊ မမှန်ကန်ရုံတင် မကဘူး အဂုင်္တ္တရနိကာယ်မှာ မြတ်စွာဘုရား
ဘုရားက ဟောထားတာ ရှိတယ်..

နံပါတ် - ၁ - ဘုရားဟောတဲ့တရားကို မဟောဘူးလို့ပြောမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ

လူအများအကျိုးစီးပွါးမဲ့အောင် ပြုလုပ်ရာရောက်တယ်၊

နံပါတ် - ၂ - အဲဒီပုဂ္ဂိုလ်ဟာ အကုသိုလ်တွေ များစွာဖြစ်ပွါးစေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊

နံပါတ် - ၃ - မြတ်စွာဘုရားဘုရား သာသနာတော်ကြီးကို ကွယ်ပျောက်အောင် လုပ်ရာရောက်တယ်၊

ဘုရားဟောတာကို မဟောဘူးလို့မပြောမိဖို့၊ ဘုရားမဟောတာကိုတော့
အဟောလုပ်ပြီး မပြောမိဖို့ ဓမ္မကို အဓမ္မလို့ မပြောမိဖို့ အရေးကြီးတယ်၊ လောကလူတွေက မာန်မာနတက်လာတဲ့အချိန်မှာ
ပြောလို့မရဘူး၊ ဒါအမှန်ဘဲ စီပွါးတွေတက်လာလို့ အောင်မြင်နေတဲ့
ပုဂ္ဂိုလ်တစ်ယောက် ဆုံးမလို့ မရဘူး၊ ရာထူးတွေ သိပ်မြင့်နေရင်လည်း ဆုံးမလို့မရဘူး လူတွေဟာ တခုခုအောင်မြင်ပြီဆိုရင်
ဘယ်သူပြောတာမှ သိပ်ပြီးနားမထောင်ချင်ဘူး”

မှန်ပါသည်။ ယခုခေတ်ကာလတွင်လည်း စာရေးသူ မြင်တွေ့နေရပါသည် နာမည်လေးတလုံးရလာတဲ့ပုဂ္ဂိုလ်အချို့ ဘုရားဟောတဲ့တရားကို မဟောဘူးလုပ်၊ ဘုရားမဟောတာကိုတော့ အဟောလုပ်၍ ဟောပြောနေသော
ပုဂ္ဂိုလ်အချို့အား အမှားကိုထောက်ပြဝေဖန်လျှင် မိမိဟောသော တရားမှန်ကြောင်း သေချာစွာ ဖြေရှင်းနိုင်စွမ်းမရှိဘဲ စွပ်စွဲပုတ်ခတ်တတ်ကြပါသည်၊ ထိုပုဂ္ဂိုလ်ပါမက သူ၏ နောက်ပါတပည့်အပေါင်းပါတို့သည်လည်း
ထိုကဲ့သို့ပင် ငါ့ဆရာပြောတာပဲ အမှန် ငါ့ဆရာဟောတာပဲ အဟုတ် ဟုဆိုကာ မှန်ကန်သော အထောက်အထားဖြင့် ထောက်ပြဝေဖန်သူများကို ပြန်လည်ဖြေရှင်းနိုင်ခြင်းမရှိဘဲ စွပ်စွဲပုတ်ခတ်ကြ
ပါသည်၊ ၀ိနစ္ဆယ ဆုံးဖြတ်တော်မူကြသော ထေရ်ကြီးဝါကြီး သံဃာ့နာယက ဆရာတော် သံဃာတော်အပေါင်းကိုပင် ကဲ့ရဲ့ရှုတ်ချတာတာကိုပင်တွေ့ဘူးပေ၏။

စာရေးသူတို့ ရဟန်းတော်(ဘာသာရေးခေါင်းဆောင်)များသည် စင်စစ်အားဖြင့် သာသနာ
ပြုဖို့အတွက်သာ သာသနာဆိုင်ရာ ပညာတို့ကို သင်ယူခဲ့ခြင်းဖြစ်ပါသည်။ အမျိုးဘာသာ သာသနာအတွက် ကောင်းကျိုးပြုဖို့အတွက်သာ မိဘဆရာသမား၊ ဒကာ ဒကာမများက စောင့်ရှောက်ကျွေးမွေး ပညာတွေသင်ပေးထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် သာသနာအတွင်းသို့ အမှိုက်များ ၀င်မလာအောင် သန့်ရှင်းတည်တန့်အောင် လုပ်ဖို့က ဘာသာရေးခေါင်းဆောင် ရဟန်းတော် အားလုံး၏ တာဝန်သာဖြစ်ပါသည်။

ကဿပ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် သာသနာကျန်ရစ်ခဲ့သော အချိန်က
သာသနာ ကို ကြည်ညိုသော မိသားစု တစ်စု သာသနာအတွင်းသို့ ၀င်ရောက်လာခဲ့ကြပါသည်၊ သာဓိနီ အမည်ရသော မိခင်ကြီး၊ သာဏမည်သော အကိုကြီး၊ ကပိလ မည်သော ညီဖြစ်သူနှင့် တာပနာ - မည်သော ညီမဖြစ်သူတို့ အကျွတ်တရားရကာ သာသနာအတွင်းသို့ ၀င်ရောက်လာကြပါသည်။ ထိုအထဲတွင် အသက်အရွယ်လေးရလာသော အကိုကြီးဖြစ်သူသည် တောရ
ဆောက်တည်ပြီး ကမ္မဌာန်းတရားအားထုတ်ကာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားပါသည်
ညီဖြစ်သော ကပိလ သည်လည်း ပိဋကတ်သုံးပုံကို သင်ယူတတ်မြောက်လာပါသည်၊

စာတတ်လာတဲ့ အခါမှာ တပည့်ပရိသတ်တွေ များလာသည်၊ ကြည်ညိုကိုးကွယ်တဲ့ ဒကာ
ဒကာမတွေများလာသည်။ ဒါတွေကိုအကြောင်းပြုပြီး တရားကိုသိပြီး ကျင့်ရမယ့်အစား
မကျင့်ကြံတော့ဘဲ ပညာမာန်တွေတက်လာသည်၊ မာန်တွေတက်လာပြီး ကျန်တဲ့ရဟန်း
တွေအပေါ်မှာ အထင်သေးအမြင်သေးဖြစ်လာကာ သူ့လောက်မတတ်ဘူး၊ အလကား
နလပိန်းတုံးတွေ ဆိုပြီး ဆဲရေးလာပါတော့သည်၊ ကပိလ ဟာ သူများတွေကို အထင်သေး အမြင်သေးဖြစ်လာပြီးတော့ မောက်မာလာသည်၊ မောင်ဖြစ်တဲ့ ကပိလ ရဟန်းဟာ စာတတ်တော့ နှမဖြစ်သူ တာပနာ ဟာ ဂုဏ်ယူ၏၊ အမေဖြစ်သူ သာဓိနီ ကလည်း သူ့သားအတွက် ဂုဏ်ယူမဆုံး ဖြစ်လာသည်၊ နှားတောင်းရောင်ကြောင့် ပါးပြောင်ပြီး သူတို့ကပါ မာန်မာနတွေ တက်လာကြသည်။

ကပိလ ဟာ မာန်မာနတွေတက်လာပြီး တခြားရဟန်းတွေအပေါ်မှာ ရှုံ့ချဆဲရေးတိုင်းထွာ
လာသည်၊ အဲဒီလို ဖြစ်လာတဲ့အခါမှာ ရဟန်းကောင်းတို့က “အရှင်ဘုရား စာတတ်ပေတတ် ဖြစ်ရဲ့နဲ့ အဲဒီလို ဆဲရေးခြင်း၊ အထင်သေးအမြင်သေးလုပ်တာတွေကို မလုပ်ပါနဲ့” ဆိုပြီး ၀ိုင်းဝန်းဆုံးမကြပါတယ်၊ ဒါပေမယ့် ကပိလ ဟာ မနာခံတဲ့အပြင် အဆုံးစွန်ထိ မိုက်ဇာတ်ခင်းလာပါတယ်။ ဘုရားမဟောတာကို အဟောလုပ် ပြောတယ်၊ ဘုရားဟောတာ ကိုကျတော့ မဟောဘူးလို့ပြောလာတယ်၊ ဓမ္မ ကိုလည်း အဓမ္မလို့ ပြောချင်ပြောတယ်၊ အဓမ္မကိုလည်း ဓမ္မလို့ ပြောချင်ပြောတယ်၊ ရဟန်းကောင်းတွေကလည်း ဆုံးမ၍မရတဲ့
အခါမှာ အကိုကြီးဖြစ်သူ ရဟန္တာကိုယ်တော်မြတ်ကြီးကို အရှင်ဘုရားရဲ့ညီအား ဆုံးမပေးဖို့ တောင်းပန်လျှောက်ထားကြပါတယ်။ ရဟန္တာဖြစ်သော အကိုကြီးက သုံးကြိမ်တိုင်တိုင် ဆုံးမပေမယ့်လည်း မနာခံပဲ လုပ်မြဲဆက်လုပ်တော့ အကိုကြီးဖြစ်သူကလည်း လျစ်လျူရှူ့သွား ပါတယ်၊ ကပိလ ဘယ်လောက်ထိ ဆိုးလာသလဲဆိုရင် ဒီတရားတွေဟာ အလကားပဲ
ဝိနည်းတရားတွေဆိုတာ အပိုတွေ ကျင့်နေလည်း အလကားပဲ ဆိုပြီး
တရားရဲ့အပြစ်တွေကိုပြောပြီး ကဿပမြတ်စွာဘုရားရဲ့သာသနာကို ကွယ်အောင် လုပ်လာပါတယ်၊

ဂုဏ်သတင်းကြီးတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက် သူ့နောက်ကလည်း ကိုးကွယ်တဲ့ ဒကာ ဒကာမတွေ လိုက်ကြတယ်၊ အဓိက ကတော့ သူ့အမေ နဲ့ သူ့နှမတို့ဟာ သူပြောတာ ဘာမဆို အမှန်ပဲ သူလုပ်သမျှ အဟုတ်ပဲ ဆိုပြီးလိုက်ကြတယ်၊ ကပိလ သေတဲ့အခါမှာ ဘယ်ရောက်သွားသလဲ ဆိုရင် အ၀ိစိငရဲသို့ ကျသွားပါတယ်၊ သူ့ကိုအားပေးအားမြှောက်ပြုပြီး အလိုတူအလိုပါဖြစ်တဲ့
မယ်တော်ဖြစ်တဲ့ ဘိက္ခူနီ၊ နှမတော်ဖြစ်တဲ့ ဘိက္ခုနီ နဲ့တပည့်အပေါင်းအပါတို့ဟာလည်း
အ၀ိစိငရဲအထိ လိုက်လံအားပေးကြပါတယ်။

ဤတွင် စာရေးသူ တင်ပြချင်သည်မှာ ကပိလ ရဟန်းသည် သိရက်နဲ့မိုက်ခြင်းသာဖြစ်ပါတယ်၊
မယ်တော်နှင့် နှမတော်တို့မှာ သား နှင့် မောင် ဟူဟော အစွဲကြောင့် ပျက်စီးခြင်းသို့
ရောက်ပါသည်၊ ကြည်ညိုကိုးကွယ်သော ဒကာ ဒကာတို့သည်ကား မသိနားမလည်မှု့နှင့်အတူ ဂုဏ်သတင်းကြီးတာကို ဖက်တွယ်လျက် ဆရာမှားကို ချဉ်းကပ်မိသောကြောင့် ပျက်စီးခြင်းသို့
ရောက်ရသည်မှာ ထင်ရှားလှပါတယ်။

စာရေးသူပြောလိုသည်မှာစာဖတ်သူတို့အနေနဲ့ ဓမ္မကို ရှာဖွေတဲ့အခါမှာ ဆရာစွဲ၊ ပုဂ္ဂိုလ်စွဲကင်းဖို့ အရေးကြီးလှပါသည်၊ မှန်ကန်သောဓမ္မ၊ စစ်မှန်သော တရား ဟုတ်မဟုတ် စမ်းစစ်တတ်ရပါမည်၊ တရားစစ်မစစ်ကို ဘုရားဟောတော်မူသော ပိဋကတ်ဟူသော ဓမ္မပေတံဖြင့် တိုင်းတာ၍ ရနိုင် ပါသည်၊ ဘုရားဟောနှင့်ညီညွတ်ခြင်းမရှိပါက အဓမ္မ ဟု မှတ်ယူရပေမည်။
ထိုအဓမ္မကို မသိနားမလည်မှုနဲ့ ဆုပ်ကိုင်ထားမိရင် အပယ်ငရဲသို့ ကျရောက်နိုင်ပါသည်။

ယခုခေတ်အခါ ပိဋကတ်သုံးပုံဆိုသော ဘုရားဟောတရားတွေကို အင်တာနက် မှာလည်း အလွယ်တကူရရှိနိုင်ပါသည်၊ မစွမ်းနိုင်ပါက တတ်ကျွမ်းနားလည်သော ဆရာတော်များထံသို့ ချဉ်းကပ်၍ မေးမြန်းပြီး သေချာစွာ လေ့လာသင့်ပါသည်။ မှန်ကန်စွာလေ့လာပြီး မှန်မှန်ကန်ကန် ကျင့်မှသာလျှင် ဗုဒ္ဓဘာသာဝင်တို့ ရည်မှန်းသော ထွက်မြောက်ရာလမ်းသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

တရားမလိုက်၊ အမှားကြိုက်၊ ဆရာမိုက် နှင့် လွဲပါစေ ဟု ဆန္ဒပြုရင်း…….

***********

အရှင်သာမိ (မုံရွာ)
http://www.ashinsami.com/
အိန္ဒိယနိုင်ငံ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့၊
၂၀၁၃ ခုနှစ်၊ နှစ်ပတ်လည် ကျောင်းသား မဂ္ဂဇင်း မှ.


https://www.facebook.com/photo.php?fbid=817022421663649&set=a.180911751941389.45228.100000676952702&type=1&theater 

တစ်ပင်တည်းမှ အသီးမျိုးစိတ် အများအပြား သီးပွင့်နိုင်သည့် သစ်ပင်များ



တစ်ပင်တည်းမှ သစ်သီးအမျိုးမျိုး သီးလာနိုင်သည့် သစ်ပင်များကို အမေရိကန် နိုင်ငံရှိ ဒေသအတော်များများတွင် စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရှိရသည်။
နယူးယော့ခ် အခြေစိုက် ပန်းပုနှင့် အနုပညာသမား တစ်ဦးက စတင် အကောင်အထည် ဖော်ခဲ့သော ပရောဂျက်သည် (၆)နှစ်မျှ အကြာတွင် ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်သည်။ ဆမ်ဗန်အေကန်သည် နယူးယော့ခ် ပြည်နယ်တွင် လုပ်ငန်းရပ်ဆိုင်းတော့မည့် သစ်သီးခြံ တစ်ခုကို (၂၀၀၈)ခုနှစ်တွင် ရှာဖွေ တွေ့ရှိခဲ့သည်။ ဆိုင်ရာကူဆေး တက္ကသိုလ်မှ ပညာရှင်သည် အဆိုပါ သစ်သီးခြံကို ဝယ်ယူခဲ့ပြီးနောက် သစ်သီးအမျိုးမျိုး သီးနိုင်သည့် သစ်ပင်များ ဖန်တီးသည့် ပရောဂျက်ကို စတင်စမ်းသပ် ဖြစ်ခဲ့သည်။

ကိုင်းဆက်နည်းပညာကို အခြေခံ ဖန်တီးထားသည့် သီးစုံမျက်လှည့် သစ်ပင် စုစုပေါင်း (၁၆)ပင်ထိ အေကန်က ဖန်တီးထားပြီး ဖြစ်သည်။ အဆိုပါ အပင်အားလုံးတို့ စုပေါင်းလိုက်သည့်အခါ ကွဲပြားသည့် သစ်သီးမျိုးစိတ် (၄၀)မျှထိ စုံလင်စွာ ပါရှိနေသည်ကို တွေ့ရသည်။
အေကန်သည် အပင်မျိုးစိတ် တစ်ခု၏ အဖူးများ ပါရှိပြီး အစေးထွက်နေသော အကိုင်းတစ်ခုကို သဘာဝအတိုင်း ရှင်သန်နေသည့် သစ်ပင်တစ်ပင်တွင် ထွင်းထားသည့် နေရာ၌ ကိုင်းဆက်ပေးခဲ့သည်။ ထိုသို့ ပြုလုပ်ရာတွင် မက်မန်းသီး၊ မက်မွန်၊ ဆီးသီး အစရှိသည့် အစေ့အမာတစ်ခု အလယ်ဗဟိုတွင် ပါရှိသော သစ်သီးပင် မျိုးစိတ်များကိုသာ ရွေးချယ်ခဲ့ကြောင်း သိရသည်။

အေကန်၏ သစ်ပင်များသည် ရာသီအလိုက် အသီးအမျိုးမျိုး သီးသလို နွေဦးပေါက်ချိန်တွင် ရွက်သစ်များ အရောင်အသွေး စုံလင်စွာ ရောယှက်ပြီး မျက်စိပသာဒဖြစ်ဖွယ် လှပလာလေ့ရှိကြောင်း သိရသည်။ အေကန်သည် နှစ်ပေါင်း(၂၀၀)မျှ သက်တမ်းရှိနေပြီဖြစ်သည့် သစ်သီးခြံကို နှမြောသည့်စိတ်ဖြင့် လက်လွှဲယူခဲ့ခြင်း ဖြစ်သော်လည်း ၎င်း၏ သုတေသန လုပ်ငန်းတွင် များစွာ အထောက်အကူကောင်း ရလာခဲ့သည်။

သစ်ပင်များကို ကိုင်းဆက်ရာတွင် မူရင်းသစ်ပင်၏ ပင်စည်တွင် ထွင်းဖောက်ဖြတ်တောက်ပြီး အဖူးပါသည့် အခြားသစ်ပင်မျိုးစိတ် အကိုင်းတစ်ခုကို လာရောက်တွယ်ဆက်ပေးရသည်။ ထို့နောက် သစ်ပင်နှစ်ခု၏ အစေးများ ရောစပ်နေအောင် တိပ်ဖြင့်ကပ်ပြီး အချိန်ယူ စောင့်ကြည့်ရသည်။ အဆိုပါသစ်ကိုင်းက ကျန်းကျန်းမာဖြင့် ဆက်လက်ရှင်သန်နေသည့်အခါ နောက်ထပ် အမျိုးကွဲ သစ်ကိုင်းတစ်ခုကို အလားတူ ထပ်မံ တွယ်ဆက်ပေးရခြင်း ဖြစ်သည်။

“ကျွန်တော့် သစ်ပင်ကို ယူစိုက်တဲ့ လူတွေက ပြောကြပါတယ်။ သူတို့အိမ်မှာ ပဒေသာပင် ပေါက်နေသလိုပဲ သစ်ပင် တစ်ပင်တည်းက အသီးအမျိုးမျိုး သီးနေကြပါတယ် ဆိုပြီးတော့ပါ။ ပြီးတော့ အသီးအရေအတွက်နဲ့ အမျိုးအစားကလည်း တကယ့်ကို ဖူဖူလုံလုံ ရှိနေတယ်လို့ ပြောကြပါတယ်”ဟု အေကန်က မှတ်ချက်ပြုခဲ့သည်။

ယခုအခါတွင် မျက်လှည့်သစ်ပင်များဟု အေကန်က ညွှန်းဆိုထားသည့် သီးစုံသစ်ပင်များသည် နယူးမက္ကဆီကို၊ ရှော့ဟေးလ်စ်၊ နယူးဂျာစီ၊ လူးဝစ်ဗီးလ်၊ ကန်တက်ကီ၊ နယူးယော့ခ်နှင့် ပေါင်းရစ်ဂ်ျတို့တွင် ပျံ့နှံ့ ရောက်ရှိနေပြီ ဖြစ်သည်။

_Ref: Dailymail

http://www.7daydaily.com/story/16859#.U9OyQ7HzuSo

အရှေ့အာရှဒေသတွင် အမြင့်ဆုံး IELTS ပညာသင်ဆုကို မြန်မာနိုင်ငံမှရရှိ


                  
ဗြိတိသျှကောင်စီမှ ပေးအပ်သော IELTS ပညာသင်ဆုအား မြန်မာနိုင်ငံမှ ဒေါက်တာ သန္တာအောင်မှရရှိခဲ့ပြီး အဆိုပါပညာသင်ဆုမှာ အရှေ့အာရှဒေသတွင် အမြင့်ဆုံး IELTS ပညာသင်ဆုဖြစ်ကြောင်း သိရသည်။ IELTS ပညာသင်ဆုကို Regional Schlorship (မြန်မာကျပ်ငွေ သိန်း ၄၁၅ ခန့်) ကို ဒေါက်တာသန္တာအောင်မှ ရရှိခဲ့ပြီး Country Schlorship (မြန်မာကျပ်ငွေ ၄၁ သိန်းခန့်) အား မောင်စောမယ်လ်ဗင်ကို လေးမှရရှိခဲ့ကြသည်။



" နိုင်ငံတကာပညာရေးသည် လူငယ်လူရွယ်များ ငယ်ရွယ်စဉ် အတွေ့အကြုံ ရရှိစေရန် အကောင်းဆုံး အခွင့်အလမ်းဖြစ်ပြီး မြန်မာနိုင်ငံမှ ထူးချွန်တဲ့ပုဂ္ဂိုလ်နှစ်ဦး IELTS ပညာသင်ဆု ချီးမြှင့်ခံရတဲ့အတွက် ၎င်းတို့ရွေးချယ်တားတဲ့ ဘာသာရပ်များမှာ ပိုမိုပေါက်မြောက်အောင်မြင်စေရန် အခွင့်အရေးရသွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ဒေါက်တာ သန္တာအောင်က အရှေ့အာရှဒေသမှာ အမြင့်ဆုံး IELTS ပညာသင်ဆုရရှိသွားသည်မှာ အထူးဂုဏ်ယူစရာပင် ဖြစ်ပါတယ်။ ဆုရရှိသွားတဲ့ ဒေါက်တာ သန္တာအောင်နဲ့ စောမယ်လ်ဗင်ဟိုလေး တို့နှစ်ဦးစလုံးအတွက် ဝမ်းမြောက်ပါတယ် " ဟု ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး Kevin Mackenzie ကပြောသည်။

ဒေါက်တာသန္တာအောင်သည် ဂျာမနီနိုင်ငံဘာလင်မြို့ရှိ Charite-Universitatsmedizin တက္ကသိုလ်တွင် ပညာသင်ကြားမည်ဖြစ်ပြီး စောမယ်လ်ဗင်ကိုလေးသည် စင်ကာပူနိုင်ငံရှိ Kaplan Higher Education Academy (Royal Holloway, University of London Program) တွင် ဆက်လက်ပညာသင်ကြား ကြမည်ဖြစ်ကြောင်း သိရသည်။ ၎င်းပညာသင်ဆုအား မြန်မာနိုင်ငံမှ လျှောက်ထားသူ ၃၈ ဦးရှိခဲ့ပြီး လျှောက်ထားသူများသည် တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့်ဗီယက်နမ်တို့မှ လျှောက်ထားသူ ရာပေါင်းများစွာနှင့် ယှဉ်ပြိုင်ပြီးမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဗြိတိသျှကောင်စီ မြန်မာနိုင်ငံ၏ စာမေးပွဲဌာန တာဝန်ခံဒေါ်အိအိမွန်က ပြောကြားသည်။


http://www.myanmarinternetjournal.com/content/13965 

ဗုဒ္ဓါဘိသေက မင်္ဂလာ (အနေကဇာတင် တယ်ဆိုတာ)



********************* ****************************

တစ်ရက်သောနေ့တွင် စာရေးသူ ဆွမ်းခံသွားရင်း ဓမ္မာရုံတခုမှ ဖွင့်နေသော တရားသံတခုကို ကြားလိုက်ရသည်။ ဓမ္မကထိက ဆရာတော်မှ “လူတွေက အနေကဇာတင်တယ်ဆိုတာ ဘုရားကို အသက်သွင်းနေကြတာ အနေကဇာတင်စရာမလိုဘူး” ဟူ၍ ကြားလိုက်ရသည်။

ဘယ်တရားခွေလဲဆိုတာတော့ တိတိကျကျ မသိတော့ပါ။ သွားရင်းလာရင်း ကြားလိုက်ရခြင်းသာ ဖြစ်ပါသည်။ သုံးလောကထွဋ်ထား တန်ခိုးရှင်ဖြစ်သော ဘုရားကို မည်သူမှ အသက်သွင်းစရာမလိုပေ။
အသက်သွင်းခြင်း လုပ်ငန်းသည် ဗုဒ္ဓဘာသာတို့ရဲ့ လုပ်ငန်းမဟုတ်ပေ။

အနေကဇာတင်ခြင်းကို ဘုရားအား အသက်သွင်းသည်ဟု ဆိုသူများသည် တောင်ပြန် တောထွက် ဘုန်းကြီးများသာ ဖြစ်ပေလိမ့်မည်။ လူပုဂ္ဂိုလ်များအနေနှင့်ကား ထိုသို့သိမည်မဟုတ်ပေ ဆရာဘုန်းကြီး၏ အလွဲအမှားကြောင့် ထိုသို့သိထားသည်ဆိုပါက အမှားကို အမှန်ရောက်အောင်ြ ပုပြင်ရမည်မှာ ဘာသာရေးခေါင်းဆောင် ဘုန်းကြီးများတွင်သာ တာဝန်ရှိသည် မဟုတ်ပါလော။
အနေကဇာတင်ဖို့မလိုဟူ၍ကား မဆိုသင့်ချေ၊

အနေကဇာတင်မှု မတင်မှုသည် ပဓာနကျသည်တော့ မဟုတ်ပေ။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့
ရုပ်ပွါးတော်ကို မဟာပုရိသလက္ခဏာ ၃၂ ပါးနဲ့ ညီညွတ်စွာ ပီပီပြင်ပြင် ဖြစ်နေပြီးတော့ စိတ်ထဲမှာ ကြည်ညိုဖွယ်ဖြစ်ပြီဆိုရင် ပူဇော်ကြရုံသာဖြစ်၏။ ပူဇော်တိုင်း အကျိုးများနေမည်မှာ အမှန်ပင် ဖြစ်ပေသည်။

ရှေးရှေးဆရာတော် သံဃာတော်များသည် ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်စရဲ့ နေ့တွေ၊ ညတွေ မှာ အနေကဇာတိသံသာရံ၊ ပဋိစ္စသမုပ္ပါဒ်၊ ယထာဟဝေဂါထာများဖြင့် ဘုရားရှင်ကိုယ်တော်မြတ် တနေ့လုံး
တညလုံး သီတင်းသုံးသွားသော အခြင်းအရာကို ပြန်လည်အောက်မေ့၍ ဗောဓိသတ္တာဟ၊ ပလ္လင်္ကသတ္တာဟကို ကြည်ညိုသောအနေဖြင့် ပူဇော်ကြခြင်း ဖြစ်ပါသည်။

အနေကဇာတင် ရွတ်ဖတ်မှုနှင့် ရည်ရွယ်ချက်

(က) အနေကဇာတိ သံသာရံ၊

သန္ဓာ ၀ိဿံ အနိဗ္ဗိသံ။

ဂဟကာရံ ဂဝေသန္တော၊

ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

(ခ) ဂဟကာရက ဒိဋ္ဌော သိ၊

ပုန ဂေဟံ န ကာဟသိ။

သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊

ဂဟကူဋံ ၀ိသင်္ခတံ။

ဝိသင်္ခါရ ဂတံ စိတ္တံ၊

တဏှာနံ ခယ မဇ္ဈဂါ။

ဤဂါထာတို့ဖြင့် အစချည်၍ သံဃာတော်များမှ ရွတ်ဖတ်ပူဇော်ပြီးသောအခါ “အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ”

ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် အနုလောမကို ရွတ်ဆိုတော်မူကြပါသည်။ အဲဒီနောက်မှာတော့ “အ၀ိဇ္ဇာယတွေဝ အသေသ ၀ိရာဂ နိရောဓာ” အစရှိသော ပဋိစ္စသမုပ္ပါဒ် ပဋိလောမကို ရွတ်တော်မူကြပါသည်။

ထို့နောက် “ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ” အစရှိသော သုံးဂါထာကို ရွတ်ဆိုတော်မူကြရပါသည်။

ထိုအစီအစဉ်တို့သည်။

၁။ အနေကဇာတိ သံသာရံ၊

၂။ ပဋိစ္စသမုပ္ပါဒ် အနုလောမ နှင့် ပဋိလောမ

၃။ ယဒါ ဟဝေ အစရှိတဲ့ ဥဒါန်း သုံးဂါထာ

ဒီအစီအစဉ်သုံးခုကို ဘုရားရှေ့တော်မှောက်မှာ သံဃာတော်များ လက်အုပ်ချီပြီး ရွတ်ဆိုမှု့သည်
မည်သို့အဓိပ္ပါယ်ရှိသလဲ ဟူမူ .......ဘုရားရှင်ကိုယ်တော်မြတ် မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်လပြည့်နေရဲ့ ညနေခင်း၊ ဗောဓိပင်ရင်းမှာ နေမ၀င်မှီ ဒေ၀ပုတ္တမာန်ကို အောင်မြင်တော်မူခဲ့ပါသည်။

ညဦးယံကာလ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်နှင့် သန်းခေါင်ယံကာလ ဒိဗ္ဗစက္ခု အဘိညာဉ် တို့ကို ရတော်မူခဲ့ပေသည်။ လင်းအားကြီးကာလ ကဆုန်လပြည့်နေ့ည မကုန်သေးမှီ အချိန်မှာ
“အာသ၀က္ခယဥာဏ်” သို့ ရောက်၍ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပေသည်။

ဘုရားအဖြစ်သို့ရောက်ပြီး လပြည့်ကျော်တရက်နေ့ ကူးသောအချိန် ဗောဓိပင်ရင်းမှာ သီတင်းသုံး
ထိုင်နေတော်မူတဲ့ ဘုရားရှင်သည် ကမ္ဘာအသင်္ချေအနန္တက နှိပ်စက်လာတဲ့ ကိလေသာတွေကို အောင်မြင်ခဲ့ပြီဖြစ်တဲ့ ဘုရားရှင်သည် ၀မ်းသာတော်မူလွန်းလို့ ဥဒါန်းကျူးရင့်တော်မူပါသည်။

ဗုဒ္ဓကျူးရင့်ခဲ့တဲ့ ဥဒါန်း (၂) မျိုး

ဘုရားရှင် ကျူးရင့်တော်မူသော ဥဒါန်းမှာ နှစ်မျိုးရှိပါ၏။

၁။ မနသာ“၀၀တ္ထပိတ”ဥဒါန်း (စိတ်ထဲမှာသာလျှင် ကျူးရင့်သော ဥဒါန်း)

၂။ ၀စသာ ဥဒါန်း (စိတ်ထဲတွင် မကပဲ နှုတ်ကပါ ထုတ်ဖော်၍ ကျူးရင့်သော ဥဒါန်း) ဟူ၍

နှစ်မျိုးရှိပေ၏။

ဥဒါန်းဆိုသည်မှာ အိုးတလုံးထဲ ဆီထည့်(သို့မဟုတ်) ရေထည့်၊ ထည့်ရင်းထည့်ရင်းနဲ့ ပြည့်ပြီးတော့ နှုတ်ခမ်းရောက်လို့ အိုးထဲမှာ မဆန့်ပဲ နှုတ်ခမ်းကနေမဆန့်ပဲ စီးပြီးတော့ လျှံကျသွားတဲ့အခါ အိုးတအိုးလုံး အတွင်းရော အပြင်ပါ ဆီတွေ ရေတွေ စိမ့်ပြီးတော့ စိုနေသကဲ့သို့ ဘုရားရှင်ရဲ့ နှလုံးအိမ်မှာ စိမ့်ပြီးတော့ထားတဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်နဲ့ယှဉ်တဲ့ ပီတိများသည် ကိုယ်တော်ရဲ့ နှလုံးတော်မှာ မဆန့်တော့တဲ့ အတွက်ကြောင့် နှုတ်တော်က လျှံထွက်လာသော
ဝစသာဥဒါန်း၊ နှုတ်တော်က မထွက်သေးခင် စိတ်ထဲမှာပဲ ရွတ်ဆိုနေတဲ့ မနသာဥဒါန်း ဥဒါန်းနှစ်မျိုး ဖြစ်လာပါသည်။

လပြည့်ကျော်တရက်နေ့ အာရုံတက်စကလေးမှာ ဘုရားရှင်ကိုယ်တော်မြတ် စိတ်ထဲမှာ ကျူးရင့်သော ဥဒါန်းသည်“အနေကဇာတိ သံသာရံ” ဂါထာနှစ်ဂါထာဖြစ်ပါတယ်။
ဘုရားရှင် ရင်ထဲ နှလုံးထဲကနေပြီးတော့ ရွတ်ဆိုနေခဲ့တာ လပြည့်ကျော်တရက်နေ့ မနက်ခင်း အာရုံဦး “အနေကဇာတိ သံသာရံ” နဲ့ နေပါတယ်။ တနေ့လုံးလည်းပဲ “အနေကဇာတိသံသာရံ” နဲ့ နေတယ်။ လပြည့်ကျော် တစ်ရက်နေ့ တနေ့လုံး“အနေကဇာတိသံသာရံ” ကို နုတ်ကနေမဆိုပဲနဲ့ စိတ်ထဲမှာ ကျူးရင့်၍ နေတော်မူပါတယ်။ လပြည့်ကျော် တစ်ရက်နေ့ ညဉ့်ဦးယံအရောက်မှာ နုတ်မှ ထုတ်ဖော်၍

အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ

သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊

တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊

သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘ၀န္တိ ဧ၀ မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ

သမုဒယော ဟောတီတိ.. ဟူသော ပဋိစ္စသမုပ္ပါဒ် “အနုလောမ” ကို ကျူးရင့်တော်မူပါတယ်။

ထို့နောက်

အ၀ိဇ္ဇာယတွေဝ အသေသ ၀ိရာဂ နိရောဓာ သင်္ခါရ နိရောဓော၊ သင်္ခါရနိရောဓာ ၀ိညာဏနိရောဓော၊

ဝိညာဏနိရောဓာ နာမရူပ နိရောဓော၊ နာမရူပနိရောဓာ သဠာယတန နိရောဓော၊ သဠာယတန

နိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာ နိရောဓာ တဏှာနိရောဓော၊

တဏှာ နိရောဓာ ဥပါဒါန နိရောဓော၊ ဥပါဒါန နိရောဓာ ဘ၀နိရောဓော၊ ဘ၀နိရောဓာ ဇာတိနိရောဓော၊

ဇာတနိရောဓာ ဇရာ မရဏံ၊ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ နိရုဇ္ဈန္တိ၊ ဧ၀ မေ တဿ

ကေ၀လဿ၊ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတီတိ ဟူသော ပဋိစ္စသမုပ္ပါဒ် “ပဋိလောမ” ကို

ဆက်လက်၍ ကျူးရင့်တော်မူခဲ့ပေသည်။

ပဋိစ္စသမုပ္ပါဒ် အနုလောမ နှင့် ပဋိလောမ ကို အပြန်ပြန်အလှန်လှန်

ဆင်ခြင်သုံးသပ်တော်မူပြီးသောအခါ

(က) ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊

အာတာပိနော ဈာယတော ဗြဟ္မဏဿ။

အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊

ယတော ပဇာနာတိ သဟေတု ဓမ္မာ။

(ခ) ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊

အာတာပိနော ဈာယတော ဗြဟ္မဏဿ။

အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊

ယတော ခယံ ပစ္စယာနံ အဝေဒိ။

(ဂ) ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊

အာတာပိနော ဈာယတော ဗြဟ္မဏဿ။

ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊

သူရိယောဝ သြဘာသယ မန္တလိက္ခံ။………………..ဟူသော

သုံးဂါထာကို ကျူးရင့်တော်မူခဲ့ပါသည်။

ပဋိစ္စသမုပ္ပါဒ် နှင့် ယထာဟဝေ အစရှိသော ဂါထာတို့ကို ဥာဉ့်ဦးယံမှာ နုတ်မြွက်ပြီးတော့ ရွတ်ဆိုကျူးရင့် တော်မူပါတယ်။ ဥာဉ့်အလယ်ပိုင်း မဇ္ဈိမယံမှာလဲ ဒီအတိုင်းပါပဲ။
ဥာဉ့်ရဲ့ နောက်ပိုင်း မိုးသောက်ယံ ကျပြန်တော့လည်း ဒီအတိုင်းပင် လပြည့်ကျော်တရက်နေ့ တညလုံး ဘုရားရှင်ဤကဲ့သို့ နေတော်မူပါသည်။ လပြည့်ကျော်တစ်ရက်နေ့ နေ့နဲ့ည အကုန်၊ လပြည့်ကျော် ၂ ရက်၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက်၊ ၆ ရက် ၇ ရက်နေ့ ဤ (၇) ရက်နေ့ ညနေခင်းအထိ ဘုရားရှင်ကိုယ်တော်မြတ် ဖလသမာပတ်နဲ့ချည်း ချမ်းသာစွာ နေတော်မူပါတယ်။
လပြည့်ကျော် ၇ ရက်နေ့ ညပိုင်းအရောက်မှာ မြတ်စွာဘုရားဆင်ခြင်ပုံ တစ်မျိုး
ပြောင်းသွားပြီးတော့ “အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ” ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် “အနုလောမ” ကို ဆင်ခြင်တော် မူပါတယ်။ အဲဒီနောက်မှ ယထာဟဝေ အစရှိတဲ့ ပထမဂါထာကို ဆင်ခြင်တော်မူတယ်။

လပြည့်ကျော် (၁) ရက်နေ့ရဲ့ ဥာဉ့်အလယ်ပိုင်း မဇ္ဈိမယံမှာ အ၀ိဇ္ဇာယတွေဝ အသေသ ၀ိရာဂ နိရောဓာ
ဟူသော ပဋိစ္စသမုပ္ပါဒ် “ပဋိလောမ” ကို ဆင်ခြင်တော်မူတယ်။ ထို့နောက် ယထာဟဝေ ဒုတိယ ဂါထာကို ဆင်ခြင်တော်မူတယ်။ မိုးသောက်ယံမှာ ပဋိစ္စသမုပ္ပါဒ် “အနုလုံ” နှင့် “ပဋိလုံ” ကို အပြန်ပြန်အလှန်လှန် နှစ်ခုစလုံး ဆင်ခြင်တော်မူပြီးတော့ “ယထာဟဝေ” တတိယဂါထာကို ဘုရားရှင် ကျူးရင့်တော်မူပါတယ်။ ဒါကိုပဲ “ပလ္လင်္ကသတ္တာဟ” လို့ခေါ်ပါတယ်။ ဗောဓိပင်ရင်းမှာ တင်ပျဉ်ခွေပြီးတော့နေခဲ့တဲ့ အတွက်ကြောင့်
“ဗောဓိသတ္တာဟ” လို့လဲ ခေါ်ပါတယ်။

ဗုဒ္ဓါဘိသေက ဟု ဆိုသော်လည်း ဘုရားအား ဘိတ်သိတ်သွင်းခြင်း
မဟုတ်ကြောင်း စာဖတ်သူ အများ သိထားသင့်လှပါသည်။ ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်စရဲ့ နေ့တွေ၊ ညတွေမှာ
အနေကဇာတိသံသာရံ၊ ပဋိစ္စသမုပ္ပါဒ်၊ ယထာဟဝေ ဂါထာတွေနဲ့ ဘုရားရှင်ကိုယ်တော်မြတ် တနေ့လုံး တညလုံး သီတင်သုံးသွားသော အခြင်းအရာကို အောက်မေ့ပြီး
ဗောဓိသတ္တာဟ၊ ပလ္လင်္ကသတ္တာဟကို
ကြည်ညိုတဲ့ အနေနဲ့ သံဃာတော်များမှ “အနေကဇာတိသံသာရံ” ရွတ်ဖတ်ပူဇော်ခြင်းကို
အနေကဇာတင်ခြင်း ဟု ခေါ်ကြပါသည်။

သံဃာတော်များ မပါဘဲ ကိုယ့်ဘာသာကိုယ် ဤအနေကဇာတင်စာများ အလွတ်ကျက်၍
ကိုယ်တိုင် နေ့တိုင်းနေ့တိုင်း ရွတ်နေရင်လည်း အနေကဇာတင်မှု့ ပြီးမြောက်သည်သာ ဖြစ်ပါ၏။ သံဃာတော် အရှင်မြတ်များ ပင့်ပြီး ရွတ်ဆိုသောအခါ ပိုပြီးတော့ ဌာန်ကရိုဏ်းပယတ်
ပီပီပြင်ပြင် ကြည်နူးရန်အလို့ငှါ ဘုရားရှင်ကိုယ်တော်မြတ်၏ ရုပ်ဆင်းတုအသစ် ဖြစ်သစ်စကို ဘုရားရှင်ကိုယ်တော်တိုင် ကျူးရင့်ခဲ့တဲ့ ဥဒါန်းများနှင့် ပြန်လည်ပူဇော်ရန် သံဃာတော်များ
ပင့်ဖိတ်၍ အနေကဇာတင်ကြခြင်း
ဖြစ်ပါသည်။

မဇ္ဈိမရတနာ - အရှင်သာမိ (မုံရွာ)
 

အောင်ပွဲဆင် မသန်စွမ်းတစ်ဦးရဲ့ အိမ်ပြန်လမ်း



ပြည်ပဆိုက်ရောက်ထွက် ပေါက်မှ  ပြုံးပျော်စွာဆတ်တောက်တောက်လျှောက် လှမ်းလာသည့် အသက် (၂၅)နှစ်အရွယ်မိန်းကလေးကို လေဆိပ် အတွင်းရှိနေသူတို့က  အထူး အဆန်းလိုက်လံကြည့်ရှုနေကြသည်။    လူဝင်မှုကြီးကြပ်ရေး ကောင်တာသို့ ဝှီးချဲဖြင့်ရောက်ရှိလာပြီး ဝှီးချဲပေါ်မှဆင်းလာကာ လာရောက်ကြိုဆို သည့်မိသားစုများဝန်းရံလျက် ပြည်တော်ပြန်ရောက်ရှိလာသည့်မိန်းကလေးက သူ့ကိုစောင့်ကြိုနေကြသည့်ဆွေ မျိုးသားချင်းနှင့် သူငယ်ချင်း တချို့ထံ ခပ်သွက်သွက်လျှောက်သွား သည်။

ပန်းစည်းလေး    ကမ်းလာ သည့်သူငယ်ချင်းမိန်းကလေးတစ် ဦးက သူ့ကိုကြင်နာစွာပွေ့ဖက် လိုက်သည်။ သူကလည်း ဘယ် လက်ကလေးကို  ဆန့်တန်းကာ လက်ထိပ်ရှိ လက်ချောင်းလေးနှစ် ချောင်းဖြင့် သူငယ်ချင်းဖြစ်သူ ကို ပြန်လည်ပွေ့ဖက်ကာ   အလွမ်း စကားသံများ ပွင့်အန်ကြသည်။

သူ့ကိုဝိုင်းကြည့်နေသည့် လေဆိပ်ထဲမှလူများကို ရှိသည် ဟုတောင်မထင်ဘဲ ဆွေမျိုးသား ချင်းများကြား ကလေးငယ်တစ်ဦး သဖွယ်   ခပ်သွက်သွက်လျှောက် လှမ်းရင်း    တစ်ဦးချင်းလိုက်လံ နှုတ်ဆက်နေသည့်မိန်းကလေးကို ကြည့်ပါက ဘယ်ဘက်ခြေထောက် တစ်ချောင်းသာ အကောင်းပက တိရှိနေသည်ကိုတွေ့ရမည်။

သူကတော့ သြစတြေးလျ နိုင်ငံမှ မူဝါဒပိုင်းဆိုင်ရာမဟာဘွဲ့ ကို ထူးချွန်အောင်မြင်စွာဆွတ်ခူး ရယူပြီး မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိလာသည့် နိုင်ငံကျော် မသန်စွမ်းအမျိုးသမီးငယ် မစုပုံချစ်ပဲဖြစ်ပါသည်။

ဇူလိုင် ၂၀ ရက်ညနေသုံးနာ ရီခွဲလေယာဉ်ဖြင့် အမိမြေသို့ စုပုံချစ်ပြန်လည်ရောက်ရှိလာခဲ့ သည်။ ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက သြစတြေး လျနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့သည့် မစုပုံချစ်မှာ တစ်နှစ်နှင့်ခုနစ်လတိတိပြည့် မြောက်သောနေ့တွင် မသန်စွမ်း လူငယ်တို့၏စံပြပုဂ္ဂိုလ်တစ်ဦး အဖြစ် မဟာဘွဲ့တစ်ခုကိုအရယူ ကာ ပြည်တော်ဝင်ခဲ့ခြင်းလည်း ဖြစ်သည်။

မစုပုံချစ်သည် အကောင်း အတိုင်းရှိသည့်  ဘယ်ဘက်ခြေ ထောက်ကိုအသုံးပြုကာ စာရေး သားနိုင်ခြင်းဖြစ်သည်။ သူသည် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး လေးဘာသာဖြင့်အောင်မြင်ခဲ့ပြီး နည်းပညာတက္ကသိုလ်  တက် ရောက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် တွင် ရန်ကုန်အနောက်ပိုင်းနည်း ပညာတက္ကသိုလ်မှ B.Tech(IT)ဘွဲ့ကိုရရှိခဲ့ပြီး သတင်းနှင့်နည်း ပညာအင်ဂျင်နီယာဘာသာရပ် အထူးပြုဖြင့် မဟာတန်းကိုဆက် လက်တက်ရောက်ခဲ့သည်။ မဟာ ဘွဲ့အတွက်    တက္ကသိုလ်ဆက် လက်တက်ရောက်နေစဉ် ၂၀၁၃ ခုနှစ်အတွင်း သြစတြေးလျနိုင်ငံ၌ ကျောင်းတက်ရန် ပညာတော်သင် ဆုကိုရရှိခဲ့ခြင်းဖြစ်သည်။

  ထိုပညာတော်သင်ဆုမှာ မြန်မာနိုင်ငံမှ မသန်စွမ်းသူတစ်ဦး အနေဖြင့် ပထမဆုံးပြည်ပပညာ တော်သင်ဆုရရှိခဲ့ခြင်းလည်းဖြစ် ပြီး သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူ နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
မစုပုံချစ်ကို ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် တိမွေး ကုဆရာဝန်  ဒေါက်တာဦးအုန်း ကျော်နှင့်ဒေါ်ခင်ဆွေလဲ့တို့ကမွေး ဖွားခဲ့ပြီး    မွေးရာပါကိုယ်အင်္ဂါ မသန်စွမ်းသော်လည်း တစ်ဖက် တည်း   အကောင်းပကတိရှိနေ သည့်ခြေထောက်ဖြင့် စာရေးသား နိုင်ရန် ကြိုးပမ်းကာ ၂၀၀၅ ခုနှစ် တွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်ဂုဏ်ထူးတို့ ဖြင့် ဆယ်တန်းအောင်မြင်ခဲ့သည်။

စုပုံချစ်သည် ၂၀၀၁ ခုနှစ် မြန်မာအမျိုးသမီးများနေ့တွင် စိတ်ဓာတ်ကြံ့ခိုင်ထူးချွန်ဆု၊ ၂၀၀၁ ခုနှစ်မြန်မာ့သွင်ပြင်အိုင်တီ လူငယ့်အမြင်ပြပွဲတွင် အထင်ပေါ် ဆုံးကျောင်းသူဆု၊ ၂၀၀၄ ခုနှစ် တွင် ဆယ်စုနှစ်ထူးချွန်ကျောင်း သူဆု၊ ၂၀၀၅ ခုနှစ်တွင် ဌာနဆိုင် ရာမသန်စွမ်းထူးချွန်ဆုတို့ကိုရရှိ ခဲ့ပြီး ပထမတန်းမှ တက္ကသိုလ် ဝင်တန်းအထိ အတန်းတိုင်းတွင် ဆုပေါင်း ၅၀ ကျော်ရရှိအောင် စွမ်းဆောင်ခဲ့သူဖြစ်သည်။

ကိုယ်အင်္ဂါမသန်စွမ်းသော် လည်း စွမ်းဆောင်နိုင်သူတစ်ဦး၊ စိတ်ဓာတ်ကြံ့ခိုင်စွာနှင့် ပညာရေး ကိုတစိုက်မတ်မတ်သင်ယူနေဆဲ ကျောင်းသူတစ်ဦးဖြစ်သည့် မစုပုံ ချစ်ကို ယခုကဲ့သို့ ထူးချွန်အောင် မြင်မှုများရရှိစေရန်    ပြုစုပျိုး ထောင်ခဲ့ပုံများကို မိခင်ဖြစ်သူ ဒေါ်ခင်လဲ့ဆွေက အောက်ပါအ တိုင်းပြောပြသည်။

‘‘အခုအချိန်ထိ သူဒီနေ့ဘာလုပ်မယ်၊ နောက်နေ့ဘာလုပ်မယ်ဆိုတာ ကိုယ်ကသိနေတယ်။ အခု နောက်ကလေးနှစ်ယောက်ကျ တော့    သာမန်ပဲဆိုတဲ့အတွက် သူတို့ကိုသိပ်စိတ်မပူဘူး။ စုပုံချစ် က ခေါင်းဆောင်နိုင်တဲ့စွမ်းရည်ရှိ တယ်။ သွားနိုင်လာနိုင်တယ်။ စီမံ ခန့်ခွဲနိုင်တယ်။

အဲဒီအရည်အချင်း တွေက   သူ့မှာသာလွန်တယ်။ သူလည်းတော်တော့်ကိုတော့ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့     ဒီလို လျှောက် လှမ်းခဲ့လို့သာ ဒီဘဝရနေတာလို့ ကျွန်မတို့က ဒီလိုပဲတွေး တယ်။ မိဘဘက်ကပံ့ပိုးတာ ၅၀ ရာခိုင်နှုန်းဆိုရင် သူ့ရဲ့ကြိုးစားမှုက ၅၀ ရာခိုင်နှုန်းရှိတယ်’’ဟု မိခင် ဖြစ်သူဒေါ်ခင်ဆွေလဲ့က  ပြောဋ္ဌသည်။

စုပုံချစ်၏ဖခင် ဒေါက်တာ ဦးအုန်းကျော်ကလည်း -
‘‘အဓိကကတော့ သမီး ငယ်ငယ်ကတည်းကပေါ့နော် ဘဝမှာဘယ်ဟာကိုဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာကို ပကတိ အဖြစ်တရားကို သူ့ကိုသိစေချင် တယ်။ သူ့ရဲ့အဖြစ်မှန်ကို သူ လက်ခံပြီးမှ ဘယ်လိုဆက်ပြီး တော့ကြိုးစားမလဲဆိုတာကို ရှင်း ရှင်းလင်းလင်းသိဖို့ကအဓိကပဲ။ ကျွန်တော်တို့က သူ့ကိုဘာမှသိုဝှက်ထားတာမရှိဘူး။   ပြောမယ်ဆိုရင် ပွင့်လင်းမြင်သာတယ်ဆို တာ အခုမှစတာ။ ကျွန်တော်တို့က သူငယ်ငယ်ကတည်းကစခဲ့ တာ။ သမီးဟာ ဘာဖြစ်နေတယ် ဆိုတာကိုပြောခဲ့ပြီးသား။

သမီးဘဝမှာမသန်စွမ်းဘူး။ သမီးဟာ ပညာကိုအခြေခံရမယ်။ ပညာသာလျှင် သမီးရဲ့ထွက်ပေါက်။ ဖေဖေတို့မိဘနှစ်ပါးက တစ်ချိန်မှာလူ့ဘဝကနေသမီးထက်စော ထွက်သွားရမယ်။ သမီးမှာပညာမရှိရင် မရပ်တည်နိုင်ဘူးဆိုတာကျွန်တော်သူငယ်ငယ်ကတည်းကပြောခဲ့တယ်။ အဲဒီတော့သူ ဟာ ငယ်ငယ်ကတည်းက ဒီပညာအပေါ်မှာအခြေခံခဲ့တာတွေဟာ ခုအချိန်မှာမှန်တယ်လို့ယူဆရတာပေါ့။ သမီးဘဝမှာ ပညာ ကြောင့်မို့လို့ သူဟာပညာရဲရင့်ပွဲလယ်တင့်တယ်ဆိုတာ တကယ်မှန်ပါတယ်။ သမီးဟာပညာ ကြောင့်ပဲ သူ့ရဲ့စာသင်ခန်းတစ်ခုမှာ ရပ်တည်နိုင်ခဲ့တယ်။

ဒီစာသင်ခန်းထက်ကျယ်တဲ့လောကလူ့ အဖွဲ့အစည်းမှာ သူဟာနေရာ တစ်နေရာရလာတယ်။ ဒါအကုန်လုံးပညာအပေါ်မှာအခြေခံတာပါ။ သူ့ကိုတော့ ပညာရဲ့အရေးကြီးပုံ၊ ပညာဟာ အရာရာ ကိုဆင်ခြင်နိုင်တယ်ဆိုတာ  ငယ်ငယ်က တည်းက သင်ခဲ့ပါတယ်’’ ဟုရှင်းပြသည်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ The University ofNew South Wales (UNSW)တက္ကသိုလ်တွင်ပညာသင်ယူနေစဉ် တစ်နှစ် ခွဲကျော်ကာလအတွင်း မစုပုံချစ် ၏အစ်မဝမ်းကွဲဖြစ်သူ မသဲစုမွန် က သူ့ဘေးမှာတစ်လျှောက်လုံး ကူညီစောင့်ရှောက်ပေးခဲ့သည်။

‘‘စုပုံနဲ့ငယ်ငယ်ကတည်းက အတူတူနေလာတာဆိုတော့ ညီအစ်မတွေလည်းဖြစ်နေတော့ သူ့ရဲ့လိုအပ်တာမှန်သမျှ သိနေ တာပေါ့။ အဲဒီမှာ စရောက်တုန်း ကတော့ မြန်မာတွေအစကမတွေ့ဘူး။ သူနဲ့ကိုယ်နဲ့နှစ်ယောက် တည်း။ သူ့ကိုဒေါသထွက် ရတာ ပေါ့။ နင်မြန်မာတွေမရှိဘဲလာ တာလားဆိုပြီးတော့။ နောက်ကျ တော့မှ မြန်မာတွေတွေ့ပါတယ်။ ကူညီမယ့်လူတွေလည်းတွေ့ပါ တယ်။ သူ့ကိုလည်းချစ်ကြတော့ ကူညီကြပါတယ်’’ဟု မသဲစုမွန်က ဆိုသည်။

စုပုံချစ်သည် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်း၌ အမှုဆောင်တစ်ဦး အဖြစ်လည်း ဝင်ရောက်ဆောင် ရွက်နေသူဖြစ်သည်။ ခြေထောက် တစ်ချောင်းသာအကောင်းပက တိရှိသည့်သူသည် လက်နှစ်ဖက် နှင့်ခြေတစ်ဖက်မသန်စွမ်းသည့် ကလေးငယ်တစ်ဦးအဖြစ် မွေးဖွားလာခဲ့သော်လည်း ဘဝကိုစိတ် ပျက်အားငယ်ခြင်းမရှိဘဲ လုံ့လ ဝီရိယကောင်းသူတစ်ဦးအဖြစ် ကျောင်းသားလူငယ်များအတုယူ စရာစံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ မက မသန်စွမ်းကလေးငယ်များ အတွက် ရှေ့ဆောင်လမ်းပြသူ တစ်ဦးအဖြစ် နာမည်ကျော်နေခဲ့ ခြင်းဖြစ်သည်။
ဘဝကိုဘယ်တော့မှ အရှုံး မပေးသူ မစုပုံချစ်က သူ့လိုမသန် စွမ်းလူငယ်များထံသို့လည်း အောက်ပါအတိုင်းစကားလက် ဆောင်ပါးခဲ့ပါသည်။

‘‘မသန်စွမ်းညီအစ်ကိုမောင် နှမတွေကိုပြောချင်တယ်။ ကြိုး စားပါ။ သမီးလည်းဒီလိုနိုင်ငံခြား ထိသွားပြီး ပညာသင်ရမယ်၊ နိုင်ငံခြားထိသွားပြီးဘွဲ့ရအောင် ယူနိုင်မယ်လို့ ငယ်ငယ်တည်းက မတွေးခဲ့ဘူး။ ဒါပေမဲ့ ကိုယ်လုပ် ချင်တာတော့ရှိတာပေါ့နော်။ အဓိကကတော့ ဖြစ်ချင်တာတွေ ကို အရင်ဆုံးစိတ်ကူးပါ။ စကား ပုံတစ်ခုရှိတယ်လေ။ စိတ်ကူးထားတယ်ဆိုတာ တစ်ဝက်အောင်မြင် တာတဲ့။ အဲဒီတော့ စိတ်ကူးပါ။ ပြီးရင် အားမလျှော့ပါနဲ့။ ကြိုးစား ပါ။ အခုအချိန်မှာ မသန်စွမ်းတွေ ရဲ့အခွင့်အလမ်းက အရမ်းကိုပွင့် နေပါပြီ။ နိုင်ငံတကာကလည်း မသန်စွမ်းတွေကိုကူညီဖို့ သူတို့ အဆင်သင့်ရှိပါတယ်။ ပြီးရင် ဖြစ် ချင်တဲ့ရည်မှန်းချက်တစ်ခုထားပါ။ဘယ်တော့မှတော့ ရည်မှန်းချက် တော့အပျောက်မခံပါနဲ့’’

http://www.7daydaily.com/story/16682#.U9OsVLHzuS
Related Posts Plugin for WordPress, Blogger...