စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကံ နဲ့ အကျိုးပေးခွင့်


တစ်ခါတစ်လေတော့လဲ ကံတရားကနားလည်ရအခက်သား ။
ကောင်းကံတွေ ပြုနေပေမယ့် အဆင်မပြမှု တွေနဲ့ချည်းပဲတွေ့နေရ တတ်ပါတယ်။
မကောင်းကံတွေနဲ့ ယှဉ်နေပေမယ့်လဲ ဘာပဲလုပ်လုပ် အဆင်ပြေနေတတ်ပါတယ်။
ဒီအဖြစ်မျိုးတွေက ၀န်းကျင်တိုင်း မှာ တွေ့နေရတာဖြစ်လေတော့ အမြင်အားဖြင့်
သိပ်ပြီးဆန်းလှတယ်လို့တော့ မဆိုနိုင်ပါဘူး။ဒါပေမယ့် ဆန်းတာက ကံရဲ့သဘော တရားပါ။

♦ ဥပမာပဲ ထားပါတော့ ၊
ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့ လူတစ်ယောက်၊မကောင်းကံမှန်သမျှ အကုန်လုပ်နေတယ်၊
ဒါကို သူ့ဝန်းကျင်ကလည်းသိနေကြတယ်၊

ဒါပေမယ့် အဲဒီလူမှာ ချမ်းသာလိုက်တာ မပြောပါနဲ့တော့၊ လုပ်ငန်းကိုင်ငန်းတွေ ကြည့်ဦး မလား၊
အားလုံးချောမွေ့လို့၊ ဘာဆိုဘာမှ အခက်အခဲမရှိ။

ဒါမျိုးတွေမြင်ရတော့ ကိုယ်ပြုနေကျကောင်းကံလေး
အပေါ်မှာတောင် သံသယ၀င်ချင်စရာ၊ကံအပေါ် နားလည်ရ ခပ်ခက်ခက်။

♦ ဟိုး… စောစောပိုင်း ကာလတွေကတော့
မိမိလဲ ဒီအတိုင်းပါပဲ။နောက်ပိုင်းစာတွေဖတ်ရင်း “ သမ္ပတ္တိလေးပါးနဲ့ ၀ိပတ္တိလေးပါး ” အကြောင်း
ဖတ်မိတော့မှာပဲ ထိုက်သင့်သလောက် နားလည်ခဲ့ရပါတယ်။
နားလည်သလောက် ပြန်ရေးပြပရစေဦး။

ကံဆိုတာ ကုသိုလ်ကံနဲ့ အကုသိုလ်ကံဆိုတာရှိပါတယ်၊
ကောင်းကံနဲ့ မကောင်းကံပေါ့၊အဲဒီ ကံနှစ်ခုဟာ ပြုတိုင်းတော့ ပုံသေ အကျိုးမပေးပါဘူး။

သမ္ပတ္တိလေးပါးနဲ့ ကြုံနေရင် မိမိပြုထားတဲ့
အကုသိုလ်ကံဟာ အကျိုးမပေးနိုင်သလို ၊ ၀ိပတ္တိလေးပါးနဲ့ ကြုံနေရင်လဲ မိမိပြုထားတဲ့
ကုသိုလ်ကံက အကျိုးမပေး နိုင်သေးပါဘူး။

♦ “သမ္ပတ္တိ” ရဲ့ အနက်က “ပြည့်စုံခြင်း”၊
♦ “၀ိပတ္တိ” ရဲ့ အနက်က “ချွတ်ယွင်းခြင်း”ပါ။

သမ္ပတ္တိ-လေးပါးဆိုတာက -
••••••••••••••••••••
၁။ ဂတိသမ္ပတ္တိ
၂။ ဥပဓိသမ္ပတ္တိ
၃။ကာလသမ္ပတ္တိ
၎။ ပယောဂသမ္ပတ္တိ

♦ အဲဒီအထဲမှာ “ဂတိသမ္ပတ္တိ” ဆိုတာ လူ့ပြည့် ၊
နတ်ပြည်၊ ဗြဟ္မာပြည်ကိုပြောတာပါ။ ဘ၀ကောင်းကိုရရှိခြင်းပေါ့၊

ဂတိသမ္ပတ္တိမှာဖြစ်နေရင် အကုသိုလ်ကံက
အကျိုးပေးခွင့်မသာတော့ဘူး။ကုသိုလ်ကံရဲ့အလှည့်ရောက် နေပါတယ်။

♦ “ဥပဓိသမ္ပတ္တိ” ဆိုတာက “ရုပ်အဆင်းလှပခြင်း” ကိုပြောတာပါ၊
လောကမှာ ဥပဓိသမ္ပတ္တိကလဲ အရေးကြီးပြန်ပါတယ်၊

အဲဒီ ဥပဓိသမ္ပတ္တိ ကိုရနေရင် အကုသိုလ်ကံ အကျိုးပေးခွင့်မသာတော့ဘူး၊

► သီဟိုကျွန်းမှာ “ဘာတိကမင်း” ဆိုတာရှိပါတယ်။
အဲဒီမင်းက တိုင်းသူပြည်သားတွေကို “နွားသားမစားရဘူး”လို့ အမိန့်ထုတ် ထားပါတယ်၊

နွားသားစားခဲ့ရင် ဖမ်းပြီးဒဏ်ငွေတပ်တယ်။
ဒဏ်ငွေမဆောင်နိုင်ရင် နန်းတော်ထဲကိုခေါ်ပြီး အမှိုက်ကျုံးတာတို့၊ မြေတူးတာတို့ကိုလုပ်ရတယ်။

တစ်နေ့ မိသားစုတစ်စုက တားမြစ်ထားတဲ့ကြားက
နွားသားခိုးစားကြတယ်။ဒီလိုနဲ့ ဘုရင့်ရဲမက်တွေက မိရောဆိုပါတော့။

ဒီတော့ ထုံးစံအတိုင်း ဒဏ်ငွေဆောင်ပေါ့။ဒါပေမယ့် အဲဒီမိသားစုက ဆင်းရဲတော့
ဒဏ်ငွေမဆောင်နိုင်ဘူးတဲ့။

ဒဏ်ငွေမဆောင်နိုင်တော့ နန်းတော်ခေါ်ခဲ့ကြတာပေါ့၊
နန်းတော်မှာက သူတို့မိသားစုတင်မကဘူးတဲ့။သူတို့လိုပဲ နွားသားခိုးစားကြတဲ့ တခြားမိသားစု တွေလဲပါတယ်၊အဲဒီနွားသားခိုးစားတဲ့ သူတွေကို ဒဏ်ပေးတဲ့အနေနဲ့
အမှိုက်သိမ်း၊ မြေတူး၊ မြက်နှုတ်ပေါ့။ဒါကိုဘာတိကမင်းက လေသာပြတင်းက ကြည့်နေပါတယ်၊

စောစောက ပြောခဲ့တဲ့ မိသားစုထဲမှာ
တော်တော်ရုပ်အဆင်းလှတဲ့ ကောင်မလေး ပါတယ်၊နေပူကြဲကြဲမှာ ချွေးသံတရွှဲရွှဲနဲ့ ဒဏ်ထမ်းနေတဲ့
အဲဒီရုပ်လှလှကောင်မလေးကိုမြင်တော့ ဘုရင်က “ဒီရုပ်ရည်နဲ့ ကြမ်းတမ်းတဲ့ အလုပ်တွေ မတန်ဘူး”ဆိုပြီး
မင်းချင်းတစ်ယောက်ကို ခေါ်ခိုင်းလိုက်တယ်၊

“သမာဒေ၀ီ” ဆိုတဲ့ ဘွဲ့ပေးပြီး ဘုရင်က
သူ့အနားမှာခစားဖို့ထားလိုက်တယ်၊သူ့ရဲ့မိသားစုကိုလဲ ဒဏ်ထမ်းနေရာကနေ
လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပြင် အသက်မွေး နိုင်လောက်အောင် ငွေကြေးတွေနဲ့
မ စလိုက်တယ်တဲ့။ဒါ ဥပဓိသမ္ပတ္တိ က အကျိုးပေးလိုက်တာပါပဲ၊

လူတစ်ယောက်ရဲ့ ဥပဓိသမ္ပတ္တိဟာ သူနဲ့နွယ်တဲ့
မိသားစုကိုလဲ အကျိုးပေးသွားတယ်၊

အဲဒီလို “ဥပဓိသမ္ပတ္တိ”နဲ့ ပြည့်စုံနေရင်လဲ
“အကုသိုလ်ကံ”က အကျိုးပေးခွင့် မသာပြန်ပါဘူး။

♦ “ကာလသမ္ပတ္တိ” ဆိုတာက မြတ်စွာဘုရားပွင့်ရာ အခါ၊
စကြာဝတေးမင်းပေါ်ရာအခါ၊ မင်းကောင်းမင်းမြတ်တွေပေါ်ရာအခါ ကိုပြောတာပါ၊

မြတ်စွာဘုရား ပွင့်နေရင် နိဗ္ဗာန်ရောက်ကြောင်းတရားတွေ နာကြားခွင့်ရနေမယ်၊ စကြာဝတေးမင်း ပေါ်နေတဲ့ကာလဆိုရင်လဲ သူ့ဘုန်းကံအလျောက် တိုင်းပြည် ချမ်းသာ ကြွယ်ဝနေမယ်၊
မင်းကောင်း မင်းမြတ်တွေ အုပ်စိုးနေတဲ့ ကာလဆိုရင်လဲတိုင်းသူပြည်သားတွေ စားဝတ်နေရေး ၊
စီးပွားရေးတွေ ပြေလည်နေမယ်၊ ကျန်းမာရေးတွေ ကောင်းနေမယ်၊

ပညာတွေ စိတ်ကြိုက်သင်ခွင့်ရနေမယ်ပေါ့၊
အဲဒီ ကာလသမ္ပတ္တိနဲ့ ပြည့်စုံနေရင်လဲ “အကုသိုလ်ကံ”က အကျိုးပေးခွင့် မသာပြန်ဘူး။

♦ “ပယောဂသမ္ပတ္တိ” ဆိုတာက -
“သတိ၊ ၀ီရိယ၊ ဥာဏ်”တွေနဲ့ ပြည့်စုံနေတာကို ပြောတာပါ၊

လောကမှာ နေသမျှ ကာလပတ်လုံး အမြဲတမ်း သတိရှိနေမယ်၊
သွက်သွက်လက်လက် နိုးနိုးကြားကြားနဲ့ လုံ့လ၀ီရိယရှိနေမယ်၊အရာရာကို နားလည်သဘောပေါက်ပြီး
ထက်မြတ်တဲ့ ဥာဏ်ပညာရှိနေမယ်၊ သတိဝီရိယဥာဏ်တွေယှဉ်ပြီး အားကြီးတဲ့ ကုသိုလ်တွေပြုနေမယ်၊

အဲဒီလိုဆိုပြန်ရင်လဲ အကုသိုလ်ကံက အကျိုးပေးခွင့် မသာပြန်ဘူး၊

လောကမှာ ကြီးပွားချမ်းသာနေတဲ့သူတွေကို
ကြည့်လိုက်ရင် ပယောဂသမ္ပတ္တိဆိုတဲ့ သတိ၊ ၀ီရိယ၊ ဥာဏ် ပညာနဲ့ ပြည့်စုံနေတဲ့သူတွေ

အိပ်ပျော်နေစဉ်အသက်ရှုရပ်ခြင်းကြောင့် သေဆုံးမှုများအား ကာကွယ်ပေးမည့် အလိုအလျောက်အသက်ရှုခြင်းစနစ်


ပြန်ဆိုသူ- World Wide

လေဖြတ်ခြင်းနှင့် ရုတ်တရက်နှလုံးထိခိုက်ခြင်းများကြောင့် အသက်ရူရပ်ဆိုင်းသွားခြင်း ဖြစ်စဉ်များသည် ယခုအခါတွင် ပိုမိုတိုးပွားလာခဲ့ပါသည်။ ထိုသို့ဖြစ်စဉ်များအား ကုသရာတွင် CPAP မျက်နှာစွပ်ကိရိယာအား အသက်ရှုရန်အလို့ငှာ တပ်ဆင်ထားရသော်လည်း ၄င်းကိရိယာအနေဖြင့် လူနာများအတွက် သက်တောင့် သက်သာမရှိလှကြောင်း ကြားသိနေရပါသည်။

ထို့ကြောင့် ဗြိတိန်နိုင်ငံ၏ New England ဟုခေါ်သော ဆေးပညာဂျာနယ်တစ်ခုမှ လူ၏ ခနကိုယ်အတွင်းသို့ အီလက်ထရောနစ်ကိရိယာတစ်ခု (ပုံတွင်ပြထားသည့်အတိုင်း) ထည့်သွင်း၍ ယခုကဲ့သို့ ဖြစ်စဉ်မျိုးအား ၇၀ ရာခိုင်နှုန်းအထိလျော့ချနိုင်ရန်ကြိုးစားခဲ့ကြပါသည်။ အဆိုပါကိရိယာအနေဖြင့် လည်ချောင်းကြွက်သွားများအား အိပ်ပျော်နေစဉ်အမြဲတမ်း အသက်ရှုနိုင်ရန် (ပါးစပ်အနည်းငယ်ဟချင်းဖြင့်) ပြုလုပ်ခိုင်းမည်ဖြစ်ပါသည်။ ယခုစနစ်ကို အလိုအလျောက်အသက်ရှုခြင်းစနစ်ဟုလည်း အမည်ပေးထားပါသည်။

အဆိုပါကိရိယာအား ရင်ဘက်အရေပြားအောက်တွင် ထည့်သွင်းထားရမည် ဖြစ်ပါသည်။ ၄င်းအနေဖြင့် နံရိုးနံပတ် ၄ နှင့် ၅ ကြားတွင်ထည့်သွင်းထားပြီး အသက်ရူခြင်းဆိုင်ရာအချက်အလက်များကို Hypoglossal Nerve ဆီသို့ပေးပို့မည်ဖြစ်သည်။ အဆိုပါ Nerve မှ မေးရိုးရှိကြွက်သားများအား အိပ်ပျော်နေစဉ်အတွင်း အသက်ရူနိုင်ရန် ပြုလုပ်ပေးမည်ဖြစ်ပါသည်။ ထို့အပြင် လူနာအနေဖြင့် အဆိုပါကိရိယာအား အိပ်ချိန်၌သာ အသုံးပြုနိုင်ရန်အတွက် ထိန်းချုပ်အမိန့်ပေးနိုင်ပါသည်။ ဆိုလိုသည်မှာ အိပ်သည့်အချိန်မှလွဲ၍ ကျန်အချိန်များတွင် ကိရိယာအား လူနာအနေဖြင့် ပိတ်ထားနိုင်မည်ဖြစ်ပါသည်။

သုတေသနပြုလေ့လာတွေ့ရှိချက်များအရ ၁၂ အတွင်း လူနာပေါင်း ၁၂၆ ယောက်အား အဆိုပါကိရိယာ တပ်ဆင်ပေးပြီး စမ်းသပ်ခဲ့သည့်ရလဒ်မှာ လူနာများ အိပ်ပျော်နေစဉ် အသက်ရှုရပ် သေဆုံးခြင်းအား ၇၀ ရာခိုင်နှုန်းထိ လျော့ချနိုင်ခဲ့သည်ဟု သိရပါသည်။ သို့သော် အဆိုပါကိရိယာသည် လူတိုင်းအတွက်တော့ သင့်တော်မည်မဟုတ်ကြောင်းကိုလည်း သုတေသနသမားများမှ ပြောကြားခဲ့ပါသည်။

Ref:http://www.gizmodo.com.au/2014/01/this-electronic-sleep-apnea-cure-is-like-auto-pilot-for-breathing/

သတိထားဖွယ် ပုဗ္ဗစေတနာချို့တဲ့လျှင် ဆိုးကျိုးနှင့် ပြည့်ဝလျှင် ကောင်းကျိုး


“ဒါန” ဟူသောဝေါဟာရသည် ပါဠိဝေါဟာရဖြစ်၏။
ဤဝေါဟာရကို ဒါတဗ္ဗိန္တိ ဒါနံ ပေးလှူအပ်သောကြောင့် ဒါနမည်၏ဟု ဆိုသောကြောင့် ပေးကမ်းလှူဒါန်းအပ်သည့်ဝတ္ထုပစ္စည်းသည် ဒါနမည်၏ဟု ကျမ်းဂန်များ၌မိန့်ဆိုကြ၏။

ဤဒါနကို ဝတ္ထုဒါန ဟုခေါ်၏။
ဒီယတိ ဧတေနာတိဒါနံ တစ်ခုတစ်ခုသော ပစ္စည်းဝတ္ထုကို ပေးလှူကြောင်း၊ ဖြစ်သောကြောင့်
“မဟာကုသိုလ်စိတ်” ၌ပါသော စေတနာတရားသည် ဒါနမည်၏။ ဤဒါနမျိုးကို စေတနာဒါဟု ခေါ်သည်။
အလှူဒါနတစ်ခုဖြစ်လာရခြင်းမှာ အလိုအလျောက် ဖြစ်လာခြင်းမျိုးမဟုတ်၊ စေတနာခေါ်သည့်
စေတသိတ်တရား၏ လှုံ့ဆော်ပေးမှုကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်၏ ။

ထို့ကြောင့် စေတနာကို ပေးလှူကြောင်းဟု ဆိုရသည်။
စေတနာစေတသိတ်၏ လှုံ့ဆော်ပေးမှုကြောင့် ပေးကမ်းစွန့်ကြဲ လှူဒါန်းမှုဆိုသည့် ဒါနကုသိုလ်တရား
ဖြစ်ပွားပေါ်ပေါက်လာရ၏။ ထိုစေတနာမျိုးရှိမှ ဒါနမှုအထမြောက်သည်။

ထို့ကြောင့် လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ပေးကမ်းလှူဒါန်းရာ၌
ထိုဝတ္ထုပစ္စည်းတို့ ဖြစ်ရာကာလမှစ၍ အလှူမီ ရှေ့အဖို့၌ဖြစ်စေ၊
လှူဒါန်းပေးကမ်းဆဲ၌ဖြစ်စေ၊ လှူဒါန်းပေးကမ်းပြီး နောက်၌ဖြစ်စေ အချိန်သုံးမျိုးလုံး၌ ဖြစ်ပေါ်လာသော စေတနာသည် ဒါနခေါ် ပုညကိရိယာဝတ္ထုမည်၏ ဟု
အဋ္ဌသာလိနီအဋ္ဌကထာတွင် ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။

ဝတ္ထုဒါန စေတနာဒါနနှစ်မျိုးတွင် စေတနာကသာ
ကံတရားဖြစ်၍ တိုက်ရိုက်အကျိုးပေးနိုင် သောကြောင့် ဝတ္ထုဒါနထက် စေတနာဒါနက ပိုအရေးကြီး၏။
စေတနာသည်လည်း ဖြစ်ပေါ်လာသည့် အချိန်ကာလအပိုင်းအခြားအရ
♦ (၁)ပုဗ္ဗစေတနာ၊
♦ (၂) မုဉ္စစေတနာ၊
             ♦ (၃) အပရစေတနာဟူ၍     
သုံးမျိုးသုံးစားရှိပါသည်

ပုဗ္ဗစေတနာဆိုသည်မှာ လှူဖွယ်ပစ္စည်းတို့ကို
မစွန့်လွှတ် မလှူဒါန်းမီ ရှေ့အဖို့တွင် ကြိုတင်၍ ဒါနနှင့်ဆက်သွယ်ပြီး
“သိန်းသန်းကုဋေမက ဖြစ်ဖြစ်သမျှ စေတနာ” များဖြစ်၏။ ရှေ့အဖို့ဆိုသော်လည်း လှူဖွယ်ဝတ္ထုပစ္စည်း ထင်ရှားရှိနေပြီးမှ ဤပစ္စည်းကို လှူဒါန်းမည် စသည်ဖြင့် ကြံစည်ရည်ရွယ်နေခြင်း
စသည်မျိုးဖြစ်၏။ ပစ္စည်းဝတ္ထုမရှိမီ လှူဒါန်းမည်ဟု အလိုအလျောက်
ကြံစည်စိတ်ကူးရာတွင် ပါဝင်သည့် စေတနာမျာကား ပုဗ္ဗစေတနာဟု ခေါ်လိုက ခေါ်နိုင်သော်လည်း
ဒါန အတွင်းသို့ မသွတ်သွင်းနိုင် ၊ သာမညကုသိုလ်မျိုးသာ ဖြစ်နိုင်၏ဟု မင်းကွန်းတိပိဋက 
ဆရာတော်ဘုရားကြီးက မိန့်ဆိုထား၏။

ဤအဆိုအမိန့်သည် ထိုထိုပစ္စည်းကို
လှူဒါန်းသူအား ထိုထိုပစ္စည်းဝတ္ထုများ ဖြစ်ပေါ်လာပြီးသည်မှစ၍ မလှူမီ
ရှေ့ အဖို့၌ဖြစ်သော စေတနာသည် ဒါနမယပုညကိရိယာဝတ္ထုမည်၏ဟူသော
အဋ္ဌသာလိနီကျမ်းအဆိုအမိန့်နှင့် ညီညွတ်၏။

ထိုပုဗ္ဗစေတနာများကား ပုဗ္ဗေဝ ဒါနာ သုမနော
(လှူဒါန်းသည်မှ ရှေ့အဖို့၌ စိတ်ကြည်လင် တက်ကြွခြင်း၊ဝမ်းသာရွှင်ပျနေခြင်း) ဘုရားဟော ဒေသနာတော်အတိုင်း လှူဖွယ်ပစ္စည်း ထင်ရှားရှိပြီး၍ မလှူဒါန်းမီရှေ့ပိုင်းမှာ
စိတ်ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျ ဖြစ်နေမှုများပင် ဖြစ်၏။ လှူဒါန်းမှုဒါနကိစ္စနှင့် မဆက်သွယ်ဘဲ
အခြားကိစ္စများအတွက်ဖြစ်သည့် စေတနာမျိုးကို ဤဒါနအရာ၌ ပုဗ္ဗစေတနာဟု မခေါ်နိုင်ပါချေ။
(ပုဗ္ဗစေတနာ- ထင်ရှားရှိနေသော လှူဖွယ်ပစ္စည်းကို မလှူဒါန်းမီ ရှေ့ပိုင်းကာလ၌
အလှူနှင့် စပ်၍ဖြစ်သော စေတနာ)။



“ပုဗ္ဗစေတနာပြည့်ဝလျှင် ရရှိနိုင်သည့်အကျိုးတရား”
•••••••••••••••••••••••••••••••••••••••••••
စေတနာသုံးတန် ထက်သန်ပြည့်စုံသည်ကို မဆိုထားဘိ၊
မိမိ၏ ပစ္စည်းဥစ္စာကို အလှူခံလက်သို့ မပေးလှူမီ ပုဗ္ဗစေတနာထက်သန်ရုံမျှဖြင့်ပင် ကြီးမြတ်သော
အကျိုးကို ရရှိနိုင်ပေသည်။ မှန်၏။

ရှေးအခါက ရာဇဂြိုဟ်ပြည်သူ ကလေးတစ်ဦးသည်
ခါးလွန်း၍ လူအများမလိုချင်သည့် ရွှေဝါရောင်အဆင်းကဲ့သို့ ဝါဝင်းနေသော “သပွတ်ခါးပန်းလေးပွင့်”ကို
မြတ်စွာဘုရား၏ ဓာတ်တော်များ ကိန်းအောင်နေသည့် ဓာတုစေတီတော်အား ဆက်ကပ်လှူဒါန်းရန်
နံနက်စောစော အိမ်မှထွက်လာခဲ့၏။

စေတီတော်သို့ ဦးတည်၍ ဒီပန်းလေးပွင့်ကို
ဓာတုစေတီတော်မြတ်အား ငါလှူဒါန်းမယ်- ဟု ကြည်လင်သည့် စိတ်စေတနာဖြင့်
လျှောက်လှမ်းလာသည့်အတွက် လမ်း၏ ဘေးပတ်ဝန်းကျင်များကို သတိမပြုမိခဲ့ချေ။
တစ်နေရာသို့အရောက်တွင် လမ်းဘေးရှိ နွားအုပ်ထဲမှ

ရုရှားနိုင်ငံမှ ကမ္ဘာ့အအေးဆုံးမြို



ရုရှားနိုင်ငံ မော်စကိုမြို့ နဲ့ သိပ်မဝေးတဲ့ နေရာက မြို့ တစ်မြို့ ဖြစ်ပြီး Yukutsk လို့ အမည်ရပါတယ်။ ကမ္ဘာ့အအေးဆုံး ရေခဲတိုက် အာတိတ်စက်ဝိုင်းရဲ့ တောင်ဘက် မိုင် ၂၈၀ အကွာမှာသာ ရှိနေတဲ့ မြို့ တစ်မြို့  ဖြစ်ပါတယ်။

ပျမ်းမျှ အပူချိန် အနုတ် ၄၀ ဒီဂရီစင်တီဂရိတ် ရှိပြီး ကမ္ဘာ့အအေးဆုံး မြို့ အဖြစ် စံချိန်တင်စေပါတယ်။ စံချိန်တင် အနေနဲ့ အနုတ် ၆၄.၄ ဒီဂရီ စင်တီဂရိတ် အထိ ကျဆင်းပြီး လာမယ့် ဖေဖော်ဝါရီလအတွင်းလည်း အဲ့ဒီထက် ကျဆင်းအုံးမယ်လို့ ခန့်မှန်းထားကြ ပါတယ်။ ယခု ရက်ပိုင်းအတွင်းက အနုတ် ၄၈ ဒီဂရီ ရှိပါတယ်။ - ၅၂ ဒီဂရီ ရှိတဲ့ နေ့တွေမှာ ကျောင်းကို ယာယီပိတ်ထားရ ပါတယ်။ မြို့က မသေးပါဘူး။ လူဦးရေ ၂သိန်း၇သောင်း နေထိုင်ပြီး ဆိုက်ဘေးရီးယားနိုင်ငံ လူဦးရေရဲ့  လေးပုံပုံ တစ်ပုံ ဖြစ်ပါတယ်။

မြို့ ရဲ့ နေရာတိုင်းမှာ ရေခဲများ ဖုံးလွမ်းနေပြီး နေ့ရော၊ ညပါ လမ်းမတွေပေါ် အဝေးမမြင်ရအောင် ဖုံးလွမ်းနေပါတယ်။ ယင်းအအေးဒဏ်ကို အမြဲခံစားနေတဲ့ မြို့ခံ လူများအတွက်ကတော့ မထူးဆန်း တော့ ပါဘူး။ လူငယ်များကတော့ ညဘက်မှာ နိုက်ကလပ်၊ ဘားများသို့ သွားပြီး ကခုန်ကြပါတယ်။ ကမ္ဘာ့ အအေးဆုံးမြို့ လို့ စံချိန်တင်ထားတဲ့ ရုရှားနိုင်ငံ Yukutsk မြို့ က အလှဓာတ်ပုံများကို အောက်ပါ Link မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

 http://www.dailymail.co.uk/news/article-2548176/Feeling-cold-Share-thought-residents-

အောင်ခမ်း ( ရိုးရာလေး )



ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

Freezing conditions: A woman walks over an ice-encrusted bridge in Yakutsk, Siberia, named the coldest city on the planet
Freezing conditions: A woman walks over an ice-encrusted bridge in Yakutsk, Siberia, named the coldest city on the planet

Covered up:  A young student poses for a portrait at a bus station in Yakutsk, where it is an average winter day when the mercury drops to below -42C degrees and considered a "cold day" when it is -55C outside
Covered up: A young student poses for a portrait at a bus station in Yakutsk, where it is an average winter day when the mercury drops to below -42C degrees and considered a "cold day" when it is -55C outside

Hansel's home: This house in Yakutsk looks more like an iced gingerbread house ready for Christmas Day than a real-life home
Hansel's home: This house in Yakutsk looks more like an iced gingerbread house ready for Christmas Day than a real-life home

Frozen mutt
A local woman enters Preobrazhensky Cathedral in a swirl of freezing mist
Fro-no: A guard dog with a face covered in frost, and a local woman  rings in a cloud of cold mist as she enters Preobrazhensky Cathedral in Yakutsk

Walk quickly: A woman crossed the road near the central square of Yakutsk on a -51C degree day, a statue of Lenin in the background nearly engulfed in frozen mist
Walk quickly: A woman crossed the road near the central square of Yakutsk on a -51C degree day, a statue of Lenin in the background nearly engulfed in frozen mist
Imagine the coat-pile: In wild contrast to the freezing temperatures outside, young Yakutians let loose in a well-heated nightclub in Yakutsk
Imagine the coat-pile: In wild contrast to the freezing temperatures outside, young Yakutians let loose in a well-heated nightclub in Yakutsk


Waiting for summer: A pair of trainers left hanging outside to wait for warmer days, in a shed in the suburbs of Yakutsk
Waiting for summer: A pair of trainers left hanging outside to wait for warmer days, in a shed in the suburbs of Yakutsk

One-way to Moscow please: Women wait ay a bus stop in the city centre, all wrapped up in fur coats and hats to keep the cold out
One-way to Moscow please: Women wait ay a bus stop in the city centre, all wrapped up in fur coats and hats to keep the cold out
Ice mustache: A bust of Ivan Kraft, one of the first governors of Yakutia, the area where Yakutsk is located, is almost completely covered in snow and frost
Ice mustache: A bust of Ivan Kraft, one of the first governors of Yakutia, the area where Yakutsk is located, is almost completely covered in snow and frost

ကင်ဆာရောဂါ သတိပေးလက္ခဏာများ


                            
ကင်ဆာရောဂါတွင်(သို့)ကင်ဆာရောဂါအတွက်လည်း ထိုကဲ့သို့ သတိပေး၊ အသိပေးလက္ခဏတွေ ရှိနိုင်၊ ပြနိုင်သည်။ ထို့အတူ လူများကင်ဆာရောဂါဖြစ်ရခြင်းသည် အန္တရယ်ဖြစ်နိုင်မှန်းသိလျက် အလိုလိုက်မိုက်မှားကာ အန္တရယ်နှင့်ကစားမိသည်များလည်းရှိနိုင်သည်။ ကတ်ထရီနာအဲလစ်စ် ပြုစုထားသောဇယားကိုအရင်းတိုင်း ဖြန့်လိုက်ပါသည်။

ကင်ဆာအားလုံးအန္တရယ်ဖြစ်စေသည့်အရာများ

ကင်ဆာဖြစ်စေသောအရာများ၊ စိတ်ခံစားမှုဆိုင်ရာကိစ္စများ၊ အဆိပ်အတောက်စသဖြင့်။

သတိပေးလက္ခဏာများ

ကျက်ခဲသည့်ပုံမှန်မဟုတ်သောသွေး၊ သနံရည်၊ အရိအရွဲတို့ထွက်နေသည့်အနာများ၊ အရေပြားပေါ်(သို့) အရေပြားအောက်တွင်ပေါ်လာသည့် စမ်းမိသည့် အကျိတ်၊ အဖုများ၊ ကြွက်နို့(သို့) မှဲ့က သိသိသာသာကြီးလာခြင်း၊ အဖျားတာရှည်ခြင်း၊ အကြောင်းမဲ့အရေပြားပေါ်တွင်သွေးခြည်ဥကဲ့သို့ နီရဲညိုမည်းလာခြင်း၊ ၀မ်းမှန်ရာက ၀မ်းပျက်ဝမ်းချုပ်လာခြင်း၊ ပိန်လာခြင်း၊ အစာရေစာမျိုရခက်လာခြင်း၊ မကြာမကြာအစာမကြေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ချောင်းဆိုးပြီး အသံဝင်ခြင်း။

1.ဦးနှောက်အကျိတ်ကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ

လူတို့ဖန်တီးသည့် လျှပ်စစ်၊ သံလိုက်စက်ကွင်းအားသုံးစက်ကိရိယာများကို ရေရှည်ကိုင်တွယ်အသုံးပြုရခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ ဓာတုဖျော်ရည်၊ ပိုးသတ်ဆေး၊ စည်သွပ်ဘူး၊ ပြုပြင်စီရင်ထားသော အသားများထဲတွင်ပါလေ့ရှိသည့် နိုက်ထရိုဆိုအေမင်းန်စသည့် ဓာတုပစ္စည်းများနှင့်ထိတွေ့မှုရှိခြင်း။

သတိပေးလက္ခဏာများ

ခေါင်းအပြင်းအထန်ကိုက်ခြင်း၊ နေ့စဉ်ရက်ဆက်ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ နူံးညောင်းခြင်း၊ ကိုယ်ခန္ဒာအစိတ်အပိုင်းတစ်ရပ်ရပ်အကြောင်းမဲ့ချည့်နဲ့ခြင်း၊ အမြင်အာရုံေ၀၀ါးခြင်းအပါအ၀င် အမြင်အာရုံပြဿနာများရှိခြင်း၊ အန်ခြင်း၊ ပျို့ခြင်း၊ တက်ခြင်း၊ စိတ်မမှန်ခြင်း၊ စကားပြောမမှန်ခြင်း၊ လေဖျန်းခြင်း၊ လေဖြတ်ခြင်း။

*******************************************
2.သွေးကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

မျိုးရိုးဗီဇ၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ မဟာဓာတ်အားလိုင်းများ၊ ပိုးသတ်ဆေးများ၊ ရေရှည်ဗိုင်းရပ်စ်ပိုးဝင်ရောဂါများဖြစ်ခြင်း၊ ဘဲန်ဇင်းန်၊ ကလိုရဲဖ်ဖင်နီကောလ် ပဋ္ဋီဇီဝဆေး။

သတိပေးလက္ခဏာများ

ဖြူဖျော့သွေးအားနည်းခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ ခဏခဏဖျားခြင်း၊ သွေးခြည်ဥလွယ်ခြင်း၊ အရိုးအဆစ်နာခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အခြားသွေးယို၊ သွေးထွက်ခြင်းများ၊ အဖျား၊ သွေးအားနည်း၊ ဘေလုံး(သရက်ရွက်)(သို့)အသည်း(သို့)ပြန်ရည်အကျိတ်များကြီးခြင်း၊ ရောင်ခြင်း၊ ညဘက်ချွေးပြန်ခြင်း၊ သွေးဥမွှားအရေအတွက်လျော့ကျလာခြင်း။

**************************************
3.ရိုးတွင်းခြင်ဆီကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ

၉၀ရာခိုင်နှုန်းကျော်သည့်အသက်၄၀ကျော် အမျိုးသားများတွင်အဖြစ်များခြင်း၊ ဓာတုပစ္စည်းများ(ဒိုင်အောက်ဆင်၊ ဓာတုပျော်ရည်၊ ကြေးချွတ်သန့်စင်ဓာတုပစ္စည်း)နှင့်ထိတွေ့မှုရှိခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ အိပ်ခ်ျအိုင်ဗီပိုး၊ အသည်းရောင်အသားဝါပိုး၊ ရေယုန်ပိုး၊ အက်ပ်စတိန်းဘားဗိုင်းရပ်စ်ဆိုက်တိုမက်ဂလိုဗိုင်းရပ်စ်စသည့် ဗိုင်းရပ်စ်ပိုးများ ၀င်ရောက်ရောဂါရနိုင်ခြေရှိခြင်း။ မျိုးရိုး၊ ကိုယ်တွင်းခုခံအားညံ့ခြင်း၊ ပြဒါး(သို့)ပီဗွီစီနှင့်အထိအတွေ့ဗိုင်းရပ်စ်ပိုးဝင်ခြင်းနှင့်အဆက်အစပ်မကင်း။

သတိပေးလက္ခဏာများ

ကျောဘက်အရိုးထဲကနာခြင်းသည် ပထမဆုံးလက္ခဏာ။ ကိုယ်အလေးချိန်ကျခြင်း၊ အားနည်းအားယုတ်သကဲ့သို့ ခံစားရခြင်း၊ မကြာမကြာပိုးဝင်၍ ဖျားခြင်း၊ သွေးအားနည်းခြင်း။
******************************************
4.အရေပြားကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ

အရေပြားနေရောင်ကြာကြာခံခြင်း၊ အလားတူမီးလုံးများဖြင့် အသားညိုရန်ပြုလုပ်ခြင်း၊ အထူးသဖြင့် အသားဖြူ၊ အသားဝါများ၊ မှဲ့များသောရာဇ၀င်ရှိခြင်း၊ ခြေထောက်(သို့)အ၀တ်အစားနှင့်အပွတ်အတိုက်များသောနေရာများ တွင်မှဲ့ရှိခြင်း၊ နေလောင်အမာရွတ်များရှိခြင်း၊ အရေပြားကင်ဆာဖြစ်ဖူးသူ မိသားစုထဲမှာရှိခြင်း၊ မီးချောင်း၊ မိုက်ခရိုဝေ့ဖ်များနှင့်အထိအတွေ့များခြင်း၊ ခရမ်းလွန်ရောင်ခြည်သင့်ခြင်း၊ အရက်များခြင်း၊ သန္ဒေတားဆေး တာရှည်သုံးခြင်း၊ (ငါးနှစ်ကျော်)သမင်ဖြူ၊ ခရုသင်းထွက်ခြင်း၊ ကိုယ်တွင်းခုခံအားကျခြင်း။

သတိပေးလက္ခဏာများ

အရေးပြားပေါ်တွင် ကြွက်နို့နှင့်တူသောအဖုအပိမ့်ထွက်ခြင်း၊ ကျက်ခဲသောအနာပေါက်ခြင်း၊ မှဲ့များရှိပါက အရွယ်အစားကြီးလာခြင်း၊ အနာဖြစ်လာခြင်း အနာကျက်ခဲခြင်း၊ အနာရွတ်များမှ အနာဖြစ်လာခြင်း၊ မှဲ့များ၏ အနားဝိုင်းပုံမှန်မဟုတ်ခြင်း၊ မှဲ့နက်ကြီးများပေါ်ခြင်း၊ မှဲ့မှသွေးထွက်ခြင်း။

***************************************

5.လည်ချောင်းကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

အရက်၊ ဆေးလိပ် အလွန်အကျွံသောက်ခြင်း။

သတိပေးလက္ခဏာများ

ချောင်းဆက်တိုက်ဆိုးခြင်း၊ အသံဝင်ခြင်း၊ မည်သို့ပင်ကုကုပျောက်ခဲသောလည်ချောင်းရောဂါများဖြစ်ခြင်း။

****************************************
6.ပါးစပ်၊ ခံတွင်းနှင့်လည်ချောင်းကင်ဆ

အန္တရယ်ဖြစ်စေသည့်အရာများ

ခံတွင်းထဲတွင်သရိုးသရီဖြစ်ခြင်း၊ သွားကျိုးခြင်း၊ အံကပ်၊ သွားတုများမတော်တော့ခြင်း၊ ပျက်စီးခြင်း၊ အရက်များခြင်း၊ ဆေးလိပ်များခြင်း၊ ဆေးရွက်ကြီးငုံဝါးခြင်း။

သတိပေးလက္ခဏာများ

ပါးစပ်၊ လည်ချောင်း၊ လျှာ၊ အနာဖြစ်ပါက ကျက်ခဲခြင်း၊ အသံဝင်ခြင်း။

*********************************

7.အသည်းကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

မြေပဲ၊ မြေပဲထောပတ်၊ ပြောင်း၊ ဆန်တို့ပေါ်ရှိ မှိုပိုးမှထွက်သောအဖလာအဆိပ်ကို စားမိခြင်း၊

ယောက်ျားများကြောက်သော မိန်းမ (နိုင်းနိုင်းစနေ)


                     
Thursday, January 30, 2014

ကြည့်ရတာ စိတ်ဝင်စားကြတဲ့အတွက် ထပ်တင်လိုက်ပါတယ်။ ကျွန်မလည်း ဒီ(၁၀)မျိုးထဲက အနည်းဆုံး (၇) မျိုးလောက်တော့ နည်းနည်းစီပါ ပါတယ်။ အချိန်ယူပြီး ၀င်ရောက်ဖတ်ရှု့တဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။

ဘယ်လို မိန်းကလေးမျိုးကို ယောက်ျားများ ကြောက်ကြပါသလဲ။ မိန်းကလေး တိုင်း (၁၀)မျိုးထဲတွင် တစ်မျိုးမက နှစ်မျိုးပါဝင်နေမည်မှာ ဧကန်မလွဲပင်။ သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ ကိုယ်ကို သုံးသပ်ဖူးပါသလား။

(၁) ညစ်ပတ်သောမိန်းမ

ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံ့ ချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထား သလို ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မ ရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများ လည် ပေကျံနေတတ်သည်။

(၂)အတင်းပြောသောမိန်းမ

BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများကြိုက်ကြသော်လည်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ်ကြောင်း ယောကျာ်းလေးများကို သူမအား ထောက်ခံရန် မဲဆွယ်တတ်သေးသည်။ တချို့ယောကျာ်းလေးများက မထောက်ခံလျှင် သူမသာ အမှန်ြဖစ်ကြောင်း ငြင်းချက်များထုတ်တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါက ယောက္ခမနှင့် ချွေးမတို့၏ စစ်ပွဲ စတင်ခြင်းပင် ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော အမှန်မကန် စကားပြော တတ်သော မိန်းကလေးများကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း ဝေးဝေးရှောင် နိုင်ရမည်။သူမ၏ အမှန်မကန် ပြောသော စကားလေပွေထဲတွင် ၀င်မပါမိအောင် သတိထားရမည်ဖြစ်သည်။

(၃)စကားများသောမိန်းမ

ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊ စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ် မပြောထိုက်သောလူကို ပြောတတ် သည်။ ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင် အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင် လေးစားမှု လျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ ကိုယ်ကို သွက်လက်ချက်ချာ သည်ဟု အထင်ကြီး နေတတ်သူဖြစ်သည်။

(၄) ခိုင်းနိုင်းတတ်သောမိန်းမ

ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နိုင်းယဉ်နေ တတ်သည်။ တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောကျာ်းကို နိုင်းယှဉ်ကြည့်ပြီး အသုံးမကျသော ယောကျာ်းဟု၍ လက်ညိုးထိုး ပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။ တကယ်တမ်း ဆိုရလျှင် အသုံးဝင်သော ယောကျာ်းကို သူမရွေးသင့်ပြီး ထိုအသုံးမ၀င်သော ရည်းစား(သို့) ယောကျာ်းအ တွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နိုင်းယဉ်ပြီး ဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်သည်။ လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ကြ သည်။ ယော ကျာ်းလေး တစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနိုင်းပြီး မဆဲသင့်ပေ။ ထိုယောကျာ်းလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကို ရွေးမိခြင်း ပင်ဖြစ်သည်။

(၅) နှုတ်ကြမ်းသောမိန်းမ

စကားပြောကြမ်းသော မိန်းကလေးမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေ ဆက်ဆံရ ခက်သော မိန်းမဟု နာမည်ကြီးတတ်သည်။ ပစ္စည်းတစ်ခု သွားဝယ်သည်ဖြစ်စေ အစားသွားစား သည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ်သော မိန်းကလေးမျိုးဖြစ်သည်။ ထိုမိန်းကလေးမျိုးနှင့် အတူအပြင်ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာ ဖွက်ထားစရာမရှိ အောင်ဖြစ်တတ်သောကြောင့် သူမနှင့်မရင်းနှီးသလို ဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ်ချင်သော နုတ်ကြမ်းသော မိန်းကလေးမျိုးကို လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမ၀င်သော၊ တုံးအသော၊ သာမန်သော မိန်းကလေးမျိုး ကိုသာ ယောကျာ်းလေးအများစုက ရွေးချယ်မည်ပင်။

(၆) သ၀န်တိုလွယ်သောမိန်းမ

ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်း ကလေးဖြစ်သည်။ ယောကျာ်းလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။ သံသယစိတ် ၀င်လာလျှင် ရှင်းပြတာကိုနားထောင်မနေတော့ သ၀န်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာ်း၏ သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့် သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့် ပတ်သက်သော ယောကျာ်းလေးကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာ်းလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်း မိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအ၀န်း နှင့် နေသော အမျိုးဖြစ်သည်။ အသက်ရှူရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သော ထိုမိန်း ကလေးမျိုးကို ယောကျာ်းလေးများက ရှောင်ချင်ကြသည်။

(၇) တုံးအသောမိန်းမ

အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသော မိန်းမသည် မသိနားမလည်သည်ကို မမေးဘဲ ဆီမီးခွက်ကို ခွက်စုတ်ဟု အထင်ဖြစ် ရောင်းလိုက်ဖူးသည်။ ထိုမိန်း ကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အလွယ်တကူ အလိမ်မိတတ်
သည်။ ယခုခေတ်တွင် ထိုကဲ့သို့ တုံးအသော မိန်းကလေးမျိုး နည်းပါးသွားပြီလား။ ထက်မြက်ပြီး တွေးခေါ် ဆင်ခြင်ဥာဏ် ရှိသော မိန်းကလေးမျိုးကို ယောကျာ်းလေးက လေးစားသော်လည်း တုံးအသော မိန်းကလေး မျိုးမှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပင်။ ယခုခေတ် မိန်းကလေး များသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အ၀နှင့် ယုံကြည်မှု ရှိနေသင့်သည်။ သူတစ်ပါးကြင်နာ လာအောင် တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်း အပြစ်မဲ့သည် မဟုတ်။ တုံးအလျှင် ဖယ်ထုတ်ခြင်းခံရမည်မှာ ဧကန်မလွဲပင်။

(၈) ငွေသုံးကြမ်းသောမိန်းမ

Shopping Mechine ကဲ့သို့သော မိန်းကလေးမျိုးမှာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ပစ္စည်းအ၀ယ်ကြမ်းသော သူဖြစ်သည်။ ယောကျာ်းလေး အနည်းစုမှာ ထိုမိန်းကလေးမျိုးနှင့် ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင် အမြင့်ကြိုက်သော သူမအတွက် မိမိအိတ်ထဲမှ ငွေများ အလာဟသ စီးဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာ ပစ္စည်းထဲတွင်သာ နစ်မျှောနေတတ်သော မိန်းကလေးမျိုးသည် အများအားဖြင့် စိတ်သဘောထား သေးသိမ်တတ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။ စိတ်တိမ်းညွတ် လွယ်သည်။ လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊ တန်ဖိုးမထားခြင်းများဖြင့် ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ကြသည်။ မြင်သမျှ ၀ယ်ယူတတ်သော မိန်း ကလေးမျိုးနှင့် ဈေးသွားလည်ဖူးသော ယောကျာ်းလေးများမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ် ရင်း ဒုတိယအကြိမ် သွားရမည်ကို ခေါင်းခါကြမည်ပင်။

(၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ

ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုးသည် တကယ့်ခွါရ ခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု အမြဲပြောတတ်သည်မှာ သူမ၏ အကျင့်တစ်ခုလို ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်က လမ်းခွဲတော့မည်ဆိုလျှင် ငိုယိုပြီး လက်မခံတော့။ လမ်းခွဲစကားပြောခြင်းသည် အခံရခက်သော ဝေဒနာတစ်ခု ဖြစ်သည်။ ပြောသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါ အသဲနင့်အောင် ခံစားရတတ်သည်။ နှလုံးသားတွင် အမာရွတ်အထုံး များကျန်နေခဲ့တတ်သည်။ တကယ့် လမ်းခွဲတော့မည်ဆိုလျှင် တစ်ကြိမ်ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တာက ခံရပိုသက်သာဦးမည်။ လမ်းခွဲစကားဖြင့် တစ်ဖက်သားကို ခြိမ်းခြောက်နေသောသူသည် နုံအသောသူသာလျှင်ဖြစ်သည်။

(၁၀) ချွဲနွဲ့လွန်သောမိန်းမ

မိန်းကလေးတိုင်းချွဲနွဲ့တတ် သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အချွဲနွဲ့လွန် မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် အမြဲတမ်း အချော့ခံချင်၊ လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေးမျိုးဖြစ်သည်။ လူရှေ့တွင် စကားပြောလျှင် နုတ်ခမ်းလေး ဟချင် မဟချင် နှင့်(ခေတ်စကားနှင့်ပြောရလျှင် ဘဲများလွန်းနေခြင်းဖြစ် သည်) လူကွယ်ရာတွင်မှု ဆန့်ကျင် ဖက် ဖြစ်နေတတ်သည်။ ယခုခေတ် မိန်းကလေးများသည် တဖက်သား သနားကြင်နာလာအောင် ညုာတာလာအောင် ဟန်ဆောင်ချွဲနွဲ့ပြီး အားနွဲ့ မနေသင့်တော့ပေ။ ယောကျာ်းလေးတွေနှင့် တန်းတူ မဟုတ်တောင် ယောကျာ်းလေးနီးနီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိကြောင်းကို ပြသင့်သောအချိန်ပင်ဖြစ်သည်။

နိုင်းနိုင်းစနေ



https://www.facebook.com/photo.php?fbid=533725733391929&set=a.351047714993066.

အမေတစ်ယောက်အပေါ်မှာထားတဲ့ ခံစားချက်


                        
Bus ကားပေါ်က ဆင်းပြီးတဲ့အချိန်မှာ သူ့ရဲ့ပိုက်ဆံအိတ် အခိုးခံလိုက်ရပြီဆိုတာ သူသိလိုက်တယ် ..

အိတ်ထဲမှာ အရေးကြီးတာတွေတော့မပါပါဘူး … ပိုက်ဆံတစ်သောင်းခွဲလောက်ရယ် … သူ့အမေဆီ ပို့ဖို့စာတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ်ရယ်ပဲပါတယ် …

စာထဲမှာတော့ “ကျွန်တော်အလုပ်ဖြုတ်ခံလိုက်ရပြီ … ဒါကြောင့်ဒီတစ်လ အမေ့ဆီပိုက်ဆံပို့နိုင်မှာမဟုတ်ဘူး” ဆိုတာပဲရေးထားတာပါ …

သူ့အိတ်ထဲမှာ အဲ့ဒီစာ ရှိနေတာ တစ်ပတ်လောက်ရှိပြီ … သူ့အမေစိတ်မကောင်းဖြစ်မှာသိလို့ မပို့ဖြစ်ဘဲ သောင်တင်နေတာပါ …

တစ်သောင်းခွဲဆိုတာတော့ များပြားလှတဲ့ငွေပမာဏမဟုတ်ပေမယ့် ဒီလိုအလုပ်မရှိတဲ့အချိန်မှာ မိသားစုကို ပြန်ကြည့်နေရတဲ့ သူ့အဖို့တော့ တစ်သောင်းခွဲဟာ တစ်သိန်းခွဲလိုပါပဲ …

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ သူ့အမေဆီက စာတစ်စောင်ရောက်လာခဲ့တယ် ..

သူပိုက်ဆံမပို့လို့ သူ့အမေများငွေလိုနေပြီလားဆိုပြီး စိုးရိမ်သွားခဲ့ပေမယ့် စာကိုဖတ်လိုက်ရတဲ့အချိန်မှာတော့ သူထိတ်လန့်သွားခဲ့တယ် ..

စာထဲမှာ “ကျေးဇူးပါပဲသားရယ် .. သားပို့လိုက်တဲ့ ငွေငါးသောင်းအမေရတယ်” လို့ရေးထားတာပါ။

သူ့အမေဆီဘယ်သူပိုက်ဆံပို့လိုက်လဲဆိုတာ သူစဉ်းစားမရဖြစ်နေခဲ့တယ် ..

ရက်အချို့ကုန်လွန်သွားပြီးတဲ့အခါ သူ့အမေဆီက နောက်ထပ်စာတစ်စောင်ရောက်လာတယ် ..

“သားရေ … အရမ်းသေးလွန်းတဲ့လက်ရေးနဲ့စာတစ်စောင် အမေ့ဆီရောက်လာတယ်၊ ဒါပေမယ့် အမေ့မျက်မှန်ကကျိုးနေတော့ မဖတ်နိုင်တာနဲ့ သားဆီကိုပြန်ပို့လိုက်တယ်”

သူဟာ စာကိုဖွင့်လိုက်တယ်၊ စာထဲမှာရေးထားတာက …

“ငါမင်းပိုက်ဆံ တစ်သောင်းခွဲကို သုံးသောင်းခွဲထပ်ပေါင်းပြီး မင်းအမေဆီကို ပိုက်ဆံငါးသောင်းပို့ပေးလိုက်တယ် … တကယ်တော့ အမေအားလုံးဟာ အမေပါပဲ … သူမ ဆာလောင်မွတ်သိပ်နေစရာအကြောင်းမရှိဘူးလို့ငါထင်တယ် … ငါ့အမေသာရှိနေသေးရင် ငါလည်း ငါ့အမေကို ဒီလိုဖြစ်စေချင်မှာ မဟုတ်ဘူး ... ဘာပဲဖြစ်ဖြစ် မင်းတတ်နိုင်သမျှ အလုပ်မြန်မြန် ရအောင်ရှာပြီး မင်းအမေကိုစောင့်ရှောက်ပါ …
(မင်းပိုက်ဆံအိတ်ကို ခိုးသွားတဲ့သူ)”

+++++++++++++++++++++++++++++++++++++++

ကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ်၊ မကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ် အမေတစ်ယောက်အပေါ်မှာထားတဲ့ ခံစားချက်ကတော့ လူသားတိုင်း အမြဲ အတူတူပါပဲ …

( Admin >> TT )

By Heart Canteen


https://www.facebook.com/photo.php?fbid=533750756722760&set=a.351047714993066.

အလှပျက်စေသည့် အံ့အားသင့်စရာ အချက်များ


                       
အလှပျက်စေသည့် အံ့အားသင့်စရာ အချက်များ နေ့စဉ် ကျွန်မတို့ လုပ်မိကြတဲ့ တ ချို့အပြု အမူတွေကြောင့် အလှအပကို ထိခိုက် စေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ ကြောင့် အဲဒီလို ပြဿနာတွေ မဖြစ်စေ ဖို့ ဘယ်လို ရှောင်ရှားသင့်တယ် ဆိုတာ လေ့လာကြည့်ရအောင်။

ရှလကာရည်ထည့်ထားသော ဟင်းရွက်သုပ် စားခြင်း

“ရှလကာရည်ရဲ့ pH က ၂ ဒသမ ၅ ဖြစ်ပြီး အက်စစ်ဂုဏ် သတ္တိရှိပါတယ်”လို့ ဖလော်ရီဒါမှ သွားဆရာဝန်ဂျက်ဆန်က ဆိုပါတယ်။ အက်စစ်က သွာြးွေကလွှာ တွေကို တိုက်စားစေနိုင်သလို အရောင် ပါတဲ့ ရှလကာရည်ဆိုရင် သွားတွေကို အစွန်းထင်စေပါတယ်။

ဘယ်လို ဖြေရှင်းမလဲ

အဖြူရောင် ရှလကာရည်ကို ရွေး ချယ်ရင် သွားတွေကို အစွန်းမထင်စေသ လို ဟင်းနုနယ်လို အယ်လ်ကာလီဓာတ် များတဲ့ အရွက်သုပ်ထဲမှာ ထည့်စားရင် အက်စစ်ဓာတ်ကို ဓာတ်ပြယ်စေပါတယ်။ ဒါပေမဲ့ စားပြီးတာနဲ့ ချက်ချင်း သွားမတိုက်ပါနဲ့။ အနည်းဆုံး ၁၀ မိနစ်ကြာမှ သွားတိုက်သင့်ပါတယ်။

နေ့စဉ် ခေါင်းလျှော်ခြင်း

ဘုံပိုင်ရေတချို့မှာ ကလိုရင်းဓာတ် သိသိသာသာ ပါဝင်ပါတယ်။ ကလိုရင်း ပါတဲ့ ဘုံပိုင်ရေနဲ့ ခေါင်းလျှော်ရင် ဆံပင်သားရဲ့ သဘာဝအဆီဓာတ်တွေ ဆုံးရှုံး ပြီး ဆံကေသာကို ထိခိုက်စေနိုင်ပါတယ်။ “နေ့စဉ်ခေါင်းလျှော်တာက ရေကူး ကန်ထဲမှာ ရေကူးတာထက် ပိုဆိုးပါတယ်။ ကလိုရင်းပါတဲ့ ရေနဲ့ တစ်နှစ်ပတ်လုံးထိ တွေ့မှု ရှိနေလို့ပါ”လို့ နယူးယော့ခ်မှ ဆံ ပင်ပညာရှင် ရစ်ဗာက ဆိုပါတယ်။

ဘယ်လို ဖြေရှင်းမလဲ

ဆံပင်ကို နေ့စဉ် ခေါင်းမလျှော်ဘဲ တစ်ပတ်မှာ ၂-၃ကြိမ်ပဲ လျှော်သင့်ပါ တယ်။ တစ်ပတ်မှာ တစ်ကြိမ် ကလိုရင်း ဖယ်ရှားတဲ့ ဖော်မြူလာပါ ခေါင်းလျှော် ရည်နဲ့ လျှော်ပါ။

မှောက်အိပ်ခြင်းနှင့် ဘေးတစောင်းအိပ်ခြင်း

မှောက်အိပ်တာနဲ့ ဘေးတစောင်း အိပ်တာတွေကြောင့် မျက်နှာပေါ်မှာ အ စင်းကြောင်းထင်စေပြီး မျက်လုံး၊ နှာခေါင်း၊ ပါးပြင်၊ နှုတ်ခမ်းနဲ့ မျက်ခုံးတွေမှာ သေး ငယ်တဲ့ အစင်းရာထင်စေနိုင်ပါတယ်။ “ဒီ လို အစင်းရာထင်နှုန်း ကြာလာပြီး အ သက်ကြီးလာတဲ့အခါမှာ ကော်လာဂျင် ဆုံးရှုံးမှုဖြစ်ကာ အရေးကြောင်း ဖြစ်ပေါ် စေနိုင်ပါတယ်”လို့ နယူးယောက်ရှိ အလှ အပဆိုင်ရာခွဲစိတ်ဆရာဝန် ပက်ထရီရှား က ဆိုပါတယ်။ ဒီအိပ်စက်မှုပုံစံတွေက မျက်နှာမှာ အရည်စုပုံစေပြီး ဖောင်းအစ်မှု ဖြစ်စေနိုင်ပါတယ်။

ဘယ်လို ဖြေရှင်းမလဲ

ပက်လက်လှန်အိပ်တဲ့ အနေအထား ကို ပြောင်းပါ။ အနေအထား ပြောင်း အိပ်ဖို့ မလွယ်ရင် ပိုးသားခေါင်းအုံးစွပ် ပေါ်မှာ အိပ်စက်ပေးပါ။ ခေါင်းအုံးပေါ် မျက်နှာမှောက်မိရင်တောင် အသားအ ရေကို ချောမွေ့နေစေပါတယ်။ အိပ်ရာ မဝင်ခင်မှာ ညလိမ်းခရင်မ်လိမ်းပေးပါ။

ပခုံးလွယ်အိတ် လွယ်ခြင်း

လေးလံတဲ့ အိတ်ကို လွယ်တာက ခါးနောက်ကျောအပေါ် ဒဏ်ဖြစ်စေနိုင် ပါတယ်။ လွယ်ကြိုးအောက်မှာ ဆံပင် တွေ ဖိမိတာကြောင့် ဆံပင်သား ပြတ် တောက်မှု ဖြစ်စေနိုင်ကြောင်း နယူး ယောက်ရှိ ဆံပင်ပညာရှင် အေဗားက ဆိုပါတယ်။

ဘယ်လို ဖြေရှင်းမလဲ

လွယ်ကြိုးတိုတိုပါတဲ့ လွယ်အိတ်ကို ပြောင်းလွယ်ပါ။ ဒါမှမဟုတ် ဆံပင်တွေ ကို စည်းနှောင်ထားပါ။

ကြယ်စင်


https://www.facebook.com/photo.php?fbid=533752590055910&set=a.351047714993066

အိပ်သည်ဖြစ်စေ..မအိပ်သည်ဖြစ် စေ



ကိုယ်ပိုင်ကားနဲ့ ခရီးဝေးသွားတဲ့ အမျိုးသမီး တစ်ဦးဟာ.. ပင်ပန်းလို့ ဟိုတယ်တစ်ခုမှာ ဝင်တည်းတယ်။

သူမအနေနဲ့ ခဏအိပ်စက်အနား ယူပြီး.. ခရီးဆက်သွားရမှာဖြစ်တယ်။

လေးနာရီလောက်အိပ်ပြီးနောက်.. အောက်ဆင်းလာပြီး ဟိုတယ် တည်းခိုခ ရှင်းပါတယ်။

တည်းခိုခရှင်းတော့.. ဒေါ်လာ ၄ ထောင် တောင်ကုန်ကျပါတယ်။
ဒီတော့.. ဒါကို မကျေနပ်တဲ့အတွက် မန်နေဂျာကို ကွန်ပလိန်း တက်ပါတယ်။

မန်နေဂျာက အောက်ပါအတိုင်း.. ရှင်းပြပါတယ်...

မန်နေဂျာ။ ။ "ကျနော်တို့ ဟိုတယ်က ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်ပါ။ ရေကူးကန်လည်း ရှိပါတယ်.."

အမျိုးသမီး။ ။ " ဒါပေမယ့်.. ကျွန်မ မသုံးဘူးလေ.."

မန်နေဂျာ။ ။ " ကမ္ဘာကျော် အဆိုတော်တွေလည်း.. လာရောက် ဖျော်ဖြေပါတယ်.."

အမျိုးသမီး။ ။ " ကျွန်မ.. သွားမကြည့်ခဲ့ပါဘူး..."

မန်နေဂျာ။ ။ " အေးအေးဆေးဆေး ကိုယ်လက်သန့်စင် အပန်းဖြေဖို့ အတွက်.. ချွေးထုတ်ခန်းလဲ.. ထားပေးပါတယ်.."

အမျိုးသမီး။ ။ " အဲ့ဒါလည်း.. ကျွန်မ မသုံးဘူး..."

မန်နေဂျာ။ ။ " ကမ္ဘာ့အကောင်းဆုံး ဝိုင်နဲ့ အရက်များလည်း ပေးထားပါတယ်.."

အမျိုးသမီး။ ။ " အဲ့ဒါတွေလည်း.. ကျွန်မ မသောက်ခဲ့ဘူး..."

မန်နေဂျာ။ ။ " စိတ်မရှိပါနဲ့.. လာရောက် တည်းခိုသူတွေအတွက် ကျနော်တို့က သုံးဖို့ အသင့်ပြင်ထား တာဖြစ်တာကြောင့်.. သုံးသည်ဖြစ်စေ.. မသုံးသည် ဖြစ်စေ... အသုံးပြုစရိတ်ပါ ပေါင်းပြီး.. ဒေါ်လာ ၄ ထောင် ယူပါတယ်.."

အမျိုးသမီး။ ။ " ဟုတ်ပီလေ.. ရော့.. ဒီမှာ ဒေါ်လာ ၁ ထောင်.."

မန်နေဂျာ။ ။ " ၄ ထောင် ပေးရမှာလေ.. မမလေး..."

အမျိုးသမီး။ ။ " အင်း.. ဟုတ်တယ်.. ရှင်.. ကျမနဲ့ အိပ်ခအတွက် ၃ ထောင် ရစရာ ရှိတယ်လေ.. အဲ့ဒါ.. ဖြတ်လိုက်တယ်.."

မန်နေဂျာ။ ။ " ကျနော် ဘယ်တုန်းက အမနဲ့ အိပ်ခဲ့လို့လဲ..ဗျာ.."

ဒီတော့ အမျိုးသမီးက အောက်ပါအတိုင်း ဖြေပြီး.. လှည့်ထွက်သွားပါတော့တယ်...

" စိတ်မရှိပါနဲ့ရှင်... ရှင်အိပ်သည် ဖြစ်စေ..မအိပ်သည်ဖြစ်စေ.. ကျွန်မက အခန်းထဲမှာ အသင့်ရှိနေတဲ့ အတွက်..
ကျမကတော့.. ဒါကိုပေါင်းပြီး.. ကုန်ကျစရိတ် ထည့်တွက်ပါတယ်.."

" အဟွင့်.. လုပ်ရက်ပါ့..အမရယ်..!!! "
https://www.facebook.com/photo.php?fbid=533754030055766&set=a.35104771499306

တွယ်တာမှုကို စွန့်လွှတ်မှုနဲ့ လျော့ချပါ


 
တွယ်တာမှုကို စွန့်လွှတ်နိုင်မှုနဲ့ပဲ လျော့ချရပါမယ်။
မဟုတ်ရင် တွယ်တာမှုဆိုတာ ...ကြာလေချည်နှောင်ခံရလေ ဖြစ်ပြီး
အဲဒီကတဆင့် ပူလောင်မှုအထိ ဖြစ်စေတော့တာပါ။

တွယ်တာမှုရဲ့သဘောက လူကိုပဲတွယ်တွယ်၊ပစ္စည်းဝတ္ထုကိုပဲတွယ်တွယ် အတွယ်များရင်
အပါယ်အထိတောင် သွားစေတတ်ပါတယ်။

တခါတလေ တစ်ချို့အရာတွေဟာ
အလွန်အကျွံ တွယ်တာမိလိုက်တဲ့အတွက် အဲဒီ ကိုယ်တွယ်ထား၊
ကိုယ်မြတ်နိုးတန်ဘိုးထားတဲ့ အရာတစ်ခု ပျက်ဆီးမှုနဲ့ကြုံတဲ့အခါ
တရားမရှိတဲ့သူဆို ရူးကြောင်ကြောင်တောင်
ဖြစ်သွားတတ်ပါတယ်။

အဲ တွယ်တာမှုကို စွန့်လွှတ်နိုင်တဲ့
စွမ်းအားရှိတဲ့သူကျတော့ ဖြေဆည်ရာကို တရားနဲ့ ရှာသွားနိုင်တော့တာပဲ ဖြစ်ပါတယ်။

စွန့်လွှတ်နိုင်မှုဟာ ရယူလိုမှုကိုလည်း လျော့ချနိုင်သလို ၊
တွယ်တာမှုကြောင့် ခံစားရတဲ့ ပူလောင်မှုကိုလည်း လျော့ချနိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့် အပူသက်သာချင်ရင် တွယ်ထားတဲ့ အရာမှန်သမျှ စွန့်လွှတ်မှုနဲ့ လျော့ချကြည့်ဖို့ပဲ ဖြစ်ပါတယ်။

- [မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)]

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

ဦးနှောက်ရဲ့ ထူးခြားတဲ့ ၁၂ချက်


                    

၁။ သင့်ဦးနှောက်က သင့်ရဲ့ အထိအတွေ့ကို မှတ်မိနေ ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကလိထိုးတဲ့ အခါ မယားပါဘူး။
 
၂။ ဦးနှောက်က အိပ်မက် မက်တဲ့ အချိန်မှာ နိုးနေတဲ့ အချိန်ထက် လုပ်ဆောင်ချက်တွေ ပိုမို လုပ်ဆောင် ရပါတယ်။
 
၃။ တစ်ရက်ကို ပျှမ်းမျှခြင်း အားဖြင့် အတွေးပေါင်း ၇၀၀၀၀လောက် တွေးလေ့ ရှိပါတယ်။
 
၎။ သင့်ဦးနှောက်က လျှပ်စစ် watt ပေါင်း ၁၀-၂၃ watt ထိထုတ်ပါတယ်။
 
၅။ သင့်ဦးနှောက်ကို အပြည့်အ၀ အသုံးချ နေရပြီး ၁၀ရာခိုင်နှုန်းကို မသုံးဘဲ ထားတယ် ဆိုတဲ့ အယူက မမှန်ပါဘူးတဲ့။

၆။ ဦးနှောက်က pain receptors မပါဝင် တာကြောင့် နာကျင်မှုကို မခံစား နိုင်ပါဘူး။ ခေါင်းကိုက်တာဟာ နာဗ်ကြော တွေနဲ့ ခေါင်းထဲက ကြွက်သား တွေက ခံစား သိနိုင်တာပါ။
 
၇။ stress ဖိအားတွေက ဦးနှောက်ရဲ့ ဆဲလ်တွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်ကို ပြောင်းလဲ ပစ်နိုင်ပါတယ်။
 
၈။ တေးဂီတက ဦးနှောက်ကို ပိုပြီး စည်းစနစ် ကျကျဖြစ်အောင် ကူညီပေး ပါတယ်။
 
၉။ ဦးနှောက်က amygdala ကတခြားသူ တွေရဲ့ မျက်နှာက ခံစားချက် အပြောင်းအလဲကို ဖတ်တဲ့နေရာမှာ ကူညီပေး ပါတယ်။

၁၀။ ဦးနှောက်က သူ့ရဲ့ လုပ်ဆောင်ချက် တွေပြုလုပ် နိုင်ဖို့ သွေး၂၀ရာခိုင်နှုန်းနဲ့ အောက်ဆီဂျင်တွေ လိုအပ်ပါတယ်။
 
၁၁။ သင်ချစ်တတ်တယ် ဆိုတာ ဦးနှောက်ထဲက chemical တစ်မျိုး ဖြစ်တဲ့ "Oxytocin" ကြောင့်ပါ။
 
၁၂။ ဦးနှောက်ရဲ့ သွေးကြောလေး တွေကို ဆက်ကြည့်လိုက် မယ်ဆိုရင် မိုင်တစ်သိန်းလောက် ရှိပါတယ်။
 
 

ကွန်ပြူတာအဘိဓါန် V1.0 Apk For Android



ကွန်ပြူတာအကြောင်းလေ့လာနေသူတွေအတွက် သွားလေရာယူသွားနိုင်မဲ့

အိတ်ဆောင် အဘိဓါန်ပါ။တော်တော်လေးမိုက် တယ်။ကွန်ပြူတာနဲ့ ပါတ်သတ်

တာလေးတွေကို ရှင်းပြထားတာပါ။ဖိုင်ဆိုဒ်ကလည်း KB ပဲရှိတာ။အသုံးလိုရင်တော့အောက်ကလိပ်စာမှာရယူလိုက်ပါ။အဆင်ပြေပါစေ။





Download   Dev-Host  


မူရင်း=>>> http://bluenavyblog.blogspot.com/2014/01/v10-apk-for-android.html

ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ တွင် မြန်မာ့တပ်မတော်ပါဝင်ရေး မူအားဖြင့် လက်ခံလိုက်ပြီ



နိုင်ငံစုံတပ်များဖြင့် ဖွဲ့စည်းထားသော ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် မြန်မာ့တပ်မတော်ပါဝင်ရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ကမ်းလှမ်းမှုကို မြန်မာ့တပ်မတော်က လက်ခံလိုက်ကြောင်း သိရသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဗီးယားက မြန်မာ့တပ်မတော် အကြီးအကဲနှင့် ယခုရက်ပိုင်းတွေ့ဆုံစဉ်က ကမ်းလှမ်းခဲ့မှု အပေါ် မြန်မာတပ်ဘက်မှ လက်ခံခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံ တော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အတည်ပြုပြောသည်။ ''မူအားဖြင့် နှစ်ဖက်လက်ခံလိုက်တာပါ'' ဟု ဦးဇော်ဌေးက ပြောသည်။ ယခုကဲ့သို့လက်ခံမှုသည် တပ်မတော်အစိုးရ လက်ထက် ၁၉၈၈ နောက်ပိုင်းတွင် ပထမဦးဆုံး လက်ခံခြင်းဖြစ်ပြီး အသေးစိတ်နှစ်ဖက်ဆက် ဆွေး နွေးရမည့်ကိစ္စဖြစ်၍ ယခုအချိန်တွင်ပြောဆိုရန် စောလွန်းနေသေးသည်ဟု ဦးဇော်ဌေးက ဆက် ပြောသည်။

''အဆင့်မြင့်သင်တန်းတွေ ပေး ထားတာတွေက တပ်မတော်မှာ ရှိထား ပါတယ်။ နောက်ပြီး အရာရှိလွှတ်မလား ဒါမှမဟုတ် အခြား အဆင့်လွှတ်မလား စတာတွေ ရှိတော့ သေသေချာချာ မ ပြောနိုင်သေးတာပါ'' ဟု ၎င်းက ထပ် လောင်းဆိုသည်။

၂ဝ၁၃ ခုနှစ်ပိုင်းမှ စကာ EU အပါအဝင် ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့ဌာနချုပ် အပါအဝင် မြန်မာ့တပ်မတော်ကို
အဆင့်မြင့် သင်တန်းများပေးရန် ဆွေးနွေးခြင်း၊ ကမ်းလှမ်းခြင်းများ ပြုလုပ်ပြီး

လက်တွေ့ အ ကောင်အထည်ဖော်မှု အချို့ကို ဆောင် ရွက်ပေးခဲ့သည်။
တပ်မတော်သားဟောင်း တစ်ဦး ဖြစ်သည့်အပြင် လက်ရှိတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဦးလှဆွေက ကာကွယ်ရေး ဦးစီးချုပ်၏ သဘောတူ လက်ခံလိုက်မှုကို ကြိုဆိုကြောင်း ထောက်ခံပြော သည်။ နိုင်ငံခြား ဘာသာစကား တတ် ကျွမ်းပြီး အရည်အချင်း ပြည့်မီသော အရာရှိနှင့် စစ်သည်များ တပ်မတော်တွင် ရှိ၍ ဦးစားပေးရွေးချယ်ခြင်းဘက်တွင် လည်း တပ်မတော်က အခက်အခဲမရှိ နိုင်ဟု ဦးလှဆွေက Popular News သို့ ပြောသည်။

၁၉၄၅ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး ဖွဲ့စည်းပြီးစဉ်ကတည်းက ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် ငြိမ်း ချမ်းရေးထိန်းသိမ်းရန် ကုလသမဂ္ဂ ငြိမ်း ချမ်းရေးတပ်များကို ဖွဲ့စည်းခဲ့သည်။ ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် ကုလ အဖွဲ့ဝင် နိုင်ငံအသီးသီးမှ တပ်မတော် သားများ၊ အရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် အရပ်ဘက် ဝန်ထမ်းများလည်း ပါ
ဝင် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ကုလငြိမ်းချမ်းရေးတပ်သည် ယုံကြည်မှု တည်ဆောက်ခြင်း၊ အာဏာခွဲဝေ ကျင့် သုံးစေခြင်း၊ ရွေးကောက်ပွဲများကျင်းပရန် အကူအညီပေးခြင်း၊ တရားဥပဒေစိုးမိုး ရေးကို အထောက်အကူပေးခြင်းနှင့် လူမှု စီးပွားဖွံ့ဖြိုးရေး ပုံစံနည်းနာများ ကို ကျင့်သုံးပြီး ပဋိပက္ခလွန်ဒေသများ တွင် ငြိမ်းချမ်းရေး
တည်ဆောက်ခြင်း လုပ်ငန်းကို လုပ်ဆောင်ကြသည်။

ဦးထုပ်ပြာများဟု ခေါ်ဆိုကြသည့် ကုလငြိမ်းချမ်းရေး တပ်ဖွဲ့များသည် ကုလသမဂ္ဂ ပဋိညာဉ်အရ လက်ခံထား သော ဘောင်အတွင်းမှနေ၍ အင်အား သုံးကာ ပဋိပက္ခများကို ဖြေရှင်းကြရပြီး နိုင်ငံတကာလုံခြုံရေးနှင့် ငြိမ်းချမ်းရေး ကို ထိန်းသိမ်းရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို ကုလသမဂ္ဂပဋိညာဉ်က စု ပေါင်းဆောင်ရွက်ရန် တာဝန်နှင့်အာ
ဏာကို အပ်နှင်းထားသည်။ ယခုကာလများတွင် International Criminal Court အပြည်ပြည်ဆိုင်ရာ ရာဇဝတ် မှု တရားရုံး လုပ်ငန်းစဉ်များနှင့် မြေမြှုပ် မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း ကုလငြိမ်းချမ်းရေး တပ်များက လုပ် ဆောင်လျက် ရှိကြသည်။

PN-051

Popular


https://www.facebook.com/photo.php?fbid=533230760108093&set=a.351047714993066

မျိုးစောင့်ဥပဒေ PDF Download

 

မျိုးစောင့်ဥပဒေကို လေ့လာလိုသူများအတွက် ပြန်လည်မျှဝေ ပေးထားခြင်း ဖြစ်ပါသည်။

  ဖတ်ရှုလိုသူများ အနေဖြင့် အောက်ပါလင့်တွင် ဒေါင်းနိုင်ပါကြောင်း . . .

For Download : http://www.mediafire.com/download/gnxcc0v8sh86w48/NI+Law+PDF.pdf

Credit : Ko Phyo



ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

အ၀လွန်ကလေးများသတိထားပါ


ရေးသားသူ- ၀တ်ရည်အောင်

အသက်(၁၀)နှစ်ဝန်းကျင် ၀၀ဖိုင့်ဖိုင့်ကလေးများ အခန်းရှေ့တွင် ဆေးကုသမှုခံယူရန် စောင့်ဆိုင်းနေကြသည်။ ထိုကလေးများတွင် ဖျားနာနွမ်းလျနေသည့် ရောဂါလက္ခဏာတစ်စုံတစ်ရာမတွေ့ရ။

ထိုကလေးများမှာ အသက်အရွယ်၊ အရပ်အမောင်းနှင့်တွက်ချက်ပါက ကိုယ်အလေးချိန် များပြားနေသည့်အတွက် အ၀လွန်ကလေးများအား ဆေးကုသမှုပေးနေသည့် ဆေးရုံ၏ လူနာခန်းရှေ့တွင် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

“ကိုယ်အလေးချိန်လျှော့ချဖို့ သူတို့နေ့တိုင်းစားသောက်နေတဲ့ အချိုရည်တွေ၊ ဟမ်ဘာဂါတွေနဲ့ အချိုတွေလျှော့စားဖို့ အဓိကစည်းရုံးရတယ်”ဟု အ၀လွန်ကလေးများအား အာဟာရပိုင်းဆိုင်ရာကုသမှုများ ဆောင်ရွက်နေသည့် အာဟာရပညာရှင်တစ်ဦးကပြောသည်

ယနေ့ခေတ်ကလေးများ စားသောက်နေသည့် အစားအစာပုံစံသည် အသက်ငယ်ငယ်ဖြင့် ရောဂါများရရှိပြီး ရောဂါများဖြင့် ကြီးပြင်းလာနိုင်မည့် အခြေအနေများရှိနေကြောင်း အာဟာရဆိုင်ရာပညာရှင်များက ပြောကြားကြသည်။

သုတေသနပညာရှင်များက ကလေးများ သရေစာအဖြစ် စားသုံးနေသည့် အစားအစာများဆိုင်ရာ သုတေသနတစ်ခုကို ရန်ကုန်မြို့အလုံမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ခုတွင် တစ်နှစ်ကြာသည်အထိ ပြုလုပ်ခဲ့သည်။

သုတေသနအရ ကလေးအများစု နေ့စဉ်စားသောက်နေသည့် သရေစာများမှာ အချိုရည်များ၊ အထုပ်လှလှဖြင့် ထုပ်ပိုးထားသည့် အကြွပ်ကြော်များဖြစ်နေပြီး ထိုအစားအစာများကို နေ့စဉ်တစ်ကြိမ်ထက် ပိုမိုစားသုံးနေကြောင်း ထိုသုတေသနကတွေ့ရှိခဲ့သည်။

ထိုကလေးများသည် အချိုရည်များ၊ အာလူးကြော် စသည့်အကြော်များ၊ ချိုချဉ်၊ သကြားလုံး စသည့်အစားအစာများကို အများဆုံးစားသုံးနေပြီး ထိုကလေးများထဲတွင် ၂၆ ရာခိုင်နှုန်းမှာ မြန်မာမုန့်လုံးဝစားသုံးခြင်းမရှိခြင်း၊ ၂၅ ရာခိုင်နှုန်းမှာ နွားနို့လုံးဝသောက်သုံးခြင်းမရှိခြင်းနှင့် ၄၁ ရာခိုင်နှုန်းမှာ အိုဗာတင်းကဲ့သို့သော အာဟာရဓာတ်ပါဝင်သည့်အရည်များ သောက်သုံးခြင်းမရှိသည်ကို တွေ့ရှိရသည်ဟု ထိုသုတေသနပြုလုပ်ခဲ့သည့် ဒေါက်တာမြဥမ္မာကပြောသည်။

အာဟာရတန်ဖိုးများပြားသည့် မြန်မာအစားအစာများ၊ နို့ထွက်အစားအစာများနှင့် စားသုံးသင့်သည့် သစ်သီးကဲ့သို့သော အစားအစာများမှာ သန့်ရှင်းမှုအပါအ၀င် အရင်းအနှီးများပြားသည့်အတွက် တစ်နိုင်ငံလုံးရှိ ကျောင်းမုန့်ဈေးတန်းအများစုတွင်ရှိနေသည့် အစားအစာများမှာ အချိုရည်များ၊ အသင့်ထုပ်ပိုးထားသည့် အရောင်လှလှမုန့်များဖြစ်နေသည်။

ထိုအစားအသောက်များမှာ ကလေးများအတွက် ပြဿနာကြီးနှစ်ခုကို သယ်ဆောင်လာခြင်းဖြစ်သည်။ ပထမတစ်ခုမှာ အာဟာရတန်ဖိုးနည်းပါးသည့် ထိုအစားအစာများကြောင့် ကလေးများ နေ့စဉ်လိုအပ်သည့် အာဟာရမရရှိခြင်းကြောင့် ပုံမှန်ကိုယ်အလေးချိန်မရှိသည့် ကလေးများဖြစ်လာခြင်းပင်ဖြစ်သည်။

ထိုသုတေသနတွင်ပင် ပုံမှန်ကိုယ်အလေးချိန်ထက် လျော့နည်းနေသည့် ကလေးအများအပြားတွေ့ရှိခဲ့သည်။ ကလေးများ အာဟာရချို့တဲ့ခြင်းကြောင့် အသိသာဆုံးသည် အရပ်ပုသေးကွေးခြင်း ဖြစ်သည်။ ထိုမှ နောက်ဆက်တွဲ အာဟာရချို့တဲ့မှုကြောင့် ရောဂါကာကွယ်နိုင်စွမ်းများ လျော့နည်းပြီး ရောဂါများ အလွယ်တကူ ၀င်ရောက်နိုင်ခြင်းတို့ဖြစ်သည်။

“ပိုက်ဆံကုန်တာချင်းအတူတူ ကလေးတွေက အာဟာရမရှိတဲ့အစားအစာတွေကို ပိုစားနေတာတွေ့နေရတယ်”ဟု ဆေးသုတေသနဦးစီးဌာန အာဟာရဌာနမှ
ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။

နောက်တစ်ခုမှာ အချိုရည်များနှင့် ကယ်လိုရီပါဝင်မှုများပြားသော အစားအစာများ စားသုံးမှုများပြားခြင်းကြောင့် ကလေးများ အ၀လွန်လာသည့်ပြဿနာဖြစ်သည်။

အများစုမှာ အလွယ်ရနိုင်သည့်အကြော်ထုပ်များ စားနေကြပြီး ထို့ထက်ပိုတတ်နိုင်သူများမှာ ကယ်လိုရီပါဝင်မှုများပြားသည့်အစားအစာများ စားသုံးနေကြသည်။ ထိုအစားအစာများ အစားများလာသည့်အခါ ခန္ဓာကိုယ်အတွင်း လိုအပ်သည့်ကယ်လိုရီထက် ပိုမိုများပြားစွာရောက်ရှိလာပြီး အ၀လွန်လာခြင်းဖြစ်သည်။

အ၀လွန်ကလေးများတွင် ဆက်စပ်ဖြစ်ပွားသည့်ရောဂါများ သိရှိစေရန် သာမန်နှင့် အ၀လွန်မြန်မာကလေးများတွင် ဇီဝဖြစ်စဉ်ရောဂါလက္ခဏာ ရှာဖွေလေ့လာခြင်း သုတေသနတစ်ခုကိုလည်း လွန်ခဲ့သည့်နှစ်အနည်းငယ်က ပြုလုပ်ခဲ့သည်။

ဇီဝဖြစ်စဉ်ရောဂါလက္ခဏာဖြစ်ပေါ်ခြင်းသည် လူကြီးဘ၀တွင် ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါများကို ဖြစ်ပွားစေနိုင်ပြီး အ၀လွန်ကလေးများ ထိုလက္ခဏာစုမှာ အနည်းဆုံးတစ်ခုစီ တွေ့ရှိခဲ့ရသည်။

ပြည်တွင်း၌ ခေတ်စားလာသည့် အသင့်စားအစားအသောက်များ၊ အချိုရည်များ၊ လှုပ်ရှားမှုနည်းပါးခြင်းများ စသည်တို့ကြောင့် ယနေ့ခေတ်တွင် လူလတ်ပိုင်းမှစ၍ သက်ကြီးရွယ်အိုများတွင် သွေးတိုး၊ နှလုံး၊ ဆီးချိုကဲ့သို့ရောဂါများ အဖြစ်များလာသည့်အချိန်တွင် ယခုကလေးများ စားသောက်နေသည့် အစားအသောက်များက ထိုရောဂါများ ငယ်ငယ်ရွယ်ရွယ်ဖြစ်လာနိုင်ခြေရှိကြောင်း သုတေသနပြုလုပ်ခဲ့သူ ဒေါက်တာမြဥမ္မာကပြောသည်။

ထို့အပြင် စီးပွားရေးလမ်းစပွင့်လာသည့်အချိန်တွင် ပြည်တွင်းသို့ နိုင်ငံတကာမှအချိုရည်များ၊ အသင့်စား အစားအသောက်ဆိုင်များ အများအပြားဝင်ရောက်လာပြီး ဆိုင်တိုင်းတွင်လည်း အားပေးဝယ်ယူသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားနေသည်။

အိမ်နီးချင်းနိုင်ငံများမှလည်း အာဟာရနည်းပါးသော်လည်း စားသုံးသူအပြင် ရောင်းချသူကိုပါ ဆွဲဆောင်နိုင်သည့် မုန့်မျိုးစုံဝင်ရောက်နေသည်

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မကူးစက်နိုင်သည့်ရောဂါများကြောင့် သေဆုံးမှုသည် ကူးစက်နိုင်သည့်ရောဂါများကြောင့် သေဆုံးမှုနှုန်းထက်မြင့်တက်နေသည်။ မြန်မာနိုင်ငံတွင်မူ ယနေ့အချိန်အထိ ကူးစက်နိုင်သည့်ရောဂါများနှင့် မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးမှုနှုန်း ကိန်းဂဏန်းတူညီနေပြီဖြစ်သည်

သို့သော် နောက်ပိုင်းတွင် ကူးစက်ရောဂါများအား ထိန်းချုပ်နိုင်သည့်အချိန်တွင် နေထိုင်မှုပုံစံ၊ စားသောက်မှုအလေ့အထများကြောင့် ဖြစ်ပွားလာမည့် ထိုမကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးမှုများပြားလာမည်ဖြစ်သည်။ ဖြစ်ပွားမှုများပြားနေသည့် အနောက်နိုင်ငံများတွင် ကယ်လိုရီပါဝင်မှုများပြီး ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအစာများကို ပြန်လည်ဆင်ခြင်စားသုံးပြီး ရောဂါဖြစ်မှုကို ကာကွယ်လာသည့်အချိန်တွင် မြန်မာနိုင်ငံတွင်လည်း နောက်မျိုးဆက်မှာ အသက်ငယ်ငယ်တွင် ရောဂါများဖြင့် ကြီးပြင်းလာမှုကို အချိန်မီကာကွယ်ရန်တော့ လိုအပ်ပါသည်။

ကလေးများ အာဟာရတန်ဖိုးရှိသည့် အစားအသောက်များ ရွေးချယ်စားသုံးတတ်စေရန် အသိပညာပေးမှုများအပါအ၀င် ကျောင်းမုန့်ဈေးတန်းများတွင်လည်း သန့်ရှင်းပြီးအာဟာရရှိသော အစာအစားများ လက်လှမ်းမီရရှိစေရန် အသိပညာပေးမှုများ လိုအပ်နေပြီဖြစ်ကြောင်း ကျန်းမာရေးပညာရှင်များက ထောက်ပြပြောဆိုသည်။

“အဲဒီရောဂါတွေက လူကြီးတွေမှာဖြစ်ပေမယ့် အခုဆိုရင် လူလတ်ပိုင်းမှာ ဖြစ်လာနိုင်ပါတယ်”ဟု ဆေးသုတေသနဦးစီးဌာန အာဟာရဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


https://www.facebook.com/photo.php?fbid=533336286764207&set=a.35104771499

ဗုဒ္ဓဟူးဂြိုဟ် (ခ) မာကျူရီဂြိုဟ် သို့




ဗုဒ္ဓဟူးဂြိုဟ် (ခ) မာကျူရီဂြိုဟ် သို့ အာကာသယာဉ် ဘယ်နှစ်စင်း သွားရောက်ခဲ့ပြီးပြီလဲ...

ယနေ့ အချိန်အထိ ဗုဒ္ဓဟူးဂြိုဟ်သို့ ဂြိုဟ်တု နှစ်စင်း ရောက်ရှိပြီးပါပြီ။ ပထမဆုံး တစ်စင်းကတော့ မာရီနာ ၁၀ (Mariner 10) လို့ ခေါ်ပါတယ်။ ၁၉၇၄ - ၇၅ ခုနှစ်လောက်က ရောက်ရှိခဲ့တာပါ။ မာကျူရီကို သုံးကြိမ် ပတ်နိုင်ခဲ့ပြီး ဂြိုဟ်ရဲ့ မြေပုံကို တစ်ဝက်ခန့် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ထို့အပြင် မာကျူရီရဲ့ ပါးလွှာတဲ့ လေထုကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။

ဒုတိယမြောက် တစ်စင်းကတော့ မက်ဆင်ဂျာ (Messenger) အာကာသယာဉ်ပါ။ အမေရိကန်ဒေါ်လာ ၄၄၆ သန်း အကုန်ကျခံ တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ လွှတ်တင်ခဲ့နိုင်ခဲ့ကာ ၂၀၁၁ ခုနှစ်မှာ မာကျူရီကိုရောက်ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ မာကျူရီရဲ့ မြေပုံကို ၁၀၀% မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဘီပိ ကိုလံဘို ဆိုတဲ့ အာကာသယာဉ်ကိုတော့ ၂၀၁၅ ခုနှစ်မှာ လွှတ်တင်ဖို့ ရည်ရွယ်ထားပြီး ၂၀၂၂ ခုနှစ်မှာ မာကျူရီကို ရောက်ရှိမှာဖြစ်ပါတယ်။

ပုံအညွှန်း။ မာရီနာ ၁၀၊ မက်ဆင်ဂျာ နှင့် ဘီပီ ကိုလံဘို အာကာသယာဉ်

အာကာသနှင့် စကြ၀ဠာ
 
 
 
 
 
 မူရင်း=(6 photos)

လင်းလင်း နှင့် ချစ်သုဝေ တို့၏မင်္ဂလာဦးဆွမ်းကျွေးအလှူ




Tuesday, January 28, 2014

မောင်ထွေးလင်းကို (ခ) အဆိုတော် လင်းလင်း နှင့် သရုပ်ဆောင် အဆိုတော် ဒေါက်တာ ချစ်သုဝေ (ခ) Treza Lilian တို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးကို ဇန်နဝါရီ ၂၈ ရက်၊ မနက် ၁၀ နာရီတွင် ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်တွင် ကျင်းပခဲ့သည်။ လင်းလင်း နှင့် ချစ်သုဝေ တို့က သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြပြီး လှူဖွယ်ဝတ္ထုများကိုလဲ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

ဓာတ်ပုံ - အိသွဲ့(တန့်ယန်း)
Popular Journal
 
 
 
 
 
 
 
 
 
 
Related Posts Plugin for WordPress, Blogger...