စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကင်းဝန်မင်းကြီး ဦးကောင်း ဆိုတာ


          
19 ရာစုနှောင်းပိုင်းမှာ ကျတော်တို့ မြန်မာ နိုင်ငံကြီးတစ်ခုလုံး သူများလက်ထဲ ထိုးအပ်လိုက် ရတဲ့ အခါ သမိုင်းဆရာတို့ က ဘာကြောင့် ဒီလို ဖြစ်ရတယ် ၊ ဘယ်သူ့ စနက်ပါတယ် ဆိုတာမျိုးတွေ ဆန်းစစ်လာကြပါတယ် ။ အဲသလို ဆန်းစစ်ရာမှာ ထင်ထင်ရှားရှား နဲ့ လူပြောအများဆုံး တစ်ယောက်ကတော့ ကင်းဝန်မင်းကြီးဦးကောင်း ပါပဲ ။ အဲဒီတော့ကာ မြန်မာနိုင်ငံကြီး သူ့ ကျွန်ဘ၀ ရောက်ခဲ့ ရတာ ဘယ်သူကြောင့် ၊ ဘယ် ၀ါကြောင့် ဆိုတာထက် လူတွေလက်ညှိးထိုးများတဲ့  ကင်းဝန်မင်းကြီး ဦးကောင်း အကြောင်းကို သေသေချာချာ သိချင်လို့ လေ့လာကြည့်တဲ့ အခါ .................................................................


ကင်းဝန်မင်ကြီး ဦးကောင်းဖြစ်လာမယ့် မောင်ချင်းကို အိမ်ခြေ ခုနှစ် အိမ်သာရှိတဲ့ "မုန်တိုင်ပင်ရွာ" မှာ 1822 ဖေဖော်ဝါရီလ 3 ရက် တနင်္ဂနွေနေ့ မှာ ဦးမှို ဒေါ်မယ်စိ ကနေမွေးဖွား ခဲ့ ပါတယ် ။အသက် ၇ နှစ်မှာ ရွာမြောက်ဘက် နှစ်မိုင်အကွာ မှာ ရှိတဲ့ ငှက်ပျောတောရွာက ဘုန်းတော်ကြီးဆီမှာ အပ်နှံ ပြီးပညာသင်စေခဲ့ တယ် ။ ၁၀ နှစ်မှာ သာမဏေ၀တ်တယ် ။ အဲဒီကနေ ပဒူးရွာကျောင်း ဦးဥတ္တမ ဆီကိုရောက်တယ် ။ အဲဒီမှာ ဦးဝိသုန္ဒ ( ဦးရန်ဝေး ) နဲ့ ဆရာတပည့် ဖြစ်လာတယ် ။ အသက် ၂၀ မှာ ငယ်ဆရာ ဘုန်းကြီးဆီပြန်ပြီး ရဟန်းပြုတယ် ။ 


ရဟတန်း ငါးဝါ အသက် ၂၅ နှစ်အရောက်မှာ အမရပူရ မင်းနေပြည်တော် ကိုရောက်လာတယ် ။မဟာဝိဇရာမ တိုက်ကို ၀င်တဲ့ အခါ မှာ ငယ်ဆရာ ဦးရန်ဝေးနဲ့ ပြန်တွေ့ တယ် ။ ပညာကိုဆက်လက်သင်ယူတယ် ။ ဦးဝိသုန္ဒရာမ ( ဦးရန်ဝေး ) က မင်းတုန်းမင်းနဲ့ ဆက်သွယ် ရပြီး မင်းတုန်းမင်းဆီ သီတင်းနေ့ တိုင်း နန်းတွင်းကိုကြွသွားရပြီး ဥပုဿ်သီတင်း သီလ ဆောက်ထည်ဖို့ သီလပေးရတယ် ။ နောက်ပိုင်းမှာ လူထွက်ပြီး မင်းတုန်းမင်းထံ အခစားရတော့ သူ့ တပည့် ဥပဇင်းမောင်ချင်း ( ဦးကောင်း ) ကိုလည်း မင်းတုန်းမင်းထံ လူဝတ်လဲ ပြီး အခစားဝင်စေတယ် ။ 

နန်းတွင်းအခစားဝင်နေစဉ်မှာ ကဗျာအရေးတဲ့ အခါ လျှင်မြန် ကောင်းမွန်လို့  မောင်ချင်းကနေ မောင်ကောင်း ဆို ပြီး ပြောလဲခေါ်ဝေါ် လာကြတယ် ။ အသက် ၂၈ နှစ် မှာ "နေမျိုးနရာစည်သူ" ဘွဲ့ရပြီး ဘဏ္ဍာစာရေး ခန့် အပ်ခြင်းခံရတယ် ။ အသက် ၃၀ မှာ အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ဆင်ကြန်သခင် နဲ့ ၀န်မင်း တို့ က လက်ထပ်စေတယ် ။ မင်းတုန်းမင်း ဘုရင် ဖြစ်တဲ့ အခါ မောင်ကောင်း ကို "မင်းလှသိင်္ခသူ" ဘွဲ့ ပေးတယ် ။ စစ်ကိုင်းနတ်ရွာသစ်ကြီး ကိုအပိုင်စားပေးတယ် ။ ပြီးတော့ ရွှေတိုက်စိုးခန့် တယ် ။ "တိဏ`္ဏုကဇာတ်" ကို ပျို့ ရေးပြီး ဆက်သလို့ ကျေနပ်တဲ့ အတွက် လွတ်တော် အမှာတော်ရေး ခန့် တယ် ။ ပခန်းကြီး စီရင်စု သပြေငါးရွာ ကိုစားရတယ် ။ အဲဒီနောက် လွတ်တော် စာရေးကြီး ဖြစ်လာတယ် ။ 

1858 ခုနှစ်မှာ "နေမိရကန်" ကိုရေးသားဆက်သွင်းတဲ့ အခါ အရေးသားတော်လွန်းလို့ လူတွေ ချီးမွှမ်းကြတယ် ။ နောက် မန္တလေး မြို့ တည်တဲ့ အခါ " မြို့ တည်စာတမ်း အချီ နိဒါန်း" ရေးသွင်းတဲ့ တော့ ဘုရင် ကအထူးကျေနပ် တာနဲ့ "မဟာမင်းကျော်စည်သူ"ဆိုတဲ့ ဘွဲ့ ရပြန်တယ် ။ 1860 ပြည့်နှစ်မှာ "စိတ္တုပတ္တိလေသ စာတမ်း" ကိုရေးတယ် ။ အဲဒီ စာတမ်းရဲ့ အဆက် "ဓမ္မေဇ မော်ကွန်း" ကို ဆက်ရေးသွင်းပြန်တယ် ။ "ခင်ပွန်းအတု ၁၆ ယောက် အကြောင်း" ရတုရေးပြန်တယ် ။

 ဦးကောင်း က အလုံမြို့ ဝန်အဖြစ် အလုံမြို့ ကိုရောက်နေစဉ် မှာ အသက် ၂၈ နှစ် အရွယ် ရှိတဲ့ မရွှေမယ် နဲ့ ထပ်ပြီး အကြောင်းပါပြန်တယ် ။ 1865 မှာ တောင်ငူ ရမည်းသင်း နှစ်မြို့ ဝန်ဖြစ်လာတယ် ။ 1866 မြင်ကွန်း မြင်းခံတိုင် တို့ ပုန်ကန်တဲ့ အရေးခင်းအပြီးမှာ "မဟာစည်သူဘွဲ နဲ့ ၀န်ထောက်ရာထူး" တိုးမြှင့် ခန့် ထားတာ ခံခဲ့ ရတယ် အရေးတော်ကြီးတဲ့ အခါ ကျောက်စာလုံးကင်း ၊ မင်းကွန်းကင်း ၊ စမ`္ပာယ်နဂိုရ်ကင်း စတဲ့ ရေကင်းတွေ ၊ ဆင်ကြန်ကင်း ၊ မြောက်ဦး ကင်း ၊ လေသာကင်း ၊မြစ်ဆိပ်ကင်း ၊ နတ်ထိပ်ကင်း ၊ ရှောင်ကဗွေကင်း စတဲ့ ကင်းတွေ ကိုထိမ်းရတဲ့ "ကင်းဝန်ရာထူး" ခန့်ထားခြင်းခံ ရတယ် ။ အသက် ၇၀ အရွယ် ရှိပြီဖြစ်တဲ့ ဆင်ကြန်သခင်ကွယ်လွန်တဲ့ အခါ အလုံမြို့ သူ မရွှေမယ် ကပွဲတက်မယားဖြစ်လာခဲ့ တယ် ။


1868 ခုနှစ်မှာ "အဍသံခိပ် ဓမ္မသတ် လင်္ကာ" ၇၂ ပုဒ် ကိုရေးတယ် ။ အင်္ဂလိပ် မြန်မာ နယ်စပ် မင်းလှမှာ သွားရောက် နေထိုင်ပြီး "အောက်မြစ်စဉ်ဝန်" ဖြစ်လာတယ် ။ 1871 ခုနှစ်မှာ ၀န်ကြီး ရာထူးတိုးမြှင့်ခြင်းခံ ရပြီး အင်္ဂလန်ကို သန်တမန်အဖြစ်စေလွတ်ခြင်း ခံရ တယ် ။ ခရီးသွားမှတ်တမ်းတွေ ရေးခဲ့တယ် ။ အဲဒီ နောက်မှာ "အဂ္ဂမဟာသေနာပတိဝန်ရှင်တော်မင်းကြီး" ဆိုပြီး ထင်ရှားလာတယ် ။ ဇာတိရပ်ရွာဖြစ်တဲ့ မုန်တိုင်ပင်ရွာကို "မင်းတိုင်ပင်" ရွာဆိုပြီးပြောင်းလွှဲ ခေါ်ဝေါ် လာကြတယ် ။ သံကြီးတမန်ကြီး အဖြစ် အင်္ဂလန် ၊ ပြင်သစ် ၊ အီတလီ နိုင်ငံတွေ ကို ရောက်ရှိခဲ့ ပြီး 1873 မှာ မြန်မာနိုင်ငံ ကိုပြန်ရောက်လာတဲ့ အချိန်မှာ "သတိုးမင်းကြီးမဟာစည်သူ" ဆိုတဲ့ ဘွဲ့ ထပ်တိုးလာပြန်တယ် ။ စစ်သည်တော် ငါးသောင်းကျော်ကို ကြီးမှူးရတဲ့ သေနပ်ဝန်ခန့် ထားခြင်းကို ခဲ့ ရတယ် ။


1857 ခုနှစ်မှာ လယ်ကိုင်း မြို့ ကိုစားရတယ် ။ သီပေါမင်း နန်းတက်လာတဲ့ အခါ ဦးကောင်းကို "မင်းသတိုး သုဓမ္မမဟာအသက်တော်ရှည်" ဆိုတဲ့ ဘွဲ့ ကိုပေးတယ် ။ ကင်းဝန်မင်းကြီး ဟာ သူရေးသား ခဲ့ ဖူးတဲ့ "အဍသံခိပ် ဓမ္မသတ်အလင်္ကာ" ကို အကျယ်ချဲ့ ပြီး "အဍသံခေ ဓမ္နသတ်" ဆိုပြီး ပြန်ရေးတယ် ။ သီပေါမင်းပါတော်မူပြီး နောက် ပိုင်း အင်္ဂလိပ် တို့က အုပ်ချုပ်ရေးမှာ တိုင်ပင်ခံ အဖြစ်ခန့် ထားပြီး အငြီမ်းစားလစာပေးကာ အနားယူစေတယ် ။ ဦးကောင်းဟာ 1893 ခုနှစ်မှာ မင်းကြီး ဘာဂျက် ( Burgess ) ကတောင်းဆိုလို့ ဓမ္မသတ် ၃၆ စောင်ထွဲ ကိုရေးသားပေးခဲ့ ပြီး 1908 ခုနှစ် ဇွန်လ 30 ရက်နေ့  အသက် ၈၆ နှစ် မှာ ကွန်လွန်ခဲ့ပါတယ် ။

" ဦးကောင်း လိမ်ထုတ် မင်းဆက်ပြုတ်" ဆိုပြီး နာမည်ဆိုးနဲ့ နောက်ပိုင်းလူသိများတဲ့ ကင်းဝန်မင်းကြီး ဦးကောင်းဟာ မြန်မာနိုင်ငံကြီး သူ့ ကျွန်ဘ၀ ရောက်ရတဲ့ အဓိက တရားခံဟုတ်မဟုတ်တော့ မပြောတတ် ။ ဒါပေမယ့် သူ့ ခေတ်သူ့ခါ ကတော့ ကြီးကျယ် ထင်ရှားပြီး နိုင်ငံတော်မှာ အရေးပါတဲ့ ပုဂ္ဂိုလ် တစ်ဦးဖြစ်ခဲ့ တာကတော့ သေချာလှပါတယ် ။

မှတ်ချက် ။ ။ ဒေါက်တာသန်းထွန်း ရဲ့  "ဘယ်သူ့ ကြောင့် ဒီလိုဖြစ်ရပါသလဲ"
ဆောင်းပါးမှ ကောက်နုတ်တင်ပြပြီး ဓာတ်ပုံကို Myanmar Historical Archive မှ ကူးယူဖော်ပြပါတယ် ။


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

ဂင်းနစ် စံချိန်တင် Converse ရှူးဖိနပ် ပိုင်ဆိုင်သူ



အမေရိကန် နိုင်ငံမှာ Joshua Mueller လို့ အမည်ရတဲ့ လူငယ် တစ်ဦးဟာ ကမ္ဘာပေါ်မှာ Converse အမှတ်တံဆိပ် ပါ ရှူးဖိနပ် အများဆုံး ပိုင်ဆိုင်သူ အဖြစ် စံချိန်တင်ခဲ့ ပါတယ်။

စုစုပေါင်း Converse ရှူးဖိနစ် အရံပေါင်း ၁၅၄၆ ရံတောင် ရှိတာ ဖြစ် ပါတယ်။ တစ်ရက်ကို တစ်ရံပဲ စီးမယ် ဆိုရင်တောင် ၄ နှစ်လုံးလုံး စီးလို့ ရပါတယ်။ ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်နေ့က စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ထဲလည်း ဖိနပ်စုတာ မရပ်သေး ပါဘူး။ Converse (အော်စတား) ရှူးဖိနပ် ကို ခရေဇီဖြစ်ပြီး ကြိုက်နှစ်သက်သူ လူငယ်လေး ဖြစ်ပါတယ်။

ညစ်ပတ်တဲ့ လမ်းခရီးကို သွားရမယ်ဆိုရင် ဖိနပ်စီးထားတဲ့ ခြေထောက်ကို ပလပ်စတစ်အိတ်နဲ့ စွပ်တဲ့အထိ Converse ကို တန်ဖိုး ထားပါတယ်။ ဒါကြောင့်မို့ အရံပေါင်း ၁၅၀၀ ကျော် ပိုင်ဆိုင်တဲ့ Joshua Mueller ကို ကမ္ဘာ ပေါ်မှာ Converse အမှတ်တံဆိပ် ပါ ရှူးဖိနပ် အများဆုံး ပိုင်ဆိုင်သူ အဖြစ် ဂင်းနစ် စံချိန် တင်စေ ခဲ့ ပါတယ်။

Ref: guinness
အောင်ခမ်း


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018

ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား



ဖေဖေါ်ဝါရီ ၂၆ ရက် ၂၀၁၄ ခုနှစ်

အိန်္ဒိယ နိုင်ငံ မှာရှိတဲ့ နွားတစ်ကောင် ဟာ ခြေထောက် ငါးချောင်း ပါဝင် ခဲ့ပါ တယ်။ ဒီ နွား ဟာ အ သက် လေးနှစ် အရွယ် ရှိနေ ပြီ ဖြစ် ပါတယ်။ ဒီနွား ရဲ့ပိုင်ရှင် ဖြစ်သူ အသက် (၃၅) နှစ် အရွယ် ရှိ လာ့စ် မန်း ဟာ ထူးခြား တဲ့နွား ကို အိန်္ဒိယ နိုင်ငံ တစ်ဝန်း လှည့် လည် ပြသမှု ပြု လုပ်ခဲ့ တယ် လို့ သိ ရ ပါတယ်။ ဟိန်္ဒို ဘာ သာ ကို ကိုးကွယ်တဲ့ အိနိ္ဒယနိုင်ငံမှာ နွားတွေကို အ မြတ်တနိုး ထား လေ့ ရှိပါတယ်။ သာမန်နွား တွေဟာ ခြေ ထောက် လေးချောင်းသာ ပါရှိခဲ့ ပေမယ့် လာ့စ်မန်းပိုင်ဆိုင်ထားတဲ့နွားကတော့ ခြေထောက် ငါးချောင်းအထိ ပါဝင်ခဲ့ပါတယ်။ 


ဒါကြောင့်မို့ အိန်္ဒိယနိုင်ငံသားအများစုဟာ ခြေထောက် ငါးချောင်း ပါတဲ့နွားကို နတ်ဘုရား ဖန် ဆင်း ပေးလိုက်တဲ့နွားအဖြစ် ယုံကြည်ယူဆ ပြီး ကိုးကွယ်မှုတွေပြုလုပ်နေခြင်းဖြစ်ပါတယ်။ ဒီနွားရဲ့ ခြေထောက် တစ် ချောင်း အပိုဟာ ကျောပေါ်မှာ ရှိနေခြင်းဖြစ်ပါတယ်။ ဒီနွားရဲ့ ပိုင်ရှင် ဖြစ်သူ လာ့စ်မန်းက ကျွန်မရဲ့နွားကို နတ်ဘုရားတွေက ဖန်ဆင်း ပေးလိုက် ခြင်းဖြစ် ပါ တယ်။ ခြေထောက် တစ် ချောင်း အပိုပါ ခြင်း ဟာ အရမ်း ကို ထူးခြားမှု ရှိပါတယ်။ ကံကောင်းမှုတွေ ယူဆောင် လာ ပေးမယ့် လက်္ခဏာတစ်ခုဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါတယ်။

 လာ့စ်မန်းဟာ အိန်္ဒိယနိုင်ငံရဲ့ ပြည် နယ် ကြီးခြောက်ခုကို ဖြတ် သန်းပြီး အဓိကမြို့ကြီး(၁၅) မြို့မှာ ထူးခြား တဲ့နွားကို ပြသ မှုပြုလုပ်ခဲ့ပါတယ်။ မြို့ ကြီး တွေကိုရောက်တဲ့အခါတိုင်း လူပေါင်း များစွာ ဟာ ဒီနွားကို အံ့အား သင့်စွာ ၀ိုင်းဝန်း ကြည့်ရှု လေ့ရှိကြ ပါ တယ်။ ဒီနောက် အိန်္ဒိယ လူမျိုး တွေဟာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတယ် လို့ဆို ပါတယ်။ လာ့စ်မန်းက ကျွန်မ အ နေနဲ့ မြို့ပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီး ဖြစ် ပါတယ်။ နေရာတိုင်းမှာ ထူးခြားတဲ့နွားကို အရို အသေ ပေး မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျွန်မ အနေနဲ့ လူသားတွေအားလုံး အကျိုးရှိစေဖို့ ထူးခြားတဲ့ နွားကို မြင်တွေ့ ခွင့်ရ ရေး ပြုလုပ်ပေး နေရတာဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါ တယ်။ ခြေထောက် ငါးချောင်း ပါတဲ့ နွားဟာ လက် ရှိ အချိန်မှာ အိန်္ဒိယနိုင်ငံရဲ့ မြို့တော် နယူး ဒေလီကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

 By The Messenge

https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

အစွမ်းထက်လှသော ခွေးလှေးသီး အနက်စေ့ပဲ

အစွမ်းထက်လှသော ခွေးလှေးသီး အနက်စေ့ပဲ တနည်း မဟူရာပဲနက်လို့လည်းခေါ်ပါတယ်
ဒီပဲရဲ့ အစွမ်ထက်လှပုံလေးကို အများသူငါသိအောင် ပြောပြချင်လို့ပါ
ဖတ်ဖြစ်အောင်ဖတ်ပြီး တဆင့်ပြန်လည်မျှဝေပေးတဲ့အနေနဲ့
ရှယ်ပေးကြပါလို့ တောင်းဆိုပါရစေ။
။ ။ ။ ။ ။ ။ ။ ။ ။

လက်တွေ့ သုံးစွဲပြီးပျောက်ကင်း ချမ်းသာသုခကို ရရှိသွားတဲ့ ရွာသာရွာက အောင်ငြိမ်းပြောတဲ့ သူဇနီး မခင်စောအကြောင်းးးး

ကျွန်တော်၏အမည်မှာ ဦးအောင်ငြိမ်းဇနီးအမည်ကဒေါ်ခင်စောဖြစ်ပါသည်။
တိုက်ကြီးမြို့နယ် ဖိုးခေါင်းအုပ်စု ရွာသာရွာမှာနေပါတယ်။
ခွေလှေးယားသီး အနက်စေ့အစွမ်ထက်ပုံကိုယ်တေ့
့ဖြစ်ရပ်ကိုတင်ပြလိုပါတယ်။ ကျွန်တော်ကဲ့သို့ ဆင်းရဲနွမ်းပါးသော လူနာရှင်များဖတ်မိ ကြားမိကြပါစေ။
ဖတ်ကြားပြီးသူများကလည်း ဆင်းရဲနွမ်းပါးသူ လူနာရှင်များအား တဆင့်ပြောပြနိုင်ပါစေလို့ ဆုတောင်း မျှော်လင့်ပါတယ်။



ကျနော်၏ ဇနီးဒေါ်ခင်စောသည် မကျန်းမာ၍ ဓါတ်မှန်ရိုက် သလိပ်စစ် အမျိုးမျိုးစမ်းသပ်ကုသခဲ့သော်လည်း သက်သာပျောက်ကင်းခြင်းမရှိပါ ။ တနေ့တခြား အားအင်ကုန်ခမ်းပြီး ၉ လအကြာမှာ ရောဂါပြင်းထန်ပြီး နီးစပ်ရာဆေးရုံသို့ တက်ခဲ့ရပါသည်။
ဆေးရုံရောက် ရောက်ချင်းမေ့မြော်သွားတာ တနေ့နှင့် တညကြာပါသည် လူအများကသေပြီ ဟုထင်မှတ်ကြသည်။ သေလျှင်အဆင်သင့်ဖြစ်အောင် စီစဉ်နေစဉ် သတိပြန်ရလာပါသည် အဖြေရှာတွေ့သောရောဂါမှာ အရိုးကျီးပေါင်းတက်ခြင်း အစာအိမ်ရောဂါဖြစ်ခြင်းလောက်သာ သိရသည် ။ 


ဆရာဝန်ညွန်ကြားသောဆေးများကို ၁၂ လကြာသောက်သုံးပြီး ငွေကျေးအဆင်မပြေ၍ဆက်မသုံးနိုင်တော့ပါ ။ ဆေးရုံကပြန်ဆင်းလာပြီး မိတ်ဆွေတော်တော်များများက ခွေးလေးယားသီးအနက်စေ့ကိုစားပါ
ခွေးလေးယားသီး အနက်စေသည်ဆေးရုံမှပြန်လာသော လူနာများကျန်းမာဝဖြိုးနေခြင်း မြွေကိုက်ခံရသော လူနာများ ဆေးရုံမတက်ရဘဲ ခွေးလေးယားသီးအနက်ကိုစားရုံမျဖြင့် ပျောက်ကင်းခြင်းအိပ်ပျော်ခြင်း အားရှိခြင်း ပန်းသေပန်းညိုးရောဂါများကို ပျောက်ကင်းခြင်း မဖြစ်အောင်ကာကွယ်နိုင်ခြင်း ဝမ်းတွင်း ကင်ဆာရောဂါများကို မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်းစသည်တို့ကိုလာပြောပေးကြပါသည
ထိုအချိန်မှာ လူနာ၏အခြေနေမှာ လူရုပ်ပျက်ပြီး အသက်ရှိသည်လို့ပြောလို့ရ ရုံသာရှိသည် ။
 


မိတ်ဆွေများဖြစ်ကြသော ကျောက်ဖျာကုန်းကျေးရွာမှ ဆရာထိန်ဝင်း ကံကလေးရွာမှ ဦးမောင်ခင် ဒေါ်နန်းတို့က ခွေးလေးယားသီး အနက်စေ့ကို ယူဆောင်လာပြီး
အမှုန့်ပြု လုပ်ကာ ပျားရည်နှင့်ရောပြီး လူနာအားကျွေးပါသည် ။ စားပြီးသုံးရက်မြောက် သောနေ့မှာ
လူနာမှာထူးထူးခြားခြား ဖြစ်လာတာကိုတွေ့ရပါတယ်။ဆေးစားပြီး၂ နာရီခန့်မှာ အိပ်ချင်လာသည် နေ့တစေ့ ညတစေ့ စားကြည့်သောအခါ ညဘက်ပို၍အိပ်ပျော်စေသည် အိပ်ယာထလျင်လည်း လန်းလန်းဆန်းဆန်း
ဖြစ်ခါ ပေါ့ပေါ့ပါးပါးရှိသည် ခါးနာ ဒူးနာ ဇက်ကြော်တက်တာတွေလည်ပျောက်သည် ဒေါ်ခင်စောလည်း နဂို ကလိုကျန်းမာဝဖြိုး လျက်ရိပါသည်။

ဤဆေးစေ့ကိုစားသုံးခြင်ဖြင့် အိပ်ခြင်တာကလွဲ၍ အခြားဘာရောဂါမှမဖြစ်ပါ မတည့်သောအစားအစာ မတည့်သောဆေးဟူ၍လည်းမရှိပါ။ပန်းသေ ပန်းညိုးဖြစ်ဘူးသော မိတ်ဆွေများသည်လည်း ပျောက်ကင်း၍ အကျိုးရှိကြောင်းပြောပြလာကြပါသည်ခွေးလေးယားသီး အနက်စေ့ တစေ့၏အာနိသင်ဟာ ဆေးတပြားထက်ပိုမိုကောင်းသည့်အပြင် ရောဂါကြီး ရောဂါသေးများကိုပါ ပျောက်ကင်းစေပါသည် အခြားသောရောဂါများကိုပါပျောက်ကင်းသည့်ဆေးစွမ်းကောင်းတလက်ဖြစ်ပါသည် မသိသူကျော်သွား သိသူဖော်စား
ကြစေရန်ရည်ရွယ်ပြီး ခွေးလေးယားသီးပဲ အနက်စေ့ရဲ့ အစွမ်းထက်ပုံကို လက်တွေ့နှင့်တကွ
ဖော်ပြပေးလိုက်ပါသည်။

လူသားအားလုံး ခံစားနေရသော ရောဂါဝေဒနာများ ပျောက်ကင်းကြပါစေ။

မေတ္တာ စေတနာကြီးမားစွာဖြင့်
ဦးခေမာ


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018

ဥာဏ်ထိုင်းစေသည့် ဘဝနေထိုင်မှုပုံစံ





ဥာဏ်ထိုင်းစေမယ့် ဘဝနေထိုင်မှု ပုံစံ ၁၀ ချက်ဆိုပြီး ဆေးပညာ ဝဘ်ဆိုဒ် ဖော်ပြထားပါတယ်။

၁။ မနက်စာ မစားခြင်း

မနက်စာ မစားခြင်းကလည်း ဥာဏ်ထိုင်းစေပါတယ်တဲ့။ မနက်စာ မစားတဲ့ အတွက်ကြောင့် ကိုယ်တွင်း သကြားဓာတ် ပမာဏ ကျဆင်းပြီး ဦးနှောက်ကို လုံလောက်တဲ့ အာဟာရ မရောက်စေပါဘူး။

၂။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ဦးနှောက်ကို တိုက်ရိုက်ထိခိုက်ပြီး အယ်ဇ်ဇိုင်းမား တို့လို ရောဂါ၊ အတိတ်မေ့ ရောဂါတို့ကိုတောင် ဖြစ်စေပါတယ်။

၃။ သကြားဓာတ် အများအပြား စားသုံးခြင်း

သကြားဓာတ်လိုအပ်တာ မှန်ပေမယ့် လိုတာထက် စာသုံးမိရင်လည်း မကောင်းပါဘူး။ အသက်ငယ်တုန်းက သကြားဓာတ်က လိုအပ်ပေမယ့် လူလတ်ပိုင်းက စလို့ လူတစ်ယောက်ရဲ့  အချိုစာသုံးမှုက ကလေးတွေနဲ့ သွားမယှဉ်သင့်တော့ပါဘူး။ သူက ပရိုတိန်းဓာတ် ဆုပ်ယူမှုအား ကို လျော့စေပြီး ဦးနှောက်လုပ်ဆောင်ချက်ကို အတားအဆီး ဖြစ်စေပါတယ်။

၎။ လေမသန့်ခြင်း

ကိုယ်နေထိုင်၊ စားသောက်တဲ့ ပတ်ဝန်းကျင်က အနံ့ပေါင်း စုံနေပြီး လေကောင်းလေသန့် ရှုရှိုက်ရမှု နည်းရင် လည်း အောက်ဆီ ဂျင်ရရှိမှုနှုန်းနည်းတဲ့အတွက် ဦးနှောက် ဖွံ့ဖြိုးမှုကို နှေးကွေး စေပါတယ်။

၅။ အအိပ်လွန်ခြင်း

ိအိပ်သင့်အိပ်ထိုက်တဲ့ အချိန်ပမာဏထက် ပိုပြီးတော့ အိပ်ရင် ဦးနှောက်က ဆဲလ်တွေကို သေစေတဲ့အတွက် ဥာဏ်ထိုင်းစေပါတယ်။

၆။ အိပ်ချိန်နည်းခြင်း

သူကလည်း ထိုနည်းတူစွာပဲ။ သာမန်လူတစ်ယောက် အိပ်သင့်တဲ့ အချိန် ပမာဏ မအိပ်ပဲ နေသူဟာ ဦးနှောက်သွေးဆီးမှု နှေးကွေးမှု ဥာဏ် ထိုင်း စေပါတယ်။

၇။ အိပ်နေစဉ် ခေါင်းခြုံခြင်း

ခေါင်းခြုံပြီးအိပ်သူဟာ သာမန်အတိုင်း အိပ်သူလောက် အောက်ဆီဂျင် မရပါဘူး။ ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏသာ တိုးလာစေပြီး ဦးနှောက် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်စေ ပါတယ်။

၈။ ဖျားနာနေစဉ် ဦးနှောက်အလုပ်လုပ်များခြင်

ဖျားနာနေစဉ်မှာ ဦးနှောက်အလုပ်ပေးမှုကို မလုပ်သင့်ပါဘူး။ ဦးနှောက်က ဒီတိုင်းနေလည်း မနားတန်း အလုပ်လုပ်တာ မှန်ပေမယ့် တကူးတက စာလုပ်တာတို့၊ ပရောဂျက်လုပ်တာတို့၊ လုပ်ငန်းဆောင်တာ တစ်ခုခုအတွက် တွေးခေါ် လုပ်ကိုင်တာတို့က ဦးနှောက်စွမ်းရည် ကျဆင်းစေ မယ့် အမူအကျင့်တွေပါ။

၉။ တွေးခေါ်မှုနည်းခြင်း

တစ်နေ့ပြီးတစ်နေ့ လုပ်စရာ ရှိတာတွေသာ လုပ်နေပြီး ဘာမှတွေးခေါ် စဉ်းစားမှု မရှိရင်လည်း မကောင်းပါဘူး။ ယင်း သို့ နည်းပါးခြင်းကြောင့် ဥာဏ်ကွန့်မြူးမှုကို ဖြစ်မလာစေပဲ ဥာဏ်သာ ထိုင်းလာစေတတ်ပါတယ်။

၁၀။ စကားနည်းခြင်း

ပညာရှိ စကားနည်း ဆိုတာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် စကားမပြော တိုင်းလည်း ပညာရှိမဟုတ်ပါဘူး။ လူမှုဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင်များ ဖလှယ်ခြင်း၊ ကျဘန်း ငြင်းခုံပြောဆိုခြင်းတို့ကလည်း ဦးနှောက် ကို ကောင်း စေပါတယ်။ သို့ပေမယ့် ယင်းကဲ့သို့ မလုပ်ရင်တော့ ကြိမ်းသေ ဥာဏ်ထိုင်းစေပါတယ်။
-
Ref: medic-facts

အောင်ခမ်း ( ရိုးရာလေး )
 

အပြင်သွားခါနီး အလှပြင်ဖို့ အချိန်နည်းနေပြီဆိုရင်



အပြင်သွားရမယ့်အချိန်က ကပ်နေပြီ။ ကိုယ့်ရဲ့အလှပြင်ချိန်က ပျမ်းမျှအားဖြင့် နာရီဝက်ဆိုရင်တောင် ရေချိုးရမှာနဲ့ အချိန်က မလောက်မငဖြစ်နေပြီဆိုရင်တော့ အလှပြင်နည်းလမ်းသစ်တစ်ချို့ကို စမ်းသပ်ကြည့်ရတော့မှာပေါ့။ ကိုယ့်သုံးနေကျ အလှကုန်တစ်ချို့ကို ဘယ်လိုနည်းသစ်ထွင်ပြီး အချိန်မီ ပြင်ဆင်နိုင်သလဲဆိုတာ တစ်ချက်ကြည့်လိုက်ပါဦး။

၁။ဆံပင်ကို အခြောက်လျှောရေချိုးရင်း ခေါင်းပါလျှော်နေမယ်ဆိုရင်တော့ အချိန်တွေ ပိုကုန်သွားမှာပေါ့။ အဲ့ဒီတော့ အချိန်ကုန်သက်သာအောင် ဆံပင်ကို အခြောက်လျှော်လိုက်ပါ။ ဆံပင်ရင်းနားမှာ အခြောက်လျှော်ရတဲ့ ရှန်ပူကို ဖြန်းပြီး တစ်မိနစ်လောက်နေရင် ဒရိုင်ယာမှုတ်လိုက်ရုံပဲလေ။

၂။အချိန်က ကပ်နေပြီမို့ moisturizer လည်းလိမ်းဖို့၊ ဖောင်ဒေးရှင်းလည်း လိမ်းဖို့၊ ကွန်ဆီလာနဲ့ မျက်နှာက အနာအဆာတွေ အုပ်ဖို့ မမီတော့ဘူးဆိုရင်တော့ ပုံမှာပြထားသလို moisturizer နဲ့ ကွန်ဆီလာကို ရောမွှေပြီး ဖောင်ဒေးရှင်းအဖြစ် သုံးနိုင်ပါတယ်နော်။

၃။နှုတ်ခမ်းနီမဆိုးခင် ပါးနီဆိုးဖို့အတွက် ဟိုဗူးဖွင့်၊ ဒီဗူးဖွင့်ရမယ့်အချိန်တွေကို လျှော့ချပစ်လိုက်တဲ့အနေနဲ့ နှုတ်ခမ်းနီကိုပဲ ပါးနီအဖြစ် သုံးလို့ရတယ်ဆိုတာ မမေ့ပါနဲ့။

၎။လိုးရှင်းလိမ့်မယ့်အစား စပရေးဖျန်းပေးတာက ပိုကောင်းပါတယ်။ ခုသုံးဖို့မရှိရင်လည်း နောက်တစ်ခါ အချိန်ကိုက်လုပ်ရတဲ့ ကိစ္စမျိုးတွေအတွက် ရှာဝယ်ထားလိုက်နော်။ ဒီလိုဆို လက်နဲ့ ခြေထောက်တွေပေါ် ကိုယ့်စိတ်ကြိုက် ဖျန်းလိုက်ရုံပဲလေ။

Ref:cosmopolitan.com

http://myawadynews.blogspot.com/2014/02/blog-post_9932.html

ဘယ်လိုကောင်လေးမျိုးတွေကို ကောင်မလေးတွေ ကြွေကြသလဲ



မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြဘူးဆိုပေမယ့် များသောအားဖြင့် ဘယ်လိုယောင်္ကျားလေးမျိုးက အထာကျတယ်၊ ကြည့်လိုက်တာနဲ့ စိတ်ထဲ တန်းရောက်သွားစေတဲ့ သူတို့သဘောကျတဲ့ ယောင်္ကျားလေးပုံစံမျိုးလေးတွေကတော့ တူညီနေတတ်တာ တွေ့ရပါတယ်။ အဲ့ဒီလို မိန်းကလေးတွေ သဘောကျတဲ့ ယောင်္ကျားပုံစံတွေကတော့

၁။ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ပြင်ဆင်မထားဘဲ အဆင်ပြေပြေ နေထိုင်တတ်သူ။ ခေါင်းအစ၊ ခြေအဆုံး မိန်းကလေးထက် ပိုမိုပြင်ဆင်ထားမျိုးတဲ့ ဘဲမျိုးဆိုရင်တော့ ဘယ်ကောင်မလေးက ကြွေတော့မှာလဲ။

၂။စကားပြောတဲ့အခါ ဖြေးဖြေးနဲ့ ခပ်မှန်မှန်ပြောတတ်တဲ့ ယောင်္ကျားမျိုးကိုလည်း ကောင်မလေးတွေ သဘောကျကြပါတယ်။

၃။ဘေးနားကပ်ပြီး စကားပြောကြည့်လိုက်လို့ ကိုယ်နံ့သင်းသင်းလေး ရနေတတ်တဲ့ ဘဲမျိုးကို ကောင်မလေးတွေက သိပ်ကိုကြွေတာပါ။ ရေမွှေးတွေ အသားကုန်ဆွတ်ထားတာမျိုးလည်း မဟုတ်၊ ဒါမှမဟုတ် ချွေးနံ့တွေ တထောင်းထောင်းထွက်နေတာမျိုးလည်း မဟုတ်တဲ့ ကောင်လေးမျိုးပေါ့။

၎။ကိုယ့်ချစ်တဲ့ကြောင်၊ ဒါမှမဟုတ်ခွေးကို မြင်မြင်ချင်း ကောင်လေးကလည်း ချစ်တဲ့ပုံပြတယ်၊ လက်နဲ့ပွေ့ချီလိုက်ပြီဆိုရင်တော့ အဲ့ဒီကောင်လေးအတွက် အမှတ်တွေ ရသွားပြီပေါ့။

၅။တက်တူးတွေရှိတဲ့ ကောင်လေးမျိုးကို ကောင်မလေးတွေက မိုက်တယ်လို့ ထင်တတ်ကြသလို သဘောလည်းကျ တတ်ကြပါတယ်။

၆။ကလေးချစ်တတ်တဲ့ ကောင်လေးမျိုးဆိုရင်လည်း ကောင်မလေးတွေက ကြွေတတ်ကြတာပါပဲ။ ကလေးချစ်တတ်တဲ့ ယောင်္ကျားလေးတွေဟာ နူးညံ့တဲ့နှလုံးသားရှိတယ်လို့ ယူဆကြတာကိုး။

၇။ကိုယ့်မိဘနဲ့ အဆင်ပြေပြေ ပြောဆိုနေထိုင်တတ်တဲ့ ကောင်လေးမျိုးဆိုရင်လည်း ကောင်မလေးတွေက သဘောကျတတ်ကြပြန်ရော။

၈။ကိုယ်မှမဟုတ် တစ်ခြားသူတွေကို ကူညီတတ်တဲ့ ယောင်္ကျားမျိုးဆိုရင်လည်း ကောင်မလေးတွေက စိတ်ထဲက အမှတ်တွေ ပေးနေတတ်ပါတယ်။

၉။ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ဟန်ပေါက်တဲ့ ယောင်္ကျားမျိုးဆိုရင် ကောင်မလေးတွေက အားကိုးလို့ရတဲ့ ယောင်္ကျားမျိုးဖြစ်မယ်လို့ သတ်မှတ်ကြလေ့ရှိပါတယ်။

၁၀။ကိုယ်ပြောသမျှကို မျက်နှာမပျက်ဘဲ ပြုံးပြုံးလေး ငြိမ်နားထောင်တတ်တဲ့ ယောင်္ကျားလေးမျိုးဆိုရင်လည်း သူတို့ကြွေကြပြန်ရော။ ဘယ်မိန်းကလေးကတော့ ကိုယ်ပြောတာကို တစ်ခွန်းမခံ ပြန်ခံပြော၊ ဒါမှမဟုတ် ပြန်ငြင်းခုန်နေမယ့် ယောင်္ကျားလေးမျိုးကို နှစ်ခြိုက်မှာပဲ။ ငြင်းရမယ့် ကိစ္စဆိုရင်တောင် တစ်ဘက်က စကားဆုံးတဲ့အထိ နားထောင်ပြီးမှ ပြန်ပြောရမှာပေါ့နော်။

Ref:cosmopolitan.com

http://myawadynews.blogspot.com/2014/02/blog-post_9803.html

ဗုဒ္ဓဘုရားရှင်နှင့် စရိယာသုံးပါး

https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-prn2/t1/1891232_586095508140658_1897483974_n.jpg


ဂေါတမဗုဒ္ဓဘုရားရှင်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်လျှင် လေးသင်္ချေနှင့် ကမ္ဘာတသိန်းအထက်၌ သုမေဓာရှင်ရသေ့ ဖြစ်ခဲ့သည်။ ထိုအချိန်မှာ ဒီပင်္ကရာဘုရား ပွင့်တော်မူချိန် ဖြစ်သည်။ သုမေဓာရှင်ရသေ့သည် ကြိုးစား၍ တရားအားထုတ်ရာ ဈာန်အဘိညာဉ်တန်ခိုးရ၍ ကောင်းကင်၌ သွားလာလှည့်လည်နိုင်သော အခြေသို့ပင် ရောက်ခဲ့သည်။ သို့ရာတွင် ရဟန္တာ မဖြစ်သေးပေ။ အကယ်၍ ဆက်လက်တရားအားထုတ်လျှင် ရဟန္တာဖြစ်နိုင်သော အခွင့်အလမ်း ရှိပေသည်။ သို့သော် ရဟန္တာအဖြစ်ကို မယူခဲ့။ ဘုရားအဖြစ်သို့ ရောက်ရန်ပင် ရည်မှန်းချက်ထားခဲ့သည်။ ဒီပင်္ကရာဘုရားရှင် ကြွလာရာတွင် ပြုပြင်ဆဲလမ်းပေါ်၌ ဘုရားရှင် ရွှံ့ပေါ်တွင် မကြွရလေအောင် မိမိကိုယ်ကို ၀မ်းလျားမှောက်လျက် တံတားအဖြစ် ခင်း၍ လှူခဲ့သည်။ ဘုရားအဖြစ်ကို ဗျာဒိတ်ခံယူခဲ့သည်။

ဤသို့ခံယူအပြီး၌ လေးသင်္ချေနှင့် ကမ္ဘာတသိန်းပတ်လုံး ဘ၀များစွာတွင် ပါရမီ ၁၀-ပါးကို ဖြည့်ကျင့်အားထုတ်ခဲ့သည်။ ထိုသို့ ဖြည့်ကျင့်ရာ၌ ရည်မှန်းချက်ကြီးသုံးချက်ကို ဦးထိပ်ထား၍ ကျင့်ဆောင်ခဲ့သည်။
ယင်းတို့မှာ-
(၁) လောကလူသား ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများ ကောင်းစားချမ်းသာရေး (လောကတ္ထစရိယာ)
(၂) မိမိ၏ အမျိုးသား၊ မိမိ လူမျိုးကောင်းစားချမ်းသာရေး (ဉာတတ္ထစရိယာ)။
(၃) သတ္တ၀ါအများကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်သော သဗ္ဗညုဘုရားဖြစ်ရေး (ဗုဒ္ဓတ္ထစရိယာ)။ တို့ဖြစ်သည်။

ဘုရားရှင်သည် ဘုရားလောင်းဘ၀၌ရှိစဉ် ဘ၀တိုင်း၊ ပါရမီဖြည့်ကျင့်တိုင်း ဤရည်မှန်းချက်ကြီးသုံးရပ်ကို ဦးထိပ်ထား ဆောင်ရွက်ခဲ့လေသည်။ ယင်းတို့ကို စရိယာသုံးပါး-ဟု ခေါ်၏။
ဤစရိယာသုံးပါးကို ဘုရားဖြစ်သောအခါ၌လည်း ဗုဒ္ဓဘုရားရှင်သည် ဆက်လက်ဆောင်ရွက်တော်မူသည်။ ဆောင်ရွက်တော်မူရာ၌ မိမိတဦးတည်း၏ အကျိုးဖြစ်သော ဖလသမာပတ် ၀င်စား၍ ချမ်းသာစွာနေတော် မူခြင်းကို ခေတ္တခဏမျှသာ ပြုတော်မူသည်။ ကျန်အချိန်များတွင် လောကလူသား၊ ကမ္ဘာသူကမ္ဘာသား သတ္တ၀ါတို့အကျိုးနှင့် မိမိ၏ အမျိုးသား၊ မိမိ၏ လူမျိုးတို့အကျိုးကိုသာ အမျိုးမျိုး ဆောင်ရွက်တော်မူခဲ့သည်။ အလွန်စံပြုဦးထိပ်ထားအပ်သော ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်ပေသည်။

ဤတွင် ဘုရားရှင်၏ ရည်ရွယ်ဆောင်ရွက်တော်မူသော စရိယာသုံးပါးကို ကျွန်ုပ်တို့လည်း စံမှီးအတုယူ ဆောင်ရွက်သင့်သည်ဟု ဆင်ခြင်မိသည်။ ကျွန်ုပ်တို့သည် ဘုရားအဖြစ်ကို မမျှော်မှန်းသည့်တိုင် မိမိကောင်းကျိုးချမ်းသာရရေးအတွက် ဆောင်ရွက်ရင်း တဖက်ကလည်း လောကလူသား ကမ္ဘာသူကမ္ဘာသား သတ္တ၀ါများနှင့် မိမိ၏အမျိုးသား၊ မိမိ၏ လူမျိုးများ ကောင်းကျိုးချမ်းသာရရေးကို အစွမ်းကုန် ဆောင်ရွက်သင့်သည်ဟူ၍ ကျွန်ုပ်တို့ ခံယူမိပေသည်။
 

တမာပင်ရဲ့လူ့ ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့အချက်များ

            

၁ – ထိခိုက်ရှနာများနှင့် အကောင်ကိုက်ခံရသော ဒဏ်ရာများ အတွက် ပြင်ပပိုးမ၀င်အောင် တားစီးပေးသောဆေး အဖြစ်လည်းကောင်း၊
ဘက်တီးရီးယားများနှင့် Virus များ ကိုသေစေနိုင်ပြီး သွေးကိုအကောင်းဆုံးသန့် စင်ပေးတဲ့ ဆေးအဖြစ်ပါအသုံးပြုနိုင်ပါတယ်။

၂ – အရေပြားပြဿနာများအတွက် တမာကုန်ကြမ်းကို အသုံးပြုပြီး ဆေးဆပ်ပြာများအဖြစ်နှင့် အရေပြားရောဂါ ကု ဆေးဝါးများအဖြစ်လည်းအမျိုးမျိုး
ပေါ်ထွက်နေပြီးဖြစ်ကာ နှင်းခူလိုရောဂါမျိုးအတွက်လည်း တမာရွက်ကိုကြိတ်ပြီး အနာပေါ် သိပ်ထားပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။

၃ – ဆံသားအတွက်လည်း ဆံပင်ကျွတ်ခြင်း ၊ဗောက်များထခြင်း တို့ ကိုသက်သာစေပြီး ဗောက်ထခြင်းအတွက်ကတော့ တမာရွက်ကိုရေဖြင့် ပွက်ပွက် ဆူအောင် ပြုတ်ပေးပြီး အအေးခံ ကာ ခေါင်းကို လျှော်ရည်ဖြင့်လျှောပြီးနောက် ပွတ်ပေးခြင်းဖြင့် ဦးရေကိုအေးစေကာ ဗောက်ထားခြင်းကိုလျော့ပါးစေပါတယ်။

၎ – တမာရွက်ရဲ့နောက်ထပ်စွမ်းတဲ့ အချက် ကတော့ ကျောက်ရောဂါအသေးစားများအတွက် အကြီးစားဖြစ်မသွား အောင် ကာကွယ်ပေးနိုင်တဲ့အချက်ဖြစ်ပါတယ်။ သဘာဝ တမာရွက်ကိုလူနာ၏ကျောအောက်တွင်ခင်းပေးပြီး လှဲလျောင်းစေခြင်း
ကျောက်ရောဂါလက္ခဏာ ရှိသောနေရာများတွင် အုံပေးခြင်းနှင့် ရေကျက်အေးဖြင့်ရော၍တိုက်ပေးခြင်းဖြင့် ကျောက်ရောဂါ အသေးစားများကိုကုသနိုင်ပါတယ်။

၅ – သွား/သွားဖုံးနှင့်ဆိုင်တဲ့ ကျန်းမာရေးဆောင့်ရှောက်မှုကိုလည်း တမာရွက်မှ အကျိုးပြုစေပါတယ်။

၆ – ဆန်၊ဂျုံကဲ့သို့ သော အရာများသိုလှောင်ရာတွင်လည်းပိုးမတက်အောင် ကာကွယ်ပေးနိုင်ပါသည်။

Credit: Kanaung.net
MOI Webportal Myanmar


https://www.facebook.com/myanmaronlinemedianews/photos/a.572785052762137.10

ကြီးပွါးကြောင်း (၇) ရပ်


 

(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ )

ဆရာဖေမြင့်

Myawady News
 

ကောင်းကံလုပ်နေပါလျှက် ကံမကောင်းရခြင်းအကြောင်း



ဒကာလေးတစ်ယောက်က မေးလာပါတယ်။
“တပည့်တော် မကြာခဏဆိုသလို ကုသိုလ်တွေ လုပ်ဖြစ်ပါတယ်။ အထူးသဖြင့် ရေကုသိုလ်များများလုပ်ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် တပည့်တော်ဘ၀က ထူးခြားမလာဘူးဘုရား”ဒီမေးခွန်းကတော့ မကြာခဏအမေးခံရတဲ့မေးခွန်း၊
ဆရာတော်များလည်း မကြာခဏဖြေကြားပေးနေတဲ့မေးခွန်းလေးပါ။

ဘုရားရှင်လက်ထက်က “အနာထပိဏ်သူဌေး”ဆိုတာ
စွန့်ကြဲလှူဒါန်းတဲ့နေရာမှာ ဧတဒဂ်ရထား တဲ့သူပါ။ သောတာပန်ပုဂ္ဂိုလ်ဖြစ်ပြီး သီလကို ဘယ်တော့မှ
မချိုးဖောက်တော့တဲ့သူပါ။ ဒီလိုပုဂ္ဂိုလ်တောင်မှ ကုန်းကောက်စရာမရှိအောင် ဆင်းရဲတဲ့ဘ၀ကို
ရောက်ခဲ့ဖူးတယ်။ သူဟာ ကောင်းတာတွေ လုပ်နေပါလျက် ဘာလို့ခုလို ကံဆိုးမှုနဲ့ ကြုံရတာလဲ။

ဒီအကြောင်းကို ဘုရားရှင်ကိုယ်တော်မြတ်က
♦“မကောင်းတာလုပ်နေတဲ့သူဟာ မကောင်းတဲ့ကံ
အကျိုးပေးဖို့ မရင့်သန်သေးခင်မှာတော့ ကောင်းတာတွေ တွေ့မြင်ခံစားနေရပါတယ်။
ဒါပေမယ့် သူပြုထားတဲ့ မကောင်းကံတွေ ရင့်သန်လာရင်တော့ မကောင်းကျိုးတွေ
ဆက်တိုက်ခံစားကြုံတွေ့ရပါလိမ့်မယ်။

♦ဆန့်ကျင်ဘက်အားဖြင့် ကောင်းတာလုပ်နေတဲ့သူဟာ
ထိုကုသိုလ်တွေ မရင့်သန်သေးခင်မှာတော့ အတိက်ကပြုခဲ့တဲ့ မကောင်းကျိုးလေးတွေ
တွေ့မြင် ခံစားရပါတယ်။ ထိုအကုသိုလ်ကံ အားနည်းလာပြီး ကုသိုလ်ကံရင့်သန်လာချိန်မှာတော့
ကောင်းတဲ့အကျိုးတွေ ဆက်တိုက် ကြုံတွေ့ခံစားရပါလိမ့်မယ်။”
ဟောကြားတော်မူပါတယ်။

ဒါကြောင့် ကောင်းတာလုပ်နေသော်လည်း
အချိန်မတန်သေးလို့ ဘ၀ထူးခြားမလာသေးတာပါ။ ကိုယ်လက်ရှိလုပ်နေတဲ့ကောင်းတဲ့အလုပ်ကို
ယုံကြည့်မှုအပြည့်အ၀ဖြင့် ဆက်လက်လုပ်ဆောင်ဖို့လိုပါတယ်။

♠ယုံကြည်မှုအားနည်းရင် ရင့်ကျက်မှုအားနည်းမယ်။
♠နောက်တစ်ခုအကြံပေးချင်တာက ဘာကုသိုလ်ပဲ
လုပ်လုပ် ဘုရားလောင်းစိတ်ဓာတ်လို လုပ်ကြည့်ပါ။ ဘုရားလောင်းတို့ဟာ ဒါနစသည်
ကုသိုလ်လုပ် တဲ့အခါမှာ အကျိုးကို မစဉ်းစားပါဘူး။ အများသတ္တ၀ါတွေ ချမ်းသာစေဖို့ပဲ ကြည့်ပါတယ်။
ဒါကြောင့် အလှူခံပုဂ္ဂိုလ်မရွေးပါဘူး။

ရေအိုးစင်မှာ ရေဖြည့်တဲ့အခါ “ဒီလိုရေဖြည့်လို့ ထီများပေါက်လေမလား၊
လူတွေက ငါ့ကို ချီးကျူးပြီး ဆုချမှာလား”ဆိုတဲ့ ရည်ရွယ်နဲ့ ဖြည့်တာထက်
“ငါဖြည့်လိုက်တဲ့ရေကို သောက်သုံးရလို့ ခရီးသွားသူ များဗိုလ်လူ အမောပြေ၊
အင်အားပြည့်ဝပြီး စိတ်ချမ်းသာပါစေ”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြည့်တာ ဘယ်ဟာက
ပိုမြင့်မြတ်သလဲ စဉ်းစားကြည့်ပါ။

ဒါကြောင့် ဓမ္မမိတ်ဆွေများ ကောင်းကံလုပ်နေလျက်
ကံမကောင်းလာသေးလို့ စိတ်ဓာတ်မကျပါနဲ့ ။ ကံမကောင်းလာသေးလေ ကောင်းကံတွေ
တိုးပြီးလုပ်ရလေပါပဲ။ ဘုရားလောင်းစိတ်ဓာတ်မွေးပြီး ကောင်း ကံတွေပြုလို့
“ကံကောင်းခြင်းလက်ဆောင်များ” ရရှိနိုင်ကြပါစေ။

- (ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ)

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
 

ဂီတအမျိုးအစား အပြားပြား



တေးသီချင်းနားထောင်ခြင်းကို တော်တော်များများနှစ်သက်ပါတယ်။ သီချင်း တွေဟာ လူတစ်ယောက်ရဲ့ ခံစားချက်ကိုဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အဖော်မဲ့နေချိန်မှာ ကိုယ့်ရဲ့အကောင်းဆုံးအဖော်အဖြစ် ရပ်တည်ပေးပါတယ်။ တေးဂီတအမျိုးအစား အများအပြားရှိတဲ့အနက် မိမိနားထောင်လေ့ရှိတဲ့ တေးဂီတဟာ ဘယ်အမျိုးအစားမှာပါဝင်လဲဆိုတာကိုတော့ သိပ်ပြီး သတိမထားမိတတ်ကြပါဘူး။ ဒီတော့ အခုနောက်ပိုင်းပိုမိုနားထောင်လေ့ရှိတဲ့ အနောက်တိုင်းတေးဂီတ အမျိုးအစား တွေ အကြောင်းကို အနည်းငယ်ဖော်ပြပေးချင်ပါတယ်

ခေါင်းစဉ်ကြီးတွေအနေနဲ့ ခွဲခြားလိုက်ရင်တော့

(1) Blues , (2) Classical , (3) Country , (4) Electronic, (5) Jazz,

(6) Latin, (7) Pop, (8) Metal, (9) Punk, (10) Rap, (11) Ragges,

(12) R&B, (13) Rock ဆိုပြီး ဂီတအမျိုးအစား (၁၃)မျိုးရှိပါတယ်။ ဒီထဲကမှ လူငယ်တွေပိုပြီးနားထောင်ဖြစ်တဲ့ Pop, Metal, Punk, Rap, R&B နဲ့ Rock တို့ကို ထပ်မံအမျိုးအစားခွဲကြည့်ပါမယ်။

Pop- ပေါ့ပ် တေးဂီတအမျိုးအစားဟာ ပျော့ပျောင်းတဲ့စတိုင်ရှိပြီး ပေါ့ပ်သမားတွေအဆို အရ သူ့မှာအစစ်မှန်ဆုံးအသွင်အပြင်ရှိပါတယ်တဲ့။ စစ်မှန်တဲ့ပေါ့ပ် ၊ စွမ်းအားရှိတဲ့ပေါ့ပ် လို့ ခေါ်လေ့ခေါ်ထရှိပြီး ထုံးစံအတိုင်းဆိုရင်တော့ (၃မိနစ်ခွဲ)ထက် ပိုရှည်တဲ့ သီချင်း မရှိတာများပါတယ်။ စတန်းဒတ် အီလက်ထရစ် ဂစ်တာ၊ ဘေ့စ်၊ ဒရမ်နဲ့ သီဆိုသူများ အဓိက ပါဝင်ပြီးတော့ နားဝင်ချိုတဲ့ ကောရပ်စ် ပိုဒ်တစ်ပိုဒ်အမြဲပါပါတယ်။ ဂန္တ၀င် ပေါ့ပ်အဆိုတော်တွေအနေနဲ့ကတော့ Beatles, Elvis Presley, Frank Sinatra, Bing Crosby, Micheal Jackson တို့ကတော့ ယနေ့တိုင်ထင်ရှားဆဲပါ။

Metal- ဟဲဗီး မက်တယ်ကနေ ဆင်းသက်လာတာပါ။ အမျိုးအစားကွဲတွေ အများကြီး ရှိပေမယ့် အဓိကမျိုးအစားချို့ကိုရွေးပြီးဖော်ပြပေးပါမယ်။

(1) Black metal, (2) Celtic Metal, (3) Death Metal, (4) Doom Metal,

(5) Gothic Metal, (6) Nu-Metal, (7) Power Metal (8) Avant Garde Metal တို့ပဲဖြစ်ပါတယ်။ မက်တယ် ကိုအနည်းငယ်ခံစားကြည့်ချင်တယ်ဆိုရင်တော့ Black Sabbath , Iron Maiden, Metallica စတဲ့အဖွဲ့တွေက နာမည်ကြီးပါတယ်။

Punk- ပန့်ခ်ဂီတကို အလုံးစုံနားလည်ချင်တယ်ဆိုရင်တော့ သူ့ရဲ့အမျိုးအစားကွဲတွေ အားလုံးကို သေချာသိနိုင်မှဖြစ်မှာပါ။ ပန့်ခ်ဂီတ အမျိုးကွဲပေါင်းများစွာဟာ လွှမ်းမိုးမှု ပုံစံမျိုးစုံ ၊ အသံအမျိုးအစား မျိုးစုံနဲ့ သီဆိုနေကြပါတယ်။ Anarcho Punk, Celtic Punk, Cowpunk, Gypsy Punk စတာတွေက ပေါ်ပြူလာ ပန့်ခ်အမျိုးကွဲတွေပါ။ မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ The Clash, MC5, The Ramones , Green day စတာတွေက လူကြိုက်များပါတယ်။

Rap- ကဲ- လက်ရှိအချိန်မှာ လွှမ်းမိုးမှုအရှိဆုံး ဂီတပါ။ တေးဂီတသာမက ၀တ်စားဆင်ယင်မှုပါ ပေါ်ပြူလာဖြစ်ပြီး ဟစ်ပ်-ဟော့ မြူးဇစ်လို့လဲ ခေါ်ပါတယ်။ ၁၉၇၀ လောက်ကနေစပြီး လမ်းဘေးဂီတကနေ လူအများလက်ခံလာတဲ့အဆင့်ကို ရောက်လာခဲ့တာ ဒီနေ့ဆိုရင်တော့ အရွယ်ပေါင်းစုံ၊ အလွှာပေါင်းစုံကလူတွ နှစ်သက် နေကြပါပြီ။ တခြားမြူးဇစ်တော်တော်များများနဲ့ မတူတဲ့အချက်ကတော့ ရက်ပ် ဂီတဟာ မသီဆိုပါဘူး။ နောက်ခံဂီတနဲ့ဆန့်ကျင် စကားပြောတာဖြစ်ပြီး စည်းချက် တွေကိုတော့ soul, funk နဲ့ rock တွေဆီကနေ ယူတာဖြစ်ပါတယ်။ ဒီအသံတွေကို စည်းချက်ကျကျ ရောနှောပြီး သူတို့ရဲ့ဆန်းသစ်မှုတွေကို ထပ်ပေါင်းထည့်ကာ အီလက် ထရောနစ် တူရိယာတစ်ချို့ကိုပါ အားဖြည့်ထားတတ်ပါတယ်။ Run-D.M.C, 2Pac, Jay-Z, Eminem တို့ကတော့ ဒီကပရိတ်သတ်အများအပြား လက်ခံထားတဲ့ သူတွေပါ။

R&B- စည်းချက်နဲ့ ဟွန်း အပိုင်းကို ခွဲလိုက်ပြီး စည်းချက်တွေကို ထပ်ခါထပ်ခါ ပြန်တီးပါတယ်။ လင်္ကာစာသားတွေ စာတိုတွေကို ထပ်ခါထပ်ခါဆိုပါတယ်။ တစ်ခါ တရံမှာ တူရိယာတွေကို ရောပြွမ်းသုံးနှုန်းလေ့ရှိပါတယ်။ James Brown, Ray Charles, Whitney Huston, The Temptations တို့တော့ R&B အကျော်အမော် တွေပါ။ ပေါ့ပ် ဘုရင်လို့လူသိများတဲ့ Micheal Jackson ကလဲ R&B လောကမှာ နံပါတ် (၁၃)နေရာကို ရယူထားပါသေးတယ်။

Rock- ရော့ခ်ဂီတကတော့ လူသိများတဲ့ ဂီတစ်ခုဖြစ်ပြီး မူရင်းကတော့ Rock and roll ကနေ လာတာပါ။ ယူကေနဲ့ အမေရိကန်ပြည်ဖွားဂီတပါ။ အီလက်ထရစ်ဂစ်တာကို ဗဟိုပြုပြီး ဘေ့စ်ဂီတာ ၊ ဒရမ်တို့နဲ့အားဖြည့်ပါတယ်။ အချစ်အဓိပ္ပါယ်ကို နူးနူးညံ့ညံ့ ကြေကြေကွဲကွဲ ရေးဖွဲ့တဲ့စာသားတွေ အဆိုများပြီး လူမှုရေးနဲ့ နိုင်ငံရေးကို အကြိမ်ရေ နည်းနည်းဆိုပါတယ်။ ဂီတသမားတွေထဲမှာတော့ ရော့ခ်ဂီတကို အဆင့်မြင့်ဂီတအဖြစ် အလေးအနက်ထားပါတယ်။ The Beatles, James Brown, Ray Charles တို့ကို ခံစားကြည့်ပါ။

ဖော်ပြခဲ့တာတွေကတော့ ဒီနေ့ခေတ်စားနေတဲ့ ဂီတရေစီးကြောင်းထဲက နိုင်ငံခြားသီချင်း နှစ်သက်သူများ ရွေးချယ်စေနိုင်ဖို့ပဲဖြစ်ပါတယ်။ သီချင်းတွေနဲ့ အဖော်ပြုရင်း သာယာတဲ့ ကမ္ဘာငယ်တစ်ခု ဖန်ဆင်းကြည့်ရအောင်။

Ref:Types of music.com

http://myawadynews.blogspot.com/2014/02/blog-post_6193.html

သေဆုံးသွားသူ page ကိုဆက်လက်ပြထားပေးဖို့ facebook စီစဉ်သတ်မှတ်

သင်သေရင်တောင် page ကိုဆက်လက်ပြထားပေးဖို့ facebook စီစဉ်သတ်မှတ်

Facebook အသုံးပြုသူတစ်ယောက် သေဆုံးသွားတာနဲ့ ဘာဖြစ်သွားမယ်ဆိုတဲ့ ပေါ်လစီကို Facebookက ပြောင်းခဲ့ပါတယ်။ ဒီနေ့ကစပြီး သက်ရှိထင်ရှားဖြစ်စဉ်က ထားခဲ့တဲ့ settingတွေအတိုင်း ဆက်လက်ရရှိပါတော့မယ်။ အရင်ကဆို သေဆုံးသူအမှတ်တရ page တွေကို သေဆုံးသူရဲ့ friend တွေကပဲ မြင်ရပါတယ်။

ဒီအပြောင်းအလဲတွေကို အသုံးပြုသူတွေနဲ့ တိုင်ပင်ညှိုနှိုင်းပြီးမှ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ facebookကပြောပါတယ်။

‘သူငယ်ချင်းတစ်ယောက်၊ မိသားစုဝင်တစ်ယောက်ရဲ့ သေဆုံးမှုဟာ ဆက်သွယ်လို့မရတဲ့ သူတချို့ကိုလည်း ၀မ်းနည်းကြေကွဲစေမှာ ဖြစ်ပြီး သူတို့ချစ်တဲ့သူရဲ့ Timelineကို အမှတ်တရအနေနဲ့ ထားရှိပေးဖို့ တောင်းဆိုလေ့ရှိကြတယ်။ ပြီးခဲ့တဲ့ လတွေတုန်းက အဲ့ဒီ့အကြောင်း စဉ်းစားခဲ့ကြပြီး ချစ်တဲ့သူတွေကို အမှတ်ရနိုင်ဖို့အတွက် ပိုကောင်းတဲ့နည်းလမ်းတွေနဲ့ အလုပ်လုပ်ဖြစ်ခဲ့တယ်။ အမှတ်တရ ကိစ္စတစ်ခုစီကို ဆက်ဆက်ပြီးစဉ်းစားကြည့်တဲ့အခါ မလွယ်ကူတဲ့မေးခွန်းတွေ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ပြန်မေးဖြစ်ခဲ့တယ်။ လူတွေက ဘယ်လိုခံစားကြလိမ့်မလဲ။ ဆုမွန်ကောင်းတွေ၊ သွားလေသူရဲ့ ကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေနဲ့ပဲ ဂုဏ်ပြုရလေမလား။ ချစ်ခင်ရသူကို ဆုံးရှုံးသွားလို့ ၀မ်းနည်းကြေကွဲနေရသူတွေအတွက် တတ်နိုင်သမျှ ဖြည့်ဆည်းပေးကြမလား။’ ဆိုပြီး facebook ကပြောခဲ့ပါတယ်။

Facebook team ဟာ သူတို့ရဲ့ ပေါ်လစီနဲ့ပတ်သက်ပြီး အံ့ဖွယ် အပြောင်းအလဲတစ်ရပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

‘ခုထိတော့ လူတစ်ယောက်ရဲ့ account ကို အမှတ်တရထားရှိမယ်ဆိုရင် friends-only မြင်နိုင်ဖို့ ကျွန်တော်တို့ ကန့်သတ်ထားတယ်။ ဖြစ်နေပုံကတော့ သေဆုံးသွားသူနဲ့ facebook မှာ friend မဖြစ်ထားခဲ့ရင် ဘယ်လိုမှ ၀င်မကြည့်နိုင်တော့ဘူးဆိုတဲ့ သဘောပေါ့။ ဒီနေ့ကစပြီး ၀င်ရောက်ကြည့်ရှုနိုင်မှုနဲ့ပတ်သက်ပြီး ပြုပြင်သွားမှာပါ။ သေဆုံးသွားသူ page ကထားရှိတဲ့ privacy အရ အမှတ်တရ profileတွေကို ၀င်ကြည့်နိုင်တော့မှာပါ။ လူတစ်ယောက် သူ့ဘ၀မှာ လုပ်ခဲ့တဲ့ ရွေးချယ်မှုတွေကို ကျွန်တော်တို့ဟာ လေးစားပါတယ်။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ မြင်ရတဲ့အတိုင်း တခြားဝင်ရောက် ကြည့်ရှုချင်သူတွေကိုလည်း ၀င်ရောက်မြင်ခွင့်ပေးလိုက်ပါပြီ။” လို့ facebook team ကပြောပါတယ်။

Ref:dailymail.co.uk

http://myawadynews.blogspot.com/2014/02/page-facebook.html

မနက်ဖြန်ရောက်မှ ပြန်လာပါ


လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုရဲ့မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ သူဟာ အစောပိုင်းအင်တာဗျုးကို အောင်မြင်သွားခဲ့ပြီး ယခုအခါ နောက်ဆုံးအင်တာဗျုးအတွက် ဒါရိုက်တာနဲ့ တွေ့ရမှာဖြစ်ပါတယ်။
ဒါရိုက်တာဟာ လူငယ်ရဲ့အလုပ်လျှောက်လွှာကိုကြည့်လိုက်တဲ့အခါမှာ ပညာရေးနဲ့ပတ်သက်တဲ့အောင်မြင်မှုဟာ ထွန်းထွန်းပေါက်ပေါက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။
ဒါရိုက်တာကမေးပါတယ်။

“မင်းကျောင်းမှာ စကောလာရှစ်တစ်ခုခုရခဲ့သလား?

“မရခဲ့ပါဘူး” ဟုလူငယ်ကဖြေသည်။

“ ဒါဆိုကျောင်းစရိတ်ကို မင်းရဲ့ဖခင်က ပေးတာပေါ့ ဟုတ်လား?”

“ကျွန်တော့်အဖေဟာ ကျွန်တော်တစ်နှစ်သားမှာပဲ ဆုံးသွားပါတယ်။ ကျောင်းစားရိတ်ကို အမေကပေးတာပါ” ဟုသူပြန်ဖြေ၏။

“မင်းရဲ့အမေက ဘယ်မှာ အလုပ်လုပ်သလဲ?”

“ကျွန်တော့်အမေက အ၀တ်လျှော်တဲ့သူပါ ခင်ဗျာ”

ဒါရိုက်တာက လူငယ်ဖြစ်သူအား လက်နှစ်ဘက်ကို ပြရန်ပြောလိုက်ပါတယ်။ လူငယ်ဟာ သူ့ရဲ့ချောမွေ့ပြီး အပြစ်ကင်းစင်နေတဲ့လက်အစုံကို ပြသလိုက်ပါတယ်။

“အရင်က မင်းရဲ့အမေကို မင်းအ၀တ်ကူလျှော်ဖူးသလား?”

“တစ်ခါမှ မလျှော်ဖူးပါဘူးပါခင်ဗျာ။ အမေက ကျွန်တော့်ကို စာကြည့်ဖို့နဲ့ စာများများဖတ်စေချင်တာပါ။ နောက်ပြီးတစ်ခုရှိတာက ကျွန်တော့်အမေဟာ ကျွန်တော့်ထက် အ၀တ်တွေကို ပိုပြီးမြန်မြန်လျှော်နိုင်ပါတယ်။”

ဒါရိုက်တာကပြောလိုက်ပါတယ်။
“ကိုယ် မင်းကိုတစ်ခုတောင်းဆိုချင်တယ်။ ဒီနေ့ မင်းအိမ်ကိုပြန်ရောက်တဲ့အခါမှာ မင်းအမေရဲ့လက်တွေကို သွားပြီးသန့်သန့်ရှင်းရှင်းဖြစ်အောင်ဆေးကြောပေးပါ။ ပြီးပြီဆိုရင် နောက်နေ့ မနက်ဖြန်မနက်မှာ ကိုယ့်ကိုလာတွေ့ပါ။”
---
လူငယ်မှာ သူအလုပ်ရဖို့အခွင့်အလမ်းများနေပြီဟု ခံစားမိလိုက်သည်။ အိမ်ပြန်ရောက်သည့်အခါ အမေ့ကိုမေးပြီး အမေ၏လက်များကိုဆေးကြောခွင့်ပြုဖို့ပြောသည်။ အမေဖြစ်သူမှာ ထူးဆန်းမှု နှင့်ပျော်ရွှင်မှုရောထွေးနေသော အရသာကိုခံစားမိလျှက် အမေ၏လက်များကို သားဖြစ်သူအားပြသလိုက်လေ၏။
လူငယ်သည်အမေ၏လက်များကို ဖြေးညင်းစွာဆေးကြောပေးသည်။
ဆေးကြောပေးနေချိန်တွင် လူငယ်၏မျက်ရည်စက်များ ကျလာလေသည်။ သူ့မိခင်၏လက်များမှာ အလွန်အမင်းတွန့်လိပ်နေပြီး လက်ပေါ်တွင် အနာများစွာပေါက်နေသည်ကို တွေ့ရှိလိုက်သည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ အချို့အနာများသည် နာလွန်း၍ထင်ပါသည်။ သူထိလိုက်သည့်အချိန်တွင် မိခင်ဖြစ်သူမှာ တစ်ချက် တစ်ချက် တွန့် တွန့် သွားလေသည်။

လူငယ်အတွက်တော့ ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်ပါပဲ။

သူ့ကျောင်းစားရိတ်တွေကိုပေးနိုင်အောင် နေ့စဉ်နဲ့အမျှ ဒီလက်အစုံဟာ အ၀တ်တွေကိုလျှော်ခဲ့တာပါ။ တကယ်တော့ အမေဖြစ်သူရဲ့လက်ပေါ်က အနာတွေဟာ သူ့ပညာရေးအတွက်၊ သူ့ကျောင်းတွင်းကိစ္စတွေအတွက်၊ သူ့အနာဂတ်အတွက်ပေးဆပ်ထားတဲ့ တန်ဖိုးတွေပါ။

အမေဖြစ်သူရဲ့လက်ကို သန့်စင်ဆေးကြောအပြီးမှာတော့ လူငယ်ဟာ သူ့အမေလျှော်ဖို့ကျန်နေသေးတဲ့အ၀တ်တွေကို တိတ်တိတ်ဆိတ်ဆိတ်လျှော်ဖွတ်လိုက်ပါတယ်။
---
အဲဒီညက အမေနဲ့သားဟာ စကားတွေအကြာကြီးပြောဖြစ်ခဲ့ကြပါတယ်။
---
နောက်နေ့မနက်မှာတော့ လူငယ်ဟာ ဒါရိုက်တာရဲ့ရုံးခန်းကိုသွားပါတယ်။
ဒါရိုက်တာဖြစ်သူဟာ လူငယ်ရဲ့မျက်ဝန်းထဲက မျက်ရည်စတွေကို သတိပြုမိပြီး လူငယ်ကိုမေးလိုက်ပါတယ်။

“ ကဲ ပြောပါဦး မနေ့က မင်းအိမ်မှာ မင်းဘာတွေလုပ်ခဲ့တယ်၊ ဘာသင်ခန်းစာတွေရခဲ့တယ်ဆိုတာကို”

လူငယ်ကဖြေပါတယ်။

“ ကျွန်တော်အမေ့လက်တွေကို ဆေးကြောသန့်စင်ပေးပြီးတော့ ကျန်နေတဲ့အ၀တ်တွေကို ပြီးအောင်လျှော်ဖွပ်ခဲ့ပါတယ်”

“ ကျွန်တော်အခု နှစ်သက်မြတ်နိုးတန်ဖိုးထားစရာဟာ ဘာလဲဆိုတာသိလိုက်ပါပြီ။ အမေသာ မရှိခဲ့ရင် ကျွန်တော်အခုဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ အမေ့ကို ကူညီပေးရင်းနဲ့ အလုပ်တစ်ခုကို ကိုယ့်ဘာသာ ပြီးအောင်လုပ်ဖို့ဆိုတာ ဘယ်လောက်ခက်ခဲကြမ်းတမ်းသလဲဆိုတာ သဘောပေါက်လိုက်ပါပြီ။ နောက်ပြီး မိသားစုကို ကူညီလုပ်ကိုင်ပေးခြင်းရဲ့ တန်ဖိုးနဲ့အရေးပါမှုကို ကျွန်တော် ခံစားနားလည်မိလိုက်ပါပြီ။”
---
ဒါရိုက်တာက “ မန်နေဂျာရာထူးအတွက် ကိုယ်ရှာနေတာ အဲဒါပဲ။ လူတစ်ယောက်ဟာ အခြားသူတွေရဲ့ အကူအညီကို တန်ဖိုးထားတတ်တဲ့သူ၊ အလုပ်တစ်ခုပြီးအောင်ဘယ်လောက် ဒုက္ခခံရတယ်ဆိုတာ သိတဲ့သူ၊ ပြီးရင် ဘ၀မှာ ပိုက်ဆံကို သူ့ရဲ့တစ်ခုတည်းသောပန်းတိုင်အဖြစ် သတ်မှတ်မထားတတ်သူ ကိုပဲ ကိုယ်အလုပ်ခန့်ချင်တယ်။”
---
“ မင်းကို အလုပ်ခန့်လိုက်ပါပြီ”။
===

မှတ်ချက်။ ။ ဒီစာကို like လုပ်မယ်။ tag လုပ်မယ်။ share မယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ဘ၀ကို ပြောင်းလဲသွားစေနိုင်ပါတယ်။

========================
One young man went to apply for a managerial position in a big company. He passed the initial interview, and now would meet the director for the final interview.

The director discovered from his CV that the youth’s academic achievements were excellent. He asked, “Did you obtain any scholarships in school?”
The youth answered “no”.

” Was it your father who paid for your school fees?”

“My father passed away when I was one year old, it was my mother who paid for my school fees.” he replied.

” Where did your mother work?”
“My mother worked as clothes cleaner.”

The director requested the youth to show his hands. The youth showed a pair of hands that were smooth and perfect.

” Have you ever helped your mother wash the clothes before?”

“Never, my mother always wanted me to study and read more books. Besides, my mother can wash clothes faster than me.

The director said, “I have a request. When you go home today, go and clean your mother’s hands, and then see me tomorrow morning.

The youth felt that his chance of landing the job was high. When he went back home, he asked his mother to let him clean her hands. His mother felt strange, happy but with mixed feelings, she showed her hands to her son.

The youth cleaned his mother’s hands slowly. His tear fell as he did that. It was the first time he noticed that his mother’s hands were so wrinkled, and there were so many bruises in her hands. Some bruises were so painful that his mother winced when he touched it.

This was the first time the youth realized that it was this pair of hands that washed the clothes everyday to enable him to pay the school fees. The bruises in the mother’s hands were the price that the mother had to pay for his education, his school activities and his future.

After cleaning his mother hands, the youth quietly washed all the remaining clothes for his mother.

That night, mother and son talked for a very long time.

Next morning, the youth went to the director’s office.

The Director noticed the tears in the youth’s eyes, when he asked: “Can you tell me what have you done and learned yesterday in your house?”

The youth answered,” I cleaned my mother’s hand, and also finished cleaning all the remaining clothes’

“I know now what appreciation is. Without my mother, I would not be who I am today. By helping my mother, only now do I realize how difficult and tough it is to get something done on your own. And I have come to appreciate the importance and value of helping one’s family.

The director said, “This is what I am looking for in a manager. I want to recruit a person who can appreciate the help of others, a person who knows the sufferings of others to get things done, and a person who would not put money as his only goal in life.”

“You are hired.”

Now Like,Tag&SHARE this story to as many as possible…this may change somebody’s fate.


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351

လေယာဉ်မောင်းပြီး စစ်တိုက်သလို ခံစားမှုမျိုးပေးစွမ်းနိုင်မယ့် PC Game

Ace Combat Assault Horizon: Enhanced Edition PC Game ( 7 GB )

မိမိကိုယ်တိုင် တစ်ကယ့်တိုက်လေယာဉ်မောင်းပြီး စစ်တိုက်သလို ခံစားမှုမျိုးပေးစွမ်းနိုင်မယ့် PC Game ဖြစ် ပါတယ်.. ရုပ်ထွက်လည်း အင်မတန်ကောင်းပါတယ်..ကြည်လဲကြည်ပြီး Memory 2 GB , Graphic 1 GB ( Build In ) , တို့မှာကောင်းကောင်းကစားနိုင်ပါတယ်... မြို့တွင်းသို့ကျူးကျော်ဝင်လာတဲ့ ရန်သူ့တိုက်လေ

ယာဉ်များကို မိမိကိုယ်တိုင် တိုက်လေယာဉ်မောင်းပြီး လိုက်လံပစ်ချရမှာဖြစ်ပါတယ်.. မိမိအနောက်မှာ ရန်သူ

က ဒုံးနဲ့လိုက်ပစ်လို့ မိမိပြေးနေတဲ့အချိန် ရုတ်တရက် မိမိလေယာဉ်ကို နောက်ပြန်ဂျွမ်းထိုးပြီး ရန်သူကိုသား ကောင်ပြန်ဖြစ်စေတဲ့ စနစ်.. ပစ်ကွင်းအတွင်းသို့ဝင်လာသည့် တိုက်လေယာဉ်များကို GPS စနစ်ဖြင့်အတိအကျချိန်ပြီးပစ်ချနိုင်သည့်စနစ်.. လိုက်ဒုံးခွင်းသည့်စနစ်.. ရန်သူလေယာဉ်များဖြင့် ရှုပ်ထွေးပြီး

ချောင်ပိတ်မိနေစဉ် လေယာဉ်ကိုယ်ထည်ကိုစင်္ကြာလိုလှည့်ပြီး ပတ်ပတ်လည်ပစ်နိုင်သည့် ဒုံးပွားစနစ် စသည့်

အက်ရှင်ကောင်းများဖြင့် ကစားရသည့် ဂိမ်းဖြစ်ပါတယ်..ကြမ်းချက်က 9 လောက်ရှိပါတယ်.ဝေဟင်ချစ်သူများ အကြိုက်တွေ့ကြမှာသေချာပါတယ်.. ကျွန်တော်ကိုယ်တိုင်လဲ ဆော့နေပါတယ်.. ခဏခဏ ပစ်ချတာခံရပါတယ်.. ပြည်တွင်းမှာမေးဝယ်လဲရပါတယ်... ဆော့ချင်သူများ....


Download Here ! 



 
http://bluenavyblog.blogspot.com/2014/02/ace-combat-assault-horizon-enhanced.html

Laminmaung

လူငယ်များတွင် အသံအိုးကင်ဆာဖြစ်ပွားမှုမှာ များပြားနေ

လူငယ်များတွင် အသံအိုးကင်ဆာဖြစ်ပွားမှုမှာ များပြားနေပြီး နှာစေး၊ ချောင်းဆိုး အအေးမိသည့်ရောဂါများ မကြာခဏ ဖြစ်ပွားတတ်သူများနှင့် အရက်၊ ဆေးလိပ် သောက်သုံးသူများဖြစ်

ထွယ်ဆန်အောင်

လူငယ်များတွင် အသံအိုးကင်ဆာ ဖြစ်ပွားမှုမှာ များပြားနေပြီး နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် အအေးမိခြင်း စသည့်ရောဂါများ မကြာခဏ ဖြစ်ပွားတတ်သူများနှင့် အရက်၊ ဆေးလိပ် သောက်သုံးမှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆေးရုံကြီး (ရန်ကုန်) သို့ ဆေးကုသမှု လာရောက်ခံယူသူများအနက် အသံအိုးကင်ဆာ ဖြစ်ပွားမှုမှာ ဒုတိယအများဆုံး ဖြစ်နေပြီး အသက်ကြီးပိုင်းနှင့် လူငယ်ပိုင်းများတွင် ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်းနှင့် ဖြစ်ပွားမှုနှုန်းကို ကြည့်မည်ဆိုပါက လူငယ်များတွင် ဖြစ်ပွားမှုပိုမိုကြောင်း သိရသည်။

“ဆေးရုံမှာ လာပြတဲ့လူနာတွေထဲမှာ ၂၀၁၃ ခုနှစ်က စာရင်းတွေအရ လည်ပင်းကြီးရောဂါပြီးရင် အသံအိုးကင်ဆာက အများဆုံးဖြစ်နေတယ်။ လည်ပင်းကြီးရောဂါက သက်ကြီးပိုင်းမှာဖြစ်တယ်။ အသံအိုးကင်ဆာကကျတော့ သက်ကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေမှာ ဖြစ်ပွားပြီးတော့ အရက်၊ ဆေးလိပ် ပိုမိုသောက်သုံးတဲ့သူတွေ၊ အသံအိုး မကြာခဏ ရောင်ပြီးတော့ အအေးမိတာတွေ၊ နှာစေး၊ ချောင်းဆိုးတွေ မကြာခဏ ဖြစ်တဲ့သူတွေ၊ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရောဂါ ခဏခဏ ဖြစ်ရတဲ့သူတွေမှာ အဖြစ်များတယ်။ အထူးသဖြင့် လူငယ်ပိုင်းတွေမှာ ပိုဖြစ်တယ်” ဟု နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီး (ရန်ကုန်) မှ ဆေးရုံအုပ် ဒေါက်တာဝင်းအောင်က ပြောကြားသည်။

အသံအိုးကင်ဆာ ဖြစ်ပွားမှုကြောင့် ခွဲစိတ်ကုသမှု ခံယူသူမှာ ၂၀၁၂ ခုနှစ်တွင် ၅၄၀ ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၅၈၂ ထိရှိခဲ့ကြောင်း သိရသည်။

နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆေးရုံကြီး (ရန်ကုန်) တွင်၂၀၁၃ ခုနှစ်အတွင်း ခွဲစိတ်ကုသမှု ခံယူသည့် လူနာများတွင် အဖြစ်အများဆုံး ရောဂါများမှာ လည်ပင်းကြီးရောဂါ ခွဲစိတ်ကုသသူဦးရေ ၆၀၀ ကျော်၊ အသံအိုးကင်ဆာဖြစ်ပွားသူ ၅၀၀ ကျော်၊ အာသီးရောင်ရောဂါ ခွဲစိတ်ကုသသူဦးရေ ၄၀၀ ခန့်နှင့် နားပြည်ယိုရောဂါဖြစ်ပွားသူ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း ပြင်ပလူနာဌာနတွင် လာရောက်ပြသသူဦးရေ စုစုပေါင်း ၅၉၀၀၀ ခန့်ရှိကြောင်း၊ အကြီးစားခွဲစိတ်မှု ၈၀၀ ကျော်၊ အသေးစားခွဲစိတ်မှု ၂၀၀၀၊ အရေးပေါ်လူနာ ၈၅၀၀ ကျော်ရှိကြောင်းနှင့် သေဆုံးသူဦးရေ ခုနစ်ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီး (ရန်ကုန်)အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆေးနှင့်ဆေးပစ္စည်း ၀ယ်ယူရန် သိန်း ၄၀၀ ကျော်သုံးစွဲခဲ့ကြောင်းနှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဆေးနှင့်ဆေးပစ္စည်း ၀ယ်ယူရန် ကျပ်သိန်း ၂၂၅၀ ကျော် သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီး(ရန်ကုန်)ကို ၂၀၀၀ ပြည့်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ခုတင် ၁၅၀ ဆံ့ ဆေးရုံကြီးဖြစ်ကြောင်း သိရသည်။


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351

ချွေးပေါက်ကျယ်ခြင်း နှင့် ကုသနည်း



ချွေးပေါက်ကျယ်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ချွေးပေါက် ပိတ်ခြင်း၊ အဆီပြန်တဲ့ အသားအရေ ထိန်းသိမ်းမှု မရှိခြင်း၊ ဈေးကွက်မှာ တန်ဖိုးနည်း အလှကုန်အသုံးအဆောင်များ အသုံးများခြင်း တွေကြောင့် လဲဖြစ်နိုင်သလို အသက်အရွယ်ကြောင့်လဲဖြစ်နိုင်ပါတယ်..

ချွေးပေါက်ကျယ်တာကလည်း မိန်းကလေးတွေ အတွက် ဒုက္ခတစ်မျိုးပဲ မဟုတ်ပါလား။ မှန်ထဲကြည့်လိုက်ရင် ချောမွေ့ မှုံညက်တဲ့ အသားအရည်မျိုး ဖြစ်နေချင်တာ အားလုံးဖြစ်ခြင်တဲ့ ဆနတစ်ခုပဲမဟုတ်ပါလား။
ချွေးပေါက်ကျယ်ခြင်းကို အဆီပြန်တတ်တဲ့ နေရာတွေကတော့ နှခေါင်းနားတ၀ိုက်၊ နဖူးနှင့် မေးစေ့နားတွေမှာ တွေ့ရတာများပါတယ်။

ချွေးပေါက်လေးတွေက ခန္ဒာကိုယ်က မလိုအပ်တဲ့ အညစ်အကြေး၊ ချွေးတို့ကို စွန့်ထုတ်ပေးသလို အသားအရေ စိုပြေလန်းဆန်းဖို့အတွက် အဆီကိုလည်း ထုတ်ပေးပါတယ်။ အဲဒါကြောင့် အသားအရေ ခြောက်တဲ့သူတွေဟာ စိုပြေတဲ့သူတွေ ထက် ပိုပြီး အိုမင်းရင့်ရော်လွယ်စေပါတယ်

ချွေးပေါက်ကျယ်တာက မျိုးရိုးလိုက်တတ်သလို အရေပြားထဲမှာ အဆီ၊ ချေး၊ ဖုန် လေးတွေ ပိတ်မိနေတာက ချွေးပေါက်ကို ပိုပြီးကျယ်စေပါတယ်။ ချွေးပေါက်ကျယ်တဲ့သူတွေဟာ သာမန်ထက်ပိုပြီး အဆီပြန်နိုင်၊ ဝက်ခြံပိုထွက် နိုင်ချေရှိပါတယ်။

ကုသနည်း
-------

၁။ မျက်နှာကို ညစဉ် မိမိအသားအရေနဲ့ ကိုက်မယ့် facial foam နဲ့ မျက်နှာသစ်ပါ။ အရင်ဆုံးကို ရေကြက်သီးနွေးလေးနဲ့သစ်ပေးပါ။ အဲဒါက ချွေးပေါက်ကို ခနကျယ်စေပြီး အဲဒီ ချွေးပေါက်ထဲမှာပါတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ပြီးမှ ရေအေးနဲ့ပြန်သစ်ပေးရင် သန့်စင်ပြီးသားချွေးပေါက်လေးတွေ ပြန်ပြီးကျဉ်းစေပါတယ်။

၂။ Toner သုံးပါ။ Toner သုံးတာက ချွေးပေါက်ဘေးက ကြွက်သားလေးတွေကို တင်းပေးတာကြောင့် ချွေးပေါက်ကို မသိသာစေတော့ပါဘူး။ ဒါ့အပြင် အထဲမှာ ကပ်ငြိနေတာတွေကိုလည်း ဖယ်ရှားပေးပါတယ်။ နောက်ထပ်လိမ်းမယ့် skincare ကို မျက်နှာမှ စုပ်ယူမှုပို အားကောင်းစေပါတယ်။

၃။ Oil free products များကို မှီဝဲပါ။ အဆီပါတဲ့ အလှကုန် ပစ္စည်းတွေဟာ ချွေးပေါက်ကို ပိုပြီး ထင်ရှားစေပါတယ်။

၎။ ဗိုက်တာမင် စီ နဲ့ ဗိုက်တာမင် အေ ပါတဲ့ အစားအသောက်ကို စားပေးပါ။ Retin A လို့ ခေါ်တဲ့ Vitamin A လိမ်းဆေးက အဆီပြန်တာ လျှော့ချပေးသလို ဝက်ခြံကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။ ဗိုက်တာမင် စီ ကတော့ ချွေးပေါက် အရွယ် အစားကို ကျဉ်းပေးပါတယ်။ မကောင်းတဲ့ အချက်က မျက်နှာ နီပြီး အသားအရေ ခြောက်သွေ့စေပါတယ်။

၅။ နေရောင်ဒဏ်မှ ကာကွယ်ပါ။ နေရောင်ကြောင့် အသားအရေပျက်စီးပြီး ချွေးပေါက်ကို ပိုကြီးစေနိုင်ပါတယ်။

၆။ Perricone MD Intensive Pore Minimizer L'Oreal Skin Genesis Pore Minimizing Skin အစရှိတဲ့ Pore minimizing product တွေကို လည်း အသုံးပြုနိုင်ပါတယ်။

၇။ Facial Mask::: အိမ်မှာပြုလုပ်နိုင်တဲ့ လွယ်လွယ်ကူကူ နည်းလေးရှိပါတယ်။ မနက်ဖြန် အပြင်သွားမယ်ဆို ဒီနေ့လုပ်လို့ရပါတယ်။

ရေခဲအိတ်ကပ်ခြင်း
--------------------
ဒါကတော့ အရမ်းလွယ်ပါတယ်။ ရေခဲတုံးလေးတွေကို ချည်သားအ၀တ်သန့်လေးနဲ့ ထုတ်ပြီး မျက်နှာကို ကပ်ပေးခြင်းပါ။ ချွေးပေါက်ကျယ်ခြင်း နှင့် အဆီပြန်ခြင်းကို သက်သာစေပါတယ်။

ပျားရည် နဲ့ကုသခြင်း
-------------------------

ပျားရည် သံပုရာရည် ရောပြီး ၅မိနစ်လောက် မျက်နှာပေါ်တွင် လိမ်းပြီး ဖွဖွ နှိပ်ပေးပါ။ ပြီးရင် ရေနွေးနွေး နဲ့ သစ်ပေးပါ။ ချွေးပေါက် မှာ ပိတ်နေတဲ့ အညစ်အကြေးများကို သန့်စင်စေပြီး၊ ချွေးပေါက်ကျယ်ခြင်း နှင့် အဆီပြန်ခြင်းကိုပါ သက်သာစေပါတယ်။

ခရမ်းချဉ်သီး နှင့် သခွားရည်
-------------------------------
ခရမ်းချဉ်သီး၊ သခွားရည် နှင့် ဆားအနည်း ရောမွေပြီး မျက်နှာပေါ်တွင် လိမ်းပြီး မိနစ်၂၀ထားပေးခြင်းအားဖြင့် ချွေးပေါက်ကျယ်ခြင်းကို သက်သာစေသလို အသားအရေကိုလဲ ဖြူဖွေး လှပလာ စေပါတယ်။

ပျားရည် နှင့် ကွေကာအုတ်
-----------------------------
ပျားရည် ၂ဇွန်း ၊ နို့မှုန့် ၂ဇွန်း နှင့် ကွေကာအုတ် ၅ဇွန်းကို ရောပြီး ၁ပတ် ၂ကြိမ်လိမ်းပေးခြင်းကလဲ ချွေးပေါက်ကျယ်ခြင်းကို သက်သာပျောက်ကင်းစေပြီး လှပနုပြီလာပါလိမ့်မယ်။

ချွေးပေါက်ကျယ်တာကို အမြဲပျောက်အောင် ကုသတဲ့ ဆေးတော့ မရှိသေးပါဘူး၊ လျော့နည်းအောင်ပဲ ကူညီပေးနိုင်ပါတယ်။ နောက်ဆုံးပေါ် Laser နှင့် chemical peeling နည်း တွေကတော့ ချွေးပေါက်ကို ကျဉ်းစေပြီး အသားအရေကို ချောမွေ့စေပါတယ်။ 



https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186583

အောက်ပါ ရောဂါရှိသူ မိမိချစ်သူကို ကိုယ်ဝန် တားဆေး မတိုက်ပါနှင့်

                    
အောက်ပါ ရောဂါရှိသူများ ပဋိသန္ဓေ တားဆေး မစားသင့်ကြောင်း ကျန်းမာရေး သုတေသီများ၏ လေ့လာတွေ့ရှိချက် များအရ သိရှိရသည်။
အောက်တွင် ဖော်ပြရေးသားမည့် ရောဂါရှိသူများ ပဋိသန္ဓေတားဆေး သုံးစွဲရန် မသင့်ပေ။

(၁) သွေးပြန်ကြော ပိတ်ရောဂါ၊ ဦးနှောက် သွေးကြောကျဉ်း ရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊

(၂) သားမြတ်ကင်ဆာ ရောဂါရှိသူ

(၃) ဟိုမုန်း(Esirogen)မတည့်သော အကျိတ်ကင်ဆာရောဂါ၊

(၄) အကြောင်းမဲ့ မကြာခဏ သွေးဆင်းရောဂါ၊

(၅) ကိုယ်ဝန်ရှိသည်ဟု သံသယ ဖြစ်နေသူ၊

(၆) အသည်းရောဂါ အမျိုးမျိုးရှိနေသူ ဖြစ်နေသူများသည် ပဋိသန္ဓေ တားဆေးကို သုံးစွဲရန် မသင့်ကြောင်း သတိပြုစေချင် ပါသည်။

ဆေးအန္တရာယ် အကြောင်း
---------------------------
(၁) ပဋိသန္ဓေ တားဆေးကြောင့် သွေးပြန်ကြော ပိတ်ခြင်း၊ သွေးပြန် ကြောအတွင်း သွေးခဲခြင်းတို့ ဖြစ်တတ် သည်။ ဆေးသုံးစွဲ သူများတွင် ဤကဲ့သို့ ဖြစ်ရန် ၂ ဆမှ ၁၁ ဆအထိ အန္တရာယ် ပိုမိုကြောင်း သိရသည်။ ဦးနှောက်တွင်း သွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းမှာ သုံးစွဲသူများတွင် ၂ ဆပိုမိုဖြစ်တတ်သည် နှလုံးသွေး ကြောကျဉ်း ရောဂါနှင့် နှလုံးသွေးကြော ပိတ်ရောဂါများလည်း ဆေးသုံးစွဲသူများတွင် ပိုမိုဖြစ်တတ်သည်။ အထူးသဖြင့် အသက်(၃၅)နှစ် ကျော်ပြီး ဆေးလိပ် သောက်သူ၊ သွေးတိုးရှိသူ၊ ဝလွန်းသူနှင့် ဆီးချိုရောဂါ ရှိသူများတွင် ပိုမိုအန္တရာယ်များ ပါသည်။ တားဆေးကို အသက် ၃၅ နှစ်ကျော် အထက် အမျိုးသမီးများ တွင် ဆေးကို ၅ နှစ်ဆက် တိုက်စား လာပါက သွေးကြောကျဉ်းရောဂါ များကြောင့် သေဆုံးမှုမှာ ၁၀ ဆကျော် များပြားလာကြောင်း တွေ့ရသည်။

(၂) မျက်စိအတွင်း ခံအာရုံကြောကို ရောင်စေသည်။ ဆေးသောက် နေစဉ် မျက်စိမှုန်လာခြင်း၊ မျက်ခွံ ကျခြင်းတို့ ဖြစ်ပေါ်လာပါက ဆေးကို ရပ်ပြီး မျက်စိစမ်းသပ်ရန် လိုအပ်သည်။

(၃) ပဋိသန္ဓေတားဆေးကို ကြာရှည်စွာ သောက်သုံးက ရင်သား၊သား အိမ်၊သားဥ အိမ်နှင့် သားအိမ်ခေါင်း ကင်ဆာဖြစ်ရန် အလားအလာ ရှိသည်။

(၄) ပဋိသန္ဓေ တားဆေးကြောင့် အသည်း၊ အကျိတ်လုံး ပေါက်ခြင်း၊ အသည်းရောင်ခြင်း၊ အသည်း မာခြင်းနှင့် အသည်းကင်ဆာ ဖြစ်တတ်ခြင်း။

(၅) သည်းခြေအိတ်ရောင်ခြင်းနှင့် သည်းခြေအိတ် ရောဂါအမျိုးမျိုး တို့ဖြစ်တတ်ကြောင်း တွေ့ရသည်။

(၆) ဆေးသုံးစွဲသူများတွင် သွေးတိုးရောဂါ ဖြစ်နှုန်း များပြားလာကြောင်း သိရသည်။ ပဋိသန္ဓေ တားဆေးကို ၅ နှစ်ဆက်တိုက် သုံးစွဲပါက သွေးတိုး ဖြစ်နှုန်းမှာ ၃ ဆပိုမိုများပြား နိုင်ကြောင်း သိရသည်။

(၇) သွေးဆင်းများခြင်း၊ အနည်းငယ် ဆက်တိုင်ဆင်းခြင်း၊ ရာသီသွေး မလာခြင်းစသော ရာသီသွေး မမှန်သည့် ရောဂါလက္ခဏာများ ပေါ်တတ်။

(၈) ကိုယ်လက်ရောင်ခြင်း၊ ဖောခြင်း၊ ဆေးဖြတ်လိုက်သော်လည်း မြုံသွားခြင်း၊ ရာသီလာစဉ်နာကျင် ကိုက်ခဲခြင်း၊ သားမြတ်ရောင်ခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားယားနာပေါက်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်လှုပ်ရှား လွယ်ခြင်း၊ မျက်စိ တိမ်ကွယ်ခြင်း၊ ဖိုမစိတ်ဆန္ဒ အပြောင်းအလဲ ရှိခြင်း၊ အစားအသောက် ပျက်ခြင်း၊ ခြေလက် ထုံကျဉ်ခြင်း၊ ခေါင်းမူးခြင်း၊ နှာမွှန်ခြင်း၊
မောပန်းလွယ် ခြင်း၊ခါးကိုက်ခြင်း၊ နှုတ်ခမ်းမွေးများ ပေါက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ယားယံ ခြင်း၊ အရေပြား အောက်သွေးယိုခြင်း၊
သွေးအားနည်းခြင်း၊ ဝမ်းကိုက်ခြင်း၊ သွားဖုံးရောင်ခြင်းနှင့် အဆစ်အမြစ် ရောင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

အားလုံး စိတ်ချမ်းသာ ကိုယ်ကျမ်းမာ ရှိနိုင်ကြပါစေ 


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

စိတ်ဖိစီးသူများနှင့် ဝိတ်ကျချင်သူများ ရေကူးပါ




အမျိုးသား၊ အမျိုးသမီး ၊ ကိုယ်ဝန်နုစဉ်မှာလဲ တချို့ရေကူးလေ့ရှိပါတယ် (သို့) ကလေးလူကြီး အသက်အရွယ် မရွေး မည်သူမဆို လုပ်ဆောင် နိုင်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်လို့ အဆင်ပြေစေမှာပါ။ ရေမကူးတတ် သူများလည်း အလွယ်တကူ သင်ယူနိုင်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ နောက် အခန်းများတွင်လဲ ရေကူးသင် နည်းလမ်းတချို့ ဖော်ပြပေးသွားပါမယ်။

ရေကူးခြင်းကြောင့် ကယ်လိုရီ တစ်နာရီ ၅၀၀ လောင်ကျွမ်းစေပြီး ၊ Metabolism rate ကိုလဲ မြင့်တတ်စေပါတယ်။ ထိုပြင် ခနာကိုယ် ကြွက်သားတည်ဆောက်မှုမှာလဲ အထောက်အကူပြုခြင်း နှင့် ခနာကိုယ် သိပ်မပင်ပန်းပဲ အသက်အရွယ်မရွေး လေ့ကျင့်နိုင်တာကြောင့် အပြေးလေ့ကျင့်သူတွေထက် အဆစ်အမြစ် နာကျင်ထိခိုက်မှု ပိုမိုသက်သာပါတယ်။ ရေကူးလေ့ကျင့်ခန်း အမြဲလုပ်ခြင်းအားဖြင့် လက်ရှိအသက်ထက် ၂၀လောက် ပိုငယ်တယ်ကြတယ်လို့သိရှိရပါတယ်။

ရေကူးခြင်းကြောင့် အဆီကျခြင်း၊ ဗိုက်၊ ခါး ၊ တင်ပါး ရှိအဆီများကို ပါကျစေပြီး၊ တကိုယ်လုံး ကျစ်လျစ် သွယ်လျစေတဲ့အတွက် ဝိတ်ကျချင်သူများ အတွက် အထောက်အကူပြုနိုင်ကြောင်း သိရပါတယ်။ နောက်ပြီး စိတ်ဖိစီးမှု၊ စိတ်အပန်းပြေစေချင်သူများ အနေနဲ့ ရေကူးခြင်း လေ့ကျင့်ခန်းကို ပြုလုပ်သင့် ပါတယ်။ ရေကူးခြင်းက အဆုတ်နှင့် နှလုံး ကြွက်သားများ အတွက် သန်မာစေနိုင်ပါတယ်။

ရေကူးခြင်းဟာ ခန္ဓာကိုယ် တစ်ခုလုံးနှင့် သက်ဆိုင်တဲ့ လေကျင့်ခန်းဖြစ်လို့ အထိုင်များသူများ ပြုလုပ်သင့် ပါတယ်။ အမောဖောက် သူများ ရေကူးခြင်း လေ့ကျင့်ခန်းကို လုပ်ပါက အမောဒဏ်ကို ခံနိုင်စေမှာပါ။ ဒါကြောင့် ရေကူးခြင်းဟာ ဝိတ်ကျမှုကို အထောက်အကူ ပြုစေနိုင်ရုံသာ မကဘဲ အခြားသော အကျိုးကျေးဇူး များစွာရရှိလို့ လိုက်စားသင့်သော လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။

ပန်းသီးစေ့တွေရဲ့ အန္တရာယ်။


                             
တစ်နေ့ပန်းသီးတစ်လုံးစားခြင်းဖြင့် ဆရာဝန်နဲ့တွေ့ဖို့မလိုဘူးဆိုတာ ပန်းသီးအသား
အတွက်မှန်နိုင်ပေမဲ့ ပန်းသီးစေ့အတွက်တော့ မမှန်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပန်းသီး စေ့တွေမှာ
cyanogenic glycosides ခေါ်တဲ့ အဆိပ်တွေ ပါရှိနေတဲ့အတွက်ပါ။ လုံလောက်တဲ့ ပန်းသီးစေ့တွေ
စားမိရင်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ တကယ်လို့ ခလေးတွေကိုပန်းသီးကျွေး မယ်ဆိုရင်
အစေ့တွေထုတ်ပြစ်ဖို့လိုပါမယ်။ ဒါမှမဟုတ် အူတိုင်အထိကိုက်စားမယ်ဆိုရင်လည်း အစေ့ တွေထုတ်ထားဖို့
လိုပါလိမ့်မယ်။

ဟိုတလောက မိခင်ဖြစ်သူက သနပ်ခါးပေနေတဲ့လက်နဲ့ခလေးကိုပန်းသီးကျွေးရာ ခလေး
သေဆုံးသွားကြောင်း၊ ဖခင်ဖြစ်သူက သနပ်ခါးနဲ့ ပန်းသီးမတဲ့လို့ ခလေးအဆိပ်ဖြစ်တယ်လို့ မသင်္ကာတဲ့
အတွက် သနပ်ခါးနဲ့ ပန်းသီးတွဲစားကြည့်ရာ ဖခင်ပါသေဆုံးသွားတယ်ဆိုတဲ့ ကြေကွဲ ဖွယ်သတင်းတစ်ခုကို
ဘလောက်တစ်ခုမှာဖတ်လိုက်ရပါတယ်။ အဲ့ဒီဘလောက်ကိုပြန်ရှာတာမတွေ့ တော့ပါဘူး။ ကျမ
အထင်တော့ ပန်းသီးစေ့တွေစားမိလို့ လို့ ထင်ပါတယ်။

ပန်းသီးအပြင် ချယ်ရီသီး၊မက်မွန်သီး၊သစ်တော်သီး၊မက်မန်း၊တရုပ်ဆီးသီးစေ့များမှာလည်း
cyanogenic glycosides အဆိပ် ပါရှိပါတယ်။

Myawady News


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35101

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်

                            

ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၄ ခုနှစ်

ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်းသိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။

◘◘နည်းလမ်း(၁)◘◘

ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။

အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။

User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။

◘◘နည်းလမ်း(၂)◘◘

ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

◘◘နည်းလမ်း(၃)◘◘

ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။

ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။

သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။

ကိုဥာဏ်မွန်(နည်းပညာစုစည်းမှု)
 

ဘဝဆက်တိုင်း ယောက်ျားလေးဖြစ်ချင်သူ မိန်းကလေးများအတွက်



အမျိုးကောင်းသား ယောက်ျားတစ်ဦးဖြစ်ရန် အမျိုးသမီးများ
လိုက်နာကျင့်ကြံရမည့် တရားများမှာ-

(၁) ရတနာသုံးပါးတို့၌ ကြည်ညိုခြင်း၊
(၂) ငါးပါးသီလကို ဖြည့်ကျင့်ခြင်း၊
(၃) အမျိုးသမီးအဖြစ်၊ မိန်းမအဖြစ်ကို မနှစ်သက်ခြင်း၊
(၄) အမျိုးသားအဖြစ်၊ ယောကျာင်္းအဖြစ်ကို နှစ်သက်ခြင်း၊

ဟူသော တရားလေးပါးကို လိုက်နာကျင့်ကြံရမည်။ ရတနာ
သုံးပါးကြည်ညိုရမည်ဟုဆိုရာတွင် -ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာ
ဂုဏ်တော်ကိုးပါးတို့၌ ဉာဏ်သက်ဝင်ကာ ယုံကြည် ကြည်ညိုရမည်ကို ဆိုလိုသည်။

ငါးပါးသီလကို ဖြည့်ကျင့်ရမည်ဟု ဆိုရာတွင် ငါးပါးသီလ၏
အကျိုးနှင့် အပြစ်ကို သိ၍လုံခြုံအောင် စောင့်ထိန်း ဖြည့်ကျင့်
ရမည်ကို ဆိုလိုခြင်း ဖြစ်သည်။

အမျိုးသမီးအဖြစ်၊ မိန်းမအဖြစ်ကို မနှစ်သက်ခြင်းဟု ဆိုရာတွင်
မိန်းမအဖြစ်၌ တည်ရှိပါက စကြ၀တေးမင်း၊ သိကြားမင်း၊
ဗြဟ္မာမင်းတို့၏ စည်းစိမ်ကို မရနိုင်။

ပစ္စေကဗုဒ္ဓါ၊ သဗ္ဗညု မြတ်စွာဘုရားအဖြစ်ကို မရနိုင်။ ထို့ကြောင့်
အမျိုးသမီးအဖြစ်၊ မိန်းမအဖြစ်ကိုမလိုချင်၊မနှစ်သက်ခြင်းရှိနေရမည်။ ထိုကဲ့သို့ မနှစ်သက်ခြင်းသည်ပင်အမျိုးကောင်းသား ယောက်ျားဖြစ်ဖို့ရာ အကြောင်းတစ်ပါး ဖြစ်၏။

အမျိုးသား ယောကျာင်္းအဖြစ်ကို နှစ်သက်ခြင်းဟု ဆိုရာတွင်
အမျိုးသား ယောကျာင်္းအဖြစ်၌တည်ရှိပါက စကြ၀တေးမင်းမှ အစ နောက်ဆုံး သဗ္ဗညု မြတ်စွာဘုရားတိုင်အောင် ဖြစ်နိုင်သည်။ ထိုမွန်မြတ်သော ဘ၀များကို ရနိုင်သော အမျိုးသား
ယောကျာင်္းအဖြစ်ကို နှစ်သက်စိတ်ရှိရမည်။

မြတ်စွာဘုရားလက်ထက်တော်အခါက ဤအမျိုးသား ယောက်ျား
ဖြစ်ကြောင်း တရားလေးပါးကိုလိုက်နာကျင့်ကြံ၍ ဒုတိယဘ၀၌အမျိုးသမီးအဖြစ်မှ အမျိုးသား ယောကျာင်္းအဖြစ်ကိုရောက်သွားသော သာဓကများ ရှိသည်။

အခါတစ်ပါး ကပ္ပိလ၀တ်ပြည်သူ ဂေါပိကာအမည်ရှိ သာကီဝင်
မင်းသမီးသည် ဘုရား၊တရားအလွန်ကြည်ညိုသည်။ ငါးပါးသီလ လုံအောင် စောင့်သည်။ အမျိုးသမီးအဖြစ်ကို မနှစ်သက်။အမျိုးသားယောကျာင်္းအဖြစ်ကို နှစ်သက်သည်ဖြစ်၍ ရဟန်းတော်
သုံးပါးကို ပြုစုလုပ်ကျွေးလျှက် နေသည်။ ဂေါပိကာ ကွယ်လွန်သောအခါ ဒုတိယဘ၀တွင် တာဝတိံသာနတ်ပြည်၌သိကြားမင်း၏ သားတော် ဂေါပကနတ်သား ယောကျာင်္းဖြစ်ရလေ၏။

ထိုသာဓကကို ထောက်ထား၍ အမျိုးသမီးတို့သည် ဤတရား
လေးပါးကို ပြည့်စုံအောင်ကျင့်နိုင်သော် ဒုတိယဘ၀၌ ယောကျာင်္းကောင်းစင်စစ် ဖြစ်နိုင်သည်။
 ယောကျာင်္းဘ၀ရပြီးသောအခါတွင်လည်း အရင်ဘ၀က တောင်းခဲ့သော ဘုရားဆုပြည့်ကြောင်း
ပါရမီကို ဖြည့်ကျင့်ပါက ဘုရားအဖြစ်ကို ရောက်နိုင်သည်။ သို့ဖြစ်၍ အမျိုးသမီးများလည်းဘုရားဖြစ်ရန် ဆုထူးပန်နိုင်ကြပေသည်။

- (သဒ္ဓမ္မရံသီရိပ်သာ ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ)

ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာ
ဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

မေတ္တာဖြင့် အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
Young Buddhist's Association

ဆီးချိုရောဂါဆိုသည်မှာ


                       
နေ့ စဉ်စားသောက်နေသော အစားအသောက်များ ထဲမှ အချိုဓာတ်များ ကို ထိန်းသိမ်းပေးနိုင်ရန် အတွက် မုန့် ချိုအိတ် (pancreas) သည် အင်ဆူလင် (Insulin) ဟုခေါ်သော ဟော်မုန်းတစ်မျိုးကို ပုံမှန်ထုတ်လုပ်ပေးပါသည်။

မုန့် ချိုအိတ် (pancreas)) မှ အင်ဆူလင် များ လုံလောက်စွာ မထုတ်လုပ်ပေးနိုင်သော အခါ နှင့် ခန္ဓာကိုယ် မှ အင်ဆူလင် များ၏ အစွမ်းကို လက်မခံနိုင်သော အခါများတွင် သွေးတွင်း မှသကြားဓာတ်များ၏ ပမာဏမြင့်တက်လာပါသည်။ ထိုသို့ သွေးတွင်း သကြားဓာတ်မြင့်တက်လာခြင်း နှင့်အတူ မကြာခဏ ဆီးသွားခြင်း၊ မကြာခဏ ရေငတ်ခြင်း၊ မကြာခဏ ဗိုက်ဆာခြင်း စသော လက္ခဏာများပြလာတတ်ပါသည်။ ၄င်းကို ဆီးချိုရောဂါဖြစ်ခြင်းဟုခေါ်ဆိုပါသည်။

ပုံမှန် လူတစ်ယောက်တွင် အစာမစားမီ ရှိရမည့် သွေးတွင်း သကြားဓာတ်ပမာဏမှာ 100 mg/dl အောက်ဖြစ်ပြီး၊ အစာစားပြီး နှစ်နာရီကြာတွင် ရှိရမည့် သကြားဓာတ်ပမာဏ မှာ 140 mg/dl အောက်ဖြစ်သည်။ ကျန်းမာသော သူများတွင် သကြားဓာတ်မှာ ထို ပမာဏ များထက်ပင် နည်းတတ်ပါသည်။ အကယ်၍ အစာမစားမီ အချိန်တွင် သွေးတွင်း သကြားဓာတ်မှာ 120 mg/dl အထက်ရှိနေလျှင်သော်လည်းကောင်း၊ အစာစားပြီး နှစ်နာရီကြာသည့် အချိန်တွင် 200mg/dl အထက်ရှိနေလျှင်သော်လည်းကောင်း ဆီးချိုရောဂါ ရှိနေပြီဟု သတ်မှတနိုင်ပါသည်။

ဆီးချိုရောဂါကို အဓိက အားဖြင့် အမျိုးအစား (၃) မျိုးခွဲခြားထားပါသည်။

၁။ အမျိုး အစား (၁) ဆီးချို ရောဂါမှာ မုန့် ချိုအိတ် (pancreas) မှ အင်ဆူလင် များ လုံလောက်စွာ မထုတ်လုပ်ပေးနိုင်သောကြောင့် ဖြစ်သည့် အပြင် ငယ်ရွယ်စဉ် မှာတည်းက ဖြစ်လေ့ရှိသောကြောင့် ၄င်းကို အင်ဆူလင်ကိုမှီခိုသော ဆီးချိုရောဂါ (Insulin-Dependent Diabetes Mellitus) သို့ မဟုတ် ငယ်ရွယ်စဉ်တည်းကဖြစ်တတ်သော ဆီးချိုရောဂါ(Juvenile Diabetes) စသည်ဖြင့် ခေါ်ဆိုကြသည်။ ၄င်းဆီးချိုသမားများ ကို သောက်ဆေးများနှင့် ကုသ ၍ မလုံလောက်သဖြင့် အင်ဆူလင်ထိုးဆေးများ ထိုးပေးရလေ့ရှိသည်။

၂။ အမျိုး အစား (၂) ဆီးချိုရောဂါ မှာ ခန္ဓာကိုယ် မှ အင်ဆူလင် များ၏ အစွမ်းကို လက်မခံနိုင်သောကြောင့် ဖြစ်လေ့ရှိပြီး အသက် ၄၀ကျော်အရွယ် မှစတင်ဖြစ်လေ့ရှိသောကြောင့် ၄င်းကို အင်ဆူလင်ကို မမှီခိုသောဆီးချိုရောဂါ (Non Insulin-Dependent Diabetes Mellitus) သို့ မဟုတ် အရွယ်ရောက်ပြီးမှဖြစ်တတ်သော ဆီးချိုရောဂါ (adult-onset Diabetes) စသည်ဖြင့်ခေါ်ကြပါသည်။ အမျိုးအစား (၂) ဆီးချိုရောဂါမှာ အဖြစ်များသော အမျိုးအစားဖြစ်ပါသည်။ ၄င်းဆီးချိုရောဂါ သမားများကို အစားအသောက်အနေအထိုင် ဆင်ခြင်ခြင်း၊ သောက်ဆေးများ နှင့်ကုသခြင်း တို့ ဖြင့် စတင်ကုသရပြီး အခြေအနေ မထိန်းနိုင်မှသာလျှင် အင်ဆူလင် ထိုးခြင်းများကိုပြုလုပ်ရပါသည်။

၃။ အမျိုးအစား (၃) အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် သွေးတွင်းသကြားဓာတ်မြင့်တက်လာခြင်းကြောင်းဖြစ်လေ့ရှိသောကြောင့် ၄င်းကို ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်သောဆီးချိုရောဂါ (Gestational Diabetes) ဟုခေါ်ကြပါသည်။ ၄င်းဆီးချိုရောဂါမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ၂% မှ ၅% အထိ ဖြစ်လေ့ရှိပြီး ကလေးမွေးပြီးချိန်တွင်ပျောက်သွားလေ့ရှိပါသည်။ ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်သော ဆီးချိုရောဂါမှာ ကုသပျောက်ကင်းနိုင်သော ရောဂါဖြစ်သော်လည်း ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး ဂရုစိုက် ကုသရန်လိုအပ်ပါသည်။ ၄င်းဆီးချိုရောဂါသည်များထဲမှ ၂၀% မှ ၅၀% အထိသည် နောင်တွင် အမျိုးအစား(၂) ဆီးချိုရောဂါသည်များဖြစ်လာနိုင်ပါသည်။

အခြားသောဆီးချိုရောဂါ အမျိုးအစားများမှာ မွေးရာပါဆီးချိုရောဂါ၊ မျိုးရိုးဗီဇ နှင့်ဆိုင်သော အင်ဆူလင်ထုတ်လုပ်မှုချို့ ယွင်းခြင်း၊ စတီးရိုက်( အပြင်းစားအရောင်လျော့ဆေး) များကြောင့်ဖြစ်သောဆီးချိုရောဂါ စသည်ဖြင့် အမျိုးမျိုးရှိတတ်ပါသည်။

မည်သည့် အမျိုးအစားဖြစ်စေကာမူ ဆီးချိုရောဂါရှိသည် ဟု သံသယရှိပါက သေချာစစ်ဆေးပြီး ကုသရန်လိုအပ်ပါသည်။ မကုသပဲထားပါက နောက်ဆက်တွဲ အနေနှင့် နှလုးံရောဂါ၊ နာတာရှည်ကျောက်ကပ်ပျက်စီးမှု၊ မျက်ကြည်လွှာ ပျက်စီးခြင်းများနှင့် ဦးဏှောက်သေခြင်း (Coma) အထိပါဖြစ်နိုင်ပါသည်။

ထို့ ကြောင့် ဆီးချိုရောဂါဖြစ်လာပါက ဂရုတစိုက်ဆေးကုသမှု၊ ဂရုတစိုက်နေထိုင်စားသောက်မှု၊ သွေးပေါင်ချိန်ထိန်းသိမ်းမှု များအပြင် ဆေးလိပ်သောက်ခြင်း နှင့် အရက်သောက်ခြင်းများကိုပါရှောင်ကျဉ်ပြီး အ၀လွန်ခြင်းမဖြစ်ရန်အတွက်ပါ ဂရုစိုက်သင့်ပါသည်။

မေသူ-သံတွဲ ( ဆေးဝါးတက္ကသိုလ်)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351

မဖြစ်နိုင်တာလား မဖြစ်ချင်သေးတာလား



ဒီအဖြစ်အပျက်ကလေးကတော့ အင်ဂျင်နီယာ John Roebling က နယူယော့ခ်က ဘရွတ်ကလင်းတံတားကို တည်ဆောက်ခဲ့စဉ်က တကယ့်အဖြစ်အပျက်လေးပါ။

၁၈၇၀ ခုနှစ်မှာ နယူးယော့ခ်ကနေ ကျွန်းတစ်ကျွန်းကို သွားဖို့ တံတားထိုးဖို့ ကြံစည်မိပါတယ်။ သူဟာ အဲဒီတံတားကို ဆောက်လုပ်ဖို့ ပြင်ပေမယ့် ဘယ်သူကမှ ဒီတံတားဆောက်လို့ရမှာ မဟုတ်ဘူးလို့ ၀ိုင်းကန့်ကွက်ကြပါတယ်။ အဲဒီခေတ်တုန်းက သူဆောက်မယ့်တံတားရဲ့ အရှည်ဟာ အလွန်ရှည်လျားပြီးတော့ မဖြစ်နိုင်ဘူးလို့ပြောကြတဲ့အပြင် မြေသားအခြေအနေကလဲ တော်တော်ဆိုးရွားပါတယ်။

မကြာပါဘူး သူနဲ့ သူရဲ့ဟားဟာ သူတို့အိပ်မက်ဖြစ်တဲ့ ဒီတံတားကို စတင်ဆောက်လုပ်ကြပါတယ်။သူ့သားကတော့ ၀ါရှင်တန်လို့ခေါ်ပါတယ်။ တံတားဆောက်ရင်း ဂျွန်ဟာ ဆောက်လုပ်ရေးမှာ မတော်တဆဖြစ်ပါတယ်။ အားလုံးကလဲ အရူးသားအဖပေါ့ မဖြစ်နိုင်တာကို လျှောက်လုပ်နေတယ်ပေါ့။ တစ်ချို့ကလဲ ရေထဲကနေ လှေနဲ့သွားချင်ရင် ရတာကို လျှာရှည်တယ်ပေါ့။ဆေးရုံတက်နေရင်းနဲ့ ဂျော့ဟာ အလျော့မပေးဘဲ တံတားဆောက်ဖို့ကိုသာ အားသန်နေပြီးတော့ ရှိသမျှ ငွေအား လူအား စိုက်ထုတ်ပြိးတော့ ဆောက်လုပ်တာ ၁၃ နှစ်အကြာမှာတော့ တံတားကြီး လုံးဝပြီးစီးသွားပါတယ်။ မြို့သူမြို့သားတွေလဲ အလွန်လှပပြီး ရှည်လျားတဲ့ တံတားမို့ အံအားသင့်နေကြပါတယ်။ ယခင်က ၃ နာရီလောက်သွားခဲ့ရတဲ့ တစ်ဖက်ကမ်းကို တံတားကနေဆို ၁ နာရီလောက် မြင်းလှည်းနဲ့ သွားနိုင်တဲ့အတွက် အရမ်းအဆင်ပြေပါတယ်။

အဲဒီတံတားဟာ အခုထက်ထိ ရှိနေပြီးတော့ မပျက်စီးသေးတဲ့ ဂျွန်ရဲ့ အိမ်မက်တံတား ဘရွတ်ကလင်းတံတားအဖြစ် မားမားမတ်မတ် ရပ်တည်နေပါတယ်။

မောင်စိုင်း


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35101

လစာ မရွေးပဲ တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားလို့ တိုးတက်စေပါ



Work.com.mm ကို လာလာပြီး ငြီးငြူကြတဲ့ အလုပ်ရှာသူ လူငယ် အချို့ ရှိပါတယ်။ သူတို့ရဲ့ စကားသံ ကတော့ အလုပ်အတွေ့အကြုံ မရှိလို့ အလုပ်ရ ပါဘူးတဲ့။ အမှန်တော့ အဲ့ဒါ မှားပါတယ်။

"အတွေ့အကြုံမရှိလဲ မြန်မာပြည်မှာ ရနိုင်တဲ့ အလုပ်တွေ အများကြီးပါ"

အလုပ်ခေါ်တာတွေကလည်း အတွေ့အကြုံ ဘယ်နှစ်နှစ်ရှိရမယ်။ ဘာတွေ တတ်ထားရမယ် အစရှိသဖြင့် စုံနေတာပဲဆိုပြီးတော့ ပြောကြပါတယ်။ အဲ့ဒီ လိုအပ်ချက်တွေ တစ်ခုချင်း လိုက်ကြည့်နေရင် မြန်မာပြည်မှာ ဘယ်သူမှ အလုပ်ရတော့မှာ မဟုတ် ပါဘူး။ အလုပ်ခေါ်စာကို ကြည့်ကြည့်ပါ ကိုယ် တကယ် တတ်တာနဲ့ ကိုက်ညီတာ ၅၀ ရာခိုင်နှုန်း လောက် ပါရင်ကို လျှောက်လို့ ရပါတယ်။ ဒါက သက်သက်ပါ။ ယခု ပြောချင်တာက အတွေ့အကြုံ မရှိလို့ အလုပ်မခန့်ဘူးဆိုတဲ့ အချက်ကို ဖြစ်ပါတယ်။

ခန့်ကြ ပါတယ်။ သို့ပေမယ့် နေရာ မတူ ပါဘူး။ ကျောင်းပြီးစ Fresher များကို ဘယ်ကုမ္မဏီကမှ Risk များတဲ့ Position တစ်ခု၊ Level တစ်ခု ချက်ချင်း မပေး ပါဘူး။ နိုင်ငံတကာမှာဆိုရင် ကျောင်းတက်စဉ် Holiday တိုင်းမှာ Internship ရှိတယ်။ ကျောင်းတက်စဉ်လည်း Project တွေ ဆက်တိုက် လုပ်ရတာကြောင့် အလုပ်ဝင်တာနဲ့ ချက်ချင်းပဲ ကုမ္မဏီကလည်း ယုံယုံကြည်ကြည် ရာထူးကြီးကြီး ပေးရဲ၊ အလုပ်အပ်ရဲ ပါတယ်။

မြန်မာပြည်မှာ ကျတော့ တစ်မျိုးပါ။ ကျောင်းတက်စဉ် ကာလက သင်ကြား ထားမှုက စာတွေ့ပဲ ရှိသလို၊ လုပ်ငန်းခွင် ဆိုတာကိုလည်း ကျောင်းပြီးမှပဲ ထိတွေ့ခွင့်ရကြ ပါတယ်။ အဲ့ဒီလို စတင် ထိတွေ့ခွင့် ရသူကို Decision Making level တစ်ခုအထိ ပေးရလောက်အောင် ဘယ် ကုမ္မဏီမှလည်း အရဲ မစွန့် ပါဘူး။

ဒါကြောင့်မို့ ကျောင်းပြီးစ လူငယ်များ၊ အလုပ်စစ လုပ်ကိုင်မယ့် သူများ အနေနဲ့ ပထမဆုံး First Job အတွက် ချည်းမများ၊ အရွေး မထူ စေလို ပါဘူး။ ကိုယ်လျှောက်မယ့် လမ်းမပေါ်က အလုပ်တစ်ခု ဖြစ်နေရင် ဘယ်လို လခနဲ့ပဲ ဖြစ်ဖြစ် ဝင်လုပ်ကို လုပ်သင့်ပါတယ်။ အနည်းဆုံး ၆ လလောက် လုပ်ကိုင်ပြီးမှ ယင်း နယ်ပယ်ကို သိရှိလို့ အလွယ်တကူ ရွှေ့ပြောင်း ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။ ၆ လ နဲ့ မရင့်ကျက်သေးရင်လည်း ၁ နှစ်လည်း လုပ်ရကောင်း လုပ်ရ ပါလိမ့်မယ်။

'လစာနဲ့ ပက်သက်လို့ ပထမဆုံး အရွေးမထူမိ ပါစေနဲ့'

ခေတ်ကာလ အခြေအနေအရ ဒါဟာ အားလုံး ခံစား နေကြရတဲ့ Condition တစ်ခု ဖြစ်ပါတယ်။

တစ်ဆင့်ပြီး တစ်ဆင့် တက်လမ်းသွားတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။ အောင်မြင်သူ အားလုံး ပထမဆုံးခြေလှမ်းက သုညနေ စကြ ပါတယ်။ သူတို့ လက်ရှိ အောင်မြင်နေတာတွေကို ကြည့်ပြီး စိတ်ကူး မယဉ် ပါနဲ့။ တက်ကျမ်း စာအုပ် အများအပြားကလည်း ချမ်းသာ သွားတယ် အောင်မြင် သွားတယ် ဆိုတာချည်းကိုပဲ ကျော်ပြပြီး ကြားထဲမှာ ဘယ်လို ကြိုးစားရမယ်၊ ကျင့်ကြံရမယ် ဆိုတာကို ဖော်ပြတာ နည်းပါတယ်။ ဒါကြောင့်မို့ လူငယ် အများစု လမ်းမှားလိုက်လို့ အလုပ်ရှားနေတာပါ။

အားလုံး နီးစပ်ရာ အတွေ့အကြုံရှိသူ၊ ဝါရင့်သူ၊ စီနီယာများထံက နည်းလမ်း တောင်းပြီးတော့ ကိုယ့်လမ်းကိုယ်လျှောက် ကြိုးစားကြဖို့ တိုက်တွန်း လိုက်ရ ပါတယ်။

အောင်ခမ်း
https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351
Related Posts Plugin for WordPress, Blogger...