Pages

နတ်တွေစုတေခါနီး(သေခါနီး) လူတွေနဲ့ဘာကွာသလဲ ဘယ်လိုကြောင့်စုတေ(သေ)နိုင်သလဲ

  • ပထမရေးလိုက်တဲ့ပိုစ်ကို အဓိပ္ပါယ်ပြန်စဉ်းစားကြည့်တော့ တစ်မျိုးတော့တစ်မျိုးကြီးပဲလို့ ရိပ်မိလာတယ်။ ဒါနဲ့ တစ်မျိုးရေးမယ်ဆိုပြီး ခု ဒုတိယ ပိုစ့်ကို ရေးလိုက်ပါတယ်။ အရင်ကမသိခဲ့ သံသယဖြစ်ခဲ့တာကို ပြန်ရေးပြတဲ့သဘောပါပဲ။ လိုအပ်ချက်များကိုလည်း ထောက်ပြနိုင်ပါတယ်။
  • နတ်များသည် လူတို့ထက် စည်းစိမ်ချမ်းသာသာလွန်သည် မှန်သော်လည်း သင်္ခါရလောကသားများပင်ဖြစ်၍ သေဆုံးခြင်း ကို ရှောင်လွှဲ၍ ကား မရ၊ မုချပင် သေဆုံးကြရသည်။ သေဆုံးပုံမှာ လူတို့နှင့်အနည်းငယ် ကွဲလွဲမှုရှိသည်။ နတ်များစုတေ (သေ)လျင် နိမိတ်များပြလေ့ ရှိသည်။ ယင်း တို့မှာ -
၁။နတ်ပန်းများ ညှိုးနွမ်းခြင်း
၂။နတ်ဝတ်တန်ဆာများ ညစ်နွမ်းခြင်း
၃။လက်ကတီးကြား(ချိုင်း)ကြားမှ ချွေးထွက်ခြင်း
၎။ရုပ်ရည်အဆင်း ဖေါက်ပြန်ခြင်း
၅။နတ်ပြည်ဘုံဗိမာန်တွင် မပျော်ပိုက်တော့ခြင်း -တို့ဖြစ်သည်။ ဇာတက၊ဋ္ဌ၊၅၊၂၉၇။
ဤနိမိတ်များကို ပြလေ့ရှိသည်။ သို့သော် ယင်းနိမိတ်များကို နတ်များအားလုံးပင် ထင်ကြ သည်ကား မဟုတ်၊ တန်ခိုးကြီးသောနတ်များသာ ထင်မြင်ကြရသည်။
  • နတ်များသည် အကြောင်းလေးမျိုးကြောင့် စုတေ(သေ)ကြရသည်။ ယင်းတို့မှာ -
၁။အသက်တမ်းကုန်၍ သေခြင်း
၂။ကောင်းမှုကုသိုလ်ကံအစွမ်းကုန်၍သေခြင်း
၃။(အပျော်လွန်ကာ အစာစားချိန်မမီသဖြင့်) အာဟာရကုန်၍ သေခြင်း
၎။(သူတစ်ပါးစည်းစိမ်ကို မနာလိုသဖြင့်) အမျက်ဒေါသထွက်၍သေခြင်း တို့ဖြစ်သည်။ ဓမ္မ၊ဋ္ဌ၊၁၊၁၁၀။
ဤအကြောင်းလေးမျိုးမှတစ်ခုခုကြောင့် နတ်များ စုတေ(သေ)ကြရသည်။

ရှင်းချက် - ဇာ၊ဋ္ဌ၊၅ -ဟူသည် - ငါးအုပ်မြောက် ဇာတကအဋ္ဌကထာကို ဆိုလို၍ ဓမ္မ၊ဋ္ဌ၊၁ - ဟူသည် - ဓမ္မပဒအဋ္ဌကထာပထမအုပ်ကို ဆိုလိုပါသည်။

မေတ္တာသည်သာ

"တပည့်တော်တို့ သုံးပါးဟာ ခန္ဓာကိုယ်ကွဲနေပေမဲ့ စိတ်ကတော့ တစ်စိတ်တည်း ၊ တစ်သားတည်း၊ တထေရာတည်းပါဘုရား"
လူတို့သည် "ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ"ဆိုသကဲ့သို့ မိမိဘ၀ ရပ်တည်နိုင်ရေးအတွက် တစ်ဥိးကိုတစ်ဦး အမှီပြုကာ နေထိုင်ကြရ၏. ထို့ကြောင့် မည်သည့် နေရာ၌ပင်ဖြစ်စေ တူညီရာ တူညီရာ ပေါင်းစု၍ နေကြရလေ၏။ အိမ်၌နေလျှင် မိသားစုနှင့်၊ ရပ်ရွာထဲ၌နေလျှင် ရပ်ရွာသူ ရပ်ရွာသားများနှင့်၊ ကျောင်းနေလျှင် ကျောင်းသူ၊ ကျောင်းသားများနှင့်၊ လုပ်ငန်းခွင်ဝင်လျှင်လည်း လုပ်ဖော် ကိုင်ဖက်များနှင့် အတူနေ ကြရသည်သာ ဖြစ်၏။
လူသည် မည်မျှပင် အရည်အချင်းရှိရှိ၊ မည်မျှပင် စွမ်းအားကြီးမားကြီးမား တစ်ယောက် တည်း နေ၍ မရပေ။ အောက်ထစ်ဆုံး မိသားနှင့် အတူနေရသည်သာ ဖြစ်၏။ ထိုတွင် မိသားစုနှင့် နေလျှင် မိသားစုစိတ်ဓာတ် ရှိရမည်ဖြစ်၏။ ထိုအတူပင် ရပ်ရွာ၌ နေလျှင် ရပ်ရွာ စိတ်ဓာ်၊ ကျောင်းနေလျှင် ကျောင်သား စိတ်ဓာတ်၊ လုပ်ငန်းခွင်ဝင်လျှင် လုပ်ငန်းဖော် စိတ်ဓာတ်၊ ရှိကြရမည် ဖြစ်၏။

လူတိုင်းလူတိုင်း ထိုကဲ့သို့သော စိတ်ဓာတ်မျိုးရှိလျှင် ချွတ်ချော်မှု၊ တိမ်းစောင်းမှု ကိစ္စ များမှ တစ်ပါး မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ပေ။ အေးအေးချမ်းချမ်း နေထိုင်ကြရမည်သာ ဖြစ်၏။ ထိုစိတ်ဓာတ်များ ကင်းမဲ့လျှင်မူ နေရာတိုင်းတွင် ပြဿနာများနှင့် လုံးထွေး သတ်ပုတ် နေကြရမည်သာ ဖြစ်၏။
ပြဿနာများနှင့် လုံးထွေးနေရသောနေရာများသည်လည်း ငြိမ်းငြိမ်းချမ်းချမ်း ရှိတော့ မည် မဟုတ်ပေ။ ငြိမ်းငြိမ်းချမ်းချမ်း မရှိလျှင် မိသားစုသည် မိသားနှင့် တူတော့မည် မဟုတ်။ ထိုကဲ့သို့ပင် ရပ်၇ွာသည်လည်း ရပ်ရွာနှင့် တူတော့မည် မဟုတ်ပေ။ ကျောင်းသည်လည်း ကျောင်းနှင့် တူတော့မည် မဟုတ်၊ လုပန်ငန်းခွင်သည်လည်း လုပ်ငန်းခွင်နှင့် တူတော့မည် မဟုတ်ပေ။

ထို့ကြောင့် နေရာတိုင်းနေရာတိုင်း၌ ပြဿနားနှင့် ကင်းဝေးပြီး ငြိမ်းငြိမ်းချမ်းချမ်းနေထိုင် နိုင်ရန် ကိုယ်စီကိုယ်စီတွင် ဆိုင်ရာဆိုင်ရာ စိတ်ဓာတ်ကောင်းများ ထားရှိရန် လိုအပ်လှပေ၏။ ယင်းစိတ်ဓာတ်တို့ ရင်ထဲနှလုံးသားထဲ အစဉ်အမြဲ တည်နေစေရန် အတွက် အခြေခံ လက်ကိုင် ထားရမည့် တရားကလည်း အရန်သင့်ပင်။ ယင်းကား အခြားမဟုတ် မေတ္တာတရား ပင်ဖြစ်၏။
ရှေးယခင်က လူတော်ကောင်းကြိးများတို့မှာ အများအားဖြင့် မေတ္တာတရားဖြင့်သာ နေထိုင်ခဲ့ကြ၏ ။ ထို့ကြောင့် ထိုသူတို့၏ ဘ၀မှာ ပြဿနာများနှင့် ကင်းဝေးကာ အစဉ်ထာဝရ ငြိမ်းချမ်းနေသည်သာ ဖြစ်၏။ ယင်းနှင့်စပ်၍ ဘုရားရှင် လက်ထက်က မေတ္တာတရားဖြင့် နေထိုင်ခဲ့ကြသော ရဟန်းတော်သုံးပါးကို ပြဆိုချင်ပါသည်။

နို့နှင့်ရေ ရောနှောထားသလို
ဘုရားရှင်လက်ထက်တော်အခါက တစ်ဦးနှင့်တစ်ဦး အလွန်လေးစားချစ်ခင်ကြသော ရဟန်းတော်သုံးပါး ရှိလေ၏။ ထိုရဟန်းတော်တို့ကား အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒိယနှင့် အရှင် ကိမိလတို့ ဖြစ်၏။ ထိုရဟန်းတော်သုံးတို့သည် ပါစိန၀ံသဟုခေါ်ဆိုသော အရှေ့ဝါးတောအရပ်၌ အတူတကွ သီတင်းသုံးနေထိုင်ကြ၏။ တစ်နေ့တွင် ထိုအရှင်တို့ သီတင်းသုံးနေထိုင်ရာ အရှေ့ဝါးတောအရပ်သို့ ဘုရားရှင် ကြွလာတော်မူ၏။

ဘုရားရှင်ကြွလာသည်ကို ပထမဦးဆုံးမြင်သူကား အရှင်အနုရုဒ္ဓါ ဖြစ်၏။ အရှင်အနုရုဒ္ဓါ သည် အချင်းချင်း စိတ်ဝမ်းမကွဲစေလို။ ထိုပြင် သူတို့ညီညီညွတ်ညွတ် နေထိုင်ကြသည် ကို လည်း ဘုရားရှင် သိမြင်စေလို၏။ ထို့ကြောင့် သူတစ်ပါတည်း သွားရောက်၍ ခရီးဦးကြိုမှုမပြု ပေ။ အတူနေ ရဟန်းတော် နှစ်ပါးကို သွားခေါ်ပြီးမှ ဘုရားရှင်ကို ခရီးဥိးကြိုဆိုမှု ပြုလေ၏။ အမှု ကြီးငယ်များကိုလည်း သုံးပါးစုံညီ ပြုလုပ်ဆောင်ရွက်ပေးကြ၏။
ဘုရားရှင်သည် ထိုရဟန်းတော်တို့နှင့် ပဋိသန္တာရစကားပြောကြးလေ၏. ယင်းနောက် အကြီးဆုံးဖြစ်သော အရှင်အနုရုဒ္ဓါအား…….
"ချစ်သားအနုရုဒ္ဓါ… ချစ်သားတို့ဟာ ညီညီညွတ်ညွတ် ရှိကြရဲ့လား၊ အတူတူ သီတင်း သုံးနေထိုင်ရတာ ၀မ်းမြောက်ဝမ်းသာကော ဖြစ်ကြရဲ့လား၊ တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ဘက် စကား မပြောကြားဘဲ နို့နဲ့ရေ ရောထားသလို တစ်စိတ်တစ်ဝမ်းတည်းကော ဖြစ်ကြရဲ့လား။" ဟု မေးတော်မူရာ အရှင်အနုရုဒ္ဓါက.
အရှင်အနုရုဒ္ဓါက မှန်ပါ…တပည့်တော်တို့ဟာ အရှင်ဘုရားမေးတော်မူတဲ့အတိုင်း နေထိုင်ကျင့် သုံးကြပါတယ်ဘုရား"။ ဟု ပြန်လည်လျှောက်ထားကြလေ၏။ ထိုအခါ ဘုရားရှင် က " ဒီလိုဆိုရင် ဘယ်လိုများ နေထိုင်ကြပါသလဲ?" ဟု ဆက်လက်မေးမြန်းရာ --- အရှင်အနုရုဒ္ဓါက-- " မြတ်စွာဘုရား…. တပည့်တော်တို့ရဲ့ စိတ်ထဲမှာ "'ဒီလို သီတင်းသုံးဖော် တွေနဲ့ အတူနေရတာ သိပ်အရတော်တာပဲ။ ငါရဟန်းအဖြစ်ကိုလည်း ကောင်းစွာရတာပဲ"လို့ အောက်မေ့ မိပါတယ်ဘုရား။ တပည့်တော်ဟာ သူတို့ရဲ့ ရှေ့မှာပဲဖြစ်ဖြစ် သူတို့ရဲ့ ကွယ်ရာမှာပဲ ဖြစ်ဖြစ် သူတို့အပေါ်မှာ မေတ္တာကာယကံ၊ မေတ္တာဝစီကံ၊ မေတ္တာမနောကံတို့နဲ့ ရှေးရှု၍သာ နေပါတယ်ဘုရား။ တပည့်တော်တို့ရဲ့ စိတ်ဆန္ဒကို ရှေ့တန်းမတင်ဘဲ သူတို့ရဲ့ စိတ်အလိုကျ အတိုင်းသာ နေထိုင်ပါတယ်ဘုရား။ တပည့်တော်ုတို့ သုံးပါးဟာ ခန္ဓာကိုယ် ကွဲနေပေမဲ့ စိတ်ကတော့ တစ်စိတ်တည်း တသားတည်း တထေရာတည်းပါဘုရား" ဟု ပြန်လည် လျှောက်ကြားလေ၏။
တစ်ဖန် ဘုရားရှင်က အရှင်နန္ဒိယနှင့် အရှင်ကိမိလတို့ကို မေးမြန်ရာ ထိုရဟန်း တော်နှစ်ပါးကလေည်း အရှင်အနုရုဒ္ဓါကဲ့သို့ပင် ဖြေကြားလျှောက်ထားကြလေ၏။

အထက်ပါ ရဟန်းတော်သုံးပါး၏ စည်စည်းလုံးလုံး ညီညီညွတ်ွတ် နေထိုင်ကြပုံမှာ လေးစားဖွယ်ရာ ဖြစ်၏။ အားကျစရာလည်း စြဖ်၏။ အတုယူစရာလည်း ကောင်လှ၏။ ထိုအရှင် သုံးပါးမှာ တစ်အူတုံဆင်း ညီရင်းအစ်ကိုများ မဟုတ်ကြ။ သို့ပါသော်လည်း တစ်ပါးနှင့် တစ်ပါး လေးစား ချစ်ခင်ကြသည်မှာ ညီရင်းအစ်ကိုများ ထက်ပင် သာလွန်ပေ၏။ ဤသည်မှာ မေတ္တာ တရားဖြင့် နေထိုင်ကြ ခြင်းကြော့်သာ ဖြစ်၏။

လူ့လောကထဲ၌ မိသားစုအတွင်း၌ ဖြစ်စေ၊ ရပ်ရွာအတွင်း၌ဖြစ်စေ၊ ကျောင်း၌့ဖြစ်စေ၊ လုပ်ငန်းခွင်၌ဖြစ်စေ မည်ည့်နေရာ၌မဆို အတူနေပြီး ပြဿနာ များနှင့် လုံးထွေးနေကြသော ပုဂ္ဂိုလ်များ ရှိပေ၏။ ထိုပုဂ္ဂိုလ်တို့မှာ အတူနေကြပြီး အဘယ်ကြောင့် ပြဿနာများနှင့် လုံးထွေး နေကြပါသနည်း၊ ပြောရလျှင် တစ်ဦးနှင့် တစ်ဦး မေတ္တာတရား ခေါင်းပါးကြသော ကြောင့်ပင် ဖြစ်၏။
ထိုပုဂ္ဂိုလ်တို့သည် အရှင်အနုရုဒ္ဓါတို့ကဲ့သို့ တစ်ဥိးနှင့်တစ်ဦး မေတ္တာကာယကံ၊ မေတ္တာဝစိကံ၊ မေတ္တာမနေကံတို့ဖြင့်သာ နေထိုင်ကြလျှင် အတူနေပုဂ္ဂိုလ်အချင်းချင်း ပြဿနာဖြစ်ရန် အကြောင်း မရှိပေ။
ဤနေရာ၌ မေတ္တာကာကံ ဆိုသည်မှာ တစ်ဦး၏ လုပ်ကိုင်ဆောင်ရွက်၇မည့် လုပ်ငန်း ကိစ္စကို တစ်ဦးက ရိုင်းပင်း ကူညီကာ ပြုလုပ်ဆောင်ရွက် ပေးခြင်းမျိုး ဖြစ်၏။

မေတ္တာဝစိကံဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး ယဉ်ယဉ်ကျေးကျေး ညင်ညင်သာသာ ယာ ယာ သာယာဖွယ်ဖြစ်သော စကားတို့ဖြင့် ပြောဆိုဆက်ဆံခြင်း၊ အကျိုးဖြစ်ထွန်းနိုင်းရာ ကိစ္စတို့ ကို ဆွေးနွေးညှိနှိုင်းခြင်း၊ အကြံပေးခြင်း၊ ရှေ့၌ဖြစ်စေ၊ ကွယ်ရာ၌ဖြစ်စေ၊ တစ်ဦး၏ ဂုဏ်သိက္ခာ ကျဆင်းနိုင်မည့် အကြောင်းတို့ကို တစ်ဦးက မပြောဘဲ ဂုဏ်သိက္ခာရှိစေနိုင်မည့် အကြောင်းတို့ ကိုသာ ပြောဆိုခြင်း စသည်တို့ ဖြစ်၏။မေတ္တာမနောကံဆိုသည်မျာ တစ်ဦး၏ အကျိုးပျက်စီးရာ ပျက်စီးကြောင်းကို တစ်ဦးက မကြံစည်ဘဲ တစ်ဦးနှင့် တစ်ဦး ကျန်းမာ ချမ်းသာစေလိုသော မေတ္တာစိတ်များဖြင့် နေထိုင် ခြင်းမျိုး ဖြစ်၏။
ထိုမေတ္တာများဖြင့်သာ နေထိုင်ကြလျှင် မိသားစုစိတ်ဓာတ်၊ ကျောင်းစိတ်ဓာတ်စသော ဆိုင်ရာဆိုင်ရာ စိတ်ဓာတ်ကောင်းများ ပေါက်ဖွာလာမည် ဖြစ်၏။ ထိုစိတ်ဓာတ်ကောင်းများ ပေါက်ဖွားလာလျှင် တစ်ဦးအပေါ် တစ်ဦး အနိုင်အထက်ပြုခြင်း၊ အကောက်ကြံခြင်း၊
အခွင့် အရေးယူခြင်းမျိုးများ ရှိတော့မည် မဟုတ်။

အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားစသည့် ယုတ်ညံ့သိမ်ဖျင်းသော စိတ်ဓာတ် များလည်း ကွယ်ပျောက်သွားမည်သာ ဖြစ်၏။ ချွတ်ချော်မှု၊ တိမ်းစောင်းမှုများဖြစ်သည့်တိုင် မေတ္တာဖြင့် သည်းခံ ခွင့်လွှတ်နိုင်မည် ဖြစ်၏။ မီးထွန်းရှာလျှင်ပင် ပြဿနာကို တွေ့နိုင်တော့ မည် မဟုတ်ပေ။
ထိုအခြေအနေများ ဆိုက်ရောက်လာလျှင် မိသားစုသည် လည်းကောင်း၊ ရပ်ရွာ၊ ကျောင်းနှင့် လုပ်ငန်းခွင် တို့သည်လည်းကောင်း သာယာအေးချမ်း လှပပြီး ဖွဲ့ဖြိုး တိုးတက် လာမည်မှာ မလွဲဧကန်ပင်။ လူသားတိုင်း မေတ္တာတရားဖြင့် နေထိုင်နိုင်ကြပါစေ။
အရှင်ကောဏ္ဍည
သာသနာ့တက္ကသိုလ်
မှတ်ချက်။မေတ္တာဥယျာဉ်ဆိုဒ်မှကူးယူတင်ပြသည်

ဦးဖိုးကျား၏ တန်ဘိုးမဖြတ်နိုင်သော ၀တ္တုလေးတစ်ပုဒ် မယ်မြ

မယ်မြ
ရေးသူ-အမျိုးသားပညာဝန် ဦးဖိုးကျား
လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင် လေသည်.။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ငါးနှစ်လောက်က တစ်ခေါက်သွားရသည်။
ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ စစ်တကောင်းကုလား (ခေါ်တော)များ အစီးအများဆုံးဖြစ်၏။ ရခိုင်များအနည်းငယ်စီးကြ၏။
ကျွန်ုပ်သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တစ် ယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်ကထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော ပင်လယ်ကြီးသို့ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ သဘောင်္စီးသူတို့ သည် ကုန်းပတ်သို့ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညှိ့ဓာတ်ကို မပြတ်မစဲ စွဲမြဲ ကြည့်ရှု၍ ငေးမော နေသူနေ၊ တွေးတောနေသူနေရှိကြကုန်၏။
ကျွန်ုပ်သည်လည်း ကုန်းပတ်ပေါ်သို့ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တစ်ခု၌ ကုလားလင်မယားနှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၄င်၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထိုကုလားမ သည် ဖြူစင်သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ င်း၏ယောင်္ကျားကုလားက “ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ-ဘာများစားရအောင်လေ” ဟုမြန်မာရေ လည်ပတ် စွာနှင့် နှုတ်ဆက်လေရာ။
“အော်-ခင်ဗျား ဗမာလို ကောင်းကောင်းတတ်သကို။ ဗမာပြည်မှာ တော်တော်ကြာနေဘူးတယ်ထင်ပါရဲ့၊ အင်မတန်လည်း ပီတာဘဲ။ နို့ ခင်ဗျား မိန်းမကော ဗမာစကားတက်ရဲ့လား”
ထိုအခါ ကုလားက ဟက်ဟက်ပက်ပက်ရယ်၍ “ တတ်လား၊မတတ်လား ခင်ဗျားဘဲမေးကြည့်တော့၊ ဟေး-မယ်မြ ဒီမှာ ဗမာတစ်ယောက်ကွဲ့၊ စကားများ ပြောပါအုံး” ဟုဖော်ရွေစွာပြော၏။
မယ်မြဆိုသူသည် ထိုအခါမှ ကျွန်ုပ်တို့ဖက်သို့လှည့်၍ မျက်နှာဖုံးကို အတန်ဖွင့်ခါ မျက်နှာထားနှင့်ဆိုသည်ကား-
“ရှင်ကဘယ်ကလဲ ဘယ်သွားမလို့လဲ”
“ကျွန်တော် ရန်ကုန်ကလာပါတယ်။ အခုစစ်တွေကို သွာမလို့ဘဲ။ နေပါဦး ခင်ဗျားက ဘယ်အရပ်ကလည်း အကြောင်းပါတာ ဘယ်လောက်ကြာပြီလဲ”
“ကျွန်မက ဟင်္သာတနယ်ကပါ။ အကြောင်းပါတာ တနှစ်ကျော်ဘဲရှိပါ သေးတယ်။”
“အော် ဟင်္သာတနယ်ကလား ကျွန်တော်လဲ ဟင်္သာတနယ်ကဘဲ။ ခင်ဗျား နေရပ်က……”
“ကျွန်မက နိဗ္ဗာန် ရှင်ပင်သာလျောင်ရွာကပါ။ ရှင်ကကော-”
“ ဟင်-ကျွန်တော်လည်း နိဗ္ဗာန်ကဘဲ” ဆို၍ မျက်နှာကိုစိုက်ကြည့်မိရာ သိသလိုလိုရှိ၏။ ၂-ယောက်သားစိုက်ကြည့်ကြ၍ မကြာမီပင် ကျွန်ုပ်ထင်သည့် အတိုင်း-
“နေပါဦး၊ ခင်ဗျား၊…ဟာ၊ ဧကန္တဘဲ နင် ကိုထွန်း သမီးမယ်မြ မဟုတ်လား။ နင်ငါ့ကို မမှတ်မိဘူးလား။ငါ-မောင်ကျားရယ်ေ
လ”
“ဟေ-အောင်မယ်လေးဟယ်။ အေးဟယ် ဟုတ်ပါရဲ့ နင်ကခုဆံပင်တွေ ဘာတွေနဲ့။ ၀လို့ကိုဟဲ့။ ကတဲ့ဟယ်။ ငယ်ငယ်က ရုပ်တစက်ကမှမရှိဘူး။ အေးဟယ်။ ဟုတ်ပါရဲ့။ နင်အစ်ကိုကြီးနဲ့ ငါမကြာမကြာ တွေ့တယ်။ နင်ရန်ကုန် မှာနေတယ်ပြောတယ်။ အခုတွေ့ရတာ အင်မတန် ၀မ်းသာတယ်ကွယ်။ တို့ကျောင်းကထွက်သွားတာ ခုဆိုရင် ၁၂-နှစ် ၁၃-နှစ်လောက်ရှိရော့မယ်။ (သူ့ ယောင်္ကျားဖက်လှည့်၍) ဒီမှာအဒူလမြစ်ရဲ့၊ ဒါဟာ တို့သူငယ်ချင်း၊ ကျောင်းနေ ဖက်၊ ကစားဖက်ကွဲ့။ အင်မတန်ခင်ကြတယ်။”
“အော်-ဟုတ်ကလား၊ အေးအေးကောင်းတယ်။ ကိုင်းစကားပြောကြားအုံး” ဟုဆို၍ထသွား၏။
ဇာတ်ရင်းကိုလှန်ရအုံးမည်။ နိဗ္ဗာန်ရွာနှင့် ရှင်ပင်သာလျောင်းရွာ စပ်ကြား တွင် လောကဓာတ်ဘုန်းကြီးကျောင်းရှိ၏။ ထိုကျောင်းတွင် ကျွန်ုပ်တို့ ငယ်ငယ် ကနေကြရာ ကျွန်ုပ်တို့ နိဗ္ဗာန်ဖက်က၊ ဖိုးအေးကြီးနှင့် ကျွန်တော်တို့တတွဲ၊ ရှင်ပင်သာလျောင်းရွာဘက်က မယ်မြ၊ ဧစိန်၊ သန်းညွှန့်တို့တစ်တွဲ အလွန် ချစ်ခင်ကြ၏။ ကစားအတူ၊ စားအတူသဆိုသလိုနေကြ၏။ ၄င်းကျောင်း ၆-တန်း တွင် အတူနေကြ၏။
ကျွန်ုပ်တို့လူစုတွင် မယ်မြနှင့်ဖိုးအေးကြီးတို့အကြော
င်းကို အထူးပြောရဦး မည်။ မယ်မြမှာ ဥာဏ်ကောင်း၏။ သွက်လက်၏။ ပါးနပ်၏။ ကျွန်ုပ်တို့ သူငယ်ချင်း ဖိုးအေးကြီးမှာကား မယ်မြ ဥာဏ်ကောင်းသလောက်-သွက်သ လောက်-ပါးသလောက်၊ ဖိုးအေးကြီးက- ဥာဏ်ထိုင်း၏။ ထုံ၏။ နုံ၏။ သို့ရာတွင် အလွန်သဘောကောင်းရှာ၏။ မယ်မြက ဖိုးအေးကြီးကို သစ်တုံးဟု သဘောထား ၏။ သူ့လက်အောက်ငယ်သားကဲ့သို့ ခိုင်းစေ၏။ စိတ်မထင်လျှင် နားရွက် ဆွဲခြင်း၊ ထုရိုက်ခြင်းကိုပြု၏။ အလွန်အနိုင်ရ၏။ သို့ရာတွင် မုန်းသည်ကား မဟုတ်ချေ။ မယ်မြကစားစရာရှိလျှင် မိမိကနဲနဲယူ၍ ဖိုးအေးကြီးကို သူများ စော်ကားလျှင် မယ်မြက ၀င်၍ ခုခံ၏။ မယ်မြမှာ ဖိုးအေးကြီးအတွက် မကြာမကြာ ဆရာဘုန်းကြီးရှေ့သို့ ရောက်ရ၏။
ဤသို့နေကြရာ ၆-တန်းစာမေးပွဲပြီးသည့်နောက် ကျွန်ုပ်ထွက်ခဲ့၏။ သူတို့လည်း မကြာမီဆိုသလို ကျောင်းကထွက်ကြ၍ မယ်မြနှင့် ဖိုးအေးကြီးတို့ ချစ်ကြိုက်နေကြသည်ဟု ကြားရ၏။ ကျွန်ုပ်သည်လည်း အခြားကျောင်းများတွင် မြန်မာ၇-တန်းဆရာဖြစ်၊ အင်္ဂလိပ် ၁၀-တန်း၊ နောက် ရန်ကုန်ကောလိပ်သို့ ရောက်ခဲ့၏။ ၁၂- နှစ် ၁၃- နှစ် ကွဲကြပြီးနောက် သမုဒ္ဒရာ ပင်လယ်ကြောတွင် မယ်မြကို ကုလားမယားအဖြစ်နှင့် တွေ့ရကြုံရသည်မှာ အတန်ထူးဆန်း အံ့သြ ဖွယ်ကောင်း၏။
“မယ်မြရယ်၊ နင်ဘယ်အဖြစ်ရောက်လာတာလဲ၊နင်ဟာတေ
ာ်ပုံတော်ပန်းနဲ့ နေပါဦး၊ ဖိုးအေးကြီးကော”
“မင့်လူ ဖိုးအေးကြီးလား၊ မင်းကလူဟုတ်ကြီးထင်နေသလား၊ ငယ်ငယ်က နုံနုံ၊ ကြီးတော့သာနုံသေးတယ်၊ သူ့ကိုမချစ်လို့တော့ မဟုတ်ပါဘူး။ နို့ပေတဲ့ လူစတုံးလွန်းလို့ပါကွယ်၊ ဒီအကောင်”
“နင့်ကုလားကကော၊ဘယ်လောက်များလူစ
ကောင်းလို့လဲဟဲ့။”
(မခံချင်၍ဒေါသနှင့်မေးသည်။)“ဟာ မင်းမသိဘူး။ ငါ့ကုလားကလေ၊ ခိုဒါစူးရစေရဲ့၊ သိပ်လည်တာ၊ ငါပြောမယ်၊ ဒီမှာကြည့်၊ သူအရင်က နွားသတ်သမားဆီမှာ နေရတယ်။ မကြာ ဘူးမောင်ရေ၊ သူကိုယ်တိုင် မင်းတို့ နိဗ္မာန်ဘက်က နွားသတ်ရုံကို သူလေလံ ဆွဲနိုင်တာပဲ။ အခု နွားသတ်ရုံ လေလံပိုင်မောင်ရဲ့၊ နှယ်နှယ်မမှတ်နဲ့”
“ဟင်-နို့နင်ကိုယ်တိုင်လဲ နွားသတ်သလား”
“ဟာ-နင်ရူးသလားဟဲ့၊ငါ ကိုယ်တိုင်သတ်မှ နွားသေရမှာလားဟဲ့၊ ဘာလဲ မင်းက၊ မင်းတို့ ဗုဒ္ဓဘာသာတရားနဲ့ ပါဏာတိပါတာတွေ ဘာတွေပြောခြင်လို့ လား။ဟေ့၊ မင်းနဲ့ငါနဲ့ ကျောင်းနေဘက်ပါကွယ်။ မင်းသင်ရသလောက် ငါသင် ရတာပါပဲ၊ မဖိန်းပါနဲ့။ တို့ကျမ်းစာက စားချင်ရင် သတ်ရတယ်။ ဒါတွေဟာ ကမ္ဘာ့ဟင်းသီးဟင်းရွက်တွေ၊ ပြီးတော့ ကျန်းမာရေးဘက်က ကြည့်ဦး၊ နာ-သေတဲ့အသားစားရင် ရောဂါဖြစ်တတ်တယ်။လတ်လတ်ဆတ်ဆတ်ကိ
ု သတ်စား မှသန့်ရှင်းတယ်၊ ကျန်းမာတယ်၊ နားလည်ရဲ့လား။ အဲဒါတွေမင်းတို့ အင်္ဂလိပ်စာ တွေ သင်ရတာ မပါဘူးလား”
“ဟာ-မယ်မြ၊ နင့်ဟာတွေ လွဲကုန်ပြီ၊ ဒီမှာ”
ထိုအခါ မယ်မြက အသံထွက်အောင်ရယ်၍ “ဟေ့-မင်းကငါ့ကို တရား ဟောမလို့လား၊ မရဘူးဆရာ၊ ငါကမင့်ကိုဟောမှာ၊ အဘိဓမ္မာတွေ ဘာတွေ တပ်မနေဘူး၊ မင့်ကို သတ်တရားနဲ့ ရှင်းရှင်းဟောပြမယ်။ မင်းတို့မြန်မာ ဗုဒ္ဓဘာသာတွေက သတ်တော့မသတ်ရဘူး၊ သူတပါး သတ်ပေးတော့ မြိန်မြိန်ကြီး စားသလား၊ အလှူအတန်းရှိရင် နွားသတ်ကုလားကိုလာပြီး လက်တို့တတ် သလား။ ပြီးတော့ ပူပူနွေးနွေး စားချင်တယ်ဆိုပြီး ဈေးရောက်အောင်မှ မစောင့်နိုင်ဘဲ နွားသတ်ရုံအထိ လာစောင့်ပြီး လဒတွေလို ဆွဲကြလုကြတယ်။ ဘာဗုဒ္ဒဘာသာလဲကွယ့် ပြောစမ်းပါဦး။ပြီးတော့ မင်းတို့မြန်မာတွေ အခုတလော ၀ံသာနုစကား အင်မတန်ပြောကြတယ်။ ဟေ့ မှတ်ထား၊ ဘာလူမျိုးဖြစ်ဖြစ်၊ တရား နဲ့ပြည့်စုံရင်၊ ၀တ္တရားမလစ်ဟင်းရင်၊ အဲဒါ လူ့အဖိုးတန်လို့ မှတ်ထား၊ ဟော- အခုငါ့ယောက်ကျားအဒူလမြစ်ဟာ ရွှေနဲ့ငွေနဲ့ အခန့်စားမောင်ရေ့၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတာဘဲ၊ အဖိုးတန်တာဘဲ၊ ငါနဲ့မရခင်ကထဲက အင်မတန်ဖော်ရွေတယ်။ တို့မိဘများက ငွေလိုရင် သူကတောင် လာပို့တယ်၊ဘယ်လောက်တော်သလဲ”
“ဟဲ့-အဲဒါက ဒါနပြုတာမဟုတ်ဘူးဟဲ့၊ နင့်ကို ပိုးပေးတာ၊အခု အဲဒီ ပိုက်ဆံတွေကို နှိမ်ပြီးနင့်ကိုယူတာမဟုတ်လား”
“ဒါကနောက်မှဖြစ်တာ၊ငါ့ကိုမရခင်ကလည်း ပေးတယ်၊ရပြီးတဲ့ နောက်လဲ ပေးတာပဲ၊ အဖြစ်ကို ပြောရဦးမယ်၊ ငါကုလားနဲ့ရတော့တစ်မျိုးလုံး တစ်ရပ်လုံးက ငါ့ကို လက်ညှိုးဝိုင်းထိုးကြတယ်၊ တော်တော်ကြာလို့ငတ်ကြတော့ ကုလားဆီ ငါ့ဆီကို ဒူးတုပ်လာကြရတယ်၊ မင်းတို့မြန်မာများ ဘယ်လောက်ဖျင်းချာသလဲ ဆိုတာကိုကြည့်၊ ငါ့မှာ ရွှေနဲ့ငွေနဲ့ဆိုတော့ ငါ့ကိုအရပ်က အခုမမမြတဲ့၊တချို့က ဘီဘီမြတဲ့၊ အဲဒါသာကြည့်တော့၊ပိုက်ဆံဟာ အရေးကြီးဆုံးပဲ။ တို့ရွာမှာအခု ကုလားခေတ်ထနေတယ်၊ငါ့ကိုအားကျပြီ
း ကုလားတွေကို လိုက်မြူနေကြတယ်။ တို့သူငယ်ချင်း အေးစိန်လေ လွှတိုက်တဲ့ကောင်နဲ့ရတယ်။ သန်းညွန့်က ဘုန်းကြီးလူထွက်နဲ့ရတယ်။ အခုသူတို့က မြန်မာလင်တွေကွာပြီး ကုလားကို ယူမလို့ စိတ်ကူးနေကြတယ်။ ခေတ်မောင်ရေ့ခေတ်၊ မင်းကော အိမ်ထောင် ကျပြီလား။မကျသေးရင်ကုလားလို ၀တ်လာခဲ့၊ မင့်ကိုအရင်ကစခန်းကြီးနေတဲ့ ဟိုကောင်မကြီးရှိတယ်မဟုတ်လား၊ အခုရစေ့မယ်လာခဲ့။ ငါအာမခံမယ်”
မယ်မြ၊ နင်ရူးပြီ၊ ဒီကုလားတွေကြောင့် တို့မြန်မာတွေရဲ့ အကျိုးယုတ်ရ တယ်။ ဒီမှာကြည့်၊ ငါပြောမယ်”
“ဟေ့၊ တော်၊မင်းတို့ကကျေးဇူးရှင်ကို ကျေးစွပ်မလို့လား၊ ကြည့်စမ်း၊ ချစ်တီးတွေဟာ ရပ်ဝေးကလာပြီး ငွေအားကြေးအားနဲ့ မင်းတို့ မြန်မာတွေကို ထောက်ပံ့တယ်။ သူတို့ရှိလို့ မင်းတို့လယ်လုပ်ဖို့ အရင်းရတယ်။ စပါးလှောင်ဖို့ ကုန်ကူးဖို့ဆိုလို့အရင်းအနှီးရတ
ယ် မဟုတ်လား၊ ဒီကျေးဇူးတွေ မင်းတို့မသိဘူး လား”
“သြော်- သူတို့တွေဟာ ကျေးဇူးးတွေလား ၊နို့-နေပါဦး။ အခုတို့နယ်က လယ်တွေ၊ ခြံတွေ၊ အိမ်တွေ အခုဘယ်သူ့လက်ထဲရောက်ကုန်ပြီလဲ”
“ချစ်တီးလက်ထဲ ရောက်ကုန်ပြီ၊ ဘာဖြစ်သေးလဲ။ ရောက်မှာပေါ့၊ အရောက်တောင်နည်းသေးတယ်၊ မင်းကကုလားကို အပြစ်တင်ခြင်လို့လား၊ မင်းဟာ အင်္ဂလိပ်စာတွေ ဘာတွေလဲ တတ်တယ်၊ ရန်ကုန်မြို့ကြီးမှာလဲ နေရတယ်၊ မင်းကိုတော်လိမ့်မလား အောက်မေ့မိတယ်၊ မင်းလည်းခပ်ချာချာ ပါကလား၊ ဟေ့-မင်းမြန်မာတွေ ဖျင်းလို့၊ ညံ့လို့၊ အဟုတ်မဟုတ်လို့၊ ကောက်ချင်လိမ်ချင်လို့၊ အမြော်အမြင်မရှိလို့၊ ချွေတာခြင်းမရှိလို့၊ ကိုယ့်ရှိတာ ထက်ကြွားချင်လို့ သိရဲ့လား၊လူမှာဖြင့် စားစရာ ဆန်မရှိဘူး၊ ခေါက်ဆွဲဆိုင်၊ ပလာတာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထန်းရေဆိုင်၊ အရက်ဆိုင်၊ ဖဲဝိုင်း၊ ရုပ်ရှင်၊ မြင်းပွဲ၊ ဘာကျန်သေးလဲ။ ကိုယ့်အပြစ်နဲ့ကိုယ်ဖြစ်တာ၊ ဘာပြုလို့သူများ အပေါ် မှာ မတရားချချင်ကြသလဲ၊ အကုန်တောင် နည်းသေးတယ်၊ ငါသိပါတယ်ကွယ်၊ အခု တို့နယ်ကလယ်တွေ မြေတွေကုလားလက်ထဲကို တစ်ကျပ်မှာ ငါးမူး ခြောက်မူးလောက် ရောက်ကုန်ပြီ။ ကျန်တာလဲ မကြာဘူး ရောက်မှာပဲ။ ကြည့်-မင့်မြန်မာတွေ၊ ရှေ့ကို သာပြီးကျပ်အုံးမယ်။ အခု ကုလားတွေ သနားလို့ လယ်ငှားလုပ်စေတယ်။ အဲ့ဒါကိုကျေးဇူးမတင်ဘူး။ လ်ာငှားခပေးခါနီးကျရင် စပါးကိုကဲ့ထားတယ်။ ခိုးရောင်းတယ်။ ကုလာက စိတ်နဲ့မာန်နဲ့တောင်းရင် မင့် မြန်မညတွေကဆဲတယ်။ ရိုက်ရိုက်လွှတ်တယ်။ အဲ့ဒါကောင်းသလား။ ဒီလို မရိုးဖြောင့်တဲ့သူတွေ ကောင်းစားမယ်လို့ ရှင်ဂေါတမက ဟောသလား။ ရှေ့ကို ဘာဖြစ်မလဲ သိရဲကလား။ အခုမြန်မာတွေ ဒီလိုညစ်လို့ဆိုးလို့ ချစ်တီးတွေက သူတို့ကို နောင်ဆိုလယ်ငှားမှာမဟုတ်ဘူး။ အခုငါမလာခင်ကတင်ပဲ ကုလားတွေ ကို ရွေးပြီးငှားနေတယ်သိရဲ့လား။ ရှေ့ကိုကြံထားပုံကိုလဲ ငါပြောပြမယ်ဦး။ မကြာခင်ပဲ ကုလားပြည်က ကုလားအများအပြားခေါ်ပြီး ရွာတည်ပေးလိမ့်မယ်။ ဘယ်ကလောက် ဥာဏ်ကြီးသလဲ မင်းကြည့်တော့။ ပြီးတော့ ။
အဒူလမြစ်တို့ လူစုကြံပုံက ကုလားတွေရနိုင်သမျှ မြန်မာပြည်မှာခေါ်ထား။ ရသမျှ မြန်မာတွေကိုယူ။ လင်ခန်းမယားခန်းမြောက်အောင်ဆြို
ပီး ဇာတ်သွင်း၊ မွေးလာတဲ့ ကပြားလေး တွေကို ကုလားဇာတ်သွင်း၊ နောက်အကြာလှဆုံး အနှစ် ၅၀-ပဲ။ မြန်မာပြည်ဘာဖြစ်မလဲ။ မင်းတွေးကြည့်တော့။ ငါကိုယ်တိုင်လဲ ခုကုလားဇာတ်သွင်းပြီးပြီ။ အခုစစ်တကောင်း မှာ အတော်ကြာနေပြီးရင် ဟိုအနောက်မကာမြို့ကို အရောက်သွားမယ်။ ပြန်လာ တော့ ကြည့်၊ ငါ့အရပ်ကစပြီး ငါ့မြန်မာတွေကို ချွတ်ပြမယ်”
“မယ်မြ နင့်ဟာလွန်ကုန်ပြ၊ ငါ-နင့်အဖြစ်မြင်ရတာ အင်မတန်သနား တယ်။ ငါပြောပါရစေဦးဟဲ့”
“ ဘာ-မင်းကငါ့ကို သနားတယ် ဟုတ်တယ်ဟုတ်လှသေး။ ငါကမင်းကို သနားတာ။ မင်းအခု ပညာဝန်လုပ်နေတယ်။ ငါကြားတယ်။ ပြီးတော့ ၀ံသာနု အလုပ်တွေလည်း လုပ်နေတယ်ကြားတယ်။ မလုပ်နဲ့ဆရာရေ့။ မင်းမြန်မာတွေ အလကားပဲ။ ဘာလုပ်လုပ်ပျက်မှာပဲ။ မင်းတို့မောရုံသာရှိမယ်။ ငါမြန်မာပြည်မှာ မြန်မာလာဖြစ်တာတွေးမိတိုင်းရှက်တယ်။ အခု ခိုဒါအရှင် ကယ်တော်မူပေလို့။ နို့မဟုတ်ရင်အမယ်လေးဟယ်။ ငါကလီဇာတုန်လှတယ်၊မပြောချင်ပါဘူ
း။”
“ကိုင်း-မယ်မြ၊ ငါလည်းဘာမှမပြောရဘူး။ နင်ချည်းပြောတာပဲ။ ခုငါပြော လို့လည်း ရမယ်မဟုတ်ဘူး။ နင့်လို မိန်းမတစ်ယောက် ဒီလိုဖြစ်သွားတာ ငါ အင်မတန် ၀မ်းနည်းတယ်။ သို့သော်လည်း နင့်လို မိန်းမတစ်ယောက်က ဘယ်နည်းနဲ့မှ ကြာကြာလွဲမှာနိုင်မှာ မဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်။ တစ်နေ့ နေ့တော့ နင်သိမယ်။ ကိုင်း-ဒါပဲ၊ ငါသွားမယ်။ နောက်မှလာဦးမယ်” ဟု ဆို၍ ကျွန်ုပ်ထခဲ့၏။
ထိုနေ့ညနေ ကျွန်ုပ်ထမင်းမစားနိုင်တော့ပါ။ ကော်ဖီတစ်ခွက်သာ သောက် ၍ အိပ်ရာသို့ဝင်တော့၏။ အိပ်၍လည်း မပျော်နိုင်။ တွေးမိသည်ကား “ သြော်- ဒီလိုဖြစ်ရတာဟာ ကုလားများ ငါတို့ပြည်မှာ လာနေလို့ဖြစ်ရတာ။ သူတို့ကို အပြစ်တင်စရာပဲ။ နေဦး၊ နေဦး သေသေချာချာ တွေးကြည့်လိုက်တော့ သူတို့အပြစ်မဟုတ်ဘူး။ သူတို့ဒီလို စည်းမရှိကမ်းမရှိ လာချင်တိုင်းလာနေတာ ဟာ ဆိုင်ရာအစိုးရက ခွင့်ပြုထားလို့ပဲ။ ဒါဖြင့် အစိုးရကို အပြစ်တင်စရာ ဖြစ်နေပါလား။ နေဦး၊ နေဦး တွေးစရာ ကျန်သေးတယ်။ အစိုးရကို အပြစ် တင်ဖို့ မှ ဟုတ်ပါလေစ။ စစ်စစ်မတော့ တို့လူမျိုးဖျင်းလို့ပဲ။ “ဥစ္စာရင်းလို ဥစ္စာရင်းခဲ” ဆိုသလို ကိုယ်အကျိုးအတွက် ကိုယ်လုပ်မှ ရတော့ပေါ့။ ငါတို့တစ်တွေ အမှုမဲ့ အမှတ်မဲ့ဖြစ်နေခဲ့လို့ အခုလို အဖက်ဖက်က ပျက်စီးရတာပဲ။ ဒါဖြင့် တို့လူတွေကို အပြစ်တင်သင့်တာပဲ။
နေဦး ၊ တို့လူတွေ ခဗျာမှာလည်း ပညာဗဟုသုတ မရှိရှာကြဘူး။ အားကိုး စရာ ခေါင်းဆောင်လူကြီးကလည်း ကောင်းကောင်းမရှိရှာကြဘူး။ ဒီတော့ ပိုမိုသိကျွမ်းတဲ့မြော်မြင်တဲ့ လူတွေများက ရှေ့ဆောင်ပေးမှ သိကြရမှာပဲ။ ဒါဖြင့် တော်တော်တန်တန်သိမြင်တဲ့ လူတွေ ၀တ္တရားပျက်နေပါလား။ ဒီလူထဲမှာလည်း ငါတစ်ယောက်လည်းပါဝင်သင့်တယ်ထင်တယ်။ မိမိ သိကျွမ်းသိမြင်သမျှကို တက်နိုင်သမျှ လူများနားလည်အောင်ပြုလုပ်ဖို့ရှ
ိတယ်။ ငါပြုသင့်သလောက်မပြု ရသေးဘူး။ ဒါဖြင့် တရားခံလက်သည်အစစ်က ငါဖြစ်နေပါကောလား။
ကိုင်း-ဒါဖြင့် ဇာတ်ကြောမရှည်နှင့်တော့။ ကုလားတွေ၊ အစိုးရတွေ လူတွေ ကို အပြစ်ဆိုမယ့်အစား ကို့ကိုယ်ကိုသာ ဆိုပေတော့။ ဥပဒေသတစ်ခုလည်း လုပ်ကြစို့။
“ကိုယ့်ကိုကို အပြစ်တင်ခြင်းသည် အမှန်ဆုံးဖြစ်၏။
ကိုယ်ကိုကို အပြစ်တင်ခြင်းသည်သာ အပြစ်အကင်းဆုံးဖြစ်၏။”
ဤဥပဒေသကိုရမှ အိပ်ပျော်သွားလေသတည်း။
နောက်တစ်နေ့ သဘောင်္သည် စစ်တွေသို့ ကပ်ခဲ့၏။ ကျွန်ုပ်သည် မယ်မြ တို့ ကုလားလင်မယားမောင်နှံအား ဆလံများများပေး၍ စိတ်လေးလေးနှင့် ဆင်းခဲ့၏။ဆင်းခါနီး၌ “မယ်မြ ဘယ်အခါမဆို ရန်ကုန်ရောက်ရင် ငါ့အိမ်ကိုဝင် ထွက်သွား၊ ရော့လိပ်စာယူထား” ဆို၍ ပေးခဲ့၏။
စစ်တွေတွင် ၇-ရက် တစ်ပတ်မျှနေပြီး၍ ရန်ကုန်ပြန်ခဲ့၏။ မယ်မြတို့နှင့် တွေ့ပြီးနောက် တစ်နှစ်ကျော်ကြာသောအခါ ကြုံရသည်ကား မယုံနိုင်စရာဖြစ်၏။
တစ်နေ့တွင် မိန်းမစုတ်ချာချာတစ်ယောက် လန်ချားနှင့်ကျွန်ုပ်အိမ်သို့ ရောက်လာ၏။ ထိုသူကား မယ်မြပင်တည်း။
သဘောင်္ပေါ်တွင် တွေ့မြင်ခဲ့ရသော စိုရွှမ်းဝဖြိုးသော အသားတို့ မရှိပြီ၊ ပါးရိုးပေါ်အောင် ပိန်ကြုံ့ခဲ့ပြီ။ မျက်တွင်းကျလေပြီ၊ ဆံပင်များခြောက်သွေ့၍ မသပ်မရပ်ဖြစ်ကုန်လေပြီ။ ထိုအားလုံးပေါ်တွင် မကြည်မသာခြင်း တည်းဟူသော စိတ်ညှိုးငယ်ခြင်းက တစ်မျက်နှာလုံး တစ်ကိုယ်လုံးကို ဖုံးအုပ်လျက် ရှိလေ တကား။
“မောင်ကျားရယ်၊ ငါ့အဖြစ်မြင်ဝံ့သေးရဲ့လား၊ (မျက်ရည်လည်ရွှဲနှင့်ပြော သည်) ငါတော့ခွေးဖြစ်တာပဲ၊ စစ်တကောင်းကိုရောက်လို့ တစ်နှစ်လောက် ကြာရင်ပဲ သူတို့မိဘဆွေမျိုးများက ငါ့ကိုမလိုဘူး။ သူတို့ပြည်က ကုလားမ တစ်ယောက်နဲ့လက်ထပ်စေတယ်။ ငါ့ကို ကျွန်လိုထားတယ်။ ငါ့ကိုမော်မကြည့်ဝံ့ တဲ့ အဒူလမြစ်ဟာ ငါ့ကို ဆဲဆို ကြိမ်းမောင်းတယ်။ တစ်နေ့တော့ ငါ့ကိုခြေနဲ့ တောင်ကန်တယ်။ အဲဒါနဲ့ ငါ့ဇာတိမာန် ထလာတာပေါ့။ ငါ သူတို့ကို အကုန်လုံး အဆိပ်ကျွေးသတ်မယ်လို့ကြံတယ်။ နောက်ကိုယ့်စိတ်ကိုယ်ချုပ်ပြီး ညအခါမှာ သူတို့သေတ္တာကိုဖွင့်ပြီး တစ်ရာယူ နှစ်ရာယူပြီး၊ ကဲ့ဝှက်ထားလို့ ငါးရာအပြည့် မှာ ငါထွက်ပြေးပြီး သင်္ဘောက ထမင်းချက်သမားကို ငွေပေးပြီးသင်္ဘောပေးမှာ ပုန်းလိုက်ခဲ့တယ်။ အခု မင်းပေးခဲ့တဲ့ လိပ်စာအတိုင်း မေးမြန်းလာလို့ ရောက်လာ တာပဲ”
“အေး- နင့်လိုမိန်းမမျိုး ကြာကြာလွဲမှားမနေနိုင်ဘူးဆိုတာ အစကပဲ ငါပြော လိုက်တယ် မဟုတ်လား။ အေးလေကွယ်၊ တစ်သက်တစ်ခါ ဒုက္ခဆိုတာ တွေ့ရ တာပေါ့၊အခုလို လွပ်လွပ်လပ်လပ် ဖြစ်လာတာကိုပဲ ကျေးဇူးတင် ၀မ်းသာပေ တော့။ ငါ့ဆီမှာ နင်ပျော်သလောက်နေပါ။ အရင်းအချာလိုပဲ အောက်မေ့တာပေါ့”
မယ်မြသည် ကျွန်ုပ်ထံတွင် တစ်လကိုးသီတင်းနေပြီး၍ မိမိ၏အရပ်ရင်း အစ်မထံတွင်နေလိုကြောင်း၊ လက်တွင် ငွေ ၃၀၀- ကျပ်မျှကျန်သေးသဖြင့် တော အရပ်တွင် ကောင်းစွာရင်းနှီးစားနေနိုင်ကြေ
ာင်း ပြောသည်နှင့် ကျွန်ုပ်ပို့လိုက်ပါ၏။
လွန်ခဲ့သော ၂-နှစ်ခန့်က နေ့စဉ်သတင်းစာကြီးတစ်စောင်၏ ခေါင်းကြီးပိုင်း တွင်တွင် ပါလာသည်ကား-
“ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ ခေါင်းဆောင်လူကြီးများရောက်ရှိ နိုင်ငံရေး တရားဟောကြောင်း၊ ပရိသတ်အစည်ဆုံး ဘုန်းကြီးပျံများထက် စည်ကြောင်း၊ ပရိသတ်တို့ကို ရှင်ပင်သာလျောင် ကုမ္မာရီအသင်းက ရှလပတ်ရည် ကွမ်းဆေး လက်ဖက်တို့ဖြင့် ဧည့်ခံကြောင်း၊ တရားပွဲအပြီး၌ ၄င်းကုမ္မာရီအသင်း ဥက္ကဋ္ဌ ဒေါ်မြက ကျေးဇူးတင်စကားပြောသည့်အပြင် အမျိုး၏ စောင့်စည်းမှုတွင် မိန်းမ များ အရေးကြီးပုံ မိမိမစောင့်စည်းသဖြင့် ဒုက္ခရောက်ခဲ့ပုံတို့ကို ပြောပြရာ၌ ပရိသတ် အလွန်နှစ်သက်ကြောင်း ၊၄င်းအသင်းက ယခုအခါ အနီးအနား ရပ်ရွာတို့သို့သွားရောက်၍ အမျိုးသမီးများ စောင့်စည်းအပ်ကြောင်း လိုက်လံ ဟောပြော နေကြကြောင်း။
ထို့ပြင်မကြာမီပင် ၄င်းအသင်းဥက္ကဋ္ဌ ဒေါ်မြ ကမကထပြု၍ အရပ်နှင့်စုပြီး လျှင် နိဗ္ဗာန်ဘက်ရှိ နွားသတ်ရုံကို လေလံအမြင့်ဆုံးပေး၍ ဆွဲယူလိုက်ကြောင်း၊ သို့ကြောင့် ယခုလာမည့်နှစ်အတွက် အထူးသဖြင့် နွားသတ္တ၀ါများ အသက် ချမ်းသာကြရတော့မည် ဖြစ်ကြောင်း” ပါလေသည်။
“အင်း-တို့မယ်မြကြီး တယ်ဟုတ်နေပါကလား” ဟု ကျွန်ုပ်သည် ဆိုမြည် လျက် သဘောကျ ၀မ်းမြောက်ကျေးဇူးတင်ကာ ပြုံးလိုက်မိလေ၏။
နောက်ထပ်၍ သတင်းကြားရသည်ကား၊ လူရိုးဖိုးအေးကြီးသည် မယ်မြကို စိတ်နာ၍အိမ်ထောင်မပြုဘဲ ဇွဲနှင့်နေခဲ့ရာ မယ်မြ ပြန်ရောက်၍ ၂ လလောက် အရှိတွင် မယ်မြကငယ်နိုင် ဖြစ်သည့်အတိုင်း ဖိုးအေးကြီးကို နားရွက်ဆွဲခေါ်ခဲ့၍ သင့်တင့်အေးချမ်းစွာ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြလေပြီဟူသတည်း။

အမျိုးသားပညာဝန်ဦးဖိုးကျား
၁၂၉၄ခု(ကိုယ်တွေ့ဝတ္ထုများမှ) ထုတ်နှုတ်တင်ပြပါသည်။

ပဲနှင့် ပီလောပီနံတောက်ရခြင်းအကြောင်း

ပဲနှင့် ပီလောပီနံတောက်ရခြင်းအကြောင်း
       ဂျပန်နိုင်ငံ အစားအသောက် သုတေသန ဓာတ် ခွဲခန်းများ(Japan Food Research Labora
tories) ပညာရှင် နှစ်ဦးဖြစ်သူ Mr. G. Yukawa နှင့် Mr. T. Nishimura တို့နှင့် တွေ့ဆုံ ဆွေး
နွေးပွဲ နှစ်ခုသို့ တက်ရောက်ခွင့် ကြုံခဲ့ ပါသည်။ တစ်ခုမှာ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး
ဝန်ကြီး ဌာနတွင် ပြုလုပ်သော မြန်မာနိုင်ငံ စိုက်ပျိုးရေး အခြေခံစား သောက်ကုန် ထုတ်လုပ် တင်ပို့
ရောင်းချ သူများ အသင်း၏ အသင်း ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ပြီး၊ နောက် တစ်ခုမှာ
မြန်မာနိုင်ငံ စီးပွား ကူးသန်းနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) တွင်
ပြုလုပ်သော ဂျပန်နိုင်ငံ အစားအသောက် အန္တရာယ် ကင်းရှင်းရေး (Food Safety) နှင့်
အစားအသောက် ဓာတ်ခွဲခန်း(Food Laboratory) များ အကြောင်း ဟောပြောပွဲ ဖြစ်သည်။ ဤ
ဆွေးနွေးပွဲ ၂ခုမှ သတိပြုမိသော ကျန်းမာ ရေးနှင့် ဆက်နွယ်သည့် အချက် တစ်ချက်မှာ ပဲ (ပဲကြီး၊
ပဲထောပတ်၊ စွန်တာနီ၊ စွန်တာပြာ စသည်) တွင် ပါဝင်သော ဟိုက်ဒြိုဆိုင် ယာနစ် အက်စစ်
(Hydracyanic- HCN) အကြောင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံမှ တင်ပို့သော ပဲများ၏ HCN
ပမာဏသည် တင်ပို့စဉ်က ဓာတ်ခွဲ စမ်းသပ်သော ပမာဏထက် ဂျပန်ဆိပ် ကမ်းသို့ ဆိုက်ရောက်
သောအခါ ပိုများနေကြောင်းနှင့် ဂျပန်နိုင်ငံ၏ ခွင့်ပြုစံနှုန်းကို ကျော်လွန် နေသဖြင့် အငြင်းပွား
ဖွယ်ရာ ဖြစ်ကြောင်း၊ ယင်းသို့ ကွဲလွဲနေမှုသည် အချိန်ကာလနှင့် သက်ဆိုင် နေမည် ဖြစ်ကြောင်း၊

       တင်ပို့ချိန်နှင့် ဆိုက်ရောက်ချိန် ကာလသည် ရက်သတ္တပတ် အနည်းငယ် ကြာမြင့်သဖြင့်
ထိုအတောအတွင်း ပဲတွင် ပါဝင်သော ရေကဖြိုခွဲ (hydrolyse)သဖြင့် HCN
ပိုထွက်လာနိုင်ကြောင်းကို ဆွေးနွေးသွား ကြသည်။ ငယ်စဉ်က လူကြီးသူမများ ပြောလေ့ရှိသော
အကြောင်းအရာ တစ်ခုကို သတိရမိသည်။ အထက်ဖော်ပြ ပါပဲဟင်း တစ်မျိုးမျိုးကို
ချက်မည်ဆိုလျှင် ပဲများကို ကြိုတင် ရေစိမ်ထားရန် ပြောလေ့ရှိခြင်းပင် ဖြစ်သည်။
သို့မှသာ`ပဲတောက်ခြင်း(အဆိပ်အတောက် ဖြစ်ခြင်း) ကို ရှောင်ရှား နိုင်မည်ဟု ဆိုသည်။
ပဲတောက်ခြင်းသည် အထက်ပါ HCN နှင့် ဆက်နွယ်နေမည်ကို ဆင်ခြင်မိသည်။ HCN သည်
အဆိပ်အတောက် ဓာတုပစ္စည်း တစ်ခုဖြစ်သည်။ လူတို့၏ အသက်ရှူလမ်းကြောင်းကို
ပိတ်ဆို့နိုင်သဖြင့် အဆိပ်ပြင်းသော အမျိုးအစားတွင် ပါဝင်နေသည်။ ပဲတွင် ဗီတာဂလိုက်ကိုဆိုဒ်
(Beta-glycoside) ဟူသော ဆိုင်ယင်နိုဂျင် (Cyanogen) အုပ်စုပါဝင်သည့် ဓာတ်ပါရှိသည်။ ယင်း
Beta-glycoside ဓာတ်ပြိုကွဲသော အခါ HCN ထွက်လာသည်။ HCN သည် ရေတွင် ပျော်ဝင်နိုင်ပြီး
အငွေ့ပျံလွယ်သည်။ ၂၈°C ကျော်လျှင်ပင် လေထုထဲသို့ အငွေ့ပျံ၍ ထွက်လာသည်။ ထို့ကြောင့်
ပဲကို မချက်ပြုတ်မီ ရေစိမ်ထားခြင်း၊ ချက်ပြုတ်သောအခါ ဆူပွက်သည်အထိ ချက်ပြုတ်ခြင်းဖြင့်
အဆိပ်တောက်ခြင်းကို လျှော့ချနိုင်ပေမည်။ ဆေးသုတေသန ဦးစီးဌာန(အောက် မြန်မာပြည်) မှ
ထုတ်ဝေသော ၂၀ဝ၉ ခု၊ စက်တင်ဘာလထုတ် DMR Bulletin တွင် င်္ပီလောပီနံ (cassava
topioca) အကြောင်း ရေး ထားသည်ကို စိတ်ဝင်စားဖွယ် ဖတ်ရသည်။ ပီလောပီနံ သည် ကမ္ဘာတွင်
လူတို့ စားသုံးနေသော တတိယ အများဆုံး ကာဗိုဟိုက်ဒြိတ် (carbohydrate) အရင်းအမြစ်
ဖြစ်သည်။ လီနာမာရင် (Lina marin) ဟုခေါ်တွင်သည့် ဆိုင်ယင်နိုဂျင် အုပ်စု ပါဝင်သော
ဂလိုက်ကိုဆိုဒ် (Cyanogenic glycoside) ပါရှိသည်။ ပီလောပီနံ အမြစ်၏ ဆဲလ် (cell) များမှ
လီနာမာရင် နေ့(စ်) (Linamarinase enzyme) က ဓာတ်ပြု ဖြိုခွဲသောအခါ HCN ထွက်လာသည်။
  
     ပီလောပီနံကို ကျကျနန ချက်ပြုတ် ထားခြင်း မရှိဘဲ စားသောက် မိပါက လတ်တလော HCN
အဆိပ် တောက်ခြင်း (Acute Cyanide Poisoning)မျိုး ခံစားရ နိုင်သည်။ လက္ခ ဏာများမှာ
စားသုံးပြီး လေးနာရီမှ ခြောက် နာရီအတွင်း ခေါင်းမူးခြင်း၊ အော့အန်ခြင်း၊ အရုပ် ကြိုးပြတ် သဖွယ်
ခြေလက် မသယ်နိုင်ခြင်းတို့ဖြစ်ပြီး အချို့မှာ တစ်နာရီ၊ နှစ်နာရီအတွင်း အသက် ဆုံးရှုံးသည် အထိ
ဖြစ်သွား တတ်သည်။ အချို့မှာမူ ခန္ဓာကိုယ်မှ HCN ကို သိုင်ယိုဆိုင် ယင်နိတ် (Thiocy anate)
သို့ အသွင်ပြောင်း စေနိုင်သော သတ္တိရှိသဖြင့် HCN အဆိပ် တောက်ခြင်းကို ကာကွယ်နိုင်သည်။
သို့သော် သိုင်ယိုဆိုင် ယင်နိတ် သည် အိုင်အိုဒင်း(Iodine) မော်လီကျူး အရွယ် အစားနှင့် တူညီ
သဖြင့် သိုင်းရွိုက်အကျိတ် (Thyroid gland) မှ အိုင်အိုဒင်း စုပ်ယူ ခြင်းကို ဝင်ရောက် နှောင့်ယှက်
နိုင်ပြန်သည်။ ထို့ကြောင့် သေချာစွာ ချက်ပြုတ် ထားခြင်း မရှိသော ပီလောပီနံ စားသုံးမှု
များလာသော အခါ လည်ပင်းကြီးရောဂါ (goiter) ဖြစ်လာနိုင်သည်။ ပီလော ပီနံ နှစ်မျိုး ရှိသည်ဟု
သိရသည်။ `အခါး´ မျိုးသည် `အချို´မျိုးထက် အဆ ၅၀ ခန့်ပို၍ အဆိပ်အတောက်များကြောင်း
ဖော်ပြကြသည်။ ဩစတြေးလျ နိုင်ငံသား ရုက္ခဓာတုဗေဒ ပညာရှင် Dr. Jasson က ပီလောပီနံတွင်
ပါဝင်သော ဆိုင်ယင်နိုဒ် ပမာဏ လျှော့ချ နိုင်သည့် နည်းကို သုတေသနပြု ဖော်ထုတ်ထားသည်။
ပီလောပီနံကို အမှုန့်ကြိတ်၍ ရေနှင့် မွှေပြီး အရည်ပျစ်ပျစ် ရအောင် ပြုလုပ်ကာ ယင်း အရည်ပျစ်ကို
အလွှာပါးပါး အနေ အထားဖြင့် နေရိပ်တွင် ၅ နာရီခန့် လှန်းထားပါက ဆိုင်ယင်နိုဂျင်

        အုပ်စုပါဝင်သော ဂလိုက်ကို ဆိုဒ်များသည် လီနာမာရင်နေ့(စ်) အင်ဇိုင်းကြောင့် ခြောက်ပုံငါးပုံခန့်
ပြိုကွဲသွားသည်။ ထိုအခါ HCN သည် ဓာတ်ငွေ့ အနေဖြင့် လေထုထဲသို့ လွတ်ထွက်
သွားနိုင်သဖြင့် HCN ပမာဏ မရှိသလောက် လျော့နည်းသွားသည်။ ထို့အခါ မိမိလိုသလို
အန္တရာယ်ကင်းစွာ ချက်ပြုတ် စားနိုင်ကြောင်း ထောက်ပြထား သည်။ မြန်မာ့ဓလေ့တွင် ပဲဟင်းကို
ဟင်းတစ်မယ် အဖြစ် စားသုံးခြင်းနှင့် ပီလောပီနံ ဥပြုတ်ကို သရေစာ အဖြစ် စားသုံးခြင်းတို့
ရှိသဖြင့် စားသုံးသူများ သတိပြု နိုင်ရေးအတွက် တစေ့တ စောင်း တင်ပြလိုက်ပါသည်။

Source - Health Digest Journal
by စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်) on Thursday, July 26, 2012 at 10:00am ·

စာရေးဆရာ မင်းလူ၏ စာအုပ်များ

မင်းလူ
=====
ကံ့ကော်နီ https://www.facebook.com/groups/thihapyanche/412073665504958/
ကျမ်းကိုးစာရင်း https://www.facebook.com/groups/thihapyanche/412103788835279/
ကျွန်တော် ကျွန်မတို့သည် https://www.facebook.com/groups/thihapyanche/411716302207361/
ခိုးခိုးခစ်ခစ် https://www.facebook.com/groups/thihapyanche/412086345503690/
ချောကလက် https://www.facebook.com/groups/thihapyanche/412069735505351/
ချစ်မြှားရှင်အစ ချစ်မြှားရှင်အဆုံး https://www.facebook.com/groups/thihapyanche/413178862061105/
ခြေစစ်ပွဲများ https://www.facebook.com/groups/thihapyanche/411719158873742/
ဂန္တဝင်အိမ်မက် https://www.facebook.com/groups/thihapyanche/412104885501836/
ငါးလေးတစ်ကောင်ဖမ်းမိတယ် https://www.facebook.com/groups/thihapyanche/412107535501571/
ငိုအားနှင့် ရယ်အား https://www.facebook.com/groups/thihapyanche/411757348869923/
ငှက်ကလေး https://www.facebook.com/groups/thihapyanche/412075398838118/
စိန်အလွမ်း https://www.facebook.com/groups/thihapyanche/412114798834178/
ဥာဏ်စမ်းပုစ္ဆာ https://www.facebook.com/groups/thihapyanche/411718582207133/
ဒေဝတာမြို့တော် https://www.facebook.com/groups/thihapyanche/412111342167857/
နှလုံးသား ၃၈၀/၅၄ အပါအဝင်ဝတ္ထုတိုများ (၁၄ ပုဒ်) -http://www.facebook.com/groups/thihapyanche/418520904860234/
ပြတိုက်ထဲက ပြဇာတ် https://www.facebook.com/groups/thihapyanche/412108995501425/

ပြန်ခေါ်သက်သေ https://www.facebook.com/groups/thihapyanche/412117715500553/
မင်းမဆိုးပါဘူး https://www.facebook.com/groups/thihapyanche/412077668837891/

ယာမကာ လုလင် https://www.facebook.com/groups/thihapyanche/414058085306516/
ရေတမာ https://www.facebook.com/groups/thihapyanche/411755065536818/
ရယ်မောခြင်းလက်ကျန် https://www.facebook.com/groups/thihapyanche/411713592207632/
လေထန်ဖုန်း https://www.facebook.com/groups/thihapyanche/411722322206759/
သူငယ်ချင်းတစ်ယောက်အကြောင်း https://www.facebook.com/groups/thihapyanche/411714398874218/

သူတို့ပျော်ကြလေပြီhttps://www.facebook.com/groups/thihapyanche/412112945501030/

သင်္ခါရအခွင့်အရေး https://www.facebook.com/groups/thihapyanche/412123658833292/
အချစ်ရူးကြီးရူးတော့သည်။ https://www.facebook.com/groups/thihapyanche/412127978832860/
အချစ်သည်သက်တော်ရာကျော်ရှည်ပါစေသတည်း https://www.facebook.com/groups/thihapyanche/412080958837562/
အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ https://www.facebook.com/groups/thihapyanche/412120715500253/
အဖွားကြီးသုံးယောက်နှင့် ထမင်းစားခြင်း https://www.facebook.com/groups/thihapyanche/411717468873911/
အမုန်းအလိုမရှိ https://www.facebook.com/groups/thihapyanche/411723835539941/
အနာဂတ်ကုမ္ပဏီလီမိတက် https://www.facebook.com/groups/thihapyanche/412119165500408/
အသံထွက်ကုထုံးhttps://www.facebook.com/groups/thihapyanche/412129615499363/
အက်ဆေးချစ်သူ http://www.facebook.com/groups/thihapyanche/420574397988218/
အောင်ဘာလေ https://www.facebook.com/groups/thihapyanche/412125318833126/
Photo: မင်းလူ ===== ကံ့ကော်နီ <a href= 
https://www.facebook.com/groups/thihapyanche/412073665504958/ ကျမ်းကိုးစာရင်း https://www.facebook.com/groups/thihapyanche/412103788835279/ ကျွန်တော် ကျွန်မတို့သည် https://www.facebook.com/groups/thihapyanche/411716302207361/  ခိုးခိုးခစ်ခစ် https://www.facebook.com/groups/thihapyanche/412086345503690/ ချောကလက် https://www.facebook.com/groups/thihapyanche/412069735505351/ ချစ်မြှားရှင်အစ ချစ်မြှားရှင်အဆုံး https://www.facebook.com/groups/thihapyanche/413178862061105/ ခြေစစ်ပွဲများ https://www.facebook.com/groups/thihapyanche/411719158873742/ ဂန္တဝင်အိမ်မက် https://www.facebook.com/groups/thihapyanche/412104885501836/ ငါးလေးတစ်ကောင်ဖမ်းမိတယ် https://www.facebook.com/groups/thihapyanche/412107535501571/ ငိုအားနှင့် ရယ်အား https://www.facebook.com/groups/thihapyanche/411757348869923/ ငှက်ကလေး https://www.facebook.com/groups/thihapyanche/412075398838118/ စိန်အလွမ်း https://www.facebook.com/groups/thihapyanche/412114798834178/ ဥာဏ်စမ်းပုစ္ဆာ https://www.facebook.com/groups/thihapyanche/411718582207133/ ဒေဝတာမြို့တော် https://www.facebook.com/groups/thihapyanche/412111342167857/ နှလုံးသား ၃၈၀/၅၄ အပါအဝင်ဝတ္ထုတိုများ (၁၄ ပုဒ်) -http://www.facebook.com/groups/thihapyanche/418520904860234/ ပြတိုက်ထဲက ပြဇာတ် https://www.facebook.com/groups/thihapyanche/412108995501425/ ပြန်ခေါ်သက်သေ https://www.facebook.com/groups/thihapyanche/412117715500553/ မင်းမဆိုးပါဘူး https://www.facebook.com/groups/thihapyanche/412077668837891/ ယာမကာ လုလင် https://www.facebook.com/groups/thihapyanche/414058085306516/ ရေတမာ https://www.facebook.com/groups/thihapyanche/411755065536818/ ရယ်မောခြင်းလက်ကျန် https://www.facebook.com/groups/thihapyanche/411713592207632/ လေထန်ဖုန်း https://www.facebook.com/groups/thihapyanche/411722322206759/ သူငယ်ချင်းတစ်ယောက်အကြောင်း https://www.facebook.com/groups/thihapyanche/411714398874218/ သူတို့ပျော်ကြလေပြီhttps://www.facebook.com/groups/thihapyanche/412112945501030/ သင်္ခါရအခွင့်အရေး https://www.facebook.com/groups/thihapyanche/412123658833292/ အချစ်ရူးကြီးရူးတော့သည်။ https://www.facebook.com/groups/thihapyanche/412127978832860/ အချစ်သည်သက်တော်ရာကျော်ရှည်ပါစေသတည်း https://www.facebook.com/groups/thihapyanche/412080958837562/ အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ https://www.facebook.com/groups/thihapyanche/412120715500253/ အဖွားကြီးသုံးယောက်နှင့် ထမင်းစားခြင်း https://www.facebook.com/groups/thihapyanche/411717468873911/ အမုန်းအလိုမရှိ https://www.facebook.com/groups/thihapyanche/411723835539941/ အနာဂတ်ကုမ္ပဏီလီမိတက် https://www.facebook.com/groups/thihapyanche/412119165500408/ အသံထွက်ကုထုံးhttps://www.facebook.com/groups/thihapyanche/412129615499363/ အက်ဆေးချစ်သူ http://www.facebook.com/groups/thihapyanche/420574397988218/ အောင်ဘာလေ https://www.facebook.com/groups/thihapyanche/412125318833126/" height="292" width="403" />

ဆရာတော်ဥူးသုမင်္ဂလ၏၂၀၁၂ တွင်ဟောကြားခဲ့သော တရားတော်များ


deounews(ဒယ်အိုးသတင်း)
မဟာသတိပဌာနသုတ် (၁) ၁၀-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၂) ၁၁-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၃) ၁၂-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၄) ၁၄-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၅) ၁၅-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၆) ၁၅-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၇) ၁၅-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၈) ၁၅-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၈) ၁၅-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၉) ၁၅-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၁၀) ၁၆-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၁၀) ၁၆-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၁၁) ၁၆-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၁၂) ၁၇-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၁၃) ၁၇-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၁၄) ၁၈-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၁၅) ၁၈-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၁၆) ၁၈-၄-၂၀၁၂ (မှော်ဘီ)
မဟာသတိပဌာနသုတ် (၁၇) ၁၉-၄-၂၀၁၂ (မှော်ဘီ)
ဘူမိဇသုတ် (၂၁-၄-၂၀၁၂) (မှော်ဘီ)
ဘူမိဇသုတ် (၂) (၂၁-၄-၂၀၁၂) (မှော်ဘီ)
သုတသုတ်(၁)(၂၂-၄-၂၀၁၂)(မှော်ဘီ)
သုတသုတ်(၂)(၂၂-၄-၂၀၁၂)(မှော်ဘီ)
သမ္မာဒိဌိ (၅) မျိုး (၁) (၂၈-၄-၂၀၁၂)(မှော်ဘီ)
သမ္မာဒိဌိ (၅) မျိုး (၂) (၂၈-၄-၂၀၁၂)(မှော်ဘီ)
သမ္မာဒိဌိ (၅) မျိုး (၃) (၁၂-၅-၂၀၁၂)(မှော်ဘီ)
သမ္မာဒိဌိ (၅) မျိုး (၄) (၁၃-၅-၂၀၁၂)(မှော်ဘီ)
သမ္မာဒိဌိ (၅) မျိုး (၅) (၁၃-၅-၂၀၁၂)(မှော်ဘီ)
သမ္မာဒိဌိ (၅) မျိုး (၆) (၁၃-၅-၂၀၁၂)(မှော်ဘီ)
သမ္မာဒိဌိ (၅) မျိုး (၇) (၁၉-၅-၂၀၁၂)(မှော်ဘီ)
သမ္မာဒိဌိ (၅) မျိုး (၈) (၂၀-၅-၂၀၁၂)(မှော်ဘီ)
သမ္မာဒိဌိ (၅) မျိုး (၉) (၂၆-၅-၂၀၁၂)(မှော်ဘီ)
သမ္မာဒိဌိ (၅) မျိုး (၁၀) (၂၇-၅-၂၀၁၂)(မှော်ဘီ)
အမွေခံထိုက်သူဖြစ်ကြပါစေ(၂၇-၅-၂-၁၂)(လှိုင်)
သာသနာတည်ပါစေ (၂၉-၅-၂၀၁၂)(ရနောင်း)
သာသနာတည်တဲ့သူ (၃၀-၅-၂၀၁၂)(ရနောင်း)
သာသနာတွင်းသားရဲ့အမြင်(၃၁-၅-၂၀၁၂)(ရနောင်း)
ပဋိစ္စသမုပ္ပါဒ်သင်တန်း(၁) (၅-၅-၂၁၁၂)(မှော်ဘီ)
ပဋိစ္စသမုပ္ပါဒ်သင်တန်း(၂) (၆-၅-၂၁၁၂)(မှော်ဘီ)
ပဋိစ္စသမုပ္ပါဒ်သင်တန်း(၃) (၁၂-၅-၂၁၁၂)(မှော်ဘီ)
ပဋိစ္စသမုပ္ပါဒ်သင်တန်း(၄) (၁၃-၅-၂၁၁၂)(မှော်ဘီ)
ပဋိစ္စသမုပ္ပါဒ်သင်တန်း(၅) (၁၉-၅-၂၁၁၂)(မှော်ဘီ)
ပဋိစ္စသမုပ္ပါဒ်သင်တန်း(၆) (၂၀-၅-၂၁၁၂)(မှော်ဘီ)
ပဋိစ္စသမုပ္ပါဒ်သင်တန်း(၇) (၂၆-၅-၂၁၁၂)(မှော်ဘီ)
ပဋိစ္စသမုပ္ပါဒ်သင်တန်း(၈) (၂-၆-၂၁၁၂)(မှော်ဘီ)
ှဆရာတော်ဥူးသုမင်္ဂလ၏မွေးနေ့အကြို ဓမ္မပူဇာသဘင်
အဆင်သင့်ပြင်ထားပါ (၁၀-၆-၂၀၁၂) ကြာနီကန်ဆရာတော် ဦးရေ၀တ(မှော်ဘီ)
အလှူနှစ်ပါးကင်းစင်ကြ မှတ်ထားသောတာပန် (၁၁-၆-၂၀၁၂) ဘီလူးကျွန်းဆရာတော်ဦးကောသလ္လ(မှော်ဘီ)
မောင်လူလေးတရား (၁၂-၆-၂၀၁၂)ကျိုက်ထိုဆရာတော် နန္ဒောဘာသာဘိဝံသ(မှော်ဘီ)
အလှူဒါနညဏ်ယှဉ်ကြ (၁၃-၆-၂၀၁၂) ကျူံကဇင်းဆရာတော် ဦးက္ကုန္ဒာဘာသ(မှော်ဘီ)
အစွန်းလွတ်ချမ်းသာ ဘေးကင်းကွာ (၁၄-၆-၂၀၁၂) ဦးပညာနန္ဒ(မန္တလေး)(မှော်ဘီ)
အရှေ့တက်မလား နောက်ဆုတ်ပြန်မလား(၁၅-၆-၂၀၁၂) ဦးက္ကုန္ဒက(တွံတေး)(မှော်ဘီ)
မွေးနေ့တရားတော် (၁၆-၆-၂၀၁၂) မော်ကျွန်းဆရာတော် ဦးကဝိသာရ (မှော်ဘီ)

မူရင်း = http://www.deounews.com/