စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မျက်ကြည်လွှာ ပွန်းပဲ့ခြင်းမှ ကာကွယ်ခြင်း


မျက်ကြည်လွှာဆိုသည်မှာ မျက်လုံး၏ ရှေ့ဘက်စက်ဝိုင်းပုံ ကြည်လင် တောက်ပသော တစ်သျှူးအပိုင်းဖြစ်ကာ မျက်စိသို့ ဝင်လာသော အလင်းရောင်ကို ဆုံမှတ်ကျစေရန် အထောက်အကူ ပြုရပါသည်။ အဆိုပါ တစ်သျှူးသည် ပြတ်ရှခြင်း သို့မဟုတ် ကုတ်ခြစ် ခြင်းခံရသော အခါ မျက်ကြည်လွှာ ပွန်းပဲ့ခြင်း ဖြစ်ပေါ်မည်။ မျက်ကြည်လွှာ ပွန်းပဲ့ ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါ အကြံပြုချက်များကို အမေရိကန်မိသားစု သမားတော်များ အကယ်ဒမီက ထုတ်ပြန်ထားသည်မှာ -

သင်သည် သစ်သား၊ လွှစာမှုန့်၊ သတ္တု အစရှိသည်တို့ကို ထုတ်လွှတ်တတ်သော စက်ကိရိယာများဖြင့် အလုပ်လုပ်သည့် အခါတိုင်းတွင် မျက်စိကို လုံခြုံစိတ်ချရသည့် အကာအကွယ်များကို အမြဲတမ်း တပ်ဆင်ထားပါ။

သင့်မျက်စိကို ကုတ်ခြစ်မိခြင်းမှ ရှောင်ရှားနိုင်ရန် သင်၏ လက်သည်းရှည်များကို မှန်မှန်ညှပ်ထားပါ။ ကလေး သူငယ်များနှင့် ငယ်ရွယ်သူများ၏ လက်သည်း ရှည်များကိုလည်း မှန်မှန်ညှပ်ပေးပါ။

သစ်ပင်နှင့် ချုံပုတ်များ၏ အကိုင်းအခတ် အလက်များကိုလည်း မျက်စိနှင့် တစ်တန်းတည်း အမြင့်တွင် ရှိနေပါလျှင် ခုတ်ဖြတ်ထားပါ ။

သင်၏မျက်စိတွင် မျက်ကပ်မှန် တပ်ဆင်သည်ဆိုပါက ထိုမျက်ကပ်မှန်များကို နေ့စဉ် သေချာကျနစွာ သန့်ရှင်းမှုပြုခြင်း သေချာပါစေ။ မျက်ကပ်မှန် တပ်ပြီး မအိပ်ပါနှင့်။

Mg Mandalay


https://www.facebook.com/photo.php?fbid=472459062853330&set=a.420045418094695.

အရှေ့ တောင်အာရှမှ အချမ်းသာဆုံး ပုဂ္ဂိုလ်






ရောဘတ်ကွတ် ( Robert Kuok ) လို့အမည်ရတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး ပိုင်ဆိုင် ငွေကြေး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံ အထက်မှာ ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် အဆင့် လေးဆယ်ကျော်မှာရှိတယ်လို့လည်း Bloomberg မှ စာရင်းကောက် ဖော်ပြပါတယ်။ Forbes မဂ္ဂဇင်းကတော့ ကမ္ဘာ့ အဆင့် ၇၀ ကျော်နေရာမှာ ထားရှိဖော်ပြပါတယ်။

အသက် ၉၀ ကို ယခု ၂၀၁၃ အောက်တိုဘာမှာ ပြည့်မှာ ဖြစ်ပါတယ်။ မလေးရှားတို့ လွတ်လပ်ရေးမရခင်ကတည်းက စီးပွားရေးလုပ်ငန်းမှာ အခြေချ လာသူ ဖြစ်ပြီး ဂျပန် မစ်ဆူဘီရှီမှာလည်း ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။

စိုက်ပျိုးရေးကိုအခြေခံပြီး ချမ်းသာကြွယ်ဝသွားသူ ဖြစ်ပါတယ်။ ၁၉၉၀ ကျော် ကာလက ကမ္ဘာ့ သကြားသူဌေးအဖြစ် စံချိန်တင် လူသိများခဲ့ပြီး ယခုချိန်မှာတော့ သူပိုင်တဲ့ စီးပွားရေးလုပ်ငန်းဟာ နယ်ပယ်ပေါင်းစုံမှာ ရှိနေပြီ ဖြစ်ပါတယ်။

မလေးရှား၊ ဒူဘိုင်း၊ ဟောင်ကောင်၊ ရှန်ဟိုင်း၊ ပဲရစ်၊ နဲ့ အခြား အာရှ၊အမေရိက၊ ဥရောပနိုင်ငံကြီးများမှာ ဟိုတယ်ပေါင်း ၇၀ ကျော် ပိုင်ဆိုင်ပါတယ်။ သတ္တုတွင်း၊ ရေနံ၊ စိုက်ပျိုးရေး၊ စတော့ရှယ်ယာ၊ ပို့ကုန်၊ သွင်းကုန်၊ ဝန်ဆောင်မှု၊ ပို့ဆောင်ရေး အစရှိသဖြင့် နယ်ပယ်ပေါင်းစုံမှာ လုပ်ငန်းများစွာ ပိုင်ဆိုင်ထားပြီး သားသမီး ၈ ယောက်နဲ့ ဆက်လက် လုပ်ကိုင် နေပါတယ်။

ဟောင်ကောင်နိုင်ငံ ပြုပြင်ပြောင်းလဲရေး ပြုလုပ်စဉ်က နိုင်ငံရေးနဲ့  စီးပွားရေး အကြံပေးအဖြစ်လည်း အခန့်အပ်ခံခဲ့ဖူးတာမို့ နိုင်ငံရေးမှာလည်း သြဇာရှိသူ တစ်ဦးအဖြစ် အမည်တွင်စေခဲ့ပါသေးတယ။်။ ယနေ့မှာတော့ ရောဘတ်ကွတ်ကတော့ ဟောင်ကောင်မြို့ မှာ နေထိုင်လျက် ရှိကြောင်း သိရပါတယ်။
--
Ref: wiki
Aung Kham (ရိုးရာလေး)

http://myawadynews.blogspot.com/2013/09/blog-post_2856.html

စွန့်ဦးစီးပွားဖန်တီးသူတို့ အတုယူရမည့် Dabble တည်ထောင်သူ ၂ ဦး



ဒီဆောင်းပါး မဖတ်ခင် https://dabble.co/ ဆိုတဲ့ ဝဘ်ဆိုဒ်လေးကို ဝင်လေ့လာကြည့်နိုင်ပါတယ်။ စွန့်ဦး ကြိုးစား စီးပွား ဖန်တီးသူတို့ ဘယ်လို ခံယူချက်မျိုးနဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာ ဖော်ပြ ပါမယ်။

အမေရိကန်ပြည်ထောင်စုက Erin Hopmann နဲ့ Jess Lybeck လို့အမည်ရတဲ့ အမျိုးသမီး သူငယ်ချင်း ၂ ဦး မှာ အွန်လိုင်း ပညာရေး စင်တာ တစ်ခုလိုပုံစံပြု လုပ်ဖို့ စိတ်ကူး ရှိပါတယ်။ ဒါနဲ့ပဲ dabble.co အမည်ရ ဝဘ်ဆိုဒ်ကို စတင် လိုက်ပါတယ်။ သင်ချင်တဲ့ ဆရာ၊ သင်ယူလိုတဲ့ ကျောင်းသားတွေကို ကဏ္ဍခွဲပေးပါမယ်။ ဆရာနဲ့ ကျောင်းသားကို တွေ့ဆုံပေးပြီး သင်စရာနေရာ တစ်ခု ဖန်တီးပေးလိုက်တဲ့ သဘောပါ။ ဗီဒိယိုဖိုင်၊ ဆော့ဖ်ဝဲနဲ့ စာများ၊ အချက် အလက်များကို ယင်း ဆိုဒ်မှ တစ်ဆင့် မျှဝေမယ်။ ဒီလိုနဲ့ ဘာသာရပ်တွေပို များလာပြီး အွန်လိုင်း ကျောင်းတော်ကြီး တစ်ခု ဖြစ်လာဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ဝဘ်ဆိုဒ် ပုံမှန် လည်ပတ်ဖို့ အတွက် ဝင်ငွေ တစ်ခုရှိဖို့ လိုအပ်ပါတယ်။ ကြားမှာ ဝန်ဆောင်ခ ယူရလောက်အောင်လည်း အသုံးပြု သူက မရှိတော့ အခက်တွေ့နေပါတယ်။ ရည်ရွယ်ချက်ကလည်း စီးပွားရေး လုပ်တာမှန်ပေမယ့် ကမ္ဘာအရပ်ရပ်က ဘယ်သူမဆို ဈေးနှုန်း အသက်သာဆုံး နဲ့ ပညာသင်ကြားခွင့်ရဖို့ ဖြစ်ပါတယ်။ အခမဲ့ ပေးတဲ့ class တွေတောင် ရှိပါ တယ်။

သို့ပေမယ့် ဝဘ်ဆိုဒ်ကို လည်ပတ်ဖို့အတွက် လိုအပ်တဲ့ငွေကို ရင်းနှီးပေး မယ့်သူ အရေးတကြီး လိုအပ် နေပါတယ်။ သူတို့ ၂ ဦးဟာ ဝဘ်ဆိုဒ်သာ လုပ်လိုက်ပေမယ့် မာကဲတင်း ကောင်းကောင်း မလုပ်နိုင်ပါဘူး။ customer နဲ့ Investor တွေကို မချည်းကပ်နိုင်တော့ ဒုက္ခိအတိ ရောက်နေပါတယ်။ ဝဘ်ဆိုဒ် ရပ်နားဖို့ အထိတောင် စဉ်းစားခဲ့ပေမယ့် အတွေးအိုင်ဒီယာ တစ်ခုရပြီး သူတို့ ခံစားနေရတာတွေကို blog ဖန်တီးလို့ မျှဝေ ပါတော့တယ်။ blog ကို http://thirtydaysofhonesty.com/ တွေ လို့ အမည်ပေး ထားပါတယ်။ ရက် ၃၀ စာ သူတို့ ရိုးသားကြိုးစားမှုများ စာပြန်ရေးလို့ မျှဝေခြင်း ဖြစ်ပါတယ်။ သူတို့ အနေနဲ့ စီးပွားရေး လုပ်ငန်း တစ်ခုကို စတင် လိုက်ပေမယ့် ဘယ်လိုအခက်အခဲများ ကြုံတွေ့ရကြောင်း၊ ဘယ်လို ရုန်းကန်ကြိုးစားရကြောင်း၊ ဘယ်လိုရှုံးနိမ့်ကြောင်း စာတွေ ရေးသားပါတယ်။ စာဖတ်သူတို့ထံမှလည်း မာကဲတင်းနဲ့ စီးပွားရေး အကြံအဥာဏ်များကို ပြန်တောင်းပါတယ်။ ဒါနဲ့ သူတို့ စာအရေးအသေား ကောင်းမှုကြောင့် သတိထားမိ လာကြပြီး ရင်းနှီးမြှုပ်နှံမယ့်သူတွေက ဖုန်းဆက်လာပါတယ်။ ရှိရင်းစွဲ Customer များလည်း ဖုန်းဆက်လို့ ပြန်ဆက်သွယ်တဲ့အထိ ဖြစ်လာပြီး လုပ်ငန်းလည်ပတ်ဖို့အတွက် အရင်းအနှီးကို ပြန်ထောက်ပံ့ ပါတော့တယ်။

ဝဘ်ဆိုဒ်လည်း ပုံမှန် ပြန်လည် လည်ပတ်ပြီး ယခုလိုဆိုရင် အွန်လိုင်း ကျူရှင်ကြီး တစ်ခုလို ဖြစ်နေပါပြီ။ http://thirtydaysofhonesty.com/ ကိုတော့ ရက် ၃၀ ပြည့်ရင်ပြန်ဖျက်မယ်လို့ ဆိုပါတယ်။ သူတို့ ရက် ၃၀ စာအတွင်း ဘယ်လို ရိုးသားကြိုးစားတယ်ဆိုတာကို ပြသတဲ့ အနေနဲ့ ပြုလုပ်ဖန်တီးတဲ့ ဆိုဒ် ဖြစ်ပါတယ်။ အခုတော့ သူတို့ စီးပွားရေး အောင်မြင် သွားပါပြီ။ Erin Hopmann နဲ့ Jess Lybeck တို့ က စီးပွား စွန့်ဦး ကြိုးစား ဖန်တီးသူုတို့ကို ယခုလို အကြံပေးပါတယ်။

"At some point in your life, entrepreneur or not, you will fail and do so spectacularly. You’re not alone," "It’s going to hurt more than anything you’ve ever felt before. It will try to destroy you. But it won’t."

"Entrepreneur ပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် ဘဝမှာ တစ်ခါတစ်ရံ ကျရှုံး ရပါတယ်။ သို့ပေမယ့် ပြန်လည် ကြိုးစားပါ။ လောကမှာ ကူသူ မဲ့ရလောက်အောင် ဘယ်သူမှ ကံမဆိုးဘူး။ သင့်အတွက် အဆိုးဆုံးဆိုတာတွေ သယ်လာမယ်။ ဝမ်းနည်းကြေကွဲစေမယ်။ ဖျက်ဆီးဖို့ ကြိုးစားမယ်။ သို့ပေမယ့် အဲဒါ သင့်ကို မဖျက်ဆီး၊ မကျရှုံး နိုင်ဘူး"

.
ref:mashable

အောင်ခမ်း (TSJ team)

http://myawadynews.blogspot.com/2013/09/dabble.html

ကုသိုလ်အလုပ်များ တားမိရင်

သတိထားဖွယ်ရာ ကုသိုလ်အလုပ်များ တားမိရင်

ကုသိုလ်အလုပ်များ တားမိရင် ဆိုတဲ့အကြောင်းလေးဟာ လူတိုင်းလူတိုင်း သတိပြုသင့်တဲ့ အကြောင်းအရာလေးပါ။ သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်တွေ
ကို တားမိသလို ဖြစ်မသွားမိဖို့ အင်မတန်မှလည်း သတိထား လုပ်ကိုင်သင့်ပါ
တယ်။ လူတွေက ထင်ကြပါ့မယ်..။

ကုသိုလ်လုပ်တာများ.. ဘာလို့တားရမှာလဲ.. မတားပါဘူးလို့ ပြောကြမယ် ထင်ပါတယ်။ တစ်ချို့ကျတော့လည်း.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်
ကို သိသိကြီးနဲ့ မလုပ်ဖြစ်အောင် တားဆီးကြတာရှိသလို.. မသိလို့ တားမိသ
လို ဖြစ်သွားတာတွေလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့တွေအများစုဟာ မိသားစုရဲ့ အဝေးမှာရောက်ရှိနေပြီး အပေါင်းအသင်းတွေနဲ့ ပေါင်းစုနေထိုင်
ရတဲ့အတွက် ပိုပြီးတော့ သတိထားသင့်ပါတယ်..။

ကိုယ့်ကုသိုလ်အလုပ်ကို ကိုယ်တိုင်မလုပ်တာဟာ ဘာမှမဖြစ်ပေမယ့်.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်ကို တားမိသလို ဖြစ်သွားတာကျတော့ အင်မတန်မှ ဆိုးရွားပါတယ်နော်..။ ဒါမလို့လည်း မဖြစ်မိအောင် ဆင်
ခြင်စေလိုတာပါ။

မထင်မှတ်တဲ့ အသေးအဖွဲ အရာလေးတွေဟာ သတိမထားလိုက်မိတဲ့အခါ
မှာ သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေ တားမိတတ်တာတွေ ဖြစ်တတ်ပါတယ်။ အတူနေသူငယ်ချင်းတွေ ရှိတဲ့အခါ ပိုပြီးသတိထားသင့်တဲ့ အရာလေးပါ။ သူငယ်ချင်းတစ်ယောက် တရားခွေလေးဖွင့်ပြီး နာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ ကိုယ်က ကက်ဆက်အကျယ်ကြီး ထဖွင့်လိုက်တာတို့.. အော်
ဟစ်ဆူညံစွာ ပြောဆိုနေတာတွေဟာ.. တကယ်တော့ သူတစ်ပါးလုပ်နေ
တဲ့ ကုသိုလ်အလုပ်တွေကို တားရာရောက်ပါတယ်။

သူတစ်ပါး တရားနာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ သူတစ်ပါးကို စိတ်အ
နှောက်ယှက်ဖြစ်အောင် လုပ်လိုက်တာဟာ သူရရှိမဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်
တရားတွေကို မရရှိအောင် တားလိုက်သလို ဖြစ်တတ်ပါတယ်။

လူတစ်ယောက်ဟာ ဘယ်အချိန်မှာ တရားရမယ်.. ဘယ်အချိန်မှာ တရားမရဘူးဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက် ဘယ်အချိန်မဆို သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေကို မတားမိစေဖို့ လိုအပ်ပါတယ်။

သူတစ်ပါးရဲ့ ကုသိုလ်ကို နှောက်ယှက်ခဲ့တဲ့ကံတွေဟာကိုယ့်အလှည့်ကျရင်
လည်း တရားအားထုတ်လို့ တရားရတော့မယ့်အချိန်မှာ အနှောက်အယှက် အဖျက်အစီးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒ့ါကြောင့်မလို့လည်း သတိ
ထားစေချင်တာပါ။

နောက်တစ်ချက်ကတော့ သူတစ်ပါးတွေရဲ့ ဒါနကုသိုလ်တွေကို တားမိ
တဲ့ အတွက် နောက်ဘ၀ရောက်တဲ့အခါမှာ ပါးစပ်ပေါက်မပါတဲ့ပြိတ္တာ
ဖြစ်သွားရတဲ့ အကြောင်းအရာလေးပါ။ နှမြောတွန့်တိုတဲ့သူတွေ သတိ
ထားရမယ့် အကြောင်းအရာလေးပါပဲ။ အဖွားကြီးတစ်ယောက်ဟာ ကိုယ်တိုင်အလှူဒါနမပြုသလို သူရဲ့ မြေးတွေ သားတွေသမီးတွေ
လှူရင်လည်း မလှူဖို့ အမြဲတားတတ်ပါတယ်။

အဲ့လိုမျိုး သူတစ်ပါးအလှူကို တားတဲ့အတွက် သေလွန်တဲ့အခါမှ သူ့မှာ
ရှိတဲ့ ဥစ္စာပစ္စည်းတွေ စွဲလမ်းပြီးသေလွန်တဲ့ အတွက် ပြိတ္တာဖြစ်ရပါတယ်။ ပြိတ္တာဖြစ်ယုံတင် မဟုတ်ပါဘူး.. သူတစ်ပါးလှူမယ့် အလှူဒါနကို တားစီး
ခဲ့တဲ့ကံကြောင့်လည်း ပါးစပ်ပေါက်မပါတဲ့ ပြိတ္တာဖြစ်ခဲ့ရပြန်ပါတယ်။ ဘယ်
သူက အမျှဝေေ၀ သာဓုခေါ်ခွင့်မရတဲ့ အခြေအနေဖြစ်သွားရတာပါ။

ဒီအကြောင်းအရာလေးဟာ တကယ်တော့ သူတစ်ပါးရဲ့ အလှူကို မလှူဖြစ်အောင်.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်ကို မလုပ်ဖြစ်
အောင် တားခဲ့တဲ့အတွက် ပြန်လည်ပေးဆပ်ရတဲ့ အကြောင်းအရာလေး
ပါ။ ဒီဖြစ်ရပ်မှန်အကြောင်းအရာလေးဟာ လူတိုင်း သတိထားသင့်တဲ့ အရာလေးပါပဲ။

နောက်တစ်ချက်ကတော့.. သူတစ်ပါးရဲ့ ကုသိုလ်ပြုခွင့်ကို တားခဲ့တဲ့အတွက်.. ရဟန်းဘောင်မှာ ကြုံတွေ့ခံစားရတဲ့ အကြောင်းအရာလေးပါ။ ယခုမျက်
မှောက်ခေတ်က အကြောင်းအရာပါ။

လူတစ်ယောက်ဟာ သာသနာ့ဘောင် ၀င်ရောက်ဖို့ ရဟန်းခံပြီး သင်္ကန်းဝတ်မယ်ဆိုတဲ့အချိန်မှာ ခဏတာပဲ သင်္ကန်းဝတ်ခွင့်ရပြီး ကြာလာတဲ့အခါမှာ သင်္ကန်းဝတ်ရင်း ခန္ဓာကိုယ်တွေ ပူချစ်လာပြီး သင်္ကန်းဝတ်မရဖြစ်တာ.. သူတစ်ပါးထဲအတွက် ဆွမ်းဟင်းတွေ
ဟာ မကောင်းတဲ့ အနံ့အသက်တွေ ထွက်နေပြီး ဆွမ်ဘုန်းပေး
လို့မရ ဖြစ်တာတွေ ဖြစ်လာပါတယ်။

ရဟန်းဝတ်ချင်ပေမယ့် ရဟန်းဝတ်ခွင့်မရတာဟာ အရင်ဘ၀က သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို တားမြစ်ပိတ်ပင်ခဲ့တဲ့ အတွက်ပါ။ ဒီအကြောင်းအရာလေးဟာ အင်မတန် သတိထားသင့်ပါတယ်။

အထက်ဖော်ပြပါ အကြောင်းအရာလေးဟာ.. ယခုခေတ် မိဘတွေအတွက် သတိထားစရာ အချက်လေးပါ။ ယခုခေတ် ရဟန်းဘောင် ၀င်ရောက်ချင်တဲ့ လူငယ်တွေ သတိထားပြောသင့်တဲ့ အရာလေးပါ။ ရဟန်းဘောင်ဝင်မယ်ဆို မိဘတွေရဲ့ခွင့်ပြုချက်ရမှ ၀င်လို့ရတာပါ။

ဒီတော့.. မိဘတွေကို အရင်ဆုံး ခွင့်တောင်းမှဖြစ်ပါမယ်။ ဒီလိုခွင့်တောင်း
တဲ့အခါမှာ မိဘတွေက အတင်းတားမယ်.. မ၀င်ပါနဲ့လို့ ပြောမယ်ဆိုရင်.. ဒါဟာ သူတစ်ပါးရဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်ရမယ့် အခွင့်အရေးတွေ.. တရား
ထူးရမယ့် အခွင့်အရေးတွေကို တားဆီးရာ ရောက်ပါတယ်။ သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို တားတာဖြစ်တဲ့အတွက် တားမိတဲ့သူတွေဟာ..နောက်ဘ
ဝရောက်ရင် သင်္ကန်းဝတ်ခွင့်.. ရဟန်းဝတ်ခွင့် ဘယ်လိုမှ မဖြစ်နိုင်တော့
ပါဘူး.. ဒါ့ကြောင့် ဒီအချက်လေးကို အထူးမှာလိုပါတယ်။

လူငယ်တွေဘက်ကလည်း ကိုယ်ဖြစ်ချင် ကိုယ်လုပ်ချင်တဲ့ ဆန္ဒတွေကို
ကြီးမကြည့်ပဲနဲ့ မိဘတွေ သဘောတူမတူကို အရင်စဉ်းစားပြီး ပြောဆို
လုပ်ဆောင်သင့်တယ်လို့ အကြံပေးလိုပါတယ်..။ ဒီလိုမှ မဟုတ်ရင် ကိုယ့်အပေါ်မူတည်ပြီး ကိုယ့်ရဲ့မိဘတွေပါ နောက်ဘ၀တွေကျရင် ရဟန်းခံခွင့် ရဟန်းဝတ်ခွင့်မရ ဖြစ်သွားတတ်ပါတယ်။ ဒီအကြောင်း
အရာလေးကို လူငယ်တွေရော လူကြီးတွေရော အထူးအလေးနက်
ထား သိစေချင်ပါတယ်။

အဓိကအနေနဲ့ပြောလိုတာကတော့ သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်ကို မတားမိစေဖို့ကို ပြောလိုတာပါ။ အမှတ်တမဲ့ သတိလက်လွတ်ပြောလိုက်
တဲ့ အကြောင်းအရာလေးတွေဟာ သူတစ်ပါးအတွက် ကုသိုလ်လုပ်ခွင့်ကို တားသလိုဖြစ်သွားရင် ကိုယ့်အတွက် တရားရခွင့်တွေကို ကိုယ်ကိုယ်တိုင် လိုက်လံတားဆီးပြစ်ရာ ရောက်ပါတယ်။

ဒါ့ကြောင့်လည်း ဘယ်စကားပဲပြောပြောဘာအလုပ်ပဲလုပ်လုပ် သတိလေး
နဲ့ အမှားမပါအောင်.. သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်တွေ မတားဖြစ်အောင်
ပြောဆိုလုပ်ကိုင်စေလိုတာပါ။ ကိုယ်ကိုတိုင် ကုသိုလ်တွေ လုပ်နေယုံနဲ့ မပြီးသေးပါဘူး.. ကိုယ့်ကြောင့်လည်း သူများတွေမှာ ကုသိုလ်တွေ လုပ်
ခွင့်ရအောင်.. အကုသိုလ်တွေ ပယ်ဖျောက်ခွင့်ရအောင် လုပ်ဆောင်ပေး
ဖို့လည်း လိုအပ်ပါတယ်။

သူများတွေရဲ့ ကုသိုလ်တရားတွေကို မပိတ်ပင် မတားဆီးမိအောင် သတိထားလုပ်ကိုင်နိုင်ပြီးတော့ ကိုယ်တိုင်လည်း တရားထူးတရားမြတ်
ရရှိအောင် ကျင့်ကြံလုပ်ကိုင်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါ
တယ်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံး
တစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဝီရဓမ္မ

http://myawadynews.blogspot.com/2013/09/blog-post_2151.html

ဈေးသက်သာတဲ့ မှဲ့ ခြောက်နဲ့ တင်းတိပ် ပျောက်နည်း



အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို ပျောက် ကင်း အောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေး တစ်ခုပါ။

ဒီ နည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့ အခါ တိုင်း အောက် ခံ အဖြူသားထိ စားနိုင်ပါ တယ်။ ဖရဲသီး ကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပြီး ကျောက်ကပ်၊ ဆီး၊ အသဲ၊ အဆုတ် စတဲ့ ရောဂါရှိသူတွေ အတွက် လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေး ပါဘဲ။ အားလုံး ဖရဲသီးစားတိုင်း အောက်ခံ အဖြူသားပါအောင် စားလိုက် ကြရအောင်နော်။

မျက်နှာပေါ်က အမဲစက် ပျောက်နည်းမျက်နှာပေါ်မှာ အမည်း စက် ရှိ လို စိတ် ညစ်နေတဲ့ ပျိုရွယ်သူတွေအတွက် နည်းလမ်း ကောင်းလေး တစ်ခု ကို ထပ်ပေးပါမယ်။တချို့ ၀က်ခြံရှိတဲ့ ပျိုရွယ်သူတွေမှာ ဖြစ်တတ်တာက ၀က်ခြံကို မမှည့်ခင် ညစ်ထုတ်တဲ့သူတွေရှိပါတယ်။ အဲဒီလို လုပ်တာ ကြောင့် မျက်နှာပေါ်တွင် အမာရွတ်(သို) အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။ ထိုသို့ အမည်းစက်များရှိနေတာကို ဒီ က နေ့ ခေတ်မှာတော့ ခေတ် မီဆေးဝါးတွေ ပေါလာသော်လည်းဘဲ သဘာဝ ဆေးနည်ကောင်းလေး တစ်ခုရှိပါတယ်။

သိတာလေးတွေကို ဖော်ပြပေးလိုက်ပါမယ်။ စာဖတ်ပရိတ်သတ်တွေ အတွက်အဆင်ပြေမယ့် နည်းလမ်း ကောင်းလေးမို့ပါ။ လုပ် ကြည့်နိုင်ပါတယ်နော်။ လုပ်နည်းလေးကတော့ လွယ်ကူတဲ့နည်းလမ်းပါ။ အိမ်ရှင် မများ ဟင်းချိုချက်တဲ့အခါမှာ ထည့်ခတ်တဲ့ ငရုတ်ကောင်းမှုန့် လေး အနည်းငယ်နဲ့ ဒိန်ချည် ကို ရောသမပြီး အမည်း စက်ရှိတဲ့ မျက်နှာပြင်ကို လိမ်းပေး ပါ။

နာရီဝက်(သို့) ၄၅ မိနစ်ခန့် ကြာ အောင် ထားပေးပြီး မျက်နှာကို သန့်စင်အောင် သစ်ပေးလိုက်ပါ။ ဒီလို နည်းအတိုင်း နေ့စဉ်လုပ်ပေးပါက တစ်ပတ်အတွင်းသိသာသိသာ ပျောက်ကင်းနိုင်တဲ့သဘာဝ ဆေးနည်း ကောင်းလေးပါ။ပိုက်ဆံမကုန်မယ့် နည်းလမ်းလေးပါ။ မျက်နှာမှာရှိတဲ့ အမည်းစက်တွေကို ဈေးကြီးပေးပြီး ကုသစရာမလို တဲ့ နည်းလမ်း ကောင်းလေးမို့ myanmar local news မှ ပြန်လည် မျှဝေပေးလိုက်တာပါ။

ဦဇော်သိသမျှ မျှဝေရာအရပ်

ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ် မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့ နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မ လုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။

http://myawadynews.blogspot.com/2013/09/blog-post_1922.html

စိတ်ဖိစီးမှု လျော့ကျစေသည့် ရေ



သိပ္ပံပညာရဲ့ လတ်တလော လေ့လာမှုတွေအရ လူတွေဟာ ရေနဲ့ထိတွေ့လိုက်တဲ့အခါမှာ ခန္ဓာကိုယ် ရဲ့ ဓာတ်ဖွဲ့စည်းပုံနဲ့ အာရုံကြောတွေ အပေါ် သက်ရောက်မှု ရှိသွားပြီး စိတ်ဖိစီး မှု လျော့ကျတာ၊ စိတ်ခံစားမှု ကောင်း မွန်တာ နဲ့ စိတ်တို ဒေါသထွက် မှု လျော့ပါးတာ အစရှိတဲ့ အကျိုး အာနိသင်တွေကို ရရှိစေတယ်လို့ သိရပါ တယ်။

ရေကူးပါ
ရေကူးတာက အပြေးသမားတွေမှာလိုပဲ အဆစ်တွေအပေါ် ဒဏ်သက်ရောက်မှု မရှိဘဲ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိစေပါတယ်။ ရေကူးကန်ထဲမှာ လှေလှော်တာကတောင် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ အင်ဒီးယားနား တက္ကသိုလ်ရဲ့ ပါမောက္ခဂျက်က ပြင်းပြင်းထန်ထန် အားကစား မလုပ်နိုင်သူတွေအနေနဲ့ အေးအေးဆေးဆေး ရေကူးတာက အန်ဒေါ်ဖင်ဟော်မှုန်း ထွက် လာစေပြီး စိတ်ကြည်နူး နှစ်သိမ့်မှုကို ခံစားရစေကြောင်း ရှင်းပြထားပါတယ်။ ရေကန်ထဲမှာ ကလေးတွေ နဲ့အတူ ကစားရင်း ကလေးတွေကို ရေပက်ဖျန်း ပေးတာကလည်း နာဗ့်ကြောစနစ်ကို ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ တကယ်လို့ ရေကူးကန်ကို မသွားနိုင်ဘူးဆိုရင် ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာ ကလည်း စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။

ရေစိမ်ချိုးပါ

ရေချိုးတာက စိတ်နဲ့ခန္ဓာကို လန်းဆန်းသွားစေတယ်ဆိုတာ သင်သိပြီးဖြစ်မှာပါ။ လတ်တလော လေ့လာမှုအရ ရေရဲ့အပူချိန်က အေးချင်အေး၊ နွေးချင်နွေး နေပါစေ၊ ရေထဲကို စိမ်ချိုးတာက ကျန်းမာနေ တဲ့ လူတွေအတွက် ကောင်းကျိုးတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ ရေစိမ်ချိုးချိန် ၂၄ မိနစ် ကြာပြီး ချိန် မှာ လူရဲ့ဗဟိုအာရုံကြော စနစ်ဟာ အနားရကာ အာရုံစူးစိုက်အား ပိုကောင်းလာပါတယ်။ စိတ်ဓာတ် ကျတာနဲ့ ပူပင်သောက ဟူသမျှကိုလည်း လျော့သွားစေ ပါတယ်။ ခြေထောက် ကို ရေစိမ်တာ ကလည်း ညမှာ ကောင်းကောင်း အိပ်မောကျစေပါတယ်။ 


Physiology Anthropology ရဲ့ လေ့လာမှုအရ ဒူးအထိ ခြေထောက်တွေကို မိနစ် ၂၀ လောက် ကြက်သီးနွေးရေထဲ စိမ်တဲ့သူ ဒါမှမဟုတ် ရေချိုးတဲ့ သူတွေကကောင်းကောင်းအိပ်မောကျစေပြီးမလုပ်တဲ့သူတွေထက်အိပ်စက်မှုအရည်အသွေး လည်း ကောင်း မွန်တာကို တွေ့ရပါတယ်။ ကြက်သီးနွေးရေထဲ စိမ်ဖို့ အချိန် မပေးနိုင် ရင်တောင် ခြေချင်းဝတ်တွေပေါ်ကို ကြက်သီးနွေးရေ လောင်းချပေးပါ။ အချိန် ၃၀ စက္ကန့်လောက် လုပ်ပေးရုံ နဲ့ အ ပန်းပြေမှုကို ခံစားရမှာပါ။

ရေသောက်ပါ

ရေကိုနည်းနည်းပဲ သောက်တာက စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ်အပေါ် မကောင်းတဲ့ သက်ရောက်မှု ကို ဖြစ်စေနိုင် ပါတယ်။ ရေဆာနေပြီဆိုရင် ရေဓာတ် ခန်းခြောက်တဲ့ အဆင့် ကို ရောက်နေ ပါပြီ။ ရေဓာတ် ခန်းခြောက်ပြီ ဆိုတာနဲ့ ပိုပြီး ပင်ပန်းလာတယ်။ အာရုံစူးစိုက်ဖို့ ပိုခက်လာပါ တယ်။ ၂၀၀၁ လေ့လာမှု တစ်ရပ်အရ ညဥ့်လယ်မှ နံနက် ၁၁ နာရီအထိ ရေနဲ့အစာ လုံးဝမကျွေးဘဲ ထားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နှိုးဆော်နိုင်တဲ့ တက်ကြွဖျတ်လတ်မှု ပျောက်ဆုံး သွားတာကို တွေ့ရပါ တယ်။ ရေ မသောက် ဘဲ အချိန် ၁၃ နာရီလောက် ကြာသွားရင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ တက်ကြွမှု တို့ လျော့ ကျ သွားပြီး ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ သင် ဘယ်လောက် ရေသောက် သင့်တယ်ဆိုတဲ့ အချက် က သင့်ခန္ဓာကိုယ် အလေးချိန်၊ လှုပ်ရှားမှုအ ဆင့်၊ လေရဲ့ အပူချိန်နဲ့ စိုထိုင်းဆတို့အပေါ် မူတည်နေ ပါတယ်။ အစာစားပြီး တိုင်း ရေတစ် ဖန်ခွက် သောက်ပါ။ လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ လည်း ရေတစ်ဖန် ခွက်စီ သောက်ပေး ပါ လို့ ဒေါက်တာဘော်ဒလေက အကြံပြုထားပါတယ်။

ရေပက်ဖျန်းပါ

စိတ်ဖိစီးမှု ကင်းအောင် ပက်ဖျန်းရတဲ့ စပရေးကို လိုချင်ရင် ရေတံခွန်ဆီကို သွားပါ။ ရေတံခွန်ရဲ့ အခြေရှိ လေထဲမှာ စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ မော်လီကျူး အမှုန်တွေ ပါဝင်နေပါတယ်။ ဝက်စ်လီ ရန် တက္ကသိုလ်ရဲ့ လေ့လာမှုအရ ၁၅-၃၀ မိနစ်လောက် ရေနဲ့ပက်ဖျန်း ပေးတာက စိတ်ဓာတ် ကျတာ ကို သက်သာစေတယ်လို့ သိရပါတယ်။ ဒါဟာ ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင် ပမာဏကို တိုးစေလို့ပါ။ ဒါကြောင့် ရေတံခွန်နားကို သွားတဲ့အခါ အသက်ပြင်းပြင်း ရှူသွင်းရှူ သွင်း လုပ်ပေးပါ။ ဒါမှမဟုတ် ရေပန်းနဲ့ ရေချိုးလိုက်ပါ။ ငါးမိနစ်လောက် ရေပန်းနဲ့ ရေချိုးပေးတာက ပူပင်သောကတွေကို သိသိသာသာ လျော့ကျသွားစေ တယ်လို့ လေ့လာသူတွေ က ဆိုပါတယ်။

ရေပက်ဖျန်းပါ

ကမ်းခြေမှာ နေတဲ့ရက်တွေမှာ သွေးဖိအားတွေ တည်ငြိမ်နေတယ်လို့ မထင်ဘူးလား။ ရေသံက စိတ် ကို အေးချမ်း တည်ငြိမ်စေပါတယ်။ အလာဘားမား ဆေးရုံသုတေသီတွေက ပင်လယ်ရေသံဟာ ကြားရသူ လူနာတွေကို သုံးညခန့် ကောင်းကောင်း အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ပင်လယ်ရေလှိုင်းသံနဲ့ လှိုင်းပုတ်သံတွေဟာ စိတ်ကို အေးချမ်းစေတာကြောင့်ပါ။ ဦးနှောက်ဟာ လှိုင်းသံ၊ ရေသံတွေအပေါ် ကောင်းတဲ့ တုံ့ပြန်မှု ပေးနိုင်လို့ ဖြစ်ပါတယ်။

Ref:By Good Health Originally

http://myawadynews.blogspot.com/2013/09/blog-post_2258.html

Shodan (သို့) အင်တာနက်ပေါ်မှ ကြောက်စရာ အကောင်းဆုံး Search Engine



“လူတွေက Google ပေါ်မှာ ရှာလို့ မတွေ့ဘူးဆိုရင် ကိုယ့်ရဲ့ ကွန်ယက် လုံခြုံရေးက အရမ်းကောင်းနေပြီး ဘယ်သူမှ မတွေ့နိုင်ဘူးလို့ ထင်နေကြပါတယ်။ အဲဒါဟာ လွန်စွာမှ မှားယွင်းတဲ့ အတွေးပါပဲ။” ဟု Shodan (သို့) အင်တာနက်ပေါ်မှ ကြောက်စရာ အကောင်းဆုံး search engine အား တီထွင်ခဲ့သူ John Matherly က ဆိုခဲ့သည်။

Shodan က search engine ပါပဲ။ ဒါပေမယ့် သာမန် search engine မဟုတ်ပါဘူး။ Google တို့ Bing တို့လို ဝက်ဘ်ဆိုဒ်တွေကို ရှာပေးတဲ့ search engine မဟုတ်ပါဘူး။

Shodan ရှာပေးမယ့် အရာတွေကတော့ အင်တာနက်ရဲ့ ပင်မကျောရိုးတွေဖြစ်တဲ့ ဆာဗာတွေ၊ router တွေ၊ ကင်မရာတွေ၊ printer တွေနဲ့ အခြားအခြားသော အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေကိုပဲ ဖြစ်ပါတယ်။ ကြောက်စရာ အရမ်းကောင်းတယ် မဟုတ်ပါလား။

Shodan ဟာ ၂၄ နာရီပတ်လုံး အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ကမ္ဘာတစ်ဝန်းရှိ ပစ္စည်းပေါင်း သန်း ၅၀၀ ခန့်ကို ရှာဖွေပေးတယ်လို့ ဆိုပါတယ်။ Shodan သုံးပြီး ရှာတွေ့နိုင်တဲ့ အရာတွေက ကျောချမ်း စရာတောင် ကောင်းပါတယ်။

အချက်ပြမီးပွိုင့် ထိန်းချုပ်စနစ်နဲ့ လုံခြုံရေး ကင်မရာတွေကစပြီး ရေ အားလျှပ်စစ် စက်ရုံနဲ့ နျူကလီးယားဓာတ်ပေါင်းဖို့ ထိန်းချုပ်စနစ်များပါ ပါဝင်နေပါတယ်။

Default Password ပဲ သုံးထားတဲ့ လုံခြုံရေးစနစ်တွေဟာ မရေတွက်နိုင်အောင် များပြားလှတာကို တွေ့ရပါမယ်။ ပိုလို့ဆိုးတာက လုံခြုံရေးစနစ် လုံးဝ မပါရှိတဲ့ စနစ်တွေက ပိုလို့တောင် များနေပါတယ်။ မသမာသူတွေ လက်ထဲကိုသာ Shodan ရောက်ရှိသွားရင် ကမ္ဘာကြီးတော့ ဒုက္ခလှလှ တွေ့နိုင်ပါတယ်။

နောက်တစ်ချက်က Shodan သုံးပြီး တွေ့ရှိလာတဲ့ အရာတွေထဲက အများစုဟာ တကယ်တမ်းတော့ လုံခြုံရေးအရ အင်တာနက်နဲ့ ချိတ်ဆက်ထားဖို့တောင် မသင့်တော်ပါဘူး။

ဥပမာ - စက်ရုံတစ်ခုရဲ့ အပူပေးစနစ်ကို ကွန်ပြူတာနဲ့ ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမယ့် နည်းပညာကုမ္ပဏီ အများစုက အပူပေးစနစ်နဲ့ ကွန်ပြူတာစနစ်ကို တိုက်ရိုက် ချိတ်ဆက်ရမယ့်အစား လွယ်ကူတဲ့ နည်းလမ်းဖြစ်တဲ့ အင်တာနက်ဆာဗာသုံးပြီး ချိတ်ဆက်လိုက်တဲ့အခါ ဤစက်ရုံရဲ့ အပူပေးစနစ်ကို ကမ္ဘာတစ်ဝန်းကနေပြီး အင်တာနက်ပေါ်မှာ ရှာတွေ့နိုင်ပြီး အလွယ်တကူ ထိန်းချုပ်သွားနိုင် ပါတော့တယ်။

ကောင်းတဲ့ သတင်းတစ်ခုကတော့ လောလောဆယ်မှာ Shodan ကို ကောင်းမွန်ပြီး အကျိုးရှိတဲ့ ကိစ္စတွေအတွက်ပဲ အသုံးပြုနေပါတယ်လို့ John Matherly ဆိုပါတယ်။ Matherly ဟာ Shodan ကို လွန်ခဲ့တဲ့ ၃ နှစ်က တည်ထွင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Shodan ကို အသုံးပြုနေသူများဟာ ကွန်ယက်လုံခြုံရေး စမ်းသပ်သူတွေ၊ ပညာရှင်တွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေပဲလို့ သိရှိရပါတယ်။ သာမန်သူတစ်ဦး အနေနဲ့ Shodan ကို သုံးမယ်ဆိုရင် account မပါပဲနဲ့ ရှာဖွေမှု ၁၀ ခု ပြုလုပ်နိုင်ပြီး account ဖွင့်ပြီးပါက ရှာဖွေမှု ၅၀ အား ပြုလုပ်နိုင်မည်ဖြစ်သည်။

ဒီထက်ပိုပြီး နက်နဲစွာ အသုံးပြုမယ်ဆိုရင်တော့ အချက်အလက် အပြည့်အစုံ တင်ပြရမည်ဖြစ်သလို အခကြေးငွေလည်း ပေးဆောင်ရမည်ဟု သိရှိရသည်။

This Way, Shodan
http://www.shodanhq.com/

Posted From Myanmar Consumer Guide


https://www.facebook.com/photo.php?fbid=468560909908412&set=a.351047714993066

ငှက်မိခင် ကောင်လေး


Tuesday, September 10, 2013

ရုရှားနိုင်ငံက ၁၂ နှစ်အရွယ် ကလေးတစ်ယောက် အမည်ကတော့ ဗစ်ဒီဘီလေဂရော့ လို့ ခေါ်တယ်။ ကောင်းလေး၏ ပတ်ဝန်းကျင်က ကောင်းလေးကို ငှက်မိခင်လို့လည်း ခေါ်တယ်။ ဘာလို့ ငှက်မိခင်လို့ ခေါ်လည်း ဆိုတာကို ရှင်းပြပါ့မယ်။
တစ်နေ့ ကောင်လေးဟာ သူ၏ အိမ်ဝန်းအတွင်းမှာ လမ်းလျှောက်နေစဉ် မျက်စိလည်နေသော ငှက်ကလေး တစ်ကောင်ကို တွေ့ခဲ့ပါတယ်။ ဒါကြောင့် သူကယ်ခဲ့တယ် ဆိုပါတော့။ ငှက်ကလေးဟာ အတောင်ပေါက်စ ဆိုပေမယ့် ပျံသန်းနိုင်ပါတယ်။ သို့သော်လည်း အဲဒီငှက်ကလေးဟာ သူ၏ မိခင်ဆီကို မပြန်ပါဘူး။

အဲဒီနေ့ကနေ စပြီးကတည်းက ကောင်းလေး၏ ပခုံးပေါ်မှာပဲ နေပါတယ်။ အစာ စားလျှင်လည်း ကောင်လေး၏ လက်ထဲမှာပဲ စားပါတယ်။ အလွန်ပဲ ချစ်ခင်သော လူနှင့်ငှက်ပေါ့။ ဒါကြောင့် ကောင်လေးကို ငှက်မိခင်လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

ရှေးရေစက် တစ်စုံတစ်ရာကြောင့် အခုလို ချစ်ခင်ကြတာ ဖြစ်မယ် ထင်ပါတယ်။ အံ့သြစရာလည်း ကောင်းပါတယ်။ တိရစ္ဆာန်တွေကို အသိဥာဏ် မရှိဘူးလို့ မထင်လိုက်ပါနဲ့။ တိရစ္ဆာန်တွေဟာ လူတွေလောက် အသိဥာဏ် မရှိပေမယ့် ကြင်နာယုယ ဂရုစိုက်မှုဆိုတဲ့ မေတ္တာတရားကိုတော့ နားလည်လောက်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်တွေ အပေါ် မေတ္တာ၊ ဂရုဏာ ထားပြီးတော့ စောင့်ရှောင့်ကြည့်ပါ။ သင့်အပေါ် ပြန်လည် မေတ္တာထားလာ ပါလိမ့်မယ်။

Ref - metro
ကျော်လင်းနိုင် (ရိုးရာလေး)


https://www.facebook.com/photo.php?fbid=468596623238174&set=a.35104771499306

ဒိန်ချဉ်ဘာကြောင့် သောက်သင့်သလဲ




Lactobacillus Acidophilus လိုမျိုး သက်ရှိ ပိုးမွှားတွေဟာ ခန္ဓာကိုယ် အတွက် အကျိုးပြု ဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေ စနစ်ကို ကောင်းမွန်စေတဲ့ အပြင် ခန္ဓာကိုယ် ကျန်းမာရေး အတွက်ပါ ကောင်းမွန် ပါတယ်။
Probiotic ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ဒိန်ချဉ် Cheese ကိုစားပြီး မီဆိုဟင်းချို သောက်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ကိုလက်စထရောအဆင့်လျှော့ချနိုင်ခြင်း

ပဲပရိုတင်းနဲ့အတူ Probiotics တွေစားပေးတာဟာ သင့်ရဲ့မကောင်းတဲ့ ကိုလက်စထရော LDL အဆင့်ကို လျှော့ချ နိုင်ပါတယ်။ Wollongong တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုအရ ပဲနို့ဒိန်ချဉ်သောက် ကိုလက်စထရော အဆင့် အနည်းငယ် မြင့်မားနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ မကောင်းတဲ့ ကိုလက် စထရောအဆင့် သိသိသာသာ လျှော့ချနိုင်ပြီး သွေးကြောတွေ ကျန်းမာရေး ကောင်းစေတယ်လို့ သိရပါတယ်။

ဝမ်းဗိုက်အဆီကျခြင်း

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ကိုယ်ဝန်အစောပိုင်းကာလ(ပထမသုံးလပတ်)အတွင်း Probiotics တွေစသောက်ထားပါက ကလေးမွေးပြီး တစ်နှစ်အကြာမှာ ဝမ်းဗိုက်မှာ အဆီတွေစုနိုင်ခြေ နည်းတယ်လို့ Finland မှ လေ့လာမှုအရ သိရပါတယ်။ Probiotics အားဖြည့်ဆေးတွေဟာ အစာမှရရှိတဲ့ကယ်လိုရီကို စုပ်ယူမှုနည်းတာကြောင့် အဆီအနေနဲ့ စုမဝေးနိုင်ဘူး လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီအကျိုးကျေးဇူးကိုရရှိဖို့ ကိုယ်ဝန်ဆောင်ဖို့ မလိုအပ်ပါဘူး။ သာမာန်လူတွေလည်း ရရှိနိုင်ပါတယ်။

အစာခြေစနစ်ပိုကောင်းခြင်း

Probiotic အားဖြည့်ဆေးတွေဟာ ဗိုက်ပွတာ၊ လေထိုးတာတွေကို သက်သာနိုင်တယ်လို့ ပြင်သစ်မှ လေ့လာမှု အသစ်တွေအရ သိရပါတယ်။ အချဉ်ဖောက်ထားတဲ့ နို့ကိုနေ့စဉ် သောက်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နှစ်ပတ် အကြာမှာ ပိုပြီးအစာခြေနိုင်ကာ လေပွတာနဲ့ ဗိုက်ပွတာ သက်သာနိုင်ကြောင်း လေ့လာမှုအသိရပါတယ်။

ဓာတ်မတည့်မှုလျော့နည်းနိုင်ခြင်း

နေ့စဉ် Probiotic သောက်ထားတဲ့ ရာသီဥတုကိုလိုက်ပြီး ဓာတ်မတည့်မှုရှိသူတွေမှာ hay fever လက္ခဏာ ရစေတဲ့ Antibodies Immunoglobulin E (Ig E) အဆင့်နည်းသွားကာ၊ ဓာတ်မတည့်မှုတုံ့ပြန်တာကို ကာကွယ်ပေးတဲ့ Immunoglobulin G(Ig G) အဆင့်တွေ မြင့်တက်လာတာကို British မှသုတေသနပြုသူတွေ တွေ့ရှိခဲ့ပါတယ်။

အာယု

http://myawadynews.blogspot.com/2013/09/blog-post_5148.html

ဖုန်းရှိရုံဖြင့် လုပ်နိုင်သော စီးပွားရေးများ




အောင်ခမ်း (TSJ team)

ဖုန်းရှိရုံနဲ့ လုပ်နိုင်တဲ့ စီးပွားရေးများ ဆိုပြီး ဆောင်းပါး ဖတ်မိတော့ မြန်မာပြည်မှာလည်း ဖြစ်နိုင်တာလေးတွေ တွေ့ပါတယ်။ ဒီတော့ မြန်မာပြည်မှာလည်း လုပ်ရင်ဖြစ်နိုင်တဲ့ ဖုန်းအခြေခံ (မိုဘိုင်းဖုန်း သို့မဟုတ် ကြိုးဖုန်း) စီးပွားရေး လုပ်ငန်းများကို ဖော်ပြလိုက်ရ ပါတယ်။ ( အတည်ကော၊ နောက်တာကော ပါပါတယ်)


၁။ ဖုန်းမေး ဗေဒင်

ဖုန်းမေး ဗေဒင်က လုပ်တောင်လုပ်နေကြတယ်ကွယ်။ ပြောနေစရာတောင် မလိုဘူး။ ဖုန်းမေးဗေဒင် လုပ်ကြပြီး ငွေချေဖို့ အတွက်ကျတော့ အိမ်အရောက် လိုက်ကောက်တာမျိုး လုပ်သတဲ့။ ဗေဒင်မဟောတတ်ပဲတော့ လက် ကမျဉ်းဖို့ မကြိုးစားနဲ့လေ။ စာအုပ်လေးဘာလေးဖတ်၊ သေ ချာ လေ့လာပြီး ဗေဒင် တကယ်ဟောတတ်သူ အတွက် ကတော့ အဆင်ပြေ နိုင်ပါတယ်လေ။


၂။ ခရီးသွား လမ်းညွှန်

တိုးရစ်စ်ဂိုက် လုပ်ဖို့က တိုးရစ်ဂိုင် လိုင်စင်ရှိဖို့လိုအပ်တာတော့ အမှန်ပါပဲလေ။ ဒီတော့ လုပ်ချင်သပဆိုရင် ပြည်တွင်းက လူအချင်းချင်းပဲ ဂိုက်လုပ်လေ။ ဥပမာ ကိုယ်နေတာက လူအရောက်နည်းတဲ့ မြို့ ငယ်မှာဆိုရင် ဘယ်သူပဲ လာလည်လည် နေရာစုံအရောက် ပို့ပေးမယ့် ဘာညာနဲ့ Facebook မှာတင်၊ Blog မှာတင်ပေါ့။ ဒါဆို ရန်ကုန်မှာကျ ဘယ်လိုလုပ်ရမလဲတဲ့။ ရန်ကုန်မြို့  တစ်ပတ်အလည်ခရီးတွေ ဘာတွေလုပ်ချင်လုပ်ပေါ့။


၃။ မိုဘိုင်း စာရေးဆရာ

ဒါကတော့ အတည်ပါ မိုဘိုင်းဖုန်းနဲ့ စာရေးတဲ့ Mobile Writer တွေ အင်မတန် များလာပါပြီ။ အထူးသဖြင့် ဂျပန်မှာပါ။ ရထားစီးပြီးကုန်နေတဲ့ အချိန်မှာ မိုဘိုင်းဖုန်းနဲ့ စာတွေ ရေးပြီး blog မှာတင်တယ်။ WordPress မှာတင်တယ်။ နောက်တော့ အရမ်းများလာတဲ့အခါကျ စာအုပ်တွေဘာတွေ ဖမ်းထုတ်ပစ်တာ Cellphone novels ဆိုပြီးတော့တောင် ဂျပန်မှာနာမည်ကြီးသွားသေးတယ်။ အဲဒါလည်း မြန်မာပြည်မှာ ရနိုင်ပါတယ်။ ဘတ်စ်ကား တိုးစီးတုန်း မရေးနိုင်ရင် အားအားနေတဲ့အခါက ရေးကြည့်ပေါ့။


၎။ ဓာတ်ပုံဆရာ၊ ဗီဒိယိုဆရာ

သင်သာ ဒီနေရာမှာ ဆိုရင် ဘာလုပ် မှာလဲ



၁၉၄၅ ခုနှစ် အောက်တိုဘာ လ (၂၇) ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambuco ပြည်နယ် က ရွာေ လး တစ် ရွာမှာ ရှိတဲ့ လယ်သမား မိသားစု ကနေ ကောင်လေး တစ်ယောက် မွေးဖွား ခဲ့တယ်။ အဲဒီ မိသားစု ဟာ ဆင်းရဲ လွန်း တာကြောင့် ကောင်လေး ဟာ (၄) နှစ်သား အရွယ် ကတည်းက လမ်းေ ပါ် မှာ မြေပဲ ဆံ လိုက်ရောင်း ခဲ့ရတယ်။ ဒါတောင် အစား နပ် မှန်မှန် သူ မစားခဲ့ ရသလို အဝတ် လုံ လုံ လည်း မဝတ်ခဲ့ ရပါဘူး။

ကျောင်း စတက်တဲ့ အရွယ် မှာ ကောင်လေး ဟာ ကျောင်းအား ချိန်တိုင်း အဖော် သူငယ်ချင်း နှ စ်ေ ယာက် နဲ့ ဖိနပ်လိုက် တိုက် ခဲ့တယ်။ တကယ် လို့ ဖိနပ်တိုက် သူ မရှိရင် သူတို့ ငတ် ရပါတယ်။

ကောင်လေး (၁၂) နှစ် အရွယ် တစ်ညမှာ ပင်မင်းဆိုင် သူဌေး တစ်ဦး ဖိနပ် လာ တိုက်ခဲ့တယ် ။ေ ကာင်လေးနဲ့ အဖော် နှစ်ယောက် ဟာ သူ့ထက် ငါ ဖိနပ်တိုက် ရဖို့ အတွက် သူဌေး ဆီ ဝိုင်းအုံ သွား ခဲ့ ကြတယ်။ ကောင်လေး သုံးယောက် ရဲ့ တောင့်တ နေတဲ့ မျက်လုံး အစုံကို ကြည့်ပြီး သူဌေး ဆုံးဖြ တ် ရခက် သွားတယ်။ နောက်ဆုံး သူဌေး က အကြွေစေ့ နှစ်စေ့ ထုတ်ပြီး “ဘယ်သူ ပိုက်ဆံ လိုရင် ဘယ်သူ့ ကို ငါ့ဖိနပ် တိုက် စေမယ်။ ဖိနပ်တိုက်ခ နှစ်ကျပ် ပေးမယ်” လို့ ဆိုတယ်။

အဲဒီ တုန်းက ဖိနပ် တစ်ခါ တိုက်မှ ပြား (၂ဝ) ရတာပါ။ အခု (၁ဝ) ဆ လောက် ရမယ့် ပိုက်ဆံ က မိုးပေါ်က ကျလာ တဲ့ မုန့်တွေ လိုပဲ ကောင်လေး သုံးယောက် ရဲ့ မျက်လုံး ကို အရောက် လက် သွားစေ ခဲ့ပါတယ်။

“ကျွန်တော် မနက် ကတည်းက အစာ မစားရ သေးပါဘူး။ စားဖို့ ပိုက်ဆံ သာ ထပ် မရခဲ့ရင် ကျွန်ေ တာ် ဆာပြီး သေသွား လိမ့်မယ် ” လို့ အဖော် ကောင်လေး တစ်ယောက် က ဆိုတယ်။

“ကျွန်တော့် အိမ်မှာ အစာ ပြတ်နေ တာ ၃ ရက် ရှိသွား ပါပြီ။ အမေ က လည်း နေ မကောင်းဘူး။ အိမ် အတွက် ကျွန်တော် စားစရာ ဝယ်ပြန် ပေးရမယ်။ ဒီလိုမှ မဟုတ်ရင် ညအိမ် ပြန်ရောက်ရင် ကျွန်တော် အရိုက်ခံ ရတော့ မယ်” လို့ နောက် ကောင်လေး တစ်ယောက် က ဆိုတယ်။

သူဌေး လက်ထဲ က ပိုက်ဆံ နှစ်ကျပ် ကို ကြည့်ပြီး ကောင်လေး ခဏ လောက် စဉ်းစား လိုက်တယ်။ ပြီးမှ “ တကယ် လို့ ဒီ ပိုက်ဆံ နှစ်ကျပ် ကို ကျွန်တော် ရခဲ့မယ် ဆိုရင် သူတို့ နှစ်ယောက် ကို တစ်ေ ယာက် တစ်ကျပ်စီ ကျွန်တော်ပေး လိုက်မယ်” လို့ ပြောတယ်။ ကောင်လေး ရဲ့အပြောကို ကြားေ တာ့ သူဌေးကြီး နဲ့ ကျန်အဖော် နှစ်ယောက် ပါ အံ့အား သင့်သွား ကြတယ်။

“သူတို့ က ကျွန်တော် ရဲ့အကောင်းဆုံး သူငယ်ချင်း တွေပါ။ သူတို့ ဆာနေ တာ တစ်ရက် ရှိသွား ပါပြီ ။ ကျွန်တော် ကတော့ နေ့လယ် တုန်းက မြေပဲ ဆံလေး နည်းနည်း စားထား ရတော့ ဖိနပ်တိုက် ဖို့ အား ရှိ နေပါ သေးတယ်။ သူဌေး ရဲ့ ဖိနပ် ကို ကျွန်တော် တိုက် ပါရစေ။ သူဌေး ကို ကျေနပ် စေ ရ ပါမယ်” လို့ ကောင်လေး က ဆက်ပြော ပါတယ်။

ကောင်လေး ကြောင့် သူဌေး ခံစား သွားမိ တယ်။ ကောင်လေး ကို သူဖိနပ် တိုက်စေခဲ့ပြီး ငွေနှစ် ကျပ် ကိုေ ပး လိုက် တယ်။ ကောင်လေး က ဘာမှ မပြောဘဲ ငွေနှစ်ကျပ် ကို ယူပြီး သူ့ အဖော် နှ စ်ေ ယာက်ကို ချက်ချင်း ခွဲပေး လိုက်တယ်။

ရက် အနည်းငယ် ကြာတော့ သူဌေး က ကောင်လေး ကို ရှာပြီး ကျောင်းအား ချိန်တိုင်း သူ့ ပင်မင်း ဆိုင် မှာ အလုပ် လုပ်စေ ခဲ့ တယ်။ ညစာ ထမင်းပါ ကျွေး ခဲ့တယ်။ လုပ်အားခ နည်း ပေမယ့် ဖိနပ် လိုက်တိုက် တာ ထက် စာရင် ပိုကောင်း ခဲ့ပါ တယ်။ ဒါဟာ ကိုယ့် ထက်ပို ဆင်းရဲ ကျပ်တည်း သူကို ကူညီ ခဲ့လို့ ရလာတဲ့ အခွင့်အရေး ဆိုတာကို ကောင်လေး သိတယ်။ ဒါကြောင့် နောင် နောက်ခါ မှာ သူတတ်စွမ်း သလောက် သူ့ ထက် ပို ကျပ်တည်း တဲ့ လူတွေကို တွေ့တိုင်း ကောင်လေး ကူညီ ခဲ့တော့တယ်။

နောက်တော့ သူဟာ ကျောင်း ရပ်နားပြီး အလုပ်ရုံ မှာ အလုပ်သမား ဝင်လုပ် ခဲ့တယ်။ အလုပ်သ မား တွေ အလုပ်သမား အခွင့်အရေး ရဖို့ သူ တောင်းဆို ခဲ့တယ်။ အသက် (၂၁) မှာ အလုပ်သမား အသင်းထဲ သူဝင် ခဲ့တယ်။ အသက် (၄၅) နှစ်မှာ အလုပ်သမား ပါတီ ကို သူတည်ထောင် ခဲ့တယ်။

(၂ဝဝ၂) ခုနှစ် အောက်တိုဘာလ မှာ “ ဒီနိုင်ငံမှာ ရှိတဲ့ လူတွေ အားလုံး တစ်နေ့ကို ထမင်း သုံးနှပ် မှန်မှန် စားစေ ရမယ်” ဆိုပြီး သူ ရွေးကောက်ပွဲ ဝင်ခဲ့တယ်။ ပြည်သူ အများရဲ့ အားပေး ထောက်ခံမှု ကို သူ ရခဲ့ပြီး ဘရာဇီး နိုင်ငံရဲ့ (၃၅) ဦး မြောက် သမ္မတ ဖြစ်လာခဲ့ တယ်။ သူဟာ ဘရာဇီး သမိုင်း မှာ ပထမ ဦးဆုံး အလုပ်သမား ကနေ သမ္မတ ဖြစ်လာသူ ဖြစ်တယ်။ (၂ဝဝ၆) ခုနှစ်မှာ ဒုတိယ အ ကြိမ် သမ္မတအဖြစ် သူ ဆက်လက် အရွေးခံခဲ့ ရပြန်တယ်။

သူ သမ္မတ ဖြစ်တဲ့ (၈) နှစ် အတွင်းမှာ သူပြောခဲ့တဲ့ ကတိ အတိုင်း လက်တွေ့ အကောင် အ ထ ည် ဖော်ခဲ့ တယ်။ တစ် နိုင်ငံလုံးမှာ ရှိတဲ့ ၉၃% သော ကလေးငယ် တွေ နဲ့ ၈၃% သော အရွ ယ် ရောက်သူ တွေကို တစ်နေ့ သုံးနပ် မှန်စေခဲ့ တယ်။ သူ့ရဲ့ ဦးဆောင်မှု အောက် မှာ ဘရာဇီး နိုင်ငံ ကို “ မြက်စားတဲ့ ဒိုင်နိုဆော ” ဘဝ ကနေ “ အမေရိကား တိုက်ရဲ့ ခြင်္သေ့ ” အဖြစ် တစ်ကမ္ဘာ လုံး ရဲ့ ၁ဝ နိုင်ငံမြောက် စီးပွားရေး နိုင်ငံကြီး ဖြစ်စေခဲ့ တယ်။

သူကတော့ တခြားသူ မဟုတ် ပါဘူး။ (၂ဝ၁ဝ) နှစ်ကုန် ပိုင်းမှာ သမ္မတ အဖြစ် က တာဝန် ရပ်နား ခဲ့တဲ့ ဘရာဇီး သမ္မတ ဟောင်း Luiz Inacio Lula da Silva ပဲ ဖြစ်ပါ တယ်။ ကိုယ့်ကိုယ် ကို ဘယ်ေ တာ့ မှ လက် မလျော့ နဲ့ .. သူတစ်ပါး ကိုလည်း ဘယ်တော့မှ မစွန့်လွှတ် ပါနဲ့တဲ့။

တော်ထက် တဲ့ တစ်ကိုယ် ကောင်းဆန်ခြင်း က တစ်ပါးသူ ကောင်းစားရေး အတွက်ပါ။ သူတစ်ပါး ကို ကူညီနေစဉ် အတော အတွင်းမှာ သင် ဘုရား ဖြစ်လာလို့ ပါပဲ။ သူတစ်ပါး ကို ဂရုစိုက် လေလေ ကိုယ့်ကိုယ် ကို စိုးရိမ် ပူပန်စိတ် နည်း လေလေ တဲ့ —- Dalai Lama က ဟောခဲ့ပါတယ်။

အာကာ ထက် မြင့်

Golden Land Myanmar

http://myawadynews.blogspot.com/2013/09/blog-post_2287.html

ဆံသားနှင့်အရေပြားများကို ပျက်စီးစေသောအကြောင်း (၈)ရပ်




(၁) ရေနွေးပူနဲ့ မျက်နှာသစ်ခြင်း။

ခံနိုင်ရည်စွမ်းအားထက်ပိုပူတဲ့ ရေနွေးနဲ့  မျက်နှာသစ်ခြင်းက သွေးကြောတွေပျက်စီးစေကာ၊ အသားအရေခြောက်သွေ့ ပြီး အရေ ပြားများ ပက်ကျားအက်လာစေပါတယ်။ ပုံမှန်ရေအေးနဲ့ သာမျက်နှာသစ်ပါ (သို့ မဟုတ်) ကြက်သီးမွေးညင်းထရုံလောက် ရေနွေး နွေးလေး ကိုသာသုံးပါ။

(၂) အလွှာလိုက်ကွာကျစေခြင်း။

မျက်နှာပေါ်ကအမဲစက်၊ မှည့်ခြောက်၊ တင်းတိပ်တွေကို ဖယ်ရှားပေးတဲ့ ကရင်မ်တွေက မျက်နှာပေါ်ရှိ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျကာ မျက်နှာဖြူလာစေတာမှန်သော်လဲ၊ တစ်ပတ် ၂-ကြိမ်ထက် ပိုလိမ်းပါက အရေပြားကိုပျက်စီးသွားစေပါ တယ်။

(၃) မိတ်ကပ်တွေနဲ့ အိပ်စက်ခြင်း။

အရေပြားကို ပျက်စီးစေမှုအများဆုံးအကျင့်ဆိုးထဲမှာ မိတ်ကပ်မဖျက်ဘဲညအိပ်တာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အဲဒီလို အိပ်စက်ခြင်းက မျက်နှာအသားအရေမှာ အောက်စီဂျင်ပြတ်လပ်၍ ချွေးပေါက်များပိတ်သွားကာ ပြည်တည်ဝက်ခြံစိုပေါက်ခြင်း၊ အရွယ်မတိုင်ခင် အရေပြားတွန့် ခြင်း စသည်တို့ ဖြစ်စေပါတယ်။

(၄) ဆံပင်ကိုဆီတွေနဲ့ ကြာမြင့်စွာထားခြင်း။

အမျိုးသမီးအများစုက ခေါင်းလျှော်ပြီးတဲ့အခါ အုန်းဆီ(သို့ မဟုတ်)ခေါင်းလိမ်းဆီရွှဲနေအောင် လိမ်းပြီး၊ နောက်နေ့ တွေ ခေါင်းမ လျှော်မချင်း ဆံပင်ကိုအဲဒီဆီတွေနဲ့  ကြာမြင့်အောင်ထားလေ့ရှိပါတယ်။ အဲဒီအပြူအမူက ဦးရေပြားချွေးပေါက်ပိတ်ကာ၊ ချွေးနဲ့  ဆီတို့ ရော၍ ဆံသားနဲ့ ဦးရေပြားတို့ ချေးညှော်တက်စေပြီး ဆံပင်ကျွတ်ထွက်စေပါတယ်။ ဖြစ်နိုင်ရင် ဆံပင်နဲ့ ဦးရေပြားတို့ ကို ဆီဖြင့်နှိပ်ပြီးနောက် ၁-နာရီခန့် ကြာမှာ ခေါင်းလျှော်ပါ။ လျှော်ပြီးနောက် ဆီ(သို့ မဟုတ်)hair coat ပါးပါးလူး၍ ဆံပင်ရှင်းပေးပါ။

(၅) moisturizer အလှပြင်ပစ္စည်းကို နည်းလမ်းမှန်သုံးစွဲတတ်ပါစေ

ဝက်ခြံရှိသူများအတွက် ရိုးရိုး moisturizer တစ်မျိုးတည်းပါဝင်သော မိတ်ကပ်၊ ကရင်ပတ်ဖ် တွေသုံးခြင်းထက်၊ oil free moisturizer အမျိုးအစားကိုသာ ရွေးချယ်သုံးစွဲပါ။

(၆) အိပ်ရေး၀၀မအိပ်ခြင်း။

အိပ်ရေး၀၀အိပ်စက်ခြင်းက အရေပြားများ ကြည်လင်လတ်ဆတ်စေကာ၊ အရွယ်တင်နုပျိုစေပါတယ်။ ညဉ့် နက်မှအိပ်ယာဝင်တဲ့ အလေ့အကျင့်ကို ပြင်ပါ။ တနေ့ မှာ အနည်းဆုံး ၇ (သို့ မဟုတ်) ၈-နာရီကြာအိပ်စက်ပါ။

(၇) ဆေးလိပ်သောက်ခြင်း။

ဆေးလိပ်သောက်ခြင်းက နှလုံး၊ အဆုပ်၊ ကင်ဆာ စသည်ဖြင့် ကျမ္မာရေးကိုအလုံးစုံ ယိုယွင်းစေရုံသာမက၊ မျက်ကွင်းညိုခြင်း၊ နှုတ်ခမ်းအရောင်မဲခြင်း၊ အရေပြားတွေအနီကွက်ထ၍ယားယံခြင်း၊ အရေပြားများအရွယ်မတိုင်ခင်အိုမင်းကာ အရေးကြောင်း များတွန့် ခြင်း စသည်တို့ ဖြစ်လာစေပါတယ်။

(၈) ဆံပင်ကိုခပ်တင်းတင်းစုစည်းချည်နှောင်ထားခြင်း။

ponytail(ခေါ်)ခေါင်းတခေါင်းလုံးရှိ ဆံပင်အားလုံးကို နောက်ဘက်သို့ သိမ်း၍ စုစည်းချည်နှောင်ခြင်းက တခါတရံမှာ အမြင်ဆန်း စေသော်လဲ၊ မကြာခဏလုပ်ခြင်းက နဖူးပြောင်စေပြီး ဆံပင်များ အထွေးလိုက်ကျွတ်ကျလာတတ်ပါတယ်။

(ပေါက်ပေါက်….မျှဝေသည်)
Credit : ကျန်းမာရေးစာတိုများစုစည်းမှု


https://www.facebook.com/photo.php?fbid=471938146238755&set=a.420045418094695.1

နှလုံးအဆုတ် အသက်ကယ်နည်း CPR





သင် တစ်ယောက်တည်း ရှိနေချိန် ရခဲ့သော် (သို့ ) နှလုံးအဆုတ် အသက်ကယ်နည်း CPR

ညနေ ၆း၁၅ လောက်မှာ သင်ဟာအိမ်ကိုတစ်ယောက်တည်းပြန်လာ
နေတယ် ဆိုကြပါစို့ ။ အလုပ်မှာကလည်း စိတ်လှုပ်ရှားပင်ပန်းခဲ့ တဲ့ နေ့ ဆိုပါတော့။ သင်ဟာ တကယ်မောပန်း စိတ်ပျက်နေတဲ့အချိန်ပါပဲ။ ဒီချိန်မှာရုတ်တရက် ရင်ခေါင်းထဲက ပြင်းထန်တင်းကြပ်နာကျင်မှုမျိုး သင်ခံစားလိုက်ရပါတယ်။အထဲက လက်နဲ့ ဆွဲဆုပ်ညှစ်ထားသလိုမျိုး၊ ရင်ဘတ်ပေါ် လူတစ်ယောက်တက် ထိုင်ထားသလိုမျိုး ခံစားရပြီး အရမ်းပြင်းထန်လို့ ချွေးသီး ချွေးပေါက်တွေတောင် ကျလာပါတယ်။ ဒီနာကျင်မှုဟာ လက်မောင်းတွေ၊ မေးရိုးတွေအထိ ထုံကျင်ပျံ့ နှံ့ သွားပါတယ်။ ဒီတော့ သင် ကြားဖူးထားလို့ သိလိုက်ရတာက ဒါဟာနှလုံးသွေးကြောပိတ်ပြီး နှလုံးက အောက်စီဂျင် မရတဲ့ရောဂါ ( Ischaemic Heart Disease ) ရဲ့ နှလုံးရုတ်တရက်ထဖောက်ခြင်း ( Heart Attack) ဆိုတာပါပဲ။ ကံဆိုးစွာပဲ သင်နဲ့ အနီးဆုံးဆေးရုံဆေးခန်းဟာ ၅မိုင်လောက် ဝေးပါတယ်။ ဒီချိန်မှာ နောက် တစ်မိနစ်လောက်တောင် သင်အသက်ဆက် ရှင်နိုင်ပါတော့မလားလို့ ထင်ရလောက်အောင် ဝေဒနာကလဲ ဆိုးဝါးလာပါတယ်။ ဒါဆို သင်ဘာလုပ်မလဲ........?

သင်အရင်တုန်းက Cardiopulmonary Resuscitation, CPR လို့ ခေါ်တဲ့ အရေးပေါ်နှလုံးအဆုတ် အသက်ကယ်နည်းကို သင်ခဲ့ရဖူးမှာပါ။ လူနာကို ရင်ဘတ်ပေါ်ကနေ လက်နဲ့နှလုံးကို ၃ ချက်နှိုးလိုက်၊ လူနာကိုနှာ ခေါင်းပိတ်ပြီး ပါးစပ်ကနေ ၁ ချက် လေမှုတ်သွင်းပေးလိုက် စည်းချက် ကျကျလုပ်ရတာဆိုတာ သင်သိပါတယ်။ အခုသင့်ကို ဒီလိုလုပ်ပေးဖို့ လိုလာပြီဆိုတာ သင်သိလိုက်ပါပြီ။ ဒါပေမယ့် အနားမှာ လူတစ်ယောက်မှ မရှိတဲ့နေရာကို သင်ရောက်နေတယ်ဆိုရင် သူများကို ဘယ်လိုလုပ်ခိုင်းမလဲ။ ဒီအတွက် လူတိုင်းကိုယ့်ကိုယ်ကို လုပ်လို့ ရတဲ့ CPR အသက်ကယ်နည်းကို တင်ပြပေးချင်ပါတယ်။


CPR ဆိုတာ heart attack ရလို့ ။ဓာတ်လိုက်သွားလို့ ၊ ရေနစ်လို့ ၊ အကြောင်းကြောင်းကြောင့် အသက်ရှူရပ်သွားလို့  စတာတွေဖြစ်ခဲ့ရင် လူနာရဲ့ အသက်ကို ကယ်တင်ဖို့ နှလုံးနဲ့ အဆုတ်ကို ပုံမှန်အလုပ် ပြန်လုပ်အောင် နှိုးပေးတာဖြစ်ပါတယ်။ ပါးစပ်ကနေ လေမှုတ်သွင်း အသက်ရှူစေခြင်းနဲ့ နှလုံးဖိနှိုးခြင်း ဆိုပြီး နှစ်ပိုင်းပါပါတယ်။ကမ္ဘာပေါ်မှာ နှစ်တိုင်း heart attack ၊ အဆိပ်မိခြင်း၊ ရေနစ်ခြင်း စတာတွေကြောင့် နှစ်စဉ်လူတွေသန်းနဲ့ချီ သေနေကြပါတယ်။ ဖြစ်ပြီးပြီးချင်း CPR သာလုပ်ပေးမယ်ဆိုရင် အများစုရဲ့  အသက်ကို ကယ်လို့ ရမှာပါ။ ဒီတော့ လူတိုင်းဒီနည်းကို တတ်ထားသင့်တာပေါ့။ ဒါက ရိုးရိုးCPR ကိုပြောတာပါ။ ဒါထက်အရေးကြီးတာက ကိုယ် တစ်ယောက်တည်း ရှိနေတဲ့အချိန် ရုတ်တရက် heart attack ရတယ်။ လူကလဲမေ့မျောချင်လာပြီဆိုရင် ကိုယ့်ကိုယ်ကို CPR လုပ်နည်းလေး မှတ်ထားကြပါ။

အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အားနဲ့ ချောင်း အဆက်မပြတ် လုပ်ဆိုးလိုက်ပါ။ ချောင်း တစ်ချက်ချင်းစီကိုလည်း ရင်ခေါင်းထဲကနေ ကြာကြာလေးဖြစ်အောင် ဆွဲဆိုးပါ။ သလိပ်တွေ ထွက်လာရင် ထွက်လာပလေ့ စေ။ အသက်ဆက်တိုက်ရှူပြီး ချောင်းဆက်တိုက် ဆိုးပေးပါ။ အရမ်းမြန်ရင်တော့ ပိုမောစေလို့ မှန်မှန်ပဲလုပ်ပါ။ ဒါဟာသင့်အသက်ကို သင်ကယ်နေတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းပိုပြီးနေလို့ ကောင်းလာတာ သင်ခံစားရမှာပါ။ သွားလိုတဲ့ဆေးရုံမရောက်သေးခင် ၊ကုသပေးမယ့် သူတွေမရောက်သေးခင် အထိ ဒီလိုလုပ်ပေးပါ။

အသက်ပြင်းပြင်း ရှူလိုက်တော့ အဆုတ်ထဲလေတွေ အများကြီးဝင်လာပြီး လတ်တလော အောက်စီဂျင်ပိုရစေပါတယ်။ ချောင်းဆိုးခြင်းက နှလုံးကို ဖျစ်ညှစ်ပေးပြီး သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် နှလုံးပုံမှန်ပြန်ခုန်စေပြီး နှလုံးရောဂါ ထဖောက်လာတဲ့လူနာက ဒီနည်းနဲ့ ဆေးရုံကို ဘေးကင်းစွာ မျှော်လင့်ချက်ရှိရှိ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီးပြီဖြစ်လို့ သင်ကိုယ်တိုင်ဖြစ်လာခဲ့ရင် CPR လုပ်ပြီး သင့်အသက်ကို ကယ်ဆယ်ဖို့  သတိရပါ။ သူများတွေကိုလည်းဖြန့် ဝေပေးရင် အသက်ပေါင်း မြောက်မြားစွာကို ကယ်တင်ပြီးသားဖြစ်မှာပါ။

"www.mutdfan.com" မှ ကူးယူဖေါ်ပြပါသည်။
 

iPhone ကိုအားမြန်မြန်ပြည့်အောင်ဘယ်လို အားသွင်းမလဲ?



သင့် Smart Phone ရဲ့  Battery အားက အသုံးမခံလို့  စိတ်ညစ်နေလား? သင့်ဖုန်း အားသွင်းတဲ့ အချိန်ဟာတော်တော်ကြာနေသလား? သင့် Smart Phone ရဲ့  Battery ကို အချိန်တော်တော်ကြာအောင်အသုံးခံနိုင်တဲ့နည်းတွေ ရှိပါတယ်။ဒီဆောင်းပါးမှာတော့ Battery အားမြန်မြန်ပြည့်အောင်အားသွင်းနည်းတွေကို ရေးပါမယ်။ အရေးပေါ်အခြေအနေတွေ မှာ သင့် iPhone ကိုအားမြန်မြန်ပြည့်စေ ဖို့ အောက်ကနည်းတွေကို သုံးပါ။ ဖုန်းကိုပိတ်ပြီးအားသွင်းပါ။ 


သင့် iPhone ကိုအားမြန်မြန်ပြည့်စေချင်ရင် Power ပိတ်ပြီးအားသွင်းပါ။ Power မပိတ်ချင်ရင် Settings ထဲက Airplane Mode ကိုသုံးပါ။Airplane Mode ကိုသုံးရင် Cellular , WiFi Signals တွေကို လိုက်ပြီးမရှာတော့တဲ့အတွက် အားမြန်မြန်ပြည့်စေပါတယ်။ အားသွင်းနေတဲ့အချိန်မှာဖုန်းကို အသုံးမပြုပါနဲ့ ။ Handset ရဲ့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ sleep/wake button ကိုအသုံးပြုပြီး Lock လုပ်ထားပါ။ Wall Charger ကိုသုံးပါ။ USB Port ကနေအားသွင်းတာထက် Power Outlet ကနေ အားသွင်းတာက ပို ပြီးမြန်မြန်အားပြည့်စေပါတယ်။

Apple ရဲ့ အကြံပြုချက်က Device နဲ့ အတူပါလာတဲ့ USB Cable ဒါမှမဟုတ် Apple USB Power Adapter စတာတွေကို သုံးပြီး Power Outlet နဲ့ ချိတ်ဆက်ပြီးအားသွင်းတာကအမြန်ဆုံးနည်းဖြစ်ပါတယ်။ အပူချိန်မများတဲ့နေရာမှာထားပါ။ ပြင်ပအပူချိန်က Battery ရဲ့ အားသိုလှောင်မှုကို ကျစေတယ်ဆိုတာသင်သိပါသလား? အပူချိန်က Battery Performance ကို ကျဆင်းစေပြီး iPhone ကို နေရောင်နဲ့ တိုက်ရိုက်မထိတွေ့ မိအောင် နဲ့ အပူချိန်များတဲ့ကားထဲမှာ မထားဖို့  Apple က အကြံပေးထားပါတယ်။ ဖုန်းရဲ့ အပူချိန်မြင့်စေတဲ့တစ်ချို့ အကြောင်းအရာ တွေကလည်း ပြဿနာတစ်ရပ်ဖြစ်ပါတယ်။အားသွင်းနေတဲ့အချိန်မှာ ဖုန်း ရဲ့  အပူချိန်မြင့် မားနေတာမျိုးဖြစ်ပါတယ်။ Apple ရဲ့ အကြံပြုချက်ကတော့ အခန်းအပူချိန် 22 Degrees Centigrade or 72 Degress Farenheit နားမှာအတတ်နိုင်ဆုံးထားရှိသင့်ပါတယ်။

 USB နဲ့ အားသွင်းတဲ့အခါအားမြန်မြန်ပြည့်စေဖို့ ။ USB နဲ့ ပဲအားသွင်းလို့ ရတဲ့အခြေအနေမျိုးမှာ အားမြန်မြန်ပြည့်အောင်နည်းတွေ ရှိပါသေးတယ် အားမြန်မြန်ပြည့်စေဖို့  Sync လုပ်တာတွေကို ရပ်ထားပါ။တစ်ခြား USB နဲ့  ချိတ်ဆက်ထားတဲ့ Devices တွေ ဟာလည်း Power ကိုကုန်စေတာမို့  အဲဒီ Device တွေကို ဖြုတ်ထားပါ။ ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီးအားသွင်းနေတဲ့အခါ ကွန်ပြူတာကို Standby or Hibernation Mode မဖြစ်အောင်ပြုလုပ်ပါ။တစ်ခါတစ်လေမှာ အားသွင်းတာရပ်တန့် သွားပြီး ဖုန်းရဲ့ အားပါကုန်နိုင်တဲ့အတွက်ဖြစ်ပါတယ်။ Battery ကို ထိန်းသိမ်းပါ။

 နောက်ဆုံးအနေနဲ့  သင့် iPhone ရဲ့  Battery ကို Maintenance လုပ်ဖို့  Apple က အကြံပေးထားပါတယ်။ Lithium-Based Battery တွေကို Maintenance လုပ်ဖို့ အတွက် Electrons တွေကို Battery ထဲမှာ ရွေ့ လျားလှည့်ပတ်စေဖို့ လို ပါတယ်။အဲဒီအတွက် တစ်လမှာအနည်းဆုံး တစ်ခါတော့ Charge Circle ကိုလည်ပတ်အောင်ပြုလုပ်ပါ။ဒီလို လုပ်ဖို့  အတွက် Battery ကို 100% အားပြည့်အောင်သွင်းပြီး အားလုံးဝကုန်သွားအောင်အသုံးပြုပါ။

Source: http://www.aungkyaw.net/2013/09/iphone_9.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်

မြောက်ဦး ဆရာတော်၏ သုဿာန်ဓုတင်ဆောင် အတွေ့အကြုံ





ဤအရှင်သည် သုဿာန်ပေါင်း ၂၀ မှာ တရား အားထုတ်ခဲ့ဖူးသည်။ ဤအရှင်သည် ကြောက်တတ်သူ ဖြစ်သည့်အတွက် “လန့်ဖွယ် ထိတ်ဖွယ် ပုံသဏ္ဌာန်တွေ၊ အသံတွေ မကြားရ မမြင်ရပါစေနဲ့” ဟု အဓိဋ္ဌာန်တင်ပြီး တရားအားထုတ်ခြင်း ဖြစ်သည်။ တရား အားထုတ်သည့်အခါ မေတ္တာပို့ခြင်း၊ အမျှဝေခြင်း ကိုလည်း အထူး အာရုံစိုက်ပြီး လုပ်သည်။ အချိန်လည်း ပေးသည်။ တရားအားထုတ်သူ များ တွေ့ကြုံရလေ့ရှိသည့် အမျိုးမျိုးသော အာရုံများ တွေ့ရမည်ဟုလည်း တွက်ဆထားပြီး ဖြစ်သည်။ ပေါ်လာသည့် အာရုံမှန်သမျှကို အဖျက်တွေဟု သိပြီး မသိမ်းပိုက်ထားမိဖို့ ကမ္မဋ္ဌာန်း နည်းပြ ဆရာများ၏ ဆုံးမ သွန်သင်မှုများကလည်း နားထဲ စွဲနေသည်။

(၂၉-၉-၀၇) သုဿာန် တစ်ခုနှင့်တစ်ခု ဓုတင်ဆောင်ခဲ့သော ကာလကမူ မတူ။ တစ်ချို့သုဿာန်၌ ခုနစ်ရက်၊ တစ်ချို့ သုဿာန်၌ ဆယ်ရက်၊ တစ်ချို့ သုဿာန်၌ ဆယ့်ငါးရက်၊ အချို့မှာ တစ်လ စသည်ဖြင့် ရှိသည်။ လန့်စရာ ထိတ်စရာ အာရုံတွေ အသံဗလံတွေ မမြင်ရ၊ မကြားရပါစေနဲ့ဟု အဓိဋ္ဌာန် ထားသော်လည်း မြင်ရသည့် အာရုံတွေကလည်း များလှသည်။ ညည်းညူနေသံ၊ ညည်းတွား အော်ဟစ်သံတွေ ကလည်း အော်ဂလီ ဆန်ချင်စရာ ကောင်းသည်။ မြင်ရသည့် အာရုံတွေကလည်း ထိတ်လန့် ချောက်ချားစရာ ဖြစ်သည်။


မည်းမည်း အကောင်ကြီးတွေ သုဿာန်တိုင်း လိုလိုမှာ တွေ့ရသည်။ လူလိုလို အကောင်တွေ၊ အချို့က ခေါင်းမပါ၊ အချို့က ခေါင်းသာ မြင်ရသည် ကိုယ်ကို မတွေ့ရ၊ ရုပ်ဆိုးအကျည်းတန် သတ္တ၀ါတွေလည်း မျိုးစုံသည်။ အ၀တ်မပါ ဗလာ လူယောက်ျား၊ လူမိန်းမတွေ စုံသည်။ မိန်းမတွေက ဆံပင်ဖားလျား ချလို့၊ ဤ အရှင်၏ ရှေ့မှ ဖြတ်သွားဖြတ်လာ လုပ်ကြသည်။ အချို့က တိုတို၊ အချို့က ရှည်မျောမျော၊ အပေါ်ပိုင်း ခန္ဓာရှည်ပြီး အောက်ပိုင်း ခြေထောက်တွေ တိုတိုပံမျိုး ပါသလို၊ အပေါ်ပိုင်း ခန္ဓာက ပုတိုတို၊ အောက်ပိုင်း ခြေတံ ရှည်လျားလျားလည်း ပါသည်။ ခန္ဓာကိုယ်က အချွန်အတက်တွေ ထွက်နေသော သတ္တ၀ါတွေ လည်း တွေ့ရသည်။ တွေ့ရသမျှ သတ္တ၀ါများသည် ဤအရှင်အား ကျောခိုင်း ထိုင်နေကြသည်သာ များသည်။ နွားတွေလို ချိုနှစ်ချောင်းနှင့် သတ္တ၀ါတွေလည်း ပါသည်။ အချို့အကောင်များ၏ မျက်လုံးတွေက စကောလောက် ကြီးသည်။ အချို့အကောင်တွေ၏ ပါးစပ်က တအားကျယ်သလောက် အသံကျတော့ သေးသေးလေး ဖြစ်သည်။ တချို့အကောင်တွေ၏ ပါးစပ်ကျပြန်တော့ သံမှိုပွင့်လောက်ပဲ ရှိသည်။ တစ်ခါတစ်ရံ ဤအရှင်၏ အနားမှ မြေကြီးထဲက ထိုးထွက်လာသလိုမျိုး တွေ့ရသည်။ သစ်ပင် ပင်စည်ကြီးထဲ လူခေါင်းတွေ ပြူထွက်လာပြီး ဤအရှင်အား မျက်လုံးပြူး ကြည့်နေသည် ကိုလည်း မြင်ရသည်။

သုဿာန် တစ်ခုမှာတော့ သင်္ချိုင်းဂူကြီး တစ်လုံးက လှုပ်လာပြီး မည်းမည်း အကောင်ကြီး တစ်ကောင် ထွက်လာသည်။ ဤအရှင်အား လာကြည့်ပြီး သူ့ဂူထဲ ပြန်ဝင်သွားသည်။ ဂူထဲမှ ထွက်လာတော့လည်း အပေါက်ဟူ၍ မရှိ၊ ပြန်ဝင်သွားတော့လည်း အပေါက်မတွေ့။ သင်းပိုင် အစုတ်နှင့် ဘုန်းကြီးလိုလို ပြိတ္တာကြီးကိုလည်း မြင်တွေ့ရ ဖူးသည်။ ထိုဘုန်းကြီး၏ ပါးစပ်မှာ လောက်တွေက အပြည့်၊ နှာခေါင်းအရင်း ကနေ မေးလောက်အထိ လောက်တွေက တဖွားဖွား ကိုက်စားနေသည်။

ဤ မကောင်းသော အနိဋ္ဌာရုံတွေကို မြင်တိုင်း မြင်တိုင်း ဤအရှင်သည် ဘ၀သံသရာ အဆက်ဆက်က ဆွေမျိုး တော်စပ်ခဲ့ဖူးသူများ ဖြစ်လေမလားဟု ဆင်ခြင်မိ၏။ “သစ္စာမသိ၊ ဒိဋ္ဌိမကျ၊ ပုဂ္ဂိုလ်မှာလျှင်၊ လူတွင် စကြာ၊ နတ်မှာသိကြား၊ မိုးဖျားဗြဟ္မာ၊ ဖြစ်တုံပါလည်း၊ ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက ဖောက်လွဲပယ်ရွာ၊ ရောက်မြဲသာတည်း” ဒိဋ္ဌိ မပြတ်သေးသရွေ့ အပါယ်ဘေးမှ မလွတ်နိုင်ကြောင်း ဘုရားရှင်က ဆိုမိန့်ခဲ့သည်။ ထို့ကြောင့် ပုထုဇဉ်တို့၏ အမြဲနေရမည့် စံအိမ်သည် အပါယ်လေးဘုံသာ ဖြစ်သည်ဟု နှလုံးပိုက်ထားဖို့ သင့်ကြသည် မဟုတ်ပါလား။ ဤအရှင် နားလည်မိသည်မှာ ပြုမှားမိခဲ့သော အကုသိုလ်ကံတွေက “ခေါင်း” အမျိုးစုံအောင် ပြောင်းလဲပေးနေခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင် ဟောကြားခဲ့သော ပေတ၀တ္ထုတိုတွေ ထဲမှာလည်း ပါသည်။ နေ့စံ၊ ညခံ၊ နေ့ဘက်မှာ သုခ စံနေရသူတွေ ဒုနှင့်ဒေး ဖြစ်သည်။ ယခု ဤအရှင် ကိုပြသော အာရုံတွေကိုကြည့်၊ အမျိုးမျိုး အဖုံဖုံ ဆင်းရဲဒုက္ခတွေက ကြီးလွန်းလှသည်။

ဤအရှင်သည် ပေါ်လာသမျှသော အနိဋ္ဌာရုံ အာရုံများကို ပေါ်တိုင်းပေါ်တိုင်း ဖျောက်ပစ်ပါ၏။ အချို့သော အာရုံများက ဤအရှင် မေတ္တာပို့ အမျှဝေလိုက်သည့် အခါ ချက်ချင်း ပျောက်သွား၏။ အချို့က မပျောက်၊ အတော်ကြီးကြာကြာ မေတ္တာပို့၊ အမျှဝေတော့မှ ပျောက်သွားသည်။ အာရုံများက ပျောက်သွားကြသည်။ အသစ်အသစ် အာရုံတွေလည်း တိုး၍တိုး၍ ပေါ်လာသည်။ တရားအမှတ် ပျက်လောက်အောင် ဖြစ်သည်။ မေတ္တာပို့ အမျှဝေလိုက်၊ ပျောက်သွားလိုက်၊ ပေါ်လာလိုက် မေတ္တာပို့လိုက် လုပ်နေရသည်။

တစ်ခါတစ်ရံတော့လည်း ဤအရှင်သည် ပေါ်လာသမျှသော အာရုံများကို သံသရာ ဆွေမျိုးတွေ ဖြစ်မည်၊ အမျှဝေတာကို သာဓု ခေါ်ချင်လို့ လာကြတာ ဖြစ်မည်ဟူသော အတွေးနှင့် “တရား ဟောပေးမည်၊ တရားနာ လာကြကုန်လော့” ဟု ဖိတ်ကြားကာ ပရိတ်ကြီး ၁၁-သုတ်၊ ဓမ္မစကြာသုတ်၊ အနတ္တ လက္ခဏသုတ်၊ ပဋ္ဌာန်း ပစ္စယုဒ္ဒေသတို့ကို ရွတ်၊ သရဏဂုံပေးပြီး ပြုခဲ့သမျှသော ကုသိုလ်တို့ကို အမျှ ပေးဝေခဲ့သည်။ သံသရာ ဆွေမျိုးတွေကို ကျေးဇူးဆပ်ခွင့် ရနေသည့်အတွက် ဤအရှင်မှာ ကျေနပ်နေပါသည်။ အချို့ သုဿာန်တွေက အတော်ကြမ်းသည်။ အနံ့အသက်တွေက မကောင်း၊ အသက်ရှူရ ခက်လောက်အောင် ဖြစ်သည်။ မြင်ရသည့် အာရုံတွေကလည်း ဆိုးမှဆိုး၊ စစ်တွေ သုဿာန်မှာ ကြုံရသည်က တစ်မျိုး ဖြစ်သည်။

လူလေးယောက် လူသေခေါင်းကြီး တစ်ခုကို ရှေ့နှစ်ယောက်၊ နောက်နှစ်ယောက် ထမ်းလာနေကြသည်။ ဤအရှင်နား ရောက်သည့် အခါ အခေါင်းကြီးကို ချပြီး “ကောက်ထည့်ကွာ၊ ကောက်ထည့်” ဟု တစ်ယောက်က အမိန့်ပေးသည်။ ဤအရှင်ကို အခေါင်းထဲ ကောက်ထည့်ခိုင်းခြင်း ဖြစ်သည်။ အမိန့်သာပေးသည် တစ်ယောက်မှ ကောက်မထည့်၊ နောက်တော့ “မထည့်လျှင်လည်း နေကွာ” ဆိုပြီး ထိုအခေါင်းကြီးကို ပြန်ထမ်းသွားကြသည်။

တစ်ရက်မှာလည်း ဤအရှင် တရားမှတ်နေတုန်း လက်မောင်း တစ်ဖက်ကို အေးစက်စက် အရာကြီးနှင့် အကပ်ခံလိုက်ရသလို ဖြစ်သည်။ ရှည်လျားသော လျှာကြီးနှင့် အလျက်ခံလိုက်ရသလို ခံစားလိုက် ရခြင်း ဖြစ်သည်။ ဤအရှင် တရားအမှတ် ပျက်လောက်အောင်ပင် ဖြစ်ရသည်။ ဤအရှင်အား ကျောက်တုံးကြီးနှင့် ဖိသတ်ရန် လာသော ပြိတ္တာကြီး တစ်ကောင်ကိုလည်း တွေ့ဖူးသည်။ ကျောက်တုံးကြီး တစ်တုံးကို လှိမ့်ကာ လှိမ့်ကာနှင့် လာနေခြင်း ဖြစ်သည်။ ဤအရှင်နား ရောက်လာသည်။ မေတ္တာပို့ အမျှဝေတော့ ပျောက်သွားသည်။ တွေ့ရသမျှ၊ မြင်ရသမျှသော အာရုံများကို ရေးလျှင် များစွာရှိသေးသည်။ အကုသိုလ်၏ အကျိုးပေးကို သံဝေဂ ယူနိုင်ကြစေရန် ရည်ရွယ်ပြီး အနည်းငယ် ဖော်ထုတ် ရေးပြလိုက်ခြင်း ဖြစ်ပေသည်။

myautoosayadaw ၏ website မှ ကူးယူ ဖော်ပြပါသည်။

မေတ္တာဖြင့် စုစည်းမျှဝေသူ
အနှိုင်းမဲ့စာတိုပေစများ
 

“ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်ပါစေ”


အိပ်ရာမှာ အိပ်ရင်းနဲ့ပဲ ရသလောက် အသက်ရှူတာလေးကို သိပြီးတော့နေမယ်။
ဒီကြားထဲ စိတ်ဆိုတာ အငြိမ်မနေဘူးနော်။ တွေးတော့မှာပဲ။
တွေးရင်လည်းပဲ သိလိုက်ပြီးတော့ အသာလေး ဖြတ်ထားလိုက်ဖို့ပဲ။

နေပါစေတော့..။ တော်လောက်ပြီ။ Enough is enough!
တစ်နေကုန် အလုပ်ကိစ္စ တွေးခဲ့ပြီးပြီ။
တစ်နေကုန် ဟိုအကြောင်းတွေး ဒီအကြောင်းတွေးနဲ့ တွေးတောနေရတာ...။
တော်ပြီ။ စိတ်အေးအေးချမ်းချမ်းလေး တရားလေးမှတ်ရင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းလေး အိပ်ပျော်သွားရော။

ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားလို့ရှိရင် အိမ်မက်ဆိုးတွေ ဘာတွေ မမက်ပါဘူး။
သောကဖြစ်စရာ အိမ်မက်တွေ မမက်ပါဘူး။
ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ရတဲ့အတွက်ကြောင့် နာရီနည်းပေမယ့် ပိုပြီးတော့ အိပ်ရေးဝတယ်။
၎-၅နာရီလောက် အိပ်လိုက်ရရင် တော်တော်လေး လန်းဆန်းပြီးတော့ အားပြန်ပြည့်သွားတယ်။
ဘတ္ထရီကို Charging အပြည့် ပြန်သွင်းလိုက်သလိုပဲ။

(ဆရာတော်ဦးဇောတိက)
(“ကိုယ်နွမ်းသော်လည်း စိတ်မပန်းပါ” စာအုပ်မှ)
https://www.facebook.com/photo.php?fbid=467424150022088&set=a.351047714

LAPTOP အကြောင်းတွေကို စုံစုံလေး သိစေဖို


LAPTOP အကြောင်းတွေကို စုံစုံလေး သိစေချင်လို့ လိုင်းပေါ်က ပြန့်ကြဲနေတဲ့ အပိုင်းအစတွေကို စုစည်းပြီး ပို့စ်တစ်ခု အဖြစ် ဖန်တီးတင်ပြလိုက်ပါတယ်


ဒီပို့စ်ကိုဖတ်ပြီးရင်လဲ အားလုံးအဟုတ်တောင် တော်တော်လေး နားလည် သွားမယ်လို့ ယုံကြည့်ပါတယ်

ကျွန်တော် Laptop တလုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ သိထားသင့်တယ် ဘယ်အမျိုးအစားတွေက ဘာအတွက် ပါဝင်လာတယ် နောက်ထပ် ဘယ်အပိုင်းလေးတွေကို ဂရုစိုက်ပြီး ၀ယ်ယူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ခုနောက်ပိုင်းမှာ Laptop တွေ ခေတ်စားလာတာနဲ့ အတူ ထွက်လာတဲ့ အမှားများစွာကို ကျွန်တော်တို့ တွေ့ပီးရင်ဆိုင်နေရသူတွေ ရှိသလို ကျွန်တော်တို့ ဘယ် အမျိုးအစားက ဘာအတွက် သုံးတယ်ဆိုတာကို -
သိဖို့တွက်ကို ပြောပြချင်ပါတယ်။ကျွန်တော် နားလည်သလောက်ကို လူတိုင်းနားလည်အောင် တက်နိင်သလောက် အသေးစိတ် ဆန်ဆန် ရေးပေးချင်မိပါတယ်။ တပိုစ့်ချင်းဆီကို စောင့်ဖတ်ပေးပါလို့ ပဲ့ တောင်းဆိုပါရစေ။ကျွန်တော် ပိုစ့်ခေါင်းစဉ်တွေကို အောက်က လို အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။
 
အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။
အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။
အပိုင်း (၃) Laptop တလုံးဝယ်ရန် ဘယ်အပိုင်းတွေကို ကြည့်ရူလေ့လာရမလဲ?


အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။ အပိုင်း(က)


(က)Laptop တလုံးမှာ များသောအားဖြင့် ပါဝင်တဲ့ အစိတ်အပိုင်းတော်တော် များများကို တွေ့သာ တွေ့နေပေ့မယ် မသုံးဖြစ်တာတွေ အသုံးမတည့်တာတွေနဲ့ ပဲ့ ပါလာတဲ့ အပိုင်းတွေကို သေသေချာချာ ဂဂဏဏ သိဖို့ ဘယ်သူမှ တော်ယုံ မကြိုးစားကြည့်ကြဘူး။ ဒီလိုပဲ့ ထားထားမိကြတယ် ကျွန်တော်ကိုယ်တိုင်လည်း အပါအ၀င်ဖြစ်ခဲ့ ဘူးပါတယ်။ နောက်ပိုင်း ကိုယ်ကိုတိုင် သတိထားမိလာမှ လေ့လာဖြစ်တာပါ။ ကဲ့ထားပါတော့ ကိုယ်မြန်မာလူမျိုးတွေ မြန်မာလို ဖတ်ချင်သူတွေ အကြမ်းဖျင်းတော့ အနည်းဆုံးနားလည်သွားနိင်အောင် ကြိုးစားရေးပါမယ်။


Tochpad


Tochpad ကိုတော့ လူတိုင်း သိပီးသားပါ အခေါ်အဝေါ်ကို ရင်းနှီးသူလည်း ရှိသလို မရင်နီးသူလည်း ရှိမယ်ထင်ပါတယ်။ သူကို နောက်တမျိုးtrackpad လို့လည်းခေါ်သေးသလို pointing device လို့လည်းခေါ်ပါတယ်။ သူကတော့ Mouse နေရာမှာ အစားထိုးသုံးဖို့ ဖန်တီးထားတာပါ။.သူနဲ့ သဘောတရား ဆင်တူတာတွေ ထပ်ရှိပါသေးတယ်။ သူတိုကတော့ ခု ကျွန်တော်တို့ ပတ်ဝန်းကျင်တွေမှာ တွေ့နေရတဲ့ Multi-touch screen , Touchscreen, tablet တို့မှာ ထိတွေ့မိကြဦးမှာပါ။Touchpad ကို (The touch pad is a built-in substitute for a mouse on laptops.) ဒီလို အဓိပါယ် ဖွင့်ဆိုထားတာတွေကို ဖတ်ဖူးကြမယ်ထင်ပါတယ်။


fingerprintreader reader


Fingerprintreader ကိုတော့ Laptop တိုင်းမှာတော့ မပါဝင်ပါဘူး။ ပါဝင်တဲ့ Laptop တွေလည်း ရှိသလို

အလေးထားသင့်သော ဖြစ်လေ့ရှိ လက္ခဏာရပ်များ ( သတိမမှု ဂူ မမြင် သလို ပါ )



ဗိုက်ပူ၊ နွမ်းလျ၊ ခါးနာစတဲ့ လက္ခဏာရပ်တွေဟာ ဖြစ်လေ့ရှိတဲ့ လက္ခဏာရပ်တွေ ဖြစ်တာကြောင့် ကျွန်မတို့ဟာ သိပ်ပြီး အလေးမထားဘဲ လျစ်လျူရှုထားတတ်ကြပါတယ်။ ဒီလက္ခဏာရပ်တွေက ကျွန်မတို့ ထင်သလောက် အန္တရာယ်မကင်းတာကြောင့် -
လျစ်လျူရှုမထားသင့်ပါဘူး။


ဗိုက်ပူခြင်း

ဘာသိသင့်သလဲ
ဝမ်းဗိုက်မှာ အဆီစုတာဟာ ခန္ဓာကိုယ် တခြားနေရာမှာ အဆီစုတာထက် ပိုပြီး အန္တရာယ်ရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပိန်မဝ ခန္ဓာကိုယ်အလေးချိန် ရှိနေရင်တောင် ခါးတုတ်ဗိုက်ပူနေပါက မကောင်းတဲ့ ကိုလက်စထရောများခြင်း၊ သွေးတိုးခြင်း၊ အမျိုးအစား (၂) ဆီးချိုရောဂါ၊ လေဖြန်းခြင်းနဲ့ နှလုံးတိုက်ခိုက်ခံရခြင်းတို့ ဖြစ်နိုင်ပါတယ်။

ဘာလုပ်နိုင်သလဲ
သင်ရဲ့ ကိုယ်အလေးချိန်နဲ့ BMI (အရပ်နဲ့ ကိုယ်အလေးချိန်အချိုး) ကို သိသင့်ဖို့လိုသလို ခါးအချိုးအစားကို သိဖို့လည်း အရေးကြီးပါတယ်။ အမျိုးသမီး တစ်ယောက်မှာ ခါး ၈၀ စင်တီမီတာ (၃၁ လက်မခွဲ) နဲ့ အမျိုးသား တစ်ယောက်မှာ ခါး ၉၄ စင်တီမီတာ (၃၇ လက်မ) ထက် ပိုများနေပါက ခါးသေး ဗိုက်ချပ်အောင် လုပ်ဖို့ အချိန်တန်နေပါပြီ။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပါ။ အရက်လျှော့သောက်ပါ။ အဆီလုံးဝ မစားပါနဲ့။

ခုတလော အလွန်ပင်ပန်းခြင်း

ဘာသိသင့်သလဲ
အကြောင်းပြချက် အထင်အရှားမရှိဘဲ ပင်ပန်းနွမ်းလျလွန်းနေပါက သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်တဲ့ လည်ပင်းကြီးရောဂါ (Hypothyroidism) ကြောင့် ဖြစ်နေနိုင်ပါတယ်။ လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းတွေဟာ အင်အားဖြစ်စေတဲ့ သိုင်းရောဆင်း (Thyroxine) ဟော်မုန်းတွေ ထွက်ရှိစေပါတယ်။ သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်တဲ့အခါ ဒီဟော်မုန်းတွေ ထွက်ရှိမှု လျော့နည်းတာကြောင့် အားနည်းပြီး ပင်ပန်းရတာပဲဖြစ်ပါတယ်။ တခြား လက္ခဏာရပ်တွေကတော့ ကိုယ်အလေးချိန်တိုးခြင်း၊ အမေ့ထူခြင်း၊ မှတ်ဉာဏ်မကောင်းခြင်း၊ အသားအရေနဲ့ ဆံပင်သား ခြောက်သွေ့ခြင်း၊ နေထိုင်မကောင်း ဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဘာလုပ်နိုင်သလဲ
သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်တာဟာ အိုင်အိုဒင်း ချို့တဲ့မှုကြောင့် ဖြစ်နိုင်ပါတယ်။ အိုင်အိုဒင်း ပါဝင်မှုများတဲ့ ပင်လယ်စာ၊ ကြက်ဥနဲ့ နို့ထွက်ပစ္စည်းတွေ စားပေးပါ။ အရေးကြီးတဲ့ အချက်ကတော့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ဆီပြပြီး သိုင်းရွိုက်ကို ကောင်းစွာ စစ်ဆေးကြည့်ဖို့ပဲ ဖြစ်ပါတယ်။

အတူနေစဉ် နာကျင်ခြင်း

ဘာသိသင့်သလဲ
လင်မယား နှစ်ယောက်အတူ ဆက်ဆံခြင်းဟာ အသက်ကြီးလာတာနဲ့အမျှ တစ်ခါတစ်ရံ နာကျင်တတ်ပါတယ်။ အထူးသဖြင့် မီးယပ်သွေးဆုံးပြီးနောက် အမျိုးသမီးလိင်အင်္ဂါ ယောနိပိုပြီး ခြောက်သွေ့ပါးလွှာကာ ကျုံ့သွားတတ်တာကြောင့်ပါ။ ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာ အတူဆက်ဆံစဉ် နာကျင်ခြင်းဟာ သားအိမ်ရောဂါတွေနဲ့ မမျိုးဥအိမ် ရေအိတ်တည်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီလိုအခြေအနေတွေဟာ အရေးကြီးတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်တာကြောင့် လျစ်လျူရှုမထားသင့်ပါဘူး။

ဘာလုပ်နိုင်သလဲ
သားဖွားနဲ့ မီးယပ်ဆရာဝန်ကြီးတွေကို သွားပြပါ။ အမျိုးသမီးအင်္ဂါ ခြောက်သွေ့တဲ့ ပြဿနာဆိုပါက ဟော်မုန်းခရင်မ်တွေ၊ ချောဆီတွေ သုံးပေးနိုင်ပါတယ်။ တချို့ကိစ္စတွေမှာ လိင်အင်္ဂါကို ချဲ့ပေးနိုင်ပါတယ်။ ရာသီလာစဉ် နာကျင်တာ၊ သွေးအဆင်းများတာတို့ပါ ဖြစ်ပါက သန္ဓေတားဆေး ဒါမှမဟုတ် သားအိမ်တွင်းထည့် ပစ္စည်း (IUD) တို့ကို ထည့်ပေးနိုင်ပါတယ်။ ပရိုဂျက်စ်တိုဂျင် ဟော်မုန်းကို မပြတ်ထုတ်ပေးတာကြောင့် ဓမ္မတာရာသီကို ပုံမှန် ဖြစ်စေနိုင်ပါတယ်။

အမြဲတစေ ခါးနာခြင်း

ဘာသိသင့်သလဲ
ခြောက်လနဲ့အထက် တစ်ရက်မပျက် ခါးနာနေပါက သင့်ဦးနှောက်ရှိ တချို့ နေရာတွေ ကျုံ့နေနိုင်ပါတယ်။ ဦးနှောက် ပမာဏ လျော့နည်းခြင်းက ပုံမှန်သက်တမ်းရဲ့ နှစ်နှစ်ဆယ်နဲ့ ညီမျှနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်က အဆက်မပြတ် ခါးနာခြင်းကို ရင်ဆိုင်ရပါက နာကျင်မှုကို လက်ခံတဲ့ ပုံစံတွေ ပြောင်းလဲသွားနိုင်တာကြောင့်ပါ။ နောက်ပြီး ခါးနာခြင်းဟာ စိုးရိမ်ပူပန်ခြင်းကိုလည်း ဖြစ်စေပြီး ကြွက်သား ပရိုတင်းကို ထိခိုက်စေ၊ ကိုယ်ခံအားစနစ်ကို ထိခိုက်စေကာ မလိုအပ်တဲ့ အဆီစုစေနိုင်တဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပါတယ်။

ဘာလုပ်နိုင်သလဲ
ခါးနာတဲ့သူတွေဟာ လေ့ကျင့်ခန်း လုပ်လေ့ မရှိသူတွေဖြစ်တာကြောင့် ကျန်းမာဖျတ်လတ်နေဖို့ လိုပါတယ်။ တစ်နေ့ကို ခြေလှမ်း ၁၀၀၀၀ လှမ်းပေးခြင်းနဲ့ စတင်ကာ နောက်ပိုင်း လေ့ကျင့်ခန်းတိုး လုပ်ပေးပါ။ ခြောက်ပတ်နဲ့ အထက် ခါးနာမှု မသက်သာပါက ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

သွားဖုံးသွေးထွက်ခြင်း

ဘာသိသင့်သလဲ
သွားဖုံး သွေးထွက်ခြင်းဟာ ပါးစပ်ထဲ ဘက်တီးရီးယားပိုးတွေ စုနေတာကြောင့် သွားဖုံးရောင်လာကာ သွားဖုံးရောင်ရောဂါ ဖြစ်လာခြင်းကြောင့်ပါ။ ဒါကို အလေးမထားဘဲ မနေသင့်ပါဘူး။ သွားဖုံးရောဂါတွေဟာ နှလုံးရောဂါနဲ့ လေဖြန်းခြင်းတို့နဲ့ ဆက်စပ်မှု ရှိတာကြောင့် ဖြစ်ပါတယ်။

ဘာလုပ်နိုင်သလဲ
ခုချက်ချင်း ဆေးလိပ်ဖြတ်ပါ။ သွားဖုံးအရောင် လျော့သွားပါလိမ့်မယ်။ သွားနဲ့ ခံတွင်းသန့်ရှင်းဖို့ အရေးကြီးသလို သွားကျောက်တည်ခြင်း၊ ကြေးတင်ခြင်း မဖြစ်အောင် သွားဆရာဝန်ထံ သွားသန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။ သွားဆရာဝန်ထံ ပုံမှန်ပြသ အစစ်ဆေးခံပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ ဆီးချိုရောဂါသည်တွေဟာ သွားဖုံးရောဂါ အဖြစ်များလို့ အစစ်ဆေးခံသင့်ပါတယ်။

အိပ်နေစဉ်ဟောက်ခြင်း

ဘာသိသင့်သလဲ
အိပ်နေစဉ် ဟောက်ခြင်းဟာ Sleep Apnoea (အိပ်နေစဉ် အသက်ရှူရပ်ခြင်း) ဖြစ်နိုင်ခြေ များတတ်ပါတယ်။ အိပ်နေစဉ် အသက်ရှူရပ်တဲ့ ရောဂါဟာ လည်ချောင်း အနောက်ဘက်ရှိ တစ်သျှူးပျော့လေးတွေ လျော့ရဲပြီး အသက်ရှူလမ်းကြောင်း အပေါ်ဘက်ကို ပိတ်ဆို့တာကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ တစ်နာရီမှာ အကြိမ် ၁၀၀ လောက် ပိတ်ဆို့တတ်ပါတယ်။ အသက်ရှူမဝခြင်းကြောင့် အောက်ဆီဂျင် လျော့နည်းခြင်း၊ အိပ်ရေး ကောင်းစွာမဝခြင်းတို့ဟာ သွေးတိုးခြင်း၊ လေဖြန်းခြင်း၊ နှလုံးရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ နေ့ဘက် အိပ်ငိုက်ခြင်းနဲ့ ယာဉ်တိုက်မှု ဖြစ်ခြင်းတို့တောင် ဖြစ်နိုင်ပါတယ်။

ဘာလုပ်နိုင်သလဲ
ဆရာဝန်နဲ့ ပြသပြီး Sleep Apnoea ရှိမရှိ အစစ်ဆေးခံပါ။ ကိုယ်အလေးချိန် လျှော့ခြင်းက အိပ်နေစဉ် ဟောက်ခြင်းနဲ့ Apnoea တို့ကို လျှော့ချနိုင်သလို ဘေးတစောင်း အိပ်ခြင်းကလည်း လျှော့ချနိုင်ပါတယ်။ အရက်နဲ့ အိပ်ဆေးရှောင်ပါ။ နှစ်မျိုးစလုံးက ကြွက်သားတွေကို ဖြေလျှော့ပေးတာကြောင့် ပြဿနာပိုဆိုးနိုင်ပါတယ်။

နံရိုးအောက် နာကျင်ခြင်း

ဘာသိသင့်သလဲ
ရင်ဘတ်အောက် အထူးသဖြင့် ညာဘက်ခြမ်းမှာ အောင့်ပါက သည်းခြေကျောက်ကြောင့် ဖြစ်နိုင်ပါတယ်။ အသက် ၂၀ မှ ၆၀ ကြားအရွယ်မှာ ဖြစ်တတ်ကာ အမျိုးသမီးတွေက အမျိုးသားတွေထက် ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ သည်းခြေကျောက်တွေဟာ သည်းခြေပြွန်ကို ပိတ်စေနိုင်ကာ ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ သည်းခြေကျောက်ဆိုတာဟာ တကယ်တော့ ကိုလက်စထရောတွေ မာကျောကာ ခဲသွားခြင်း ဖြစ်ပြီး လေးစင်တီမီတာ အရွယ်လောက်ထိ ကြီးနေနိုင်ပါတယ်။

ဘာလုပ်နိုင်သလဲ
မျိုးရိုးလိုက်ခြင်းကြောင့် အများဆုံး ဖြစ်နိုင်ကာ မျိုးရိုးမှာ ဒီရောဂါရှိပါက ကာကွယ်နိုင်တဲ့နည်းလမ်း သိပ်မရှိပါ။ ဆရာဝန်နဲ့ ပြသကာ Ultrasound ရိုက်ကြည့်ပါ။ ရင်ပြည့်ခြင်း၊ ပျို့ခြင်း၊ အစာမကြေခြင်းတို့ပါတွဲပြီး ဖြစ်နေရင်ပေါ့။ အဝလွန်ခြင်းကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဝိတ်လျှော့ပါ။ ဒါပေမဲ့ ဖြည်းဖြည်းနဲ့ မှန်မှန်သာလျှော့ပါ။ ရုတ်တရက် စိတ်ပျော့သွားပါက အသည်းကနေ ကိုလက်စထရောတွေ အထွက်များပြီး သည်းခြေကျောက် ဖြစ်စေနိုင်တာကြောင့်ပါ။

ဒေါက်တာနုမြတ် 


 http://myanmarnewsupdates.blogspot.com/2013/08/blog-post_8510.html

Heart Attack ရခဲ့ရင် ဘယ်လိုလုပ်သင့်သလဲ???



Heart Attack ဖြစ်တဲ့ လူနာအတော်များများဟာ တစ်ယောက်တည်းရှိနေချိန်မျိုးမှာ Heart Attack ရတာ များပါတယ်...
Heart Attack ရကာနီး လူတစ်ယောက်ဟာ နှလုံးခုန် မမှန်မှုကြောင့် အားလျော့မူးဝေပြီး သတိလက်လွတ် ဖြစ်မသွားခင် ၁၀ စက္ကန့်လောက်သာ မိမိကိုယ်ကို ကယ်တင်ဖို့ အချိန်ရပါတယ်...

Heart Attack ကိုခံစားရတဲ့ လူနာအနေနဲ့ နှလုံးခုန်မူမမှန်မှုနဲ့ မူးလဲချင်သလို ခံစားရတဲ့အခါ အဆက်မပြတ်နဲ့ ပြင်းပြင်းထန်ထန် ချောင်းဆိုးပေးရပါမယ်... ချောင်းမဆိုးခင်မှာ အသက်ကိုဝအောင် ရှူပြီး ချောင်းကိုဆက်တိုက်ကြာကြာ (သလိပ်ကပ်တဲ့အခါ သလိပ်ရအောင် ဆိုးသလိုမျိုး) ဆိုးရမှာ ဖြစ်ပြီး "အဟွတ်!!!!!!!!!!" ဆိုပြီး ချောင်းတစ်ချက်တည်းကို ရှည်ရှည်ဆွဲပြီး ဆိုးရမှာ ဖြစ်ပါတယ်...

ဒီလို အသက်ရှူခြင်းနဲ့ ချောင်းဆိုးခြင်းကို ၂ စက္ကန့်ခြား တစ်ခါနှုန်းနဲ့ ကြားထဲမှာလစ်ဟာချိန်မရှိစေဘဲ အကူအညီရောက်လာတဲ့ အချိန်အထိ (သို့) နှလုံးခုန် မူမှန်သွားတဲ့အချိန်ထိ ပြုလုပ်ရမှာပါ...

ဒီလိုလုပ်ရခြင်းရဲ့ အကြောင်းတွေကို ပြောရရင် အသက်ပြင်းပြင်းရှူခြင်းက Oxygen ကို အဆုတ်တွေဆီ လုံလောက်စွာ ပို့ဆောင်ပေးနိုင်ပါတယ်... ချောင်းပြင်းပြင်းထန်ထန် ဆိုးခြင်းကတော့ နှလုံးရဲ့ ညှစ်အားကို ကောင်းစေပြီး သွေးလည်ပတ်မှုကို ဆက်လက်ထိန်းသိမ်းဖို့ ကူညီပေးသလို နှလုံးရဲ့ခုန်နှုန်း ပြန်လည်မှန်ကန်လာစေဖို့လည်း အထောက်အပံ့ပေးပါတယ်... ဒီလိုနည်းနဲ့ Heart Attack ခံစားရတဲ့ လူနာဟာ ဆေးရုံကိုရောက်တဲ့အထိ မိမိကိုယ်ကို သတိလက်လွတ်မဖြစ်သွားအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်...

=========================================

ဒီစာလေးကို ဖတ်မိမှတ်မိလို့ပဲဖြစ်ဖြစ်၊ ဖတ်မိသူက မျှဝေပြောပြလို့ပဲဖြစ်ဖြစ် ဒီစာလေးကြောင့် အသက်တစ်ချောင်းပဲ ကယ်နိုင်တယ်ဆိုရင်တောင် အလွန်တန်တယ်လို့ ယူဆတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင့်ပတ်ဝန်းကျင်၊ သင့်မိသားစု၊ သင့်သူငယ်ချင်းတွေ အတွက် ဒီကျန်းမာရေး ဗဟုသုတလေးကို ကူညီမျှဝေပေးပါလို့ တိုက်တွန်းရင်း...

ကြယ်မင်းတာယာ


https://www.facebook.com/photo.php?fbid=577633135611673&set=a.44512960552

“မေတ္တာသုတ်” အဓိပ္ပါယ်နှင့်၊ “မေတ္တာပွားရကျိုး”

 

ဗုဒ္ဓဘာသာဝင်တိုင်း သိမှတ်ထားသင့်သော “မေတ္တာသုတ်” အဓိပ္ပါယ်နှင့်၊ “မေတ္တာပွားရကျိုး” နှင့်၊ “မေတ္တာပွားသည့်အခါ အစွမ်းထက်လိုပါက လိုက်နာစောင့်ထိန်းဖွယ်များ”***

Sunday, September 8, 2013

၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။

**မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာဝတို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္ဈာယ်သောသူသည်...

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

**ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့…

၃။ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊

**အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။

၎။ သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

**စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်ဝမ်းတခါးအတွက် လွယ်လင့်တကူပေါ့ပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊ ထို့ပြင်သာမက

သွေးအားနည်းရောဂါ ကာကွယ်ပါ



မိန်းကလေးတွေမှာ အဖြစ်များတဲ့ သွေးအား နည်းရောဂါ ဆိုတာ တစ်သျှူးတွေ ဆီကို အောက်ဆီ ဂျင်အလုံ အလောက် သယ်ယူနိုင်တဲ့ ကျန်းမာတဲ့ သွေးနီဥတွေ မရှိတဲ့ အခြေအနေပါ။ ဒါကြောင့် သွေး အားနည်း ရောဂါဖြစ်ရင် မောပန်းနုံးချည့်နေတတ်ပါ တယ်။ သွေးထွက်များ ရင်လည်း သွေးအားနည်းတတ် ပါတယ်။

သွေးအားနည်းတဲ့ အခါ အဖြစ်များတဲ့ လက္ခ ဏာတွေ ကတော့ နုံးချည့်ညောင်းညာတာ၊ အသား အရောင်ဖျော့တာ၊ နှလုံးခုန်မြန်တာ၊ အသက်ရှူမဝ တာ၊ ရငဘ် တေ် အာငတ့်ာ၊ မူး ဝေတာ၊ လက် ဖျားခြေ ဖျား အေးစက်တာ၊ ခေါင်းကိုက်တာတွေပဲ ဖြစ်ပါ တယ်။ မိန်းကလေးအများစုဟာ သွေးအားနည်းနေတဲ့ အခါ အစပိုင်းမှာ သတိမထား မိတတ်ကြပါဘူး။ အခြေအနေဆိုး လာမှသာ စစ်ဆေးရင်းသိရှိတာများ ပါတယ်။

သွေးအားနည်းရောဂါ မဖြစ်စေဖို့ အောက်ပါ နည်းလမ်းတွေနဲ့ ကာကွယ်သင့်ပါတယ်။ သွေးအားနည်းရောဂါ အမျိုးအစား အများစုက ကာကွယ်လို့ ရပါတယ်။ သံဓာတ်ချို့တဲ့လို့ ဖြစ်တဲ့ သွေးအားနည်း ရောဂါနဲ့ ဗီတာမင်ချို့တဲ့လို့ ဖြစ်တဲ့ သွေးအားနည်း ရောဂါတွေ အတွက် အောက်ပါ အစာ တွေ စားပေးပါ။

သံဓာတ် - သံဓာတ်များတဲ့ အမဲသားနဲ့ တခြား အသားတွေ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးခြောက် တွေကို စားပါ။ ဖော်လိတ် - ဖောလိတ် (ဖောလစ်အက်စစ်) ဓာတ် ကို ချဉ်တဲ့ သစ်သီးတွေနဲ့ သစ်သီးဖျော်ရည်တွေ၊ ငှက်ပျောသီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ ပဲသီး၊ ကွေကာနဲ့ ခေါက်ဆွဲတွေ စားပြီး ရယူနိုင်ပါ တယ်။

ဗီတာမင် B 12 - ဒီဗီတာမင် ရရှိစေဖို့ အသား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေကို စားပါ။ ကွေကာ တချို့နဲ့ ပဲနို့ လို ပဲပုပ်စေ့ထွက်ကုန် အစားအသောက်တွေ ထဲမှာ လည်း ဗီတာမင် B12 ပါဝင်ပါတယ်။

ဗီတာမင်စီ- ဗီတာမင်စီ ပါဝင်တဲ့ ချဉ်တဲ့ သစ်သီး တွေ၊ ဖရဲသီးနဲ့ ဘယ်ရီသီးတွေဟာ သံဓာတ်စုပ်ယူမှုကို အားကောင်း စေပါတယ်။

http://myawadynews.blogspot.com/2013/09/blog-post_8813.html

Miss Supranational-2013 အစအဆုံး



Miss Supranational-2013 အစအဆုံး ကို မောင်(စွယ်စုံကျမ်း) ဒေါင်းထားတာပါ

အပိုင်း (၆) ပိုင်းခွဲတင်ထားတာကို Youtube ကနေ ကြည့်လိုသူများ

ဒီမှာ ဒေါင်းနိုင်ပါတယ် ... ရှယ်လည်း ရှယ်သွား ကြဦးနော်....
////
http://www.youtube.com/watch?v=FiT-gPlCF5k&feature=youtu.be

////
http://www.youtube.com/watch?v=HAK5BAp2Uiw

////
http://www.youtube.com/watch?v=gUnKprd3kgY

////
http://www.youtube.com/watch?v=e_Nzo5gPeNs

////
http://www.youtube.com/watch?v=zE0V3VWXNd4

////
http://www.youtube.com/watch?v=6KtuzFrAyzg

Share သွားပေးလိုက်ကြပါဦး မကြည့်ရတဲ့သူတွေအတွက်ပါခင်ဗျာ....

http://myawadynews.blogspot.com/2013/09/miss-supranational-2013-youtube.html

“စကားလုံးများကို...နေရာချခြင်း” (Placing the words in a sentence pattern)




Saturday, September 7, 2013

ဘာသာစကားတိုင်းဟာ ဝေါဟာရမြောက်များစွာနဲ့ ဖွဲ့စည်း တည်ဆောက်ထားတာပါ။အင်္ဂလိပ်ဘာသာမှာလဲ စကားလုံးပေါင်း တစ်သန်းကျော်၊ အီဒီယံပေါင်းတစ်သိန်း...နီးပါးနဲ့ တည်ဆောက်ထား ပါတယ်။ဒီစကားလုံးတွေဟာ..အလှထိုင်ကြည့်ဖို့ မဟုတ်ပါဘူး..။ ၀ါကျတစ်ကြောင်းမှာ စနစ်တကျ နေရာချပြီး..အဓိပွါယ်ရှိတဲ့ စာကြောင်းတွေ ဖန်တီးတဲ့နေရာမှာ အသုံးချဖို့ဖြစ်ပါတယ်။ စကားလုံးတွေသာသိပြီး ၀ါကျမှာ ဘယ်လိုနေရာချရမှန်းမသိသေးရင် အဲဒီဘာသာစကားကို တတ်ပြီလို့ မဆိုနိုင်သေးပါဘူး။ဒါ့ကြောင့် ..ဒီနေ့တော့..အခြေခံဝါကျပုံစံထဲကို စကားလုံးတွေ နေရာချပုံကို ဖော်ပြပေးလိုက်ပါတယ်။

စကားလုံးတွေကို နေရာမချခင်မှာ သဒ္ဒါထဲက ၀ါစင်္ဂရှစ်မျိုး(Eight parts of speech) ကို တီးမိခေါက်မိ လေ့လာပြီး ဖြစ်ရပါမယ်။Phrases & Clauses တို့ကိုလည်း သိရပါမယ်။S+V ,,, S+ V + O ,,, S + V + C စတဲ့.. အခြေခံဝါကျ ပုံစံတွေကိုလည်း..သိထားရပါမယ်။အဲဒီအခြေခံဝါကျတွေထဲကို ကိုယ်လိုချင်တဲ့ အဓိပွါယ်ရအောင် စကားလုံးတွေ ထည့်မှာမို့ပါ။ ဥပမာ...လူကလေးတစ်ယောက် ငိုနေသည်(A boy is crying.)ဆိုတဲ့ဝါကျမှာ A boy က subject ပါ ။is crying က verb ပါ...။အဲဒီယယSub+Verb ၀ါကျပုံစံထဲ.. ကိုယ်လိုချင်တဲ့ အဓိပွါယ်ရအောင် စကားလုံးတွေ ထည့်ကြည့်ပါမယ်။

A boy is crying.
------ -----------
ပထမဦးဆုံး boy (လူကလေး)ရဲ့ ရှေ့မှာ young (ငယ်ရွယ်သော)ဆိုတဲ့ နာမ၀ိသေသနတစ်လုံးကို ထားကြည့်ပါမယ်။

A young boy is crying.

“လူကလေး”မှ “လူငယ်ကလေး” ဖြစ်သွားပါပြီ။သူဝတ်ထားတဲ့ အင်္ကျီကို ကြည့်ပါ။အပြာရောင်ရှပ်အင်္ကျီဝတ်ထားရင် in a blue shirt ဆိုတဲ့ စကားစု(phrase)ကို boy ရဲ့နောက်မှာ နေရာချလိုက်ပါမယ်။

A young boy in a blue shirt is crying.

“အပြာရောင်ရှပ်အင်္ကျီနဲ့ လူငယ်လေးတစ်ယောက် ငိုနေသည် ”ဆိုပြီး ဖြစ်သွားပါမယ်။နောက်..သူငိုနေပုံကို ကြည့်လိုက်ပါဦး။အော်ငိုနေရင် loudly ဆိုတဲ့ ကြိယာဝိသေသန (adverb)ကို cry ဆိုတဲ့ ကြိယာနောက်မှာ ထားကြည့်ပါ။

A young boy in a blue shirt is crying loudly.

“အပြာရောင်ရှပ်အင်္ကျီနဲ့ လူငယ်လေးတစ်ယောက် အော်ငိုနေသည်။” လို့ ဖြစ်လာပါပြီ။နောက်ပြီး..ဘယ်နေရာမှာ ငိုနေတာလဲဆိုတာ ကြည့်လိုက်ပါဦး။ခုံတန်းရှည်ပေါ်မှာ ငိုနေရင် on the bench ဆိုတဲ့ စကားစုကို ၀ါကျနောက်ဆုံးမှာ ထားကြည့်ပါ။

A young boy in a blue shirt is crying loudly on a bench.

“အပြာရောင်ရှပ်အင်္ကျီနဲ့ လူငယ်လေးတစ်ယောက် ခုံတန်းရှည်ပေါ်မှာ အော်ငိုနေသည်။”ဆိုပြီး ဖြစ်သွားတာကို တွေ့ရပါမယ်။ဒီလို..ငိုနေတာ ဘာ့ကြောင့်လဲ..။အကြောင်းရင်းကို ရှာကြည့်ပါ။သူ့အမေက ရိုက်လို့ဆိုပါတော့.။ Being beaten by his mother ဆိုတဲ့ စကားစုကို ၀ါကျရှေ့ဆုံးမှာ ထားကြည့်ပါဦး။

Being beaten by his mother,a young boy in a blue shirt is crying loudly on a bench.

“အပြာရောင်ရှပ်အင်္ကျီနဲ့ လူငယ်လေးတစ်ယောက် သူ့အမေက ရိုက်လို့ ခုံတန်းရှည်ပေါ်မှာ အော်ငိုနေသည်။”အင်္ဂလိပ်စာဝါကျလည်း တော်တော်ရှည်လာပါပြီ။ ဘယ်အချိန်ငိုနေတာလဲ..ကြည့်လိုက်ပါ။မနက်အစောကြီး..ဆိုပါစို့။

Early in the morning,being beaten by his mother,a young boy in a blue shirt is crying loudly on a bench.

“မနက်အစောကြီး အပြာရောင်ရှပ်အင်္ကျီနဲ့ လူငယ်လေးတစ်ယောက် သူ့အမေက ရိုက်လို့ ခုံတန်းရှည်ပေါ်မှာ အော်ငိုနေလေရဲ့။” ဆိုပြီး ဖြစ်သွားပါပြီ။ အခုလို စကားလုံးတွေကို အခြေခံဝါကျ Subject+Verb ပုံစံဖြစ်တဲ့ A boy is crying.မှာ လိုချင်တဲ့ အဓိပွါယ်အတိုင်း စကားလုံးတွေကို နေရာချလိုက်တာ အားကောင်းတဲ့ ၀ါကျတစ်ကြောင်း (Powerful sentence) ကို ရရှိသွားပါပြီ။အခြားအခြေခံဝါကျပုံစံတွေကို လည်း ဒီနည်းအတိုင်း စကားလုံးတွေ ထည့်ပေး ရမှာပါ။ဒီလို ..စကားလုံးတွေ နေရာချတာကိုပဲ ကိုယ်ပိုင်ဝါကျ တည်ဆောက်တယ် လို့ ခေါ်ပါတယ်။တစ်နည်းအားဖြင့် ဒီလို စကားလုံးတွေကို နာမ်နေရာ နာမ်၊ကြိယာဝိသေသန နေရာ...ကြိယာဝိသေသန၊ စကားစုနေရာ စကားစု စသဖြင့် နေရာချတတ်တဲ့ စွမ်းရည်ကိုပဲ အရေးစွမ်းရည် (Writing Skill)လို့ ခေါ်တာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

သရဖီ
http://myawadynews.blogspot.com/2013/09/placing-words-in-sentence-pattern.html

အတုယူစရာ ဂျပန်မှာ



၁။ ဂျပန်လူငယ်လေးတွေဟာ ဆရာတွေနဲ့အတူ နေ့စဉ် ၁၅ မိနစ် ကျောင်းသန့်ရှင်းရေးလုပ်ကြရတဲ့အတွက် သန့်ရှင်းမှုကိုအလေးထားတဲ့ မျိုးဆက်သစ်ကို မွေးဖွားပေးပါတယ်။

၂။ ခွေးမွေးထားတဲ့ ဂျပန်တစ်ယောက်ဟာ အိတ်တစ်လုံးကို ခွေးချေးကြုံးဖို့သယ်ရပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး တို့အရေး လုပ်ရပါတယ်။

၃။ သန့်ရှင်းရေးအလုပ်သမားကို ကျန်းမာရေးအင်ဂျင်နီယာလို့ ခေါ်ပြီး လခ ဒေါ်လာ ၅ ထောင်မှ ၈ ထောင်အတွင်းရရှိပါတယ်။ အလုပ်မ၀င်ခင် ရေးဖြေရော နှုတ်ဖြေပါ စာမေးပွဲဖြေရပါတယ်။

၎။ ဂျပန်မှာ သဘာဝသယံဇာတလည်းမရှိ၊ နှစ်စဉ် ငလျင်ပေါင်း ရာကျော်ဒဏ်လည်းခံရပေမယ့် ကမ္ဘာ့ဒုတိယအချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။

၅။ ဟီရိုရှီးမားမြို့ဟာ အနုမြူဗုံးကျဲခံရပြီး ၁၀ နှစ်အတွင်းမှာပဲ မူလ စီးပွားအင်အားအခြေအနေကို ပြန်ရောက်ခဲ့ပါတယ်။

၆။ ဂျပန်မှာ ရထား၊ စားသောက်ဆိုင်တွေအတွင်းမှာ မိုဘိုင်းဖုန်းသုံးခွင့်မပြုပါဘူး။

၇။ ဂျပန်ကလေးငယ်များဟာ ပထမတန်းမှ ၆ တန်းအထိ လောကနီတိ ( လူမှုဆက်ဆံရေးကျင့်ဝတ် ) တွေကို မသင်မနေရ သင်ကြရပါတယ်။

၈။ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဂျပန်များမှာတောင် အိမ်အကူမထားပါဘူး။ မိဘများဟာ အိမ်အလုပ်နဲ့ ကလေးများအတွက် တာဝန်ယူကြရပါတယ်။

၉။ မူလတန်းမှ တတိယတန်းအထိ စာမေးပွဲမရှိပါဘူး။ ပညာသင်ကြားရခြင်းရဲ့ ရည်ရွယ်ရင်းမှာ အတွေးအခေါ်၊အယူအဆတွေ၊ စာရိတ္တတွေထူထောင်ဖို့ဖြစ်ပြီး စာမေးပွဲတွေ၊ ဂုဏ်ထူးတွေ ယူဖို့မဟုတ်လို့ပါ။

၁၀။ ဂျပန်ဘူဖေးဆိုင်ထဲဝင်သွားရင် လူတွေက သူတို့စားနိုင်သလောက်ပဲ ထည့်စားကြတာကိုတွေ့နိုင်ပါတယ်။ စားပြီးပိုလို့လွှင့်ပစ်ရတယ်ဆိုတာ မရှိပါဘူး။

၁၁။ ဂျပန်မှာရထားနောက်ကျချိန်ဟာ တနှစ်လုံးအတွက် ၇ စက္ကန့်ပါ။ အချိန်ကိုအလွန်လေးစားပြီး မိနစ်၊ စက္ကန့်အထိ တိကျတတ်ပါတယ်။ ( မြန်မာတွေနဲ့တော့ တွေ့ဦးမယ်။ )

၁၂။ ကလေးတွေဟာ ကျောင်းမှာ အစာစားပြီး သွားတိုက်ကြပါတယ်။ ငယ်စဉ်ကတည်းက ကျန်းမာရေးကို အလေးထားကြပါတယ်။

၁၃။ အစာစားချိန်ကို နာရီဝက်ခန့်ယူပြီး အစာကြေညက်အောင် ဂရုပြုကြပါတယ်။ ဒီကျောင်းသားတွေဟာ ဂျပန်ပြည်ရဲ့ အနာဂတ်ပါ။

ဘာသာပြန်သူ - သန္တာဝင်း

http://myawadynews.blogspot.com/2013/09/blog-post_492.html

စာပေများဆုရှင် ဆရာကြီး ဒဂုန်တာရာရဲ့ ဘ၀ဇာတ်ကြောင်း(၁၉၁၉-၂၀၁၃)




ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲမြို့နယ် ထိုင်ကူမြစ်တန်းရွာတွင် နေထိုင်သောအဘ ဦးဘအုန်း၊ အမိ ဒေါ်ဖွားရှင်တို့က ၁၉၁၉ ခုနှစ် မေ ၁ဝ ရက် စနေနေ့တွင် စာရေးဆရာကြီး ဒဂုံတာရာကို မွေးဖွား
သန့်စင်ပေးခဲ့သည်။ ဆရာကြီး၏ အမည်ရင်းမှာ ဦးဌေးမြိုင် ဖြစ်သည်။

ဆရာကြီးသည် ရန်ကုန်မြို့ (၇)လမ်း အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်း၊ ကျိုက်လတ်မြို့ အမျိုးသားကျောင်း (၁၉၂၇-၁၉၃၆)၊ ရန်ကုန်ရေကျော် မက်သဒစ်ကျောင်း (၁၉၃၆-၁၉၃၇)၊ ရန်ကုန်တက္ကသိုလ် (၁၉၃၇-၁၉၄ဝ) တို့တွင် ပညာသင်ကြားခဲ့သည်။

၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ တက္ကသိုလ် သိပ္ပံမဂ္ဂဇင်းတွင် ပါဝင်သော ''မှုန်ပြာရီ'' ဝတ္ထုဖြင့် စာပေနယ်၌ စတင်ခြေချခဲ့ပြီး ထိုစဉ်က ကလောင်အမည်ကို ''မြိုင်သဇင်'' ဟု ခံယူခဲ့သည်။ စာပေ လုပ်ငန်းများအဖြစ် ၁၉၄၆ ခုနှစ်တွင် တာရာမဂ္ဂဇင်း ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် အဖြစ် လည်းကောင်း၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ မျိုးညွန့်မဂ္ဂဇင်း အယ်ဒီတာချုပ်အဖြစ် လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသား များသမဂ္ဂ၊ စာပေဖြန့်ချိရေး ဌာန အတွင်းရေးမှူး၊ ၁၉၅ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌနှင့် ၁၉၅၁ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် မြန်မာနိုင်ငံ အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာရေးဆရာ စာပေကလပ် အတွင်းရေးမှူး၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင် ခဲ့ပါသည်။ ဆရာကြီးသည် ၁၉၅၁ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ တရုတ်- မြန်မာမိတ်ဆွေ ဖြစ်အသင်းချုပ်၏ အသင်းအမှုဆောင် တာဝန်၊ မြန်မာ-ဆိုဗီယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ်အသင်းချုပ် အမှုဆောင် တာဝန်များအပြင် ၁၉၆၃ ခုနှစ်တွင် ဒုတိယ ဥက္ကဋ္ဌ တာဝန်ကိုပါ ယူခဲ့သည်။

ထို့နောက် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် မြန်မာနိုင်ငံ အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်ကိုပါ ယူခဲ့ရပြီး ၁၉၆၂ ခုနှစ်တွင် အမျိုးသားစာပေ ညီလာခံ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာရေးဆရာ စာပေကလပ် အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂဥက္ကဋ္ဌ တာဝန်များကို ပါ ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် တာရာ မဂ္ဂဇင်းကို ထုတ်ဝေခဲ့သည့် အချိန်မှစ၍ ''ဒဂုန်တာရာ'' အမည်ကိုခံယူပြီး စာပေများ ရေးသားခဲ့ပါသည်။ ဆရာကြီးသည် ၁၉၄၁ ခုနှစ်၌ ''မေ'' ဝတ္ထုထုတ်ဝေခဲ့၏။ ထိုဝတ္ထုမှာ နိုင်ငံရေး အငွေ့အသက် ပါရှိသော်လည်း အချစ်ဝတ္ထု ဖြစ်ပါသည်။ သူ့ခေတ် သူ့အခါသည် နိုင်ငံရေး လှုပ်ရှားနေသော အချိန်အခါဖြစ်သဖြင့် ''မေ'' ဝတ္ထုသည် အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကာ လူကြိုက်များခဲ့သည်။


ဆရာကြီးသည် ဒုတိယ ကမ္ဘာစစ် မတိုင်မီက မြိုင်သခင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ စောတင်မူ၊ မောင်လင်းထက်၊ မောင်ကြာညွန့်၊ ဗညားသီဟ၊ မောင်စိမ်းမြနှင့် ဦးဒဂုန်ဟူသော ကလောင် အမည်များဖြင့် စာပေများကို ရေးသားခဲ့ပြီး ဒုတိယကမ္ဘာစစ် နောက်ပိုင်း တွင် ဌေးမြိုင်၊ မောင်သစ္စာ၊ မောင်ခနှင့် မောင်ဘတင့် အမည်များဖြင့် စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေးနှင့် ဝေဖန်ရေးဆိုင်ရာ ဆောင်းပါးများစွာကို ရေးသားခဲ့ပါသည်။

ဆရာကြီး ရေးသားခဲ့သော စာပေများတွင် မေ (၁၉၄၁)၊ ဒဂုန်တာရာ၏ ဒဂုန်တာရာ (၁၉၅ဝ) ၊ ရုပ်ပုံလွှာ (၁၉၅၅)၊ စပယ်ဦး (၁၉၆၁)၊ အလင်္ကာ (၁၉၆၂)၊ ကြာပန်းရေစင် (၁၉၆၃)၊ ဒဂုန်တာရာ၏ ဝတ္ထုပေါင်းချုပ် (၁၉၆၉)၊ ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ (၁၉၇၉)၊ မာယာ(၁၉၉၁)၊ သုနာပရန္တ (၁၉၉၅)တို့သည် အလွန်ထင်ရှား ကျော်ကြားခဲ့သော စာပေများ ဖြစ်ပါသည်။ 


စာပေခရီးတွင် ရရှိခဲ့သောဆုများမှာ ''စပယ်ဦး'' ဝတ္ထုတိုပေါင်းချုပ်ဖြင့် ၁၉၆၁ ခုနှစ်တွင် စာပေဗိမာန်စာမူဆု၊ ''အလှဗေဒ'' စာအုပ်ဖြင့် ၁၉၉၉ ခုနှစ်တွင် စာပဒေသာ အမျိုးသားစာပေဆု၊ ၂ဝဝ၁ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေ တစ်သက်တာ စာပေဆု များကို ရရှိခဲ့သည်။ ဆရာကြီးသည် စာပေ၊ အနုပညာဖြင့် ပျော်ပိုက်သူဖြစ်ရာ မိသားစုမရှိရှာသော လူပျိုကြီး ဘဝဖြင့် တူမအရင်းဖြစ်သူ သူနာပြုဆရာမကြီး ဒေါ်မြင့်မြင့်စိန် (စာရေး ဆရာမ သင်းမြစန္ဒီ)တို့၏ မိသားစုများဖြင့် နေထိုင်ခဲ့သည်။ 

စာရေးဆရာ၊ ကဗျာဆရာ၊ ငြိမ်းချမ်းရေး ခေါင်းဆောင်ဟူသော ဂုဏ်ပုဒ်များဖြင့် ''ကိုရီးယားနိုင်ငံ'' မှ ငြိမ်းချမ်းရေးနှင့် စာပေလက်တွေ့ ဆောင်ရွက်မှု ဂုဏ်ပြုဆုကို ဆရာကြီး၏ ကျန်းမာရေး အခြေအနေအရ သွားရောက် မယူခဲ့နိုင်သော်လည်း ဆရာကြီးအတွက The Manhae Grand Prize For Practice (မန်ဟဲမဟာ) ဆုအပေါ်တွင် ''လွတ်လပ်မှုသည် စကြဝဠာကြီးထဲရှိ အရာအားလုံး၏ အသက်ဖြစ်သည့် ငြိမ်းချမ်းရေးသည် လူသားအားလုံးတို့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာစရာ ဖြစ်သည်'' ဟုရေးထိုးကာ ဆုအဖြစ်ပေးအပ်ခဲ့သည့် အခမ်းအနားကို ၂ဝ၁၃ ခုနှစ် သြဂုတ် ၁၁ ရက်တွင် ကိုရီးယားနိုင်ငံ၌ ကိုယ်စားဆုလက်ခံသူ တူမ စာရေးဆရာမ သင်းမြစန္ဒီသို့ ပေးအပ်ခဲ့သည်။ ထိုဆုကို တစ်ကမ္ဘာလုံးမှ ပုဂ္ဂိုလ်ကိုးဦးကိုသာ ချီးမြှင့်ခဲ့ရာတွင် ဆရာကြီး ဒဂုန်တာရာသည် တစ်ဦးအပါအဝင် ရရှိခဲ့ခြင်း ဖြစ်သည်။

ဆရာကြီးသည် ကျန်းမာရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့ ပြည်သူ့ဆေး ရုံ တွင် ဆေးကုသမှုခံနေရာမှ ၂ဝ၁၃ ခုနှစ် သြဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် ရွာငံစုရပ်ဈေး အနောက်ဘက် အမှတ် (၉၁) နေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။ အသက် ၉၅ နှစ် အရွယ်ပင် ဖြစ်သော်လည်း ဆရာကြီး လူ့ရပ်၊ လူ့ရွာစာပေနယ်မှ ထွက်ခွာ သွားသည်မှာ ဆုံးရှုံးမှုကြီးတစ်ရပ် အနေဖြင့် စာပေနယ်မှ စာပေရေးသားနေသော တပည့်သား၊ သမီးများက ဝမ်းနည်းတ သသ ဖြစ်ကြရ ပါသည်။ ဆရာကြီး ကောင်းရာဘုံဘဝမှာ ရောက်ရှိ ခံစားနေရပြီဟုလည်း မျှော်လင့်ကြပါသည်။

By မြ၀တီ

http://myawadynews.blogspot.com/2013/09/blog-post_1606.html

မင်္ဂလသုတ် (ပါဠိ) နှင့် (မြန်မာပြန်)


 

မင်္ဂလသုတ် (ပါဠိ)

၁။ယံ မင်္ဂလံ ဒွါဒသဟိ၊
စိန္တယိံ သု သဒေ၀ကာ၊
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊
အဋ္ဌတိံသဉ္စ မင်္ဂလံ။

၂။ဒေသိတံ ဒေ၀ဒေဝေန၊
သဗ္ဗပါပ၀ိနာသနံ။
သဗ္ဗလောက ဟိတတ္ထာယ၊
မင်္ဂလံ တံ ဘဏာမ ဟေ။

၃။ ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ
ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။
အထ ခေါ အညတရာ ဒေ၀တော
အဘိက္ကန္တာယ ရတ္တိယာ အဘိက္က န္တ၀ဏ္ဏာ
ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ
ယေန ဘဂ၀ါ၊ တေနုပသင်္ကမိ ဥပသင်္ကမိတွာ။
ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။
ဧကမန္တံ ဋ္ဌိတာ ခေါ သာ ဒေ၀တာ
ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။

၎။ဗဟူ ဒေ၀ါ မနုဿာ စ၊
မင်္ဂလာနိ အစိန္တ ယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊
ဗြူဟိ မင်္ဂလ မုတ္တမံ။

၅။ အသေ၀နာ စ ဗာလာနံ၊
ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ၊
ဧတံ မင်္ဂလ မုတ္တမံ။

၆။ ပတိရူပ ဒေသ၀ါသော စ၊
ပုဗ္ဗေ စ ကတ ပုညတာ။
အတ္တသမ္မာ ပဏီဓိ စ၊
ဧတံ မင်္ဂလ မုတ္တမံ။

၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊
ဝိနယောစ သုသိက္ခိတော။
သုဘာသိတာ စ ယာ ၀ါစာ။
ဧတံ မင်္ဂလ မုတ္တမံ။

၈။ မာတာပိတု ဥပဋ္ဌာနံ၊
ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊
ဧတံ မင်္ဂလ မုတ္တမံ။

၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊
ဉာတကာနဉ္စ သင်္ဂဟော။
အန၀ဇ္ဇာနိ ကမ္မာနိ၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၀။ အာရတီ ၀ိရတီ ပါပါ၊
မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၁။ ဂါရဝေါ စ နိဝါတော စ၊
သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၂။ခန္တီစ သောဝစဿတာ၊
သမဏာနဉ္စ ဒဿနံ၊
ကာလေန ဓမ္မသာကစ္ဆာ၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၃။ တပေါ စဗြဟ္မစရိယဉ္စ
အရိယာသစ္စာန ဒဿနံ၊
နိဗ္ဗာန သစ္ဆိကိရိယာ စ၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ န ကမ္ပတိ၊
အသောကံ ၀ိရဇံ ခေမံ၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၅။ ဧတာဒိသာနိ ကတွာန၊
သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊
တံ တေသံ မင်္ဂလ မုတ္တမံ။

မင်္ဂလသုတ္တံ နိဋ္ဌိတံ။

မင်္ဂလသုတ် (မြန်မာပြန်)

၁။ ကြီးပွားချမ်းသာရေးကို အလိုရှိကြသော နတ် လူတို့သည် ၁၂ နှစ်ကြာအောင် မင်္ဂလာတရား အစစ်အမှန်ကို ရှာဖွေခဲ့ကြသော်လည်း ၃၈ဖြာမင်္ဂလာတရားတော်အစစ်အမှန်ကို မရရှိခဲ့ကြပါ။

၂။ မြတ်စွာဘု၇ားသည် မကောင်းမှုအားလုံးကို ပယ်ဖျောက်နိုင်သော ၃၈ဖြာ မင်္ဂလာတရားတော်ကို သတ္တ၀ါအားလုံးတို့ချမ်းသာရေးအတွက် ဟောတော်မူအပ်ပါပြီ။ ထိုဘုရားဟော ၃၈ဖြာမင်္ဂလာတရားတော်မြတ်ကို ကျွန်ုပ်တို့ ရွတ်ဆိုကြပါစို့။

၃။ အရှင်မဟာကဿပဘု၇ား-တပည့်တော်အာနန္ဒသည် မြတ်စွာဘုရားထံမှ ဤသို့ကြားနာမှတ်သားလိုက်ရပါသည်။ အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းသော ဇေတ၀န်ကျောင်းတော်မှာ မြတ်စွာဘုရားသီတင်းသုံးတော်မူခိုက် တစ်ခုသောညဉ့်၏ သန်းခေါင်ယံအခါတွင် အမျိုးအမည်မထင်ရှားသော နတ်သားတစ်ပါးသည် ဇေတ၀န်ကျောင်းတော်ကြီးတစ်ခုလုံးကို အလင်းရောင်ပေးလျက် ဘုရားမြတ်စွာအားလာရောက်ဖူးမြော်ပြီး ဂါထာတစ်ပုဒ်ကို ရွတ်ဆိုကာ ဘု၇ားရှင်အား လျှောက်ထားပါသည်။

၎။ မြတ်စွာဘု၇ား- စီးပွားချမ်းသာကို အလိုရှိကြသော နတ် လူအပေါင်းတို့သည် ၃၈ ဖြာမင်္ဂလာတရားတော်ကို ရှာဖွေခဲ့ကြသော်လည်း မ၇ရှိကြသေးပါ။ ၃၈ ဖြာမင်္ဂလာတရားတော်ကို မြတ်စွာဘုရား ဟောပြတော်မူပါဘုရား။

၅။
လူမိုက်များကို မမှီဝဲ မဆည်းကပ်ခြင်း
ပညာရှိ သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း
ပူဇော်ထိုက်သူကို ပူဇော်ခြင်း
၎င်းသုံးပါးလဲ မင်္ဂလာမည်ပါတယ်။

၆။
သင့်တော်သောအရပ်၌ နေထိုင်ခြင်း
ရှေးကောင်းမှုရှိခြင်း
မိမိကိုယ်ကို ထိန်းသိမ်းစောင့်ေ၇ှာက်ခြင်
၎င်းသုံးပါးလဲ မင်္ဂလာမည်ပါတယ်။

၇။
အကြားအမြင် ဗဟုသုတများခြင်း
သိပ္ပအတတ်ကို တတ်ကျွမ်းခြင်း
ကောင်းသော ကိုယ်ကျင့်တရား ပြောဆိုခြင်း
ကောင်းသောစကားကို ပြောဆိုခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။

၈။
မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်း
သားမယားများကို ပြုစုထောက်ပံ့ခြင်း
အပြစ်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း
၎င်းသုံးပါးလဲ မင်္ဂလာမည်ပါတယ်။

၉။
လှူဒါန်းပေးကမ်းခြင်း
တရားကျင့်ခြင်း
ဆွေမျိုးများကို ကြည့်ရှူစောင့်ရှောက်ခြင်း
အပြစ်ကင်းသော ကောင်းမှုကုသိုလ်ကို ပြုလုပ်ခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။

၁၀။
မကောင်းမှုကို မကြံစည်ခြင်း
မကောင်းမှုကို မပြုလုပ် မပြောဆိုခြင်း
သေရည်သေရက် မသောက်ခြင်း
မမေ့မလျော့သော သတိတရားရှိခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။

၁၁။
ရိုသေထိုက်သူများကို ရိုသေလေးစားခြင်း
မာန်မာန မရှိခြင်း
ရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်း
သူတစ်ပါးကျေးဇူးကို သိတတ်ခြင်း
အခွင့်ရတိုင်း တရားနာခြင်း
၎င်းငါးပါးလဲ မင်္ဂလာမည်ပါတယ်။

၁၂။
အရာရာမှာ သည်းခံခြင်း
ဆုံးမစကားကို နားထောင်ခြင်း
ရဟန်းသံဃာကို ဖူးမြော်ခြင်း
အခွင့်ရတိုင်း တရားဆွေးနွေးခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။

၁၃။
ခြိုးခြံစွာ ကျင့်ခြင်း
မေထုန်မှုကို ရှောင်ကြဉ်ခြင်း
သစ္စာလေးပါးကို သိမြင်ခြင်း
နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။

၁၄။
လောကဓံတရားကြောင့် စိတ်မတုန်လှုပ်ခြင်း
လောကဓံတရားကြောင့် စိုးရိမ်ကြောင့်ကြမှုမရှိခြင်း
ကိလေသာကင်းခြင်း
ကြောက်စရာဘေးရန်မရှိခြင်း။
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။

၁၅။ အို-နတ်သား ငါဘုရားဟောတော်မူခဲ့သော ၃၈ ဖြာမင်္ဂလာတရားတော်များကို လိုက်နာကျင့်သုံးကြတဲ့ သူတောင်စင်များဟာ နေရာတိုင်းမှာပင် အောင်မြင်မှုရလဒ်ကို ရရှိကြပါလိမ့်မယ်။ ကြီးပွားချမ်းသာကြပါလိမ့်မယ်။ ယခုငါဘုရားဟောတော်မူခဲ့တဲ့ ၃၈ ဖြာတရားတော်များဟာ ကြီးပွားချမ်းသာချင်တဲ့ သတ္တ၀ါများအတွက် ကောင်းမြတ်တဲ့ မင်္ဂလာတရား အစစ်အမှန်များပင်ဖြစ်ပါတယ်။

မင်္ဂလသုတ် မြန်မာပြန် ပြီး၏။

Credit to>>>Yatanarpon Call Center

https://www.facebook.com/photo.php?fbid=467125413385295&set=a.3510477149930
Related Posts Plugin for WordPress, Blogger...