စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၃၁ ဘုံမှာ သတ္တဝါ တွေ ဘာကြောင့် မကုန်နိုင် တာလဲ


                     


မေး။ ။အရှင် ဘုရား၊ တပည့်တော် တို့၏ ဗုဒ္ဓဘာသာ ပန်းတိုင် သည် နိဗ္ဗာန် ဖြစ်ပါ သည်။ နိဗ္ဗာန် ကို မျက်မှောက် ပြုသွားကြ သူများမှာ လည်း များပြား လှပါ သည်။ ဤသို့ နိဗ္ဗာန် ကို မျက်မှောက် ပြုသွား သူများ များပြား လှသော် လည်း သုံးဆယ့် တဘုံ တွင် သတ္တ၀ါ များ ကုန်သည် ဟူ၍ မရှိပါ။ လူ့ဘုံ တွင် လည်း လူ့ဘုံ အလျောက်၊ နတ်ဘုံ တွင် လည်း နတ်ဘုံ အလျောက်၊ တိရစ္ဆာန် ဘုံတွင် လည်း တိရစ္ဆာန် ဘုံ အ လျောက် မွေးဖွား ဖြစ်တည် နေဆဲ ပင် ဖြစ် သည်။

ဘုရားရှင် တို့သည် လည်း တဆူ ပွင့်လျှင် တဆူ အလျောက် သတ္တ၀ါ တို့အား အသင်္ချေ အနန္တ ချွတ်သွား သည်သာ ဖြစ် သည်။ နိဗ္ဗာန် ဟူသည် လည်း မျက်မှောက် ပြုပြီး လျှင် သုံးဆယ့် တဘုံ သို့ ပြန်လှည့် ရိုး ထုံးစံ မရှိ တော့ ပါ။ ထို့ကြောင့် သုံးဆယ့် တဘုံမှ ဝေနေယျ သတ္တ၀ါ တို့ သည် တချိန် တွင် ကုန်သွား ရ မည် သာ ဖြစ်သည် ဟု ထင်ပါ သည်။

ဤမေးခွန်း ကို တပည့်တော် သည် ဗုဒ္ဓဘာသာ ကို မယုံကြည် ၍ မေးခြင်း မဟုတ် ပါ။ မရှင်းလင်း ၍ သာ မေးခြင်း ဖြစ်ပါ သည်။ ဥပမာ လေးနှင့် ဖြေလျှင် တပည့် တော် ပို၍ နားလည် မည် ထင်ပါသည် ဘုရား၊ အရှင် ဘုရား ၏ အဖြေ ကို တပည့်တော် စောင့်မျှော် နေပါ သည် ဘုရား။

(ကျော်မင်းထွန်း - ဒဂုံ အရှေ့ပိုင်း၊ ရန်ကုန်)

ဖြေ။ ။ အာကာသစက္က၀ါဠဉ္စ၊ သတ္ထာ ဗုဒ္ဓဂုဏာပိစ။
အနန္တာနာမ စတ္တာရော၊ ပရိစ္ဆေဒေါ န ၀ိဇ္ဇတိ။

အဆုံး အပိုင်း အခြား မရှိသော အနန္တ တရား တို့သည် ကား -
(၁) ကောင်းကင်။
(၂) စကြာဝဠာ။
(၃) သတ္တ၀ါ။
(၄) ဘုရား ဂုဏ်တော် - ဟူ၍ လေးပါး ရှိ၏။

ဤလေးပါး တို့ကို ဤရွေ့ ဤမျှ ဂဏန်း ချလျက် ရေတွက် ပိုင်းခြား ခြင်းငှါ မတတ် နိုင်ချေ။ ဟူသော အနန္တ လေးပါး အရ သတ္တ၀ါ တို့ သည်လည်း အဆုံး အပိုင်း အခြား မရှိ၊ မကုန် နိုင် မခန်း နိုင် ဖြစ်ချေ ၏။ ဤ လောက ၌ သတ္တ၀ါ ဟူသည် မကုန် နိုင်၊ မခန်း နိုင် ဖြစ် ၏။ သတ္တ၀ါ များတွင် လူဟူ သည် အနည်းဆုံး ဖြစ်၏။ လူထက် နတ်ဗြဟ္မာ များ၊ ထို့ထက် တိရစ္ဆာန်၊ ပြိတ္တာ နှင့် ငရဲသူ၊ ငရဲသား များ ကား အသ င်္ချေ အနန္တ ပိုမို များပြား လှ၏။

မျက်မြင် ပင် လူ့လောက ၌ လူဦး ရေ သန်းခြောက် ထောင်ခန့် သာ ရှိမည် ဟု ဆို၏။ ခြတောင်ပို့ တလုံးစာ ပင် မရှိသေး ချေ။ ယူဇနာ တသောင်း စတုရန်း ကျယ်သော အ၀ီစိ ငရဲကြီး ၌ ငရဲသူ သတ္တ၀ါ တို့သည် တောင်း ထဲတွင် နှမ်း အပြည့် ထည့်သိပ် ထား သကဲ့သို့ အပေါက် အကြား မရှိ ပြည့် နှက် နေ၏ - ဟုဆို၏။

အခြား ငရဲ ကြီးငယ် တို့မှာ လည်း ထို့ အတူ အပြည့် ရှိ၏။ လူ့ပြည် မှ လူအများ မှာ လည်း ထိုထို ဘုံဘ၀ တို့မှ အကုသိုလ် ကုန်လျှင် ရောက်လာ ကြ၊ တိုးပွား လာကြ ရ၏။ ဘုရား တဆူ ချွတ်၍ ကျွတ်သော သူဟူ သည်မှာ မုဆိုး ပိုက်ကွန် မှ လွတ်ထွက် သွားသော ငှက် သည် တကောင် တလေ မျှ သာ ဖြစ်၍ ပိုက်ကွန် တွင်း ၌ မိနေရစ် သော ငှက်သာ များပြား သကဲ့ သို့ ဖြစ်၏။

မကုန် နိုင် မခန်း နိုင်သော သတ္တ၀ါ အနန္တ ဟူသည် မှာ လူ့လောက ၌ အလျော့ မရှိ၊ အတိုး သာ ရှိ၏။ ဤသို့ အတိုး သာ ရှိသ ဖြင့် နိဗ္ဗာန် မျက် မှောက် ပြုသွား သော ဝေနေယျ သတ္တ၀ါ များ ကြောင့် သတ္တ၀ါ များ ကုန်ခန်း သွားလိမ့် မည် ဟု မကြံစည် အပ် ပါကြောင်း သိစေ လို ပါသည်။

( ဘဒ္ဒန္တ တိလောက သာရ ( ရဝေထွန်း ) ဆရာတော် ကြီး ဖြေကြား သည် )
 

နှစ်သစ် မှာ လူသစ် စိတ်သစ် ဘဝသစ် ကို ပိုင်ဆိုင် လို သူတွေ အတွက်



(၁) ကျန်းမာရေး ကောင်းအောင် ရေ များများ သောက်ပါ။
(၂) မနက်စာ ကို ရှင်ဘုရင် လို စားပါ။ နေ့လယ်စာ ကို သူဌေး လို စားပြီး ညနေစာ ကို သူတောင်း စား လို စားပါ။
(၃) သဘာဝ အစား အစာများ ကို များများ စားပါ။ ထုတ်လုပ်စာ များ ကို လျော့စား ပါ။
(၄) အလုပ် တစ်ခု လုပ်တော့ မယ် ဆိုရင် တွေးတော ဆင်ခြင် ပါ။
(၄) တရား ထိုင်ပါ။
(၅) အားကစား လုပ်ပါ။
(၆) စာဖတ် ပါ။
(၇) တိတ်ဆိတ် ငြိမ်သက် ပြီး စိတ်ကို လန်းဆန်း စေမည့် နေရာ မှာ တစ်နေ့ ကို ၁၀ မိနစ် ခန့် လောက် နေပေး ပါ။
(၈) တစ်နေ့ ကို ၇ နာရီ လောက် အိပ်ပေး ပါ။
(၉) တစ်နေ့ မှာ မိနစ် ၃၀ ခန့် လောက် လမ်းလျှောက် ပေးပါ။ လမ်းလျှောက် နေစဉ် မှာ ပြုံးပါ။
(၁၀) စိတ်တွေ အရမ်း မွမ်းကျပ် နေပြီး အလုပ် အတွက် ဘာမှ မကြံစည် နိုင်ဘူး ဆိုလျှင် စိတ်ကို လန်းဆန်း စေမည့် ခရီး တစ်ခု ထွက် လိုက်တာ ဟာ အကောင်း ဆုံး ဖြစ် ပါတယ်။
(၁၁) အလုပ် ကို ပုံမှန် လုပ်ပါ။ ဒီနေ့ နည်းနည်း လုပ်ပြီး နောက်နေ့ အများကြီး လုပ်တာမျိုး ကို ဖြစ်နိုင် ရင် ရှောင်ပါ။
(၁၂) အချိန်တိုင်း ကို တန်ဖိုး ရှိစွာ အသုံးချ ပါ။
(၁၃) တစ်ပါး သူ အောင်မြင် တာကို မြင်လျှင် မနာလို မဖြစ် ပါနဲ့။ မိမိ ကိုယ်တိုင် ကြိုးစား ပါ။
(၁၄) သူငယ်ချင်း တွေ အပေါ် မှာ အနစ်နာ ခံပါ။ ထိုသို့ အနစ်နာ ခံခြင်း ကြောင့် သင့်မှာ ပျော်ရွှင်မှု တွေကို ပိုမို ရရှိ စေနိုင် ပါတယ်။
(၁၅) ဘဝ ဟာ အလွန် တိုပါတယ်။ ဒါကြောင့် အမုန်းပွါး မှုတွေ ကို လျော့ ပြီး လူတိုင်း နှင့် တည့်အောင် ပေါင်းသင်း ဆက်ဆံ ပါ။
(၁၆) အရင် တုန်း က သူငယ်ချင်း တွေက ပေးခဲ့ သော လက်ဆောင် တွေကို သိမ်း ထား ပါ။ ထို လက်ဆောင် တွေ က နောင် တစ်ချိန် သင့် ကို ပျော်ရွှင် စေ ပါလိမ့် မယ်။
(၁၇) တစ်နေ့ တာ အတွက် များများ ပြုံးပါ။ များများ ရယ်ပါ။
(၁၈) အငြင်း အခုန် ဖြစ်လျှင် အလျော့ ပေးပါ။ အလျော့ ပေးခြင်း ဟာ သင့်စိတ် ကို သက်သာ စေပါတယ်။
(၁၉) အဝေး တစ်နေရာ ကို ရောက်နေ လျှင် မိသားစု ထံသို့ ဖုန်း ခဏ ခဏ ခေါ်ပါ။
(၂၀) အတွေး အခေါ် ကောင်းတဲ့ သူ ကောင်းသော အကြံဥာဏ် ပေးနိုင် သူ ထံမှ အကြံ ဥာဏ် ယူပါ။
(၂၁) ဖြစ်နိုင် လျှင် သူငယ်ချင်း တွေ အားလုံး ကို အဆက် အသွယ် မပြတ် ပါစေနဲ့။
(၂၂) အချိန်ပို တွေ သင့်မှာ ရှိတယ် ဆိုလျှင် အသက် ၇၀ ကျော် ဒါမှ မဟုတ် အသက် ၆ နှစ် အောက် သူတွေ နှင့် အတူ နေပါ။
(၂၃) နေမကောင်း ဖြစ် လျှင် အလုပ် မလုပ် ပါနဲ့။
(၂၄) မှန်ကန် သော နည်းလမ်းတွေ ကိုသာ ကျင့်ကြံ အားထုတ်ပါ။
( ၂၅) မနက်ခင်း အိပ်ယာ ထသော အခါ သဘာဝ အလှ အပ များ ကို ကြည့်ရှု ခံစားပါ။

မြန်မာ့ အလင်း


https://www.facebook.com/photo.php?fbid=519382208159615&set=a.35104771499306

ရင်နင့်အောင်ခံစားရသော အဖြစ်အပျက်ကလေးတစ်ခု




တစ်နေ့မှာ ကျနော်လမ်းလျှောက်နေတုန်း ဖုန်းသံမြည်လာတယ်…
ဖုန်းကောက်ကိုင်လိုက်တော့ ဖုန်းသံထဲက ကြားရတဲ့အသံက နုနယ်တဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…
“ဖေဖေ မြန်မြန် ပြန်လာတော…့လေ… မီးမီး ဖေ့ဖေ့ကို အရမ်းသတိရနေတယ်…”
အာရုံမှာ ချက်ချင်းသိလိုက်တယ်… ဒါဟာ ဖုန်းမှားနေတယ်ဆိုတာ…
ဒီခေတ်ဒီခါမှာ ဒါမျိုးဟာ မထူးဆန်းတော့ပါဘူး…

ကျနော်လဲ စိတ်မရှည်စွာနဲ့ဘဲ ပြောလိုက်တယ်… “ဖုန်းမှားနေပြီ” ဆိုပြီး ဖုန်းကိုချလိုက်တယ်…

နောက်ရက်တွေမှာလဲ ဒီဖုန်းနံပါတ်နဲ့ ခဏခဏ မှားဝင်လာတယ်…
စိတ်အနှောင့်အယှက် ဖြစ်လာတယ်… တခါတလေ စိတ်တိုပြီး အော်ပြောလိုက်တယ်…
တခါတလေ ဖုန်းမကိုင်ဘဲ ဒီတိုင်းထားလိုက်တယ်…

တနေ့မှာ အဲဒီဖုန်းနံပါတ်နဲ့ ခဏခဏ ဖုန်းဝင်လာတယ်… ခါတိုင်းနဲ့မတူတာက ဖုန်းမကိုင်မချင်းကို ခေါ်နေတော့တာဘဲ…
နောက်ဆုံးတော့လဲ ကျနော် ဖုန်းကို လက်ခံပြီးနားထောင်လိုက်တယ်…
ဟိုးဘက်က ကြားရတဲ့အသံလေးက တော်တော်လေးကို အားပျော့နေတဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…



“ဖေဖေ မြန်မြန်ပြန်လာတော့လေ… မီးမီး ဖေဖေ့ကို သတိရတယ်… မေမေက ပြောတယ်… ဒီဖုန်းနံပါတ်မမှားဘူးတဲ့… ဖေဖေ ရဲ့ဖုန်းနံပါတ်ဘဲတဲ့… မီးမီး အရမ်းနာနေတယ်…
မေမေကပြောတယ်… ဖေဖေက အလုပ်အရမ်းများနေတယ်တဲ့… သမီးကို မေမေ တစ်ယောက်တည်းဘဲ ပြုစုနေတာ … မေမေလဲ တော်တော်လေးပင်ပန်းနေပြီ…
သမီးသိတယ်… ဖေဖေ အလုပ်အရမ်းရှုပ်နေတယ်ဆိုတာ… ဖေဖေ မလာနိုင်ရင်လဲ မီးကို ဖုန်းကနေဘဲ မွေးမွေး တစ်ချက်ပေးပါနော်…”

ကလေးလေးရဲ့ ရိုးသားလှတဲ့တောင်းဆိုမှုလေးကို ကျနော် မငြင်းဆန်နိုင်ခဲ့ဘူး…
ဖုန်းနားကို ကပ်ပြီး မွက်မွက် ဆိုပြီး မွေးမွေးပေးလိုက်တယ်…

ဟိုဘက်က ကလေးလေးရဲ့ ပြောနေသံလေးကိုကြားလိုက်ရတယ်…
“ကျေးဇူးဘဲ ဖေဖေ… မီး အရမ်းပျော်သွားပြီ… မီး ဖေဖေ့ကို အရမ်းချစ်တယ်”

ကျနော်ဒီဖုန်းကို စိတ်ဝင်စားလာတယ်…
ဖုန်ကောက်ဆက်လိုက်တော့ ဖုန်းကိုင်လိုက်တာက မိန်းကလေးမဟုတ်ဘဲ အသံလေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံ…
“အစ်ကို့ကို တောင်းပန်းပါတယ်… ဒီရက်ပိုင်းမှာ အစ်ကိုလဲတော်တော်လေး စိတ်ရှုပ်သွားမိလိမ့်မယ်…
ကျမ လုပ်စရာလေးတွေ ပြီးလို့ရှိရင် အစ်ကိုဆီ ဖုန်းဆက်ပြီး တောင်းပန်ဖို့ စီစဉ်းထားတယ်…
ဒီ ကလေးလေးရဲ့ ကံကြမ္မာ မကောင်းရှာဘူး… မွေကတည်းက မွေးရာပါ အရိုးကင်ဆာ ပါလာတယ်… သူ့ဖေဖေကလဲ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကား တိုက်မိလို့…
ဆုံးသွားတာ မကြာသေးဘူး… ဒီကိစ္စ သူ့ကို ပြောပြဖို့ ကျမမှာ အင်အားမရှိဘူး…
နေ့တိုင်း ဆေးတွေထိုးရတာ အမြဲတမ်းလိုလို နာကျင်နေပြီ… ကလေးလေးလဲ ဒီဒဏ်ကို တော်တော်လေးခံနေရပြီ…
နာကျင်မှုဝေဒနာ အဆိုးဆုံး အချိန်တွေမှာ သူ့ပါးစပ်ကနေ တတွတ်တွတ် အော်နေတာကတော့ အရင်က သူ့အနားမှာ သူ့ကို သတ္တိ ရှိဖို့ အမြဲတမ်း အားပေးနေတဲ့ သူ့ဖေဖေ ပါဘဲ…
ကျမလဲ မကြည့်ရက်တော့လို့ ဖုန်းနံပါတ် တစ်ခုပေးလိုက်တာ အစ်ကိုရဲ့ဖုန်းနံပါတ်ဖြစ်နေတာပါ”
“အဲ့ ကလေး အခု အခြေအနေဘယ်လိုနေသေးလဲ” ကျနော်သိချင်စောနဲ့ကောက်မေးလိုက်တယ်…

“မီးမီးလေး လူ့ဘ၀ကနေ ထွက်သွားပါပြီ… အစ်ကို အဲဒီ အချိန်တုန်းက သူ့ကို ဖုန်းထဲကနေ အနမ်းလေးပေးလိုက်ပုံရတယ်… ဟုတ်တယ်မဟုတ်လား… ဘာလို့လဲဆိုတော့ သူက ပြုံပြီး ထွက်သွားတာပါ…
ထွက်သွားခါနီး သူ့ရဲ့လက်သေးသေးလေးထဲမှာ “ဖေဖေ့” အသံကို ကြားနိုင်တဲ့ ဖုန်းကို မြဲမြဲ ဆုတ်ကိုင်ထားရှာတယ်…”

Zane
မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်ခုပါပဲ


https://www.facebook.com/photo.php?fbid=519110608186775&set=a.351047714993066.

ခွေးတို့က အမကို ဦးစားပေးတတ်

 

ခွေးတွေမှာ ထူးထူးခြားခြား ရှိနေတဲ့ အကျင့်လေး ဖြစ်ပါတယ်။ ဒါကတော့ ခွေး အထီးများဟာ အမတွေနဲ့အတူဆော့ရင် အမြဲတမ်း အရှုံးပေး လေ့ရှိခြင်း ဖြစ်ပါတယ်။

အမှန်တော့ ခွေးအထီးက ခွေးအမထက် အားလည်း ပိုသာပေမယ့် အတူကစားတဲ့ အခါမျိုးကျ ဘယ်တော့မှ အမကို အနိုင်မကျင့်ပါဘူး။ သူတို့က အမြဲရှုံးပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ ခွေးမ တို့ ပျော်အောင် ဆော့ ကစား ပေးတတ်တယ်လို့ ဆိုပါတယ်။

ခွေးတို့ကဲ့သို့ တိရစ္ဆာန်တင်မကပဲ အခြားသော တိရစ္ဆာန်မျိုး အချို့ လည်း ယင်းကဲ့သို့ အမကို ဦးစားပေး၊ အနိုင်ပေးတဲ့ အလေ့အထ ရှိကြောင်း သိရပါတယ်။
--
Ref: NGC
အောင်ခမ်း ( ရိုးရာလေး )



https://www.facebook.com/photo.php?fbid=519374141493755&set=a.351047714993066.

ဆီးချို ပျောက်တဲ့နည်းတဲ့



                      
မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါဇူလိုင်လ ၂၃ ရက် ၂၀၁၃အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ 

အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။ခါးတာကတော့ ရက်စက်တယ်။ 

အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ 

ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။တူသောအကျိုး ခံစားရပါစေ။

ဦးစန်းမောင် (မန်း)


https://www.facebook.com/photo.php?fbid=519384131492756&set=a.351047714993066

Dysentery ဝမ်းကိုက်ရောဂါ


                       



အင်္ဂလိပ်လို Bloody diarrhoea သွေးဝမ်းသွားတယ်လို့ အရေးများတယ်။ ဆေးစာနဲ့ဆို Dysentery ခေါ်တယ်။ WHO ကနေသတ်မှတ်ထားတာက ဝမ်းအရည်သွားပြီး သွေးပါတာတဲ့။ အမေရိကန် CDC ကတော့ ဝမ်းသွားတာထဲမှာ မြင်သာတဲ့သွေး ပါနေတာကို သတ်မှတ်တယ်။

ကူးစက်ရောဂါဖြစ်တယ်။ စအိုကထွက်-ပါးစပ်က ဝင်လာတာဖြစ်တယ်။ ဗက်တီးရီးယားပိုးကနေဖြစ်ရင် Bacillary dysentery လို့ခေါ်ပြီး Entamoeba histolytica (အမီးဘား) ပိုးကနေဖြစ်ရင် Amoebic dysentery လို့ခေါ်တယ်။ တခြား E coli, Salmonella နဲ့ Campylobacter ပိုးတွေကနေလဲဖြစ်တယ်။ ဒါ့အပြင် သန်ကောင်တွေ၊ ဓါတုဆေး နဲ့ ဗိုင်းရပ်စ် တွေကနေလဲ ဖြစ်နိုင်သေးတယ်။ ဝမ်းကို ဓါတ်ခွဲခမ်းမှာ စစ်ရင် အတိအကျ သိရမယ်။

အများဆုံးဖြစ်စေတာ Shigella ဗက်တီးရီးယားကြောင့်ပါ။ Bacillary dysentery ခေါ်တယ်။ သူ့ဖါသူပျောက်နိုင်တယ်။ Amoeba Entamoeba histolytica ကြောင့်ဖြစ်တာကို Amoebic dysentery ခေါ်တယ်။ ဆိုးတယ် နောက်ဆက်တွဲ ရောဂါတွေ ဆက်ဖြစ်တတ်တယ်။ ဥပမာ အသဲရောင် (အသားမဝါ)၊ ဦးနှောက်ရောင်။

ဝမ်းခဏခဏသွားမယ်၊ သွားရင် ဗိုက်ရစ်ပြီး နာမယ်။ သွေးက မများဘူး။ ဝမ်းမှာ အကျိအချွဲပါမယ်။ တချို့မှာ ကိုယ်နဲနဲပူတတ်တယ်။ တချို့က ကိုယ်မပူဘူး။ တချို့မှာ နဲနဲသာခံရပြီး တချို့ကြ ဆိုးလှတယ်။ ရက်တိုသူ၊ ရှည်သူ ရှိတယ်။ အူမကြီးမှာ ရောင်တာ၊ နာတာ၊ ဝမ်းခဏခဏသွားမယ်။ ဝမ်းထဲသွေးပါမယ်၊ ကိုယ်ပူမယ်၊ ဗိုက်နာမယ်၊ အားယုတ်မယ်။

ဘယ်လိုကုမလဲ။ ရေများများသောက်ပါ၊ ဓါတ်ဆားရည်သောက်ပါ။ နားပါ။ တကိုယ်ရေ သန့်ရှင်းရေး ပိုလုပ်ပေးပါ။ ပါးစပ်ထဲဝင်တာ မှန်သမျှ ဂရုစိုက်ပါ။ ရေသန့်မယ်၊ အစားအစာသန့်မယ်ဆိုရင် မဖြစ်နိုင်တော့ပါ။ ပူအောင်လုပ်ထားတဲ့ အစာထဲ၊ ရေထဲမှာ ပိုးမပါနိုင်ပါ။

(၁) Bacterial dysentery ဗက်တီးရီးယား ဝမ်းကိုက်ရောဂါအတွက် -
• Ceftriaxone 250 mg ကနေ 2 grams အထိ၊ တနေ့ တကြိမ်ကနေ ၂ ကြိမ်ခွဲပေးတယ်။ ၇-၁၄ ရက်။ ကလေးတွေဆိုရင် 50-100 mg/kg တနေ့ တကြိမ်ကနေ ၂ ကြိမ်ခွဲပေးတယ်။ ၇-၁၄ ရက်။
• Ciprofloxacin 500 mg ကို ၁၂ နာရီတခါ၊ ၅-၇ ရက်။
• Trimethoprim-sulfamethoxazole (Bactrim, Septra, Septrin) တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၁ဝ-၁၄ ရက်။

(၂) Amebic dysentery (အမီးဘား) ဝမ်းကိုက်ရောဂါအတွက် -
• Amebic dysentery (အမီးဘား) ဝမ်းကိုက် = Metronidazole 750 mg တနေ့ ၃ ကြိမ်၊ ၅-၁ဝ ရက်။

Metronidazole (Flagyl) ဆေးအကြောင်းလေးပါ ထည့်ရေးပါရစေ။ အသုံးလဲများ ဆေးအဆလဲ ကွာခြားလို့ပါ။ ရောဂါအတော်များများမှာ သုံးတယ်။

• Amebic Giardia (ဂိုင်ယားဒီယား) ပိုးကြောင့် ဝမ်းပျက်ခြင်း = 250 mg တနေ့ ၃ ကြိမ်၊ ၅ ရက်။
• Amebic gingivitis (အမီးဘား) သွားဖုံးရောင်၊ Metronidazole 400 mg TDS x 5-7 days
• Amebic liver abscess (အမီးဘား) အသဲပြည်တည်ခြင်း = Metronidazole 250 မှ 750 mg တနေ့ ၃ ကြိမ်၊ ၅-၁ဝ ရက် သောက်ပါ။
 
• Amebic Urethritis (ဂိုင်ယာဒီးယား) ပိုးဝင်၍ ကျား-မ ဆီးပြွန်ရောင်ခြင်း၊ Metronidazole 500 mg BD x 7 days
• Anaerobic Bacterial Infections လေမကြိုက်တဲ့ ပိုးကြောင့် အူမကြီးရောင်ခြင်း၊ ထိုးဆေး 500 mg TDS (30 mg/kg/dose) IV တနေ့ ၃ ကြိမ်။ စားဆေး = 7.5 mg/kg တနေ့ ၄ ကြိမ်၊ ၇-၁ဝ ရက်။ တနေ့မှာ 4 grams ထက်မပိုရ။
 
• Bacterial Vaginosis မွေးလမ်းရောင်ခြင်း = Metronidazole 750 mg တနေ့ ၁ ကြိမ် ၇ ရက် သောက်ပါ။ Metronidazole Vaginal cream တနေ့ ၁=၂ ကြိမ် ၅ ရက် ညအချိန်မှာ မွေးလမ်းထဲ ထည့်ပါ။
• Clostridium difficile infection (ကလောဆထွိုင်ဒီးယား) ဝမ်းပျက်ရောဂါ = 250-500 mg တနေ့ ၄ ကြိမ်၊ ဒါမှမဟုတ် 500-750 တနေ့ ၃ ကြိမ်။
• H pylori infections အစာအိမ်အနာ Metronidazole 800-1500 mg နေ့စဉ် + ကို Clarithromycin and Omeprazole နဲ့တွဲပေးသည်။
 
• Pelvic inflammatory disease (PID) တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း = 500 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်၊ အခြားဆေးများနဲ့ တွဲပေးပါ။
• Rosacea အရေပြားနီရဲနေတဲ့ရောဂါ လိမ်းဆေး = Gel 0.75-1% တနေ့တကြိမ် လိမ်းပါ။ Metronidazole ကလွဲရင် Diloxanide furoate, Paromomycin (Humatin), or Iodoquinol (Yodoxin) ဆေးတွေကိုလဲ သုံးပါသေးတယ်။ Traveler's diarrhea ခရီးသွားဝမ်းလျှောခြင်း၊ Metronidazole 250 mg TDS x 5-7 days
 
• Trichomoniasis ပိုးကြောင့် STD/STI လိင်ကတဆင့် (ထရွိုင်ကိုမိုးနပ်စ်) နှင့် (ဂိုင်ယာဒီယား) ပိုးများကြောင့် မွေးလမ်းကြောင်း-သားအိမ်ရောင်ခြင်း၊ Metronidazole 2 grams တခါထဲသောက်ပါ။ ဒါမှမဟုတ် 1 gram ကို ၂ ခါခွဲ တရက်ထဲ သောက်ပါ။ ဒါမှမဟုတ် တခါသောက်။ ဒါမှမဟုတ် 250 mg တနေ့ ၃ ကြိမ်၊ ဒါမှမဟုတ် 375 mg တနေ့ ၂ ကြိမ်၊ စုစုပေါင်း ၇ ရက် သောက်ပါ။
• ဦးနှောက်ပြည်တည်ခြင်း၊ Metronidazole 7.5 mg/kg orally QID not to exceed 4 grams daily + Penicillin or (Cefixime, Cefdinir, Cefoperazone, Cefotaxime, Cefpodoxime, Ceftazidime, Ceftizoxime, Ceftriaxone)

ဘေးထွက်-ဆိုးကျိုးများ၊ အစာအိမ်ရောင်၊ ပျို့-အန်၊ အစာမကျေ၊ FDA ကနေ Pregnancy (B) လို့ သတ်မှတ်ထားတယ်။ ဆိုလိုတာက အကျိုးဟာ ဘေးထွက်-ဆိုးကျိုးတက် ပိုရင် သောက်နိုင်တယ်။

Dr. Tint Swe
 

ဒိန်းမတ်နိုင်ငံတွင် ကျောင်းတက်ပါက ပိုက်ဆံရ



ဥရောပတိုက် မြောက်ပိုင်း၊ ဒိန်းမတ်နိုင်ငံမှာ ကျောင်းတက်ရင် တကယ် ပိုက်ဆံ ရပါတယ်။

အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားအားလုံးကို ပိုက်ဆံ ပေးပါတယ်။ မူလတန်းကနေ တက္ကသိုလ်ပြီးတဲ့အထိ၊ ပါရဂူဘွဲ့ ယူတဲ့အထိ ဘာကျောင်းလခမှ ပေးစရာ မလိုပါဘူး။ မလိုတဲ့ အပြင် ထောက်ပံ့ကြေးငွေတောင် ပေးပါသေးတယ်။

မူလတန်းများ၊ Secondary, အလယ်တန်း ကျောင်းသူကျောင်းသားများ အတွက် မိဘရဲ့  စီးပွားရေး အခြေအနေကို ကြည့်ပြီး ကျောင်းလခ အကန့်အသတ် မရှိ ထောက်ပံ့ပေးပါတယ်။ ကျောင်းလခတောင် မဟုတ် ပါဘူး။ နေစရိတ်စားစရိတ် ဖြစ်ပါတယ်။

အသက် ၁၈ နှစ် ၂၀ နှစ် ဝန်းကျင် ကောလိပ်တန်း၊ တက္ကသိုလ်တန်း ဝင်ဖို့ ဖြေဆိုနေတဲ့ ကျောင်းသား၊ ကျောင်းသူ များကိုတော့ တစ်လကို အမေရိကန်ဒေါ်လာ ၉၆၀ ထောက်ပံ့ပါတယ်။ ဆင်းရဲတယ်ဆိုတာကို သက်သေ အထောက်အထားနဲ့ ပြနိုင်ရင် တစ်မိသားစုလုံး စားသောက်ဖို့တောင် ထောက်ပံ့ ပါတယ်။

ကောလိပ်၊ တက္ကသိုလ်၊ အကဲဒမစ်၊ ဒီဂရီ ကျောင်းသူ၊ ကျောင်းသား များအတွက် ထောက်ပံ့ကြေးက ပိုများပါတယ်။ တစ်လကို အမေရိကန်ဒေါ်လာ ၉၆၀ နဲ့မလောက်တဲ့အတွက် အခြေအနေကို ကြည့်ပြီး ယင်းအထက် ထောက်ပံ့ပါတယ်။ ဒီအတွက် ခြောက်နှစ်သတ်မှတ်ထားပေး ပါတယ်။ ခြောက်နှစ်စာ ထောက်ပံ့ပေးပြီး အကြောင်းအမျိုးမျိုးကြောင့် ဒီဂရီ မေဂျာ နောက်တစ်ခုကို စိတ်ကူးပေါက်လို့ တစ်နှစ်အရှုံးခံပြီး ပြောင်း ရင်တောင် ထောက်ပံ့ကြေးက ပေးမြဲ ဖြစ်ပါတယ်။

မသန်မစွမ်း ကျောင်းသူ၊ကျောင်းသား များအတွက် ထောက်ပံ့ကြေး ဘယ် အသက်အရွယ်မရွေးကိုမဆို အပိုပေးပါတယ်။ သာမန်ရနေတဲ့ ထောက် ပံ့ကြေး အပြင် တစ်လကို အမေရိကန်ဒေါ်လာ ၁၃၆၄ ဒေါ်လာ အပိုထပ်ရပါသေးတယ်။

တက္ကသိုလ်ဘွဲ့ရပြီး မာစတာ တက်မယ့် သူများ ကျတော့ ကောလိပ်အဆင့် (Tertiary education) မှာ မပါတော့တဲ့အတွက် ထောက်ပံ့ကြေးငွေ မရတော့ ပါဘူး။ သို့ပေမယ့် ဒီထက်ပိုကောင်းတာ ရပါတယ်။ တက္ကသိုလ်ရဲ့  သုသေတနဌာနတွေမှာ အလုပ်ရပြီး သူတို့ရဲ့  တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၈၀၀၀ (၁သောင်း ၈ ထောင်) ဝန်းကျင်မှာ ရှိပါတယ်။ Ph.D တက်နေတုန်း အခက်အခဲများကို သေချာ ထောက်ပြ တင်ပြနိုင်ရင် ထောက်ပံ့ကြေးငွေလည်း ဆက်ရအုံးမှာ ဖြစ်ပါတယ်။

အထက်ပါ ငွေတွေကို ဒိန်းမတ်အစိုးရက အလကားပေးလိုက်တယ်လို့ မသတ်မှတ်ပါဘူး။ တစ်နေ့ လုပ်ငန်းခွင်ဝင်တဲ့အခါ ပြန်ဆပ်ရမယ့် ဆိုတဲ့ ချေးငွေ သဘောနဲ့ ပေးတာ ဖြစ်ပါတယ်။ သို့ပေမယ့် ကျောင်းပြီးပြီး ၁၅ နှစ်ကြာတောင် ယင်းချေငွေ ပြန်မပေးလည်း ဘာမှ ဥပဒေနဲ့ ညှိစွန်းမှု မရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဒိန်းမတ်နိုင်ငံဟာ ပညာရေးစနစ်တစ်ခုလုံး အခမဲ့ ဖြစ်တဲ့အပြင် ပိုက်ဆံတောင် ရပါသေးတယ်။ နိုင်ငံကသေး၊ လူဦးရေးကလည်း နည်း၊ ဝင်ငွေများတဲ့ တိုင်းပြည်လည်း ဖြစ်တော့ ပညာရေး စနစ်ကို အကောင်းဆုံး ဖန်တီးပါတယ်။ ကျူရှင်လည်း မရှိပါဘူး။ ယနေ့အထိ ပညာရေး စနစ် တစ်ခုလုံး အခမဲ့ဖြစ်ပြီး ကျောင်းသားတွေကိုတောင် ပိုက်ဆံ ပေးတဲ့အတွက် ကမ္ဘာမှာ ထူးခြားအံ့သြဖွယ် ပညာရေး ဦးစားပေးတဲ့ နိုင်ငံအဖြစ် အသတ်မှတ် ခံထားရကြောင်း သိရပါတယ်။
--
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )


https://www.facebook.com/photo.php?fbid=519405641490605&set=a.351047714993066.

စတားလုံးရဲ့  အကောင်းဆုံးအဖော်မွန်ဖြစ်ခဲ့သူ

 

ယနေ့အောင်မြင်လူသိများတယ် ရန်ဘို ခေါ် Sylvester Stallone ဆိုတာ တစ်ချိန်တုန်းက အိမ်ခြေ ရာမဲ့ တစ်ဦး ဖြစ်ပါတယ်။ နေစရာ စားစရာမရှိလို့ နယူးယောက်က ရထားဘူတာမှာ ၃၊ ၄ ရက် ပတ်အိပ်ရတဲ့အထိ ဆင်းရဲခဲ့ ပါတယ်။

ဆင်းရဲနေချိန် သူ့အတွက် အကောင်းဆုံး အဖော်မွန်က သူ့ခွေးလေး ဖြစ်ပါ တယ်။ နောက်ဆုံး ခွေးကိုတောင် ဘာမှ ကျွေးစရာမရှိတော့လောက်အောင် ဆင်းရဲ သွားလို့ ခွေးကို အရက်ဆိုင် တစ်ဆိုင်မှာ အမေရိကန်ဒေါ်လာ ၅၀ ဝန်းကျင်နဲ့ ရောင်းချခဲ့ပါတယ်။ ရောင်းချလို့ရတဲ့ငွေနဲ့ စားသောက်ပြီး လက်ဝှေ့ ရုံတစ်ခုမှာ စုစည်းနေတဲ့ ရုပ်ရှင် အဖွဲ့ ကိုသွားတွေ့ပါတယ်။ Boxing ရုပ်ရှင်ဇာတ်ကား တစ်ခုအတွက် ဇတ်ညွန်းကို စတင်ရေးသားခဲ့ပြီး ယင်းဇာတ်ကားမှာပဲ သူကိုယ်တိုင် မင်းသား ဖြစ်လာပါတယ်။ ပထမဆုံး ဇာတ်ကားမှာပဲ အမေရိကန်ဒေါ်လာ ၃သိန်းခွဲ ရရှိပြီး အနုပညာ ရှင်အောင်မြင်မှု အနေနဲ့ အော်စကာဆုများ ရရှိခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ သူရောင်းချခဲ့တဲ့ ခွေးကို ပစ်မထားပါဘူး။ အရက်ဆိုင် သို့ ပြန်သွားပြီး ဝယ်ပါတယ်။ ပိုင်ရှင်က မရောင်း ချင်လောက်အောင်ငြင်းနေတော့ အမေရိကန်ဒေါ်လာ ၃ထောင် ပေးပြီး သူ့ခွေးကို ပြန်လည် ဝယ်ယူခဲ့ ပါတယ်။ စတားလုံးဟာ သူ့အတွက် အကောင်းဆုံး အဖော်မွန်ဟာ မရှိဆင်းရဲဘဝကတည်းက အတူရှိခဲ့ တဲ့ ခွေး ဖြစ်ကြောင်း အင်တာဗျူးတွေမှာ သူဖြေကြားခဲ့ ပါတယ်။
.
Ref: dyknow
အောင်ခမ်း ( ရိုးရာလေး )


https://www.facebook.com/photo.php?fbid=519406314823871&set=a.351047714993066

သိဒ္ဓိတင်ခြင်း


 


လူတစ်ယောက်သည် အခြားလူတစ်ယောက်ကိုပါးစပ်က ပွစိပွစိလုပ်၍ မန်းမှုတ်ပေးရုံမျှဖြင့်
တကယ် သိဒ္ဓိမြောက်သွားနိုင်ပါသလော

ယင်းသို့ စေတစ်လုံးနှင့် ဖန်တီးပေးနိုင်သူကားကြောင်းကျိုးဝါဒ ဗုဒ္ဓအယူ၌ ရှေးကလည်းမရှိခဲ့၊ ယခုလည်း မရှိ၊နောင်လည်းရှိမည် မဟုတ်ပါ။

ပိဋကတ်သုံးပုံတွင် သိဒ္ဓိမြောက်စေနိုင်သော ဒေသနာတော်ကို ရှာမတွေ့မိပါ။

ရဟန္တာမထေရ်ကြီးမှစ၍ မထေရ်အဆက်ဆက် ဆောင်ခဲ့သောထေရဝါဒ ဗုဒ္ဓဘာသာ အလိုအားဖြင့်
သိဒ္ဓိမြောက်စေသော ပါဠိဂါထာဟူ၍ မရှိပါ။

သို့ပါလျက် 'ဝ'မရှိဘဲ 'ဝိ' လုပ်နေသူတို့အဖြစ်မှာ“ကာလနှယ် ဆိုးပါဘိ၊ သူခိုးက လူလူ၊
အလေ့ပေါက် မင်းမူတယ်၊ အိမ်သူကို ဧည့်စောင်” ဟု ဦးပုည ရေးသလို
ရယ်စရာပြက်လုံးသာ ဖြစ်ချေသည်။

ဘုရားရှေ့၌ ပွစိပွစိလုပ်ခြင်းကို သိဒ္ဓိတင်တယ်ဟု လူအများက ထင်ဟန်တူ၏။ယင်းသို့ သိဒ္ဓိသဖြင့် ရရှိသောအကျိုးတရားဟူသည်ရှင်တစ်ပါးကို ဆန်တစ်ဇွန်းလောင်းလှူသလောက် အကျိုးများနိုင်ပါ။

လက်ဖွဲ့ စသည်ကို အဆောင်ထား၍ရသော အကျိုးတရားထက်သူတောင်းစား တစ်ယောက်ကို ရေတစ်ခွက်တိုက်သည်ကအကျိုးများနိုင်သေးသည်။

( အရှင်အဂ္ဂဉာဏ (ချမ်းမြေ့) ဆရာတော် )


https://www.facebook.com/photo.php?fbid=519454498152386&set=a.351047714993066.7

CT Scan ရိုက်တာ ဘာအန္တရာယ်ရှိသလဲ


                       

31.12.2013

• CT ရိုက်တာကို Very low-risk procedure အန္တရာယ် နည်းလွန်းတဲ့ လုပ်ဆောင်မှုလို့ သတ်မှတ်ပါတယ်။
• ဆရာဝန်တွေက မလိုအပ်ဘဲ ရိုက်ဘို့ မခိုင်းပါ။
• သတိထားစရာတွေ ရှိပါတယ်။ ရိုးရိုး X-rays ထက် ပိုပြီး X-rays သုံးရတယ်။
• ထိုးတဲ့ဆေးကြောင့် ပျို့တာ၊ အနေရခက်တာ၊ နွေးလာတာ၊ စိုထိုင်းထိုင်း ခံစားရတာမျိုး ခဏဖြစ်လာနိုင်တယ်။
 
• Side effects ဘေးထွက်-ဆိုးကျိုးတွေထဲမှာ သွေးပြန်ကြောထဲ ထိုးပေးရတဲ့ Liquid dye နဲ့ Allergic reactions မတည့်တာ ဖြစ်ပါတယ်။ ဒီလိုမတည့်သူ ၁ သိန်းမှာ ၁ ယောက်သာ ရှိတယ်။ မထိုးခင် တည့်-မတည့် စမ်းသေးတယ်။
 
• ဒါ့ကြောင့် Asthma ပန်းနာရှိသူ၊ Emphysema အဆုပ်ရောဂါရှိသူတွေကို သတိထားရမယ်။
• ကျောက်ကပ် ကောင်းနေရင် ကိစ္စမရှိပါ။ ရိုက်ပြီးရင် ရေများများ သောက်တာ ကောင်းတယ်။
• ရှားရှားပါးပါး ဒီဆေးက သိပ်မကောင်းတဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်လို့ အထူးသတိထားရတယ်။ ဆေးလျော့ ထိုးရတတ်တယ်။
 
• ဆီးချိုရှိသူတွေလဲ သတိထားရသူမဲ့ စာရင်းထဲ ပါတယ်။
• နှလုံးရောဂါ ဆိုးဝါးသူတွေကိုလဲ သတိထားရတယ်။
• X-rays သုံးတာမို့ နောင်တချိန်မှာ ကင်ဆာ ဖြစ်မလားလဲ သုတေသနတွေ လုပ်နေဆဲဖြစ်တယ်။ ငြင်းခုံနေဆဲ ဖြစ်တယ်။ ကင်ဆာ ဖြစ်မှာကို သက်သေပြချက်တော့ မရှိသေးပါ။
• ကလေးတွေက လူကြီးထက် ကင်ဆာ ဖြစ်နိုင်ခြေများမယ်လို့ ယူဆကြတယ်။ ၁ နှစ်သားကလေး ဗိုက်ကို ရိုက်ရင် ကင်ဆာဖြစ်နိုင်ခြေ ဝ့၁၈%၊ ခေါင်းကိုရိုက်ရင် ဝ့ဝ၇% လို့ သုတေသနတခုက ဆိုထားတယ်။
• ဒါပေမဲ့ အမေရိကားမှာ ၁၅ နှစ်အောက် ကလေးပေါင်း တနှစ်မှာ ၆ သိန်းကို ရိုက်ပေးနတယ်။
 
• တကယ်တန်း ပြောရရင် မရိုက်သူတွေမှာလဲ ကင်ဆာဖြစ်နိုင်တဲ့ ကိန်းဂဏန်းနဲ့ ပြောရင် ထူးပြီးပိုတာဟာ မပြောပလောက်ပါ။
Contrast material မြင်ရအောင်လုပ်တဲ့ဆေးကို တချို့ရောဂါတွေအတွက် သွေးပြန်ကြောထဲထိုးတယ်။ တချို့ရောဂါတွေအတွက် အစာဟောင်းအိမ်။၊ အဆစ်ထဲမှာထိုးပေးပါတယ်။ တချို့ကြ ပါးစပ်ကနေသောက်ရေတယ်။ အမြဲတန်း အဲလိုဆေး မလိုပါ။

CAT computed axial tomography scan ကို
• Head ဦးခေါင်းကို blood clots, skull fractures, tumors, and infections သွေးခဲ၊ ဦးခေါင်းခွံကွဲခြင်း၊ ကင်ဆာ-အကျိတ်၊ ဦးနှောက် ပိုးဝင်တာတွေသိဘို့ ရိုက်မယ်။
• Spine ခါးဆစ်ကို vertebral fractures and herniated intervertebral disks ခါးဆစ်ရိုးကျိုး-မကျိုး၊ အဆုပ်ပုံမှန်မဟုတ်တာနဲ့ ပိုးဝင်တာတွေသိဘို့ရိုက်မယ်
• Chest ရင်ပတ်ကို heart abnormalities, lung abnormalities and infections နှလုံးချို့ယွင်းချက်၊ အဆ်ုပချို့ယွင်းချက်တွေနဲ့ ပိုးဝင်တာတွေသိဘို့ရိုက်မယ်
• Abdomen ဝမ်းဗိုက်ကို tumors, infections, abnormal anatomy, appendicitis and cysts အကျိတ်-ကင်တာ၊ ပိုးဝင်တာ၊ ဝမ်းဗိုက်ခန္ဓာဗေဒ၊ အူအတက်ပေါက်တာနဲ့ အလုံးစတာတွေအတက်ရိုက်မယ်။

CAT Scans နဲ့ ကိုယ်ဝန်ဆောင်
CAT scan မှာ ဓါတ်ရောင်ခြည် နည်းနည်းသုံးတယ်။ 10 mSv ရှိတယ်။ ဒီလိုဖြစ်တာဟာ လူတွေ နေရာင်ကနေရနေတဲ့ ဓါတ်ရောင်ခြည် ၃ နှစ်စာနဲ့ညီမျှတယ်။ ဒါပေမဲ့ မစိုးရိမ်သင့်ပါ။ အကျိုးရလဒ်နဲ့ ခံစားရမှာကို ချိန်ထိုးပြီး CAT scan ရိုက်နိုင်ပါတယ်။ American College of Radiology ဌာနရဲ့အဆိုအရ CAT scan တခါရိုက်တာနဲ့ သန္ဓေသားကို ဘေးထွက်-ဆိုးကျိုး မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မလိုအပ်ဘဲ မရိုက်သင့်ပါ။

CAT Scans နဲ့ နို့တိုက်မိခင်
ရိုက်တဲ့အခါ dye ဆေးထိုးခဲ့ရရင် ကလေးနို့တိုက်ဘို့ နောက်ထပ် ၂၄-၄၈ နာရီစောင့်သင့်ပါတယ်။

ဒေါက်တာတင့်ဆွေ
 

မြင့်မိုရ်တောင်ထက်သာပါတယ်


                       
ကျွန်တော်အလုပ်သင်ဆရာဝန်အဖြစ်စအလုပ်လုပ်ရတော့ စိတ်ဖိစီးမှုဒဏ်ကိုအတော်ခံခဲ့ရတယ်။ စာကျက်ရုံ အချိန်တန်စာမေးပွဲဖြေရုံကလွဲရင် အပူအပင်ကင်းတဲ့ကျောင်းသားဘ၀ကနေ လူနာတွေနဲ့ တကယ်ထိတွေ့ဆက်ဆံရပြီး တာဝန်ယူမှုတွေရှိလာတဲ့ ဆရာဝန်တစ်ယောက်ဘ၀ကိုရောက်လာတဲ့အခါ အရင်လိုလွတ်လပ်ပေါ့ပါးတဲ့စိတ်တွေပျောက်ဆုံးကုန်တဲ့အပြင် လူကြီးဘ၀ထဲကို အတင်းသွတ်သွင်းခံလိုက်ရတဲ့ ကလေးတစ်ယောက်ပုံစံမျိုးနဲ့တူနေသလိုခံစားရတယ်။ ကိုယ့်ကိုကိုယ်လည်း မနိုင်ဝန်ထမ်းနေရသလို မသက်မသာဖြစ်မိတယ်။ 


အရင်တုန်းက ဆေးရုံလာတယ်ဆိုတာ ခဏတဖြုတ်အိမ်လည်သွားတဲ့ဧည့်သည်လိုမျိုး သွားခဲ့တာကနေ အခုကျတော့ ဆေးရုံကို ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပြီး အလုပ်လုပ်ရတော့တာဆိုတော့ စိတ်ထဲမှာ မသက်မသာနဲ့ အတော်ဖိစီးနေရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဆေးနံ့သွေးနံ့တွေနဲ့မွှန်နေတတ်တဲ့ဆေးရုံဟာ ထောင်တစ်ခုနဲ့တူနေသလိုပဲ။ ဒီကြားထဲ စပြီးတာဝန်ထမ်းဆောင်ရတဲ့ဌာနကလည်း အလုပ်ရှုပ်လွန်းလို့ ယားရင်တောင်ထုံးတို့မှတ်ထားရတယ်လို့နာမည်ကြီးတဲ့ သားဖွားမီးယပ်ဌာနဆိုတော့ အလုပ်သင်စဖြစ်ခါစ ကျွန်တော့်အတွက်တော့ စိတ်ဓါတ်တွေအောက်ဆုံးထိရောက်အောင် ကျနေတော့တာပါပဲ။

သားဖွားမီးယပ်ဆိုတော့ ကျွန်တော်တာဝန်ကျတဲ့ဆေးရုံကို အများဆုံးလာတာက ကလေးလာမွေးတဲ့ကိုယ်ဝန်ဆောင်တွေပါ။ ဒါပေမယ့် ဆေးရုံလာတဲ့သူတွေထဲမှာ ကိုယ်ဝန်ဆောင်တွေလောက်နီးနီးများတဲ့ နောက်ထပ်လူနာအုပ်စုတစ်စုရှိပါသေးတယ်။ အဲဒီအဖွဲ့ကတော့ ကိုယ်ဝန်ဖျက်ချတာရဲ့နောက်ဆက်တွဲဖြစ်ဖြစ်တဲ့ ပြဿနာတွေကြောင့် အရေးပေါ်ဆေးရုံကိုရောက်လာရတဲ့ လူနာတွေပါပဲ။ ကျွန်တော်အလုပ်သင်ဆရာဝန်အဖြစ် အလုပ်လုပ်တဲ့သက်တမ်းတိုလေးမှာတောင် ဖျက်ချပုံနည်းလမ်းမျိုးစုံနဲ့ ဆေးရုံကိုရောက်လာတဲ့လူနာအမျိုးမျိုးကို မြင်ဖူးခဲ့တယ်။ 



ထီးရိုးတွေ၊ ၀ါးချွန်တွေ၊ သရိုးရွက်တွေ စတဲ့ချွန်ထက်တဲ့အရာမှန်သမျှနဲ့ သားအိမ်ထဲက ကိုယ့်ရင်သွေးလေးကိုသေကြေဒဏ်ရာရပြီး ပျက်ကျအောင်လုပ်တဲ့နည်းလမ်းတွေနဲ့ ကြုံဖူးသလို ဗိုက်ပေါ်တက်ခုန်၊ ၀ါးလုံးနဲ့လှိမ့်ချပြီး ပျက်အောင်လုပ်တာတွေနဲ့လည်း ရင်းနှီးဖူးခဲ့တယ်။ နည်းနည်း ပညာတတ်ပြီး ကြောက်တတ်ပုံရတဲ့သူတွေကတော့ သားအိမ်ညှစ်တဲ့ဆေးတွေထိုးတာ၊ သောက်တာ၊ သားအိမ်ထဲထည့်တာမျိုး သိပ်မနာတဲ့နည်းလမ်းမျိုးတွေကို သုံးကြတယ်။ အသက်ထက်အရှက်ကို ပိုခင်တွယ်တယ်ဆိုတဲ့လူစားမျိုးတွေ၊ လုံးဝမတတ်နိုင်လို့ မကျွေးမွေးနိုင်လို့ပါဆိုတဲ့လူစားတွေ ဘယ်လိုလူစားမျိုးတွေဖြစ်ဖြစ် ကိုယ်ဝန်ပျက်ကျရင်ပြီးရော ဘယ်လိုနည်းလမ်းပဲသုံးရသုံးရ သုံးမယ်ဆိုတဲ့လူပေါင်းများစွာကို သွေးသွန်ရင်း၊ သွေးဆိပ်တက်ရင်း၊ သေလုမြောပါးပုံစံမျိုးစုံနဲ့ ဆေးရုံလုပ်သက်နည်းနည်းလေးမှာတောင် ကျွန်တော်အများကြီးတွေ့ဖူးခဲ့တယ်။ 


ထူးခြားတာတစ်ခုကတော့ အဲလိုကိုယ်ဝန်ဖျက်ချရင်း ဆေးရုံရောက်လာသူတွေထဲမှာ ပညာတတ်လို့သတ်မှတ်နိုင်တဲ့သူတွေပါဝင်နေတတ်ပြီး သူတို့ထဲက အတော်များများဟာ ဒီလိုအပြစ်မရှိတဲ့ရင်သွေးလေးကို ပျက်ဆီးအောင်လုပ်လိုက်ရတဲ့အတွက် နောင်တရတဲ့ပုံစံမျိုးတွေမရှိနေတတ်တာပါပဲ။ တချို့တွေဆိုရင် သူတို့အသက်အန္တရာယ်ကင်းလောက်ပြီလို့ သေချာသွားတဲ့အချိန်ကျရင် မေးတတ်တဲ့မေးခွန်းတစ်ခုရှိတတ်တယ်။ “ကလေး တကယ်ပျက်သွားပါတယ်နော်” တဲ့။ သူတို့စိတ်ထဲမှာ ဒီလိုအပြစ်မဲ့တဲ့ ကိုယ့်သွေးသားတစ်ယောက်ကို ဖျက်ဆီးပစ်လိုက်ရတဲ့အတွက် နောင်တရဖို့ထက် ကလေးမပျက်မှာကိုတောင် စိုးရိမ်နေတတ်တာတွေ့တော့ အတိုင်းအဆမဲ့တဲ့ မိခင်မေတ္တာဆိုတာကို ကျွန်တော်အယုံအကြည်နည်းချင်လာတယ်။

တစ်နေ့ ဆေးရုံမှာအရမ်းအလုပ်များနေတဲ့အချိန် ကိုယ်ဝန်ဆောင်တစ်ယောက်ရောက်လာတယ်။ အသက်၂၀၀န်းကျင်လောက်ရှိပြီး စုတ်ပြတ်ပေရေတဲ့အ၀တ်အစားတွေကို ၀တ်ဆင်ထားတဲ့ ကောင်မလေးတစ်ယောက်ဟာ လူနာတင်ကုတင်ပေါ်မှာလူးလိမ့်ရင်း အော်ဟစ်နေတယ်။ အနှစ်နှစ်အလလ ရေချိုးထားပုံမရလို့ အနားမကပ်နိုင်လောက်အောင်အနံ့မျိုးစုံထွက်နေတဲ့ ဒီကောင်မလေးဟာ စိတ်မကျန်းမာသူလေးတစ်ယောက်လည်းဖြစ်နေရှာတယ်။ 


သူဟာ အရင်တုန်းကတည်းက ဒီလိုပဲ ရပ်ကွက်တွေထဲမှာ လျှောက်သွားနေပြီး ဟိုအိမ်ဒီအိမ်ကကျွေးတဲ့ အစားအသောက်ကို တောင်းရမ်းစားသောက် နေရသူတစ်ယောက်ပါ။ အရွယ်ကောင်းစိတ်မနှံ့သူလေးဟာ ကံမကောင်းစွာနဲ့ပဲ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ ယုတ်ညံ့လှတဲ့ စိတ်ဓါတ်ပိုင်ရှင်တစ်ယောက်ကြောင့် ကိုယ်ဝန်ရလာခဲ့ပြီးနောက်မှာလည်း ဒီလိုပဲ ရပ်ကွက်ထဲလှည့်လည်ပြီး ၀မ်းရေးအတွက်

အာဂဖခင် တစ်ဦးက မိကျောင်းကို တိုက်ခိုက်၍ သားဖြစ်သူအား ကယ်ဆယ်ခဲ့

ဇင်ဘာဘွေ နိုင်ငံတွင် အာဂဖခင် တစ်ဦးက မိကျောင်းကို တိုက်ခိုက်၍ သားဖြစ်သူအား ကယ်ဆယ်ခဲ့

Monday, December 30, 2013

ဇင်ဘာဘွေ နိုင်ငံရှိ ကျေးလက်ဒေသ တစ်ခုတွင် ဖခင် တစ်ဦးသည် ၎င်း၏ သားငယ်အား ကိုက်ခဲထားသည့် မိကျောင်း တစ်ကောင်ကို တိုက်ခိုက်၍ ၎င်း၏ပါးစပ် အတွင်းမှ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူအား ကယ်ဆယ် နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ဖြစ်ပွားပုံမှာ တာဖက် ဇွာကာချီယာ အမည်ရှိ ယင်းအမျိုး သားသည် ခရစ္စမတ် အကြိုနေ့က သားဖြစ်သူ တာပီဝါနှင့် အတူ မှုတိုကိုမြို့ အရှေ့ မြောက်ပိုင်းရှိ မြစ် တစ်ခုကို ဖြတ်ကူးရန် ကြိုးပမ်းစဉ် မိကျောင်း တစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း Herald သတင်းစာ၏ ထုတ်ပြန်ချက် အရ သိရသည်။

ထို့နောက် ကာချီယာသည် မိကျောင်းအကိုက် ခံခဲ့ရသော သားဖြစ်သူအား ကယ်ဆယ်ရန် အတွက် ၎င်းသတ္တဝါ၏ ကျောပေါ်သို့ ခုန်တက်၍ ဦးခေါင်းအား ရိုက်နှက်ကာ မျက်လုံးများကို ထိုးဖောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တိုက်ခိုက်မှုကြောင့် ကာချီယာသည် လက်မောင်းတွင် ဒဏ်ရာ ရရှိခဲ့ပြီး သားဖြစ်သူမှာ ခြေထောက်တစ်ချောင်း ဆုံးရှုံးခဲ့ကြောင်း Herald သတင်းစာက ထုတ်ပြန် ခဲ့သည်။

မြ၀တီ


https://www.facebook.com/photo.php?fbid=519000094864493&set=a.351047714993066.

အထီး၊ အမ လိုသလိုပြောင်းလဲနိုင်သော ငါး- clownfish



clownfish ခေါ်တဲ့ သန္တာကျောက်တန်းနေ ရွှေငါးမျိုး Amphiprioninae ဟာ မွေးကတည်းက အထီးပဲ ဖြစ်ပါတယ်။ အားလုံ အထီးချည်းပါပဲ။ ဒါဆို သူတို့ကို မွေးတာ ဘယ်သူလည်းလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒီလို ရှိပါတယ်။

မွေးကတည်းက အထီးများသာ ဖြစ်တဲ့ Clownfish ဟာ ကိုယ့်မျိုးစိတ်မပျက် သုန်းဖို့အတွက် အမအဖြစ်သို့ ကိုယ်တိုင် ပြောင်းယူ ကြပါတယ်။ အားလုံးတော့ မဟုတ်ပါဘူး။ ၁၀ ကောင်မှာ တစ်ကောင်က အမအဖြစ်သို့ ပြောင်းလဲ စတေးပြီး ကျန် Clownfish များနဲ့ မိတ်လိုက်ပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်ပါတယ်။ သားဥများ မွေးဖွားပေး ပါတယ်။

အကယ်၍ ယင်း ငါးက သေပြီဆိုရင် သူ့အစား အခြား ခေါင်းဆောင်ငါး clownfish တစ်ကောင်က အမ အဖြစ်သို့ ပြောင်းလဲပေးပါတယ်။ တန်ခိုးရှင် တော့မဟုတ်ပါဘူး။ သို့ပေမယ့် ကိုယ်တိုင် အမအဖြစ်သို့ပြောင်းနိုင်ပြီး ကိုယ်ဝန် ဆောင်နိုင်ပါတယ်။ clownfish ထဲမှာကိုမှ အမျိုး ၃၀ ထပ်ကွဲပြီး Nemo တို့လို ရွှေငါးမျိုး ထပ်ကွဲပါသေးတယ်။

၃ လက်မ ကျော်ကနေ ၇ လက်မ အထိ အရွယ်အစား ရှိတဲ့ ငါးမျိုး ဖြစ်ပြီး အိန္ဒိယနဲ့ ပစိဖိတ် သမုဒ္ဒရာတို့ရှိ သန္တာကျောက်တန်းများမှာ နေထိုင်တဲ့ ရွှေငါး တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။
--
Ref:wiki
အောင်ခမ်း ( ရိုးရာလေး )


https://www.facebook.com/photo.php?fbid=519098808187955&set=a.351047714993066.

Samsung GALAXY S စီးရီး နဲ့ Note စီးရီး...




GALAXY ဆိုတာ

အမှန်တော့ Samsung GALAXY S စီးရီး ဖုန်းတွေ နဲ့ Samsung GALAXY Note စီးရီးတွေ ဆိုတာ Family တစ်ခုတည်းက ပါပဲ။ ဂလက်ဆီ ( GALAXY ) လို့ခေါ်တဲ့ မိသားစုထဲက ဖြစ်ပါတယ်။ Samsung မှ ကမ္ဘာတစ်ဝန်းက လူသားအားလုံးအတွက် တစ်စုတစ်စည်းတည်း၊ စည်းစည်းလုံးလုံး ရှိစေမေယ့် အထင်ကအရ အမှတ်အသား တစ်ခု အနေနဲ့ နဂါးငွေ့တန်း ဂလပ်ဆီခေါ် GALAXY အမည်တပ်လို့ မိုဘိုင်းဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာများကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်တာကြောင့် နှစ်စဉ် ရောင်းအား အကောင်းဆုံး စံချိန်တင်တာ အားလုံး မျက်မြင်ကိုယ်တွေ့ပါပဲ။


S စီးရီးနဲ့ Note စီးရီး ကွာခြားမှု

Samsung GALAXY S ကစလို့ Galaxy S4 အထိတောင် ရောက်ခဲ့ပါပြီ။ စမတ်ဖုန်း အသုံးပြုလိုသူတိုင်းအတွက် အရည်အသွေး အကောင်းဆုံး ဖြစ်အောင် ဖန်တီးထားတဲ့ စမတ်ဖုန်း ဖြစ်တာကြောင့် S2 ထဲက လူကြိုက်များလာခဲ့ကာ S3 တင်မက S4 ရဲ့  ရောင်းအား အင်မတန် ကောင်းတာကိုတွေ့ရမှာပါ။ သူက စမတ်ဖုန်း ဖြစ်ပါတယ်။ စမတ်ဖုန်းဆိုတာ မြန်မာလို စမတ်ကျသော ဖုန်းလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သာမန်လက်ကိုင်ဖုန်းတွေနဲ့ မတူပဲ သူ့ရဲ့ လုပ်ဆောင်ချက်က ကွန်ပြူတာ တစ်လုံးနီးပါး ဖြစ်လာတာမို့ သာမန်လက်ကိုင်ဖုန်းတွေထက်ပိုသာကြောင်း သိသာအောင် အသိဉာဏ်ပြည့်စုံသော ဖုန်း၊ စမတ်ဖုန်း ဆိုပြီး ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါက ဖုန်းပြောဆိုရန်နဲ့ ဆက်သွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက် များအတွက် အထောက်အပံ့ပေးတဲ့ ဖုန်း ဖြစ်ပြီး ယင်းထဲမှာ လက်တလော ထွက်ရှိထားတဲ့ အဆင့်မြင့်ဆုံး စမတ်ဖုန်းက Samsung GALAXY S4 ပါပဲ။

Samsung GALAXY Note 3 ကျတော့ စမတ်ဖုန်း အမျိုးအစားထဲမှာ မဟုတ်တော့ပါဘူး။ သူက Note အမျိုးအစားထဲ ဝင်သွားပါတယ်။ သူက Note အမျိုးအစားဖြစ်ပြီး လက်တွေ့ပိုဆန်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ လူတွေဟာ လက်အားကိုးနဲ့ စာရေးသားတဲ့အကျင့်ကို စတင်ပျိုးထောင်လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ နည်းပညာတွေနဲ့ အစားထိုးပြောင်းလဲသွားတယ်။ ဒါပေမယ့် ဒီ Note အမျိုးအစားတွေက စာရေးသားတဲ့ အလေ့အကျင့်ကိုလည်း မပျောက်ပျက်စေသလို၊ အဆင့်ုမြင့်နည်းပညာတွေရဲ့ နောက်ဆုံးပေါ်လုပ်ဆောင်ချက်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒါက Note တွေရဲ့ သဘောတရားပါ။

ဒီတော့ Note နဲ့ Smartphone ကို ယေဘုယျအားဖြင့် ရေးခြစ်စရာ မှင်တံလေး ပါဝင်ခြင်း ရှိ၊ မရှိ နဲ့ ခွဲခြားနိုင်ပါတယ်။။ Note မှာတော့ Smartphone တွေထက် အပိုပါဝင်လာတဲ့ စွမ်းဆောင်ရည်တွေကတော့ လက်ဖြင့်ရေးသားကာ ခိုင်းစေလုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။


ဘာရွေးချယ်သင့်သလဲ

ဘယ် အမျိုးအစားက ကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်မယ်ဆိုတာ ကိုယ့်ရဲ့  ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည် ပါတယ်။ ကိုယ်နေ့စဉ် အသုံးချရမယ့် လုပ်ငန်းတာဝန်တွေနဲ့ ဆက်စပ်စဉ်းစားနိုင်ပါတယ်။ Note ကို စာရေးသား မှတ်သားဖို့ များများလိုအပ်သူမျိုး၊ ပုံဆွဲခြင်းနဲ့ ဆက်စပ်လုပ်ကိုင်လိုသူမျိုး၊ အဆင့်မြင့်မြင့် မျက်နှာပြင်ကျယ်ကျယ် အသုံးပြုလိုသူမျိုးတွေ အတွက် အထူးသင့်လျော်ပါတယ်။ S စီးရီး စမတ်ဖုန်းတွေကတော့ လက်တစ်ကိုင်စာ အသုံးပြုနိုင်မယ့် အရွယ်အစားတွေနဲ့ အဆင့်မြင့်ဖုန်းတစ်လုံးအဖြစ် ပီပီပြင်ပြင် အသုံးပြုလိုသူများအတွက် အထူးသင့်လျော်ပါတယ်။


Samsung GALAXY S 4 ကိုင်ရတာနဲ့ Samsung GALAXY Note 3 ကိုင်ရတာ ခံစားမှုခြင်းမတူပါဘူး။ ဒါကို လက်ရှိ အသုံးပြုသူ Samsung Galaxy ချစ်သူများ ပိုသိပါလိမ့်မယ်။

Credit to Samsung Myanmar


https://www.facebook.com/photo.php?fbid=519099334854569&set=a.351047714993066.7

Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ



စာဖတ်သူတို့ Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။

ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ တကယ်လည်း မြန်မာပြည်အတွက် ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဝင်ငွေရှာတာတော့ နိုင်ငံတကာ မှာ တော်တော်လေး ရေပန်းစားပါတယ်။ ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံတကာမှာ Facebook အသုံးပြုပြီး ဘယ်လို ဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။

Facebook မှာ ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ်မျိုး ဖြစ်ပါတယ်။ Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ်ခုခုလုပ်လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ပါမယ်။ ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာမှာ ကြော်ငြာထည့် လာတာမျိုး ဖြစ်ပါတယ်။ ရေပန်းအစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ Application ကိုလူတိုင်းလုပ်နိုင်ပါတယ်။

သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။ Application ဖန်တီးလိုသူများက https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက်ပြီး ပြုလုပ်ကြပါတယ်။ ဒါကလည်း မခက်ပါဘူး။ သို့ပေမယ့် မြန်မာပြည်ကနေတော့ Application လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီအတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့် Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal , eBay အစရှိသဖြင့် နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းတွေ မြန်မာပြည်မှာ မရှိလို့ပဲ ဖြစ်ပါတယ်။ ယင်း နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းစနစ်တစ်ခု သာ မြန်မာပြည်မှာ ရှိလာပြီဆိုရင် အွန်လိုင်းမှာ ရုန်းကန်နေတဲ့ မြန်မာ့ အင်တာနက်ကွန်ရက်ပေါ်က စီးပွားရေးလုပ်ငန်း များ၊ ဆော့ဖ်ဝဲ၊ Developer သမားများ ဒီထက်မက လမ်းပွင့်သွားနိုင်ပါတယ်။

ဥပမာ- စာဖတ်သူတို့ Facebok မှာသုံးနေတဲ့ “ဘယ်သူ့ကိုပိုချစ်လဲ၊ သင့်ချစ်သူဟာ ဘယ်လိုလူစားလဲ” အစရှိသဖြင့် Application အများစု ဟာ ပြည်ပရောက် မြန်မာ Developer များက ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒီတော့ ပြည်ပရောက် မြန်မာ များအတွက်တော့ ငွေဒီနည်းနဲ့

ဆေးဝါးမကူဘဲ ဖြေရှင်းနိုင်သော ဝေဒနာများ



                          
ဗောက်ထခြင်း

ဖြေရှင်းနည်း ။ ။ သံလွင်ဆီ အသုံးပြုပါ

သင့်ဦးရေပြားမှာ ဗောက်ထတာကြောင့် ယား ယံတာ၊ ဆံပင်ပေါ်မှာ ဗောက်တွေ အဖတ်လိုက် ကပ်နေတာ စိတ်အနှောင့်အယှက် ဖြစ်နေပါသလား။ ဦးရေပြား ဗောက်ထတာ အများစုက ဆဲလ်ဟောင်း နေရာမှာ အသစ်လဲတာကြောင့်ဖြစ်ပြီး ဆိုးဆိုးရွားရွား ဗောက်ထ တာမျိုးကတော့ မှိုပိုးကြောင့် ဖြစ်တတ်ပါတယ်။ ခေါင်းမလျှော်ခင် သံလွင်ဆီကို အပူပေးပြီး ဦးရေပြားအနှံ့ သေချာစွာ လိမ်းပြီးမှ ဇင့်၊ လက် ဖက်စိမ်းပါတဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။

လေပွခြင်း

ဖြေရှင်းနည်း ။ ။ ဒိန်ချဉ်သောက်ပါ

လေပွတာက အများစုမှာ ဖြစ်တတ်ကြပြီး ဖြစ်နိုင်တဲ့ အကြောင်းတွေ ကလည်း များစွာရှိပါတယ်။ အစာမကြေတာ၊ လက်တို့စ်နဲ့ မတည့်တာ၊ အမျှင် ဓာတ်ကြွယ် ဝတာတွေကို အလွန်အမင်း စားမိတာနဲ့ တချို့ဆေးဝါး တွေကြောင့် လေပွတာကို ဖြစ်စေပါ တယ်။ လေပွတာကို အကျိုးပြု ဘက်တီးရီးယားတွေ နဲ့ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ အူလမ်းကြောင်းမှာ အကျိုးပြု ဘက်တီးရီးယား တွေနည်းသွားတဲ့ အခါမျိုး မှာ အစာတွေကို ချေဖျက်ဖို့နဲ့ မှိုပိုးတွေ ပွားများမှုကို ဟန့်တားဖို့ အားနည်းသွား တတ်ပါတယ်။ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ ဒိန်ချဉ် သောက်ပြီး လေပွတာကို အလွယ်တကူ ဖြေရှင်းနိုင် ပါတယ်။ ဒိန်ချဉ်ကို စတော်ဘယ်ရီနဲ့ ရောပြီး စားနိုင်ပါတယ်။

ဓာတ်မတည့်ခြင်း

ဖြေရှင်းနည်း ။ ။ နှာခေါင်းစည်းတပ်ထားပါ

အမေရိကန်နိုင်ငံမှာ လူပေါင်း ၁၀-၂၀ ရာခိုင် နှုန်းလောက်က ပန်းဝတ်မှုန်တွေနဲ့ ဓာတ်မတည့်မှုကို ခံစားနေရပါတယ်။ ဓာတ်မတည့် တာကြောင့် နှာ ခေါင်းပိတ်တာ၊ နှာရည်ယိုတာ၊ နှာချေတာနဲ့ ဖျား တာတွေကို ခံစားရနိုင်ပါတယ်။ ပန်းပေါင်းစုံဖူးပွင့်တဲ့ ရာသီတွေမှာ အိမ်အပြင်ထွက်တဲ့အခါ နှာခေါင်းစည်း တပ်သွားပါ။ ပျားရည် တစ်နေ့ လက်ဖက်စားဇွန်းတစ် ဇွန်းသောက်ပါ။ လေ့လာသူတွေက ပျားရည်က ပန်း ဝတ်မှုန်နဲ့ ဓာတ်မတည့်မှုဖြစ်တာကို သက်သာစေ တယ်လို့ တွေ့ရှိခဲ့ပါတယ်။

စိုးရိမ်စိတ်များခြင်း

ဖြေရှင်းနည်း ။ ။ တရားထိုင်ပါ၊ ယောဂကျင့်ပါ

အင်္ဂလန်နိုင်ငံမှာ အရွယ်ရောက်သူတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ဘဝတစ်လျှောက်လုံး မှာ စိုးရိမ်စိတ်များတဲ့ ဝေဒနာကို ခံစားနေရပါတယ်။ စိုးရိမ်စိတ်များတာကြောင့် မလိုလားအပ်တာတွေကို မဆင်မခြင်လုပ်တတ်ကြပါတယ်။ ဒီလိုဖြစ်ရတာဟာ ဦးနှောက်အတွင်းမှာ ဟော်မုန်းဓာတ်တွေ မညီမမျှ ဖြစ်တာကြောင့်ပါ။ တရားထိုင်တာ၊ ယောဂကျင့် တာတွေနဲ့ စိုးရိမ်သောကတွေကို လျော့နည်းသက် သာစေပါတယ်။ အရီဇိုးနားတက္ကသိုလ်မှလေ့လာမှု အရ အေရိုးဗစ်လေ့ကျင့်ခန်းပြုလုပ်တာက စိုးရိမ် စိတ်တွေကို လျှော့ချနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

အိပ်ရေးပျက်များခြင်း

ဖြေရှင်းနည်း ။ ။ လက်ဖက်ရည်သောက်ပါ

အိပ်မပျော်တာ၊ အိပ်ရေးမဝတာကို လူတိုင်းနီး ပါး ခံစားဖူးကြမှာပါ။ သင်ရဲ့ လူမှုပေါင်းသင်းဆက် ဆံရေး ကောင်းလွန်းတာက အိပ်ပျက်စေတဲ့ အကြောင်း တစ်ခုပါ။ Facebook စာမျက်နှာတွေ ဖတ်ရှုနေတာ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချက်တင်လုပ်နေတာ၊ ညဘက်အိပ်ချိန်လွန်တဲ့ အထိ ဖုန်းပြောနေတာတွေ က သင့်ကို အိပ်ပျက်စေတဲ့အကြောင်းတွေပါ။ ကော်ဖီ သောက်မယ့်အစား ချမ်မိုမိုင်းခတ်ထားတဲ့ လက်ဖက် ရည်သောက်ပေးတာက အိပ်ချင်စိတ်ကို ဖြစ်ပေါ် စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)


https://www.facebook.com/photo.php?fbid=519103624854140&set=a.351047714993066

(၂၀၁၂) ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲမှ အကယ်ဒမီဆုရှင်များ စရင်း

                           

 ၁။ အကောင်းဆုံး အသံဆု - တိုနီလင်း (ကယန်းအလှ ရုပ်ရှင် ဇာတ်ကား)
၂။ အကောင်းဆုံး တေးဂီတဆု - ဂီတမှူး ဝင်းကို (အမွေခံထိုက်သူ ဖြစ်ပါစေ ဇာတ်ကား)
၃။ အကောင်းဆုံး ရုပ်ရှင် တည်းဖြတ်ဆု - ဇော်မင်း (ဟံသာမြေ) - (ဥ ဇာတ်ကား)
၎။ အကောင်းဆုံး ရုပ်ရှင် ဓာတ်ပုံဆု - ကိုအောင်ကိုလတ် (ကယန်းအလှ ရုပ်ရှင် ဇာတ်ကား)
၅။ အကောင်းဆုံး ကလေး သရုပ်ဆောင်ဆု - ယွန်းယွန်း (တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကား)
၆။ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု - ပြေတီဦး (လက်ပံ ဇာတ်ကား)
၇။ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု - ချောရတနာ (ဥ ဇာတ်ကား)
၈။ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု - ဖွေးဖွေး (လက်ပံ ဇာတ်ကား)
၉။ အကောင်းဆုံး ဒါရိုက်တာဆု ကိုဇော် (အရုဏ်ဦး) (ဥ ဇာတ်ကား)


 
 
အသံပိုင်းဆိုင်ရာ ဆုရရှိသွားသည့် တိုနီလင်းအား ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ရွှေစင်ရုပ်ထုဆု ချီးမြှင့်နေစဉ်

 

 ၂၀၁၂ ခုနှစ်အတွက် အမွေခံထိုက်သူဖြစ်ပါစေ ရုပ်ရှင်ဇာတ်ကားဖြင့်
အကောင်းဆုံးရုပ်ရှင်တေးဂီတဆုရရှိသူ ဂီတမှူး ဦးဝင်းကို ကျေးဇူးတင်စကားပြောကြားစဉ်
 

၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင် တည်းဖြတ်ဆုကို ကိုဇော်(အာရုဏ်ဦး)
ရိုက်ကူးတဲ့ ဥ ရုပ်ရှင်ဇာတ်ကားနဲ့ ဟံသာမြေ ဇော်မင်းကရရှိပြီး ရွှေစင်ဆု
ငါးကြိမ်မြောက်ရရှိပြီး ကျေးဇူးတင်စကားပြောကြားနေစဉ်

  

ကလေးသရုပ်ဆောင်ဆု ရရှိသွားသည့် ကလေးသရုပ်ဆောင် ယွန်းယွန်း အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ရွှေစင်ရုပ်ဆု ချီးမြှင့်
  

တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီဇာတ်ကားနဲ့ ရွှေစင်ဆုရတဲ့ ကလေးသရုပ်ဆောင် ယွန်းယွန်းရဲ့ ကျေးဇူးတင်စကားပြောကြားနေပုံ
 

https://www.facebook.com/photo.php?fbid=518559944908508&set=a.351047714993066.7

အမိအဖပြုစုသူကို သူတော်ကောင်းတို့ ချီးမွမ်း၏



ဗြဟ္မ (မြတ်သောအကျင့်)

ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် ဗြဟ္မာ ရှိသည် မည်ကုန်၏၊

ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် လက်ဦးဆရာ ရှိသည်မည်ကုန်၏၊
ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် အိမ်ဦးနတ်ရှိသည် မည်ကုန်၏၊

ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသားအမျိုးသမီးတို့သည် အဝေးမှ ဆောင်အပ်သော
အလှူကို ခံထိုက်သော အလှူခံရှိသည် မည်ကုန်၏။

ရဟန်းတို့...

“ ဗြဟ္မာ ” ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
“ လက်ဦးဆရာ ” ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
“ အိမ်ဦးနတ် ” ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
“ အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံ ” ဟူသော
အမည်သည် အမိအဖ တို့၏ အမည်တည်း။

ထိုသို့ အမည်ရခြင်းသည် အဘယ် ကြောင့်နည်းဟူမူ-

ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များသော ကျေးဇူး ရှိကုန်၏၊ အသက်ကိုစောင့်ရှောက်
တတ်ကုန်၏၊ ကျွေးမွေး တတ်ကုန်၏၊ဤလောကကို ညွှန်းပြတတ် ကုန်၏ ဟု မိန့်တော်မူ၏။

အမိအဖတို့ကို သားသမီးတို့၏ ဗြဟ္မာ ဟူ၍ လည်းကောင်း၊ လက်ဦးဆရာ ဟူ၍ လည်းကောင်းဆိုထိုက်ကုန်၏၊ အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံတို့ ဟု ဆိုထိုက်ကုန်၏၊ အမိအဖတို့သည် သားသမီးတို့အား အစဉ်သနားတတ် ကုန်၏။ ထို့ကြောင့်သာလျှင် ပညာရှိသားသမီးသည်
ထို အမိအဖတို့ကို ရှိလည်း ခိုးရာ၏၊ ထမင်းဟင်းဖြင့် လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့် လည်းကောင်း၊အဝတ် အရုံဖြင့် လည်းကောင်း၊ အိပ်ရာ နေရာဖြင့်လည်းကောင်း၊
အမွှေး နံ့သာ လိမ်းကျံ ပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့် လည်းကောင်း၊
ခြေဆေးပေးခြင်းဖြင့် လည်းကောင်းအရိုအသေ ပြုလျက် ပူဇော်ရာ၏။
အမိအဖတို့၌ ထိုသို့ လုပ်ကျွေးမွေးမြူခြင်းကြောင့် ထို သားသမီးကို ယခုဘဝ၌ပင် ပညာရှိတို့သည်
ချီးမွမ်းကြကုန်၏၊ ထို သားသမီးသည် တမလွန်ဘဝ၌လည်း နတ်ပြည်၌ မွေ့လျှော်ရလေသတည်း။

(၃ - ဗြဟ္မသုတ်၊ ပတ္တကမ္မ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။)

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
 

ဗုဒ္ဓရုပ်ပွားတော် တစ်ထောင် - အကောက်တောင်သို့



28-12-2013

ပြည်တွင်းဘုရားဖူးဧည့်သည်များနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပြည်မြို့ အနီးရှိ အကောက်တောင်ကို အထူးစိတ်ဝင်စား လျက်ရှိပြီး သွားရောက်လည်ပတ်မှုရှိလာကြကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးကျော်မင်းလှိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။ 


"ဟိုးအရင်တုန်းက လှေထိုးသားတွေက အောက်ပြည်က ကုန်တွေကို အထက်အညာဆီ တက်ပြီး ကုန်ရောင်းကုန်ဝယ်လုပ်ကြပါတယ်။ သူတို့က လေနဲ့ရွက်လွှင့်ပြီး လှေထွက်ရတာဖြစ် တဲ့အတွက် အခုအကောက်တောင်လို့ သတ်မှတ် ထားတဲ့နေရာကိုရောက်ရင် လေတိုက်မယ့်အချိန် ကိုစောင့် ရင်းနဲ့ သူတို့တွေက ဘုရားဆင်းတု တော်ပုံတွေကို ကျောက်တောင်တွေရဲ့ နံရံမှာ ထုထွင်းခဲ့ကြပါ တယ်။ အဲဒါတွေက အကောက် တောင်ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဆွဲဆောင် မှုတွေထဲက တစ်ခု ပါ" ဟု ဦးကျော်မင်းလှိုင်က ပြောသည်။ ပြည်တွင်းခရီးသွားများနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက်သွားရောက်လေ့လာရန် နယ်မြေအသစ်ဖြစ်သောကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကာ အကောက်တောင်နေရာရှိ တည်းခိုနေထိုင်နိုင်သည့်ဘုန်းကြီးကျောင်းနေရာများကို ကြိုတင်လေ့ လာဆန်းစစ်မှုများပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။ 

"နယ်မြေအသစ်ထွင်ရတာဆိုတော့ နိုင်ငံ ခြားသားအကြိုက်နဲ့ ပြည်တွင်းအကြိုက်ဆိုပြီး ရှိပါတယ်။ ပြည်တွင်းဘုရားဖူးတွေအနေနဲ့ ဘုန်းကြီးကျောင်းမှာ အိပ်၊ စားပြီးတော့ လည်ကြ တာဆိုတော့ အကောက်တောင်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အရင်လေ့လာရပါ တယ်။ လိုအပ်တာတွေကို ပြင်ဆင်ပြီးတော့မှ ဘုရားဖူး ခရီးသွားတွေကို ပို့ဆောင်ပေးတာပါ။ နိုင်ငံခြားသားဧည့်သည်တွေ အတွက်ကျတော့ ဘုန်းကြီးကျောင်းမှာနေလို့ အဆင်မပြေပါဘူး။ သူတို့အတွက် ပြည်မြို့ပေါ်မှာ ရှိတဲ့ ဈေးသက်သာ တဲ့ဟိုတယ်တွေကို စီစဉ်ပေးရပါတယ်။ သူတို့ကျတော့ ထုံးဘိုကနေ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် သင်္ဘောစီးရင်းနဲ့ဓာတ်ပုံရိုက်ကူးကာ သဘာဝရှုခင်းပုံတွေကို ခံစားရင်းနဲ့ အကောက်တောင်ကိုပို့ပေးပါတယ်"ဟု ဦးကျော်မင်းလှိုင် က ပြောသည်။ 

နယ်မြေသစ်များကို ချဲ့ထွင်ခြင်းအားဖြင့် ဒေသခံပြည်သူများ၏ စီးပွားရေးကိုလည်းဖွံ့ဖြိုး တိုးတက် စေနိုင်ပြီး နိုင်ငံခြားသားခရီးသွား ဧည့်သည်များကိုလည်း ပိုမို ဆွဲဆောင်နိုင်မည်ဖြစ်သည်ဟု ၎င်းက ပြောသည်။ အရင်နှစ်တွေကတည်းက အကောက်တောင် ကိုသွားရောက်လေ့လာသူတွေရှိခဲ့ပေ မယ့် ဒီနှစ်ရောက်မှ အကောက်တောင်ကို လူတွေ ပိုသိလာ ပြီး သွားရောက်လည်ပတ်မှုတွေလည်း ပိုမို များပြားလာသည်ဟု သန်းဌေးနှင့်ရောင်းရင်းများပြည်တွင်းဘုရားဖူးလုပ်ငန်းမှ ဦးသန်းဌေး က မြန်မာတိုင်း(မ်)ကို ပြောသည်။ 

"အကောက်တောင်ရဲ့ ကျောက်နံရံမှာထွင်း ထားတဲ့ ဘုရားပုံတော်များက အရမ်းကိုဆွဲဆောင်မှု ရှိပါတယ်။ ပြီးတော့ မြစ်ကမ်းဘေးရဲ့အလှနဲ့ တောင်ပေါ်ကနေမြင်ရတဲ့ ရှုခင်းတွေ ကလည်း လာ ရောက်လည်ပတ်တဲ့သူတွေကို စိတ်အပန်းပြေစေပါတယ်။ အကောက်တောင်ကနေဆက်သွားရင် ရေတံခွန်တို့၊ လိုဏ်ဂူတို့ရှိပါတယ်။ အဲဒီနေရာတွေကို ဆက်ပြီးသွားနိုင် ဖို့ကိုလည်း လေ့လာမှုတွေ ပြုလုပ်နေပါတယ်"ဟု ဦးသန်းဌေးက ပြောသည်။

Credit>> Myanmar times


https://www.facebook.com/photo.php?fbid=236372126532581&set=a.13175070032805

မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထားသော မိတ်ဆွေစစ် (၁၆) ယောက်


                          
(က) ဥပကာရက မည်သော ကျေးဇူးပြုတတ်သော မိတ်ဆွေစစ် (၄)ယောက်
...........................................................................................

၁။ မိမိက နေမကောင်းလျှင်၊ ဒုက္ခရောက်နေလျှင် စောင့်ရှောက်တတ်သော မိတ်ဆွေစစ်။
၂။ မိမိက မေ့လျော့တတ်လျှင် စည်းစိမ်ဥစ္စာကို စောင့်ရှောက်တတ်သော မိတ်ဆွေစစ်။
၃။ မိမိက ကြောက်ရွံ့တတ်လျှင် အားကိုး အားထားရာဖြစ်သော မိတ်ဆွေစစ်။
၎။ မိမိက ပြုဖွယ် ကိစ္စရှိလာလျှင် လိုအပ်သည်ထက် နှစ်ဆ ကူညီတတ်သော မိတ်ဆွေစစ်။

(ခ) သမာနသုခဒုက မည်သော ဆင်းရဲအတူ ချမ်းသာအမျှ
မိတ်ဆွေစစ် (၄)ယောက်
...........................................................

၁။ သူ၏ လျှို့ဝှက် ထားသော အကြောင်း ကိစ္စ ကိုမိမိ အားသာ ပြောပြတတ်သော မိတ်ဆွေစစ်။
၂။ မိမိ၏ လျှို့ဝှက် ထားသော အကြောင်း ကိစ္စ ကိုသူတစ်ပါးအား မပြောဘဲ နှုတ်လုံတတ်သော မိတ်ဆွေစစ်။
၃။ အခက်အခဲ ဘေးရန် အန္တရာယ် နှင့် ကြုံတွေ့လာလျှင်မိမိ ကို စွန့်ပစ်မသွားတတ်သော မိတ်ဆွေစစ်။
၎။ မိမိ အကျိုး အတွက် အသက်ကိုပင် စွန့်နိုင်သော မိတ်ဆွေစစ်။

(ဂ) အတ္ထက္ခာယီ မည်သော အကျိုးရှိသောစကားကိုသာ
ပြောသော မိတ်ဆွေစစ် (၄)ယောက်
.......................................................

၁။ မကောင်းမှု မပြုရန် တားမြစ်တတ်သော မိတ်ဆွေစစ်။
၂။ ကောင်းမှု ပြုရန် တိုက်တွန်းတတ်သော မိတ်ဆွေစစ်။
၃။ မကြားဘူးသေးသော သိမ်မွေ့ နက်နဲ့သည့် အကြောင်းအရာ ပညာရပ်တို့ကို ပြောကြားတတ်သော မိတ်ဆွေစစ်။
၎။ နတ်ရွာ နိဗ္ဗာန် ရောက်ကြောင်း လမ်းကောင်း လမ်းမှန် ညွှန်ပြ၍ ဓမ္မလမ်းကြောင်းပေါ်သို့
မရောက်ရောက်အောင် ပြောဆိုတတ်သော မိတ်ဆွေစစ်။

(ဃ) အနုကမ္ပက မည်သော အမြဲကြင်နာ စောင့်ရှောက်သော
မိတ်ဆွေစစ် (၄)ယောက်
......................................................

၁။ မိမိ၏ အကျိုးစီးပွားဆုတ်ယုတ် ပျက်စီးမှုကိုမနှစ်သက်သောကြောင့် စိတ်ထဲမနေနိုင်ပဲ
ကူညီတတ်သော မိတ်ဆွေစစ်။
၂။ မိမိ၏ အကျိုးစီးပွား တိုးတက်ကြီးပွါးလျှင်ကျေနပ်နှစ်သက်တတ်သော မိတ်ဆွေစစ်။
၃။ တစ်ပါးသောသူက မိမိ၏ အကြောင်း မကောင်းပြောလျှင် မခံနိုင်ပဲ တားမြစ်တတ်သော မိတ်ဆွေစစ်။
၎။ တစ်ပါးသောသူက မိမိ၏ ဂုဏ်ကျေးဇူးကို ချီးမြှောက်ပြောဆိုလျှင် ထောက်ခံပေးတတ်သော
မိတ်ဆွေစစ်။

credit to - ငရဲပြည်အကြောင်းသိကောင်းစရာ
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)


https://www.facebook.com/photo.php?fbid=688932384470966&set=a.452811328083

ကမ်းခြေခရီးက သင့်ကျန်းမာရေးကို ပိုမို ကောင်းမွန်စေနိုင်



ပင်လယ် ကမ်းခြေ အနီး နေထိုင် သူတွေက ကုန်းမြေပေါ် မှာ နေထိုင်သူ တွေထက် ကျန်းမာရေး ပိုမိုကောင်းမွန် ကြကြောင်း ဗြိတိန် လေ့လာမှု အသစ် တစ်ခုက ဆိုပါတယ်။

ဒီအကျိုး သက်ရောက်မှုရဲ့ အကြောင်းရင်းကို တိတိကျကျ မသိနိုင်သေးပေမယ့် ပင်လယ် ကမ်းခြေ အနီးမှာ နေထိုင် ရတာကြောင့် လေကောင်း လေသန့် ရရှိတာ၊ စိတ်ဖိစီးမှု အဆင့် လျော့နည်းတာ၊ ကိုယ်လက် လှုပ်ရှားမှုက လုပ်ဆောင်ဖြစ်တာ စတဲ့ ကျန်းမာရေး ကောင်းမွန်စေတဲ့ အခွင့်အလမ်းကောင်း တွေကို ရရှိစေတယ်လို့ လေ့လာသူတွေ က ယုံကြည် ကြပါတယ်။

ဒါကြောင့် အပန်းဖြေ ခရီးအဖြစ် ပင်လယ်ကမ်းခြေကို ရွေးချယ်သွားရောက်ရင် စိတ်ဖိစီးမှု ပြေ လျော့ကာ အပန်းပြေကြည်နူးမှု ရရှိကြောင်း၊ ပင်လယ် ကမ်းခြေဒေသ အစား အသောက်တွေဖြစ်တဲ့ လတ်ဆတ်တဲ့ ပင်လယ်စာ၊ အုန်းရည် စတာတွေ ကို သောက် ရတဲ့အတွက် အာဟာရ အပြည့်အဝ ရရှိ စေကြောင်းနဲ့ ကမ်းခြေမှာ လမ်းလျှောက် ကာ ခုန်ပေါက် လှုပ်ရှားခွင့် ရရှိတာကြောင့် ကိုယ်လက်လှုပ်ရှားမှု ရရှိစေကြောင်း လေ့ လာသူတွေက သုံးသပ် ရှင်းပြ ထားပါတယ်။

ဒါပေမဲ့ ပင်လယ်ကမ်းခြေ ဒေသကို အပန်းဖြေခရီး သွားရောက်လည်ပတ် မယ်ဆိုရင် နေကာခရင်မ်ကိုတော့ မဖြစ်မနေ ယူဆောင်သွားဖို့နဲ့ စနစ်တကျ လိမ်းဖို့ လေ့လာသူတွေက အကြံပြု ထားပါတယ်။

(Ref;RD)


https://www.facebook.com/photo.php?fbid=688936714470533&set=a.4528113280830

တိုင်ထိပ်ပေါ်က သပိတ်တော် (သို့) ရာဇဂြိုဟ်သူဋ္ဌေးရဲ့ ဘာသာရေး ရှာပုံတော်




ဗုဒ္ဓမြတ်စွာသည် ရာဇဂြိုဟ်ပြည် မင်္ကုလတောင် “ချရားတော”မှာ ဆဋ္ဌမမြောက်ဝါ ဆို၊၀ါကပ်ေ တာ် မူပါတယ်၊ တိတ္ထိဂိုဏ်းဆရားကြီး (၆)ယောက်တို့လည်း သူတို့ကိုယ်သူ တို့ ဘုရားဟုပြောဆိုကြပြီး ဗုဒ္ဓမြတ်စွာနှင့် ရောယောင်ကာလူတွေအထင်ကြီးစေရန် ဗုဒ္ဓမြတ်စွာ ၀ါဆိုတော်မူရာ ရာဇဂြိုလ်မှာပဲ နေထိုင်ကြပါတယ်။

ဝါကျွတ်ကာလတစ်ရက်မှာတော့ ရာဇဂြိုဟ်သူဋ္ဌေးကြီးတစ် ဦးဟာ နောက်ပါ အခြွေအရံ တွေနဲ့ အတူ ဂင်္ဂါမြစ်ထဲမှာ ရေကစားကြပါတယ်၊ ဒီလိုရေကစားတဲ့အခါ မှာ မြစ်ထဲကကနေ အမှိုက်သ ရိုက်ေ တွ၊ တိရိစ္ဆာန်အသေကောင်စတာေ တွ ရေကစား တဲ့နေရာကို ရောက်မလာနိုင်အောင် လေးဘက်ေ လးတန်မှာ ပိုက်ကွန်တွေ ကာရံပြီးမှ စိတ်အေးလက်အေးကစားကြတာဖြစ်ပါတယ်။

ဒီလိုသူဋ္ဌေးကြီးနဲ့ အခြွေအရံတွေရေးကစားနေတုန်း ပိုက်ကွန်မှာ သစ်တုံးတစ် တုံးလာညိပါတ ယ်။ သစ်တုံးဆိုပေမဲ့ သာမာန်သစ်တုံးမဟုတ်ပဲ အဖိုးများစွာထိုက် တန်တဲ့ “စန္ဒကူးနှစ်”စစ်စစ်ဖြစ်ပါတယ် ၊ အထက်ဟိမ၀န္တာတောမှမြစ်ရိုး တစ်လျှော က်ရေစီးနဲ့မျောပါလာပြီး မြစ်ကွေ့ကျောက်ဆောင်၊ကျော က်စွန်းတွေနဲ့ ပွတ်တိုက်ခဲ့လို့ အကာမရှိတော့ပဲ အနှစ်သက်သက်မို့ တန်ဘိုးအနဂ္ဃထိုက်တန်လှပါတယ်

သူဋ္ဌေးကြီးဟာ ဒီစန္ဒကူးနှစ်ကို အိမ်သို့ယူဆောင်သွားပြီး ဘယ်လိုအသုံးပြုရမလဲ ဆိုတာ တွေးေ တာနေပါတယ်။ နောက်ဆုံးမှာသူဋ္ဌေးကြီးဟာ တစ်ချက်ခုတ် နှစ်ချ က်ပြတ်ဆိုသလို အကျိုးလည်းရှိ သူရဲ့ ယုံးမှားသံသယကိုလည်းပယ်ဖျောက်ပြီး ကိုးကွယ်ရာအစစ်ကို ရှာဖို့ရန်အတွက် စန္ဒကူးနှစ်ကို အသုံးပြု ဘို့ဆုံးဖြတ်လိုက်ပါတယ်။ သူဋ္ဌေးကြီးဟာ အဲဒီအချိန်က ဘယ်ဘာသာကို ကိုးကွယ်ရမှန်းမသိပဲ ဖြစ်နေ တာပါ၊ ဘယ်ဘာသာတရားက မှန်ပြီ၊ ဘယ်ဘာသာကမှားတယ်ဆိုတာကို သူ့မှာရှိတဲ့ အရည်အချင်းနဲ့ မဆုံးဖြတ်မရွေးချယ်နိုင်ဖြစ်နေတာဖြစ်လို့ ဒီစန္ဒကူးနှစ်ကို အကြောင်းပြုပြီး စစ်မှန်တဲ့ဘာသာတရားကို ရှာဘို့စိတ်ကူးဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

လောကမှာ ငါတို့ဟာ ရဟန္တာများဖြစ်ကြတယ်ဆိုပြီးဝန်ခံပြောဆိုကြတဲ့ ဘာသာရေးဂိုဏ်ဆ ရာတွေဟာ များလှပေတယ်၊ ဘယ်ဘာသာရေးဆရာတွေ ဘယ်ဂိုဏ်ကတွေက ဘုရားအစစ်၊ရဟန္တာအ မှန်ဖြစ်တယ်ဆိုတာ ငါလဲမဆုံးဖြတ်နိုင်ဘူး၊ တကယ်လို့ ရဟန္တာအစစ်ဖြစ်တယ်ဆိုရင်တော့ မလွဲမသွေ တန်ခိုးရှိပြီး ကောင်းကင်ေ ပ်ါတော့ ပျံတက်နိုင်ကြမှာပဲ၊ ဒီလိုကောင်းကင်ပျံတက်နိုင်တဲ့ ရဟန္တာမျိုး၊ဘာ သာတရားမျိုးကိုပဲ ငါရွေးချယ်ကိုးကွယ်မယ် လို့ကြံတွေးပြီး စန္ဒကူးနှစ်ကို သပိတ်ပြု လုပ်ပြီး “အတောင် ခြောက်ဆယ်မြင့်တဲ့တိုင်ထိပ်မှာ သပိတ်ကိုတင်ထားပြီး လောကမှာ ရဟန္တာစစ်စစ်ဖြစ်သူသည် ကောင်း ကင်ကနေကြွလာပြီ် ဤသပိတ်တော်ကို အလှုခံပါ၊ သပိတ်တော်ကိုယူနိုင်သောရဟန္တာအား အသက် ထက်ဆုံး သားမယားနဲ့တကွ ကိုးကွယ်မည်” ဟုသတင်းလွှတ်လိုက်ပါတော့တယ်။

တကယ်တော့ ရာဇဂြိုဟ်သူဋ္ဌေးကြီးဟာ သူများပြောတိုင်းယုံတတ်တဲ့သူ၊ သူများယောင်တိုင်းေ ယာင်တတ်တဲ့ ခပ်ညံ့ညံ့၊အသိဉာဏ်နည်းတဲ့သူမဟုတ်ပါဘူး၊ အသိဉာဏ်မနည်းသလို ဘယ်ဘာသာတရားကမှ န်လောက်တယ်၊မမှန်လော က်ဘူးစသည်ဖြင့် ဝေဘန်ခွဲခြားဆုံးဖြတ်နိုင်လောက်တဲ့ အသိဉာဏ် မြင့်မား တဲ့သူလည်းမဟုတ်ပါဘူး။ “မျက်စေ့နဲ့တပ်အပ်မြင်တွေ့မှ ယုံကြည်မယ်”ဆိုတဲ့လူ စားမျိုးဖြစ်ပါတယ် ။

“မျက်စေ့ဆိုတာကလည်း ပကတိမျက်စေ့၊ အသိဉာဏ်မျက်စေ့လို့ နှစ်မျိုးနှစ်စား ရှိပါတယ်။ ပကတိမျက်စေ့ဆိုတာ မွေကတည်းကပါလာတဲ့မျက်စေ့ပါ ၊ ကပတိမျက်စေ့ က မျက်စေ့နဲ့မြင်နိုင် သလော က် မျက်စေ့တစ်ဆုံးကိုသာကြည့်နိုင်၊မြင်နိုင်ပါတယ်။ မျက်စေ့ကွယ်ရာမှာ တော့မြင်နိုင်စွမ်းမရှိပါဘူး၊ အသိဉာဏ်မျက်စေ့ကတော့ ပကတိမျ က်စေ့နဲ့ မမြင်နိုင်တဲ့ အရာတွေကို ဘယ်လောက်ပဲဝေးဝေး၊ မည်မျှ ပင်ကြီးကြီးစဉ်းစား ဆင်ခြင်သုံးသတ်ပြီး မြင်နိုင်စွမ်းရှိပါတယ်”

ခုသူဋ္ဌေးကြီးလည်း ပကတိမျက်စေ့သာရှိပြီး၊ အသိဉာဏ်မျက်စေ့မရှိဘူးလို့ပြော ရမှာပါ၊ ဘာလို့ လဲဆိုရင် သာမာန်လောကီပညာရပ်တွေအနေနဲ့လ ည်း ကောင်းကင် ကိုပျံတက်နိုင်တယ်ဆိုတာ သူဋ္ဌေး ကြီးမသိပါဘူး။ အကယ်၍သာ လောကီပညာရှ င်တယောက်ယောက်ကများ ကောင်းကင်ကနေ သပိတ် ကိုယူသွားရင်လည်း သူဋ္ဌေးကြီး ကတော့ တကယ့်ရဟန္တာအစစ်ထင်ပြီး ကိုးကွယ်ဆရာတင်မှာဖြစ်လို့ ရည်ရွယ်ချ က်ကောင်းပြီး ဉာဏ်နည်းပါလို့ သူဋ္ဌေးကြီးမျှော်မှန်းသလို ဘုရားအစစ်၊ဘာသာအမှန်နဲ့ မတွေ့ရဘဲ ကိုးကွယ်လွဲ၊ဆရားမှားပြီး လမ်းမှားကို ရောက်သွားနိုင်ပါတယ်။ ဒါပေမဲ့

အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး



၁။ အမူအကျင့်

တချို့ တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူ အကျင့် လေးတွေ ရှိတတ် ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်း တွေ ပေါ်စေပါတယ်။

၂။ နေရောင်ခြည်

နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေ ကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်ကို မထိတွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ် ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။

၃။ အိပ်ရေး မဝခြင်း

အိပ်ရေး မဝတာကလည်း သင့်အရေပြား အတွက် ဆိုးကျိုး တစ်ခုပါပဲ။ အိပ်ရေး မဝတာကြောင့် အရေပြား အတွက် ကော်လာဂျင် ထုတ်လုပ်မှုကို နှောင့်နှေး စေပြီး အရေးကြောင်း ဖြစ်ပေါ် စေပါတယ်။ ပုံမှန် အိပ်ချိန်ရအောင် အိပ်စက်ပါ။

၎။ အချိုနှင့် အငန်ဓာတ်

အသားအရေ တင်းရင်းနေစေဖို့ အဓိက ထောက်ပံ့ ပေးနေတဲ့ အရာက ကော်လာဂျင် တွေပါ။ အချို၊ အငန်တွေ အစားများတာကြောင့် အရေပြားမှာ ရှိတဲ့ ကော်လာဂျင်တွေကို ပျက်စီး စေပါတယ်။ အချိုစာ၊ အငန်စာတွေက သင့် အရေပြား တင်းရင်းမှုကို ဖျက်ဆီးနေတဲ့ အဓိက တရားခံပါ။

၅။ လှုပ်ရှားမှု မရှိခြင်း

လှုပ်ရှားမှု မရှိတာကြောင့် သင့်ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှု မကောင်းနိုင် ပါဘူး။ သွေးလှည့် ပတ်မှု မကောင်းတဲ့အခါ အရေပြားမှာရှိတဲ့ ဆံခြည်မျှင် သွေးကြောလေးတွေဆီကို သွေးသွား လာမှု နည်းသွားစေပါတယ်။ ဒီလို သွေးလှည့်ပတ်မှု နည်းတာက အရေပြားဆီကို အစာ အာဟာရ ထောက်ပံ့မှု နည်းစေပြီး အရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရေပြား နုပျိုစေဖို့၊ ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက သင့်အရေပြားအတွက် အကျိုး ရှိစေပါတယ်။


https://www.facebook.com/photo.php?fbid=518425174921985&set=a.351047714993066.

အာကာသယာဉ်ပေါ်က အိမ်သာ

လူဆိုတဲ့သဘောသဘာဝကိုက အပေါ်ကစားသမျှ သောက်သမျှကို အောက်က ပြန်စွန့်ထုတ်ရပါတယ်။ အာကာသယာဉ်မှူးများလည်း လူသားဖြစ်ပြန်တော့ အပေါ်ကစားသမျှ သောက်သမျှ အောက်ကပြန်စွန့်ရတော့တာပေါ့။ သို့ပေမယ့် ကမ္ဘာပေါ်မှာက ဆွဲအား (Gravity) ရှိတော့ သွားသမျှအောက်ကို ရောက်တာပေါ့။ ဆွဲအားမရှိတဲ့ အာကာသမှာ သွားသမျှ အပေါ်ကို တက်ပါတယ်။ အခန့်မသင့်ရင် ပါးစပ်ထဲပါ ၀င်တတ်ပါတယ်။ 

အဲ့ဒီတော့ အာကာသအိမ်သာကို အခုလို တည်ဆောက်ထားပါတယ်။ ပထမဦးစွာ ခါးပတ်ပတ်ရပါတယ်။ လွင့်မသွားအောင်လို့ပါ။ နောက် အခင်းသွားရပါတယ်။ အခင်းကို နှစ်မျိုးခွဲထားပါတယ်။ အခင်းလေး (ခ) ရှူရှူးပေါက်တဲ့အခါ ပိုက်ကိုသုံးပါတယ်။ ပိုက်ထဲမှာ လေထည့်ထားတဲ့အတွက် အောက်ကိုအလွယ်တကူဆင်းသွားပါတယ်။ ပိုက်ကို အလွယ်တကူတပ်လို့ ဖြုတ်လို့ရအောင် ပြုလုပ်ထားပါတယ်။ အမျိုးသားသုံး အမျိုးသမီးသုံး ပိုက်ခေါင်း သပ်သပ်စီရှိပါတယ်။ အဓိကဖြေရှင်းရတာ ကတော့ အခင်းကြီး (ခ) အီအီးပါတာပါဘဲ။ မပါလို့လဲမရဘူးလေ။ ကျန်းမာရေးထိခိုက်ကုန်မှာပေါ့။ အိမ်သာအိုး အထဲမှာတော့ ကမ္ဘာမြေဆွဲအားအစား လေတိုက်အောင်လုပ်ထားတယ်။ အိမ်သာတက်ရင် လေတဖြူးဖြူးနဲ့ ဖင်တော့အေးတာပေါ့။ ဒါပေမယ့် အိမ်သာထဲကို အခင်းများ ကျသွားအောင်တိုက်ချပေးတာပါ။ 

အိမ်သာအိုးကို ပိုးသေအောင်ပြုလုပ်ထားပြီး အနံ့အသက်ကင်းအောင်လည်း စီမံထားပါတယ်။ နောက်တစ်ခုက အာကာသစခန်းဆိုတာ ကောင်းကင်မှာဘဲ အမြဲနေတာပါ။ အညစ်အကြေးတွေ များလာရင် အဲ့ဒီ့ အညစ်အကြေးထည့်ထားတဲ့ အိတ်ကို အပြင်ကို လွှတ်ပစ်ရပါတယ်။ လွှတ်ပစ်တဲ့အခါမှာတော့ မီးစ လေးတို့ပြီး ပစ်လွှတ်လိုက်တာပါ။ အလင်းရောင်တန်းလေး တစ်ခု ဖြစ်သွားပါတယ်။ အောက်ကနေကြည့်ရင်တော့ ကြယ်လေးတစ်လုံး ကြွေသွားတယ်ပေါ့... ယခုနောက်ပိုင်းတော့ ကျင်ငယ်ရေမှ သောက်သုံးရေပြန်လည်ထုတ်လုပ်ပြီး အာကာသအတွင်း ရေပြတ်လပ်မှုမရှိအောင်လည်း စီမံထားကြပါပြီ။




 မူရင်း=အာကာသယာဉ်ပေါ်က အိမ်သာ

ပြိတ္တာဘဝရောက်မှနောင်တရ ဖြစ်ရပ်မှန်(video)

အောင်လံဆရာတော်ဘုရားကြီးမှ ယောဂီအများ သိထား၊ သတိထား၊သံဝေဂရရှိပြီး
တရားတန်ဘိုးထားနိုင် ကျင့်နိုင်စေရန် သက်သေပြ၊ သတိပေးထားခြင်း မျှဝေပေးထားပါသည်..။
တရားကျင့်ဖို့ ခေါ်ပေမဲ့ မကျင့်ခဲ့လို့ ပြိတ္တာအဖြစ် ဒုက္ခဆင်းရဲတွင်းသို့ ရောက်ရှိသွားသော တရုတ်လူမျိုး ဦးထွန်းဝင်းမှ ဝင်ပူး၍ သတိပေးသောတရားတော်။

တရားအားထုတ်ပါ..ဘာဝနာပွားပါ..။ ကံ ကံ၏ အကျိုးကြောင့် ဖြစ်ပါတယ်။ မစွဲလမ်းပါနှင့်။ အခုလို သာသနာနှင့်ကြုံတော့ အခု ကျွတ်တမ်းဝင်သွားပြီ..။ အောင်လံဆရာတော် အရှင်စန္ဒိမာ

ပြိတ္တာဘဝရောက်မှနောင်တရ ဖြစ်ရပ်မှန်(Full)( (09.12.2013)Mon,10း20am
////

ပျော်ပျော်နေ သေခဲ




ဘဝခရီးမှာ ပျော်ရွှင်ခြင်းများ ပျောက်ဆုံး၍ ချမ်းမြေ့ခြင်း နည်းသူများနှင့် စာလျှင် ဘဝခရီး တစ်လျှောက် ကိုယ်ရည် ကိုယ်သွေးများ မြှင့်တင်ပြီး ပျော်ရွှင် ချမ်းမြေ့ခြင်း ရှိသူများသည် အသက် ပိုရှည်သည့် အလားအလာ များကြသည်ဟု ဆိုသည်။

အသက် ၅၂ နှစ်မှ ၇၉ နှစ်အရွယ်ရှိ ဗြိတိန်မှ လူပေါင်း ၃၈၀၀ ကျော်အား ငါးနှစ်တာမျှ စဉ်ဆက်မပြတ် လေ့လာ ခဲ့ရာတွင် အချိန်အများစု၌ ကိုယ်စိတ် နှစ်ပါး ပျော်ရွှင်စွာရှိကြသူများ၏ သေဆုံးနှုန်းသည် ၃၅ ရာနှုန်းမျှ လျော့နည်း ကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။ အဆိုပါ လေ့လာမှုတွင် ပါဝင်သူ များအား အိပ်ယာနိုးပြီးချိန် မိနစ် ၃၀ အကြာ နံနက် ၇ နာရီမှ အစပြု၍ ညအိပ်ယာဝင်ချိန် ထိတိုင် တစ်နေ့တာအတွင်း လေးချိန်နီးပါးမျှ ၎င်းတို့၏ စိုးရိမ် သောက စိုးရွံထိတ်လန့်မှု၊ ပျော်ရွှင်မှု စိတ်လှုပ်ရှားမှုစသည့် ခံစားချက် များကို တစ်ဦးချင်းစီ မှတ်တမ်းပြု လေ့လာခဲ့ခြင်း ဖြစ်သည်။

လေ့လာမှု မှတ်တမ်းတွင် ပါဝင်သူများ၏ ပျော်ရွှင်မှုခံစားချက် အတိုင်းအဆ နှုန်းထားကို ၁ မှ ၄ထိ စကေးသတ်မှတ် လေ့လာခဲ့သည်။ ၅ နှစ်ကြာသည့် အခါ လန်ဒန် တက္ကသိုလ်အဖွဲ့မှ သုတေသီများက လေ့လာမှုမှတ်တမ်းတွင် ပါဝင်သူများ၏ သေဆုံးသည့် အကြောင်းရင်းများ ပါဝင်သူများ၏ အသက် ကျား-မ နှုန်းထား ကျန်းမာရေး၊ ချမ်းသာကြွယ်ဝမှု ပညာရေးနှင့် အိမ်ထောင်ရေး အခြေအနေတို့ကို စစ်ဆေးခဲ့ကြသည်။

စစ်ဆေးချက်အပြီး ကောက်ချက်အရ လေ့လာမှုတွင် ပါဝင်သူများထဲမှ ကိုယ်စိတ်နှစ်ပါး ပျော်ရွှင်မှု အများဆုံး သူများ၏ သေဆုံးနှုန်းသည် ၃.၆ ရာနှုန်းရှိပြီး ပျော်ရွှင်ချမ်းမြေ့မှု အလယ်အလတ် ရှိသူများ၏ သေဆုံးနှုန်းမှာ ၄.၆ ရာနှုန်း ရှိသည်။ ပျော်ရွှင်မှု ပျောက်ဆုံး သူများ၏ သေဆုံးနှုန်းမှာ ၇.၃ ရာနှုန်းမျှ ရှိသည်ဟု ကောက်ချက်ထုတ် ဖော်ပြထားသည်။ ယခုကဲ့သို့ စစ်တမ်းပြု ဖော်ပြချက်သည် ပထမဆုံးဖော်ပြချက် မဟုတ်သော် လည်း အသက်ကြီး သူများ၏ အကျိုးစီးပွားရေးကို ဦးတည်၍ ထပ်ဆင့် ဖော်ပြသော အကြောင်း တစ်ရပ်အဖြစ် အထောက်အပံ့ ဖြစ်စေသည်ဟု သုတေသီတို့မှ ဆိုထားသည်။ ပျော်ရွှင် ချမ်းမြေ့မှု ရှိခြင်းသည် အသက်ရှည် စေမှုနှင့် တိုက်ရိုက် ပတ်သက်သည်ဟု လေ့လာချက်မှ သက်သေ ပြထားခြင်း မရှိပေ။

နောက်ထပ် လေ့လာ စမ်းသပ်ချက် ရှာဖွေချက်များမှ ဤဆက်စပ် ချက်ကို အဖြေပေး နိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း သို့ရာတွင် ပျော်ရွှင်ချမ်းမြေ့မှု ရှိစေခြင်းသည် အသက်ရှည် စေမှုကို ဖြစ်စေသည် ဆိုသော ကောက်ချက်အား ဆရာဝန်များ ပြုစု စောင့်ရှောက်မှု ပေးနေသူများ အနေဖြင့် ကရုထားမှု ရှိစေရန်နှင့် အထူးသဖြင့် သက်ကြီး အရွယ် လူနာများ၏ စိတ်ပိုင်းဆိုင်ရာ အကျိုးကောင်း စားရေးကို ဂရုတစိုက်ရှိရန် သုတေသီတို့က အကြံပြု ထားသည်။

မင်းထက်
BY THE MANDALAY TIMES


https://www.facebook.com/photo.php?fbid=517673971663772&set=a.351047714993066

ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက် သောက်ပါ



                       
ထမင်း စားပြီးလျှင် ချက်ချင်း ရေမသောက်ဘဲ နေလျှင် အစာကိုပို၍ကြေစေ နိုင်ပါသည်။ စားသည့် အစာတွင် ဟင်းချိုနှင့် အရည်ဓာတ်များပါသင့် သလောက် ပါပြီး ဖြစ်သဖြင့် ထပ်သောက်လျှင် ရေများပြီး

ဝမ်းမီးကအစာကို ချေအား လျော့သွား နိုင်သောကြောင့် ရေထပ် မသောက်သင့်ပါ။သို့သော် စားပြီး ခဏအကြာတွင် အစာချေသော ဝမ်းမီးမှ ပါစကတေဇော ဓာတ်ကြောင့် အာခေါင်ခြောက် လာလျှင် ရေအေးဖြင့် လောင်းမချဘဲ ရေနွေးကြမ်း တစ်ခွက် သောက်လျှင် အစာ ကြေကျက်မှုကို အထောက်အကူ ပေးရာ ရောက်ကြောင်း ရေးသားတင်ပြ လိုက်ရ ပေသည်။

ရေနွေး (သို့မဟုတ်) ရေနွေးကြမ်း သောက်သူများ အတွက် ဆက်လက်တင်ပြရန် လိုပါသည်။ ရေကို ဆူပွက်အောင် ကျိုချက်ပြီး လက်ဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်းကို တစ်နေကုန် သောက်သော အကျင့်မှာကျေးလက် တောရွာများတွင် အများဆုံး တွေ့ရသော မြန်မာ့ ဓလေ့ ဖြစ်ပါသည်။ အချို့မှာ ထမင်းစားရင်း ရေနွေးကြမ်း သောက်သော အလေ့ရှိကြသည်။ ထမင်းစားရင်း ရေအေး မသောက်သင့်ဟု ပြောခဲ့သလို ရေနွေးကြမ်း သောက်၍ ထမင်းစားခြင်း သည်လည်း မကောင်းပါ။ တစ်ခွက်စ၊နှစ်ခွက်စ သောက်လျှင် မဆိုသာ သော်လည်း လွန်ကဲလျှင်တော့ မကောင်းပါ။

ရေနွေးကြမ်း အဖန်ရည်တွင် လက်ဖက်ခြောက် အခပ်များသဖြင့် အဖန်ဓာတ် လွန်ကဲလျှင် ဝမ်းချုပ်စေ နိုင်သည်။ အစာအိမ်မှ အာဟာရစုပ် ယူမှုကို အဖန် ဓာတ်က ဟန့်တား နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ဆေးသောက်လျှင် ရေနွေးကြမ်း အဖန်ရည်နှင့် မသောက်ပါနှင့်ဟု အချို့ဆရာ များက တားမြစ် ကြသည်။ ဆေးအာနိသင်ကို အဖန်ရည်က ကျဆင်းစေ နိုင်သောကြောင့် ဖြစ်နိုင်သည်။

အချုပ်အားဖြင့် ကောက်နုတ် တင်ပြရလျှင်-

(၁) အစာကြေစေရန် ချက်ပြုတ်ပြီး နှစ်နာရီအတွင်း ပူနွေးသော ထမင်းဟင်း ကို စားနိုင်အောင် ကြိုးစားပါ။

(၂) ထမင်းမစားမီနှင့် စားနေဆဲ အချိန်တွင် အချိုရည်နှင့် ရေခဲရေ မသောက် သင့်ပါ။

(၃)ရေမသောက်ဘဲ မနေနိုင်လျှင် ရေကျက်အေး(သို့မဟုတ်) ရေနွေးကြမ်း သင့်ရုံမျှ သောက်ပါ။

(၄) ထမင်းစားပြီးလျှင် ရေနွေးကြမ်း တစ်ခွက် သောက်ခြင်းဖြင့် အစာကြေဖို့ အထောက်အကူ ဖြစ်သည်။

(၅) နေ့လည်စာ ထမင်းစားပြီးနောက် ထန်းလျက်ခဲနှင့် ရေနွေးကြမ်း

သောက်ခြင်းသည် ရှေးကမြန်မာ လူကြီးများ၏ ဓလေ့ဖြစ်ပြီး အစာအိမ် အတွက် အကျိုး ရှိစေပါသည်။


https://www.facebook.com/photo.php?fbid=517680028329833&set=a.35104771499306

သင်စိတ်ဖိစီးမှု များနေကြောင်း ပြသနေသည့် လက္ခဏာ ငါးမျိုး




လူအများစုဟာ အလုပ်များတဲ့ နေထိုင်မှု ပုံစံကြောင့် စိတ်ဖိစီးမှု တွေကို အနည်းနဲ့အများ ဆိုသလို နေ့စဉ် ခံစားနေ ရပါတယ်။ စိတ်ဖိစီးမှု ခံစား နေရချိန်မှာ စိတ်ဖိစီးမှု သက်သာစေမယ့် နည်းတွေကို လိုက်နာပြီး သက်သာရာရအောင် လုပ်ဆောင်ဖို့ လိုပါတယ်။

စိတ်ဖိစီးမှု ခံစား ရချိန်ကြာသွားရင် စိတ်ဝေဒနာ အဖြစ် ပြောင်းသွားနိုင်လို့ စိတ်ဖိစီးမှု ဖြစ်နေကြောင်း ပြသတဲ့ အောက်ပါ လက္ခဏာ ငါးမျိုးကို သတိမူပြီး အမြန်ဆုံး လျှော့ချလိုက်ပါ။

(၁) ရုံးပိတ်ရက်တွင် ခေါင်းကိုက်ခြင်း

အလုပ်လုပ်ရတဲ့ တစ်ပတ်လုံး စိတ်ဖိစီးမှုများခဲ့ တာကြောင့် လူအများစုဟာ ရုံးပိတ်ရက်မှာ ခေါင်းကိုက်ကာ ပင်ပန်းနွမ်းနယ် တတ်ကြပါတယ်။ စိတ်ဖိစီး မှုကြောင့် ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက် တာတွေ လည်း ဖြစ်တတ်တဲ့အတွက် တစ်ပတ်လုံး စိတ်အေးချမ်း တည်ငြိမ်မှု ရှိအောင် ကြိုးစားနေထိုင် ရင်း ရုံးပိတ်ရက်ကို ကျန်းမာ လန်းဆန်းစွာ ဖြတ်သန်းပါ။

(၂) ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း

စိတ်ဖိစီးမှုကြောင့် ဟော်မုန်းတွေကို ဟန်ချက် မညီမျှမှု ဖြစ်စေတဲ့အတွက် ရာသီလာစဉ်မှာ ကိုက်ခဲ နာကျင်မှု အဖြစ်များကြောင်း လေ့လာသူတွေက ဆိုပါတယ်။ ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်တာက စိတ်ဖိစီးမှုနဲ့ ရာသီလာစဉ် ကိုက်ခဲ နာကျင်တဲ့ ဝေဒနာတွေကို လျော့ပါး သက်သာ စေပါတယ်။

(၃) ပါးစပ် နာနေခြင်း

စိတ်ဖိစီးမှုများရင် ညဘက်မှာ သွားကြိတ် တတ်ပါတယ်။ အဲဒီအခါ မေးရိုး နာကျင်မှု ဖြစ်တတ် ပါတယ်။ မနက် အိပ်ရာထချိန် ပါးစပ်နာနေရင် သွားကြိတ်တာကြောင့် ဖြစ်တတ်တဲ့ အတွက် သွားစွပ် (Mouth Guard) တပ်ဆင်ပြီး အိပ်ရာဝင်ပါ။

(၄) အိပ်မက်ဆိုးများ မက်ခြင်း

စိတ်ဖိစီးမှု များနေရင် အိပ်မက်ဆိုး မက်နိုင်ခြေ များပါတယ်။ စိတ်ဖိစီးမှုကြောင့် အိပ်စက်မှု စက်ဝန်းကို အဟန့်အတား ဖြစ်စေတဲ့အတွက် အိပ်မပျော်နိုင်လည်း ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောကို အိပ်ချိန်နဲ့ ကပ်ပြီး မသောက်သုံးပါနဲ့။ အိပ်ရာမဝင်ခင် တရားထိုင်တာ၊ သီချင်း အေးအေးနားဆင်တာနဲ့ စာဖတ်တာတို့ ပြုလုပ်ရင်း စိတ်ဖိစီးမှုကို ဖြေလျှော့ပေးပါ။

(၅) သွားဖုံးသွေးယိုခြင်း

စိတ်ဖိစီးမှုဟော်မုန်း ကော်တီ စောမြင့်တက်တာက ကိုယ်ခံစွမ်းအား စနစ်ကို ထိခိုက်စေပြီး သွားဖုံးထဲကို ဘက်တီးရီးယားတွေ ကျူးကျော် ဝင်ရောက်ဖို့ ခွင့်ပြုသလို ဖြစ်သွား ပါတယ်။ သွားနဲ့ သွားဖုံး ကျန်းမာရေး ကောင်းအောင် သွားတိုက်တံနဲ့ တစ်နေ့ နှစ်ကြိမ် တိုက်ပါ။ စိတ်ဖိစီးမှု လျော့ကျစေဖို့ လေ့ကျင့်ခန်း လုပ်ပြီး အိပ်ရေးဝ၀ အိပ်စက် အနားယူ ပေးရပါမယ်။

ကြယ်စင်
 

လေဖြတ်ခြင်း မဖြစ်စေရန် ငှက်ပျောသီး စားပါ



ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။

သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပိုတက် စီယမ် မြင့်မားစွာ ပါဝင်တဲ့ သစ်သီးတွေဟာ ကြွပ်ကြွတဲ့ အဆာပြေ အစာတွေကို ရှောင်တာကြောင့် ဆားရရှိမှု နည်းသလိုမျိုး သွေးဖိအားကို ကျဆင်းစေနိုင်တယ်လို့ သိရပါတယ်။

ယခင်က လေ့လာမှုတွေအရ အသက်ကြီးသူတွေ အနေနဲ့ ပိုတက်စီယမ် မြင့်မားစွာပါဝင်တဲ့ အစာစားရင် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ကျောက်ကပ်ဟာ ပိုလျှံနေတဲ့ သွေးတွင်းက ပိုတက် စီယမ်ကို ဖယ်ရှားနိုင်စွမ်း လျော့နည်းနေတာကြောင့် ဆိုပါတယ်။ ယခုလေ့လာမှုအရ ပိုတက်စီယမ်ဟာ ကျောက်ကပ် လုပ်ဆောင်ချက်အတွက် ထိခိုက်မှု မရှိဘူးလို့ တွေ့ရှိထားပါတယ်။ ပိုတက်စီ ယမ် မြင့်မားစွာ ပါဝင်တဲ့ အသီးတွေထဲမှာ ငှက်ပျော်သီးလည်း ပါဝင်ပါတယ်။

ငှက်ပျောသီး တစ်လုံးမှာ ပိုတက်စီယမ် ၄၂၀ မီလီဂရမ် ပါဝင်ပြီး လူကြီး တစ်ယောက်အတွက် နေ့စဉ် ပိုတက်စီယမ် လိုအပ်ချက်ပမာဏ ၃၅၀၀ မီလီဂရမ် ဖြစ်ပါတယ်။ လေးပတ်တာလောက် ဆားလျှော့ စားတာကြောင့် သွေးဖိအား ကျဆင်းပြီး လေဖြတ်တာနဲ့ နှလုံးတိုက်ခိုက်ခံ ရနိုင်ခြေ လျော့ကျ သွားတယ်လို့ လေ့လာမှု အရလည်း တွေ့ရှိထားပါတယ်။ ဆားလျှော့စားပြီး ငှက်ပျော်သီးနဲ့ ဟင်းနု နယ်ရွက်လို ပိုတက်စီယမ် မြင့်မားစွာ ပါဝင်တဲ့ အစာ စားတာကြောင့် သွေးဖိအား ထိန်းချုပ်နိုင်ပြီး လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

GoodHealths


https://www.facebook.com/photo.php?fbid=517685208329315&set=a.351047714993
Related Posts Plugin for WordPress, Blogger...